လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label မြန်မာအစာ. Show all posts
Showing posts with label မြန်မာအစာ. Show all posts

Thursday, September 28, 2017

ပေါက်စီအိအိလေး လုပ်စားမယ်....


တကယ်တော့ ပေါက်စီလုပ်နည်းက မခက်လှပါဘူး ၊ လုပ်တတ်ရင် ကောင်းကောင်းလည်းစားရ ၊ ငွေကုန်ကြေးကျလည်းသက်သာ ၊ သန့်လည်းသန့်ရှင်းတာမို့ ဦးကျောက်နှမကို ပေါက်စီလုပ်နည်း သင်ပေးပြီး တူမတွေကို မကြာမကြာ လုပ်ကျွေးခိုင်းတာပေါ့ဗျာ ။ အခုလည်း… ဂဇက်မြို့သူမြို့သားတွေကို အပျင်းပြေပဲဖြစ်ဖြစ် အဆာပြေပဲဖြစ်ဖြစ် လုပ်စားကြည့်ဖို့ နည်းလေးပေးပါရစေ။
ပေါက်စီ ဌာပနာကို မိမိနှစ်သက်ရာ အသား အသီးအရွက်နဲ့လုပ်လို့ရပါတယ် ။ နောက်ဆုံး ဌာပနာလုပ်ရမှာပျင်းရင် လက်ကျန် ကြက်ကြော်ပဲဖြစ်ဖြစ် ၊ အသားပြုတ်ပဲဖြစ်ဖြစ် ၊ပဲအချိုယို(သို့) ကြက်အူချောင်းပဲဖြစ်ဖြစ် ဒီအတိုင်းထည့်လို့ရပါတယ် ။ ပုံမှန် ဆိုင်မှာရောင်းသလို ထည့်တဲ့ အဆာသွတ် အတွက်
– ကြက်သား နုတ်နုတ်စဉ်း – 200 grams (၁၂ကျပ်ခွဲသား)
– ကြက်သွန်နီ/ကြက်သွန်မြိတ် နုတ်နုတ်စဉ်း – 100 grams
– ပဲငံပြာရည် အကြည် – အချိုဇွန်းနဲ့ ၁ဇွန်း
– သကြား – အချိုဇွန်းနဲ့ ဇွန်းဝက်
– ကြက်သားမှုန့် – အချိုဇွန်းနဲ့ ဇွန်းဝက်
– ပြောင်းဖူးမှုန့် (ကော်မှုန့်) – အချိုဇွန်းနဲ့ ၁ဇွန်း
– ရေကျက်အေး – စားပွဲတင် ၁ဇွန်း
– နှမ်းဆီ – ၂စက်ခန့်
– ဆား/ တရုတ် ငရုပ်ကောင်း – အနည်းငယ်
အထက်တွင်ဖော်ပြထားသော ပါဝင်ပစ္စည်းအားလုံးကို သမအောင်ရောမွှေ၍ အဖုံးအုပ်ပြီး နာရီဝက်ခန့် နှပ်ထားပါ…။ ပေါက်စီ တစ်လုံးချင်းစီ၌ ထည့်ရန်… ကြက်ဥ / ဘဲဥပြုတ် – ၂ လုံး ကို လေးစိတ်စီ စိတ်ထားပါ ၊ ကြက်အူချောင်း ကို – ၈ တုံး စွေစောင်း လှီးထားပါ ။
ပေါက်စီလုပ်ဖို့ မုန့်သား (ဒိုး – Dough) နှပ်နည်းက တစ်ဦးနဲ့ တစ်ဦး နဲနဲတော့ကွဲပါတယ် ။ ကျောက်စ်ရဲ့ နည်းကတော့ ဒီလိုပါခင်ဗျာ…
၁။ All-purpose Flour – မုန့်လုပ်ရာမှာ သုံးတဲ့ ချင်ခွက်နဲ့ ၂ခွက် (250 grams)
၂။ မုန့်ဖုတ်တဲ့ ဆော်ဒါ – အချိုဇွန်းနဲ့ ဇွန်းတဝက်
၃။ တဆေး (Yeast) – အချိုဇွန်းနဲ့ ၁ဇွန်းခွဲ
၎။ သကြား အဖြူ – စားပွဲတင် ၂ဇွန်း
၅။ ဟင်းချက်ထောပတ်ဆီ (ဂီး – Ghee) သို့ ဟင်းရွက်ဆီ – စားပွဲတင် ၁ဇွန်း
၆။ ရေကျက်အေး – ချင်ခွက်နဲ့ ၁ခွက်
မုန့်နယ်မည့် ဇလုံထဲကို ရေကျက်အေး (ခပ်နွေးနွေး) အနည်းငယ်ထည့်ပြီး သကြားကို ပျော်အောင် ဖျော်၍ ဆီဖြင့်ရောပါ ။ လက်ကျန် ရေကျက်အေးကို အခြားခွက်တလုံးတွင် တဆေးရောပြီး သမအောင် မွှေ၍ ၁၀မိနစ်ခန့်စောင့်ပါ ။ ၄င်းနောက် သကြားနှင့် ဆီရောထားသော ဇလုံအတွင်းသို့ All-purpose Flour နှင့် မုန့်ဖုတ်ဆော်ဒါထည့် ၊ တဆေးပျော်ရည်ထည့်၍ သမအောင် နာနာနယ်ပေးပါ ။
