လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, June 29, 2016

"သံဝေဂဖြစ်ဖို့အရင်လုပ်ကြ"


Myat ThuFollow
"သံဝေဂဖြစ်ဖို့အရင်လုပ်ကြ"
★ ဘ၀ကို ကြဲကြဲကြည့်ရင် သံဝေဂဉာဏ်ဖြစ်တယ်။
ခပ်စိပ်စိပ် အသေးစိတ်ကြည့်နိုင်ရင်
ဝိပဿနာဉာဏ် ဖြစ်တယ်။သံဝေဂ ဖြစ်မှ ၀ိပဿနာ အားထုတ်ချင်တာ။ ...
သံဝေဂဆိုတာ ဘ၀ကိုတွေးကြောက်တာ
ဘ၀ကိုတွေးပူတာ ဘ၀ကိုရွှံမုန်းတာ
ဘ၀ကိုငြီးငွေ့တာ ။ငြီးငွေ့ပြီး ဒီဘ၀အဆုံး
ဒီဒုက္ခရဲ့အဆုံး ဒီကိလေသာရဲ့အဆုံး
ကိုရှာတာ။ ဘုန်းကြီးတို့ ဆရာတော်
အနီးစခန်းရှိစဉ်က ဆရာတော်ကို
မစိုးရိမ်းတိုက်အုပ် သံဃာယတနာ
ဒုတိယ ဥက္ကဋ္ဌ ဦသူရိယ ကမေးတယ်
မင်းတို့ ဘာတရားတွေဟောလဲ ဆိုတော့
ဆရာတော်က ဖြေတယ် အလှူဆိုရင် အလှူ
အကြောင်းပေါ့ဘုရား ဒါနဆိုရင် ဒါန
အကြောင်းလေးပေါ့ဘုရား ဆက်စပ်တာကိုဟော
ပါတယ် ဘုရားလို့ လျောက်တယ်။
ဆရာတော်ကြီးက ထပ်မေးတယ်
ဝိပဿနာရော ဟောလားဆိုတော့
ရံဖန်ရံခါဟောတယ်ဘုရား လို့လျောက်တယ်။
မစိုးရိမ်ဆရာတော်ကြီးက ၀ိပဿနာကိုနည်းနည်းပဲဟော
သံဝေဂကထာ
များများဟောဆိုပြီး ပြောတော်မူတယ်။

★ မှန်တယ်ဆရာတော်ကြီးပြောတာ
ဘုန်းကြီးတို့ သပိတ်အိုင်တောရက ထွက်တော့
ဝိပဿနာတွေ တအားဟောတယ်။
အဲ့ဒီအခါ သပိတ်အိုင်ဆရာတော်ကြီးကပြောတယ်
မင်းဘာတွေဟောလဲ ဘယ်နေရာတွေဟောလဲဆိုတော့
ဆရာတော်က "တပည့်တော်
တစ်နိုင်ငံလုံး လိုက်ပြီးဟောပါတယ် ဘုရားလို့
" သီတဂူဆရာတော်က လျောက်သောအခါ
သပိတ်အိုင်ဆရာတော်ကြီးက "မင်းတို့က
အိုးကွဲတွေကိုရေလောင်းနေတာကွ"
လို့ပြောတော်မူတယ် မှန်တယ် ဘုန်းကြီးက
ရေအိုးထဲ ရေတွေလောင်းပေးတယ်
အိုးတွေက ကွဲတော့ တရားပွဲပြီးလို့
သာဓုဆိုရင် အားလုံးပြီးသွားရော ပျောက်သွားရော
နောက်ပိုင်း ဘုန်းကြီးတို့ ကိုယ့်စီမံကိန်းနဲ့
ဆိုင်တာတွေပဲ ဟောပါတော့တယ်။
သံဝေဂမဖြစ်ဘဲနဲ့တော့ တိုက်တွန်းလည်း
အားထုတ်မှာ မဟုတ်ပါဘူး။
အဲ့ဒီတော့ ဘုန်းကြီးတို့ရဲ့ ဘဝကို (၁၀၀)တမ်းကို (၁၀)ပုံ ပုံပြီး
သံဝေဂဖြစ်အောင်ကြည့်ကြရအောင်။
၁။ မွေးစမှသည် ၁၀ နှစ်ထိ မန္ဒဒသက =မန္ဒ ဆိုတာ ထုံထိုင်းတဲ့ အရွယ်
ဉာဏ်နည်းတဲ့ အရွယ် နုနယ်တဲ့အရွယ် လို့ခေါ်တယ်။
၂။ ၁၁ နှစ်မှသည် ၂၀ နှစ်ထိ ခိဍ္ဋာ ဒသက = ရွှင်မြူးခုန်ပေါက်တဲ့ အရွယ်
ပျော်ရွှင် မြူထူးတဲ့အရွယ် လို့ခေါ်တယ်။
၃။ ၂၁ နှစ်မှသည် ၃၀ နှစ်ထိ ၀ဏ္ဏဒသက =ရုပ်အဆင်းတိုးတက်တဲ့အချိန်
ခေါ်တယ်။
၎။ ၃၁ နှစ်မှသည် ၄၀ နှစ်ထိ ဗလဒဿက = ခွန်အားတိုးတက်တဲ့အချိန်လို့
ခေါ်တယ်။
၅။ ၄၁ နှစ်မှသည် ၅၀ နှစ်ထိ ပညာဒသက =ပညာသင်လို့
အကောင်းဆုံးအချိန်ပညာရှာလို့ အကောင်းဆုံးအချိန်လို့ ခေါ်တယ်။
၆။ ၅၁ နှစ်မှသည် ၆၀ နှစ်ထိ ဟာနိဒသက =ရုပ်အားတွေ
ဉာဏ်အားတွေ ရပ်တန့်သွားပြီး ရုတ်လျော့သွားတဲ့ အချိန်လို့ခေါ်တယ်။
၇။ ၆၁ မှသည် ၇၀ နှစ်ထိ ပဗ္ဘာရ ဒသက =လမ်းလျှောက်ရင်
ကိုင်းသွားတဲ့အရွယ်လို့ ခေါ်တယ်။
၈။ ၇၁ နှစ်မှသည် ၈၀ နှစ်ထိ ၀င်္ကဒသန =ခါးတွေကောက်သွားတယ်
ဇက်တွေ ကိုင်းသွားတဲ့အရွယ်လို့ ခေါ်တယ်။
၉။ ၈၁ နှစ်မှသည် ၉၀ နှစ်ထိ မောမူဟ ဒသက= တွေဝေထိုင်မှိုင်းသွားပြီ
မေ့ကုန်ပြီစားပြီးမှန်လည်း မသိဘူး မေ့တဲ့အရွယ်လို့ ခေါ်တယ်။
၁၀။ ၉၁ နှစ်မှသည် ၁၀၀ နှစ်ထိ သယန ဒသက = အိပ်ရာထဲမှာ လဲပြီး
မထနိုင်တော့တဲ့အရွယ်လို့ ခေါ်တယ်။
တို့တစ်တွေ ဘ၀ (၁၀)ပုံပုံပြီးတော့
သံဝေဂယူပြီးတော့ ဘယ်အပိုင်းထဲရောက်နေပြီလဲ
ဘာလုပ်သင့်လဲ ဆိုတာသိပြီး ၀ိပဿနာဉာဏ်သို့
တက်လှမ်းနိုင်ကြပါစေသတည်း။
_/\_ _/\_ _/\_
အားလုံးအတွက်ဆောင်ပုဒ်ကလေးတစ်ပုဒ်ဆိုချင်တယ်
လိုက်ပြီးတော့ ဖြေးဖြေးအေးအေးကလေးဆိုပါ။
" ဓမ္မသက်သက်ပါတကား "
ရုပ်ဟုတွင်မည် ခန္ဓာသည်ကား၊
မြင့်ရှည်ကာလ ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊
ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊
မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊
အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ
မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။
ဝေဒနာမည် သညာတွင်မည် သင်္ခါရမည်
ဝိညာဉ်ခြောက်မည် ၊ ခန္ဓာသည်ကား၊
မြင့်ရှည်ကာလ ၊ မတည်ထဘဲ၊
ခဏဖြစ်လျက်၊ ခဏပျက်၏၊
ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊
တရံမစဲ၊ လွန်ဆင်းရဲ၏။
ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊
မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊
အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ
မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။
ရုပ် ဝေဒနာသညာ သင်္ခါရ ဝိဉာဏ် ခန္ဓာ(၅)ပါးတို့အတွက်
နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပဋိဂ္ဂဟဉာဏ် သမ္မသနဉာဏ်
ဥဒယဗ္ဗယဉာဏ် အဲ့ဒီဉာဏ်စဉ်လေးပါး အကုန်လုံးကို ခြုံငုံပြီးတော့
သုံးသပ်ဖို့ ဆိုလို့ရှိရင် ဒီလင်္ကာထဲမှာ ဒီဉာဏ်လေးပါးရဲ့
သုံးသပ်ချက်အကုန်လုံးပါတယ်။အဲ့ဒီလောက်ထိ ရွတ်ပွားပြီး
ဆင်ခြင်သုံးသပ်နေမယ်ဆိုရင် မိမိတို့ရဲ့
စိတ်ဓာတ်ကို မိမိတို့ ဒီ ဝိပဿနာထဲမှာ
သွင်းထားနိုင်တဲ့ စွမ်းအား စိတ်ကိုစွဲတဲ့ စွမ်းအားကောင်းတဲ့
ဒီလိုလင်္ကာလေးတွေဟာ ဆောင်ထားရတယ်။
(သီတဂူဆရာတော် ဘုရားကြီး
သင်္ကြန်တွင်းသတိပဋ္ဌာန် တရားမှကောက်နုတ်ချက်
စာလုံးပေါင်းမှာပါက သည်းခံပေးကြပါရန် )
ဓမ္မမိတ်ဆွေသူတော်စဉ်များ
ကျန်းမာချမ်းသာကြပါစေဗျာ
_/\\_ _/\\_ _/\\_
ဓမ္မဒါနကုသိုလ်ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက်
ကြီးစွာသောအထောက်အပံ့ဖြစ်ပါစေ။
credit : pay toe acc

Sunday, June 26, 2016

ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ် ♣♣♣ ငါးပါးသီလဟာ အဓိကကျင့်စဉ်လား ♣♣♣

