လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, May 30, 2018



ထေရီအပဒါန်တွင်ပါဝင်သော မြတ်ဘုရား၏လက်ဝဲတော်ရံ တန်းခိုးဧတဒဂ်ရ ဥပ္ပလ၀ဏ္ဏာထေရီ အလောင်း၏ တစ်ခုသောဘ၀တွင် ပစ္စေကဗုဒ္ဓ တစ်ပါးအား ပေါက်ပေါက်လှော် ၅၀၀ လှူဒါန်းပြီး ဤလှူဒါန်းအပ်သော ပေါက်ပေါက်အမျှ သားရတနာများ ရ ရပါလို၏လို့ဆုတောင်းခဲ့ပါတယ်။ ( ဒါကြောင့်မြတ်ဘုရားက အမျိုးသမီးတွေဟာ သားမွေး ရတာ ဘယ်တော့မှ မငြီးငွေ့ဘူးလို့ေ ဟာခဲ့တာပဲ)။ အဲ့ဒီကုသိုလ်ကြောင့် နောက်ဘ၀တစ်ခုတွင် ဗာရာဏသီမင်း၏ မိဖုရားခေါင်းဖြစ် လာပါတယ်။ ပဒုမာကြာတွင်သန္ဓေတည်ခဲ့တဲ့အတွက် ပဒုမ၀တီဟုအမည်တွင်ပါတယ်။ ပဒုမ၀တီ မိဖုရားဟာ သူ့ဆုတောင်းအတိုင်း သား ၅၀၀ မွေးဖွါးခဲ့ပါတယ်။ အဲဒီသား ၅၀၀ ဟာ အသက် ၁၆ နှစ် မှာ ပစ္စေကဗုဒ္ဓာ တွေဖြစ်သွားကြပါတယ်။

လူအမျိုးသမီးတစ်ဦးက သား ၅၀၀ မွေးဖို့အတွက် သား ၅၀၀ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့တွေးမိပါတယ်။ ဒါပေမဲ့ သုတ္တန်မှာရေးထားတာက သား ၅၀၀ ကိုယ်ဝန်ဆောင်တာ မဟုတ်ပါဘူး။ သားတစ်ယောက်ထဲကိုသာ သာမန်အတိုင်း ကိုယ်ဝန်ဆောင်ပြီး သာမာန်အတိုင်း မွေးခဲ့ တာပါ။ ဒါပေမဲ့ သားမွေးစဉ် ကျတဲ့သွေးတစက် တစ်စက်ကနေ သားတစ်ယောက်ဆီဖြစ်ခဲ့တာပါတဲ့။ သွေးတစ်စက်ကနေ သားတစ်ယောက်  ဖြစ်တယ်ဆိုတာ သာလို့တောင်မဖြစ်နိုင်ဘူးလို့ ယူဆခဲ့မိပါတယ်။

ယခု ၂၁ ရာစုမှာ ကမ္ဘာ့ဆေးသိပ္ပံရှင်တွေစုပေါင်းလုပ်ဆောင်ချက်ကြောင့် သွေးစက်တွေမှာပါတဲ့
ဗီဇ (DNA) တွေကနေ  သတ္တ၀ါပြုလုပ်နိုင်တော့မှ ဟုတ်ပါလား။ မှန်ပါလား လို့သိရပါတော့တယ်။

ကိုယ်ဥာဏ်မမှီတာ ကိုမမှန်ဘူးလို့ ဆုံးဖြတ်ခဲ့တာကိုး။ ဒါကြောင့် သုဘသုတ္တန်မှာ မြတ်ဘုရားက

သုဘပုဏ္ဏားကို ဖြူနီဝါ စတဲ့ အရောင်တွေကိုမမြင်နိုင်တဲ့ ၀မ်းတွင်းကန်း ကသူမမြင်နိုင်တဲ့ ရောင်

တွေရှိတယ် ဆိုတာလည်း မယုံဘူး၊ အရောင်တွေကိုမြင်တဲ့သူဆို တာလည်းမရှိဘူးလို့ ထင်ကြ၊

ပြောကြတယ်လို့  ဥပမာ ပေးခဲ့တာကိုး။


ကျမ်းကိုး။                                                                                                           
၁။ အရှင်ဓမ္မဿာမိဘိဝံသ၏ ထေရီအပဒါန် ။
၂။ မဇ္ဈိမနိကယ်၊မဇ္ဈိမပဏ္ဏာသပါဠိတော်လာ ၉ ခုမြောက်၊သုဘသုတ်။                       

Friday, September 8, 2017

လိမ္မော်ခွံ လေး အသုံးဝင်ပုံ လိမ္မော်သီး စားပြီးတဲ့အခါ အခွံတွေကိုစွန့် မပစ်သင့်ပါဘူး။ သူ့ ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။


(၁) အခွံ အောက် လိမ္မော်သီး တွင် ကပ်နေသော ဖော့သား အဖြူရောင် မှာ bioflavonoidsနှင့် Pectin ဓာတ်တို့ ပါရှိနေကြပါတယ်။ ထို ဓာတ် များက သက်စောင့်ဆေး အဖြစ် ကင်ဆာ ရောဂါ တို့ ကို တိုက်ဖျက်ပေးနိုင်သော အစွမ်းသတ္တိရှိ၍၊အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး ကင်ဆာ တို့ ကို တိုက်ထုတ်ပေးနိုင်ပါတယ်။
(၂) လိမ္မော်သီး အခွံ ကို နေ့စဉ် နဲနဲစီစားသုံးပေးခြင်းဖြင့်
သွေး ထဲရှိမကောင်းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏ ကို
၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏
အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားပါတယ်။
(၃) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို
ဖယ်ရှားစေရန်အတွက် လိမ္မော်သီး ကို မခွံမနွှာ ဘဲ လေးစိပ်ခွဲ၍
အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ်။
(၄) လိမ္မော်သီး အခွံခြောက် ၂ ဂရမ်ခန့် ကို ရေ သုံးခွက်တစ်ခွက်တင်ကြို၍
သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို့ ကို သက်သာစေပါတယ်။
(၅) ဝမ်းလျှော ဝမ်းပျက်သူများဟာ လိမ္မော်ခွံ အမှုန့်နှင့်
စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်း
သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၆) လိမ္မော်သီး ၏ အခွံရနံ့ ကိုယူကာ ဟင်းခတ်အမွှေးအကြိုင်၊
အိမ်သုံးဆေးဝါး များ နှင့် aromatherapy (ခေါ်) ရနံ့ ကုထုံးတို့  တွင်ထဲ့သွင်းအသုံးပြုကြပါတယ်။
(၇) လိမ္မော်ခွံ ကို ပါးပါးလှီးပြီး၊ နေရာင်ခြည် တိုက်ရိုက်မကျဘဲ
အရိပ်ရသောနေရာတွင် အခြောက်ခံပြီးနောက်၊ အုန်းဆီ (သို့မ ဟုတ်)
နှမ်းဆီဖြင့် ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင် လိမ္မော်ဆီ အဖြစ်
ပြောင်းလဲသွားပါလိမ့်မယ်။ ထို လိမ္မော်ဆီ ၏ ဆေးစွမ်းကား အံ့မခန်းအသုံးဝင်လှပါတယ်။
(၈) AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာများအတွက်၊ လိမ္မော်ဆီ ကို
နားကျပ်သော ဂွမ်းစ နှင့်တို့ ၍ သုတ်လိမ်း ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
(၉) ခွဲစိတ်ထားသော ချုပ်ရိုးမှပြည်ပြန်တည်ပြီးမပျောက်ကင်းသောအနာများအတွက် စိတ်မပူပါနှင့်။ ကွမ်းရွက်မီး ကင်၍လိမ္မော်ဆီသုပ်လိမ်းပြီး၊ကပ်ထားခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။(ရေလုံးဝမထိစေရပါ)
ဤနည်းအတိုင်း ၂-ရက်တစ်ခါအသစ်လဲပေးပါ။
(၁၀) ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့်ပူလောင်နာ…စသည့်
အပူလောင်ခြင်း မျိုးမျိုးတို့ အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့်၊
ယူပစ်သလိုပျောက်ကင်းစေပါတယ်။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ
မထွက်စေပါ။ (ငှက် ပျောရွက်တွင် လိမ္မော်ဆီ သုတ်၍ အသုံးပြုနိုင်ပါကပိုမိုအစွမ်းထက်၏)
(၁၁) ၀ဲနှင်းခူ အစို/အခြောက်များအတွက်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို
့ပြီး အနာပေါ်ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်။ (ရေလုံးဝမထိစေရပါ)
(၁၂) ရင်ကျပ်တဲ့အခါ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုရည်၊ ပရုပ်ဆီ(သို
့မဟုတ်)လင်ဇီး အနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ်
လုံးကိုခပ်ပါးပါးလိမ်းပေးခြင်းဖြင့်လက်ငင်းကောင်းကျိုးပြုပါတယ်။
(ကလေးသူငယ်များရော၊လူကြီးများပါသုံးစွဲနိုင်၏)
(၁၃) အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာအမျိုးမျိုးတို
့အတွက် လိမ္မော်ဆီ ကို ပရုပ်ဆီ လင်ဇီး(ဆေးအပူ)အနည်းငယ်ရော၍လိမ်းပေးနိုင်ပါတယ်။
(၁၄) အစာအိမ်နာ နှင့် ဗိုက်နာခြင်းများအတွက် လိမ္မော်ဆီကို
လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ အင်အားတိုး ပွား၍
အစာကြေစေရန်အတွက်ကိုလည်း လိမ္မော်ဆီ သောက်လို့ ရပါတယ်။
(၁၅) ကျီးကန်းပါးစပ်အနာများကို လိမ္မော်ဆီ ရွှဲရွှဲ သုတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
< လိမ္မော်ခွံ နဲ့  အလှအပ >
(၁) နေလောင်၍ အသားအရည် မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို့ အတွက်
လိမ္မော်ဆီလိမ်းပေးခြင်းဖြင့် အသားအရည် ၀င်းပ၍ ဖြူစင်လှပလာစေနိုင်ပါတယ်။
(သို့ မဟုတ်) အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မ်ာသီးခွံတွေကို
ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပေးပါ။
(လိမ္မော်ဆီ ကပိုးမွှားများကိုသေစေကာ၊ သန့် ရှင်းစင်ကြယ်စေသောအာနိသင်ရှိသဖြင့်
လိမ္မော်ဆီ ဖြင့်ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ ထုတ်လုပ်နေကြပါပြီ)
(၂) မကြာခဏ ၀က်ခြံပေါက်ပြီး၊ အသားအရေမညက်ညောသူများဟာ
ညအိပ်ယာ ၀င်ခါနီးတိုင်း လတ်ဆတ်သော လိမ္မော်သီးခွံ ကို ချိုးညှစ်၍
ထွက်လာသော ချွေးရည် ကို၊ ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ
့လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ လာပါလိမ့်မယ်။
(၃) အသားပပ်ခြင်း၊ အသားကြမ်းခြင်းတို့ အတွက် လိမ္မော်ခွံကိုညှစ်၍လိမ်းပေးနိုင်ပါတယ်။
(၄) တင်းတိပ်ပေါက်သူများဟာ၊ လိမ္မော်ခွံကိုမီးဖြင့်ခေတ္တမျှ
အပူပေးပြီးနောက် ညှစ်၍ရလာသောချွေးရည်ဖြင့် တင်းတိပ်ပေါက် သော
နေရာများတွင် အသာအယာပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၅)မျက်နှာ၊ ခြေ၊လက်တို့တွင်အဖြူ၊အနီ၊အနက်စသောအကွက်များထွက်ပါကလိမ္မော်ခွံကို
နေရိပ်၌ခြောက်သွေ့အောင်လှန်းပြီး ရေဖြင့်သွေးလိမ်းပေးပါ။
တနေ့သုံးကြိမ် ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းသွားပါလိမ့်မယ်။
(၆)ဆံရင်းအစပ်ဦးရေပြားအနှံ့ ယားနာပေါက်သူများအတွက်၊လိမ္မော်ရွက်ကိုထုထောင်း၍ပျားရည်နှင့်ရောစပ်ပြီး လိမ်းပေးခြင်း ဖြင့်သက်သာပျောက်ကင်းစေပါတယ်။
(၇) ခြေသည်း/လက်သည်းပိုးကိုက်ခံရသူများနှင့် ပွေး၊ နှင်းခူ၊ညှင်းပေါက်သူများစိတ်မပူပါနှင့်။ ထိုပွေးကွက်များကို လိမ္မော်ခွံနှင့်အသာအယာခြစ်ပေးပြီးနောက်၊ လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ်ကို
အရည်ညှစ်လိမ်းပေးခြင်းဖြင့် အနာတဖြည်းဖြည်းပါးလာပြီး၊ လုံးဝပျောက်ကင်းစေနိုင်ပါတယ်။
< လိမ္မော်ခွံ နဲ့ အထွေထွေ >
(၁) လိမ္မော်ခွံ ကို အင်းဆက်ပိုးနှိမ်နင်းဆေးအဖြစ် အသုံးပြုနိုင်တာကြောင့်ခြင်၊ ပုရွတ်ဆိတ်တွေ နဲ့ ပိုးဖလံတွေ ၀င်လာတတ်တဲ့ နေရာတွေမှာလတ်လတ်ဆတ်ဆတ်လိမ္မ်ာခွံတွေကို ချထားပေးပါ။
(၂) အနံ့ အသက်မကောင်းတဲ့ အိတ်၊ သေတ္တာ နဲ့ ရှုးဖိနပ်တွေထဲကို
လိမ္မော်သ်ီခွံတွေ ထဲ့ပေးထားခြင်းဖြင့် အနံ့ ဆိုးတွေ ကိုစုပ်ယူပေးနိုင်ပါတယ်။
(၃) လိမ္မ်ာသီးခွံ ကို အတန်ငယ်မီးအပူပေးခြောက်ပြီးနောက်
အဝတ်အိတ် ငယ်လေးတွေထဲ ထည့်ထားပါ။ ထိုအိတ်လေးတွေကို ရေ ချိုးခန်း၊
အဝတ်ထားခန်း၊ သန့် စင်ခန်း(အိမ်သာ)စတဲ့ နေရာတွေမှာ
ချိပ်ဆွဲထားပေးခြင်းဖြင့် အနံ့ အသက်ကောင်းစေကာ၊ စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။
(မှတ်ချက်) (က) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊
ဈေးမှဝယ်လာသော လိမ္မော်သီး တို့ ကို မစားသုံးမီဦးစွာ ပထမ
ရေစင်စင်ဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သီးတို့ ကိုသာ
ရွေးချယ်ဝယ်ယူပါ။ (ခ) လတ်ဆတ်သော အသီး များဟာ အခန်းအပူချိန်တွင် ၂-ပတ်မျှ
အထားခံပါတယ်။ အကယ်၍ ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲမှာ သိမ်း လိုပါက၊
ဦးစွာ အသီး ကိုရေခြောက်နေအောင်သုတ်ပါ။ (လိမ္မော်သီးတို့ ကို
အိတ်ဖြင့်အထူးတလည် သိမ်းဆည်းစရာမလိုပါဘူး၊ ချွေးထွက်ပြီးပုပ်လွယ်တတ်လို့ပါ)
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Wednesday, September 6, 2017

နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်


ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော် နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ် ဆေးရုံကြီး နှဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့် နှလုံးစက် ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့် လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန် ၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-
ထို့ နောက်ရန်ကုန်အာရှတော်ဝင် အထူးကု ဆေးခန်း တွင်သွားရောက်စမ်းသပ်ရာနှ လုံးသွေးကြော ပိတ်ဆို့ မှုများမရှိ
တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-
ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိင် အထူးကုဆေးခန်း၌24နာရီ
စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-
ထို့ ကြောင့် ကျွန်တော့် လို နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-
ဆေးနည်းမှာ –
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက် ခြောက်ခွက် ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။
Credit ( Ko Sai )

Friday, August 4, 2017

သွေးတိုးနဲ့ ကိုလက်စထရောဓာတ် မြင့်မားခြင်းတို့အတွက် သဘာဝဆေးနည်း


အခုခေတ်မှာ သွေးတိုးရောဂါရှိသူတွေ တော်တော်များများ ရှိနေပါတယ်။ နေထိုင်စားသောက်မှုပုံစံတွေ မမှန်တာကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးခြင်း၊ သွေးအတွင်း ကိုလက်စထရော ဓာတ်မြင့်မားခြင်းတို့ ခံစားနေရပါတယ်။
ဒါကြောင့် ဒီရောဂါတွေကို ပိုဆိုးမသွားအောင် ထိန်းညှိပေးနိုင်မယ့် သဘာဝဆေးနည်းလေးကို ဝေမျှချင်ပါတယ်။
ဒီသဘာဝဆေးနည်းက ခုခံအားစနစ်ကိုလည်း ကောင်းစေပြီး Amish တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သုံးစွဲလာကြတာပါ။ (Amish ဆိုသည်မှာ ၁၇ ရာစုတုန်းက ဆွီဒင်နိုင်ငံက ခရစ်ယာန်ဘာသာရေး ယုံကြည်သူတွေပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ယနေ့ခေတ်မှာတော့ ဥရောပနဲ့ အမေရိကန်တို့မှာ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံနဲ့ နေတဲ့အဖွဲ့ဖြစ်ပါတယ်။)
ပါဝင်ပစ္စည်းများ
  • သံပုရာသီး အရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ ၁ စိတ်
  • ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြလုပ်နည်း
၎င်း ပစ္စည်းတွေ အားလုံးကို ရောပြီး ကြိတ်ကာ ရေခဲသေတ္တာထဲမှာ ၅ ရက်ထားလိုက်ပါ။ ၅ ရက်ထားပြီးရင် မနက်စာမစားခင်နဲ့ ညစာမစားခင်တို့မှာ သောက်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်ထက်ပိုမသောက်သင့်ပါဘူး။ ၁ ပတ်လောက်ဆက်တိုက်သောက်ပေးရင် သွေးတိုးနဲ့ ကိုလက်စထရောတွေ ကျဆင်းတာကို တွေ့ရမှာပါ။

Friday, July 28, 2017

အသဲကင်ဆာ ပျောက်ဆေး

Aung Kyaw added 4 new photos — with Htet Htet Lin and 2 others.
အသဲကင်ဆာ ပျောက်ဆေး
***************************
ဒီဆေးနည်းသိတာကြာပါပြီ။ ဆေးပင်ဓါတ်ပုံမရှိတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဓါတ်ပုံရပြန်တော့လည်း အလုပ်များနေတာနဲ့ မရေးဖြစ်ပြန်ဘူးလေ။ တလောက အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်က သူငယ်ချင်း စာချဘုန်းကြီးတစ်ပါး အသဲကင်ဆာဖြစ်လို့ ရန်ကုန်ဆေးရုံတက်တဲ့အကြောင်း သူ့တပည့်ရဲ့ FB မှာတွေ့ရတယ်။ ဒီဆေးနည်းလေးပြောပြလိုက်ပါလို့တော့ ပြောမိရဲ့။ ပြောသလားတော့ မသိ။
ယနေ့တော့ ပဋ္ဌာန်းသင်တန်းသူတစ်ဦးရဲ့ဆွေမျိုးတစ်ဦး အသဲကင်ဆာဖြစ်နေတယ်လို့သိရပြန်တယ်။ သူ့ဆွေးမျိုးက မြန်မာပြည်မှာပါ။
အသဲကင်ဆာဆိုရင် ဆေးနည်းရှိတယ်လို့ပြောလိုက်မိတယ်။
သူက အပူတပြင်းတောင်းတယ်လေ။ ခုလာယူရမလားတဲ့။
ဆေးမရှိပါ။ ဆေးနည်းသာ သိထားတာပါ။ ဆေးကုတတ်တဲ့ဘုန်းကြီးလည်း မဟုတ်ပါ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကူညီချင်တယ်ပေါ့။
ဒါကြောင့် ဒီဆေးနည်းကို မရေးမဖြစ်တော့ အမြန်ရေးလိုက်ရတယ်။ ရေးဖြစ်အောင် တိုက်တွန်းပေးလို့လဲ ကျေးဇူးတင်ရပါတယ်။
ဆေးနည်းတို(ဆေးမြီးတို)ဆိုတော့ လူတွေက သိပ်လည်းတန်ဖိုးမထားတတ်ကြဘူးလေ။ ဆေးရဲ့ကုန်ကျစရိတ်တန်ဖိုးက သိပ်မရှိတော့ တန်ဖိုးမရှိသလိုထင်ပြီး တန်ဖိုးမထားတတ်တာ ထင်ပါရဲ့။
ဒါ့ကြောင့် ဒီဆေးရဲ့ သမိုင်းအကျဉ်းလေးပြောပြပါရစေ။
မြစ်ကြီးနားမြို့၊ ၀န်သိုစာသင်တိုက်က ဆရာတော်ကြီးက သက်တော် ၉၀ ရှိပါပြီ။ နိုင်ငံတော် သံဃမဟာနက အဖွဲ့မှ အနားယူနေတဲ့ နိုင်ငံတော် သြ၀ါဒါစရိယဆရာတော်ကြီးပါ။ အဘိဓဇမဟာရဋ္ဌဂုရု စတဲ့ ဘွဲ့တံဆိတ်များကိုလည်း ရရှိထားတဲ့ဆရာတော်ကြီးပါ။ ဘွဲ့တော်က ဘဒ္ဒန္တ သီလ၀ံသ လို့ထင်ပါတယ်။
ဆရာတော်ကြီးမှာ ၂၀၁၃ ခုနှစ်က အသဲကင်ဆာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ဆရာတော်ကြီးဖြစ်လို့မို့
နိုင်ငံတော် အစိုးရက ရန်ကုန်ပင့်ပြီး ကုသပါတယ်။ ဆေးရုံက သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
မြန်မာပြည်မှာ မရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆေးရုံတွေမှာ ရနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရက ဘန်ကောက်ကိုပို့ပြီး ကုသပေးခဲ့ပါတယ်။
ဘန်ကောက်ဆေးရုံကလည်း ရောဂါလွန်နေပြီးမို့ သုံးလသာ ခံတော့မယ်လို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။
အားလုံးက လက်လျှော့ပြီး ဆရာတော်ကြီးကို ပြန်ပင့်လာကြတယ်။ ရန်ကုန်ဆေးရုံတောင်မှ မထားတော့ပါဘူး။ မြစ်ကြီးနား ၀န်သိုကျောင်းတိုက်အထိ ပြန်ပို့ပေးကြပါတယ်။
အသက်ရှိနေတုန်းပြန်ပို့တဲ့သဘောပေါ့လေ။ သယ်ယူတဲ့ဒုက္ခတွေမများပဲ ဈာပနကိစ္စတွေ စီစဉ်နိုင်အောင်လို့ မူလကျောင်းအထိပြန်ပို့လိုက်တယ်လို့ ဆိုရမလိုပါပဲ။
သက်တော်ကလည်း ၉၀။ ရောဂါကလည်း ကြွမ်းနေပြန်၊ ဖြစ်တာကလဲ သိပ်နုတဲ့ အသဲ(အသည်း)။ မျှော်လင့်ချက်က သိပ်နည်းလွန်းနေပြီလေ။
တနည်းတော့လည်း သုံလအတွင်းမှာ စီစဉ်သင့်တာတွေစီစဉ်၊တပည့်ဒါယကာ ဒါယိကာမတွေလည်းအားရအောင် ဖူးမျှော်ရအောင်ပေါ့။
ခုလို့ မူလကျောင်းပြန်ပို့လိုက်တာလဲ သိပ်မှန်တယ်လို့ဆိုရမှာပါ။ ဆေးရုံမှာထားရင် ဆေးရုံများကပြောသလို သုံးလပြည့်ရင် ပျံလွန်တော်မူမှာ သေခြာသလောက်ပါ။
ကျောင်းပြန်ရောက်တဲ့အခါမှာ သစ်သီး သစ်ရွက် ဆေးနည်းကိုမှီဝဲ သုံးဆောင်တော်မူပါတယ်။
တစ်လလောက်သောက်ပြီးတဲ့အခါ အတော်လေးကျန်းမာလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အသားအရေတွေလည်း ပြန်ပြီး စိုပြေလာတယ်။
မြန်မာဆေးလေးကိုသောက်ပြီး သုံးလဆိုတဲ့ နေ့လေးကို ရင်တမမနဲ့ စောင့်နေခဲ့ကြတယ်။
သုံလပြည့်တော့လည်း လန်လန်းဆန်ဆန်း၊ ပိုလို့တောင် ကျန်းမာလာပါတယ်။
သုံးလကျော် လေးလစွန်းတော့ အခြေအနေသိရအောင်လို့ ရန်ကုန်ဆေးရုံကို ပြန်ပြီး စစ်ဆေးပါတယ်။
အဖြေက- အသဲကင်ဆာ မရှိတော့ပါ တဲ့။
သုံးလဆရာတော်ကြီးဟာ ယခုဆို ၂-နှစ်ကျော်လို့ သုံးနှစ်တောင့်ြ့ပည့်ပါတော့မယ်။
ကျန်းကျန်းမာမာနဲ့ မြစ်ကြီးနားမြို့၊ ၀န်သိုလ်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူလျှက်ပါ။
(လွန်ခဲ့တဲ့ ၇-နှစ်လောက်က စာရေးသူ မြတ်ပဋ္ဌာန်း မြစ်ကြီးနားရောက်စဉ်က ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အလွန်ကြည်ညိုစရာကောင်းတဲ့အပြင် ခင်မင်စရာ ချစ်ခင်စရာကောင်းလှပါတယ်။)
ဆရာတော်ကြီးကျန်းမာနေပုံကို ဖူးမြင်ရအောင်လို့ ဒီနှစ် နှစ်ဦးပိုင်းက တိပိဋကဆရာတော် ငါးပါး ဆရာတော်ကြီးကို ဖူမြှော်နေသည့် ဓါတ်ပုံပါ ပူးတွဲပြလိုက်ပါတယ်။ (မြင်းခြံတိပိဋက ဆရာတော် ဦးဂန္ဓမာလာ၏ FB မှ ကူးယူထားတာပါ။)
ဆရာတော်ကြီး သုံးစွဲတဲ့ ဆေးမှာ -
(၁} နံနက်ပိုင်းမှာ ကညွတ်ပင် သတ္ထုရည် (အပင်ကိုထုထောင်းပြီးအရည်ညှစ်တယ်)
၎င်းအရည် မတ်ခွက် တစ်ခွက် တိုက်ပါတယ်။
(၂) နေ့လည်မှာ မြေရှောက်ဆီးဖြူ (တောဆီးဖြူ လို့လည်းခေါ်တယ်)
၎င်းအပင် ပဉ္စငါးပါး (တပင်လုံး)ကို သုံးခွက် တစ်ခွက် ကြို ပြီး မတ်ခွက် တစ်ခွက် တိုက်ပါတယ်။
(၃) ညနေမှာ မင်းကွတ်သီးကို အညှာမှတပါး အားလုံးကို ကြိတ်ခြေပြီး ဟင်းစားဇွန်းကြီး တစ်ဇွန်းတိုက်ပါတယ်။ (မင်းကွတ်သီးကို ကြိတ်ပြီး ထန်းလျက်အနည်းငယ်နှင့်ကြို။ ရေခဲသေတ္တာမှာသိမ်းပါက အဆင်ပြေတယ်။ မကြိုက မှိုတက်တယ်။)
ဒီ ဆေးသုံးမျိုးကို နေ့စဉ်တိုက်ပါတယ်။
ဆရာတော်ကြီး၏ အနီးနေ တပည့်ကြီး ဦးကေတုမာလာ(မြစ်ကြီးနားဆရာတော်) ပြောပြ၍ သိရခြင်းပါ။ လက်တွေ့ဆေးနည်းပါ။
(ဆေးပစ္စည်း အပင် အသီးများကိုလည်း ပူးတွဲဖေါ်ပြလိုက်ပါတယ်။)
အသဲ ကင်ဆာ ဝေဒနာရှင်များ ယုံယုံကြည်ကြည်သုံးစွဲပြီး ပျောက်ကင်းကြပါစေလို့ စေတနာ မေတ္တာဖြင့် ဆုတောင်းပတ္ထနာ ပြုလိုက်ပါတယ်။
.
ဆေးနည်းကုသိုလ်ကြောင့် မအို မနာ မသေရာ "အမတ" ကို အမြန်ရ ရပါလို၏။
.
အရှင်ဧသက (မြတ်ပဋ္ဌာန်း)
11 November 2016

Wednesday, July 26, 2017

တုတ်ကွေးရောဂါ ဆေး

ယခု ရန်ကုန်မှာ H1N1 ရောဂါဖြစ်နေတယ်လို့သိရပါတယ် လူ ၂ ယောက်သေဆုံးသွားပြီလို့လဲသိရပါတယ်၎င်းရောဂါအတွက်ဆေးနည်းမပေးခင်မှာ H1N1 ရောဂါနှင့် ရောဂါပိုးရဲ့လက္ခဏာသဘာဝကိုရှေးဦးစွာရှင်းပြချင်ပါတယ်
H1N1 ဆိုတာ တုတ်ကွေးရောဂါလို့သိရပါတယတုတ်ကွေးမှန်လျင် ” ပထဝီ ဥဏှ+အာပေါသီတ ” ကြောင့်ဖြစ်တဲ့ရောဂါတွေချည်းပါပဲ
ရှင်းအောင်ပြောရပါလျင် ” အတွင်း ပထဝီ ဥဏှကို အပြင်အာပေါသီတပတ်ဖွဲ့စည်းခြင်း ” ကြောင့် အတွင်းပထဝီဥဏှမငြိမ်းနိုင်တော့ပဲ ပိတ်လှောင်ခံထားရသည့်ဓာတ်သဘောကြောင့် ၄င်းတုတ်ကွေးရောဂါဖြစ်လာရတာပါပဲ
တုတ်ကွေးမှန်လျင် မိုးရာသီကာလ သို့မဟုတ် အတွင်းပူအပြင်အေးသောနေရာဒေသ ( အထူးသဖြင့် ဥရောပနှင့်အမေရိက အစပ် / ကုန်းမြေပိုင်းနှင့် ပယ်လယ် အစပ် /မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အစပ် ) တွေမှာ အများဆုံးဖြစ်တတ်လေ့ရှိကြပါတယ်
( ဥရောပတိုက်သည် အတွင်းပထဝီပျက်စီးသော ပထဝီ ဝါယော များရာ ရာဟုဂြိုဟ်အရပ် + အမေရိကတိုက်သည်ရေခဲဓာတ်ခေါ် သောကြာဂြိုဟ်အရပ် // မြန်မာနိုင်ငံ သည်အပြင် ပထဝီ ပျက်စီးသော ပထဝီ ဝါယော များရာ အင်္ဂါဂြိုဟ်အရပ် + အိန္ဒိယနိုင်ငံသည် အပြင်အာပေါများရာ ရေကြဲဓာတ်ခေါ် ဗုဒ္ဓဟူဂြိုဟ်အရပ် // ပင်လယ်စပ်ကုန်းမြေသည်ပထဝီကြဲပွရာ ပထဝီဝါယောအရပ် + ပင်လယ်ပြင်သည်အာပေါအရပ် )
တုတ်ကွေး ဟူသည် ပထဝီကြေပျက်ကာ ဝါယောထကြွမှုကို အာပေါပတ်ဖွဲ့ခြင်းကြောင့် မပွင့်နိုင်သောပထဝီဥဏှဝါယော၏ မငြိမ်းသောအပူရှိန်ဖြစ်ပေါ်မှုကြောင့် ဖြစ်လာရတာပါပဲ
နွေရာသီ ကာလရဲ့အပူကြောင့် ပထဝီ ပျက်စီးကာ ပထဝီ ဝါယောထကြွနေချိန်မှာ မိုးရာသီရဲ့အာပေါဓာတ်က အပြင်မှပတ်ဖွဲ့စည်းမှုဖြစ်ရာမှ အတွင်းပထဝီဥဏှဝါယောမငြိမ်းနိုင်ဖြစ်ရာမှ တုတ်ကွေးဟူ၍ ဖြစ်လာရတာပါပဲ ။
H1N1 ရောဂါပိုးရဲ့ အရောင်အဆင်းနှင့်ပုံသဏ္ဍာန်ကိုဓာတ်ခွဲပြလိုပါတယ်
အဘိဓမ္မာတရားတော်ထဲက ” အဋ္ဌကလပ် ရှစ်ပါး ” ကိုအဓိကအခြခံရပါမယ်
ပထဝီ တေဇော ဝါယော အာပေါ ထိုလေးပါးတို့ကဓာတ်လေးပါး ။ဝဏ္ဏ ဂန္ဓ ရသ သြဇာ ထိုလေးပါးတို့က ဓာတ်လေးပါးတို့ရဲ့လက္ခဏာလေးပါး ။
ထို ဓာတ်လေးပါး + လက္ခဏာ လေးပါးပေါင်းကိုအဋ္ဌကလပ်ရှစ်ပါးလို့ခေါ်ပါတယ်
တေဇောဓာတ် ရဲ့ လက္ခဏာ က ဝဏ္ဏဝါယောရဲ့လက္ခဏာက ဂန္ဓအာပေါရဲ့ လက္ခဏာ က ရသ ပထဝီ ရဲ့ လက္ခဏာ က သြဇာဒါတွေက အဓိကအများဆုံးသက်ဆိုင်နေကြတာကိုပြတာပါဓာတ်ခွဲရာမှာတော့ အားလုံးသက်ဆိုင်တယ်ဟူ၍မှတ်ပါ( ပညာရှင်မှသာလျင် ကောင်းစွာခွဲနိုင်ပါလိမ့်မယ

