လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, September 19, 2012

ခြင် (mosquito) မျိုးပြုတ်အောင်တိုက်ကြည့်ခဲ့တယ်။



စက်တင်ဘာလ ၁၆ ရက် ၂၀၁၂ ရက်နေ့မှာ ပါဏာတိပါတကံဟာသဘာဝကိုဆန့်ကျင် နေတာ လားဆိုတဲ့ခေါင်းစဉ်နဲ့ အရှင်ကောမလ(ခ)ဆန်နီနေမင်းဆိုဒ်မှာ  ခြင်လို ပိုးမွား မျိုးကို မသတ်ပဲ လွှတ်ပေး လိုက်ရင် ခြင်တွေဟာ ပေါက်ပွားရှင်သန်မှုများမယ် လူတွေ အသတ်ပါဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေများပြီး အဲလို ဘယ်သတ္တဝါမှ မသတ်ပဲ ရောဂါဖြစ်နိုင်တဲ့ သတ္တဝါတွေ များလာမယ်ဆိုရင် လူတွေ သေကြေနိုင်တယ်လို့ဘာသာခြားတွေကပြောကြောင်း။ အဲဒီတော့ ဗုဒ္ဓဘာသာတွေဟာ သတ္တဝါတွေကို မသတ်ပဲရှောင်တယ်။ ဒါပေမယ့် လူအချင်းချင်းပြန်သတ်နေတာနဲ့တူတူပါပဲတဲ့။

ဖြေ။ ။ ပိုးမွှားတွေသတ်မှ ရောဂါကင်းမယ်လို့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ တောရွာတွေမှာနေတဲ့လူတွေ ဘယ်ပိုးမွှားမှ မသတ်ပါဘူး။ သူတို့တွေ အသက်ရှင်ကျန်းမာ လျက်ရှိကြပါတယ် လို့ဦးဇင်းကအချက်ကျကျပြန်ဖြေထားပါတယ်။
တပည့်တော်ကဦးဇင်းဖြေထားတာကိုထောက်ခံထားတဲ့ကမ္ဘာသက်သေကို စုဆောင်းဖေါ်ပြလိုက်ပါတယ်။


၁၈၇၄ မှာ DDT (dichlorodiphenyltrichloroethane)  ဆိုတဲ့ ပိုးသတ်ဆေး တစ်မျိုးကို တည်ထွင် အောင်မြင်ခဲ့ပါတယ်။ ၁၉၃၉ ခုမှာ ဒီဆေးဟာ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်နဲ့ တိုက်ဖက်ပိုး သယ်ဆောင် တဲ့သန်းတွေကိုအောင်မြင်စွာသတ်နိုင်ကြောင်းကို Swiss chemist Paul Hermann Müller က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မှာတွေ့ရှိခဲ့တဲ့အတွက်  ၁၉၄၈ ခုနှစ်မှာ ဆေးပညာဆိုင်ရာနိုဘယ် ဆုကိုရရှိခဲ့ပါတယ်။  DDT ဆေးရဲ့ အစွမ်းသတ္တိကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာနဲ့အ၀ှမ်း ငှက်ဖျားရောဂါ အမြစ်ဖြတ် တိုက်ဖျက်ရေး အစီအစဉ် (Giobal Malaria Eradication ၁၉၅၅-၁၉၆၉ ) ကိုရေးဆွဲပြီး ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်များကိုအမျိုးဖြုတ်သတ်ခြင်းဖြင့်ငှက်ဖျားရောဂါပပျောက်အောင်လုပ်ဖို့ (WHO) အဖွဲ့ဝင်နိုင်ငံ အားလုံးမှာ ငှက်ဖျားရောဂါ အမြစ်ဖြတ်တိုက်ဖျက်ရေးလုပ်ဆောင်ကြပါတယ်။  အထိမ်းအမှတ် တံဆိပ်ခေါင်း များလည်းထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ WHO စစ်တန်းအရ ၂၀၁၀ မှာ  ၂၁၆ သန်း ငှက်ဖျားဖြစ်ပွါးခဲ့ပြီး ၆၅၅ သိန်း သေဆုံးခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ၁၉၆၃ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွါးသူ တစ်နှစ်ကို   ၃ သန်းဖြစ်ပွါးရာက ၁၉၆၄ ခုနှစ် DDT ဆေးဖြန်းပြီးနောက် ငှက်ဖျားဖြစ်ပွါးသူ ၁၈ ယောက် အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၈ ခုမှာ ငှက်ဖျားလူနာ ၆သိန်းအထိထိုးတက်ခဲ့ပါတယ်။ ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်တွေ DDT ဆေးကို မကြောက်ကြတော့လို့ပါပဲ။

ကမ္ဘာမှာ ယနေ့အထိရှာဖွေတွေ့ရှိထားတဲ့ခြင်အမျိုးပေါင်း ၃၅၀၀ ကျော်ရှိပါတယ်။ အဲ့ဒီခြင်တွေထဲမှာ Anopheles ဆိုတဲ့ခြင်မျိုးတစ်မျိုးပါပါတယ်။ Anopheles ခြင်မျိုးမှာမှ အမျိုးပေါင်း ၄၆၀ ထပ်ရှိပါတယ်။ အဲ့ဒီ ၄၆၀ ထဲက လူကိုငှက်ဖျားရောဂါဖြစ်စေနိုင်တဲ့ Anopheles ခြင်မျိုးက ၃၀-၄၀ သာ ရှိပါတယ်။ အဲ့ဒီ အနည်း ငယ်မျှသော ခြင်မျိုးကို ကမ္ဘာ ပေါ်မှာရှိတဲ့လူတွေအား လုံး တက်တက်ကြွကြွ  တက်ညီလက်ညီ   တိုက်ခဲ့တာတောင်မအောင်မြင်ခဲ့ပါဘူး။ 

 
                                                  မြန်မာနိင်ငံ
 
Brunai
 
 
 
 
England
 
 
 
Germany
 

ကျမ်းကိုး

၁။http://www.who.int/bulletin/volumes/86/2/07-050633/en/
၂။ http://en.wikipedia.org/wiki/Malaria

No comments:

Post a Comment