လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, February 10, 2015

နားမလည်လို့ပြောပေးကြပါ

ယခုတစ်လော ကိုရင်တွေ ရဟန်းတော်တွေအတွက် အသဲေ၇ာင်အသားဝါ ဘီ ကာကွယ်ဆေး လှူ တာတွေကို FB မှာတွေ့ရပါတယ်။ အလှူလုပ်တာကောင်းပါတယ်။ သာဓုခေါ်ပါတယ်။ ဒါပေမဲ့ လိုအပ်လို့လှူတာလား မလိုဘဲ မယောင်ရာဆီလူးနေကြတာလား ?


အသဲေ၇ာင်အသားဝါ ဘီ ရောဂါက တစ်ယောက်က တစ်ယောက်ဘယ်လိုကူးတာလဲ?


အသဲေ၇ာင်အသားဝါ ဘီ ရောဂါပိုးတွေရှိနေတဲ့ လူနာရဲ့ သွေး၊အရည် (secretions like from male and female sex organs) ဥပမာ သုတ်ရည်၊ မိန်းမကိုယ်မှထွက်သောအရည် စသည်) တို့မှာပါလာပြီး
၎င်းအရည်များနဲ့ အရည်ပါးသော လိင်အင်္ဂါ (mucus membrane like sex organs) နဲ့တိုက်ရိုက်တွေ့ရင် ဒါမှမဟုတ် ပိုးကို အသားထဲသို့ထိုးတဲ့လျှင် (အေ၇းပြားမှာထူသဖြင့် ဘီ ရောဂါပိုးများဖေါက်မ၀င်နိုင်ပါ)။
သာ အသဲေ၇ာင်အသားဝါ ဘီ ရောဂါဖြစ်နိုင်ပါသည်။ ထိုအခြေအနေများကို အသဲေ၇ာင်အသားဝါ ဘီ ရောဂါရှိသောသူနှင့်ကာမဆက်ဆံလျှင်၊သို့မဟုတ် ပိုးပါသောဆေးထိုးအပ်ဖြင့်ဆေးထိုးခံရလျှင်၊ ပိုးပါသောသွေးအသွင်းခံရလျှင်၊ ပိုးပါသောအပ်ဖြင့်မင်ကြောင်ထိုးခြင်း၊နားဖေါက်ခြင်း၊သွားနုတ်ခြင်း စသည်များ ဖြင့်သာကူးနိုင်ပါသည်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရတာများတဲ့ ဆရာဝန် ဆရာမ၊ သွားဆရာဝန်၊ လိင်လုပ်သား တွေကိုကာကွယ်ဆေးထိုးကြရတာပါ။


သွေးသွင်းရာကမကူးအောင်သွင်းမဲ့သွေးမှာဘီပိုးပါ မပါစစ်ရပါတယ်။ ဆေးထိုးအပ်က မကူးအောင် တစ်ခါထိုးအပ်သုံးခြင်း။ ခေါင်းရိတ်ဓါးကမကူးအောင်တစ်ခါသုံးဓါးသုံးခြင်း၊ သွားစိုက်ပစ္စည်းတွေကို ဘီပိုးသေစေတဲ့ sterilization လုပ်ရခြင်း၊ လိင်လုပ်သားတွေကို အဖေါ် (condom)သုံးစေခြင်း စတာတွေကိုအခြေအနေအလိုက်ကာကွယ်ခြင်းများပြုလုပ်ရပါတယ်။


ကိုရင်တွေ ရဟန်းတော်တွေ အနေနဲ့ကာမဆက်ဆံခြင်းမရှိကြခြင်းကြောင့်ဒီနည်းနဲ့ကူးရန်မရှိပါ။ ကျန်တဲ့ ခြေအနေတွေကတော့ ကျန်တဲ့သူတွေလိုမျိုးမို့ပိုပြီး အန္တာရယ် (risk ) မများပါဘူး။


တစ်ခုပိုထူးတာက ကိုရင်တွေ ရဟန်းတော်တွေ သူတကာထက်ပိုပြီး ခေါင်းရိတ်ကြရတာပါ။ ဒီမှာ တစ်ဦးကတစ်ဦး ကူးဆက်နိုင်ပါတယ်။ ဒါပေမဲ့ ဘီကာကွယ်ဆေးတိုမဲ့အစား ခေါင်းရိတ်ဖို့ တစ်ခါသုံး ဓါးတွေ
လှူကြရင်ပိုမကောင်းဘူးလား။ ဒီနည်းက
၁။ ဘီပိုးအပြင် အခြားအရေပြားကကူးနိုင်တဲ့ ရောဂါတွေ (bacteria ပိုးကြောင့်ကူးတဲ့ အနားစက်ရောဂါ၊ မှိုကြောင့်ဖြစ်တဲ့ဒါက်ရောဂါတွေ)ကိုပါကူးဆက်ခြင်းကကာကွယ်နိုင်ပါတယ်။
၂။ ဘီကာကွယ်ဆေးထက်လည်းပိုပြီး အကုန်အကျသက်သာပါတယ်။
၃။ ကိုရင်တွေ ရဟန်းတော်တွေ ကိုလည်း ကျန်းမာရေးဗဟုသုတအမှန်နဲ့ကာကွယ်ခြင်းအမှန်ကိုရ စေ ပါမယ်။


မှတ်ချက်
၁။ ဘီကာကွယ်ဆေး ထိုးတဲ့သူတိုင်းကို ကာကွယ်နိုင်ခြင်းမရှိပါ။ ၈၅-၉၀% ကိုသာကာကွယ်နိုင်ပါတယ်။ ဆေးထိုးထားတယ်ဆိုပြီး စိတ်ချလို့မရပါ။ ကာကွယ်တဲ့သတ္တိရှိမရှိသိဖို့လိုပါတယ်။
၂။ တစ်ကြိမ်ထိုးရုံနဲ့မရပါ ၂-၃ ခါထိုးရပါတယ်။ ၃ ကြီမ်အပြည့်ထိုးပြီး ၁-၄ လကြာမှကာကွယ်တဲသတ္တိတွေ
ထွက်လာပါတယ်။
၃။ ကာကွယ်ဆေးပေါ်မူတည်ပြီး မလိုအပ်သောဆိုးကျိုး (side effects) တွေရနိုင်ပါတယ်။
၎။ ကာကွယ်သတ္တိက ထာဝရရှိနေမှာမဟုတ်ပါဘူး။ များသောအားဖြင့် ၅ နှစ်သာခံပါတယ်။

No comments:

Post a Comment