ဆိုလိုချင်တာကတော့ မည်သည့်ရောဂါပိုးမဆိုအဋ္ဌကလပ်ရှစ်ပါးနှင့်ကြည့်လျင် မည်သည့်ဓာတ်လွန်ကဲနေသောအကောင်ဆိုတာကို ခွဲခြားသိမြင်နိုင်ပါတယ်
ပုံထဲမှာပြထားတဲ့ H1N1 ရောဂါပိုးရဲ့ အရောင်အဆင်းနှင့် ပုံသဏ္ဍာန်ကိုကြည့်သော်
၁။ ။ခရမ်းပြာရောင်ဖြစ်နေခြင်း
၂။ ။တောက်ပသောအရောင်ရှိခြင်း
၃။ ။လုံးသောပုံသဏ္ဍာန်ရှိနေခြင်း
၎။ ။ဆူးချွန်များရှိနေခြင်း
ဤလက္ခဏာလေးရပ်ကိုမြင်ပါတယ်
ခရမ်းပြာရောင် ဟူသည် ပထဝီ ဥဏှဓာတ်လွန်ကဲရာမှ ပထဝီ ဓာတ် တို့ပျက်စီး၍ ဝါယောထကြွနေသော ” ပထဝီ ဝါယော ” ၏အရောင်ဖြစ်သည်ဤသည်ကိုကြည့်လျင် ပထဝီ ဓာတ် ပျက်စီးမှုလွန်ကဲနေသည်ကို အထင်အရှားတွေ့ရသည်တစ်နည်းပြောရသော် ပထဝီ ဝါယောလွန်ကဲနေသည်ဟူ၍ဆိုနိုင်သည်
အရောင်တောက်ပနေခြင်းသည် ဥဏှ တေဇောဓာတ် လွန်ကဲနေသည်ကိုအထင်အရှားပြနေသောလက္ခဏာပင်
ဖြစ်လေ၏ တေဇော များခြင်းသည် အာပေါ ၏ ဖွဲ့လှောင်ထားမှုများနေသောကြောင့်သာလျင်ဖြစ်လေ၏ ( အာပေါမဖွဲ့လျင် တေဇောတို့ပျံ့လွင့်ကြဲဖွာသည်ဖြစ်၍ အရောင်မတောက်နိုင်ပေ )ဤသည်ကိုကြည့်လျင် အာပေါဓာတ်ပတ်ဖွဲ့မှုလွန်ကဲနေသည်ကိုလည်း အရောင်တောက်ပခြင်းက အထင်အရှားပြနေသည်မို့ အာပေါ့ ပတ်ဖွဲ့မှုလွန်ကဲနေသည်ဟူ၍သိပါလေ ။
ပုံသဏ္ဍာန်အားဖြင့် လုံးသောပုံသဏ္ဍာန်ရှိနေလေ၏ ဓာတ်လေးပါးတို့အလိုက် ပုံသဏ္ဍာန်တို့ကိုခွဲပြရသောဝိုင်းလျင် အာပေါ
ရှည်နွယ်ကာ အခက်အလက်ဖြာလျင် ဝါယောအခက်အလက်မဖြာပဲ ရှည်လျားနေပါက တေဇောမဝိုင်းမရှည်ပဲ အခက်အလက်ဖြာနေပါက ပထဝီ( သက်ရှိသက်မဲ့ မည်သည့်အရာမဆို ဤလက္ခဏာအသွင်သဏ္ဍာန်ကိုကြည့်ကာ ဓာတ်ကိုသိနိုင်လေ၏ / မှတ်ချက်ယခုပြခဲ့သည်မှာ အကျဉ်းမျှသာဟူ၍မှတ်ပါလေ )အထက်၌ပြခဲ့သော ပုံသဏ္ဍာန်နှင့်ဓာတ်အရှိတို့ကိုကြည့်ခြင်းဖြင့် ” အဝိုင်းပုံသဏ္ဍာန် ” ဖြစ်သောကြောင့်” အာပေါဓာတ်ကောင် ” ဟူ၍ ဆိုနိုင်လေ၏ထိုကြောင့် ” သွေး ” နှင့်သာလျင် အဓိကသက်ဆိုင်သည်ဟူ၍ မှတ်ပါလေတစ်နည်း ” သွေး ” မှဖြစ်သောပိုး / သွေးမှာအများဆုံးနေသောပိုးဟူ၍ ဆိုနိုင်လေ၏ ။

ဆူးချွန်များလည်းပတ်ပတ်လည်ရှိနေသည်မို့ တေဇော ရဲ့လက္ခဏာအထင်အရှားပြနေလေ၏ဤသည်ကိုကြည့်လျင် ” ဥဏှတေဇောဓာတ် ” လွန်ကဲနေသည်ဟူ၍ ဆိုနိုင်သည်
ပတ်ပတ်လည်ရှိနေခြင်းကြောင့် အခက်ဖြာခြင်းသဘောရှိနေသည်မို့ ” ဝါယောဓာတ်လဲ ပါဝင်နေသည်ဟူ၍ဆိုနိုင်သည်
ယခုပြခဲ့သော လက္ခဏာတွေကိုဝေဘန်ထောက်ရှုလိုက်သော် ပထဝီ ပျက်စီးမှုလွန်ကဲနေ၍ ပထဝီဝါယောလွန်ကဲနေသည်ကို အာပေါလွန်ကဲစွာပတ်ဖွဲ့စည်းထားသောလက္ခဏာဖြစ်နေသည်ကို အထင်အရှားတွေ့ရပေလိမ့်မည်
အထက်မှာပြခဲ့သော ” တုတ်ကွေးရောဂါ ဖြစ်ရခြင်းအကြောင်းတရားတွေနှင့် H1N1 ရောဂါပိုး ရဲ့ လက္ခဏာတွေကိုဆက်စပ်တိုက်ဆိုင်ကြည့်လိုက်သော် တစ်ထပ်တည်းကျနေသည်ကိုတွေ့ရပေလိမ့်မည် ။
ဤသို့ဆိုလျင် ဆေးကိုမည်သို့ပေးမည်းနည်း
ပထဝီဥဏှ+အာပေါသီတ ဖြစ်ခြင်းကြောင့် ပထဝီ သီတ+အာပေါဥဏှဓာတ်ရှိသောဆေးကိုပေးရပေလိမ့်မည်
ဆေးနည်းးပထဝီသီတ+အာပေါအာကာဓာတ်ရှိသော ” ကျောက်ဖန်ရုံသီး ”
အာပေါ တေဇော အာကာသ အလျှံများသော ” ကြက်သွန်နီ ”
အာပေါ တေဇော အာကာ သလွန်စွာအားကောင်းလတဲ့ကြက်သွန်ခါးခေါ် ဂမုန်းကြက်သွန်ခေါ် တောကြက်သွန်အု(အပင်က တောထန်းပင်နှင့်တူဆင်တယ်)
ပထဝီသီတ တေဇော+အာပေါအာကာသ တေဇော ထိုဓာတ်နှစ်ပါးလွန်စွာအားကောင်းသော ” ကျောက်သင်ပုန်း ဖျက်ပင်ခေါ် နတ်သမီးကွမ်းရွက်ပင် ”
အာပေါ ဝါယော တေဇောဓာတ် အားကောင်းသော ” ကွမ်းရွက် ”
၎င်းတို့ကို စုပေါင်းကာ ဆေးအဖြစ်ပေးရပေလိမ့်မည်
ဤသည်ကား ယခုလောလောဆယ် ဦးဇင်းအနေနှင့်မြင်ထားသော အသင့်တော်ဆုံးဆေးပစ္စည်းများသာဖြစ်လေ၏
ဆေးသုံးနည်းမှာကျောက်ဖန်ရုံသီးနှင့် ကြက်သွန်နီ ကို ၁၅ ကျပ်သားစီဆတူထည့်ပါ………
ကြက်သွန်ခါးအုကို ပါးပါးလွှာ လက္ဘက်သောက်ပန်းကန်တစ်ဝက်ခန့်ထည့်ပါ………( ကြက်သွန်ခါးသည် သွေးရဲ့ဥဏှအာကာသဓာတ်ကိုဖြစ်စေရာမှာအလွန်အစွမ်းထက်၏ မက်ကလောင်မန်းကိုအလွန်နိုင်၏ )နတ်သမီးကွမ်းရွက်ပင်ကို အပိုင်းပိုင်းလေးတွေလုပ်ကာလက္ဘက်သောက်ပန်းကန်တစ်လုံးစာခန့်ထည့်ပါ………( နတ်သမီးကွမ်းရွက်ပင်ဟာ ချွေးအလွန်ထွက်စေတယ်စံမတူအောင်ပဲ ကျမ္မာရေးကောင်းပြီးသွေးအားကောင်းနေသူဖြစ်ပါက အညွန့်ဖျားလေးကိုဝါးရုံမျှနှင့် အရည်အဖတ်ကိုဝမ်းထဲမမြိုပဲနှင့် ချွေးတွေထွက်လာစေနိုင်တယ် )အာပေါဝါယောတေဇောဓာတ်အားကောင်းသော” ကွမ်းရွက် ” အရွယ်တော် ၅ ရွက်ခန့်ထည့်ပါ………
မှတ်ချက်။ ။ ပမာဏတွေကို လိုတိုး ပိုလျော့ လုပ်နိုင်သည်ချွေးလိုလျင် ကျောက်သင်ပုန်း ဖျက်ပင်နှင့်ကွမ်းရွက်တို့ကို
အဆများပေးပါအအေးလိုလျင် ကျောက်ဖန်ရုံသီးကိုအဆများပေးပါ
ထိုဆေးမယ်တို့ကို ဆီမပါ ငရုတ်မပါ ဂျင်း မပါပဲသင့်တော်သလို ဟင်းရေသောက်ချက်ကာ စားပေးပါလေ
ဒါကတော့ ဦးဇင်း အနေနှင့် မြင်တဲ့ ဆေးနည်း ပါအခြားသောဆရာသမားတွေအနေနှင့်လဲ ကိုယ့်နည်းကိုယ့်ဟန် ဆေးနည်းဖန်ယူနိုင်ကြပါတယ်
အဓိကလိုရင်းမှာ ပထဝီ သီတဖြစ်ပြီး အာပေါ ကိုအာကာသကောင်းစွာဖွင့်ပေးစေနိုင်တဲ့ဆေးဖြစ်ဘို့သာလျင်လိုရင်းပါပဲ
ပိုတိုတင်ရတာအဆင်မပြေလို့ ပုံတွေ အစဉ်မကျတာကို
တော့ ခွင့်လွတ်ပေးကြပါကုန်
Credit##အရှင်ဇဝန ( တောင်ကတုံး )

နှလုံးသွေးကြောကျဉ်းရောဂါလုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ added 3 new photos.
နှလုံးသွေးကြောကျဉ်းရောဂါလုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်းတစ်လက်
ကျွန်တော်နှလုံးရောဂါပြင်းထန်စွာခံစားရချိန် ကျွန်တော်
နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ်ဆေးရုံကြီးနှင့်ဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရနှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့်နှလုံးစက်ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လိုခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန်၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-
ထို့ နောက်ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းတွင်သွားရောက်စမ်းသပ်ရာနှလုံးသွေးကြောပိတ်ဆို့ မှုများမရှိ
တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-
ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိုင်အထူးကုဆေးခန်း၌24နာရီ
စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-
ထို့ ကြောင့်ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-
ဆေးနည်းမှာ -
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက် ခြောက်ခွက်ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။
Credit ( Ko Sai ) 

Friday, July 7, 2017

Cholesterol ကျတယ်တဲ့

Cholesterol ကျတယ်တဲ့
Nyunt Aung
21 June 2016
#ကိုလက်စထရော ကို
ငွေမကုန် လွယ်ကူစွာ ချနည်း
ကိုလက်စထရော(သွေးကြော
တွင်းအဆီ)သည်ပိန်ခြင်း။ဝခြင်းနှင့်
မဆိုင်။ ဓါတ်များလွန်းပါက နှလုံး
ရောဂါဖြစ်နိုင်သဖြင့် ချပြစ်ရန်လိုသည်
ဒေါက်တာ ဗမော်(Gold
medalist)၏လက်တွေ့သုသေသန
မှတ်တမ်းတွင်ထိရောက်အောင်မြင်
ခဲ့ကြောင်းဖေါ်ပြထားပါသည်။
ဆေးနည်းတောင်းသူများကို
လည်းဤနည်းဘဲပေးခဲ့ပါသည်။
ခက်နေသည်က ကိုလက်စ
ထရောသည်သွေးစစ်ကြည့်မှသိရတာ
ဖြစ်တော့ ဆေးမစစ်ဖြစ်လျှင်မသိ။
ရောဂါတခုခုဖြစ်လို့သွေးစစ်မှသိရတာ
မျိုးဖြစ်နေသည်။
ဆေးနည်းကတော့
ကွမ်းရွက် ၄/၅ ရွက်ခန့်ကိုရေ
စင်အောင်ဆေး။ထုထောင်း။သတ္တု
ရည်စတီးဇွန်းတဇွန်းစာရအောင်ညှစ်။
တရက် မနက်တဇွန်း။ညနေတဇွန်း
သောက်။(၇)ရက်ဆက်တိုက်သောက်။
သွေးပြန်စစ်ကြည့်။
ပုံမှန်အတိုင်း ပြန်ရှိ
နေသည်ကိုတွေ့ရမည်။
မိမိကြိုတင်ကာကွယ်နေသည့်
နည်းကိုပြောလိုပါသည်။
ဆေးလိပ်သောက်ဆဲဖြစ်လို့
တခါတရံ လည်ပင်း။လည်ချောင်း။
လည်ချောင်းကွဲ။ပါးစောင်နာများဖြစ်
လို့ ကွမ်းရွက်ရည်ဖြင့်ကုသရပါသည်။
အဆီ။အဆိမ့် ကြိုက်တတ်တော့
ကိုလက်စထရောမတက်ရန်လည်း
ကာကွယ်ရပါမည်။
ဒါကြောင့် ကွမ်းရွက်ကို တပါတ်
လေးကြိမ်ခန့် အလုံးလေးလုပ်။တချက်နှစ်ချက်ကိုက်။ထွက်လာတဲ့
ကွမ်းရွက်ရည်ကိုမျိုချ။ကွမ်းရွက်ကို
အလိုလို ဝါးမိနေရာမှ အရည်ကိုမျို ချ
အရွက်ကျေမွသွားတော့ မျိုချလိုက်
သည်။
တနေ့ကသွေးစစ်ကြည့်တော့
ကိုလက်စထရောလုံးဝမရှိ။ လည်ပင်း
နာ။ပါးစပ်နာများမဖြစ်တော့သည်မှာ
ကြာပါပြီ။

Wednesday, July 5, 2017

Peperomia pellucida. ကျောက်သင်ပုန်း ပင်

အထွေထွေ ဗဟုသုတ added 5 new photos.
ဒီနေ့တော့နိုင်ငံတကာမှာအသုံးပြုနေကြပြီး
ဆေးစွမ်းထက်တဲ့..အပင်တစ်မျိုးနဲ့..မိတ်
ဆက်ပေးပါရစေ...။မြန်မာလိုတော့
ကျောက်သင်ပုန်းပင်လို့...ခေါ်ကြပါတယ်။
ရင်သားကင်ဆာဝေဒနာရှင်များအတွကိ
ပြန်လည်ကောင်းမွန်ဖို့မျှော်လင့်နိုင်တဲ့
ဆေးတစ်မျိုးဖြစ်ပါတယ်....။
Peperomia pellucida.
ကျောက်သင်ပုန်း ပင်
ကင်ဆာရောဂါကာကွယ်ရန်အတွက် ဆေးနည်း။
ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ
ကျောက်သင်ပုန်းဖျက်ရွက်
ယခုပုံမှာ မြင်နေတဲ့ ဒီအပင်ဟာ
ကျောက်သင်ပုန်းသုတ်ရွက်ပင် ဖြစ်ပါတယ်။
နတ်သမီးကွမ်းရွက်၊ နတ်သမီးကွမ်းတံတွေးပင်၊
ရေကြည်ပင် စသဖြင့် နေရာဒေသအပေါ်မူတည်ပြီး
အခေါ်အဝေါ်များ ကွဲပြားကြပါတယ်။
ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကိုပြန်ဖျက်တဲ့နေရာမှာ
အသုံးပြုခဲ့ကြပါတယ်။
အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။
ဒီအပင်မှာ ကင်ဆာရောဂါကို
တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidantsပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး
ဗီတာမင်အေဓါတ်ကို
ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။
ဒီအပင်ဟာ ဆေးဖက်ဝင်အပင်ဆိုတာ
သိလာကြတဲ့အတွက် ထိုင်းနိုင်ငံမှာတော့
အစိမ်းသုပ်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊
တို့စရာအဖြစ် စားသုံးခြင်း၊ ဟင်းရည်ချက်၍
သောက်ခြင်းများကို ပြုလုပ်ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့
ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ)အတွက် ဒီအပင်ကို သုပ်စားခြင်း၊ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။
#ဆေးအဖြစ် အသုံပြုပုံများ
(၁) ရင်သားကင်ဆာရောဂါအတွက်
အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ
ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို
အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို
အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင်
သက်သာပျောက်ကင်းစေပါသည်။
(၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊
အနာစိမ်း၊ပြည်တည်၊ ၀က်ခြံနာ၊
အရေပြားရောဂါအမျိုးမျိုးတို့အတွက်
အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊လိမ်းပေးပါကသက်သာ
ပျောက်ကင်းစေပါသည်။
(၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့တပင်လုံးကို နနွင်း၊
ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း ရေယုံ နာပေါ်ကို တစ်ညခန့် အုံပေးပါကသက်သာပျောက်ကင်း
စေပါသည်။
(၄) ၀က်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံးကိုပြုတ်၍ ၄င်းဆေးပြုတ်
ရည်ကို မနက်တိုင်း
မျက်နှာသစ်ပေးပါက
သက်သာပျောက်ကင်းစေပါသည်။
(၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင်
ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို
ရေစင်အောင်ကြောကာ သုပ်စားခြင်း၊
ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက
ရောဂါကိုသက်သာပျောက်ကင်းစေပါသည်။
(၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက်
ဒီအရွက်ကို လက်တစ်ဆုပ်ခန့်
သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး
အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ
တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့
မျက်စိတိမ်များ ပျောက်ကင်းပါတယ်။
(၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို
အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့်မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း
ကြွက်နို့ပေါ်ကို အုံထားပေးပါ။
ကြွက်နို့များအံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။
ဘီဘီစီဦးဝင်းမြင့်
စောနွဲ့ဆိုင်(ပူတာအို)
#အထွေထွေဗဟုသုတ

Friday, June 30, 2017

တညတည်းနဲ ကိုယ်အလေးချိန်ကျစေမည့်သဘာဝနည်း


ကိုယ်အလေးချိန်လျော့ချဖို့ အကောင်းဆုံး နည်းလမ်းက စနစ်တကျစားပြီး လေ့ကျင့်ခန်း အလုံအလောက်လုပ်ဖို့ ဖြစ်ပါတယ်။ သို့သော် သူဟာ အဲဒီကိုယ်အလေးချိန်လျော့ကျစေမယ့် လေ့ကျင့်ခန်းတွေအတွက် မိမိအချိန်နဲ့ အားအင်တွေ မပေးနိုင် သို့မဟုတ် မပေးချင်သူ တစ်ယောက်ဖြစ်ရင် အဆီကိုလျော့ကျစေပြီး အစာချေမှု အားကောင်းမွန်စေမယ့် အရည်တစ်မျိုးကို သောက်ကြည့်သင့်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ
လတ်ဆတ်သော သဘာဝသံပုရာသီး (၁/၂) လုံး
ပျားရည်စစ်စစ် ထမင်းစားဇွန်း (၂) ဇွန်း
သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ရေ (၂၅၀) မီလီလီတာ
၁။ ရေကို ပွတ်ပွတ်ဆူအောင် တည်ပါ။
၂။ ပါဝင်ပစ္စည်းအားလုံး ဇလုံတစ်ခုထဲပေါင်းထည့်ပါ။
၃။ ရေကို နွေးနွေးဖြစ်သည်အထိ စောင့်ပြီး ပစ္စည်းများပေါ်လောင်းချပါ (ပွက်ပွက်ဆူနေတဲ့ရေကို ပျားရည် သို့မဟုတ် သံပုရာရည်ပေါ် လုံးဝမလောင်းချပါနဲ့)။
၎။ ကောင်းမွန်စွာရောစပ်ပါ။
၅။ အေးအောင်စောင့်ပြီး သောက်ပေးရပါမယ်။
ဒီဆေးရည်ကို သောက်ဖို့ အကောင်းဆုံးအချိန်က မနက်အချိန်နဲ့ နောက်ပြီး ညအိပ်ရာမဝင်ခင်လေးအချိန်မှာ သောက်ပေးရပါမယ်။ ဒါပေမယ့် အမြဲတမ်း အစာအိမ်ဗလာဖြစ်နေချိန်ဖြစ်ရပါမယ်။

Tuesday, May 23, 2017

အစားမတော်တစ်လုတ်

Yuzana Myint shared Thanphyo Naing's post.
11 hrs
Thanphyo Naing
18 hrs
အစားမတော်တစ်လုတ်
============(ဒူးရင်းသီးပေါ်ချိန်မို့ ဖတ်ထားသင့်တဲ့ပိုစ့်ပါ==
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့်ရင်ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီးဟာ အစားမတတ်ရင်ဘေးဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင်လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေနိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။
.
ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်းပြောလို့ရပါတယ်။
-----------------------------------------------------------------------
ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက်ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီးစားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ်ချက်များအရသိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။
ထို့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲ?
ဗဟုသုတ ရအောင်ဖော်ပြပေးလိုက်ပါတယ်။
.
၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန်လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြောများရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။
.
၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင်ရောဂါရှိသူများအနေဖြင့် ဒူရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။
.
၃။ ဒူရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိုကို ၀မ်းအေးစေရေန်သောက်သုံးပေးသင့်ပါတယ်။
.
၎။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အ၀လွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။
.
၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိသူများအတွက် မသင့်လျော်ပါဘူး။
.
၆။ ဒူရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။
.
၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မ၀ယ်ယူသင့်ပါဘူး။
.
၈။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။
.
ဒူရင်းသီးအတွင်း အာဟာရဓာတ်အလွန်ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ၀မ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကိုလျော့ချပေးနိုင်ပါတယ်။
.
ဒါကြောင့် ဒုရင်းသီး ကြိုက်နှစ်သက်ကြသော MI ပရိသတ်ကြီးအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအက်ျိုးငှာ တင်ဆက်ပေးလိုက်ပါတယ်။
---------------------------------------
Credit ..via Soe Khaing