မုန့်သားနယ်ရာတွေ သမမျှတစေရင် မိမိနှစ်သက်သူကို ဇက်ကြောဆွဲပေးနေသည် သို့မဟုတ် ရန်သူတော်အား လည်ပင်းညှစ်နေသည်ဟု သဘောထားပါက အလွန် အလုပ်တွင်ပါသည် ။ မုန့်သား အစေး အပျစ်ပေါ်မူတည်၍ All-purpose Flour အနည်းငယ် သို့မဟုတ် ရေအနည်းငယ်ကို ချိန်ဆ၍ ထပ်ဖြည့်နိုင်ပါသည် ။ ၄င်းနောက် လက်သုတ်ပုဝါ သန့်သန့် သို့မဟုတ် အဝတ်သန့်သန့်ကို ရေနွေးဖြော ၊ ရေပြန်ညှစ်ပြီး မုန့်သားအပေါ်တွင် ခပ်ဖွဖွ အုပ်၍ စားပွဲပေါ် သို့မဟုတ် အဆင်ပြေသောနေရာတွင် ၁နာရီခွဲခန့် နှပ်ထားလိုက်ပါ ၊ မုန့်သားများ ၂ဆခန့် ပွတက်လာပါလိမ့်မည် ။
တရုတ်လို မန်ထိုလို့ ခေါ်တဲ့ မုန့်သားချည်းသက်သက်စားချင်တယ်ဆိုရင်တော့ နပ်သွားတဲ့ မုန့်သားကို ခပ်ရှည်ရှည် အမြောင်းလိုက်ကလေးဖြစ်အောင် လှိမ့်လိုက်ပြီး အရွယ်တော်တုံး ရေနွေးနဲ့ပေါင်းလိုက်ရုံတင်ပါ ။ ဒါမှမဟုတ် ကဏန်းဟင်းတို့ ပင်လယ်စာတို့နဲ့ တွဲဖက်စားဖို့ Fried Bun လုပ်မယ်ဆိုရင်တော့ နို့စိမ်း အချိုဇွန်း ၁ဇွန်းနဲ့ ထောပတ် အချိုဇွန်း ၁ဇွန်း ထပ်ဖြည့်ပြီး ရောနယ်လိုက်ပါ ။ ပြီးရင် မီးအနေတော် ဆီများများမှာ အရောင်ပြောင်းရုံလေး ခဏကြော်ပြီး ပြန်ဆယ် ၊ ရေနွေးနဲ့ ပြန်ပေါင်းလိုက်ရင် ကွက်တိပဲခင်ဗျ ။
အစာသွတ်ပေါက်စီ စားမယ်ဆိုရင်တော့ နပ်သွားသော မုန့်သားအား ၈ပိုင်း အညီအမျှခွဲပြီး ဒလိမ့်တုံးဖြင့် (မရှိရင် ပုလင်းနဲ့သမ) သာသာယာယာ အဝိုင်းပုံရအောင် (၄လက်မခန့်) လှိမ့်၍ အထက်မှာ ဖော်ပြပြခဲ့တဲ့အတိုင်း အဆာပလာများထည့်ပြီး ပေါက်စီနဲ့တူအောင်လုံးပါ ။ ၃လက်မပါတ်လည် စက္ကူဖြူ အရွက်ကလေးများအား “ဆြာကျောက်စ် ပေါက်စီ” ဟုရေး၍ မုန့်သားအောက်ခြေတွင်ကပ်ပါ ။ ၄င်းနောက် ဇကာပေါ်တွင် အနည်းငယ် ချဲ၍ နေရာချပါ ။ ပန်းပင်လေးများ ရေဖြန်းရာတွင်သုံးသော စပရေးဘူးဖြင့် ပေါက်စီ အလုံးများကို မျက်နှာပြင် ချောမွေ့ရန် ရေကျက်အေး ခပ်ဖွဖွ ဖြန်းပေးပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်၍ ၁၀မိနစ်ခန့်ပေါင်းလျှင် ရသာထူး “ဆြာကျောက်စ် ပေါက်စီ” ရပါပြီ ။
သတိပြုရန်မှာ … ပေါက်စီ ဇကာဗန်းတင်၍ မပေါင်းမီ ရေနွေးပွက်ပွက်ဆူအတွင်းသို့ သန့်စင်ထားသော မီးသွေးခဲ ၁ခဲ နှင့် ရှာလကာရည် ၂ဇွန်းထည့်ရန်ဖြစ်ပါသည် ။ သို့မှသာ ဖြူဖြူဖွေးဖွေး စားချင်စဖွယ် ပေါက်စီကို ရပါလိမ့်မည် ခင်ဗျား…။
credit .....mandalaygazette

