လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, August 4, 2015

အားမကိုးတော့နဲ့ 

အားမကိုးတော့နဲ့ 
----------------------
ဓမ္မပါလဇာတ်မှာ ငါးပါးသီလစောင့်ထိမ်း
ကြလို့  ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ
မရှိတာကို တွေ့ ရတယ်
ကာလိင်္ဂတိုင်းပြည်နဲ့ အာသိင်္ဂ တိုင်းပြည်မှာ ငါးပါးသီလစောင့်ထိမ့်တဲ့
နိုင်ငံက ကပ်ဘေးကလွတ်ပြီး မစောင့်
ထိမ်းတဲ့နိုင်ငံက ကပ်ဘေးဆိုက်တာကို
တွေ့ ရတယ်
မဟာသုဒဿ န စင်္ကြာမင်းကြီးဟာ
လေးကျွန်းစင်္ကြာလှည့်လည်ပြီး ငါးပါးသီလ
စောင့်ထိမ်းဖို့  နိုးစော်တဲ့အတွက် လေးကျွန်းစင်္ကြာလုံး ကပ်ဘေးကလွတ်ပြီး
ချမ်းသာရာရခဲ့ကြဘူးတယ်
ဘိုးတော်မင်းလက်ထပ်မှာ ငါးပါးသီလ
စောင့်ထိမ်းဖို့ အမိန့် တော်ပြန်တမ်း
ထုတ်ခဲ့ဘူးတယ်
မင်းတုန်းမင်းလက်ထက်မှာ ဆင်တွေနဲ့ 
မြို့ပြင်လေးရပ်လှည့်လည်ပြီး ငါးပါးသီလ
စောင့်ထိမ်းဖို့  နိုးဆော်ခဲ့ဘူးတယ်
ခု
မြန်မာနိုင်ငံမှာ သာဘာဝဘေးအန္တရယ်
တွေ ကျရောက်နေတယ် နောင်လည်း
အများကြီးလာလိမ့်ဦးမယ်
ဒါပေမဲ့
လွှတ်တော်ထဲမှာ ခုထိ ငါးပါးသီလ
စောင့်ထိမ်းဖို့ အဆိုတင်သွင်းတာ
မကြားရသေးဘူး
သူတို့ ကိုယ်တိုင် သိပုံမရသလို
ယုံကြည်ပုံလည်း မရဘူး
ပြည်သူတွေ
သူတို့ ကို အားကိုးမနေနဲ့ တော့
fb ကနေသာ
ငါးပါးသီလစောင့်ထိမ်းကြဖို့ 
နိုးဆော်ကြပေတော့
မိမိပတ်ဝန်းကျင်မှာသာ
နိုင်သလောက် နိုးဆော်ကြပေတော့
သဘာဝဘေးအန္တရယ်ဆိုတာ
လူတွေကိုယ်ကျင့်တရားပျက်လို့ 
ဖြစ်ပေးရတာ
လောကကြီးက ပရမ်းပဒါဖြစ်တာ
မဟုတ်ဘူး
လူတွေရဲ့ ကိုယ့်ကျင့်တရားအတိုင်း
ဖြစ်နေတာ
ဒါ့ကြောင့်
ငါးပါးသီလ စတဲ့
ကိုယ်ကျင့်တရားကို
လုံခြုံအောင်စောင့်ထိမ်းကြပါ
ိသိပ်ကိုကြောက်စရာကောင်းတဲ့
အချိန်ရောက်နေပြီ
လိမ္မာကြပါ
စေတနာများစွာဖြင့်
shar

No comments:

Post a Comment