ငြိမ်းအေးပါစေ
ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံနှင့် အဓိကကျင့်စဉ်
ငါးပါးသီလဟာ အဓိကကျင့်စဉ်လား
“အရှင်ဘုရား၊ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်စဉ်ဟာ ဘာပါလဲဘုရာ...း၊ အခြားဘာသာတွေမှာလို ဥပမာ-ခရစ်ယာန်ဘာသာမှာ ပညတ်တော်ဆယ်ပါး၊ အစ္စလာမ်ဘာသာမှာဆိုရင် တနေ့ ဘုရားဘယ်နှခါ ဝတ်ပြုရမယ်၊ အရက် သေစာ ရောင်းဝယ်မှု သောက်စားမှု မပြုရဘူး၊ လောင်းကစား မလုပ်ရဘူး၊ ဝင်ငွေရဲ့ ရာခိုင်နှုန်းမည်မျှကို ဆင်းရဲသားတွေကို ပေးလှူရမယ် စသည်ဖြင့် ပညတ်ချက်တွေ ရှိပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာကော အဲဒီလိုမျိုး ရှိပါသလား။ ငါးပါးသီလဟာ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက အခြေခံကျင့်ဝတ် ဖြစ်ပါသလား”လို့ ခဏ ခဏ မေးလျှောက်ခံရသည်။
ငါးပါးသီလကို ဗုဒ္ဓဘာသာ၏ အဓိက အခြေခံကျင့်ဝတ်ဟု အများစုက ထင်တတ်ကြသည်။
ထို့ကြောင့် အခြားဘာသာဝင်တယောက်က – “မင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံကျင့်ဝတ်က ဘာလဲ” ဟု မေးလာသောအခါ ငါးပါးသီလဟု ဖြေတတ်ကြသည်။
ထိုအခါ အခြားဘာသာဝင်များက “မင်းတို့ရဲ့ ဘာသာရေးအခြေခံကျင့်ဝတ်က ငါးပါး၊ တို့ရဲ့ ဘာသာရေး အခြေခံကျင့်ဝတ်က ဆယ်ပါး၊ တို့များဘာသာက ပိုကောင်းတယ်” ဟု ဆိုသည်နှင့် ကြုံသောအခါ ဗုဒ္ဓဘာသာဝင်တို့မှာ ဇဝေဇဝါ ဖြစ်ရတော့၏။
ဘာသာရေးအခမ်းအနားတိုင်း၌ ခံယူဆောက်တည်လေ့ရှိသောကြောင့် ငါးပါးသီလကို မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်ဝတ်ဟု အလွယ်တကူ မှတ်ယူတတ်ကြသည်။
အမှန်မှာ ငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်တို့၏ မူပိုင် အဓိကကျင့်ဝတ် မဟုတ်။
ဘုရားရှင် မပွင့်မီကပင် ပညာရှိသူတော်ကောင်းတို့ လက်ခံ ကျင့်သုံးခဲ့သော ကျင့်ဝတ်များ ဖြစ်သည်။ ကမ္ဘာ့လူသားတိုင်းက အချိန်မရွေး လက်ခံ ကျင့်သုံးသင့်သော ကျင့်ဝတ်များလည်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏ အဓိကကျင့်စဉ်
စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။
ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။
ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားမှု မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညှင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့စဉ်ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့စဉ်ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။
အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။
အလယ်အလတ် မျှတဖို့ အရေးကြီး၏။
မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။
မဇ္ဈိမပဋိပဒါ ကျင့်ရှစ်ဖြာ
(အလယ်အလတ်လမ်းစဉ်)
ဘုရားရှင်ဟောကြားထားသည့် အလယ်အလတ်လမ်းစဉ်မှာ -
- သမ္မာဝါစာ
- သမ္မာကမ္မန္တ
- သမ္မာအာဇီဝ
- သမ္မာဝါယာမ
- သမ္မာသတိ
- သမ္မာသမာဓိ
- သမ္မာသင်္ကပ္ပ
- သမ္မာဒိဋ္ဌိ ဆိုသည့် အချက်ရှစ်ချက် ပါသည့် လမ်းစဉ် ဖြစ်သည်။
ထိုရှစ်ပါးကို အကျဉ်းချုပ်က သီလ၊ သမာဓိ၊ ပညာ ဆိုသည့် ဗုဒ္ဓဘာသာဝင်များ၏ အခြေခံ အဓိကအချက်များကို တွေ့ရမည် ဖြစ်သည်။
ဘုရားရှင်သည် အဓိကအချက်သုံးချက်ကိုပင် အခြေခံ၍ လေးဆယ့်ငါးနှစ် ကာလပတ်လုံး တရားဒေသနာအမျိုးမျိုးကို ဒေသအသီးသီးတွင် ပုဂ္ဂိုလ်သတ္တဝါများ၏ စိတ်အခြေအနေကို ကြည့်၍ ဟောကြားခဲ့၏။
အလယ်အလတ်လမ်းစဉ်တွင် အချက်ရှစ်ချက်သာ ပါဝင်သော်လည်း ထိုရှစ်ချက်၏ အနက်အဓိပ္ပာယ်ကို အသေးစိတ် လေ့လာကြည့်က မည်မျှကျယ်ဝန်းကြောင်းကို ဖော်ပြပါအတိုင်း တွေ့နိုင်သည်။
သမ္မာဝါစာ
သမ္မာဝါစာ (ကောင်းမွန် မှန်ကန်သော စကား) ဆိုသည်မှာ -
(၁) မဟုတ်မမှန်သော စကားကို မပြောဆိုဘဲ မှန်ကန်သော စကားကို ပြောဆိုခြင်း။
(၂) တယောက်နှင့်တယောက် အထင်အမြင်လွဲအောင်၊ ခင်မင်မှုပျက်ပြားအောင်၊ ရန်ငြိုးဖွဲ့အောင် အတို့အထောင် ကုန်းချောစကားကို မပြောဆိုဘဲ အချင်းချင်း အဆင်ပြေအောင်၊ ခင်မင်မှုတိုးပွားအောင် ပြောဆိုခြင်း။
(၃) ရုန့်ရင်းကြမ်းတမ်းသောစကား၊ ရိုင်းစိုင်းသောစကား၊ ဆဲရေးတိုင်းထွာသောစကားများကို မပြောဆိုဘဲ ယဉ်ကျေးသိမ်းမွေ့သောစကားကို ပြောဆိုခြင်း။
(၄) အနှစ်သာရ မရှိသော ရောက်တတ်ရာရာ စကားများကို မပြောဆိုဘဲ မိမိသူတပါး နှစ်ဦးသားတို့ အကျိုးရှိမည့် စကားကို ပြောဆိုခြင်းတို့ ဖြစ်သည်။
သမ္မာကမ္မန္တ
သမ္မာကမ္မန္တ (ကောင်းမွန် မှန်ကန်သော ပြုလုပ်မှု) ဆိုသည်မှာ -
(၁) သူတပါးအသက်ကို မသတ်ဘဲ သတ္တဝါများ၏ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ခြင်း။
(၂) သူတပါးပိုင် ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ မတရား သိမ်းပိုက်ခြင်း စသည်တို့ကို မပြုလုပ်ဘဲ သူတပါး၏ စည်းစိမ်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပေးခြင်း။
(၃) လင်ရှိမယား၊ မယားရှိလင်၊ အိမ်ထောင်ရှင်များနှင့် လိင်ဆက်ဆံမှု မပြု။ သူတပါး၏ သားပျို သမီးပျိုများကို အတည်တကျ လက်ထပ်ပေါင်းသင်းလိုစိတ် မရှိဘဲ အပျော်သက်သက်ဖြင့် လိင်ဆက်ဆံမှု မပြုဘဲ မိမိ၏ ဇနီးမယား လင်ယောက်ျားနှင့် သစ္စာရှိရှိ ပေါင်းသင်းနေထိုင်ခြင်းတို့ ဖြစ်သည်။
သမ္မာအာဇီဝ ♣♣
သမ္မာအာဇီဝ (ကောင်းမွန် မှန်ကန်သည့် အသက်မွေးမှု) ဆိုသည်မှာ -
အဆိပ်၊ လက်နက်၊ သေအရက်၊ မူးယစ်ဆေးဝါး၊ ငါး တိရစ္ဆာန်အသားတို့ကို ရောင်းဝယ်ဖောက်ကားခြင်း၊ လူကို ရောင်းကုန်အဖြစ် သတ်မှတ်၍ စီးပွားရှာခြင်းတို့ မလုပ်ဘဲ သူတပါးတို့ကို မထိခိုက်စေမည့် စီးပွားရေးဖြင့် အသက်မွေးခြင်း ဖြစ်သည်။
အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးပါးသည် အကျင့်သီလနှင့် ပတ်သက်သည့် လမ်းစဉ်များ ဖြစ်သည်။
ထိုလမ်းစဉ်သုံးပါးကို လေ့လာကြည့်လျှင် သူ့အသက် မသတ်ရ၊ သူ့ဥစ္စာ မခိုးရ၊ သူတပါး သားမယားနှင့် လိင်ဖောက်ပြန်မှု မပြုရ၊ လိမ်ညာ မပြောရ၊ သေအရက် ရောင်းဝယ်ဖောက်ကား သောက်စားမှု မပြုရ ဆိုသည့် ငါးပါးသီလတွင် ပါသည့် အချက်များကိုလည်း တွေ့ရမည် ဖြစ်သည်။
ထိုအကျင့်သီလနှင့်ဆိုင်သည့် ကျင့်ဝတ်များကို လူတိုင်း အတိအကျ လိုက်နာကျင့်သုံးလျှင်ပင် လူတိုင်း ဘေးရန်ကင်းကွာ စိတ်ချမ်းသာ၍ လောကကို သာယာ ချမ်းမြေ့မှုဖြင့် အလှဆင်နိုင်ပါလိမ့်မည်။
♣♣♣ သမ္မာဝါယာမ ♣♣♣
သမ္မာဝါယာမ (မှန်ကန်သည့် အားထုတ်မှု) ဆိုသည်မှာ -
(၁) မကောင်းသည့်အမှုများ (သူတပါး၏ အသက်ကို သတ်မှု၊ သူတပါးပစ္စည်းဥစ္စာ ခိုးယူ ဖျက်ဆီးမှု၊ သူတပါး ဇနီးမယား လင်ယောက်ျားနှင့် လိင်ဆက်ဆံမှု၊ သူတပါး သားပျို သမီးပျိုများကို ဖျက်ဆီးမှု၊ မမှန်မကန် ပြောဆိုမှု၊ အချင်းချင်း စိတ်ဝမ်းကွဲအောင် ပြောဆိုမှု၊ ရိုင်းစိုင်းကြမ်းတမ်းသည့် စကားကို ပြောဆိုမှု၊ အကျိုးမရှိ ရောက်တတ်ရာရာ စကားများကို ပြောဆိုမှု၊ သူတပါး တရားသဖြင့် ကြီးပွားချမ်းသာနေသည်ကို မကြားလို မမြင်လိုမှု၊ သူတပါး၏ ဘဝစည်းစိမ်ကို ဖျက်ဆီးလိုစိတ်ရှိမှု)ကို မပြုလုပ် မပြောဆို မကြံစည်မိအောင် အားထုတ်ခြင်း။
(၂) ထိုမကောင်းမှုများကို ပြုလုပ်မိခဲ့သော်လည်း အမှားကို ပြုပြင်ရန် သင်ခန်းစာယူရုံမျှလောက် မဟုတ်ဘဲ ပြန်လှန်တွေးတော ပူပန်မနေမိစေရန် အားထုတ်ခြင်း။
(၃) ကောင်းသည့်အမှုများ (ပေးကမ်းစွန့်ကြဲမှု၊ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားမှု၊ စိတ်ဓာတ်မြင့်မြတ်ဖြူစင်အောင် ကြိုးစားမှု၊ မိမိထက် အသက် ဂုဏ်သိက္ခာကြီးသူတို့ကို ရိုသေလေးစားမှု၊ သူတပါးတို့အား ကူညီစောင့်ရှောက်မှု၊ မိမိကောင်းမှုပြုသည်ကို သူတပါးတို့အား ပြောကြား၍ ဝမ်းသာအတုယူစေမှု၊ သူတပါးတို့ ကောင်းမှုပြုသည်ကို ဝမ်းသာအတုယူမှု၊ တရားပေစာ နာကြား ဖတ်ရှု၍ ဗဟုသုတ ရယူ ပြုမူကျင့်ကြံမှု၊ မိမိသိပြီးသား တရားများကို သူတပါးတို့အား ပြောကြား၍ သိစေ ကျင့်ကြံစေမှု၊ မိမိ၏ အယူအဆ သံသယတို့ကို စာပေလေ့လာခြင်း မေးမြန်းခြင်းဖြင့် မှန်ကန်စေမှု) ကို ပြုလုပ်ရန် ကြိုးစားခြင်း။
(၄) ပြုလုပ်ပြီးသော ကောင်းမှုများကို သတိရ၍ နောက်ထပ်တဖန် ပြုလုပ်ရန် ကြိုးစားခြင်း တို့ ဖြစ်သည်။
♣♣♣ သမ္မသတိ ♣♣♣
သမ္မာသတိ (မှန်သော အမှတ်သတိရှိမှု) ဆိုသည်မှာ -
မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပျက်လှုပ်ရှားနေမှု၊ အကောင်းအဆိုး စသည့် အမျိုးမျိုး ခံစားမှု၊ စိတ်၏ ဖြစ်ပျက်လှုပ်ရှားမှု အခြေအနေ၊ မြင်မှုကြားမှု စသည့် သဘာဝ အခြေအနေများကို စောင့်ကြပ် ကြည့်ရှု သတိပြုနေခြင်း ဖြစ်သည်။
...................................................................
♣♣♣ သမ္မာသမာဓိ ♣♣♣
သမ္မာသမာဓိ (မှန်သော တည်ငြိမ်မှု) ဆိုသည်မှာ -
သမထ ဝိပဿနာတရားကို ရှုမှတ် အားထုတ်သည့်အခါ ရှုမှတ်သည့် တရားအပေါ်တွင် စိတ်တည်ငြိမ်နေခြင်း ဖြစ်သည်။ ထိုသို့ စိတ်တည်ငြိမ်နေသည့်အခါ ကာမဂုဏ်အာရုံများနှင့်ပတ်သက်သည့် ကြံစည်မှု၊ သူတပါးကို ထိခိုက်နစ်နာစေမည့် တွေးကြံမှု၊ ကိုယ်စိတ်နှစ်ပါး ထိုင်းမှိုင်းလေးလံမှု၊ စိတ်မငြိမ်မသက် လှုပ်ရှားမှု၊ ယုံမှားတွေးတောမှုများ စိတ်ထဲတွင် မရှိတော့ဘဲ စိတ်သည် ကြည်လင်နေသည်။
စိတ်ကြည်လင်ရာမှ အဆင့်ဆင့် တက်ပြီး ဝမ်းသာမှု၊ စိတ်ချမ်းသာမှုများ ဖြစ်လာသည်။
စိတ်တည်ငြိမ် အားကောင်းလာသည့်အခါ စိတ်ထဲတွင် ဝမ်းနည်းဝမ်းသာ ချမ်းသာဆင်းရဲဆိုသည့် သဘောတရားများကို ခံစားမှု မရှိတော့ဘဲ ရှုမှတ်သည့် အာရုံအပေါ်တွင်သာ စိတ်သည် အသိတရားလေးနှင့် တည်ရှိနေခြင်း ဖြစ်သည်။
အထက်ပါ အလယ်အလတ်လမ်းစဉ် သုံးခုသည် လောကုတ္တရာရေးရာပိုင်းတွင် သမာဓိဆိုသည့် အပိုင်းနှင့် ဆက်စပ်နေသည်။
သို့သော် ထိုလမ်းစဉ်များကို နေ့စဉ်ဘဝ လူ့လောကနယ်ပယ်တွင်လည်း အသုံးချ၍ ရနိုင်ပါသည်။
မိမိ၏ နေ့စဉ်ဘဝတွင် မိမိဘာလုပ်နေသည်ကို သိနေရမည်။
မိမိသူတပါး နှစ်ဦးသားတို့အတွက် ကောင်းတာ လုပ်နေတာလား၊ မကောင်းတာ လုပ်နေတာလား ဆိုသည်ကို သိနေရသလို အကျိုးရှိ,မရှိကိုလည်း သတိပြုမိဖို့ လိုသည်။
မိမိ၏ အပြောအဆို အနေအထိုင် အပြုအမူ အကြံအစည်များကို သတိနှင့် စောင့်ကြည့်၍ အပြစ်မရှိ ကောင်းမည့် အကျိုးဖြစ်ထွန်းမည့် အလုပ်များကို လုပ်ဆောင်ရပါမည်။
ဤသို့ ပြုလုပ်လျှင် အရာရာတွင် အမှားနည်း၍ မိမိအတွက် အောင်မြင်မှု ရသကဲ့သို့ အခြားသူများကိုလည်း ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့် သာယာချမ်းမြေ့သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေပါလိမ့်မည်။
လောဘဖြစ်စရာ ဒေါသဖြစ်စရာ စသည့် မကောင်းသော အာရုံများကို အမှတ်ရနေခြင်းမျိုး (မိစ္ဆာသတိ) မဖြစ်စေဘဲ မိမိပြုလုပ်ခဲ့သည့် သူတပါးအကျိုး သည်ပိုး ဆောင်ရွက်ခဲ့သည်များကို သတိရနေလျှင်လည်း သမ္မာသတိ ဖြစ်နေပါသည်။
မိမိပြောဆို ပြုလုပ်သည့် ကိစ္စများတွင် တည်ကြည်မှု ခိုင်မာမှု ရှိရပါမည်။ ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုး ပြောင်းလဲ၍ သစ္စာမရှိ ကတိမတည်သည့် အဖြစ်ကို မရောက်စေရပါ။
ထို့ပြင် ဟိုယောင်ယောင် သည်စပ်စပ် ယောင်ခြောက်ဆယ်အဖြစ်မျိုး မရောက်စေဘဲ အကျိုးရှိမည့် အလုပ်ကို စွဲစွဲမြဲမြဲ အောင်မြင်အောင် လုပ်ဆောင်ရမည်။
ဤနေရာတွင် မိမိ၏ ကိုယ်ကျိုးကိုသာ ကြည့်ပြီး တရားသောနည်းဖြင့် အသက်မွေး ရှင်သန်နေသည့်သူများကို ထိခိုက်နစ်နာစေမည့်အလုပ်၊ မိမိနှင့်သူတပါး နှစ်ဦးသားတို့အတွက် အကျိုးမရှိ မကောင်းသည့် အလုပ်များကို စွဲလမ်းလုပ်ဆောင်နေခြင်းမျိုး (မိစ္ဆာသမာဓိ) မဖြစ်အောင် ရှောင်ကြဉ်မည်ဆိုလျှင် ကောင်းသော တည်ကြည်မှုမျိုး ဖြစ်နေပါမည်။
♣♣♣ သမ္မာသင်္ကပ္ပ ♣♣♣
သမ္မာသင်္ကပ္ပ (မှန်သော ကြံစည်မှု) ဆိုသည်မှာ -
ရှုမှတ်နေသည့် ကမ္မဋ္ဌာန်းအာရုံအပေါ်ကို အမှတ်သတိလေး ကပ်ရောက်နေစေရန် တွန်းတင်ပေးနေသည့်သဘော ဖြစ်သည်။
ထို့အပြင် ကာမဂုဏ်အာရုံများကို သုံးဆောင် ခံစားဖို့ မစဉ်းစား၊ သူတပါး၏ စည်းစိမ်ဥစ္စာကို ပျက်စီးအောင် မည်သို့ လုပ်ရမည်ကိုလည်း မတွေးတော၊ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာအောင် ကြံဆောင်ခြင်းလည်း မပြုဘဲ မိမိအောက် အစစ အရာရာ နိမ့်ကျသူများ ဆင်းရဲနွမ်းပါးသူများကို မည်သို့ ကူညီထောက်ပံ့ရမည်နည်းဟု မိမိသူတပါး နှစ်ဦးသားတို့အတွက် ကိုယ်ရောစိတ်ပါ ချမ်းသာအောင် စိတ်ကူး ကြံဆောင်ခြင်း ဖြစ်သည်။
♣♣♣ သမ္မာဒိဋ္ဌိ ♣♣♣
သမ္မာဒိဋ္ဌိ (မှန်သော အမြင်) ဆိုသည်မှာ -
ရုပ်တရား နာမ်တရားများ၏ သဘော သဘာဝနှင့် အဖြစ်အပျက် အဆက်အစပ်တို့ကို ကိုယ်တွေ့ မှန်ကန်စွာ သိနားလည်ခြင်း ဖြစ်သည်။
ထိုသို့ သိနားလည်သည့်အခါ အရာရာတွင် တပ်မက်ခြင်း ကင်း၍ ဆင်းရဲခြင်းမှလည်း အပြီး လွတ်မြောက်ပါတော့သည်။
နေ့စဉ်ဘဝ၌လည်း မည်သည့်ကိစ္စမျိုးတွင်မဆို ချစ်ခြင်း မုန်းခြင်း မသိနားမလည်ခြင်း ကြောက်ရွံ့ခြင်းများကို အခြေခံ၍ မှားယွင်း ဘက်လိုက်မှု မရှိဘဲ အကျိုးသင့် အကြောင်းသင့် မှန်ကန်စွာ ရှုမြင်သုံးသပ် ကျင့်သုံးနိုင်ရပါမည်။
အရာရာတွင် ကိုယ်ချင်းစာမှု၊ ခွင့်လွှတ်နားလည်မှု၊ သည်းခံမှုများနှင့် ရှုမြင်နိုင်လျှင် တယောက်နှင့်တယောက် အထင်အမြင်လွဲခြင်း၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်း၊ ပြန်လှန်ပုတ်ခတ်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများ ဖြစ်မလာနိုင်သည့်အတွက် လူတိုင်း စိတ်ဆင်းရဲခြင်း ကင်းဝေး၍ ချမ်းသာသုခကို အပြည့်အဝ ရရှိနိုင်ပါမည်။
ထို့ကြောင့် အလယ်အလတ်လမ်းစဉ် (ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ အဓိကကျင့်စဉ်)ကို မိမိတို့ကိုယ်တိုင်လည်း နားလည်အောင် အသေအချာ လေ့လာ၍ အတိအကျ လိုက်နာကျင့်သုံး၊ အခြားသူများကိုလည်း လိုက်နာကျင့်သုံးစေရန် ပြောပြတိုက်တွန်းပေးခြင်းဖြင့် လောက သံသရာ နှစ်ဖြာသောဌာနတို့၌ အေးငြိမ်းမှုကို ရယူနိုင်ကြပါစေဟု ဆန္ဒပြုရပါတော့သည်။။
အရှင်ပညာသီဟ
(၁၉၉၆ခုနှစ် အောက်တိုဘာ-နိုဝင်ဘာထုတ်၊ လောကချမ်းသာစာစောင်၊ အတွဲ-၆ အမှတ်-၄ မှ)

