လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 31, 2014

အကောင်းဆုံး လေးမျိုး

အကောင်းဆုံး လေးမျိုး ဆိုတာကို
ပညာရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးက ညွှန်ပြ
ထားတာ ရှိတယ်။
“ သောက်စရာ” ထဲမှာ အကောင်းဆုံးက...
“ ဆန်ပြုတ်နဲ့ ဆား” တဲ့။
ယာဂုမမှီ သက်မရှည် ၊ ယာဂုမှီမှ
သက်ရှည်သည်။

“စားစရာ” ထဲမှာ အကောင်းဆုံးကတော့
“ လျှော့စားတာ” အကောင်းဆုံးတဲ့။
အစားကြီးသူက အသေမြန်တယ် ၊ အလတ်စား
စားတဲ့သူက အလတ်စား သေတယ် ၊
အစားအနည်းဆုံး ပုဂ္ဂိုလ်က အသက်ရှည်ပါတယ်တဲ့။
“စကားထဲမှာ” "သစ္စာစကား” မှန်မှန်ကန်ကန်
ပြောတာ အကောင်းဆုံးပါပဲ။
“တရားထဲမှာ” ပြောလွယ်ဆိုလွယ်
“ ဆုံးမလွယ်” တာ အကောင်းဆုံးပဲတဲ့။
ရွှေဥမင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment