လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, July 28, 2013

ဓါရဏပရိတ်

from http://plusair.blogspot.fr/
မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော် ၁၈ ပါး

ပါဠိတော်
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
၂။ အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ၊
ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊
သဗ္ဗံ ၀စီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရ၀တ္တံ။
၎။ ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊
နတ္ထိ ၀ီရိယဿ ဟာနိ၊ နတ္ထိ ၀ိပဿနာယ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ၀ိမုတ္တိယာ ဟာနိ။
၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နတ္ထိ ဒ၀ါ။ နတ္ထိ ရ၀ါ၊ နတ္ထိ အမ္ဖုဋံ၊ နတ္ထိ ဝေဂါရိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂ၀တော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ၀စီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိအတီတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ တံသေ ဗုဒ္ဓဿ ဘဂ၀တော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ 
        နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ၀စီကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံဓာရဏံ အမိတံ အသမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။

၇။ ဣမ္မံ အာနန္ဒ ဓရဏပရိတ္တံ ဓာရေဟိ ၀ါရေဟိ ပရိပုစ္ဆာဟိ၊ တဿ ကာယေ ၀ိသံ န ကေမယ်၊ ဥဒေက န လေဂၢယ်၊
   အဂိၢ န ဍေဟယ်၊ နာနာဘယ၀ိကော၊ နဧကာဟာရကော၊ နဒွိဟာရကော၊ နတိဟာရကော၊ န စတုဟာရကော၊
   န ဥမ္မတ္တကံ၊ န မူဠကံ၊ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ။
၈။ တံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံခေါ ပနာနန္ဒ ဓာရဏ ပရိတ္တံ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ ဘာသိတံ၊ ၀တ္တေ အ၀တ္တေ၊ ဂန္ဓဝေ အဂန္ဓဝေ၊ နောမေ အနောမေ၊ သေဝေ အသေဝေ၊ ကာယေ အကာယေ၊ ဓာရဏေ အဓာရဏေ၊ ဣလ္လိ မလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခေ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
၉။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ န၀ န၀ုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ္ဘိလာ၊ ဧတေန သစ္စ၀ဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

ဓာရဏပရိတ္တံ နိဋ္ဌိတံ။

…………………………………………….
ဓာရဏပရိတ် နိဿယ
 
၁။ ဗုဒ္ဓါနံ - မြတ်စွာဘုရားတို့၏၊ ဇီဝိတဿ - အသက်တော်၏၊ အန္တရာယော - ဘေးအန္တရာယ်ကို၊ ကေနစိ - တစ်စုံတစ်ယောက်သော သူသည်၊ ကာတုံ - ပြုခြင်းငှာ၊ နသက္ကာ - မတတ်နိုင်၊ တထာ - ထို့အတူ၊
          မေ - တပည့်တော်အား၊ ဟောတု - ဖြစ်ပါစေသတည်း။
၂။ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အတီတံသေ - လွန်လေပြီးသောအတိတ်အဖို့၌၊ အပ္ပဋိဟတံဉာဏံ - အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ အနာဂတံသေ - နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အ,ပ္ပဋိဟတံ ဉာဏံ - အဆီးအတားအပိတ်အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပစ္စုပ္ပန္နံသေ - ပစ္စုပ္ပန် မျက်မှောက်ဖြစ်သောအဖို့၌၊ အပ္ပဋိဟတံ ဉာဏံ - အဆီးအတား အပိတ် အပင်မရှိသော ဉာဏ်တော်သည်၊ ဟောတိ - ဖြစ်၏။
၃။ တီဟိ - သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်။ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက် သည်၊ ဟောတိ - ဖြစ်၏၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့် ပြီးသောအမှုသည်၊ ဉာဏ ပုဗ္ဗင်္ဂမံ - ဉာဏ်တော် ပြဋ္ဌာန်းခြင်း ရှိသည်၊ ဉာဏာနုပရိဝတ္တံ - ဉာဏ်တော်၏နောက်သို့ အစဉ်လိုက်သည်၊ ဟောတိ - ဖြစ်၏။
၎။ ဆဟိ - ခြောက်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဆန္ဒဿ - သတ္တ၀ါတို့၏အကျိုး စီးပွားကို ပြုလိုသော ဆန္ဒတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ဓမ္မဒေသနာယ - တရား တော်ကို ဟောပြောခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ီရိယဿ - သူတပါးတို့၏ အကျိုးစီးပွား အတွက် ဆောင်ရွက်ခြင်း၌ လုံ့လ၀ီရိယတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္တိ - မရှိ၊ ၀ိပဿနာယ - သင်္ခါရ တရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့်ရှုမှု ၀ိပဿနာ ဉာဏ်တော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ သမာဓိဿ - စိတ်တည်ကြည်မှု သမာဓိတော်၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ၊ ၀ိမုတ္တိယာ - အရဟတ္တဖိုလ်ကို ၀င်စားတော်မူခြင်း၏၊ ဟာနိ - ဆုတ်ယုတ်ခြင်းသည်၊ နတ္ထိ - မရှိ။

၅။ ဒွါဒသဟိ - တစ်ဆယ်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤဂုဏ်ကျေးဇူးတော် တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံတော် မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ဒ၀ါ - ရယ်မြူး လို၍ ပြုမူပြောဆိုခြင်းသည်၊ နတ္ထိ - မရှိ၊ ရ၀ါ - သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်း သည်၊ နတ္ထိ - မရှိ၊ အဖုဋံ - ဉာဏ်တော်ဖြင့် မတွေ့ မထိ မသိအပ်သော တရားသည်၊ နတ္ထိ - မရှိ၊ ဝေဂါယိတတ္တံ - ဉာဏ်ဖြင့် မဆင်မခြင် အဆော တလျင်ပြုသောအမှု သည်၊ နတ္ထိ - မရှိ၊ အဗျာဝဋမနော - သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ် နှလုံး တော်သည်၊ နတ္ထိ - မရှိ၊ အပ္ပဋိသင်္ခါနုပေက္ခာ - ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်၊ နတ္ထိ - မရှိ။
အဋ္ဌာရသဟိ - တစ်ဆယ့်နှစ်ပါးကုန်သော၊ ဣမေဟိဓမ္မေဟိ - ဤကျေးဇူး တရားတော်တို့နှင့်၊ သမန္နာဂတဿ - ပြည့်စုံ တော်မူသော၊ ဘဂ၀တော - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ နမော - ရှိခိုးပါ၏၊ သတ္တန္နံ - ခုနှစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ - ၀ိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမတည်းဟူသော မြတ်စွာဘုရားရှင်တို့အား၊ နမော - ရှိခိုးပါ၏။
၆။ တထာဂတဿ - ၀ိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူ သော မြတ်စွာဘုရားအား၊ ကာယဒုစ္စရိတံ - ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ကာယဒုစရိုက်သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာ
        ဘုရား အား၊ ၀စီဒုစ္စရိတံ - နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘၀စီဒုစရိုက်’ သည်၊ နတ္ထိ - မရှိ၊ တထာဂတဿ - မြတ်စွာ ဘုရားအား၊ မနောဒုစ္စရိတံ - စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစ္စရိုက်’ သည်၊ နတ္ထိ - မရှိ၊ အတီတံသေ - လွန် လေပြီးသော အတိတ်အဖို့၌၊ ဘဂ၀တော - ဘုန်တော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ အနာဂတံသေ - နောင်လာလတ္တံသော အနာဂတ်အဖို့၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ပစ္စုပ္ပန္နံသေ - မျက်မှောက်သော အဖို့ကာလ၌၊ ဘဂ၀တော - ဘုန်းတော်ကြီးသော၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ ပဋိဟတံဉာဏံ - ဆီးတားပိတ်ပင် ခြင်းရှိသော ဉာဏ်တော်သည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ကာယကမ္မံ - ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏပုဗ္ဗင်္ဂမံ - ဉာဏ်တော် လျှင်ရှေ့ သွားမရှိခြင်းသည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက် ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ ၀စီကမ္မံ - နှုတ်ဖြင့်ပြောအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဗုဒ္ဓဿ - မြတ်စွာဘုရားအား၊ သဗ္ဗံ - အလုံးစုံသော၊ မနောကမ္မံ - စိတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ - ဉာဏ်တော်လျှင်ရှေ့သွားမရှိခြင်း သည်၊ နတ္ထိ - မရှိ၊ ဉာဏံ - ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ - အစဉ် မလိုက်ခြင်းသည်၊ နတ္ထိ - မရှိ၊ ဣမံဓာရဏံ - ဤအဆောင်သည်၊ ၀ါ - ဤဆောင်ထားအပ်သော ဓာရဏပရိတ် တော်သည်၊ အမိတံ - မနှိုင်းယှဉ်အပ်၊ အသမံ - တူမျှခြင်းလည်းမရှိ၊ သဗ္ဗသတ္တာနံ - ခပ်သိမ်းသော သတ္တ၀ါ အပေါင်းတို့၏၊ တာဏံ - မှီခိုကိုးကွယ်ရာလည်း ဖြစ်၏၊ လေဏံ - ပုန်းအောင်းလဲလျောင်းရာလည်းဖြစ်၏၊ သံသာရဘယဘီတာနံ - သံသရာဘေးကို ကြောက်ရွံ့သော သူတို့၏၊ အဂ္ဂံ - အလွန်မြတ်သော၊ ပရိတ္တံ - အရံအတားဖြစ်၏၊ မဟာတေဇံ - ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော၊ ပရိတ္တံ - အရံအတားဖြစ်၏။
၇။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ဣမံ - ဓာရဏပရိတ္တံ - ဤသို့ တန်ခိုးရှိန်စော်အာနုဘော် ကြီးမြတ်သော ဓာရဏပရိတ် တော်ကို၊ ဓာရေဟိ - ရွတ်ဆောင်လော့၊ ၀ါရေဟိ - မှတ် သားလော့၊ ပရိပုစ္ဆာဟိ - မေးမြန်းစူးစမ်း ဆင်ခြင်လော့၊ တဿ - ထိုသို့ ရွတ်ဆောင်၊ မှတ်သား၊ မေးမြန်း၊ စူးစမ်းဆင်ခြင်သောသူ၏၊ ကာယေ - ကိုယ်၌၊ ၀ိသံ - မြွေ နဂါး စသည်တို့၏အဆိပ်သည်၊ နကမေယျ - မကျရောက်ရာ၊ ဥဒကေ - ရေ၌၊ နလဂ္ဂေယျ - မငြိတွယ်မနစ်မွန်းရာ၊ အဂ္ဂိ - မီးသည်၊ နဍဟေယျ - မလောင်ကျွမ်းရာ၊ နာနာဘယ ၀ိကော - အထူးထူးအပြားပြားများပြားစွာသော ဘေးရန်တို့သည် မထိမရောက်နိုင် ရာ၊ နဧကာဟာရကော - တစ်စုံတစ်ယောက်သောသူမျှ တစ်ရက်မကောင်းကြံသော သူသည်လည်း မကြံနိုင်ရာ၊ န ဒွိဟာရကော - နှစ်ရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န တိဟာရကော - လေးရက်မကောင်းကြံခြင်းသည်လည်း မကြံနိုင်ရာ၊ န ဥမ္မတ္တကံ - ရူးသွပ်ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ၊ န မူဠကံ - တွေဝေမိုက်မဲ သော အနာလည်း မဖြစ်နိုင်ရာ၊ မနုေဿဟိ - လူတို့သည် လည်းကောင်း၊ အမနုေဿဟိ - ဘီလူးတို့သည် လည်းကောင်း၊ နဟိံသကာ - မညှင်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။
၈။ တံ ဓာရဏပရိတ္တံ - ထိုဓာရဏပရိတ်တော်သည်၊ ယထာကတာမေ - အဘယ်နည်း ဟူမူကား၊ ဇာလော - စကြ၀ဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်း ပယ်ဖျောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိတော်မူ၏၊ မဟာဇာလော - နတ်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ကုမ္ဘာဏ်၊ ဘီလူး၊ ရက္ခိုက် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော် ရှိတော်မူ၏၊ ဇာလိတ္တေ - ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ် အပေါင်းကိုလည်း ပယ်ရှားတားမြစ်တော်မူနိုင်၏၊ မဟာဇာလိတ္တေ - ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ် ဟု ဆိုအပ်သော ကပ်သုံးပါးတို့မှ လွတ်မြောက်နိုင်ရာ၏၊ ပုဂ္ဂေ - အမိဝမ်းတွင်း၌ ပဋိသန္ဓေ နေသော်လည်း အ ခြင်း၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရူးသွပ်၊ ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်ရာ၏၊ မဟာပုဂ္ဂေ - သစ်ပင်၊ တောင်ကမ်း၊ ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ၊ သမ္ပတ္တေ - မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ရစေနိုင်ရာ၏၊ မဟာသမ္ပတ္တေ - ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်းတို့ကိုလည်း ကြီးကျယ်ပြန့်ပွား များနိုင်ရာ၏၊ ဘူတင်္ဂမှိ - ဟုတ်မှိန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက်နိုင်တော်မူ၏။

အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ်တော်ကို၊ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓ ကောဋီဟိ - ခုနှစ်ဆယ့် ခုနှစ်ကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ကောင်းစွာဟောတော်မူအပ်ပြီ၊ ၀တ္တေ -ကောင်းသောအကျိုးနှင့်ယှဉ်၏၊ အ ၀တ္တေ - မကောင်းသောအကျိုးနှင့်မယှဉ်၊ ဂန္ဓဝေ - ကောင်းသောတရားအရသာ အနံ့မျိုးကိုဆောင်၏၊ အ ဂန္ဓဝေ - မကောင်းသော တရားအရသာ အနံ့မျိုးကိုမဆောင်၊ နောမေ - ကောင်းသော စိတ်နှလုံးကိုဆောင်၏၊ အ နောမေ - မကောင်းသော စိတ်နှလုံးကို မဆောင်၊ သေဝေ - သူတော်ကောင်းတို့ နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲရသည် ဖြစ်၏၊ အ သေဝေ - သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖော်မယှဉ်တွဲ မမှီဝဲရသည် ဖြစ်၏၊ ကာယေ - ကောင်းသောကိုယ်ကို ဖြစ်စေ၏၊ အ ကာယေ - မကောင်းသောကိုယ်ကို မဖြစ်စေရာ၊ ဓာရဏေ - ကောင်းသော ကုသိုလ် အမှုကို ပြုဆောင်ရာ၏၊ အ ဓာရဏေ - မကောင်းသော အကုသိုလ်အမှုကို မပြုဆောင်ရာ၊ ဣလ္လိ - ကောင်းသောအိပ်မက်ကို မြင်မက်ရာ၏၊ မိလ္လိ - မကောင်းသော အိပ်မက်ကို မမြင်မက်ရာ၊ တိလ္လိ - ကောင်းသော အတိတ်နိမိတ်ကို မြင်ရ၏၊ မိလ္လိ - မကောင်းသော အတိတ်နိမိတ်ကို မမြင်ရ၊ ယောရုက္ခေ - သေပြီးသော သစ်ပင်တို့ကို ရှင်စေနိုင်၏၊ မဟာ ယောရုက္ခေ - ရှင်ပြီးသော သစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်တို့နှင့် ပြည့်စုံစေနိုင် ၏၊ ဘူတင်္ဂမှိ - ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ - အမိုက်ပျောက်၍ အလင်းရောက် နိုင်၏၊
၉။ အာနန္ဒ - ချစ်သားအာနန္ဒာ၊ ခေါ ပန - စင်စစ်၊ ဣမံဓာရဏပရိတ္တံ - ဤဓာရဏပရိတ် တော်ကို၊ န၀န၀ုတိယာ သမ္မာ သမ္ဗုဒ္ဓ ကောဋီဟိ - ကိုးဆယ့်ကိုးကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ - ဟောတော်မူအပ်ပြီ၊ ဒိဋ္ဌိလာ - မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏၊ ဒဏ္ဍိလာ - ဓား၊ လှံ၊ လက်နက်၊ လေး၊ မြား၊ မီးပေါက်၊ အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်၊ မန္တိလာ - မန္တန် မန္တရား ဂါထာ အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏၊ ရောဂိလာ - ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်၏၊ ခရလာ - ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့သည်လည်း မထိမရောက်နိုင်၊ ဒုဗ္ဘိလာ - ကြိုး၊ ထိပ်၊ သံခြေကျင်း၊ အချုပ်အနှောင်၊ ထောင်သွင်း အကျဉ်းချထားခြင်းတို့မှလည်း လွတ်စေနိုင်၏၊

ဧတေန သစ္စ၀ဇ္ဇေန - ဤသို့မှန်သော သစ္စာစကား ကြောင့်၊ သဗ္ဗဒါ - အခါခပ်သိမ်း၊ (မေ - တပည့်တော်အား)၊ တေ - သင့်အား၊ (အမှာကံ - တပည့်တော့်တို့အား) (တုမှာကံ - သင်တို့အား)၊ သောတ္ထိ - ချမ်းသာခြင်း သည်၊ ဟောတု - ဖြစ်ပါစေသတည်း။

ဓာရဏပရိတ် နိဿယပြီး၏။

Monday, July 22, 2013

ပြည်မြို့နိဗ္ဗန္ဒတောင်တောရဆရာတော်၏သံဝေဂလင်္ကာ

၃၁ သွယ်ဘုံရှုပ်နယ်ကို ဟုတ်တယ်လို့များထင်မမှားနှင့်
တရားနှင့်သာဆင်ခြင်ပါဆို့
ငါတို့တေဘုံဖြစ်ရပုံမှာ
ဇတ်ခုံမလွဲ၊မျက်လှည့် ပွဲသို့
ပြောင်းလဲခန္ဓာ၊လှည့်လည်ကာဖြင့်
ကံသာကြောင်းရင်း သူဖန်ဆင်းလို့
မငြင်းဆန်သာ ထက်အောက်ရွာတွင်
ခန္ဓာထည်လဲ၊ရုပ်စုံခွဲလျက်
ငရဲ အပါယ်၊သွက်သွက်လည်ခဲ့
အေးဖွယ်သုခ ၊တယ်မရဘူး။
ဒုက္ခနှင့်သာခုတိုင်ကြာပေါ့
နောင်ခါဘယ်ပုံ၊ဖြစ်ရမည်ကို
မှုကုန်နောင်ရေးမသိသေး၍
အေးအေးလုံးလုံး အချိန်ဖြုံန်းပြီး၊ရီပြုံးမေ့ကာ
စိတ်ထင်ရာကို၊ ဘာညာ ဘယ်ဟု၊တယ်မပြုနှင့်
သေမှုသေရေးတယ်မဝေးဘူး။
ကိုယ်ရေးကိုယ်တာနောက်တော်ပါအောင်
ကိုယ်သာပိုင်မှု၊ဥာဏ်စက္ခုဖြင့်
နူနယ်ပျိုစဉ်၊မအိုခင်ကိုကြိုတင်သိမှ
ကောင်းရာသော်။

Wednesday, July 17, 2013

အဓမ္မဝါဒီ (၁၈) ပါး။

အဓမ္မဝါဒီ (၁၈) ပါး။
၁။ရဟန်းသည်တရားမဟုတ်သည်ကိုတရားဟုပြသည်။
၂။တရားကိုတရားမဟုတ်ဟုပြသည်။
၃။ဝိနည်းမဟုတ်သည်ကိုဝိနည်းဟုပြသည်။
၎။ဝိနည်းကိုဝိနည်းမဟုတ်ဟုပြသည်။
၅။မြတ်စွာဘုရားမဟောအပ်မပြောအပ်သည်ကိုမြတ်စွာဘုရားဟောအပ်ပြောအပ်သည် ဟုပြသည်။
၆။မြတ်စွာဘုရားဟောအပ်ပြောအပ်သည်ကိုမြတ်စွာဘုရားမဟောအပ်မပြောအပ်သည် ဟုပြသည်။
၇။မြတ်စွာဘုရား၏အလေ့အကျင့်မဟုတ်သည်ကို မြတ်စွာဘုရား၏အလေ့အကျင့်ဟုပြ သည်။
၈။မြတ်စွာဘုရား၏အလေ့အကျင့်ကို မြတ်စွာဘုရား၏အလေ့အကျင့်မဟုတ်ဟုပြသည်။
၉။မြတ်စွာဘုရားမပညတ်အပ်သည်ကိုမြတ်စွာဘုရားပညတ်အပ်သည်ဟုပြ၏။
၁၀။မြတ်စွာဘုရားပညတ်အပ်သည်ကိုမြတ်စွာဘုရားမပညတ်အပ်သည်ဟုပြ၏။
၁၁။အာပတ်မသင့်သည်ကိုအာပတ်သင့်သည်ဟုပြသည်။
၁၂။အာပတ်သင့်သည်ကိုအာပတ်မသင့်သည်ဟုပြသည်။
၁၃။လေးသောအာပတ်ကိုပေါ့သောအာပတ်ဟုပြသည်။
၁၄။ပေါ့သောအာပတ်ကိုလေးသောအာပတ်ဟုပြသည်။
၁၅။အကြွင်းရှိသောအာပတ်ကိုအကြွင်းမရှိသောအာပတ်ဟုပြသည်။
၁၆။အကြွင်းမရှိသောအာပတ်ကိုအကြွင်းရှိသောအာပတ်ဟုပြသည်။
၁၇။မရုန့်ရင်းမကြမ်းတမ်းသောအာပတ်ကိုရုန့်ရင်းကြမ်းတမ်းသောအာပတ်ဟုပြ သည်။
၁၈။ရုန့်ရင်းမကြမ်းတမ်းသောအာပတ်ကိုမရုန့်ရင်းကြမ်းတမ်းသောအာပတ်ဟု ပြသည်။

