လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Saturday, June 14, 2014
တိပိဋကမင်းကွန်းဆရာတော်ဘုရားကြီးရဲ့လူ့ဘ၀ ဥပမာ
လူ့ဘုံနတ်ဘုံငရဲဘုံကိုရောက်သွားတဲသူတွေကိုသံတွေခဲဥပမာနဲ့ပြောရမယ်ဆိုရင်
ငရဲဘုံရောက်သွားသူများဟာ မီးထဲအမြဲဖုတ်ထားခံရတာနဲ့တူပါတယ်။ နေ့လည်းပူ၊ ညလည်းပူ၊
ဒုက္ခနဲ့စ၊ဒုက္ခနဲ့ဆုံးသွားသလို ဖရိုဖရဲဖြစ်ပြီး၊မီးစားလို့သာကုန်သွားတယ် ဘာမှတန်းဖိုးရှိတာမကျန်ခဲ့ဘူး။
နတ်ဘုံကိုရောက်သွားသူများကတော့ ရေစိမ်ထားတဲ့သံတွေခဲတွေနဲ့တူပါတယ်။ နေ့လည်းအေး ညလည်းအေးပြီး၊ဘာမှအသုံးမပြုရဘဲ ရေတိုက်စားပြီးသံခြေးတက်လို့သာကုန်သွားတယ်၊တန်ဖိုးရှိအောင်အသုံးမချလိုက်ရဘူး။
လူ့ဘုံရောက်လာသူများကတော့ ပန်းပဲဆရာဆီရောက်သွားတဲ့ သံတွေခဲတွေနဲ့တူပါတယ်။ဒီသံတွေခဲတွေကို လိုသလိုပုံသွင်းဖို့ပန်းပဲဆရာက မီးထဲထဲ့ပြီးမီးဖုတ်မယ်။ မီးဖုတ်ခံထားရလို့ပူလောင်နေရသမျှကလတွေဟာ အဆိုးလောကဓံတွေကြုံရခြင်းဘဲပေါ့။ လူ့လောကထဲရောက် လာပြီဆိုရင်လူတိုင်း လူမှုဒုက္ခတွေအနည်းနဲ့အများကြုံရမြဲမို့အဆိုးလောကဓံနဲ့ကြုံခဲ့ရင ယောနိသောမနသိကာယဆိုတဲ့ နှလုံးသွင်းမှန်မှန်ထားပြီ ကောင်းတဲ့အမြင်၊ကောင်းတဲ့အကြံအတွေးတွေနဲ့အတူဆင်ခြင်တရားလက်ကိုင်ထားပြီးနေရပါမယ်။ ကိုယ်သာနာစေစိတ်မနာပါစေနဲ့ဆိုတဲ့တရားလိုပေါ့။
တခါမီးထဲကနေထုတ်ပြီးပေတုံပေါ်တင် ထုရိုက်ခံရတာတွေဟာ ဒါန၊သီလ စတဲ့ပါရမီတွေဖြည့်ကျင့်ရတာ
နဲ့တူပါတယ်။ ပူလောင်နေတဲ့သံတွေခဲကိုရေထဲစိမ်လိုက်နှစ်လိုက်ကြုံရတာကိုတော့ အကောင်းလောကဓံနဲ့တွေ့ပြီလို့မှတ်ယူရပါမယ်။ ပန်းပဲဆရာကသံတွေခဲကိုသူ့အလိုကျ မီးပေးလိုက်၊ရေကိုင်လိုက်၊တူနဲ့ထုလိုက်နဲ့စိတ်တိုင်းကျပုံဖေါ်လိုက်တာနောက်ဆုံးတော့ ဓါး၊ပုဆိန်၊ပေါက်ပြားစတဲ့ အဖိုးတန် အသုံးအဆောင်တွေဖြစ်လာပါပြီ။
ဒီနည်းအတူလူ့ဘ၀ရောက်ရှိလာသူတွေဟာ ပန်းပဲဆရာဆီေ၇ာက်တဲ့သံတွေခဲလိုသဘောထားပြီး နေလိုက်ကြမယ်ဆိုရင်သာဝကဗောဓိဥာဏ်၊ပစ္စေကဗောဓိဥာဏ်၊သမ္မာသမ္ဗုဒ္ဓဗောဓိဥာဏ်၊ဆိုတဲ့ အဖိုးတန်ဥာဏ်တွေရဖို့အတွက်လိုအပ်တဲ့ပါရမီတွေကိုလူ့ဘုံလူ့ဌာနမှာသာဖြည့်ဆည်းနိုင်ခွင့်ဖြစ်ပါတယ်။
ရတော့ရခဲ ရလာတဲ့လူ့ဘ၀မှာမိမိဘ၀ကိုတန်ဖိုးရှိအောင်မနေဘူးဆိုပါက အသက်ကြီးလာတာဟာသေဖို့
ဖြစ်ပါတယ်။
ခုဘ၀လူဖြစ်လာ
ရှေးကံသာအကြောင်းမို့
ကောင်းလှလို့အရတော်
ရှုံးစေနဲ့နော်
နောက်ဘ၀အရင်းပေါ်အောင်
ခုကနော်ကြိုးစားကြလေး။
ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား။ နှာ ၁၄။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment