လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, March 22, 2015

စေတနာပဲ့တင်သံ

စေတနာပဲ့တင်သံ
ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။
ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြ တာ။ ကျွန်တော့်ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။
အတန်းထဲက ကလေးတွေမဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အားနည်းနေတယ်လို့ သုံးသပ်တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်း ပါတီတာဝန်အကြောင်းပြ ပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။
ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။ အားလုံးအနေအထား ကောင်း တယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ကျောင်းတိုင်း မှာ တန်းလုံးကျွတ်အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။
အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေးညံ့တယ်။ လက်ရေးညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်း ထဲက အတန်းဖော်တွေက သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ်လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးကစပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစဖြစ်လာတယ်။
တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ် လာပြီး
"ဆရာ … သမီးတို့အိမ်က မဟာဒုတ် ဘုရားမဲပေါက်တယ်။ အဖေက ဆရာ့ကို အိမ်မှာ ထမင်းလာစားပါလို့ ဖိတ်ခိုင်းလိုက်လို့"
ကျွန်တော်ကလည်း သာမန်လောက်ပဲထင်ပြီး "အေး … အေး" လို့ပြောလိုက်တော့ သူက ထပ်ပြီး သေချာအောင်
"တကယ်လာမှာလားဆရာ … အဖေ့ကို ပြန်ပြောလိုက်မယ်"
ကျွန်တော်ကလည်း သာမန်လောက်သဘောထားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
ညနေကျောင်းဆင်းတော့ ကလေးတွေအားလုံး မရှိချိန်မှာ ဆရာမ တစ်ယောက်က ကျွန်တော့်ဆီလာပြီး
"ဆရာ ဖြူမတို့အလှူကို ဆရာ တကယ်သွားမှာလား" လို့လာမေးတယ်။
"သွားမှာပေါ့ ဆရာမရဲ့၊ ဘာဖြစ်လို့လဲ"
"ဖြူမတို့က သချိုင်္င်းထဲမှာနေတာဆရာ။ သူ့အဖေက သုဘရာဇာ၊ ဆရာသွားလို့ဖြစ်ပါ့မလား"
ကျွန်တော် ဘာဖြစ်လို့ ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့ အတန်းထဲမှာဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက် တယ်။ ဘာဖြစ်ဖြစ် အဲဒီအလှူကို ကျွန်တော် သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်တစ်နေ့ ကျောင်းကို စောစောလာတော့ ဖြူမက ကျောင်းလှေခါးကနေ လာစောင့်နေတယ်။ ကျွန်တော့် လွယ်အိတ်လေးကို လာပြေးယူပြီး
"ဆရာ သမီးနဲ့ တစ်ခါတည်းလိုက်ခဲ့မှာလား" လို့မေးလိုက်တယ်။ ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ နောက်ကလိုက်ခဲ့တယ်။
သချိုင်္င်းက ရွာပြင်မှာ။ ကျွန်တော် သချိုင်္င်းထဲဝင်လိုက်ချိန်မှာ အုတ်ဂူကြားလေးတွေကနေ ခြောင်းကြည့်နေကြတဲ့ ကလေးအချို့ကိုလည်းတွေ့လိုက်ရတယ်။ သချိုင်္င်းနဲ့လှမ်းလှမ်းက ကုန်းလေးပေါ်မှာ ဝါးတဲလေးတစ်ခုရှိတယ်။ သပ်ရပ်ပြီး ပြောင်နေတယ်။ အခင်းတွေက ဝါးခင်းတွေပဲ။ ကျွန်တော် အိမ်ပေါ်တက်ထိုင်လိုက်ချိန်မှာ ဖြူမရဲ့ အဖေက အခန်းထဲက ထွက်လာပြီး ဘာပြောရမှန်းမသိသလိုနဲ့ ယောင်နနဖြစ်နေတယ်။ သူက
"မထင်ပါဘူးဆရာကြီးရယ်၊ သမီးကပြောလို့သာ၊ ဆရာကြီးတကယ်လာမယ်လို့ ကျွန်တော် လုံးဝမထင် ထားပါဘူး" တဲ့။ တုန်တုန်ရီရီနဲ့ ပြောရှာတယ်။
ကျွန်တော်ကလည်း "ကိုကျော်မင်းရယ် ခင်ဗျားအိမ်ကို မဟာဒုတ်မဲပေါက်လို့ ဘုရားတောင် ကြွလာသေးတာပဲ။ ကျုပ်က ဘာလို့ မလာရမှာလဲ" လို့ပြောလိုက်တယ်။
ထမင်းဝိုင်းပြင်ပြီးတော့ ကျွန်တော့ကို တပည့်ဖြူမက လာခေါ်တယ်။ အိမ်ဦးခန်းမှာ နေရာယူပြီး စားဖို့ပြင်တော့ ကျွန်တော်တစ်ယောက်တည်း။ ကျွန်တော်က
"ကိုကျော်မင်း လာလေဗျာ။ ကျွန်တော်တစ်ယောက်တည်း။ ခင်ဗျားလည်း လာစားလေ" လို့ပြောလိုက်တော့ ဖြူမအဖေက အတင်းငြင်းတယ်။ နောက်ဆုံး ကျွန်တော်က "ကိုကျော်မင်း … ခင်ဗျား မစားရင် ကျွန်တော်လည်း မစားဘူး" ဆိုမှဝင်ထိုင်တယ်။
ထမင်းဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ငါးဘတ်ခေါင်းကို ကြက်ပေါင်သီးနဲ့ ချက်ထားတာတွေ့လိုက်ရတယ်။ ငပိရည် တို့စရာတွေကလည်းစုံနေတာပဲ။ ကိုကျော်မင်းက ကျွန်တော့် ပန်းကန်ထဲကို ငါးဘတ်ခေါင်းကြီးတစ်ခေါင်းလုံး ခတ်ထည့်ပေးလိုက်တယ်။ ကျွန်တော်က တစ်ဝက်ဖဲ့ပြီးသူ့ပန်းကန်ထဲပြန်ထည့်ပေးလိုက်ရော ကိုကျော်မင်း ထမင်းဝိုင်းကနေ ထပြေးပြီး အိမ်ခန်းထဲဝင်သွားတော့တယ်။ အိမ်ခန်းထဲမှာ ဟီး…ဟီး..ဆိုတဲ့ ငိုသံကြီး ကြား လိုက်ရတော့ ကျွန်တော်တောင် မျက်ရည်ဝဲတယ်။ တအောင့်နေတော့ ပြန်ထွက်လာပြီး
"ဆရာကြီးရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို သုဘရာဇာဆိုပြီး တစ်ရွာလုံးက အဖက်လုပ်ကြတာ မဟုတ်ဘူး" လို့ ပုဆိုးနဲ့ မျက်ရည်တွေသုတ်ပြီးပြောတယ်။
ကျွန်တော်သူ့ကို တရားဟောမနေတော့ဘူး။ ထမင်းကို ဆာဆာနဲ့ အားရပါးရစားပြလိုက်တယ်။ သူတို့ မိသားစုလည်း ဝမ်းသာလွန်းလို့ ပီတိဖြစ်နေတာကို ကျွန်တော် မျက်ရည်မကျမိအောင် မနည်းထိန်းရင်းက စားနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။
အဲဒီနေ့ကစပြီး ဖြူမ အချိုးပြောင်းလာတယ်။ ခိုင်းရင်လုပ်တယ်။ အရမ်းကြိုးစားတယ်။ အဲဒီကလေးအတွက် စိတ်ပူနေရာက နောက်ဆုံး စတုတ္ထတန်းအောင်စာရင်းထွက်လာတော့ ကျွန်တော့်ကလေး ၂၄ ယောက်စလုံး အောင်တယ်။ ဒီရွာသမိုင်းမှာ တန်းလုံးကျွတ်အောင်တဲ့ ပထမဆုံးအောင်ပွဲပဲ။
ကျွန်တော့်အောင်ပွဲက ဒီမှာတင်မရပ်ဘူး။ ကျောင်းအိုကျောင်းဟောင်းလေးကို ပြင်ဆောက်ဖို့ ရွာထဲလိုက် အလှူခံတော့ ဆေးလိပ်ခုံတစ်ခုကို ရောက်သွားတယ်။ ဆေးလိပ်ခုံသူဌေးက ကျွန်တော့်ကို ကြည့်ပြီး
"သချိုင်္င်းထဲ ထမင်းသွားစားတဲ့ဆရာလား" လို့မေးလိုက်တယ်။
သူကကျွန်တော့်ကို အိမ်ထဲခေါ်သွားပြီး
"ဆရာ့စိတ်ဓာတ်ကိုလေးစားတယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုဘဝက သူဌေးဖြစ်လာတာ။ ကိုင်း အလှူ လိုက်ခံ မနေနဲ့။ ဆရာ့ကျောင်းကို ကျွန်တော်ပြန်ဆောက်ပေးမယ်။ ဒီနှစ်တန်းလုံးကျွတ်အောင်တယ်ဆိုက တည်းက ဘာလုပ်ပေးရင်ကောင်းမလဲ စဉ်းစားနေတာ" လို့ပြောလိုက်တယ်။
ကျွန်တော်ဒီကျောင်းနဲ့ပတ်သက်ပြီး ဒုတိယတစ်ကြိမ် မျက်ရည်လည်ခဲ့ရတယ်။
ခုတော့ ကျွန်တော်မရှိတော့ပေမယ့် ကျောင်းလေးကတိုက်ကျောင်း၊ ကွန်ကရစ်လမ်းတွေနဲ့ စည်ကားနေပြီလို့ ကြားတယ်။ ဖြူမတစ်ယောက်လည်း ဘာတွေဖြစ်နေပြီလဲလို့ သိချင်လှတယ်။
၁၈.၃.၂၀၁၅
Credit to Tin Nyunt via Thet Thet Tun

Saturday, March 21, 2015

"Buddha..ကိုကျွန်တော်အရမ်းလေးစားပါတယ်.... ဘာကြောင့်လဲဆိုတော့... ..


ဆုလာဒ်တွေ ပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး....
သူ့ကိုမရှိခိုးရင်...မကိုးကွယ်ရင်..
ငရဲကိုပို့ပစ်မယ်လို့..မခြိမ်းခြောက်ခဲ့ပါဘူး...
သူ့ကိုရှိခိုးခြင်းထက်..
စရဏပိုင်း ကောင်းမွန်ခြင်းဟာ..
ပိုမြတ်တယ်လို့...
ပြတ်၂သား၂ ပြောကြားခဲ့သူပါ...
သူပြောတဲ့..စကားတိုင်းကိုလည်း..
အလွယ်တကူ..မျက်စိမှိတ်မယုံလိုက်ပါနဲ့လို့
ရဲ၂တောက် ပြောကြားခဲ့သူပါ...
သူဟောကြားခဲ့တဲ့..ဒီအမှန်တရားတွေဟာ..
သူပိုင်တာ မဟုတ်ပါဘူး...
သဘာဝအမှန်တရားတွေ သာဖြစ်တယ်လို့
ပေါ်၂တင်၂ပြောကြားခဲ့သူပါ...
သူရရှိခဲ့တဲ့..ဘုရားအဖြစ်ကိုလည်း..
သူတစ်ယောက်တည်း..
မောင်ပိုင်စီးထားတာမျိုးမဟုတ်ဘဲ...
ဘုရားဖြစ်ချင်ရင်လူသားတိုင်..
ကြိုးစားလို့ရတယ်ဆိုတဲ့...
လမ်းကြောင်းတစ်ခုကို,
စိတ်သဘောထား ကြီးမြတ်စွာ နဲ့ချပြခဲ့သူပါ...
လွပ်လပ်စွာတွေးခေါ်ခွင့်...
လွတ်လပ်စွာပြောဆိုနေထိုင်ခွင့်...
လွတ်လပ်စွာယုံကြည်ခွင့်...ဆိုတဲ့
ဒီမိုကရေစီ သဘောတရားတွေကို
ပြောကြားခဲ့တဲ့ ပထမဆုံးသော..
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...
ကိုယ်ကောင်းတာလုပ်ရင်..ကောင်းကျိုးခံစားရမယ် မကောင်းတာလုပ်ရင်..မကောင်းကျိုးခံစားရမယ်..
မိမိရဲ့ကောင်းခြင်းဆိုးခြင်း..ရလာဒ်တွေဟာ.
မိမိရဲ့အတိတ်,ပစ္စုပ္ပန်ကာလတွေရဲ့..
လုပ်ရပ်ကြောင့်ဖြစ်တယ်..
မည်သူတစ်ဦး တစ်ယောက်ကမှ..
ဖန်တီး စီရင်နေတာ,မဟုတ်ဘူးလို့
အကြောင်းတရားကြောင့်..
အကျိုးတရားဖြစ်ရခြင်း..ကိုပြောကြားခဲ့တဲ့..
တစ်ဦးတည်းသော..
ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ...
သူ့ရဲ့တစ်သက်တာ,ကာလပတ်လုံးမှာ,
သူတားမြစ်ခဲ့တဲ့ တရားတွေကို..
သူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်...
အဲဒါကြောင့်..ကျွန်တော်ဟာ..
Buddhaကို..အရမ်းလေးစားပါတယ်..
အရမ်းကြည်ညိုပါတယ်....
သူဟောကြားခဲ့တဲ့..ငြိမ်းချမ်းတရားတော်တွေဟာ..
ခုချိန်ထိ မှန်ကန်နေတုန်းပါပဲ...
လိုက်နာကျင့်သုံးရင်..အသုံးဝင်နေတုန်းပါပဲ...
ဒီနေ့ကမ္ဘာကြီး ငြိမ်းချမ်းအောင်..
Buddha တရားတော်တွေထဲမှာ..
နည်းလမ်းတွေ ရှိနေပါတယ်....
Buddha..ကျင်ကြံခဲ့တဲ့..
ဝိပဿနာတရားတွေဟာလည်း..
Buddha,ချမှတ်ပေးခဲ့တဲ့
နည်းလမ်းတွေအတိုင်း..
လက်တွေ့ကျင့်ကြံကြည့်ရင်..
စိတ်ရဲ့ငြိမ်းချမ်းခြင်းကို
အမှန်တကယ် ရှာတွေ့နိုင်တယ်ဆိုတာ..
ဘာသာခြားတွေတောင်..လက်ခံနေကြပါတယ်
ဝိပဿနာတရားစခန်းတွေမှာ..
ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့....
ဘာသာခြားတွေ..
အများကြီးလာရောက်ကျင့်ကြံ
အားထုတ်နေကြတာ..အများကြီးရှိပါတယ်...
*Buddha* ဟာ..ကြွားဝါမှုတွေ..
စည်းရုံးမှုတွေ...ခြိမ်းခြောက်မှုတွေ...
ချုပ်ချယ်မှုတွေ...မလုပ်ခဲ့ပါပဲနဲ့..
သူ့စကားကိုယုံကြည်စွာ..လိုက်နာနေကြတဲ့
Buddhaဘာသာဝင်တွေ..
ယနေ့အထိအများကြီး ရှိနေဆဲဖြစ်တာကို..
ကျွန်တော်အင်မတန်မှကို..ဂုဏ်ယူမိပါတယ်...
အခု..Buddhaမရှိတော့တာ..
နှစ်ပေါင်း၂၅၀၀ကျော်သွားပါပြီ..
အင်အားအကြီးဆုံး ဘာသာကြီး၎ခုထဲမှာ..
အခုချိန်ထိ ပါဝင်နေတာကို..
အံ့သြချီးကျူးလို့ကို..မဆုံးနိုင်တော့ပါဘူး....
ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေက..
စာအုပ်တွေများများ ဖတ်ပြီး..
ဆင်ခြင်သုံးသပ်ကြည့်လေပိုပြီး..
မှန်တယ်ဆိုတာ..သိလာပါတယ်။
ဒါကြောင့်..ကျွန်တော်ဟာ..
Buddhaဘာသာဝင် တစ်ယောက်ဖြစ်ရတာ..
ဂုဏ်ယူပါတယ် Buddhaဘာသာဝင်..အသိုင်းအဝိုင်းကြားမှာ..မွေးဖွားလာရတာကိုလည်း..
အလွန်ကျေနပ်မိပါတော့တယ်....
(ကျွန်တော်..ဒီလိုတွေရေးလိုက်တာဟာသူများဘာသာကို..ထိခိုက်စေလိုသော..ဆန္ဒမရှိပါဘူး..Buddhaဘာသာဝင်တစ်ဦးရဲ့..ရိုးရှင်းသော..ရင်တွင်းခံစားချက်သက်သက် သာ..ဖြစ်ပါတယ်)
Credit to ဗုဒ္ဓမူကြို

Thursday, March 19, 2015

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး
-----------------------------------------------------------
လူငယ်တစ်ယောက်က မြတ်စွာဘုရားကို ဒီလိုမေးတယ်။
“အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။
အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။
.
“အသင်သည် အလှူ ဒါနမပြုတတ်၍ ဖြစ်သည်”
ဟု မြတ်စွာဘုရားက ဖြေကြားတော်မူသည်။
.
ငွေကြေးတစ်ပြား တစ်ချပ်မှ မရှိသော ဆင်းရဲသား အကျွန်ုပ်ဖို့
မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်း။
.
‘ အသင်ဤသည်ကို မှတ်သားလော့။ တစ်ဦးတစ်ယောက်သောသူသည်
ငွေကြေးမရှိသော်လည်း ပေးကမ်းနိုင်သော
အလှူဒါန ခုနှစ်မျိုးရှိသည်။
.
ထိုခုနှစ်မျိုးမှာ ...
.
★ ၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း -
အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊
.
★ ၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း -
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။
.
★ ၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း -
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို
ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊
.
★ ၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း -
ကောင်းသောစေတနာ အမြင်ဖြင့်
သူတပါးကိုကြည့်မြင်တတ်ခြင်း၊
.
★ ၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း -
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့်
သူတစ်ပါးကို ကူညီခြင်း၊
.
★ ၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း -
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို
အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား
မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။
.
★ ၇။ နေအိမ်အလှူဒါနပြုခြင်း -
မိမိ၏ အိမ်နေရာကိုသူတပါးတို့
အနားယူရန် ပေးကမ်းခြင်း။
.
မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသောကောင်းမှု ကုသိုလ်ကို
ပေးကမ်းလေ့ရှိသည့် အကျင့် ကောင်းရှိလျှင်
အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ
လိုက်ပါလာမည်သာဖြစ်ပါသည်။
Aye Aye Thant
Credit to Dhamma Media