Thursday, July 11, 2013

တရားဘယ်လိုနာမလဲ

တရားသစ်နဲ့တရားဟောင်း။
တရားသစ်နာရမှ နာရကျိုးနပ်တာလား။
တရားအဟောင်းနာတော့ နာရကျိုးမနပ်တော့ဘူးလား။
တရားအသစ်ပဲနာနာ။
တရားအဟောင်းပဲနာနာ။
တရားကိုတကယ်စိတ်ဝင်တစားနာရင်။
တရားကိုတကယ်ကျင့်သုံးချင်တဲ့စိတ်နဲ့နာရင်နာရကျိုးနပ်ပါတယ်။
အဟောင်းအသစ်ရွေးဖို့ထက်။
အကောင်းအနှစ်ဖွေးဖို့အရေးကြီးပါတယ်။

ဗဟုသုတဖြစ်ရုံလောက်ပဲတရားနာတဲ့သူက အချက်အလက်အသစ်တွေစုဆောင်းလောက်ဖို့
ပဲစိတ်ဝင်စားတယ်။ တရားအရသာခံစားဖို့၊တရားအတိုင်းလိုက်နာကျင့်သုံးဖို့စိတ်မ၀င်စားဖူး။
ဒါကြောင့်သူကတရားအသစ်နာရမှစိတ်ကျေနပ်တယ်။တရားအဟောင်းနာရင်စိတ်မကျေနပ်ဘူး။

တရားအရသာကိုသေချာခံစားပြီးနာတဲ့သူ၊တရားအတိုင်းလိုက်နာကျင့်သုံးချင်တဲ့သူစိတ်နဲ့နာတဲ့သူကတော့
တရားအသစ်ပဲနာနာ။ တရားအဟောင်းပဲနာနာ။စိတ်ကျေနပ်နာပါပဲ။

တရားအဟောင်းအသစ်ရွေးဖို့ထက်ကိုယ့်စိတ်အစဉ်မှာကုသိုလ် အကောင်းအနှစ်တွေ ဖွေးနေဖို့က ပို အရေးကြီးပါတယ်။

တရားတစ်ပုဒ်နာတဲ့နေရာမှာ နာတဲ့ကိစ္စဘယ်တော့မှပြီးဆုံးသလဲဆိုရင်ရဟန္တာဖြစ်မှပြီးဆုံးတာ။
တရားအပုဒ်တိုင်းအပုဒ်တိုင်းဟာ ရဟန္တာဖြစ်တဲ့အထိဟောထားတာချည်းပါပဲ။

တရားတစ်ပုဒ်ထဲပေမဲ့
ရှေ့တစ်ခေါက်နာတုန်းကထက်
နောက်တစ်ခါနာတော့
ဥဏ်တစ်မျိုးပွင့်တယ။်
သဒ္ဓါတစ်မျိုးတိုးတယ။်

အရှင်ဆန္ဒာဓိက၏ တရားလိုက်နာမှာလား၊ တရားနာလိုက်မှာလား မှ။


တရားနာခြင်း၌ အကျိုး ၅-မျိုး-
၁။ မကြားဖူးသည်ကို ကြားနာရ၏။
၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။
၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။

မဟာစည်ဆဂာတော်ဘုရား။
သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊
ယုံမှားပယ်သတ်၊ ဖြောင့်မတ်ယူမြင်၊
စိတ်ကြည်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။


ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ လင်္ကာ
မကြားဘူးငြား တရားများ နာကြားရပေသည်။.
ကြားဘူပြီးသား ထပ်လို့နာ သေချာရှင်းပေသည်။.
ယုံမှားကင်းကွာ ယူဖြောင့်စွာ စိတ်မှာကြည်လင်သည်။.
တရားနာက ကျိုးငါးဝ မုချရပေသည်။


“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသင်္ချေ”
တရားနာရခြင်းကြောင့် ဘ၀ပေါင်း ၉ ကုဋေဒုဂ္ဂတိသို့မလာရောက်ဟုဆိုလိုသည်။

တရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုး
 
တရားနာခြင်း အနုပညာဟာ
အ၀ိဇ္ဇာ အမိုက်အမှောင်ကို ပယ်ဖျောက်ပြီး၊ 
ဝိဇ္ဇာအလင်းရောင်ကို ရစေပါတယ်။
 
အပါယ်တံခါးကို ပိတ်စေပြီး၊
နတ်ရွာနိဗ္ဗာန်တံခါးကို ပွင့်စေပါတယ်။
တဏှာပိုက်ကွန်ကို ဖောက်ဖျက် ပေးပြီး
မာရ်နတ်ရဲ့လက်ကလည်း လွတ်မြောက်စေပါတယ်။
သန့်စင်တဲ့ ကိုယ့်ကျင့်တရား မြေပြင်မှာ
ကောင်းမွန် မြင့်မြတ်တဲ့ စိတ်ဓာတ် ကျောက်တိုင်ကို
ခိုင်ခိုင်မတ်မတ် စိုက်ထူ ထားနိုင်တာမို့
ကံကြမ္မာရိုင်း၊ လော ကဓံလေမုန်တိုင်းတို့ရဲ့
တိုက်ခတ်တဲ့ဒဏ်ကို မတုန်မလှုပ်
တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရခံနိုင်ရည်ပြည့်ဝစေ ပါတယ်။
***~~~***~~~***
တကယ်တော့ တရားတော်တွေဆိုတာ
ငြင်းခုံစရာတွေ မဟုတ်ပါ။
ငြင်းခုံမှု၊ပဋိပက္ခ၊ ၀ိဝါဒတွေကို
ပြေငြိမ်းသွားစေတဲ့
ငြိမ်းချမ်းရေးသံတမန်ပါ။
ပြီးတော့ တရားတော်မြတ်ရဲ့
အဆီအနှစ်တွေဆိုတာ
သဘောထားကြီးကြီး
အသိဥာဏ်ကျယ်ကျယ်၊
စိတ်နေမြင့်မြတ်တဲ့သူတွေ
နှလုံးသားမှာသာ
ကိန်းရိုးထုံးစံရှိပါတယ်။
(တော်ဝင်နွယ်)
 