Saturday, June 25, 2016

"ဝေဒနာနိရောဓော နိဗ္ဗာနံ"

Myat Thu to Dhamma friends

"ဝေဒနာနိရောဓော နိဗ္ဗာနံ"
တစ်ချို့ မေးကြတယ်။
ဆရာတော်ရယ် တင်းတာ
တောင့်တာပေါ်တော့ ...
ခံစားတယ်။ မခံချင် တဲ့
ဝေဒနာဖြစ်တယ်ဘုရား။
အဲဒီ မခံချင် တာကို ဘယ်လိုရှုရမလဲ။

တင်းတာ တောင့်တာပေါ်တော့
ခံစားရတယ်။ ဘယ်လို ခံစားရသလဲ။
မခံချင် တာ ခံစားရတယ်။
အဲဒါလေးကို ဘယ်လိုမြင် အောင်
ရှုရပါမလဲ တဲ့။ မေးပုံလေးက။
စဉ်းစဉ်းစားစားနဲ့ လိုက်တာကိုး။
မခံချင် တာကိုတော့ တွေ့တယ်။
ဘယ်လိုရှုရမလဲလို့ နားမလည်ဘူး။
ထွေးနေတာကိုး။
ဒကာကြီးလို့ 
အိမ်မှာ ဒကာမကြီး မရှိတဲ့အခါ
ဟင်းချို ချက်ဖူးသလားလို့ ။
ချက်ဖူးပါတယ်ဘုရား။
ကောင်းပြီ ဟင်းချိုအိုးတစ်လုံး
တည်လိုက်တဲ့အခါကျတော့
ဇွန်းလေးနဲ့ အ ပေါ့အငံ
မမြည်းဘူးလား။
မြည်းပါတယ်ဘုရား။
ဟင်းချိုအိုးချပြီး မြည်းသလား
မီးဖိုပေါ်မှာ မြည်းသလား။
မီးဖိုပေါ်မှာ မြည်းပါတယ်ဘုရား
မီးဖိုပေါ်မှာ ဇွန်းလေးနဲ့ခပ်ပြီး
မြည်းလိုက်တော့ တိုက်ရိုက်
သောက်သလား မှုတ်သောက်သလား။
မှုတ်သောက်ပါတယ်။
ဘာလို့ မှုတ်တာလဲ။
ပူလို့ ပါဘုရား။
ကဲ ပူလို့ မှုတ်သောက်လိုက်တဲ့အခါ
ကျတော့ ပါးစပ်ထဲရောက်ပြီ
ဒကာကြီးရေ။
ပူတာကို အာရုံပြုသလား
အပေါ့အငံကို အာရုံပြုသလား။
အပေါ့အငံကို အာရုံပြုပါတယ်။
ပူတာက တော့ ပူတာပဲ
ပူတာကို သတိမထားဘူးနော်
ဂရုမစိုက်ဘူး။
အပေါ့အငံကိုပဲ သတိထားတယ်။
အပေါ့အငံကို အကဲခတ်တယ်။
အဲဒီဥပမာလို
တင်းတာကြီး ဂရုစိုက်
တောင့်တာကြီး ဂရုစိုက်နေကြတယ်။
သူ့ ဂရုမစိုက်နဲ့
အပေါ့အငံနဲ့ တူတဲ့
မခံချင်တာ ခံစားနေရတဲ့
စိတ်ကလေးကို ဂရုစိုက် ရမယ်။
တင်းတဲ့ အပေါ်မှာ ခံစားတယ်
တောင့်တဲ့ အပေါ်မှာ ခံစားတယ်။
ခံစားတာ ဝေဒနာကိုးဗျ။
အဲဒီဝေဒနာ အပေါ့အငံကိုသာ
ကိုယ်က အကဲခတ်ဖမ်းရမယ်။
မဖမ်းဘဲနဲ့ အပေါ့ အငံနဲ့
ငါနဲ့ပေါင်းပြီး ပူတာကြီး
အာရုံပြုပြီး ကြောက်နေတယ်။
အရသာကို မသိတော့ဘူး
ဖြစ်သွားတယ်။
ဟင်းချိုသောက်သလို
ပူတာကို ဂရုမစိုက်ပါဘူး။
အပေါ့အငံကို ဂရုစိုက်တယ်။
တင်းတာ တောင့်တာကြီး
ပေါ်လာတယ်။ ပေါ်လာတဲ့
တင်းတာ တောင့်တာကို
ပဓာန မထားနဲ့။ သာမညထား။
အဓိက က ဘယ်သူလဲ
တင်းတာ တောင့်တာပေါ်မှာ
မခံချင် တာ ခံစားနေရတာ။
အဲဒီ ခံစားနေရတဲ့ သဘောက
အဓိက။ တင်းမှု တောင့်မှုက
သာမည။
အဲလိုဟင်းမြည်းသလိုပဲ
ဒကာကြီး
ဝေဒနာ ခံစားတဲ့ သ ဘော
ရှုချင် ရင် အဲလို ရှုရတယ်။
ဓာတ်ကြီးလေးပါး ခန္ဓာအိမ်
မီးတောက်လာပြီ ဆိုတော့
ဝရုန်းသုန်းကား ဖြစ်နေတယ်
အထဲထဲမှာ။ စဉ်းစဉ်းစားစားလေး
လုပ်ကြပါ။
အ ကြောင်းသတ် အကျိုးသတ်လေးနဲ့။
တင့်တာ တောင့်တာလေး ပေါ်လာတယ်
ဘာလိုဖြစ်လာမလဲ
တင်းတာအစ တင်းတာအလယ်
တင်းတာ အဆုံး သည်းခံပြီးတော့
စောင့်ရှု။
တင်းတာပေါ်မှာ မခံချင် တာလေးတွေ
ပေါ်လာတယ်။ မခံချင် တာ
ခံစားနေရတယ်။ အဲဒီခံစားတာ
ဝေဒနာပေါ့။ ခင် ဗျားတို့ 
ဝေဒနာတင် ရပ်ချင် တယ်ဆိုတာကိုး
တဏှာမကူးဘဲနဲ့ ဝေဒနာတင်
ရပ်ချင် ရင် အဲဒီခံစားတဲ့သဘောကို
မြင် မှ ဝေဒနာရပ်မယ်။
တင်းတာ တောင့်တာကြီးကို
သွားရပ်လို့ မရဘူး။
တင်းတာချုပ်သွား
တောင့်တာ ပေါ်မှာပဲ။
တောင့်တာ ချုပ်သွား
ကိုက်တာ ပေါ်မှာပဲ။
ဓာတ်ကြီးလေးပါးရုပ်ကြီး
သူပေါ်ချင် တာ ပေါ်မှာ။
အဲဒီ
တောင့်တာပေါ်လည်း
မခံချင် တာ ခံစားတယ်။
ခံစားရတာတော့ တစ်လုံးထဲ
ဧကော ဓ မ္မော။
ခံစားတာ ဝေဒနာတစ်လုံးထဲနော်။
ဟိုမှာတော့ တင်းတာတစ်မျိုး
ကိုက်တာတစ်မျိုး ပေါ်နေတယ်။
တူမလား။
နာမ်မှာ မခံချင် တာ တစ်ခုပဲ
ခံစားနေရတယ်။
အဲဒီခံစားမှုလေးကနေ
ဖမ်းရပ်လိုက်တော့မှ
တင်းတာ တောင့်တာ ချုပ်သွားတယ်။
ခံစားမှုလည်း မြင် သွားရော
ဝေဒနာနိရောဓော နိဗ္ဗာနံ
အဲမှာတင် ခင် ဗျားတို့ 
အောက်သံသရာ လွတ်တယ်။
ဓမ္မဒါနဖြင့်
credit : ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ page
သာသနာပြုအဖွဲ့(စင်္ကာပူ)

(ကံကြမ္မာ၏ ရုပ်ပုံလွှာများ)

Nyein Chan to Dhamma friends
(ကံကြမ္မာ၏ ရုပ်ပုံလွှာများ)
သံသရာကျင်လည်နေရတဲ့ ပုဂ္ဂို လ်တိုင်း ပုဂ္ဂို လ်တိုင်းဟာ အတိတ်ဘဝတွေက မိမိတို့ လုပ်ခဲ့တဲ့ကောင်းကံ မကောင်းကံတို့ရဲ့ ကောင်းမွေဆိုးမွေ...တွေကို ခံယူကြတယ်။
ထိုကံများကပေးတဲ့ ရုပ်ပုံလွှာများကို ရရှိကြတာဖြစ်တယ်။
လူတိုင်းလူတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ရုပ်ရည်ရူပကာယ မတူဘူးဆိုတာ အဲဒီသဘောကို ဆောင်တာပါ။
ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံဟာ တကယ့် Creator ဖန်းဆင်းရှင် အစစ်ဖြစ်တယ်။
မိမိလုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ပုံရိပ်တွေနဲ့ လူလာဖြစ်လာကြတယ်, လူဖြစ်လို့ရှိရင်လဲ ပုစံအမျိုးမျိုး ရုပ်လှတဲ့လူရှိသလို ရုပ်ဆိုးတဲ့လူရှိတယ် အရပ်ထွားတဲ့လူရှိသလို အရပ်ပုတဲ့လူရှိတယ် အသားမဲတဲ့လူရှိသလို အသားဖြူ တဲ့လူရှိတယ်။
ဒီအနေအထားတွေရဲ့ အခြေခံ အကြောင်းတရားဟာ ဘယ်သူလဲလို့ဆိုရင် ကံကြမ္မာပဲ။
မိမိပြု လုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံပဲ။
ကုသိုလ်ကံ အကုသိုလ်လို့ ဆိုတာဟာ အကြမ်းဖျင်း နည်းနည်းစဉ်းစား ကြည့်မယ်ဆိုရင် စိတ်ထဲမှာဖြစ်ပေါ်တဲ့ အကုသိုလ်ကံက သုံးမျိုး စိတ်ထဲမှာဖြစ်ပေါ်တဲ့ ကုသိုလ်ကံက သုံးမျိုး ဒါကိုပဲ မနောကံလို့ပြောတာ။
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ကံတွေ စိတ်ထဲဖြစ်ရုံနဲ့ပဲ ထိုကံဟာ မိမိရဲ့ စိတ်အစဉ်ထဲမှာ ကိန်းဝပ်သွားတယ်တဲ့။
အကျိုးတရားကို ထုတ်လုပ်နိုင်တဲ့စွမ်းအားတွေ ရရှိပြီးတော့သွားတယ်။
မိမိရဲ့စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကံ စိတ်နဲ့ပြု လုပ်တဲ့ အကုသိုလ်ကံ သုံးမျိုးဆိုတာ ဘာတုန်းဆိုရင် အဘိဇ္ဈာဗျာပါဒ မိစ္ဆာဒိဋ္ဌိ တဲ့ သုံးခုနော်။
အဘိဇ္ဈာလို့ ဆိုတဲ့စကားလုံးက ပါဠိစကားလုံးဖြစ်နေတယ် မြန်မာလိုပြောလို့ရှိရင် အဘိဇ္ဈာဆိုတာ သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘစိတ်နဲ့ ကြံတွေးခြင်းလို့ ဒီလိုအဓိပ္ပာယ်ရတယ်။
သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်အောင်လုပ်ဖို့ စိတ်ကူးနေတာ ဘာနဲ့စိတ်ကူးတာတုန်း လောဘနဲ့ စိတ်ကူးတာ။
အဲဒီလို စိတ်ကူးလိုက်ရုံနဲ့ သူက ကံအရာမြောက်သွားတယ်တဲ့။
အဲဒါကြောင့် မနောကံခေါ်တာ။
ပါးစပ်က ထုတ်မပြောချင်နေ လက်နဲ့မလုပ်ချင်နေ စိတ်ကူးလိုက်ရုံနဲ့ပဲ အဲဒီဟာ ကံအရာမြောက်သွားတယ်။
သူများပစ္စည်းကို ကိုယ့်ပစ္စည်း ဖြစ်လိုမှုဆိုတဲ့ ကြံတွေးမှုသည် အဘိဇ္ဈာ။
ဒါ လူတွေက တချို့က ပြောကြတယ် အဘိဇ္ဈာ များတယ် အဘိဇ္ဈာ များတယ် သူများအပြစ်တွေပြောတဲ့ ပုဂ္ဂို လ်ကို အဘိဇ္ဈာများတယ်လို့ တစ်ချို့က ပြောကြတယ်။
အဲဒါမှားပြီးတော့ ပြောနေတာ အဘိဇ္ဈာဆိုတာ အဲဒါမျိုးမဟုတ်ဘူး သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု ကြံတွေးမှုကို အဘိဇ္ဈာလို့ ခေါ်တယ်တဲ့ မတရားတဲ့ လောဘတစ်မျိုးပဲပေါ့နော်။
နောက်တစ်ခုက ဗျာပါဒ တဲ့ ဗျာပါဒ ဆိုတာက ပင်ကိုယ်အနေအထားက စိတ်ဖောက်ပြားနေတဲ့ အခြေအနေတစ်ခု။
ဗျာပါဒ ဆိုတဲ့ တရားဟာ ဒေါသပဲ သို့သော် ရိုးရိုးဒေါသမဟုတ်ဘူး။
ဒီဒေါသက ဘယ်လိုတွေတုန်းဆိုရင် လူတစ်ယောက်ကို မုန်းတဲ့စိတ်နဲ့တွေးပြီး "ဒီလူသေသွားရင် ကောင်းမှာပဲ တစ်စုံတစ်ခု ဖြစ်သွားရင်ကောင်းမှာပဲ ဒုက္ခရောက်သွားရင် ကောင်းမှာပါပဲ" ဆိုတဲ့ အတွေးတွေ တွေးပြီးတော့နေတဲ့ ဖောက်ပြန်တဲ့ စိတ်သဘောထားကိုသာ ဗျာပါဒ လို့ ခေါ်တာ။
ရိုးရိုး သားသမီးမလိမ္မာလို့ စိတ်ဆိုးတာ ဗျာပါဒ မဟုတ်ဘူး ဟုတ်ကဲ့လား ရိုးရိုးစိတ်ဆိုးတာ ဗျာပါဒ မဟုတ်ဘူး။
"အေး- ဒီလူ ပျက်စီးသွားရင် ကောင်းမှာပဲ သေသွားရင် ကောင်းမှာပဲ တစ်ခုတစ်ခုဖြစ်သွားရင် ဒုက္ခရောက်သွားရင် ကောင်းမှာပဲ" လို့ ဒုက္ခရောက်စေချင်တဲ့ စိတ်သဘောထားဟာ ဗျာပါဒ ဒီလိုတွေးလိုက်တာနဲ့ ဗျာပါဒ ဆိုတဲ့ ဒီမနောကံဟာ ကံအရာမြောက်သွားပြီး စိတ်အစဉ်ထဲမှာ ကိန်းသွားတယ်။
စွမ်းရည်သတ္တိရှိသွားပြီး အကျိုးပေးနိုင်တဲ့ အနေအထားတစ်ခုကို ရောက်သွားတယ် မျိုးစေ့လေးလို အောင်သွားတာကို ပြောတာနော်။
အပင်တစ်ပင်က အသီးသီးတဲ့အခါကျတော့ အဲဒီအသီးထဲမှာ အသီးမှည့်သွားလို့ရှိရင် ထိုအသီးထဲမှာရှိတဲ့ အစေ့ကလေးကရော မရင့်ကျက်ဘူးလား မြေနဲ့ရေနဲ့ ဆုံမိသွားလို့ရှိရင် အဲဒီ အစေ့ကလေးက အပင်ပေါက်လာတယ် ဟုတ်ကဲ့လား အဲဒါမျိုးလိုပဲ အခု ကံကြမ္မာဆိုတာ စိတ်ထဲမှာ ဒီအတွေးလေးတွေ တွေးလိုက်တာကနေပြီးတော့ မျိုးစေ့လေးသဖွယ် မိမိရဲ့ စိတ်အစဉ်ထဲမှာ တည်သွားတယ်။
သူ့မှာ အပင်တစ်ခုကို ထုတ်လုပ်နိုင်တဲ့ မျိုးစေ့လေးမှာ အပင်ပေါက်စေနိုင်တဲ့ စွမ်းရည်သတ္တိရှိသလိုပဲ အခုပြောတဲ့ ဗျာပါဒ ဆိုတာ မနောကံအရာ ရောက်သွားပြီးတော့ အကျိုးတရားကို ထုတ်လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ သူ့မှာ ရသွားတယ်လို့ ပြောတာနော်။
နောက်တစ်ခုက ဘာတုန်းဆိုရင် မိစ္ဆာဒိဋ္ဌိ မှားမှားယွင်းယွင်း တွေးခေါ်မြော်မြင်မှု မှားမှားယွင်းယွင်းတွေးခေါ် မြော်မြင်မှုဆိုတာ ဘာတုန်း "အေး လောကမှာ ကုသိုလ်ဆိုတာ မရှိဘူး ကုသိုလ်လုပ်လည်း ကုသိုလ်မရဘူး အကုသိုလ်ဆိုတာလည်း မရှိပါဘူး အကုသိုလ်လုပ်လည်း အကုသိုလ် မဖြစ်ပါဘူး ဘုရားသခင် ဖန်ဆင်းထားတဲ့အတိုင်း ဖြစ်နေတာပါလို့ ကံနှင့် ကံ၏အကျိုးကိုငြင်းပယ်တဲ့အမြင်မျိုး ရှိလို့ရှိရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်တယ်။
အဲဒီ အမြင်မျိုးကို လက်ခံယုံကြည်မိပြီဆိုလို့ရှိရင် စိတ်ထဲမှာ ခုနက ပြောတာလိုပဲ မျိုးစေ့ကလေးဟာ အပင်ပေါက်နိုင်တဲ့ စွမ်းရည်သတ္တိတွေ တည်သွားသလိုပဲ ထိုပုဂ္ဂို လ်ရဲ့ စိတ်အစဉ်ထဲမှာ ဟောဒီ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ကံအရာ မြောက်သွားတယ်။
သဘောတရားတစ်ခုဟာ ကိန်းဝပ်သွားတယ်တဲ့။
သက်ဆိုင်ရာအကြောင်းတရားခြင်း ပေါင်းစုံမိသွားတဲ့အခါ သူကလဲ အကျိုးကို ထုတ်လုပ်နိုင်တယ် ဒါကို အကုသိုလ် မနောကံလို့ ခေါ်တာ ဟုတ်ကဲ့လား။
တို့အတူပဲ ကုသိုလ်ဘက် ပြန်ကြည့်လိုက်ရင် ပြောင်းပြန်ကြည့်ပေါ့။
(ဆရာတော် အရှင်နန္ဒမာလာဘိဝံသ)

Saturday, June 11, 2016

ဗုဒ္ဓဘာသာတွေရဲ့အလွဲအချောတွေ

Rambo Robert
Please read, save and share this table everyone!!!!
Huge Shame on All of Us for doing the wrong things and in the wrong ways in Our Daily Buddhism Practices!!!
...Let's change all our errors and follow the teachings precisely preached by Gautama Buddha (563 BC - 483 BC) starting from now on everyone!!!!
Thanks so much All Buddhists!!!!
credit to Rambo Robert

ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲဆိုတာ

ကုသိုလ်အတွေး ကုသိုလ်အရေး
ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါ
ဗုဒ္ဓဘာသာဝင်တွေ ဘာတွေလွဲနေလဲဆိုတာ
မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၅% ရှိတဲ့ထဲမှာ
ဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ...
ဘယ်နှစ်ယောက် ရှိမလဲ?...

