လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label ဗုဒ္ဓဘာသာနဲ့သိပ္ပံပညာ. Show all posts
Showing posts with label ဗုဒ္ဓဘာသာနဲ့သိပ္ပံပညာ. Show all posts

Thursday, September 14, 2017

ဒိဋ္ဌတွေ့မှယုံ (seeing is believing) မယ်။



သိပ္ပံပညာထွန်းကားတဲ့ယခုလိုခေတ်မှာ ဒိဋ္ဌတွေ့မှယုံ (seeing is believing) တယ်ဆိုတဲ့သူတွေ အလွန်များပါတယ်။ တစ်ချို့ဆိုရင် ဘယ်လောက်တောင်အစွန်းရောက်သွားသလဲဆိုရင်သိပ္ပံပညာ (Scientology) ကို ဘုရားတစ်ဆူလိုကိုးကွယ်လာကြတဲ့ အထိ ပါပဲ။ နံမည်ကြီးတဲ့ မင်းသားမင်းသမီးတွေ ကိုးကွယ်ကြလို့ လိုက်ကိုး ကွယ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ မင်းသား မင်းသမီးတိုင်း ပညာရှိတွေ၊သူတော်ကောင်းတွေမဟုတ်ကြတာမို့ မကြာခင်ကပဲ Scientology က လက်ခံရရှိတဲ့ အလှူငွေတွေအလွဲသုံးစားမှုကြီး ကမ္ဘာကျော်ခဲ့ပါတယ်။

မျက်မြင်ဆိုရာမှာ လူတွေရဲ့ မျက်စိက မြင်နိုင်စွမ်းအလွန်နည်းပါတယ်။ ပြောရမယ်ဆိုရင် တိရစ္ဆာန်တွေ လောက်တောင် မြင်အားမကောင်းပါဘူး။ ဥပမာ ဇီးကွက်လို ညဘက်အစာရှာတဲတိရစ္ဆာန်တွေဟာ အလင်းရောင်နည်းတဲ့ ညမှာ လူ့မျက်စိထက် ပိုမြင်နိုင်ပါတယ်။

သိပ္ပံပညာက အမြင်အားကောင်းအောင် စက်ပစ္စည်းတွေတည်ထွင်လို့ သာမာန်မျက်စိနဲ့မမြင်နိုင် တာကို မြင်စေခြင်းဖြင့် သိပ္ပံပညာ ပိုမိုထွန်းကားလာတာနဲ့အမျှ ပိုမြင်လာပါတယ်။ ဥပမာ ကျမတို့ပတ်ဝန်းကျင် မှာရှိတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီယားပိုး (Bacteria) တွေကို သာမာန်မျက်စိနဲ့ မမြင်ပေမဲ့ အဆ တစ်ထောင်ကြီးစေတဲ့ မှန်ဘီးလူး(light microscope) တည်ထွင်နိုင်တဲ့အခါ၊ဘက်တီးရီယားပိုးတွေကိုlight microscope နဲ့မျက်ဝါးထင်ထင်မြင်လာပါတယ်။ ဒါပေမဲ့ ဘက်တီးရီယားပိုး တွေထက်ပိုသေးငယ်တဲ့  ဗိုင်းရပ်စ်ပိုး(virus) တွေကိုတော့ light microscope နဲ့မမြင်နိုင်ပါဘူး။ အဆ တစ်သိန်းကျော်ချဲ့နိုင်တဲ့ (Electron microscope) တည်ထွင်နိုင်တဲ့အခါမှသာ မြင်ပါတယ်။ light microscope တို့ Electron microscope တို့ကြောင့် Bacteria နဲ့ virus တွေပေါ်ပေါက်လာတာမဟုတ်ပဲ မြင်နိုင်စွမ်းမရှိလို့ မမြင် ခဲ့တာ ဖြစ်ပြီး။ မျက်စိနဲ့ မမြင်တိုင်း မရှိဘူး၊ မမှန်ဘူးလို့ ပြောရင် တက်တက်စင်အောင်မှားနေပြီ
ဆိုတာ သတိထားသင့်ပါတယ်။

