လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Thursday, April 10, 2014
စိပ်ပတီးနှင့်စိတ်အလုပ်
စင်စစ်စိပ်ပတီးသည်မည်သည့် ပါဠိတော်၊အဋ္ဌကထာ၊ဋီကာကမ်းများတွင် မလာရှိ။ သမာဓိထူထောင်ကာစ
ပုဂ္ဂိုလ်များသာမန်အရေအတွက်သိရုံအသုံးပြုခြင်းဖြစ်သည်။ သင်္ချာနိုင်သူသည် ဂလို့မလိုချေ။
စိတ်အလုပ်တွင် နူတ်ကူခြင်း (ရွတ်ဆိုခြင်း) သည်ပင် အနှုတ်လက္ခဏာဖြစ်သည်။ လက်ကူရန်ကား သာ၍ပင်မလိုအပ်။ စင်စစ်အရေအတွက်သိရန်မျှပင်မလိုအပ်ချေ။ သစ်ပင်ခုတ်လှဲသူသည် ပုဆိန်ပေါက်ချက်ကို ရေတွက်ရန်မလိုအပ်သကဲ့သို့တည်း။
စိတ်ထဲကနှလုံးသွင်းရမည့်ကိစ္စတွင် နှုတ်ကူ၊လက်ကူ ခြင်းဖြင့် အဘိဓမ္မာစိတ္တာနိယာမ အရနှလုံးသွင်းရမည့်
စိတ်ကိုနှုတ်တွင် သို့မဟုတ် လက်တွင် ၀ီထိအစဉ်ပေါင်းများစွာဖဲ့၍ပေးနေရခြင်းဖြစ်သည်။
ထို့ကြောင့် (ဆက္က အင်္ဂုတ္တရ ဓမ္မ၀ီဟာရီသုတ်) ၌ သဇ္ဈာယဗဟု လောနောဓမ္မ၀ိဟာရိ=များစွာရွတ်အံ နေသူသည် ဘာဝနာတရားနှင့်နေသူမဖြစ်နိုင်ချေ ဟု တိုက်ရိုက်ဟောတော်မူခဲ့၏။
ဘာဝနာသည် ကာယကံ၊ ၀စီကံအလုပ် မဟုတ်ချေ။
မိုးကုတ်ဆရာတော်ဘုရားကြီးကလည်းအရဟံစသောဂုဏ်တော်များကိုရွတ်ဆိုခြင်း၊မေတ္တာပွါးပို့တတ်ရန် ကျက်မှတ်ထားသောမေတ္တာပို့ပါဠိများကိုစိတ်ထဲကမပွါးဘဲနှုတ်ကရွတ်ဆိုခြင်းကိုအကြောင်းပြု၍
(ခင်ဗျားတို့ဟာက လိမ်းဆေးကိုသောက်ဆေး၊သောက်ဆေးကိုလိမ်းဆေးလုပ်နေကြတာ ရောဂါကဘယ်
မှာပျောက်တော့မလဲ) ဟု မိန့်တော်မူလေ့ရှိသည်။
မနောကံ (စိတ်ဖြင့်) လုပ်ရမည်ကိုလည်း၊၀စီကံဖြင့် (နှုတ်ဖြင့်) လုပ်၍မရနိုင်ဟုထောက်ပြလိုခြင်းဖြစ်သည်။
စက္ခုပသာဒဓါတ် (မျက်စိအကြည်ဓါတ်) သည်ထက်မြက်၏။
သောတပသာဒဓါတ် (နားအကြည်ဓါတ်) သည်ထက်မြက်၏။
သို့ရာတွင် ရူပါရုံ (အဆင်းသဏ္ဍန်) ကိုနားဖြင့် ထောင်ဖမ်း၍မရ။
သဒ္ဒါရုံ (အသံ) ကိုမျက်စိဖြင့် ယူ၍မရ၏ ကြည့်၍မဖြစ်။
ဤ၌ ရွတ်ဆိုမှုကိုအကျိုးမရှိဟုပြောနေခြင်းမဟုတ်ချေ။ အသံ၏အင်အားကိုအသုးံပြုရသော
ပရိတ်၊ဂါထာစသည်ကိုရွတ်ဆိုပေးရခြင်းသည်လည်းဘာသာရေးတွင်လုပ်ဆောင်ရမည့်အစိတ်အပိုင်းတစ်ခု
ပင်ဖြစ်သည်။ သို့သော် မဟာယာနတို့ကဲ့သို့ရွတ်ဆိုခြင်းကိုအရေးကြီးသောအခန်းတစ်ခုအဖြစ်ကျွန်ပ်တို့
ထေရ၀ါဒက မယူဆချေ။
ကမ္မဋ္ဌာန်းထိုင်ရင်းစိတ်မကြည်လင်သောအခါ၊အိပ်ချင်ထှိုင်းမှိုင်းသောအခါ၊မင်္ဂလာယူလိုသောအခါ၊
စသည်တို့၌ပရိတ်စသော ဂုဏ်တော်များကိုဌာန်ကရိုဏ်းကျကျအသံနေအသံထားဖြင့်ကြည်ကြည်လင်လင်
ရွှင်ရွှင်ပျပျရွတ်ဆိုပါ။ ရွတ်ဆိုမှု အသံစသည်၏အင်အားသည်လည်းအလွန်ကြီးမားလှပေ၏။ သို့သော်
စိတ်အလုပ် (ဘာဝနာ) ကိုလုပ်နေချိန်တွင် နှုတ်၏တာဝန်မရှိချေ။ လက်ကူရန်မှာသာ၍မလိုအပ်။
ထိုသို့ပြဆိုခဲ့သောအကျဉ်းချုပ် သိမှတ်ဖွယ်ကိုခြုံလိုက်ပါလျှင် ဘုရားရှစ်ခိုး၊ဘုရားဝတ်တက်ရုံဖြင့်
တိကျသောဗုဒ္ဓနုဿတိဘာဝနာဂုဏ်တော်ပွါးခြင်း၊ကိစ္စမမည်။ အရဟံ အရဟံ၊ ဗုဒ္ဓေါ ဗုဒ္ဓေါ ဟု ရွတ်ဆို အောက်မေ့ခြင်းဖြင့်လည်းပြည့်စုံမှုမရှိသေးသည်ကိုကြပ်ကြပ်သတိပြုရန်လို၏။
ဓမ္မစရိယဦးဌေးလှိုင်၏ရတနာသုံးပါးကျေးဇူးမှ၊ နှာ ၁၈၀။
Labels:
ဘာသာရေးဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment