လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, June 8, 2014

အကုသိုလ်ဝေစု

မာဃဒေ၀ (၁၉၈)
ပါဏာတိပါတ်၊သက်သတ်အမှု၊
ကိုယ်လိုပြုနှင့်၊ပြုဟုသူက၊
တိုက်တွန်းကြ၍၊ပြုရသောသူ၊
လိုတူသော့အား၊ဖြစ်နိုင်ငြားလျက်၊
မတားမြစ်သူ၊သုံးယောက်လူတွင်၊
သတ်သူနိရယ၊ငရဲကျ၏၊
သူကခေါ်ရာ၊ ပါသူမှာမူ၊တိရစ္ဆာန်န၊
ဖြစ်ထမခြား၊လိုတူအားဖြင့်၊
လိုတူမှာမူ၊ထိုသူမှာတုံ၊
ပြိတ္တာဘုံဟု၊အာရုံဖွင့်လှစ်၊
ထူးအပြစ်ကို၊စင်စစ်မှန်စွာ၊
ကျမ်း၌လာ၏။

ကိုယ်တိုင်သတ်သူ ငရဲကျသည်။
သတ်သူခေါ်ရာအဖေါ်လိုက်သူ တိရစ္ဆာန်ဘုံရောက်မည်။
သတ်ခြင်းကိုအလိုတူသောအားဖြင့် မတားမြစ်သူ ပြိတ္တာဘုံေ၇ာက်မည်ဟုဆိုလိုသည်။

No comments:

Post a Comment