Saturday, July 6, 2013

အဆိုးထဲက အကောင်း။




                    Red Cross တည်ထောင်ခဲ့သော ဆွစ်စလန် လူမျိုး Henri Dunant

ကျေးဇူးတော်ရှင် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရဲ “ငုံ့ကြည့် ၊ မော့ကြည့်၊ တည့်တည့်မြင် တတ်စေ”့  ဆိုတဲ့ဆောင်းပါးမှာ  “အထိုက်အလျှောက် နည်းနည်းပါးပါးဖြစ်စေ ရှိနေတဲ့ ပါရမီ ဓာတ်ခံ ကလေးတွေဟာ တစ်ခါ တစ်ခါတော့လည်း ကံမကောင်း အကြောင်းမလှမှုလေးတွေရဲ့ အကူအညီ အထောက်အပံ့ကို ရကြမှ ပိုပြီး ပီပြင် ထင်ရှားလာ သလိုလို ဖြစ်ခဲ့ရပုံ”  များကိုဖေါ်ပြထားပါတယ်။
ဒီအချက်က ကျမဘ၀အတွက်အလွန်မှန်ကန်နေတာတွေ့ရပါတယ်။

ကျမ အမေကတစ်ဦးတည်းသောသမီးဖြစ်ပြီး တောမြို့မှာမွေးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာက မြန်မာတို့ရဲ့
ခံယူ ချက်ဖြစ်တဲ့ မိန်းခလေးများအနေနဲ့ကျောင်းနေစရာမလို အချိန်တန်ရင် မိဘများရှာဖွေပေးတဲ့
လင်ယောက်ျားကရှာဖွေကြွေးလိမ့်မယ်။ ကျောင်းနေလို့စာဖတ်တတ်ရင် ရီးစားထားလိမ့်မယ်ဆိုတဲ့
အယူအဆကြောင့်ကျောင်းမနေခဲ့ရပါဘူး။ အိမ်တွင်းမှုအတတ်ပညာနဲ့ အတွက်အချက်သာ သင်ခဲ့ရပါ တယ်။စစ်အတွင်း မိဘများပိုင်တဲ့ လယ်မြေများထားပြီးစစ်ပြေးခဲ့ရတာမို့ ၀င်ငွေရှာနိုင်တဲ့ပညာလည်းမရှိ
ပစ္စည်းဥစ္စာလည်းမရှိဖြစ်ခဲ့ပါတယ်။

ကျမ အဖေက တော့ ကျောင်းနေခဲ့ရသော်လည်း ရ တန်းနှစ်ရောက်တဲ့အချိန်မှာ စစ်ဖြစ်ခဲ့တယ်။ စစ်အတွင်းမိဘများနဲ့ကွဲပြားသွားခြင်း၊ မိဘများပိုင်ဆိုင်တဲ့ အထည်ဆိုင်များဗုံးချရာပါသွား တာကြောင့် မေမေနဲ့တွေ့တဲ့အချိန်မှာ ကားမောင်းသင်ပြီးသူများကားအငှါးမောင်းရတဲကားရိုင်ဘာဖြစ်နေ ပါတယ်။

ကျမအထက်မှာသား ၃ ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။ ကျမ မမွေးခင်မှာ ကျမရဲ့အကို ၃ယောက်
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုသေဆုံးသွားကြတယ်လို့ဆိုပါတယ်။ မေမေတို့ပြောပြတဲ့လက္ခဏာအရ အကို
တစ်ယောက်မှာ တစ်ကိုယ်လုံးကအကျိတ်တွေရောင်လာပြီးသေဆုံးတာကြောင့် အကျိတ်ကင်ဆာဖြစ်ဖို့
များပါတယ်။ ကျန်အကိုကတော့ တစ်ကိုယ်လုံးရောင် ပြီးဆုံးတယ်ဆိုတော့ ခလေးတွေမှာ အဖြစ်များတဲ့ ကျောက်ကပ်ရောဂါလို့ထင်ပါတယ်။ ကျန်အကိုကတော့ နမိုးနီးယားနဲ့သေဆုံးတယ်လို့ပြောပါတယ်။ အဲ့ဒီအချိန်က နမိုးနီးယားဖြစ်ရင် ပိုးသတ်ဆေးတွေမရှိသေးတာကြောင့်ယခုခေတ် ကင်ဆာဖြစ် သလိုပဲ သေကြရတာပါပဲ။

ကျမ ကိုယ်ဝန်နဲ့ မေမေလိမ့်ကျပြီး ညာလက်ကောက်ဝတ်ကျိုးသွားပါတယ်။ တရုပ်ဆေးတွေနဲ့ကုသ ခဲ့ရ တဲ့အတွက် လက်ကပုံမမှန်ပဲဆက်သွားလို့ သေဆုံးတဲ့အထိ ညာလက်နဲ့ အသေးစိတ်လှုပ်ရှားမှု ဥပမာ
အပ်ကဲ့သို့သောသေးငယ်သောပစ္စည်းများကိုကိုင်လို့မရပါဘူး။

အဲ့ဒီအချိန်မှာ အဖေမောင်းတဲ့ကားကို စဥ့်အိုးတန်းက ကမ်းစပ်မှာရပ်ထားပြီးထမင်းသွားစားစဉ် ကားက
ရေထဲသူ့ဘာသာကျသွားတဲ့အတွက် မရှိရတဲ့ကြားထဲက ကရိန်းနဲ့ဆွဲတင်ရတယ်တဲ့။ မေမေကသူ့မှာဝတ် ထားတဲ့လက်ဝတ်လက်စားတွေရောင်းပြီးအိမ်ဆိုင်လေးဖွင့်ပြီးတဘက်တလမ်းမှဝင်ငွေရအောင်ရှာပေမဲ့ လုပ်ငန်း မကျွမ်းကျင်မှုကြောင့် မမြတ်ပဲ အရင်းပါပျောက်ခဲ့ပါ တယ်။ မေမေတို့ရဲ့စီးပွါးရေးကလည်းအလွန့်ကို
ကျဆင်းနေပါတယ်။ အဖေမှာဝတ်စရာရှပ်အကျီ င်္တစ်တည်သာရှိတာမို့ အဖေအလုပ်ကပြန်လာတာနဲ့
ချက်ချင်းလျော်ပြီး တစ်ညလုံးခြောက်အောင်လှမ်းထားရကြောင်း မိုးရွာလို့ မခြောက်ရင် မနက်ဝတ်ဖို့အိမ်နီး
ချင်းဆီကမီးပူငှါးပြီးတိုက်ရတယ်တဲ့။ အဲ့ဒီအချိန်မှာမွေးလာရတဲ့ကျမကို ကျောင်းလခ ပေးရတဲ့
ကျောင်းမှာမထားနိုင်တာကြောင့် ပိုက်ဆံမပေးရတဲ့ ဓမ္မာရုံကျောင်းမှာထားခဲ့ပါတယ်။

ဓမ္မာရုံကျောင်းဆိုတာ ရပ်ကွက်ဓမ္မာရုံရဲ့အောက်မှာ တစ်တန်းကနေ လေးတန်းအထိအစိုးရမူလတန်းအဖြစ်
လုပ်ထားတဲ့ကျောင်းပါ။ ကျောင်းမှာ အခန်းဖွဲ့ထားခြင်းမရှိပါဘူး။ လေးတန်းစလုံးကကျောင်းသားတွေ အတူတူစာသင်ရတာပါ။ ၅ တန်းရောက်တော့ အစိုးရအထက်တန်းကျောင်းကိုပြောင်းနေရပါတယ်။

၅ တန်းကျမှ A,B, C, D စသင်ရပါတယ်။ ၈ တန်းရောက်တော့ tense တွေသင်ရပါတယ်။ ဒါပေမဲ့
ကျမ သိပ်နားမလည်ပါဘူး။ go  ကနေဘာဖြစ်လို့ goes ဖြစ်သွားမှန်းလည်းမသိပါဘူး။ ဒါနဲ့ပဲ ၁၀ တန်း
ရောက်လာပါတယ်။ ၁၀ တန်းက အင်္ဂလိပ်စာသင်တဲ့ဆရာမက မင်းတို့ရဲ့ အင်္ဂလိပ်စာကသိပ်ကိုညံ့နေတယ်။
တတ်အောင်သင်နေဖို့အချိန်မရှိတော့ဘူး။ စာမေးပွဲအောင်အောင်ပဲလုပ်ရတော့မယ်ဆိုပြီး အင်္ဂလိပ် text
(Anapuna ဆိုတဲ့စိတ်ဝင်စားစရာမကောင်းတဲ့ မြန်မာတွေအတွက်လည်းအသုံးမ၀င်လှတဲ့ တောင်တတ်တဲ့ အကြောင်း) ထဲက တစ်နေ့တစ်ပုဒ်ကို အခေါက် ၅၀ ရေးခိုင်းပါတယ်။ အဓိပ္ပါယ်မသိပဲ အလွတ်ရ အောင်
လုပ်ခိုင်းတာပါ။ စာမေးပွဲမေးခွန်းမှာ reading conprehension ဆိုတဲ့ မေးခွန်း တစ်ခုပါ ပါတယ်။  အကြောင်း အရာတစ်ခုကိုရေးထားပြီး အဲ့ဒီအကြောင်းကို နားလည်လား ဆိုတာစမ်းတဲ့အနေနဲ့မေးခွန်းတွေ မေးထားပါတယ်။ ကျမ reading conprehension မှာရေးထားတာတွေ ဘာမှနားမလည်ပါဘူး။ ဒါကြောင့်မေးခွန်မှာပါတဲ့စာကြောင်းတွေကို reading conprehension ထဲမှာရှာပြီး ကူးရေးပေးလိုက် ပါတယ်။

ကျမ ၅ တန်းလောက်မှာ မေမေတို့စီးပွါးရေးတွေအစဉ်ပြေလာလို့ ယောကျာ်းလေးဖြစ်တဲ့ ကျမ မောင်ကို လက်ပတ်နာရီတစ်လုံးဝယ်ပေးပါတယ်။ ကျမ ၁၀ တန်းဖြေမဲ့နေ့မှာ မေမေက မောင်လေးရဲ့ လက်ပတ် နာရီကို ကျမပတ်သွားဖို့ မောင်လေးစီကယူပေးပါတယ်။ ကျမလည်း နာရီကို အချိန်တိုက်ပြီး စာမေးပွဲသွား ဖြေပါတယ်။ စာဖြေနေရာက နာရီကြည့်လိုက်တော့ အချိန်ပြည့်ကာနီးနေပြီးမို့ အမြန်ဆုံးရေးနေပါတယ်။
ကျမနာရီအချိန်ပြည့်လို စာဖြေတာခဏနားပြီးပတ်ဝန်ကျင်ကိုကြည့်လိုက်တော့ တစ်ခန်းလုံးငြိမ်နေပြီှး
စာရွက်ထပ်တောင်းနေတာတောင်တွေ့ရပါတယ်။ ဒါနဲ့ ကျမဖြေထားတဲ့ အဖြေစာရွက်ပြန်ကြည့်ပြီး ကျန်နေ တာတွေထပ်ရေးစရာမရှိလို့ မျှားတွေပြပြီးဖြေခဲ့ရပါတယ်။ ကျမအဖြေစာရွက်က အဖြေစာရွက်နဲ့မထူပဲ မြေပုံတစ်ခုလိုဖြစ်နေပါတယ်။ (ပထမဆုံးအကြိမ် ကျမ နာရီတိုက်တာ မှားပြီး တစ် နာရီစော နေတာ နောက်မှ သိရပါတယ်။) အဲ့ဒီကထဲက ကျမစာမေးပွဲဖြေတိုင်း နောက်ထပ် ရေးလို့ရအောင် ဘေးနှစ်ဘက်မှာ နေရာများများချန်ထားတဲ့အပြင် စာတစ်ကြောင်းနဲ့တစ်ကြောင်းမှာလည်း နေရာချန် ရေးပါတယ်။ ( double spacing) ဒါကြောင့်ကျမ ပထမ မိနစ် ၃၀ လောက်ကထဲက စာရွက်ထပ်တောင်းရပါတယ်။ ကျမ သူငယ်ချင်း တွေက ကျမ နားမှာမဖြေချင်ဘူးတဲ့ ငါတို့ကစဉ်းစားလို့မရသေးဘူး နင်က စာရွက်ထပ်တောင်း နေပြီ စိတ်ဓါတ်ကျတယ်တဲ့။  အဲ့ဒီအကျင့်ကြောင့် ကျမနဲ့စာတူတူကျက်တဲ့ ကျမသူငယ်ချင်းထက်ကျမကအမှတ်အမြဲပိုရပါ တယ်။ စာမေးပွဲမှာ မေးတာထက်ပိုဖြေလို့ အမှတ်နှုတ်တာမှမဟုတ်တာ။ မေးတာ မပါရင် သာ အမှတ်နှုတ်ခံရတာပါ။ (ကျမ သူငယ်ချင်းက ကျမ ရှိုတယ်လို့ထင်ရှာတယ်။ ဒီပြင့်ကံတွေမကောင်းပေမဲ့ ကံကောင်းစွာကျမ မှာအဲ့ဒီလို စိတ်ဆိုးစိတ်ယုတ်မျိုးပါမလာခဲ့ဘူး။)

အချိန်ပြည့်နေပြီးအထင်နဲ့အမြန်ရေးခဲ့တာမို့ ကျမစာရေးတာလဲအလွန်မြန်သွားပါတယ်။ စာရေးမြန် တာ
 ကြောင့် စာမေးပွဲမှာ မေးခွန်အကုန်၊အဖြေအပြည့်အစုံရေးနိုင်တဲ့အပြင် တက္ကသိုလ်ရောက်တော့ lecture
ကိုအပြည့်အစုံလိုက်ရေးနိုင်ပါတယ်။

၁၀ တန်းအောင်စားရင်းထွက်တော့ ဂုဏ်ထူးနှစ်ခုနဲ့အောင်ပါတယ်။ အဲ့ဒီအချိန်က tution တွေမရှိသေးတဲ့ အချိန်၊ဂုဏ်ထူးတွေပေါ်ကာစပါ။ အမှတ်ပြည့်တာကြောင့်မေမေတို့ဖြစ်စေချင်တဲ့ ဆေးကျောင်းကို ရောင်တောင်ပေါင်တောင်နဲ့ ရောက်ခဲ့ပါတယ်။ ဆေးကျောင်းမှာ အင်္ဂလိပ်လိုရေးထားတာကို မြန်မာ အင်္ဂလိပ်ရော်ပြီး သင်ပါတယ်။ ဖြေတဲ့အခါ အင်္ဂလိပ်လိုဖြစ်ဖြစ်၊ အင်္ဂလိပ်မြန်မာ ရော်ပြီးဖြစ်ဖြစ် ဖြေနိုင် ပါတယ်။ ကျမ အနေနဲ့ အင်္ဂလိပ်လိုမကျွမ်းကျင်တာမို့ဆေးကျောင်းမှာ သူများ တကာတွေ ဘာသာရပ်ကို လေ့လာနေတဲ့အချိန်မှာ ကျမက အင်္ဂလိပ်ဘာသာကို ပါလေ့လာနေရ ပါတယ်။

ရုပ်ရှင်နဲ့ ၀တ္ထုသိပ်ကြိုက်တဲ့ ကျမ ဆေးကျောင်းရောက်ကထဲက ရုပ်ရှင်နဲ့ ၀တ္ထုကိုစွန့်လွှတ်ခဲ့ရပါတယ်။
ကျောင်းမှာလူကြားထဲ စာမေးခံရပြီး မဖြေနိုင်မှာစိုးလို့ အရောင်ဖျော့ဖျော့ တက်ထရွန်လောင်းဗြောင်
အကျီ င်္တွေသာဝတ်ခဲ့ပါတယ်။ အလှပြင်ဖို့ဆိုတာတော့ဝေးရောပဲ။ သနပ်ခါးဘဲကြားနဲ့ကျစ်ဆံမီးတစ်ချောင်း
ထဲသာကျစ်လေ့ရှိပါတယ်။ အချိန်မရှိတာရော။ စာတော့မရဘူး။ အလှတော့ပြင်နိုင်တယ်လို့ အပြောခံရမှာ ကြောက်တာလဲ ပါ ပါတယ်။

ပထမနှစ်မှာ အင်္ဂလိပ်စာသင်ရပါတယ်။ အဲ့ဒီအချိန်ဟာ ကျမအတွက် စိတ်ဆင်းရဲ စရာ အကောင်းဆုံး အချိန်ပါပဲ။ အင်္ဂလိပ်စာသင်ချိန်မှာ အင်္ဂလိပ်လိုအများဆုံးပြောတာမို့ ကျမ ဘာမှနားမလည်ပါဘူး။ ကျောင်းသားတော်တော်များများက သူငယ်တန်းကထဲကအင်္ဂလိပ်စာသင်ခဲ့တဲ့ ကျောင်းတွေကလာတာမို့
သူတို့ကတော့နားလည်ပါတယ်။ တစ်နေ့မှာဆရာက (listening comprehension အနေနဲ့ အကြောင်းအရာ တစ်ခုကိုဖတ်ပြပြီးမေးခွန်းတွေမေးတာပါ။) သင်ခန်းစာမှာ ဟင်နရီဒူနံ အကြောင်းဖတ်ပြပါတယ်။ ကျမ ဘာမှနားမလည်ပါဘူး။ ဟင်နရီဒူနံ ဆိုတဲ့စကားလုံး ပဲကြား နေပါတယ်။ ဟင်နရီ ဆိုတာ အင်္ဂလိပ်နံမည် ဆိုတာ တော့ကျမသိပါတယ်။ ဒူနံ ဆိုတာမျိုးရိုးနံမည်ဆိုတာမသိပါဘူး။ ကျမသိတာက ဒူးနံ့ တယ်ဆိုတဲ မြန်မာစကားပါ။ ဒါကြောင့် ဘာလို့ ဟင်နရီ ဆိုတဲ့လူ ဒူးနံ့တဲ့အကြောင်း ကို ဘာလို့များကြီးကြီးကျယ်ကျယ် ဖတ်ပြပါလိမ့်လို့သာတွေးနေခဲ့မိပါတယ်။ နောက်မှ နံနည်ကျော်  red cross အဖွဲ့ကြီးတည်ထောင်ခဲ့တဲ့
ဟင်နရီဒူနံ  Henri Dunant မှန်းသိရတယ်။

ပထမနှစ် (botany) သစ်ပင်တွေ အကြောင်းသင်ရတဲ့ lecture မှာ lecture  ပေးတဲ့ botany ဌာနက ပရောဖက်စာက သစ်ပင်ရဲ့အမြစ်ကနေ သစ်ပင်ထိပ်ဖျားကိုရေတွေဘယ်လိုရောက်တယ် ဆိုတာ သင်ပါ တယ်။ သစ်ပင်ထိပ်ဖျားမှာရေတွေ minimum ရောက်ရင် အမြစ်ကရေတွေသစ်ပင်အပေါ်ကိုတွန်းပို့ပေး လိုက်ပြီး၊ရေတွေ maximum ရောက်ရင် အမြစ်ကရေတွေ သစ်ပင်အပေါ်ကိုတွန်းပို့မှုရပ်လိုက် ကြောင်း ပြောပါတယ်။ မသိတာရှိရင်လည်းသူ့အခန်းမှာ အချိန်မရွေးလာမေးနိုင်ကြောင်းပြောပါတယ်။ ကျမရဲ့ အကျင့်တစ်ခုက ကျမနားမလည်တာကို အသေမှတ်လို့မရတာပါပဲ။ ဒါကြောင့် ပရောဖက်စာကို စာ သွား မေး ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျမ ကျောင်းက ကျမတစ်ယောက်ထဲဆေးကျောင်းရောက်ခဲ့တာမို့ကျမ မှာ သူငယ်ချင်းလည်းမရှိတာမို့ ကျမတစ်ယောက်ထဲ ပရောဖက်စာအခန်းသွားခဲ့ပါတယ်။ ကျမ မှာ သူငယ်ချင်း မရှိတာ တောင်ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ကျမ အရှက်ကွဲခဲ့လို့ပါ။
ပရောဖက်စာက lecture တုံးကလိုပဲ ပြန်ရှင်းပြပါတယ်။ ကျမက အားလုံးနားလည်ကြောင်းကျမ နားမလည်တာက minimum နဲ့ maximum ဆိုတာပါလို့ပြောလိုက်တော့ ပရောဖက်စာက သူ့နဖူးလက်နဲ့
ရိုက်ပြီး မင်းဘယ်ကျောင်းကအောင်တာလဲလို့မေးပါတယ်။ minimum  ဆိုတာအနည်းဆုံး၊ maximum
ဆိုတာအများဆုံးဆိုတာ ကျမ နားမလည်ခဲ့တာပါ။ ကျမဆေးကျောင်းရောက်တဲ့အထိ အင်္ဂလိပ်မြန်မာ
အဘိဓါန်တောင်မကြည့်တတ်ခဲ့တာပါ။ ပရောဖက်စာ တော့ ကျမ ခုံနံပတ်မှတ်မိတော့မှာပဲ စာမေးပွဲကျရင်
တော့ သိတော့မှာပဲဆိုတဲ့စိတ်နဲ့ကျမကြိုးစားလိုက်တာနောက်ဆုံးစာမေးပွဲမှာ botany နဲ့ zoology နှစ်ခုပေါင်းတဲ့  Biology subject မှာ ဂရိတ် ၅ ခုမှာ ၅ နဲ့အောင်ခဲ့ပါတယ်။

ဆေးတက္ကသိုလ်မှာ အခက်အခဲအမျိုးမျိုးကိုကျော်လွှာခဲ့ရတာကြောင့်ကျမ တော်တော်တန်တန် အခက် အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပါတယ်။ ၁၉၉၄ ကျမ အပါအ၀င် ပြင်သစ်နိုင်ငံကို မြန်မာ ဆရာ
ဝန် ၃ ယောက် ပညာတော်သင်ရောက်ခဲ့ပါတယ်။ ကျန်တဲ့ ၂ ယောက်က နှလုံး ရောဂါအထူးကုဆရာဝန်
ကြီးနဲ့ အရိုးအကြောအထူးကုဆရာဝန်ပါ။

အရိုးအကြောအထူးကုဆရာဝန်က လူငယ်ဆရာဝန်ပါ။ အထူးကုအောင်ပြီးတာမကြာသေးပါဘူး။ ပြင်သစ် ကို တစ်နှစ်ပညာသင်လာရတာပါ။သားဦးလေးမွေးထားတာလည်းမကြာသေးဘူးလို့သိရပါတယ်။ ပထမ ၆ လမှာ ပြင်သစ်စကားသင်စေပါတယ်။  နောက် ၆ လမှာ အရိုးအကြောဆေးရုံကိုပို့လိုက်ပါတယ်။ ပြင်သစ်စာသင်တော့မှ ခက်ပါတယ်ဆိုတဲ့အင်္ဂလိပ်စာဟာအလွန်လွယ်နေတာသိရပါတယ်။ (ကျမ ပြင်သစ်စာ သင်နေတာ ၁၀ နှစ်နီးပါးရှိပါပြီ အခုထက်ထိ ကောင်းကောင်းမွန်မွန် မပြောနိုင်သေးပါဘူး။) အရိုးအကြောအထူးကုဆရာဝန်လေးလဲ ပြင်သစ်စကားကောင်းကောင်းနားလည်းမလည် ပြောလည်း မပြောနိုင်တာကြောင့် ဆေးရုံကလူနာတွေနဲ့ စကားပြောလို့မရဖြစ်နေပါတယ်။ ခွဲစိပ်ခန်းထဲဝင်ပြီးခွဲစိပ်ဆရာဝန်ကြီးကိုကူညီရတဲ့အခါကြတော့လည်း mask  တတ်ထားတဲ့ ဆရာဝန်ကြီးပြောတဲ့ စကားတွေကို နားမလည်နိုင်တဲ့အတွက် ခွဲခန်းထဲမှာလည်း အဆင်မပြေဖြစ်နေပါတယ်။ နောက်ဆုံးမှာ လူငယ်ဆရာ ၀န်လေးလည်း စိတ်ဓါတ်တွေကျပြီး တစ်နေ့မှာ မြန်မာသံရုံကိုဖုန်းဆက်လာပါတယ်။ ပြင်သစ်တွေကတင် ကျနော့်ကိုဆန့်ကျင် တာ မဟုတ်ဘူး။ ပြင်သစ်ရထားတွေကပါကျနော့်ကိုဆန့်ကျင် နေကြတယ်။ ကျနော်က တောင်ဘက်ကိုသွားဖို့တောင်ဖက်သွားတဲ့ ရထားစီးရင် ရထားက မြောက်ဘက် သွားတယ်။ ကျနော်က မြောက်ဘက်ကိုသွားဖို့မြောက်ဖက်သွားတဲ့ ရထားစီးရင် ရထားက တောင်ဘက် သွားတယ် လို့ပြောတာနဲ့သူ့ကို သံရုံး ခေါ်လာပြီး၊ စိတ်ရောဂါအထူးကုနဲ့ပြ၊ဆေးတိုက်ပြီး ရန်ကုန်ပြန်ပို့လိုက်ရပါတယ်။

နှလုံးအထူးကုဆရာဝန်ကြီးကတော့ ၃လ သာလာရတာမို့ ပြင်သစ်စာ မသင်ရပါဘူး။ သူလည်း ဘာသာစကားပြဿနာ (language barrier)  ကြောင့် လူနာနဲ့လည်းဆက်သွယ်လို့မရ၊ ကျန်တဲ့ပြင်သစ် ဆရာဝန်တွေနဲ့လည်းဆက်ဆံ လို့မရတာကြောင့် ၃လ မပြည့်ခင် ပြင်သစ်တွေမသိအောင် တိတ်တဆိတ် ရန်ကုန်ပြန်လာခဲ့ပါတယ်။ အဲဒီထဲကမြန်မာပညာတော်သင်တွေကို အပြန်လေယာဉ်လက်မှတ် ပေး မထားတော့ပါဘူး။

ကျမကတော့ ငှက်ဖျားနဲ့ပတ်သက်တဲ့သုတေသနလုပ်ဖို့နောက်ဆုံးပေါ်နည်းပညာတွေသင်ဖို့ WHO အထောက်အပံ့နဲ့ ပါရီမြို့က Pasteur Institute ကို ပထမဆင့်အနေနဲ့ တစ်နှစ် လာရပါတယ်။ သုတေသနလုပ်ရတာဆိုတော့ ဆေးရုံမှာလောက် လူတွေနဲ့ဆက်ဆံမှုမရှိလို့ သူတို့လောက်တော့ အခြေအနေမဆိုးဖူးလို့ဆိုနိုင်ပေမဲ့ အရှေ့နဲ့အနောက် ယဉ်ကျေးမှု ပြောင်းပြန်ဖြစ်နေတာ၊ စကား မပေါက်တာတွေကတော့ နေ့စဉ်နီးပါးတွေ့ကြုံ ရပါတယ်။ ဆေးကျောင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေကြောင့်ကျမခံနိုင်ရည်ရှိနေပါတယ်။ တစ်နှစ်ပြည့်လို့တိုင်းပြည်ပြန်ရောက်တော့ ကျမ ဒါရိုက်တာက ပြောပါတယ်။ မင်းမရူးပဲ တစ်နှစ်နေနိုင်တာနဲ့တင်မင်းကို Ph.D ပေးသင့်တယ်တဲ့။

အခက်အခဲများအားအောင်မြင်စွာကျော်လွှားနိုင်ကြပါစေ။