Tuesday, March 17, 2015

ရုပ်ပွားတော်

ခုရက်ထဲ လိုင်းပေါ်မှာ မျက်လုံးတော် တစ်ဖက်မှိတ်တဲပုံတော်တွေ စကားပြောတဲ့ ဗွီဒီယို ဖိုင်တွေ ရယ်တော်မူတဲ့ ပုံတွေ တက်တက်လာတာတွေတွေ့နေရတယ်
ပြုံးတော်မူတာတောင် အကြောင်းရှိမှ ပြုံးတော်မူတဲ့ အတုမရှိဗုဒ္ဓမြတ်စွာကို မဖွယ်မရာ အကြည်ညိုပျက်စရာတွေ လုပ်တာကို မြင်ရတာဟာ ဘာသာသာသနာအတွက် ဝမ်းလည်းနည်းမိပါတယ်
ဗုဒ္ဓဘာသာ အများစုဟာ ကြည်ညိုလွန်းတဲ့ သဒ္ဓါတရားတွေ အရမ်းများပြီးတော့ အကောင်းအဆိုးအကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်တဲ့ ပညာဥာဏ်ကြ အရမ်းနည်ကြပါတယ်။
ဒီဥာဏ်နည်းတဲ့အတွက် သူများလိမ်တိုင်းပတ်တိုင်း ခံနေရခြင်းဖြစ်ပါတယ်။
အာ့ကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး သိစေချင်တဲ့အတွက်မေတ္တာရှင်ဆရာတော်ရဲ့ ထေရဝါဒမှတ်ကျောက်စာအုပ်မှ ကောက်နုတ်တင်ပြချက်များကို မျှဝေပေးလိုက်ပါတယ်။
ဆုံးအောင်ဖတ်ပေးစေချင်ပါတယ်။
ရယ်ပြသော ရုပ်ပွားတော်
•••••••••••••••••••••••
၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေတစ်အိမ်တွင် ရယ်လည်းရယ် မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတစ်ဆူ ပင့်ထားသည်။
ယင်းရုပ်ပွားတော်အား ဆရာတော်ဖူးမျှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတရအောင် လိုက်သွားခဲ့၏
ပင့်ထားသောအိမ်က သူဌေးအိမ်ဖြစ်၏။ ဘုရားပုံတော်ကို ကြည့်လိုက်သောအခါ ဒက္ခိဏာသာခါပုံပင်ဖြစ်နေ၏။
ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုမခန်း ဖြစ်နေ၏။ ပင့်သူများကလည်း ထိုသို့အဖိုးတန်ပစ္စည်းများပါမှ ဂုဏ်ယူဝင့်ကြွားစွာ သူ့ထက်ငါ ပင့်ကြ၏။
ထိုသို့လူပင့်များသော ရုပ်ပွားမှန်သမျှတွင် ရတနာများ ညွတ်နေအောင် ဆင်ထားခြင်းဖြစ်၏။ အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲထားခြင်းပင်ဖြစ်၏။ ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးဆွဲသလို တပည့်ရဟန်းများကိုလည်း မသုံးဆွဲရပါ။
ထိုသို့ ရွှေ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားတော်အား ရွှေ ငွေ များ ညွတ်နေအောင် ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်ပေ။
ယခုကဲ့သို့ သိပါလျှက် ရတနာများကို ဆက်လက်ဆင်မြန်းနေမည် ဆိုလျှင် ဗုဒ္ဓဂရုက - ဘုရားကို အလေးထားခြင်း မဟုတ်တော့။ လာဘဂရုက - လာဘ်လာဘကို အလေးထားခြင်းသာ ဖြစ်၏။
ဗုဒ္ဓဂရုကသည် ဘုရားကို ကြည်ညိုသော သဒ္ဓါဓာတ် (ကုသိုလ်တရား) သာဖြစ်သည်။
လာဘဂရုကကား လာဘ်ကိုလိုချင်သော လောဘဓာတ်(အကုသိုလ်တရား)သာဖြစ်သည်။
ရုပ်ပွားပိုင်ရှင်များသည် လောဘစသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစားသင့်သည်။ လောဘပွားအောင်ကား မပြုလုပ်သင့်။
စာရေးသူတို့သည် ရုပ်ပွားတော်ကို သုံးနာရီကြာအောင် ထိုင်ဖူးသော်လည်း ရုပ်ပွားကရယ်လည်းမရယ် ပြုံးလည်းမပြုံးပြပေ။ ထို့ကြောင့် ရုပ်ပွားတော်နှင့် အတူပါလာသော ဥပါသကာကို မေးရ၏။
" ဒကာကြီးတို့ ရုပ်ပွားတော်က ဘာမှလည်းလုပ်မပြပါလား "
" ဒီလိုရယ်တာ မျက်စိဖွင့်တာ ပိတ်တာက အိမ်တိုင်းမှာတော့ မဖြစ်ဘူး ဘုရား တချို့အိမ်မှာပဲ ဖြစ်တာပါ ဘုရား "
ဒကာကြီးရေ ဦးပဉ္ဇင်းတို့ ကြားဖူးတာက --
သံဃာညွှန်ညစ် ကျွနစ်ဟိန္ဒဂူ
သားချစ်ရာဟု မျှော်ရှုပုံတူ
ကြည်းကုန်းထက်သို့ ဆွဲလျှက်တင်သူ
ကျွန့်ထိပ်ဦး ကွန့်မြူးစံတော်မူ……တဲ့။
" ဘုရားရှင်ဟာ ဝေနေယျ သတ္တဝါဟူသမျှကို ရင်သွေးရာဟုလာကဲ့သို့ တစ်တန်းတစားတည်း မေတ္တာထားတော်မူတာပါ ဗုဒ္ဓကို သုံးကြိမ်တိုင်တိုင်သေကြောင်းကြံခဲ့တဲ့ ဒေဝဒတ်အပေါ်မှာတောင် မေတ္တာပျက်တော် မမူပါဘူး။
