လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, June 11, 2016

ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲဆိုတာ

ကုသိုလ်အတွေး ကုသိုလ်အရေး
ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါ
ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲဆိုတာ
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၅% ရှိတဲ့ထဲမှာ
ဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ...
ဘယ်နှစ်ယောက် ရှိမလဲ?...

ဗေဒင်လဲ မမေးဘူး ။
ကိန်းဂဏန်းတွေ အစွဲမရှိဘူး။
ရတနာမြတ် ၃ ပါး ကိုသာ အလေးထားတယ်။
ဘုရားရောက်တဲ့ အခါ ဘယ် နေ့နံဒေါင့်မှာမှ
ရှိခိုးမယ်လို့လဲ အစွဲမရှိဘူး..။ ကြီး ၄ ကြီး၊
ကြီး ၉ ကြီး လဲ ပုတီးသွားစိပ်တာမျိုး မရှိဘူး..။
ဆုတောင်းပြည့်ဘုရား တို့၊
ပုဂံ က စွယ်တော် ၄ ဆူ နေ့ချင်းဖူးရင်
ဆုတောင်းပြည့်တယ် တို့၊ ချမ်းသာတယ်တို့
ကျိုက်ထီးရိုးဘုရား တစ်နှစ်ထဲမှာ ၃ ခေါက် တက်ရင်
ချမ်းသာတယ်တို့ လဲ အယူမရှိဘူး..။
ဘုရား ဆိုရင် ဘယ်နေရာက
ဘုရား၊ စေတီ၊ ဆင်းတုတော်ကိုမဆို
တန်းတူ သဘောထားနိုင်တယ်။
သရဏဂုံတည်မယ်။
၅ ပါး သီလ ကိုထိန်းမယ်။
၈ ပါး သီလကို အခါအားလျှော်စွာ စောင့်ထိန်းမယ်။
နေ့စဉ် တရားထိုင်၊ တရားအားထုတ်မယ်..။
အဲ့လို လူတွေ ဘယ်လောက်ရှိလဲ
စစ်တမ်း လိုက်ကောက်ကြည့်ရင်
လူဦးရေ သိပ်များမယ်.. မထင်ဘူးနော်..။
ကံ ၊ ကံ ၏အကျိုး (ကံ=စေတနာ=အလုပ်)ကို
မယုံဘဲ မင်္ဂလိက ဒိဌိ၊ အယူအလွဲတွေကိုသာ
ယုံကြည်နေကြရင် ဗုဒ္ဓဘာသာ မစစ်ဘူးပေါ့..။
အညံ့စား ဗုဒ္ဓဘာသာဝင်တွေပေါ့ ..။
"ထေရဝါဒဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ဖြစ်နိုင်ကြပါစေ"
ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ၏
ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း (၂၃-၃-၂၀၁၂) တရားတော် ကောက်နုတ်ချက်
မူရင်းလင့် မှာနာယူနိုင်ပါတယ်။
http://dhammadownload.com/…/214-Dr-Nandamalabhivamsa-DVD03-…
ဒေါ်မေအေးဦးထံမှ ကူးယူမျှဝေ ပါသည်။

No comments:

Post a Comment