၁၈ ရာစုနှစ်က ဒြပ် (matter) တွေကို အဆင့်ဆင့်ခွဲစိပ်ခဲ့ရာ အသေးငယ်ဆုံးအဏှမြူ (Atom) တွေတွေ့ရှိ
ရာမှ အရာအားလုံးဟာသေးငယ်သောအဏှမြူ ဒြပ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ ရုပ်ဝါဒ(materialism)
ထွန်းကားခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ အသေးငယ်ဆုံးဒြပ်လို့သတ်မှတ်တဲ့အဏှမြူ (Atom) ကိုထပ်မံ
ခွဲစိပ်နိုင်တာမို့ (electron, proton, neutron) လို့ခေါ်တဲ့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေတွေ့
ရှိလာပါတယ်။ ၂၀ ရာစုမှာတော့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေဆိုတာ အဆိုင်အခဲ၊အမှုံတွေ
(Particles) မဟုတ်ကြပဲ စွမ်းအင်တွေ (Energy) သာဖြစ်ပြီး အမြဲလှုပ်ရှားနေတယ်ဆိုတာထပ်တွေ့ရှိပြန် ပါတယ်။ 
ဒီတွေ့ရှိချက် ရောက်မှသာ မြတ်စွာဘုရားဟောတော်မူတဲ့ သဘောတရားမျှသာရှိတဲ့၊ အဆိုင်အခဲ အမှုံအမွှား အနေနဲ့ မရှိဘူးဆိုတဲ့ ပရမတ်ရုပ် ကို သိပ္ပံပညာရှင် (scientist ) ဆိုသူတွေ နားလည် ကြမှာ ဖြစ်ပါတယ်။

သိစရာမြင်စရာမှန်သမျှကိုအမှန်အတိုင်းမြင်တော်မူသောမြတ်ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကျော်ထဲက
 အမြဲဖေါက်ပြန်ပြောင်းလဲနေတဲ့ ရုပ်ပရမတ်ဆိုတဲ့ သဘောတရားကို ဟောတော်မူခဲ့ပါ တယ်။ မြတ်ဘုရားဟောတော်မူတဲ့ နာမ်တရားကိုသိနိုင်ဖို့တော့ သိပ္ပံပညာရှင် တွေဆက်လက် ကြိုးစားကြရ ပါအုံးမယ်။

အမေပေးတဲ့မျက်စိထက် အဆများစွာသာလွန်တဲ့ ဥာဏ်မျက်စိပိုင်ရှင်များဖြစ်ကြပါစေ။

အစမ်းသပ်ခံ ဗုဒ္ဓဘာသာ။ ၂

မြတ်စွာဘုရားရဲ့တရားတော်များဟာ အစမ်းသပ်ခံနိုင်တဲ့တရားတော်များဖြစ်တာကြောင့် လက်တွေ့စမ်းသပ်တဲ့သိပ္ပံပညာတိုးတက်လာတာနဲ့အမျှမြတ်ဘုရားရဲ့တရားတော်တွေ မှန်ကန်နိုင်ကြောင်းကိုလူသာမာန်များသိအောင်ပြနိုင်လာပါတယ်။ ဥပမာ အားဖြင့်                   

၁။ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရားဟော်တော်မူသောအခါနဲ့ မဟာသမယသုတ်တော်ကိုဟောတော်မူတဲ့အခါမှာ မြတ်ဘုရားနဲ့လုံးဝတူသော နိမိတ္တခေါ် ဘုရားတစ်ဆူဖမ်းဆင်ခဲ့ပြီး ၎င်းပြောလိုသောတရားများကိုပြောစေခဲ့ပါတယ်။ ဒီအကြောင်းကို ယခုခေတ်မှာလို ပရိုဂမ်လုပ် (Programme) လုပ်နိုင်သော ရိုဘော့ (Robot) တည်ထွင်နိုင် တာကြောင့်ဖြစ်နိုင်တယ်လို့လက်ခံနိုင်ကြပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၅၀ လောက် အထိ မယုံ နိုင်စရာဖြစ်ခဲ့ပါတယ်။

၂။ သုတ္တန်တရားတော်တစ်ခုမှာပါတဲ့ ပစ္စေကဗုဒ္ဓ အပါး ၅၀၀ ကို အမျိုးသမီးတစ်ဦးတည်း က ဖွါးတယ် ဆိုတာယခင်က ယုံနိုင်စရာမရှိခဲ့ပါဘူး။ ပစ္စေကဗုဒ္ဓ အပါး ၅၀၀ ဖွါးပုံက တစ်ဦးကို သာ သဘာဝအတိုင်းဖွါး ပြီး ကျန် ၄၉၉ ပါးကတော့ အချင်းကကျတဲ့သွေးစက်တွေကနေ ဖြစ်လာ တယ်လို့ဆိုပါတယ်။ ဒီကိစ္စကလည်း ယခုလို သွေးစက်မှာပါတဲ့ DNA တွေကနေ သတ္တ၀ါ တစ်ယောက်ဖြစ် အောင်ပြု လုပ်နိုင်တဲ့ cloning ခေါ်တဲ့ သိပ္ပံပညာကြောင့် မယုံစရာမရှိတော့ပါဘူး။

၃။ သုတ္တန်တရားတော်တစ်ခုမှာ ငှက်တစ်မျိုးက လေရှုပြီး သားပေါက်တဲ့ ဥတွေဥကြောင်း ဖတ် ရတော့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ကိုယ်သိတာက ငှက်မတွေဟာ ငှက်ထီးနဲ့ မဆက်ဆံရင် လေဥ လို့ခေါ်တဲ့သားမပေါက်နိုင်တဲ့ဥ (unfertilized ovum) တွေသာဥပြီး ငှက် အကောင်ပေါက်နိုင်တဲ့ ဥ (unfertilized egg) ကိုတော့ငှက်ထီးနဲ့ဆက်ဆံမှဥနိုင် တယ်လို့သိခဲ့ တာကိုး။ ဒါပေမဲ့ တိရိစ္ဆာန်တော်တော်များများဟာ Partheogenesis ခေါ်တဲ့ အထီးနဲ့မဆက်ဆံပဲ အကေါင်ပေါက်နိုင်တယ်ဆိုတာကိုအံသြစွာရှာဖွေတွေ့ရှိပါတယ်။ ဒီနည်းကို ပိုးမွှားများ၊ စကော့ပီးယံ (scorpium) ၊ အချို့ပျားများ၊ငါးများ၊တွားသွားသတ္တ၀ါများနဲ့ အချို့ ငှက်များမှာတွေ့ ရကြောင်း သိရှိ ရပါတယ်။

သုဘပုဏ္ဏားက မြတ်ဘုရားအား လူဆိုတာ လူလောက်ပဲသိနိုင်မယ်။ လူထက်ပိုပြီးသိနိုင်တယ် ဆိုတာမဖြစ်နိုင်ဘူးလို့ ပြောတာကို မြတ်ဘုရားက ဖြူနီဝါစတဲ့ အရောင်တွေကိုမမြင်နိုင်တဲ့ ၀မ်းတွင်းကန်းက အရောင်တွေရှိတယ်ဆိုတာလည်း မယုံဘူး၊ အရောင်တွေကိုမြင်တဲ့သူဆို တာလည်းမရှိနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်မမြင်လို့ လို့ ပြောသလိုဖြစ် နေပြီ လို့ ဥပမာ ပေးခဲ့ပါတယ်။


ကျမ်းကိုး။                                                                                                           
၁။ မဇ္ဈိမနိကယ်၊မဇ္ဈိမပဏ္ဏာသပါဠိတော်လာ ၉ ခုမြောက်၊သုဘသုတ်။                                                                                   
၂။ wikipedia

ပညာဗဟုသုတနဲ့ပြည့်စုံနိုင်ကြပါစေ။



အစမ်းအသပ်ခံသောဗုဒ္ဓဘာသာ။



ထေရီအပဒါန်တွင်ပါဝင်သော မြတ်ဘုရား၏လက်ဝဲတော်ရံ တန်းခိုးဧတဒဂ်ရ ဥပ္ပလ၀ဏ္ဏာထေရီ
အလျောင်း၏ တစ်ခုသောဘ၀တွင် ပစ္စေကဗုဒ္ဓ တစ်ပါးအား ပေါက်ပေါက်လှော် ၅၀၀ လှူဒါန်းပြီး ဤလှူဒါန်းအပ်သော ပေါက်ပေါက်အမျှ သားရတနာများ ရ ရပါလို၏လို့ဆုတောင်းခဲ့ပါတယ်။ ( ဒါကြောင့်မြတ်ဘုရားက အမျိုးသမီးတွေဟာ သားမွေး ရတာ ဘယ်တော့မှ မငြီးငွေ့ဘူးလို့ဟောခဲ့တာပဲ)။ အဲ့ဒီကုသိုလ်ကြောင့်
 နောက်ဘ၀တစ်ခုတွင် ဗာရာဏသီမင်း၏ မိဖုရားခေါင်းဖြစ် လာပါတယ်။ ပဒုမာကြာတွင်သန္ဓေတည်ခဲ့တဲ့အတွက် ပဒုမ၀တီဟုအမည်တွင်ပါတယ်။ ပဒုမ၀တီ မိဖုရားဟာ သူ့ဆုတောင်းအတိုင်း သား ၅၀၀ မွေးဖွါးခဲ့ပါတယ်။ အဲဒီသား ၅၀၀ ဟာ အသက် ၁၆ နှစ်မှာ ပစ္စေကဗုဒ္ဓာ တွေဖြစ်သွားကြပါတယ်။