ဒီလိုစိတ်ထားမျှတတော်မူတဲ့ ဘုရားရှင်က ဟိုအိမ်ကျတော့ မျက်လုံးဖွင့်ပြ ဒီအိမ်ကျတော့ ဖွင့်မပြဆိုရင်မျက်နှာလိုက်သလို ဖြစ်မနေဘူးလား။ "
စကားအဆုံးတွင် ထိုသူသည် စာရေးသူကို မကြည်သော အကြည့်ဖြင့် လှမ်းကြည့်နေ၏။စာရေးသူက မမြင်ဟန်ဆောင်ပြီး သည်းခံနေလိုက်၏။
ထိုသူသည် ချိုကြည့်ကြည့်ပြီးသည်နှင် အပြင်ကို ချက်ချင်းထွက်သွား၏။ ခဏကြာလျှင် ဗီဒီယိုအခွေကိုင်ပြီး ပြန်ရောက်လာ၏။ ရင်ကော့ကာ စစ်အောင်နိုင်သူ၏ လေသံမျိုးဖြင့် ……
" ရယ်ပြတာ မျက်စိမှိတ်ပြတာတွေကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ် အရင်ပင့်တဲ့အိမ်က ကြည့်မပြီးသေးဘူးဆိုလို့ ချက်ချင်းယူမလာတာပါ အခုယူလာခဲ့ပြီ ကြည့်ပါ "
ဟု ဆိုပြီး အခွေကို ထည့်လိုက်၏ ခဏကြာလျှင် ထူးမခြားနားသီချင်းသံဖြင့် ဘုရားဘွဲ့တော် အပူဇော်ခံရာမြို့ ရပ်ကွက် အိမ် နံပါတ်နှင့်အတူ ရယ်နေသော ဘုရားပုံတော် ပေါ်လာ၏။
ဗုဒ္ဓရှင်တော်မြတ်သည် ပြုံးရုံသာ ပြုံးတော်မူလေ့ရှိ၏။ အော်ဟစ်ရယ်မောခြင်း မျက်ရည်ထွက်အောင်ရယ်ခြင်း ရှေထိုးနောက်လန် ရယ်ခြင်း ဟူသော လူညံ့ရယ်ခြင်းမျိုးကို မည်သည့်အခါမျှ ရယ်တော်မမူပေ။
ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော်(၁၀)ပါးတွင် နတ္ထိရဝါ-မြူးထူးရယ်မောခြင်း မရှိ ဟူ၍ ပြဆိုထားသည်။
ယခုရယ်နေသော ရုပ်ပွားတော်၏ ပါးစပ်သည်ကား ဦးတည်ဘွားပါးစပ်ထက်ပင် ကျယ်ဦးမည်ထင်၏။ သွားကြီးများပင် ပေါ်နေသည်ကို တွေ့ရ၏။ ဗီဒီယိုကို လှည့်စားပြီး ရိုက်ထားခြင်းသာ ဖြစ်သည်။ လိမ်သောသူသည် မပိမယိဖြစ်နေတော့သည်။
မြတ်စွာဘုရား ပြုံးရုံသာ ပြုံးသည် ဆိုသည်ကို သူတို့တစ်တွေ မကြားဖူးသောကြောင့် ပါးစပ်ပြဲပြီး ရယ်သောပုံကို ရိုက်ပြထားခြင်း ဖြစ်၏။
မိနစ်အတော်ကြာသောအခါ မျက်စိဖွင့်သောပုံ ပေါ်လာပြန်သည်။ တကယ်ဆိုရင် ဣနြေ္ဒရရဖြစ်အောင် နှစ်ဖက်စလုံးဖွင့်သောပုံ ဖြစ်သင့်၏။
ယခုက ဘုရားပုံဖြစ်လျှက် မျက်လုံးတစ်ဖက်သာ ဖွင့်ထားပြီး တစ်ဖက်က မှိတ်လျှက်သာ ဖြစ်၏။
မျက်လုံးတစ်ဖက်မှိတ်ရသော အလုပ်မှာ မည်သူကမည်သူ့ကို လုပ်ပြခြင်းဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင်၏။
မျက်စိတစ်ဖက် ဖွင့်ပြသောပုံကို ရိုက်ပြလိုက်လျှင် မျက်စိတစ်ဖက်မှိတ်ပြသော ကလေကလားဆန်သော ပုံဖြစ်သွားမည်ကို မုသာဝါဒီ ဗီဒီယိုဆရာ ဓါတ်ပုံဆရာတို့ သတိထားမိဟန် မတူပေ။
ကျွန်ုပ်တို့ ကျောင်းသို့ပြန်ရောက်သောအခါ ပင့်သွားသူ အမေ့ငြိမ်းက
" ဆရာတော် အံသြစရာ မကောင်းဘူးလားဘုရား "
" အံ့သြစရာမကောင်းပါဘူး စိတ်ပျက်ဖို့ပဲ ကောင်းပါတယ် "
" ဘာဖြစ်လို့လဲ ဘုရား"
" ဒကာမကြီး စဉ်းစားကြည့်ပေါ့ တကယ်အစစ်အမှန်ဆိုရင် ဦးပဉ္ဇင်းတို့ ရှေ့မှာတင် ရယ်ပြ မျက်လုံးဖွင့်ပြရမှာပေါ့ အခုတော့ လုပ်ကြံပြီး ရိုက်ထားတဲ့ ဗီဒီယိုဘဲ ပြတယ် ဒီကတည်းက လိမ်နေတယ်ဆိုတာ အထင်အရှားပဲ ဒီလိုလိမ်တာကလည်း အလွယ်လေးပါ ရုပ်ပွားခေါင်းတော်ကို အရှင် သုံးမျိုး လုပ်ထားရတယ်
တမျိုးက ရိုးရိုးခေါင်း တစ်မျိုးက ရယ်နေတဲ့ခေါင်း နောက်တစ်မျိုးက မျက်လုံးတစ်ဖက်ဖွင့်လိုက် ပိတ်လိုက်လုပ်တဲ့ခေါင်းပေါ့ "
" ဒါဆိုလည်း ဆရာတော် အိမ်ရှင်တွေကို လိမ်နေတာ ဖြစ်ကြောင်း တစ်ခါတည်း ရှင်းပြခဲ့ရောပေါ့ "
" လိမ်စားနေတဲ့သူဟာ အကုသိုလ်ဖြစ်တာပါ အလိမ်ခံရတဲ့သူတွေကတော့ သဒ္ဓါဓာတ်တွေ နိုးကြားတက်ကြွနေကြတော့ ကုသိုလ်တွေ ဖြစ်နေတာပေါ့ သူတို့ရဲ့ ဖြစ်ပွားနေတဲ့ ကုသိုလ်လေးတွေ ချက်ချင်းပျက်သွားမှာစိုးလို့ မပြောခဲ့သေးတာပါ နောက်တော့ ဒီအကြောင်းကို ဆောင်းပါးရေးဦးမှာပါ နောက်တဖြည်းဖြည်းမှ ဒကာမကြီးကိုယ်တိုင်ကလည်း ရှင်ပြလိုက်အုန်းပေါ့ "
*မေတ္တာရှင် ရွှေပြည်သာ*
မှတ်ချက်......ဤပိုစ်ကိုဘာသာတရားနဲ့သွေဖယ်သော ကွန်းမင့်များ မပေးစေလိုပါ...
ကျွန်တော် ဗုဒ္ဓဘာသာ စစ်စစ်ပါ...

