လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, February 2, 2013

ပစ္စည်းဆင်းရဲတာလား၊ဘာသာရေးဆိုင်ရာပညာဆင်းရဲတာလား။

 
 
ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာ လယ်ကိုင်းဘုန်းကြီး ကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋိတိုက်အပေါ် ဘုံခုနှစ်ဆင့် ပြသာဒ်၌ တင်လှူထားရှိသည့် ထီးတော်၏ ကြေး စိန်ဖူးတော်ကို ဇန်န၀ါရ၂၁ ရက် နံနက် နာရီက တက်ခိုးသူ ၂ဦးပြဿဒ်ပေါ်မှပြုတ်ကျဖမ်းမိ … ဆိုတဲ့သတင်းဖတ်လိုက်ရတာတော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေ ပစ္စည်းဥစ္စာ သိပ်ဆင်းရဲကြလို့ ဘုရားပစ္စည်းတောင် မရှောင်နိုင်အောင်ဖြစ်နေကြတာလား။ ဒါမှမဟုတ် ဘာသာရေး အသိပညာ ဆင်းရဲလို့ လူ့ပစ္စည်းခိုးရင် အခိုးခံရတဲ့သူဒုက္ခရောက်မယ်။ ဘုရားပစ္စည်းကတော့သုံးမဲ့ဘုရား    
မရှိတော့လို့ဒုက္ခရောက်စရာမရှိဘူး လို့များ တလွဲတွေးမိနေကြလို့လား ဆိုတာတော့ ခိုးတဲ့သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဒီအကြောင်းအရာလိုမျိုး ဗီဒီယိုဇတ်လမ်း တစ်ကားကြည့်ဖူးပါတယ်။ အဲ့ဒီကားမှာ မင်းသားကျော်ဟိန်း ဘာသာရေး အသိပညာနည်းပါးတဲ့အပြင် အလွယ်ပိုက်ဆံရှာချင်တဲ့ အကျင့်ဆိုးကြောင့် ဘုရားစိန်ဖူးတော်ပေါ်တက်ခိုးခဲ့ပြီး ဘ၀သိမ်းမကောင်းခဲ့တာကိုပြထားပါတယ်။

ဘုရားပစ္စည်း၊သံဃာပစ္စည်းဆိုတာ လူအများစုပေါင်းလှူထားတာဖြစ်လို့ အများပစ္စည်းကိုခိုးရာ ရောက်တဲ့အပြင် သူတော်ကောင်းတွေရဲ့ပစ္စည်းဖြစ်လို့မို့လည်းအပြစ်ပိုကြီးပါတယ်။ ၀ိနည်းတော်ပေါင်း ကုဋ ကိုးထောင်ကျော်ထိန်းသိမ်းဆောက်တည် နေကြတဲ့ သံဃာတော်တွေတောင် ဒါယိကာတွေ လှုထားတဲ့ ပစ္စည်းကို မဆင်ခြင်ပဲ အသုံးပြုရင်၊ သံဃာ့တာဝန်တွေအကျေပြွန်ရင် သူတစ်ပါးပစ္စည်းခိုးရာရောက်တယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။ ရှေးပညာရှိများက ဘုရားပစ္စည်း၊ သံဃာပစ္စည်း ဆိုတာ ငရဲမီး၊ အဆိပ်သီး တွေထက်ကြောက်စရာကောင်းပုံ၊ ရိုးရိုးအဆိပ်က ဒီတစ်ဘ၀သာသေစေပေမဲ့ ဘုရားပစ္စည်း၊ သံဃာပစ္စည်း ကတော့ သံသရာ တစ်လျောက်ဆိုးကျိုးတွေဆက်ပေးမှာဖြစ်ကြောင်း၊အောက်ပါအတိုင်း သတိပေး လင်္ကာ စပ်ဆိုခဲ့ပါတယ်။

ဘုရားပစ္စည်း ငရဲမီး သုံးနည်းအလွန်ခက်။
သံဃာပစ္စည်း အဆိပ်သီး စားနည်းအလွန်ခက်။
စားသုံးမိလျှင် တငင်ငင် သေလျှင်အလွန်ခက်။
ငရဲသို့ကျ ၀ဋ်ဒုက္ခ လွတ်ပြန်ရဖို့ခက်။
ငရဲဘ၀ လွန်ပြန်က ပြိတ္တာဘုံသို့ဆက်။
ပြိတ္တာဘ၀ လွန်ပြန်က လူ့ဘုံရောက်ဖို့ခက်။
လူ့ဘုံရောက်လာ သာသနာ ကြုံရပြန်ဖို့ခက်။
သာသနာအတွင်း ကြုံကြိုက်လျှင်း ကျင့်ခြင်းသာ လို့ခက်။
ဘုရားသခင် ဥာဏ်တော်ရှင် ဖူးမြင်ရဖို့ခက်။
အရိယသံဃာ ပေါ်သောအခါ လှူဒါန်းရဖို့ခက်။

 
http://www.nyakhinyaelamin.com/2013/01/blog-post.html ဆိုဒ်မှာသံဃာ့ ပစ္စည်းကို မရိုမသေပြုခြင်း၊ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းတို့ကြောင့် ငရဲခံစားရခြင်း ပြိတ္တာဖြစ်ရခြင်းတို့ကို ဖေါ်ပြထားပြီး သာသနိက ပစ္စည်းများနှင့် ဆက်စပ်နေသူများ သတိပြုရန် ရေးသာထားပါသည်။

 

No comments:

Post a Comment