ဗေဒင်လဲ မမေးဘူး ။
ကိန်းဂဏန်းတွေ အစွဲမရှိဘူး။
ရတနာမြတ် ၃ ပါး ကိုသာ အလေးထားတယ်။
ဘုရားရောက်တဲ့ အခါ ဘယ် နေ့နံဒေါင့်မှာမှ
ရှိခိုးမယ်လို့လဲ အစွဲမရှိဘူး..။ ကြီး ၄ ကြီး၊
ကြီး ၉ ကြီး လဲ ပုတီးသွားစိပ်တာမျိုး မရှိဘူး..။
ဆုတောင်းပြည့်ဘုရား တို့၊
ပုဂံ က စွယ်တော် ၄ ဆူ နေ့ချင်းဖူးရင်
ဆုတောင်းပြည့်တယ် တို့၊ ချမ်းသာတယ်တို့
ကျိုက်ထီးရိုးဘုရား တစ်နှစ်ထဲမှာ ၃ ခေါက် တက်ရင်
ချမ်းသာတယ်တို့ လဲ အယူမရှိဘူး..။
ဘုရား ဆိုရင် ဘယ်နေရာက
ဘုရား၊ စေတီ၊ ဆင်းတုတော်ကိုမဆို
တန်းတူ သဘောထားနိုင်တယ်။
သရဏဂုံတည်မယ်။
၅ ပါး သီလ ကိုထိန်းမယ်။
၈ ပါး သီလကို အခါအားလျှော်စွာ စောင့်ထိန်းမယ်။
နေ့စဉ် တရားထိုင်၊ တရားအားထုတ်မယ်..။
အဲ့လို လူတွေ ဘယ်လောက်ရှိလဲ
စစ်တမ်း လိုက်ကောက်ကြည့်ရင်
လူဦးရေ သိပ်များမယ်.. မထင်ဘူးနော်..။
ကံ ၊ ကံ ၏အကျိုး (ကံ=စေတနာ=အလုပ်)ကို
မယုံဘဲ မင်္ဂလိက ဒိဌိ၊ အယူအလွဲတွေကိုသာ
ယုံကြည်နေကြရင် ဗုဒ္ဓဘာသာ မစစ်ဘူးပေါ့..။
အညံ့စား ဗုဒ္ဓဘာသာဝင်တွေပေါ့ ..။
"ထေရဝါဒဗုဒ္ဓဘာသာ ပီပီသသ သန့်သန့်ပြန့်ပြန့် ဖြစ်နိုင်ကြပါစေ"
ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ ၏
ဗုဒ္ဓ၏အဆုံးအမကို လက်ဆင့်ကမ်းခြင်း (၂၃-၃-၂၀၁၂) တရားတော် ကောက်နုတ်ချက်
မူရင်းလင့် မှာနာယူနိုင်ပါတယ်။
http://dhammadownload.com/…/214-Dr-Nandamalabhivamsa-DVD03-…
ဒေါ်မေအေးဦးထံမှ ကူးယူမျှဝေ ပါသည်။

Friday, June 10, 2016

‪#‎တရားထူးရဖို့ပါရမီလိုမလိုကိုလေ့လာကြည့်ခြင်း‬


‪#‎တရားထူးရဖို့ပါရမီလိုမလိုကိုလေ့လာကြည့်ခြင်း‬
******************************
၁။ အတိတ်ဘ၀များစွာက ပါရမီ ရှိခြင်း မရှိခြင်း၊ ယခုဘ၀မှာလဲ ပါရမီ ပြည့်ခြင်း မပြည့်ခြင...်းတို့ကို ဘယ်လို သိနိုင်ပါမလဲ ဆိုတဲ့ မေးခွန်း၊
၂။ လူတစ်ယောက် တရားထူးရဖို့ ပါရမီလိုအပ် မလိုအပ်ဆိုတဲ့ မေးခွန်း၊
၃။ ဒီလို ဆုတ်ကပ် ကာလကြီးမှာ တရားကျင့်ရင် လူတိုင်း တရားထူး ရနိုင်ဖို့ အခွင့်အရေး ရှိပါသလား
ဆိုတဲ့ မေးခွန်း၊
၎။ တရားထူး ရနိုင်ဖို့ ဘာတွေပြည့်စုံထားရပါမလဲ မေးခွန်းမျိုး၊
စသည်အားဖြင့် လူအများစိတ်ဝင်စားတဲ့ မေးခွန်းပေါင်းစုံကို ကိုယ်တိုင်လဲ အထပ်ထပ် စဉ်းစားဖူးသလို၊ သီတင်းသုံးဖော် ရဟန်းတော်များအချင်းချင်းလဲ မကြာခဏ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊
စာရေးသူကိုလဲ လူတော် တော်များများက ဒီမေးခွန်းတွေ ကိုပဲ ထပ်ကာ ထပ်ကာ အမေးခံခဲ့ရဖူးတယ်။ သို့သော်လည်း တိကျတဲ့ အဖြေတစ်ခုအနေနဲ့ ရှိကို ရှိရမယ် လို့ စာရေးသူ ယုံကြည်နေခဲ့တယ်။
ကိုယ်လေ့လာထား သလောက်၊ နားလည် ထားသလောက်ကို မေးခွန်းရှင်များ အားတက်လာအောင်၊ စိတ်ဓာတ်ကျနေသူများကို ရွှင်လန်းတက် ကြွလာ အောင်၊ depression ဖြစ်နေသူများကို active ဖြစ်လာအောင် အားပေး စကားတွေလဲ အကြိမ်များစွာ ပြောပေးခဲ့ဖူးပါတယ်။
အခု အထက်ပါအကြောင်းအရာများကို တတ်နိုင် သလောက် ခြုံငုံမိအောင် ကိုယ်တိုင်သုံး သပ်ကြည့်လိုတဲ့ ဆန္ဒတစ်ခုဖြစ်ပေါ်လာတာကြောင့် ဒီဆောင်းပါး ကိုရေးဖြစ်တာပါ။
ပါရမီလို မလိုနှင့် ပြည့်ခြင်း မပြည့်ခြင်းအတွက်
ပါရမီ ဆိုတာ မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ၊ ကောင်းတဲ့အလုပ်တွေကို ဆက်တိုက် ဆက်တိုက် လုပ်နေတာဟာ ပါရမီဖြည့် နေတယ် လို့ ဆိုရပါမယ်၊ တကယ်တော့ အတိတ်ဘ၀များစွာက ပါရမီရှိတယ် မရှိဘူး ဆိုရာမှာ ပါရမီကို တိုင်းတာနိုင်ဖို့ သာမိုမီတာ မရှိနိုင်ပါဘူး၊ mental practices စိတ်ကျင့်စဉ်ဖြစ်နေ တာကြောင့်လဲ တိုင်းတာဖို့ မဖြစ်နိုင်ပါဘူး၊
အဲဒီဘက်က မစဉ်းစားပဲနဲ့ ကိုယ်ဘာလုပ်ရမယ် ၊ ဘာလုပ်သင့်တယ် ဆိုတာကို အရင်ဆုံးလေ့လာ သင့်ပါတယ်၊ ပါရမီ ဆိုတဲ့ ပေတံနဲ့တိုင်းမနေပဲ မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ တရားတော်တွေအတိုင်း ကိုယ်ဘယ် လောက် လိုက်နာနိုင်နေပြီလဲ ? ကိုယ့်စိတ် ဘယ်လောက် ဖြူစင်နေပြီလဲ ? မကောင်းမှုတွေကို ဘယ်အတိုင်း အတာအထိ ရှောင်ရှား နိုင်ပြီလဲ ? စတာတွေကို အရင်သုံးသပ်ရပါမယ်၊
မြတ်စွာ ဘုရားဟောထားခဲ့တဲ့ စိတ္တာနု ပဿနာ ကျင့်စဉ်အတိုင်း ကိုယ့်စိတ် မှာတဏှာရာဂစိတ်တွေ များနေသလား၊ ဒေါသတွေ အားကောင်း နေသလား၊ စသည်ဖြင့် အမြဲဆင်ခြင်ပြီး အကုသိုလ်တွေများနေလျင် လျော့ချနိုင်ဖို့၊ နည်းနေလျင်လည်း လုံးဝ မဖြစ်ပေါ်လာ အောင်ကြိုးစားဖို့၊ သတိလက် လွတ်ဖြစ်ပေါ် လာလျင်လည်း ထပ်ကြပ်မကွာ သိသိပြီး ပယ်ရှားနိုင် အောင် ကြိုးစားကြရမှာပါ။
ငါ့မှာ ပါရမီရှိလား မရှိဘူးလား၊ ပါရမီ ပြည့်ပြီလား မပြည့်သေးဘူးလား ဆိုပြီး တွေးနေတဲ့ သံသယတွေနဲ့ ဆို အလုပ်မဖြစ်ပါဘူး၊ အဲဒီလို စဉ်းစားနေရင် လုပ်ရမယ့် အလုပ်တွေ လစ်ဟင်းပြီးတော့ အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ၊ ငါ ဒီဘ၀ အရိယာဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို မစဉ်းစားပဲနဲ့ ယခုလက်ရှိမှာ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေဖို့ က အဓိကကျမယ်လို့ ယူဆမိပါတယ်။
တကယ်တော့ လမ်းကြောင်းရှိလျင် လျောက်ဖို့သာ အရေးကြီးတာပါ။ ဒီလမ်းကြောင်းက ငါသွားမယ့်နေရာ ရောက်နိုင် ပါ့မလား၊ ရောက်မှာ သေချာရဲ့လား စဉ်းစားစရာ မလိုဘူး။
ဆိုပါဆို့ - ဆူးလေကနေ ရွှေတိဂုံ ဘုရားဆီကို သွားမယ့်လမ်း ကြောင်းက ရှိနေပြီးသား၊ အဲဒီလမ်းကြောင်းကို လျောက်ပြီး ရောက်ခဲ့ သူတွေ၊ ရောက်သွားသူတွေ ကိုယ့်ရှေ့မှာ အများကြီး ရှိခဲ့ပြီ၊ ကိုယ်လဲ လျောက်ဖို့ပဲ လိုအပ်တယ်၊ အချိန်တန်ရင်တော့ ပန်းတိုင်ကို ရောက်မယ်ပေါ့၊
လမ်းကြောင်းရှိနေလျင် လျောက်သာလာခဲ့၊ ကားမတွေ့လဲ ခြေလျင်ခရီးလျောက်ခဲ့၊ ( ၂ ) နာရီကြာအောင် လျောက် ရမယ့်ခရီးကို နှစ်နာရီကြာရင် ရောက်နိုင်မှာပါ၊ ၀ီရိယစိုက်ပြီး ခပ်သွက်သွက်လျောက်ရင် မြန်မြန် ရောက်နိုင်မှာပါ။
ချွင်းချက် အနေနဲ့ ပြန်လှည့်ပြီး မသွားဖို့၊ ရပ်ပြီးလဲ မနေဖို့တော့ လိုအပ်ပါမယ်၊ ဆက်လျောက် လာရင် လမ်းဆုံးတော့ ပန်းတိုင် ရောက်ပါလိမ့်မယ်၊ အဲဒီလိုပဲ ကျင့်စရာရှိတာ ဆက်ပြီး ကျင့်မယ် ဆိုရင် အဆုံးမှာ အောင်ပွဲရယူနိုင်မှာပါ။
လမ်းစဉ် နှင့် မျှော်လင့်ချက်
လူတစ်ချို့ကတော့ သမထယာနိက ၊ ၀ိပဿနာယာနိက ဆိုပြီး ခွဲခြားပြောကြတာတွေ ရှိတယ်၊ လမ်းကြောင်းကို လျောက် တဲ့အခါမှာ ကိုယ်က ဘယ်လမ်းကြောင်းကို ယူမလဲ၊ နှစ်သက်သလဲ ဆိုတာ ရွေး ရပါမယ်၊ ကုန်းကြောင်း လျောက်သွား ချင်တာလား၊ ကားစီးသွားချင်တာလား စသဖြင့် ရွေးချယ်ပြီးမှ လမ်းစဉ်ကို လိုက်သင့်ပါတယ်၊
ဘယ်အရာမဆို ပုဗ္ဗပယောဂ experience ဆိုတာလိုအပ်ပါတယ်၊ လုပ်ခဲ့ဖူးလျင် လွယ်တယ် ၊ မလုပ်ခဲ့ ဖူးလျင် ခက်တယ် ပေါ့။
သမထ ဆိုတာကတော့ ချမ်းသာ လွယ်ကူတဲ့လမ်းမို့ စိုစိုပြေပြေ ရှိတယ်လို့ ဆိုနိုင်ပြီး ၀ိပဿနာကတော့သွေ့ခြောက် ပျင်းရိစရာ ကောင်း လှပါတယ်၊ ရုပ်နာမ် ဖြစ်ပျက်ကို အမြဲတမ်း ရှုမြင်နေရတော့ အာရုံတွေကို မခံစားချင်တော့ပဲ ငြီးငွေ့နေတာကြောင့် ပျော်ရွှင်မှု မခံစားရဘူး။
သို့သော်လည်း အထက်ပိုင်း အဆင့်မြင့်သွားလျင်တော့ သူလဲ ငြိမ်းချမ်းပြီး ပျော်ရွှင် စရာ ကောင်းလာတတ်ပါတယ်။
ပါရမီလည်း ရှိ၊ တရားထူးလဲ ရနိုင်ဖို့ ဆိုရင်တော့ ကိုယ့်ဘက်က ပြည့်စုံသင့်တာတွေက အများသားကလား။
ပထမဆုံး တိဟိတ် ပဋိသန္ဓေ ဆိုတဲ့ မဟာကုသိုလ် ဥာဏသမ္ပယုတ် စိတ်နဲ့ ယှဉ်ပြီး ဖြစ်တည်လာတဲ့ မဟာဝိပါတ် ဥာဏ သမ္ပယုတ်စိတ် ဖြစ်ဖို့ လိုအပ်ပါတယ်၊ အဲဒီကမှ တဆင့် အနုစိတ် ခွဲခြမ်းပြန်တော့ အလောဘဟိတ်၊ အဒေါသဟိတ် ၊ အမောဟဟိတ် ဆိုတဲ့ကုသိုလ်စိတ်တွေလဲ ပြည့်စုံရပါမယ်၊ အဓိကကတော့ အမောဟ ဆိုတဲ့ ပညာက ပဋိသန္ဓေမှာ မရှိ မဖြစ် လိုအပ်ပါတယ်၊
အခြေခံ source ဖြစ်တဲ့ ဥာဏ်ရည်ဥာဏ်သွေး IQ က ပါလာပါမှ ဒီဘ၀မှာမျှော်လင့်နိင် ပါတယ်၊ မြန်မာစကားမှာ နဂို ရှိမှ နဂိုင်း ထွက်တယ် ဆိုတာမျိုး၊ ၀ မရှိပဲ ၀ိ- မလုပ်လို့ မရနိုင်သလိုပေါ့၊ အခြေခံ တိဟိတ် ပဋိသန္ဓေ အိုင်ကျူမကောင်း ရင် တော့ မလွယ်ပေဘူး။
အမောဟဆိုတဲ့ ပညာမပါပဲ ဒွိဟိတ် ပဋိသန္ဓေ၊ အဟိတ် ပဋိသန္ဓေတွေ ဖြစ်နေရင်တော့ ဒီဘ၀မှာ မပေါက်ရောက်နိုင်ဘူး၊ ဆိုလိုတာက အဆင့်အတန်းမြင့်မြင့်ထိ မရောက် နိုင်ဘူး၊ သို့သော် အလကား အလဟဿ ဖြစ်သလား ဆိုတော့ ဖြစ်မသွားပါဘူး၊ သူကြိုးစားသ လောက် တော့ ရောက်သွားမယ်၊
မျိုးစေ့ကိုက မကောင်းရင် အပင်လဲ မသန်နိုင်ဘူး ဆိုသလိုပေါ့၊ ပင်ကိုယ်ဓာတ်ခံ ညံ့နေသူများအတွက်တော့ အထက်တန်းကို တက်လှမ်းဖို့ ခက်ခဲတတ်ပါတယ်၊ ဒါဟာ အားငယ်စရာလား ဆိုတော့ မဟုတ်ပါဘူး။
ဥပမာအနေနဲ့ ပြရရင် ဖားနတ်သားအကြောင်းကို ပြောရပါလိမ့်မယ်၊ ဖားကလေးတကောင် မြတ်စွာဘုရား တရား တော်ကို နာယူနေတာ ဘာမှန်းတော့ နားမလည်ဘူး၊ အသံတော်ကိုပဲ အာရုံပြုနေတာ၊ ဒီအချိန်မှာ နွားကျောင်းသားလက် ချက်နဲ့ သေရရှာတယ်၊ ဖားဘ၀မှာတော့ အဟိတ်တိရိစ္ဆာန်ဖြစ်ပြီး ပဋိသန္ဓေစိတ်က ညံ့နေသည့်အတွက် တရားထူးမရခဲ့ဘူး၊
သို့သော်လည်း ဒုတိယဘ၀မှာ တရားကို အာရုံပြုကာ သေရတာ ကြောင့် နတ်ပြည်ရောက်ပြီး ဖားနတ်သားဘ၀နဲ့ တိဟိတ်ပဋိသန္ဓေပြည့်စုံလေတော့ တရားပြန်နာ ရင်း သောတာပန် ဖြစ်သွားရတယ်၊ ဒါကြောင့် တကယ် ကျင့်မယ် ဆိုရင် အခြေခံကောင်း ရှိနေသူတိုင်း ပေါက်ရောက်နိုင်သေး တယ် လို့ ယူဆမိတယ်။
ပြည့်စုံသင့်သည့် အချက်များ
၁။ ပဋိရူပဒေသ၀ါသ ( ရာသီဥတု၊ အစားအစာ၊ အတူနေသူအချင်းချင်း စသည်အားဖြင့် ညီညွတ်မျှတကာ စိတ်ချမ်းသာ၊ ရွှင်ပြဖို့ လိုအပ်ခြင်း၊ )
၂။ သပ္ပုရိသူပနိဿယ - အနေနဲ့ သူတော်ကောင်း ဆရာများကို အမှီပြုကာ ဆည်းကပ်တယ်ဆိုရာမှာ ဆရာဘက်က ချို့ယွင်းချက်၊ တပည့်ဘက်က ချို့ယွင်းချက် ဆိုပြီး ရှိတတ်ပါတယ်၊ မြတ်စွာဘုရားရှင် အနေနဲ့ကတော့ ဆရာဘက်က ချို့ယွင်းတယ် ဆိုတာမရှိပေမယ့် ကိုယ့်ဘက်က လိုအပ်နေလျင်လဲ မရရှိပဲ ကြန့်ကြာနေတတ်ပါ တယ်။
၃။ သဒ္ဓမ္မဿဝန - သူတော်ကောင်းတို့ တရားကို နာကြားခြင်း ဆိုရာမှာလည်း မြတ်ဘုရားက ရွှေပန်းထိမ် သည်သားကို ပေးတဲ့ ကမ္မဋ္ဌာန်း လို ကိုယ့်ဘက်က လိုအပ်ချက်နဲ့ သူ့ဘက်က ပေးတာ အချိန်ကိုက် ဖြစ်ဖို့ လိုအပ်ပါသေးတယ်၊ ကိုယ့်ဘက်က နာယူထားသော တရားတော်များလေလေ ဒီလမ်းစဉ် မှားသလား မှန်သလား၊ ယုတ္တိကျသလား မကျဘူး လား ဆိုတာကို ကိုယ်တိုင် ဝေဖန် ဆုံးဖြတ်နိုင်သော အသိပညာများ တိုးလာသည့်အတွက် လမ်းမှားမရောက် နိုင်တော့ ပါဘူး။
၎။ ဓမ္မာနုဓမ္မပဋိပတ္တိ - မြတ်စွာဗုဒ္ဓ ဟောထားခဲ့သည့် သတိပဋ္ဌာန်၊ မဂ္ဂင်လမ်းစဉ်များအတိုင်း လမ်းမှန်ကို လိုက်ကာ ကျင့်ကြံပါမှ မျှော်လင့်နိုင်သော အရာလည်း ဖြစ်ပါတယ်။
၅။ ပါပမိတ္တ၊ မိတ်ကောင်း ဆွေကောင်းဟာလဲ သိပ်ပြီးတော့အရေးကြီးပါတယ်၊ ကိုယ့်မှာ အခြေခံကောင်းတွေ ရှိထား သော်လည်း မိတ်ဆွေကောင်းနဲ့ မတွေ့ရင် လမ်းမှားသွားနိုင်တယ်၊ ဒီနေရာမှာ အတွင်းအကြောင်း internal source တွေ ပြည့်စုံထားသော်လည်း external condition ဆိုတဲ့ ပြင်ပအကြောင်းတွေနဲ့ ပေါင်းမိဖို့ လိုအပ်နေပါသေးတယ်၊ အဲဒီလို အတွင်း အကြောင်း၊ အပြင်အကြောင်း နှစ်ခုပေါင်းမှ အကျိုးတရားဆိုတာ ထွက်လာရမှာပါ။
မိတ်ဆွေဆိုတာ ပေါင်းရုံသက်သက်မဟုတ်ပဲ ဆရာတင်တာကိုလဲ ယူနိုင်ပါတယ်၊ ဆိုပါစို့ တရားအားထုတ် လိုသူအတွက် မှန်ကန်တဲ့ နည်းလမ်းကို မပေးပဲ မှားမှားယွင်းယွင်း နည်းလမ်းကို ပေးမိတာကိုလည်း သတိထားကြရမှာပါ၊ အဲဒီလို ပါပမိတ္တနဲ့ ပေါင်းမိလို့ မလုပ်သင့်တာတွေ လုပ်မိသွားလျင် ကိုယ့်ရဲ့ အခြေအနေ ကောင်းတွေဟာ ပျက်စီးသွား တတ်ပြန်တယ်။
ဥပမာအနေနဲ့ အားလုံးသိကြတဲ့ အဇာတသတ်ဘုရင်ကြီးဟာ သောတာပန်ဖြစ်ဖို့ အတွင်းအကြောင်း ပဋိသန္ဓေပြည့် စုံပြီးသား ဆိုသော်လည်း လူမိုက်နဲ့ ပေါင်းမိတော့ မလုပ်သင့်တာတွေ လုပ်မိပြီး ရှိပြီးသား အခြေအနေကို ဖျက်ဆီးပစ် လိုက်တာ သနားစရာသိပ်ကောင်းလှတယ်၊
နောင်တစ်ချိန်မှာ သာမညဖလ သုတ် တော်ကို နာယူရပေမယ့် ပိတုဃာတက ကံကြီးကို ကျူးလွန်ထားလေတော့ သူ့သန္တာန်မှာ အခြေအနေ ကောင်းက ဖျက်ဆီးထားပြီ၊ ဒီဘ၀အတွက် မျိုးစေ့က ပျက်ဆီး သွားတယ်လို့ ဆိုရမယ်ပေါ့၊ ဒါဟာ ပါပမိတ္တ ကြောင့် ဆုံးရှုံးရတာပါ။
၆။ ကိရိယာ ပရိဟာနိ -ဆိုတာ လုပ်သင့်တာကို မလုပ်ပဲနေပြီး အချိန်ကုန် ခံနေတာကို ဆိုလိုတယ်၊
လူတွေ တော်တော် များများဟာ အခြေအနေကောင်းတွေ ပါလာခဲ့တာများပါတယ်၊ ရှေးကံတွေ ကောင်းခဲ့ကြလို့ ပြည့်စုံတဲ့ ဘ၀မှာ ရောက်နေကြသော်လည်း ၀ီရိယမရှိပဲ ပျင်းနေကြလို့၊ ဇွဲမကောင်းကြ လို့ နောက်ပြီး ဖြစ်ချင်တဲ့ စိတ်ဆန္ဒ အားနည်းနေလို့ အဓိပတိမတပ်လို့ မဖြစ်မြောက်တာ များနေကြတာပါ၊
လုပ်ရမယ့်အလုပ်ကို လုပ်ဆောင်မှုမရှိတာ၊ လစ်ဟင်းတာကတော့ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်၊ ဘယ်အလုပ်မဆို အတိုင်းအတာ တစ်ခုအထိ သတ်မှတ်ထားတဲ့ ဒီဂရီ degree ဆိုတာ ရှိပြီးသားပါ၊ အချို့ တိဟိတ်ပုဂ္ဂိုလ်တွေ ရှိကောင်း ရှိနိုင်ပါတယ်၊ အများကြီးလည်း ရှိနိုင်တယ်လို့ ထင်မိပါတယ်၊ သို့သော်လည်း လုပ်သင့်တဲ့ အလုပ်ကို မလုပ်ကြဘူး၊ လုပ်ပြန်တော့လဲ ဇွဲမရှိပဲ နောက်ဆုတ် နောက်ဆုတ်သွားကြတော့ degree မပြည့်မှီသေးဘူးပေါ့၊
ကျမ်းဂန်များမှာတော့ မီးပွတ်ယောကျာ်း နဲ့ ဥပမာပေးကြတယ်၊ ရှေးခေတ်က သိပ္ပံပညာမထွန်း ကားသေးတော့ မီးပွင့်လေးတွေ ရလာဖို့ သစ်သား နှစ်ချောင်းကို အချင်းချင်း ပွတ်ရတယ်၊ မီးပွင့်လေးပေါ်လာမှ ၀ါဂွမ်းလေးနဲ့ တို့ယူရတယ်၊ ပွားရတယ်၊ အဲဒီ မီးပွတ်ယောက်ျားဟာ ပွတ်လိုက်တာ၊ အားစိုက်ပြီး ပွတ်တယ်၊ ၀ီရိယထည့်ပြီး ပွတ်တယ်၊ ပွတ်တာ ကြာပြီး မောလာတော့ နားနေပြန်ရော ၊
နောက်တစ်ခါ ပြန်ပွတ်တယ်၊ မောတော့ နားထားပြန်တယ်၊ ဒီလိုနဲ့ ပူလာခါနီး မီးပွင့်ခါနီးမှ ခဏနားလိုက်ဦးမယ် ဆိုပြီး နားနေတော့ အေးအေး သွားပြန်တယ်၊ ဒီလိုပါပဲ တရားအားထုတ်ကြတဲ့ သူများဟာလဲ ရခါနီးကျလျင် ပြန်ပြန်လျှော့ထား လိုက်ရင်းနဲ့ အသစ် အသစ်ပဲ ပြန်ဖြစ်သွားတယ်၊ ဇွဲကောင်းဖို့ သိပ်လိုတယ်လို့ ဆိုရပါမယ်၊
နောက်တစ်မျိုးအနေနဲ့ ခြေလှမ်းပေါင်း ( ၅၀၀၀ ) လှမ်းမှ ရောက်ရမယ့်ခရီးကို အလှမ်းငါးထောင် မပြည့်သေးပဲ ရပ်ရပ် ထားလေတော့ အသစ်အသစ် တာထွက်နေရာကပဲ ပြန်စရသလို ဖြစ်နေပါတယ်၊ တောင်ထိပ်ကို တက်လှမ်းသူဟာ ကုန်းလျောကို ဆင်းသူတွေလောက်တော့မလွယ်ကူသလို ရေစုန်ကို မျှောလိုက်ရတာ လွယ်ကူသော်လည်း ရေဆန်ကို ဖြတ်ကူးဖို့ကျတော့ ဇွဲကောင်းဖို့ ၀ီရိယရှိဖို့ သတိ သမာဓိအားကောင်းဖို့ လိုအပ်နေပြန်တယ်။
ဒါကြောင့် မကောင်းမှုကို ပြုတယ် ဆိုတာ ရေစုန်လမ်းကို မျှောလိုက်ရသလို လွယ်ကူတာကြောင့် လူတိုင်းမှာ အခြေအနေ ကောင်း များ ရှိနေသော်လည်း ကိရိယာပရိဟာနိ - ဆိုတဲ့ လုပ်သင့်တာတွေကို လွှတ်ထားမိ လေတော့ ကမ်းကို မတက်နိုင်ပဲ ဖြစ်ေ နကြပါတယ်။
သတ်မှတ်ထားတဲ့ degree ကို မပြည့်သေးဘူး ဆိုလျင်တော့ failure of action ဖြစ်ပြီး ဆက်လက် ကူးခတ်နေကြရဦးမှာပါ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်တော့ စာရေးသူအပါအ၀င် အားလုံးဟာ အချက်အလက်တော်တော် များများ လိုအပ်နေ သေးတာ သတိထားမိတယ်၊ ဆရာသမားကောင်းကောင်း၊ နည်းမှန်လမ်းမှန်၊ ကုသိုလ်ကောင်း မှုတွေ မပြတ်တိုက်တွန်း နေတတ်တဲ့ မိတ်ဆွေကောင်းနဲ့ လုပ်သင့်တာတွေကို ဇွဲကောင်းကောင်းနဲ့ လုပ်မိစေဖို့ လိုအပ်ပါလိမ့်မယ်။
ဒီလို အတွင်း အပြင် အကြောင်းတရားတွေ အားလုံးပေါင်း ဆုံမိပြီ ဆိုလျင်တော့ energy of mind စိတ်စွမ်းအား တွေတိုးပွားလာပြီး မီးပွင့်လာမှာ မလွဲဧကန်ပါပဲ၊ energy ဆိုတာ တစ်ခုနဲ့ တစ်ခုပေါင်းမှ ဖြစ်ပေါ်လာတတ်တာ မဟုတ်လား၊တစ်ခုထဲနဲ့တော့မရနိုင်ဘူးလေ၊ဒါကြောင့် ပါရမီဆိုတာကို စဉ်းစားမနေပဲလမ်းကြောင်းအတိုင်းမှန်မှန်လျောက်နေဖို့သာအဓိကမို့ လျောက်ဖြစ်အောင် လျောက်ကြပါစို့ ဟူ၍ အားပေးတိုက်တွန်းရင်း နိဂုံးချုပ်အပ် ပါသည်။
စာညွှန်း။ ။ အဂုင်္တ္တိုရ်ပါဠိတော်နှင့် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဓမ္မရေး ရာ အမေးအဖြေများမှ ကိုးကားဖော်ပြပါသည်။
‪#‎ေဇယ်သုခဓမၼရိပ္သာ‬
ဗုဒ္ဓမူကြို မှကူးယူပူဇော်ပါသည်။
(credit to original uploader)