အခမဲ့အထူးကုဆေးခန်း

ိုင်း... က.မိတ်ဆွေ များ..ခင်ဗျား.. ။။။။။။။။။။ လက်တို့..သတင်းပေး.ခြင်းဖြင့်..နွမ်းပါးသူ များကို..ကူညီပေးစေချင်ပါတယ်..။ အများ အတွက်..ကျန်းမာရေး..အတွက်..ကောင်းသတင်း မို့..ကျယ်ပြန်စေချင်လို့ပါ...။ ။။။။။။။။။။ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့က..လှိုင်သာယာ၊
ကျန်စစ်သားလမ်းမကြီးပေါ်မှာ.. လှိုင်သာယာ၊ မြို့ဦးစေတီ..မျက်နှာချင်းဆိုင်မှာ..ကုသိုလ်ဖြစ်..ဆေးခန်း.ဖွင့် ထား ပါတယ်..။ ။။။။။။။။။။။ အခမဲ့..ဆေးခန်းပါ..။
ငွေကြေး..တစ်ပြား..တစ်ချပ်မှ..ပေးရန် မလိုအပ်တဲ့..ဆေးခန်းပါ..။ ။။။။။။။။။။။။ ဆေးခန်း က..သပ်သပ် ရပ်ရပ်နဲ့..သားသား နားနား..လေးဖြစ်နေတာရယ်.. အထူး ကု..ဆရာဝန်ကြီးတွေ..ထိုင်တာရယ်..ကြောင့်..အချို့နွမ်းပါး သူများက.. ဟန့်..နေ သလား..လို့..မြင်မိပါတယ်..။
ကျွန်တော်တို့..မြန်မာတွေ က..ဆိုင်ခန်း ကို..မှန်ကာ..လိုက်ရင်တောင်.. ၀င်ဘို့..၀န်လေး သွား..တတ်သူ..အများစု..မို့..ပါ..။ ။။။။။။။။။။။။ ဆေးခန်းမှာ..ဆေးပညာ၊ ခွဲစိတ်၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေး.. အထူးကု.. သမားတော်ကြီး များ..လည်း..ထိုင်ပါတယ်..။ ။။။။။။။။။။။။ စမ်းသပ်ခ..အခမဲ့..ပါ.. ဆေးဖိုးဝါးခ..အခမဲ့..ပါ.. KBZ ဘဏ် က..သိန်း တစ်ထောင်..မတည်..အလှူ ထည့်ဝင် ထားပါတယ်..။ အခြား..လစဉ်.. အလှူ ရှင် များ..ရှိပါတယ်..။ ဆေး အလှူ ရှင်များလည်း..ရှိပါတယ်..။ ။။။။။။။။။။။။ လိုအပ် လာရင်..အင်းစိန်ဆေးရုံကြီး၊ ရန်ကုန် အနောက်ပိုင်းဆေးရုံ၊ ရန်ကုန် အထူး ကုဆေးရုံကြီး၊ များမှာရှိတဲ့..ဆရာဝန်ကြီးများနဲ့..ဆက်သွယ်.ပြီး..ဆက်လက် ကုသနိုင် ဘို့..ကူညီပေးဦး မှာပါ..။
။။။။။။။။။။။။။ Minor Surgery Case
များကို..လှိုင်သာယာ..ထွန်းဖောင်ဒေးရှင်း က..ဆေးရုံ က.. ခွဲစိတ် ခန်းမှာ.. ညှိနှိုင်ပြီးခွဲပေးပါတယ်.။
ခွဲစိတ်ခန်းခ..ကိုလည်း..အသင်းက..တာဝန်ယူ တာပါ..။ လူနာများ..ပေးဘို့..မလိုပါ ဘူး..။ နောင်ကို.ခွဲစိတ်ခန်း ကိစ္စ.ပုဂ္ဂလိက.ဆေးရုံကြီး.တစ်ခု.ကလည်း.. ကူညီနိုင်..မဲ့..အနေအထား ရှိနေပါတယ်..။ ။။။။။။။။။။။။။ ကုသိုလ်ဖြစ်..အခမဲ့..ဆေးခန်းပါ.ခင်ဗျာ..။ နွမ်းပါးသူတွေ..အခက်အခဲ ရှိသူတွေကို..ကူညီဘို့..ဖွင့်ထားတဲ့..ဆေးခန်းပါ..။ ဘာရည်ရွယ် ချက်..ညာရည်ရွယ် ချက်..ဆိုတာ မျိုးတွေ..မရှိပါဘူး..။ နိုင်ငံရေး..အရောင်တွေ..မပါ..ပါဘူး..။ ဘာမှ..ပြန်ပေးဘို့..မလိုပါဘူး..။ ။။။။။။။။။။။။။ နှုတ်၏စောင်မခြင်း..ဆိုတာ..ကလည်း..ကုသိုလ် တစ်မျိုး မို့.. ကူညီနိုင်ရင်.. ကူညီဖို့.သတင်း...ဖြန့်ဝေ..ပေးဘို့.. မေတ္တာရပ်ခံအပ်ပါတယ်..။ ။။။။။။။။။။။။။။
ဆေးခန်း နေရာ
လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း
မြို့ဦးစေတီ..မျက်နှာချင်းဆိုင်
ကျန်စစ်သားလမ်းမကြီးပေါ်.. လှိုင်သာယာ၊
Credit toး ကို ၀င်းအောင် (ရေကြောင်းကျောင်းဆရာ) တွဲဘက်အတွင်းရေးမှူး(၁) လူရည်ချွန်(၁၉၆၄-၈၈) အဖွဲ့ ။။။။။။။။။။။။။
မှတ်ချက်. ။။။။။။။။။။။ .ဆေးခန်းဖွင့်ချိန်..၊ စေတနာနဲ့ ကူညီနေတဲ့..သမားတော်ကြီး များ.ရဲ့..အမည် သူတို့..ထိုင်မဲ့..နေ့တွေ ကို..ဓါတ်ပုံမှာ..ဖော်ပြထားပါတယ်.
www.facebook.com/Bellbagan

“မင်္ဂလာ အောက်ဆီဂျင်(လေ) ကုသိုလ် တည်နေရာ”

(လူ့အသက်သည် အလွန်အရေးကြီးသောကြောင့် Share ပေးကြစေချင်ပါသည်)
“မင်္ဂလာ အောက်ဆီဂျင်(လေ) ကုသိုလ် တည်နေရာ”
----------------------------------------------------------
ဦးချစ်မောင်လမ်းနှင့် မင်္ဂလာသိဒ္ဓိလမ်းထောင့်၊
မင်းလမ်းမှတ်တိုင်၊ ဆရာစံတောင်(စံပြ)ရပ်ကွက်၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
Hotlineး 09 254 810 669
လှူဒါန်းလိုပါသည်
__________
အသက်ရှူရန် အခက်အခဲဖြစ်နေသော
နာမကျန်းဖြစ်နေသူများအား အောက်စီဂျင်
(Oxygen) ဘူးများ ငှားရန်းပေးလိုပါသည်။
အသုံးပြု ပြီးလျှင် အောက်စီဂျင် (Oxygen)
ပြန်ထည့်ပေးရန်မလိုပါ။
(အခကြေးငွေ ပေးရန်မလိုပါ)
ဆက်သွယ်ရန်
--------------
ဦးကိုကိုကြီး ၀၉၅၀၂၁၅၆၉
ဦးမောင်မောင်ထွန်း ၀၉၅၁၁၇၅၃၅
ဦးဝင်းဗိုလ် ၀၉၂၅၀၄၉၉၀၃၂
ဦးညိုထွေးထွန်း ၀၉၃၀၀၉၅၀၀၀
ဦးတရုတ်ကြီး ၀၉၄၉၂၄၁၀၈၆
ဦးအေးအောင် ၀၉၅၁၇၇၈၁၆
ဦးသန့်ဇင် ၀၉၅၀၅၀၆၆၈
ဦးလောရင့် ၀၉၇၃၀၂၅၆၀၀
ဦးစိန်ထိုက် ၀၉၃၀၀၇၃၁၂၂
Credit to Mingalar Oxygen ၏ စာမျက်နှာမှ
—
Mitta Online Service မှ မိတ်ဆွေတို့အတွက်
(၁) Facebook သို့ ဒေါ်လာဖြင့်သွင်း၍ Sponsored Page, Promote Page, Boost Post ပြုလုပ်ခြင်းများကို ကူညီဆောင်ရွက်ပေးနေပါသည်။
(၂) မိမိတို့၏အကျိုးစီးပွါးအတွက် ဖွင့်ထားသော Facebook Page မျိုးစုံတို့ကို ထင်ပေါ်ကျော်ကြား လူသိများလာအောင်၊ Like များများ တက်လာအောင် ကူညီဆောင်ရွက်ပေးနေပါသည်။
အသေးစိပ်ကို Message Box မှ ဆက်သွယ်မေးမြန်းနိုင်ကြပါသည်။

Sunday, March 15, 2015

မိဘမဲ့ကလေးများကျောင်းနှင့်ဘုန်းကြီးကျောင်းလိပ်စာများ

သင့်ရဲ့ Share တစ်ချက်ဟာ အနည်းဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကိုပေးစွမ်းနိုင်တယ်ဆိုတာကို မမေ့ကြနဲ့နော်။
အွန်လိုင်းသုံးရင်း ကုသိုလ်ယူလိုက်ကြရအောင်နော်)
(သင့်ရဲ့ Share တစ်ချက်ဟာ အနညးဆုံး ကလေးတစ်ယောက်အတွက် ထမင်းတစ်နပ်ကို ဖူလုံစေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့)
“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”
====================================
ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။
၁)သီလရှင်စာသင်တိုက်
ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ
ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆
၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း
အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။
ဖုန်း - ၀၉ ၈၆၂ ၈၄၉၄
၃)အေးရိပ်သာကျောင်း
(၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့
ဖုန်း - ၀၉ ၄၃၀ ၅၆၆၀
၎)ရွှေငြိမ်စံကျောင်း
အုတ်ဖိုတောရ မဟာစည် သာသနာ့ရိပ်သာ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ မလစ်အုပ်စု
ဖုန်း - ၀၉ ၈၆၃ ၁၇၀၉၊ ၀၁- ၅၉၉၄၁၂
၅)ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်း
မှော်ဘီ ၀ါးနတ်ချောင်းကျေးရွာ။
ဖုန်း - ၀၉ ၇၃၀ ၉၂၄၁၅၊ ၀၉ ၇၃၁ ၄၂၈၅၆
၆)ရွှေရတနာသီလရှင်ကျောင်း
အမှတ်(၂၀) ၊ မကွေးလမ်း၊ သံဒင်းရပ်ကွက်။
ဖုန်း -၀၁ ၆၁၁၅၂၃
၇) အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊
အလယ်၇ွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုံအနီး(ရွှေပြည်သာ တံတားအဆင်း) လှိုင်သာယာ၊ ရန်ကုန်
ဖုန်း 613665
၈) ကုမာရရမ ပရဟိတကျောင်းတိုက်
အောင်သိဒ္ဒိလမ်း ၊ (၃) ရပ်ကွက် ၊ မရမ်းကုန်း
ဖုန်း -0973031875
မူလတန်းမှ ပဉ္စမတန်းအထိ မိဘမဲ့ကလေး (၁၅၀)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်
၉) ပြွန်တန်ဆာ ပရဟိတသီလရှင်ပညာရေးကျောင်း
၂၂ ရပ်ကွက် ရွှေပေါက္ကံမြို့သစ် မြောက်ဥက္ကလာပ
ဖုန်း 09421075045
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
န၀မတန်းမှ ဒသမတန်းအထိ ပြင်ပသင်
ကျောင်းသားကျောင်းသူ ၁၄၇ ဦး အတွက်
၁၀) သီရိမင်္ဂလာ (အုန်းတောကျောင်း)
ဖုန်း 0954022180
မူလတန်းမှ စတုတ္ထတန်းအထိ မိဘမဲ့ကလေး ၃၀ ဦး
ကျောင်းသား ၂၄၇ ဦးအတွက်
၁၁) ဓမ္မလင်္ကာရဘုန်းတော်ကြီးကျောင်း
ဘုန်းတော်ကြီးစာသင်တိုက် တွံတေးမြို့
ဖုန်း 095060663
မိဘမဲ့ကလေး 168 ဦးအတွက်
၁၂) တိက္ခာရာမ ပရဟိတစာသင်ကျောင်း
၇/၈ လမ်းဆုံ မြောက်ဒဂုံ ဖုန်း 0973024065
မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသင်
ပဉ္စမတန်းမှ အဌမတန်းအထိ တွဲဖက်သင်
မိဘမဲ့ကလေး (၁၅)ဦး
ကျောင်းသား ကျောင်းသူ (၃၅၀)ဦးအတွက်
၁၃) သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၂-ရပ်ကွက် ပေါ်ဦး ၆ လမ်း ဒဂုံအရှေ့ပိုင်း
ဖုန်း 0943082166 ၊ 01-581023
သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား ကျောင်းသူ (၁၈၀)ဦး နှင့်
ကျောင်းအောက်ခန်းကို ပြင်ဆင်ရန်အတွက်
၁၄) ပိတောက်ရွှေဝါပရဟိတစာသင်ကျောင်း
မြောက်ဥက္ကလာပမြို့နယ်
ဖုန်း 095680582 ၊ 056-22609
မိဘမဲ့ကလေး (၄၈၀) ဦး
ရပ်ကွက်နေ ကျောင်းသား (၁၂၀၀)ဦးအတွက်
၁၅) ရဲမွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ရဲမွန်စံပြကျေးရွာ လှည်းကူးမြို့နယ်
ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ခန့်အတွက်
၁၆) ကွမ်းခြံကုန်း ကံကြီး မကျီးရပ်ကွက်
ရွှေကျင် (ဂျား)ကျောင်း ပရိယတ္တိစာသင်တိုက်
ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဆရာတော်ဘဒ္ဒန္တပညာဝရ
ဖုန်း - 01-265043/ 098640565
၁၇) အောင် (ပရဟိတကျောင်း)
ဖုန်း 098612292
မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၁၂၇၀ ဦးအတွက်
၁၈) စိမ်းလမ်းမြေ (ပရဟိတဂေဟာ)
ဖောင်ကြီး
ဥက္ကဌဖုန်း - 01-629758 / 0945525840
ဘဏ္ဍာရေးမှူးဖုန်း 01-558395 /0973034500
ကျောင်းသား/သူ ၃၀ ကျော်
၁၉) မင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်း
ဖလှယ်ကြီး (ခ) ဘုရားကြီးကျေးရွာ တွံတေးမြို့
ကျောင်းသား / သူ ၈၀၀ ကျော်အတွက်
၂၀) ကွမ်းခြံကုန်း ပရဟိတကျောင်း
မဟာဝိဇိရမင်္ဂလာပရဟိတစာသင်တိုက်
ကွမ်းခြံကုန်းမြို့
ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက်
၂၁) မဏိရာမ ပရတိတကျောင်း
ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါတောင်အနီး ပဲခူး
၂၂) မာဃဘုန်းတော်ကြီးသင်ပညာရေးကျောင်း
၁၅ လမ်း ၅ ရပ်ကွက် မြောက်ဥက္ကလာပ
မိဘမဲ့ ကလေးများဝိုင်းဝန်းကူညီစောင့်ရှောက်ပေး
-----------------------------------------------------
ကမ္ဘာကြီးပေါ်မှာရှိနေတဲ့  ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုးနေရ ရှာတယ် ။ သူတို့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်း များစွာနဲ့ ကူညီသူမဲ့ဖြစ်နေရ ရှာပါတယ်။ ကျွန်တော်တို့  နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်း များစွာဟာ ကံဆိုး နေကြဆဲပါ၊ အမိအဖမဲ့  ရင်သွေးငယ်များ အတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာ လိုအပ်နေကြ ပါတယ်။
ကမ္ဘာကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက် မည့် မျိုးဆက်သစ် လူသား အရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာ လက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့ အနာဂတ်များ ထွန်းလင်း တောက်ပစေအောင် လုပ်ဆောင် ကျပါစို့ဗျာ..။
နောင်တစ်ချိန်မှာ သူတို့ရဲ့ အစွမ်းအစလေးတွေနဲ့ ပိုမိုတိုးတက်တဲ့ အနာဂတ် ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့ မရပါဘူး။ ဒီလိုမျိုး အရေးပါလှတဲ့ နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်ပေါင်းများစွာ အပေါ်မှာ-
* --ဘာကြောင့်များ ကျွန်တော်တို့ ပစ်ပယ်မိနေကျ တာလဲ?
* --ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ?
* --ဘာကြောင့်များ အကူအညီ အလုံအလောက် မပေးနိုင်ရတာလဲ?
အတူလက်တွဲ ကူညီကြပါစို့ လား..... ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာကြီး အတွက်၊ ကျွန်တော်တို့ ချစ်တဲ့ ကလေးလေးတွေ အတွက်
ချစ်သော ရွှေအိမ်စည်