လူအမျိုးသမီးတစ်ဦးက သား ၅၀၀ မွေးဖို့အတွက် သား ၅၀၀ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့တွေးမိပါတယ်။ ဒါပေမဲ့ သုတ္တန်မှာရေးထားတာက သား ၅၀၀ ကိုယ်ဝန်ဆောင်တာ မဟုတ်ပါဘူး။ သားတစ်ယောက်ထဲကိုသာ သာမန်အတိုင်း ကိုယ်ဝန်ဆောင်ပြီး သာမာန်အတိုင်း မွေးခဲ့ တာပါ။ ဒါပေမဲ့ သားမွေးစဉ် ကျတဲ့သွေးတစက် တစ်စက်ကနေ သားတစ်ယောက်ဆ်ီဖြစ်ခဲ့တာပါတဲ့။ သွေးတစ်စက်ကနေ သားတစ်ယောက်  ဖြစ်တယ်ဆိုတာ သာလို့တောင်မဖြစ်နိုင်ဘူးလို့ ယူဆခဲ့မိပါတယ်။

ယခု ၂၁ ရာစုမှာ ကမ္ဘာ့ဆေးသိပ္ပံရှင်တွေစုပေါင်းလုပ်ဆောင်ချက်ကြောင့် သွေးစက်တွေမှာပါတဲ့
ဗီဇ (DNA) တွေကနေ  သတ္တ၀ါပြုလုပ်နိုင်တော့မှ ဟုတ်ပါလား။ မှန်ပါလား လို့သိရပါတော့တယ်။

ကိုယ်ဥာဏ်မမှီတာ ကိုမမှန်ဘူးလို့ ဆုံးဖြတ်ခဲ့တာကိုး။ ဒါကြောင့် သုဘသုတ္တန်မှာ မြတ်ဘုရားက

သုဘပုဏ္ဏားကို ဖြူနီဝါ စတဲ့ အရောင်တွေကိုမမြင်နိုင်တဲ့ ၀မ်းတွင်းကန်း ကသူမမြင်နိုင်တဲ့ ရောင်

တွေရှိတယ် ဆိုတာလည်း မယုံဘူး၊ အရောင်တွေကိုမြင်တဲ့သူဆို တာလည်းမရှိဘူးလို့ ထင်ကြ၊

ပြောကြတယ်လို့  ဥပမာ ပေးခဲ့တာကိုး။

ဆက်လက်ဖေါ်ပြပါမည်။ 

ကျမ်းကိုး။                                                                                                           
၁။ အရှင်ဓမ္မဿာမိဘိဝံသ၏ ထေရီအပဒါန် ။
၂။ မဇ္ဈိမနိကယ်၊မဇ္ဈိမပဏ္ဏာသပါဠိတော်လာ ၉ ခုမြောက်၊သုဘသုတ်။                       

သုဝဏ္ဏသာမဇတ်တော်ကြီးနဲ့ သိပ္ပံပညာ။









မြန်မာဗုဒ္ဓဘာသာတိုင်းကြားဖူးကြတဲ့ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက သုဝဏ္ဏသာမဇတ်တော်ကြီးမှာသုဝဏ္ဏသာမ ၏
ဖခင်ဖြစ်သူနဲ့ မိခင်တို့တောထွက်တရား အားထုတ်ကြရာ အကြင်လင်မယား အဖြစ် မနေထိုင်ကြခြေ ။ မကြာခင် မိခင်ဖခင်တို့ မျက်စိကန်းပြီးဒုက္ခရောက်ကြမည်ကိုသိသော သိကြားမင်းက ၎င်းတို့အားပြုစုရန် ခလေးမွေးရန်ပြောဆိုသော်လည်း၎င်းတို့စောင့်နေသောသီလကို မဖျက်လိုကြ ကြောင်းသိရသဖြင့် သီလဖျက်ရန်မလိုသောနည်းဖြင့် သားသမီး
ရစေရန်နည်းပေးခဲ့ပါတယ်။ အဲ့ဒီနည်းကတော့ ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ ဥတု
လာသောအခါ၌ ချက်ကိုလက်ဖြင့်သုံးသပ်ခိုင်းသည်။  ထိုသို့ပြုခြင်းဖြင့် သုဝဏ္ဏသာမ အားဖွါးမြင်တယ်ဆိုတာ အားလုံး သိကြမှာဖြစ်ပါတယ်။ ဒီနည်းကို ဖတ်ရစဉ်က သံသယတွေများစွာဖြစ်ခဲ့ပါတယ်။ လူဆိုတာ ယောက်ျား၊ မိန်းမတို့ ဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ကြောင်းသိနေလို့ဖြစ်ပါတယ်။ ယောက်ျား၊မိန်းမအနေနဲ့လည်း ယောက်ျားအနေနဲ့ ယောက်ျားမျိုးခေါ်တဲ့ စပန်း (sperm) နဲ့ မိန်းမရဲ့မျိုးဖြစ်တဲ့ အိုဗန် (ovum)တို့ ထုတ်နိုင် တဲ့သူဖြစ်ဖို့လိုပါတယ်။ ယောက်ျားများအနေနဲ့ ကျန်းမာရေးကောင်းနေရင် အလွန်အသက် အရွယ်ကြီး တဲ့အခါကလွဲရင် sperm များထုတ်နိုင်ပြီး၊ အမျိုးသမီးများ
မှာတော့ ကျန်းမာရေးကောင်းရုံ သာမက ဥတုရာသီး မဆုံးတဲ့အရွယ်ဖြစ်ရမည့်အပြင်၊ ovum များအမြဲတိုင်းထွက်နေတာမဟုတ်ဘဲ၊ လစဉ်ဥတုရာသီလာပြီးနောက်တစ်ပတ်အတွင်းသာ ovum များထုတ်လုပ်တာဖြစ်ပါတယ်။

ဒါကြောင့် ယောက်ျား၊မိန်းမတို့ ဆက်ဆံတိုင်း ပဋိသန္ဓေမစွဲယူနိုင်ပဲ sperm နဲ့ ovum တို့ထုတ်လုပ်တဲ့ အချိန်မှာဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ပါတယ်။ ဒါတွေက DNA ခေါ်တဲ့ မျိုးရိုးဗီဇတွေအကြောင်း သိပ္ပံပညာက မသိသေးတဲ့အချိန်
ကဖြစ်ပါတယ်။ အခု ၂၁ ရာစုနှစ်မှာ လူအပါဝင် သတ္တ၀ါ တွေဟာဗီဇဆိုတဲ့ DNA တွေကြောင့်ဖြစ်ကြတာ ဆိုတာသိလာပါတယ်။ ဒါကြောင့် DNA တစ်ခုရှိရင်အဲဒီ DNAကနေ လူတစ်ယောက်၊သတ္တ၀ါတစ်ကောင်ကိုပြုလုပ်နိုင်ပါတယ်။ Colone ဆိုတာ DNA တစ်မျိုးထဲက လုပ်ထားတဲ့ သတ္တ၀ါတွေကိုခေါ်ပါတယ်။ DNA တစ်ခုထဲကလုပ်ထားတာမို့ အဲ့ဒီ သတ္တ၀ါတွေဟာ လုံးဝတူကြပါတယ်။ (identical) ။

DNA တွေက ကိုယ်ခန္ဓာက ဆဲလ် (cell) တွေမှာရှိပါတယ်။ ကိုယ်ခန္ဓာက ဆဲလ် တွေကလည်း အမြဲသေနေကြပြီးသေတဲ့ ဆဲလ်တွေနေရာမှာဆဲလ် အသစ်တွေကအစားထိုးနေကြပါတယ်။
အရေပြားဆဲလ် အသေတွေကအမြဲလိုအရေပြားက ထွက်နေပါတယ်။ ဒါကြောင့်လက်နဲ့ကိုင်တဲ့
ပစ္စည်းတွေမှာ ကိုင်သူရဲ့ ဆဲလ်တွေကပ်နေတာမို့ယခုခေတ်မှာ ရာဇ၀တ်မှုတွေမှာ အမှုဖြစ်တဲ့နေရာမှာကျန်ခဲ့တဲ့
လူသတ်သမားရဲ့ ဆဲလ်မှာပါတဲ့ DNA ကိုစမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။

ဒါကြောင့် ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ၏ ဥတုလာသောအခါ၌ ချက်ကို လက်ဖြင့် 
သုံးသပ်ခြင်းဖြင့် သုဝဏ္ဏသာမ ကိုဖွါးမြင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာနားလည် ရ ပါတော့တယ်။

အမှန်တရားသိနိုင်သောအသိဥာဏ်များတိုးပွါးနိုင်ကြပါစေ