Saturday, June 4, 2016

မြန်မာတစ်နိုင်ငံလုံး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက


Ven Kumara to မြန်မာ့ ရူခင်း ဓါတ်ပုံများ Photo of myanmar views
3 June 2014
မြန်မာတစ်နိုင်ငံလုံး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ပိဋကတ်သုံးပုံအာဂုံဆောင် ဆရာတော်အရှင်မြတ်များ ။
**ပျံလွန်တော်မူပြီးသောဆရာတော်လေးပါး**
၁။ဦးဝိစိတ္တသာရာဘိဝံသ ၂။ဦးနေမိန္ဒာဘိဝံသ
၃။ဦးကောသလ္လ (ပြည်) ၄။ဦးသုမင်္ဂလာလင်္ကာရ
**သက်တော်ထင်ရှား ဆရာတော်များ**
၁။ဦးသိရိန္ဒာဘိဝံသ ၂။ဦးဝါယမိန္ဒာဘိဝံသ
၃။ဦးသီလက္ခန္ဒာဘိဝံသ ၄။ဦးဝံသပါလာလင်္ကာရ 
၅။ဦးဂန္ဓမာလင်္ကာရ၆။ဦးဣန္ဒပါလ 
၇။ဦးသုန္ဒရ ၈။ဦးအဘိဇာဘိဝံသ 
၉။ဦးဣန္ဒာစရိယာဘိဝံသ ( ၉။ဆရာတော်-ပုံတွင်မပါဝင်ပါ)