Wednesday, September 27, 2017

ဘူးသီးကြော်

Meemeetofu added 5 new photos.
ဆောင်းဝင်တော့မယ်ဆို မြန်မာမှာ ဘူးသီးတွေ၊ ဆလပ်ရွက်လေးတွေ လွှတ်ပေါတော့မယ်၊
အချဉ်ရည်အတွက်
မကျည်းရည်
ထန်းလျှက်
ကြက်သွန်ဖြူ ဒါးပြားရိုက် နုတ်နုတ်စင်း
ငရုပ်သီးစိမ်း နုတ်နုတ်စင်း
ငံပြာရည်
နံနံပင် နုတ်နုတ်စင်း
တို့ အားလုံးရောမွှေထည့်လိုက်တာဘဲ၊ ကိုယ်ကြိုက်သလို အချဉ် အငံ အစပ် လိုသလို ပြုပြင်တာပေါ့နော်။
ခပ်ပြစ်ပြစ်လေး ကြိုက်ရင်
ပဲ အကျက်မှုန့်
ငရုပ်သီးလှော်ထောင်း တို့ ထပ်ထည့်နိုင်ပါတယ်။
ဘူးသီးကြော်နည်း
ဘူးသီးကြော် ပွပွဖောင်းဖောင်းလေးရအောင် ၊ ဘူးသီး တချောင်းလုံးကို ငုံမိအောင်၊ ဘေးမှာ အစတွေ ပြန့်မနေအောင် ကြာကြာကြွပ်အောင် ဘယ်လိုကြော်လည်းလို့ မမီးကို မေးကြတယ်..။ မမီး အကြော်ကြော်ရင် တမ်ပူရာမှုန့် (အကြော်မှုန့်) ကိုဘဲသုံးပီးကြော်ပါတယ်..။ ထိုင်းတမ်ပူရာမှုန့်၊ ကိုရီးယား တမ်ပူရာမှုန့် ဘာဘဲသုံးသုံး အဆင်ပြေပါတယ်။ မြန်မာ အကြော်မှုန့်တွေနဲ့ ကြော်ထားကြတဲ့ ဘူးသီးကြော် ကောင်းကောင်းလေးတွေလည်း Facebook မှာ တက်တက်လာတာ တွေ့နေရလို့ ၊ မြန်မာ အကြော်မှုန့်တွေနဲ့လည်းအဆင်ပြေနိုင်ပါတယ်၊ အရေးကြီးတာကတော့ ဆီရဲ့ အပူချိန်မှန်ဘို့..ရေ နဲ့ အမှုန့်တွေရဲ့ အချိုး မှန်ဘို့ တနည်းအားဖြင့် အပြစ်အကျဲ မှန်ဘို့ပါ။ အကြော်မှုန့် အထုတ်တွေမှာ အမှုန့်ဘယ်လောက်ထည့်ရမယ်. .ရေဘယ်လောက်ထည့််ရမယ် ဆိုတဲ့ အချိုး အစားပေးထားပါတယ်..။ အဲဒါကို တိတိကျကျ လိုက်နာပီး..လိုအပ်မှ လိုတိုးပိုလျှော့ လုပ်ပါရှင်။
မြန်မာရိုးရာနည်းနဲ့ ကြော်တဲ့အချိုးကိုတော့ မမီးမသိပါ၊ ကောက်ညှင်း၊ ဆန်၊ ပဲတို့ကို ကြိတ် အချဉ်ဖောက်ပီး အချိုးကျ ရောစပ်ပီးကြော်တဲ့ မြန်မာဘူးသီးကြော်ကလည်းဘဲ ကြာကြာကြွပ်ပါတယ်၊ ယူအက်စ်မှာနေသူအဘို့ စမ်းသပ်ဘို့ အခွင့်မရသေးပါ။
တမ်ပူရာမှုန့်၊ ဘိတ်ကင်းပေါင်ဒါ ၊ ပြောင်းကော်မှုန့် ဆိုတာ ဘာလည်းမေးထားကြသူများ ဒီလင့်မှာ သွားကြည့်ကြပါရှင်..။
https://www.facebook.com/pg/MeeMeeTofu/photos/?tab=album&album_id=248216882188347
မမီးကြော်ထားတဲ့ အချိုးကတော့..
ကိုရီးယား တမ်ပူရာမှုန့် ၄ စားပွဲဇွန်းမောက်မောက်
ပြောင်းကော်မှုန့် ၁/၂ စားပွဲဇွန်း
ဘိတ်ကင်းပေါင်ဒါ အနည်းငယ်
ရေက တော့ နည်းနည်းချင်း လိုသလို ထည့်ထည့်ပီး နယ်သွားတာပါ။
ဘူးသီးကြော် ကြာကြာကြွပ်ရခြင်း ( လေ့လာမိသလောက်သာ..ပိုသိဘို့လိုနေတာတွေ ရှိကောင်းရှိနိုင်)
မုန့်နှစ် နဲ့ ရေ ရဲ့ အချိုးမှန်ပီး၊ မုန့်နှစ်ကို အတွင်းအပြင် ကြွပ် အောင်ကြော်နိုင်ရင် ဘူးသီးကြော် ကြာကြာကြွပ်ပါတယ်။
ပြောင်းကော်မှုန့်ထည့်တာ အကြော်ကို အလွယ်တကူ အရောင်မညိုသွားစေဘဲ ၊ ကျက်အောင်လည်းကြာကြာကြော်ရပါတယ်၊ အဲဒါကြောင့် အတွင်းမုန့်နှစ်ကျက်ပီး ကြာကြာကြွပ်တာပါ။
ဗူးသီးကြော်ကြော်မယ်ဆိုရင် ဗူးသီးရဲ့ အပေါ်ယံ မျက်နှာပြင်က သွေ့နေရပါတယ်။ ကောင်းတာကတော့ ညနေကြော်မယ်ဆိုရင် မနက်ကတည်းက လှီးပီး လေသလပ်ခံ ဖြန့်ထားတာမျိုး လုပ်ထားသင့်ပါတယ်။ ဘူးသီးမျက်နှာပြင်သွေ့နေပါမှ ဗူးသီးကြော် ကြာကြာကြွတ်ပါတယ်.။
ဘူးသီး အချောင်းကိုလည်း ကြီးကြီးထူထူ လှီးရင် ဘူးသီးက ထွက်လာတဲ့ အစိုဓာတ်ကြောင့် ကြာကြာမကြွပ်ပါ။
ဆီ ရဲ့ အပူချိန်ကတော့ ကိုယ့်မီးဘိုနဲ့ ကိုယ် ချင့်ချိန်ရမယ်ထင်ပါတယ်..။ ဘူးသီးမုန့်နှစ်လူးကို ထည့်လိုက်တဲ့ အခါ ၁၀ စက္ကန့် အတွင်းမှာ ဘူးသီး ကြော်က ပွဖောင်းပီး ဆီမျက်နှာပြင်ပေါ် ပြန်တက်လာသင့်ပါတယ်။
မှတ်သားဘွယ်ရာ ကွန်မန့်များ..
**************************************
Sein Sein Yi ဘူးသီးကြော်ရင်မုန့် နှစ်ထဲမှာ ငြုပ်သီးအရောင်တင်မှုန့် နဲနဲထဲ့ကြော်ရင် ဘူးသီးကြော်ကိုအကြာကြီး ကြော်စရာမလိုဘဲ အချိန်ကုန် ဆီကုန်လဲသက်သာ၊ဘူးသီးကြော်လဲအရောင်လှပါတယ်၊
Aye Thidar Win အမMeemee Tofu ရေ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာလေးပြန်share ပါရစေ ဘူးသီးကြော်ကြော်ရင် မုန့်နှစ်ကိုရေနဲ့ အနေတော်နယ်ပီးတဲ့အခါ ဆီတစ်စက်နှစ်စက် ထည့်မွှေလိုက်ရတယ်တဲ့ ပီးမှဘူးသီးနှစ်ကြော်တဲ့အခါ ဘူးသီးကြော်ပုံလည်းပိုလှပြီး ဖောင်းဖောင်းလေးဖြစ်သတဲ့ ညီမ စမ်းကြော်ကြည့်တာ အဆင်ပြေတယ်အမရေ။
Dawgyi Khine ဘူးသီးကိုဆားလေးနဲနဲ
နဲ့အရင်နယ်ထားရင်ဘူးသီးထဲလဲအငံဝင်ဘူးသီးထဲကရေတွေလဲထွက်လာလို့ကြာထားလဲကျွတ်နေပါတယ်သိသလောက်မျှတာပါ..။
Moenya Moenya ကျွန်မတို့ ကတော့ ဂျင်း ကြက်သွန်ဖြူညက်ညက်ထောင်းထည့်ပါတယ် အနံ့ မွှေးတယ်
အကြော်မှုန့် က စပ်ပြီးသားအထုတ်တွေနဲ့ ကြော်ပါတယ်
ကိုယ်တိုင်စပ်တဲ့ -ကောက်ညှင်းမှုန့်  ၂ ဆ
ဆန်မှုန့်  ၁ဆ ဆော်ဒါမှုန့်  နဲနဲလေးရောပြီးလဲကြော်ပါတယ်..။
အန်တီ လွင် ယိုးဒယားမယ်ငါးထုတ်ကိုရွှေကြည်ကွမ်းသီးလုံးခန့်ထည့်ကြော်ရင်အရောင်လည်းလှတယ်ကြွတ်ကြွတ်ရွရွလေး..။
Khaing Win Tun မိတ္ထီလာမြို့က နာမည်ကြော် ပေါက်ချောင်းအကြော်ဆိုင် ကြော်နည်းပါ... သူက အချောင်းလိုက်မကြော်ပါဘူး ဗူးသီးကို မပါးတပါးလှီးပြီး မိုးပြဲဒယ်မှာ အချပ်လိုက်ကြော်ပါတယ်...ရေမုန့်(မုန့်ရေပါးနဲ့)တွဲစား အရမ်းကောင်းပေါ့ မဆလခေတ်က ၀န်ကြီးတွေ အစည်းအဝေးမှာကျွေးဖို့ အကြော်သည်ကို မိတ္ထီလာ လေတပ်က ရဟတ်ယာဉ်နဲ့ပို့ပေးရတဲ့အထိ နာမည်ကြီးပါတယ်.. အချိုးအစားက ဆန်မှုန့်သီးသန့်
စားဆော်ဒါ
ဆနွမ်းမှုန့်အနဲငယ်
ရေပြစ်ပြစ်နဲ့ဖျော်
ဆား အရသာထည့်
ဗူးသီးကို ခပ်ပါးပါးလှီးပြီး မုန့်နှစ်ရည် ထည့်နယ်
ဒယ်ကြီးကြီးမှာ ဆီပူအောင်ထား
ဆီပူရင် မီးလျော့ပြီး ဗူးသီးနဲ့မုန့်နှစ်ရည်အားလုံးကို့ ဖြန့်ထည့် တဖက်ကျက်မှ တဖက်လှန်ပါ..
အချဉ်ရည်ကို မန်ကျည်းသီး အနှစ်တိုက် ငရုတ်သီးစိမ်း(ကုလားအော်သီး) ကြက်သွန်ဖြူထောင်းထည့်
ဆား အရသာထည့်
ဆလပ်ရွက် ဂေါ်ဖီတို့စရာနဲ့ စွန်းမိုက်။
Than Dar အစ်မမီးရေ,,,ကျောက်ဖရုံသီးကိုကြော်စားကြည့်...ကောင်းမှကောင်း ချိုမှချိုပဲ..ဗူးသီးထက်ပိုကောင်းသလိုပဲ..ဗူးသီးဝယ်မရတော့တာနဲ့ ညီမစမ်းကြော်စားကြည့်တာ...အစ်မရဲ့အချဉ်ရည်ထဲကို ပဲမှုန့်နဲနဲထည့်,,ငရုပ်အလှော်မှုန့်နဲနဲထပ်ထည့်.နံနံပင်နုပ်နုပ်စင်းပြီးနဲနဲထည့် ငံပြာရည်နဲနဲထည့်,, လုပ်စားကြည့်ပါအစ်မ ရမ်းကောင်း  မော်လမြိုင်အချဉ်ရည်ဖြစ်သွားရော။
Ma M Wai using selfrising flour is the best for the bu thee kyaw. it doesn't need anything . just selfrising flour and water only. try it. ဂျုံမှုန့်ထဲမှာ ဘိတ်ကင်းပေါင်ဒါ ကိုသမအောင် ရောထားတဲ့ အသင့်စပ်ပီးသားဂျုံမှုန့်ကို အသုံးပြုပီး ဘူးသီးကြော်တာ အကောင်းဆုံးပါတဲ့၊ တခြား ဘာအမှုန့်မှ ထပ်ရောရန် မလိုပါတဲ့။

Wednesday, September 13, 2017

အမဲသား/ ဆိတ်သား ချက်တိုင်း ညှီနံရလို့

အမဲသား/ ဆိတ်သား ချက်တိုင်း ညှီနံရလို့
ချက်မစားဖြစ်တော့ဘူး ဆိုတဲ့ သူငယ်ချင်းများတွက် မနောရဲ့ အမဲသားချက်နည်းလေးး မျှဝေလိုက်ပါတယ်
အမဲသားနေရာမှာ ဆိတ်သားလည်း ထိုနည်းအတိုင်းပဲ ချက်နိုင်ပါတယ်လို့ 😬😬တက်သလောက်လေး ချက်မိတိုင်း စားတဲ့သူတိုင်းက နူးအိနေတာပဲ လုံးဝလည်းမနံဘူးနော် ချက်နည်းလေး ပြောပြလို့ မေးဖူးကျလို့ ချက်တက်တဲ့ နည်းလေး ကိုမျှဝေခြင်းပါရှင် အမှားပါခဲ့ရင်လည်း ဆောတီးပါလို့ 😁😁😁😊
အမဲသားချက်
လိုအပ်သော ပစ္စည်းများ
အမဲသား ( လိုသလောက်)
ဆား အချိုမှုန့် ( ကြက်သားမှုန့်ဆို တမျိုးထဲ အဆင်ပြေ)
သံပရာသီးတစိတ်
ဒိန်ချဉ် အနည်းငယ် ( ဈေးထဲမှာဆို ၁၀၀ ဖိုး၂၀၀ ဖိုးဆို ရပြီ)
ဆီ
ကြက်သွန် ဖြူ/နီ ဂျင်း
အမဲသားကို လိုသလိုတုံးပါ ရေးဆေးပီး
သံပရာသီးတစိတ် | ဆား | အချိုမှုန့် တို့ဖြင့် နယ်ထားပါ
နာရီဝက်လောက် နှပ်ထားပါ ( နှပ်တာကြာလေ ကောင်းလေပါပဲ- အချိုမှုန့်မစားရင် အခြားအစားထိုးသုံးနိုင်ပါသည်)
ကြက်သွန်ဖြူ , ဂျင်း , ကြက်သွန်နီ ကို ရောထောင်းထားပါ (မနော ကတော့ မထောင်းဘူးကြက်သွန်နီသေးသေးလှီး ကြက်သွန်ဖြူ တပြားရိုက် ဂျင်းကိုသေးသေးလှီးလိုက်တယ် ဟိုအရင်ကလို ကြက်သွန်ညက်မှ ဆိုရင်တော့ ယောက်ခမ ရိုတ်မှာရှင့် 😅😅)
ဆီပူထဲကို ဂျင်း ကြက်သွန်ဖြူ /နီ ထောင်းတာ ထည့်ပြီး
ဆီသက်ပါမယ်
ဆီသက်တာကျက်ပီဆို အမဲသား / ဒိန်ချဉ် ထည့်ပါမယ်
အဖုံးအုပ်ပါ ထွက်လာသော အရည်နှင့် လုံး၍ ခဏ ချက်ပါ ပီးရင် အမဲသားကို ရေမြုတ်အောင်ထည့်ထားပါ
ဆီပြန်လာပြီဆို အပေါ့အငမ်မြည်း လိုရင်ထပ်ထည့်
မဆလာကြိုက်ရင် အာ့အချိန်ထည့်ပါ နောက်တရေ မထည့်ခင်ပေါ့နော် အဲ့တာဆို မဆလာနံက မစူးနေတော့ဘူး ပီးရင် နောက်တရေ ထပ်ထည့်ပြီး ချက်ပါ ဆီပြန်လာရင် အရသာရှိတဲ့ အမဲသား ဆီပြန်လေး ရပြီရှင့်
လုံးဝ မနံသလို ဒိန်ချဉ်လေး ထည့်ချက်ထားတာကြောင့် အသားလေးက ဝါးလိုက်တာနဲ့ နူးအိနေရောပဲ 😋😋😋
အလှဆင်စရာကတော့ ငရုတ်သီးပဲ တွေ့တယ် ( ဖြစ်သလိုလေးပေါ့ 😬)

Wednesday, August 30, 2017

ဂေါ်ဖီ ကြက်သားပေါင်း


ဂေါ်ဖီကြက်သားပေါင်းလုပ်နည်းက ကြက်သားပေါင်းရေညှိလုပ်နည်းနဲ.ခပ်ဆင်ဆင်ပါပဲ။
စားလို.လည်းကောင်းသလို လုပ်ရတာလည်း လွယ်ကူတာမို.ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သား - ၁၅ ကျပ်သား(နုတ်နုတ်စင်း)
ပုဇွန် - ၁၀ ကောင် (နုတ်နုတ်စင်း)
ကြက်ဥ - ၁ လုံး
ဂေါ်ဖီရွက်ကြီး - ၅ ရွက်
ကြက်သွန်နီ - ၁ လုံး(နုတ်နုတ်စင်း)
မုန်လာဥနီ - ၁ ဝက် (နုတ်နုတ်စင်း)
ကြက်သွန်မြိတ် - ၃ ပင် (နုတ်နုတ်စင်း)
ဂျုံမှုန်. - စားပွဲတင်ဇွန်း ၄ စွန်း
ပေါင်မုန်.ခြောက်- စားပွဲတင်ဇွန်း ၁ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
ကြက်သားမှုန်.- လက်ဖက်ရည်ဇွန်း ၁ ဝက်
ငါးငံပြာရည် - စားပွဲတင်ဇွန်း ၁ စွန်း
ခရုဆီ - စားပွဲတင်ဇွန်း ၁ စွန်း
နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း ၁ စွန်း
ချက်ပြုတ်နည်း
အရင်ဆုံး ဂေါ်ဖီရွက်ကို ရေဆူဆူမှာ
၁ မိနစ်ခန်.နွမ်းအောင်ပြုတ်ပြီး အအေးခံထားပါ။ဂေါ်ဖီနွမ်းသွားမှ အစာလိပ်လို.ရမှာမို.ပါ။
ပြီးရင် ဇလုံတစ်ခုထဲသို.ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးထည့်ပြီး သမအောင်ရောနယ်ပေးပါ။
ပြီးမှ ဂေါ်ဖီရွက်တစ်ချပ်ကို အောက်ကခင်းပြီး နယ်ထားတဲ့အစာ စားပွဲတင်ဇွန်း ၂ စွန်းခန်.ထည့်ပြီး လိပ်ပေးပါ။ဒီနည်းနဲ.ကျန်တဲ့အစာများကို လိပ်ပေးပါ။
ပြီးရင် ဂေါ်ဖီကြက်သားလိပ်တွေကို ဇကာပါတဲ့ပေါင်းအိုးနဲ.အောက်ကရေထည့်ပြီး နာရီဝက်ခန်.ပေါင်းပြီးရင် ရပါပြီ။
အခုဆိုရင် စားလို.အရမ်းကောင်းတဲ့ ဂေါ်ဖီကြက်သားပေါင်းကို နှစ်သက်ရာအချဉ်နဲ.တွဲဖက်သုံးဆောင်နိုင်ပါပြီ 
ဒီချက်နည်းကတော့ Wutyee Food House က Cho Wut Yee ရဲ့ ချက်နည်းအတိုင်း ချက်ထားတာပါ ။

ကြက်သားဟင်းထုပ်

ည​နေခင်းအစာ​ပြေ..
ကြက်​သားဟင်းထုပ်​လုပ်​စားတယ်
ဘူမှဝယ်​မ​ကျွေးကြ​တော့
ကွာ့ကိုယ်​လုပ်​စားရတာ​ပေါ့
အဓိကထုပ်တဲ့​ဖက်​မရှိ​တော့
ကြံရဖန်​ရပြန်​​ရော
အာ့နက်​ည​လေး​တျောက်​မုန့်​ဖက်​ထုပ်
လက်​​ဆောင်​​ပေးလို့
အယ့်​ဖက်​​လေးမလွင့်​ပစ်​ဖဲ
အာ့​လေးနဲ့လုပ်​ရတဲ့ဘွ
ဖက်​ကနဲ​တော့ဇလုံထဲဖက်​ခင်း
အစာထည့်​ အ​ပေါ်ကဖက်​တရွက်​အုပ်​ပီး
ပေါင်းပြိုက်​သာ​ပေါ့
စားချင်​အုန်းဟယ့်​ ဟင်းထုပ်​ဆိုပြီး
အမုန်းဆွဲပြိုက်​သယ်
သူနဲ့တွဲစားဘို့..
ဲကြက်​သွန်​ဖြူနဲ့ငြုတ်​ဆီချက်​ ဂျူးမြစ်​တို့လိုအပ်​ပါတယ်
ခုဟင်းထုပ်​ထဲထည့်​တာ..
မွေးဆန်​အစိမ်းမူန့်​..၂ထုပ်
မွှေး​ကောက်​ညှင်းမူန့်​တဝက်
ကြက်​သွန်​နီမြိတ်​..... လက်​တဆုပ်
ကြက်​သွန်​ဖြူနီနုတ်​နုတ်​စင်း အနဲငယ်
ဆီ အချိုမူန့်​ ကြက်​သားမူန့်​. အနဲငယ်​စီ
ကြက်​သားပြုတ်ပီး​နုတ်​နုတ်​စင်း လက်​တဆုပ်
အားလုံးကို​ရောသမ​မွှေပြီး​ရေနဲနဲချင်းထည့်​နယ်​ပါ..​ရေနဲ့အားလုံး​ရောသမသွားရင်​အရည်​စပ်​စပ်​​လေးဖြစ်​​နေရင်​​ပေါင်းရန်​အသင့်​ပါ..ဇလုံတခုထဲဖက်​ခင်းမုန့်​နှစ်​ရည်​​တေ​လောင်းအ​ပေါ်ကဖက်​တရွက်​အုပ်​အဖုံးအုပ်​ပြီး
အိုးကြီးတလုံးထဲ​ရေ တဝက်​ထည့်​ ဇကာခံမုန့်​နှစ်​ဇလုံထည့်​ဇကာကိုအဖုံးလုံ​အောင်​အုပ်​ပြီး၄၅မိနစ်​ခန့်​​ပေါင်းပါ
ကျက်​မကျက်​သိချင်​ရင်​ မုန့်​နှစ်​ထည့်​ထားတဲ့ဇလုံအလည်​ကိုဓားဦးချွန်​နဲ့ထိုးကြည့်​ မုန့်​နှစ်​ကပ်​ပါမလာရင်​ကျက်​ပါပြီ..
ကျက်​​တော့မှဘန်းတခုထဲ​မှောက်​ချပြီးလိုသလိုလှီးစားနိုင်​ပါတယ်
ကြက်​သားမူန့်​ကအငန်​ဓာတ်​ပါလို့ဆားမထည့်​ဘူး ငန်​သွားရင်​စားမ​ကောင်းဘူး​နော်​..

ကြက်ကင်နည်း

Follow · 28 AugustEdited 
 
ကြက်ကို ကြောဘက်မှ ဒီလို ခြမ်းလိုက်ပါ

# ပြီးရင်ဆားနဲ့ဆီ/ငရုတ်ကောင်း ထည့် နယ်ပါ
ငရုတ်သီးမှုန့်  ( အရောင်တင်မှုန့်  )
( paprica) ထည့်နယ်ပါ့ ပြီးရင် ကင်ပါ
( ဒါက ဥရောပနည်း )

# နောက်တစ်နည်းက ဆား/ခရုဆီ/သကြား/
ဟင်းခပ်မှုန့် /ပဲငံပြာရေ အနောက် ထည့်နယ်ပါ ပြီးရင်ကင်ပါ ( ဒါက တရုတ်နည်း )

# ဂျင်း/ကြက်သွန်ဖြူ /နီ /စပါးလင်/နနွင်းတက် /ငရုတ်သီးစိမ်း/နီ အကုန်ကို ရေအနည်းငယ် ထည့်ကြိတ်ပြီး ဆားနဲ့ အရသာထည့်
ကြက်သားကို နယ်ပြီး ခဲပြား နဲ့ ပတ်ကင်ပါ
( ဒါက မလေးရှားနည်း )

# ဆီ/ငရုတ်သီးမှုန့် /ဆား/ဟင်းခပ်မှုန့် /တရုတ်မဆလာ ထည့်ပြီး ကြက်ကို နယ်ပြီးကင်ပါ
( ဒါက မြန်မာနည်း )

# ဆား/သံပုရာရေ/(ဂျင်းနဲ့ ကြက်သွန်ဖြူ
ဆတူကြိတ်ထားသော အနှစ်)/ငရုတ်သီးမှုန့် /ကြက်ဥ တစ်လုံးထည့်/ ဒိန်ချ ဉ် အနည်းငယ်/ garam masala အမှုန့် / ( အနီရောင်ဆိုးဆေး အနည်းငယ်) ( food colour )
တိုနဲ့ ကြက်သားကိုနယ်ပြီး ကင်ပါ
( ဒါက အိန္ဒိယနည်း ) ( Tandoori )

# ကြက်သားကို ဆားနဲ့ ငရုတ်ကောင်းထည့်နယ် သံလွင်ဆီ သို့ မဟုတ် ပြောင်းဆီနဲ့
ကြက်ကို သုတ်လိမ်းပါ
ကြက်ကို အကောင် အတိုင်း ဗိုက်ထဲမှာ
(ကြက်သွန်ဖြူ /နီ/ဂျင်းထည့် ပြီး အခြမ်းလိုက်)
ကြက်ရဲ့ ဖင်ဝကနေ တိုက်ဂါး ဘီယာ
တစ်ဗူး ဖောက်ပြီး ဖင်ကို တေ့ထားပါ
ကြက်ကို ထောင်ထားပြီး
မီးဖုတ်ပါ ( ဖစ်လပိုင် နည်းပါ )

# ရေပွက်ပွက်ဆူထဲ ဆား/ဂျင်း/နံနံပင်
ထည့်ပြီး ကြက်ကို ၁၀ မိနစ်ခန့် ပြုတ်ပါ
ပြန်ဆယ် ပြီး ဆီပူပူမှာ ၅ မိနစ်ခန့်  နှစ်ကြော်ပါ့  ပြန်ဆယ်ပြီး ပြားရည် ၃ ခါ သုတ်
ကင်ပါ ( ထိုင်းနည်း ) 

Sunday, August 20, 2017

ပုဗွန်ချဉ်

Thet Thakhin added 2 new photos — feeling joyful with Eliza Pru.
24 minsMuar, Malaysia
င်ဆားနယ်ပါ့
မယ် ထမင်းပူပူထည့်နယ် ပြီးဖန်ပုလင်းထဲထည့်သိပ်
ပါ အပေါ်က ဖက်အုပ်ပြီး တူဒုတ်တံလိုသလိုချိုးပြီး
ဂုတ်နှိပ်ဖိထားပါ ပန်းကန်တခုမှာရေပါရုံထည့်ပြီး
ပုဇွန်ပုလင်းကိုမှောက်ထားပေးပါ ၄ရက်လောက်ဆို
အရောင်ရဲလာပါပြီ အဲ့ဒီအခါ လိုသလောက်ထုပ်စား
ပြီးရေခဲသေတ္တာအောက်ဖက်မှာထည့်သိမ်းစားပါ
ဆိုးဆေးမပါ သဘာဝမို့ကျန်းမာရေးနဲ့ညီညွတ်ပါတယ်
အသားချဉ်လုပ်တဲ့အခါလည်းဝေမျှပေးပါ့မယ်
ဒါက ပထမအကြိမ်စမ်းလုပ်ကြည့်တဲ့ရလာဒ်ပါ

Friday, August 18, 2017

ဘူးသီးကြော်နည်း

Meemeetofu added 7 new photos.
ဘူးသီးကြော်နည်း
ဘူးသီးကြော် ပွပွဖောင်းဖောင်းလေးရအောင် ၊ ဘူးသီး တချောင်းလုံးကို ငုံမိအောင်၊ ဘေးမှာ အစတွေ ပြန့်မနေအောင် ကြာကြာကြွပ်အောင် ဘယ်လိုကြော်လည်းလို့ မမီးကို မေးကြတယ်..။ မမီး အကြော်ကြော်ရင် တမ်ပူရာမှုန့် (အကြော်မှုန့်) ကိုဘဲသုံးပီးကြော်ပါတယ်..။ ထိုင်းတမ်ပူရာမှုန့်၊ ကိုရီးယား တမ်ပူရာမှုန့် ဘာဘဲသုံးသုံး အဆင်ပြေပါတယ်။ မြန်မာ အကြော်မှုန့်တွေနဲ့ ကြော်ထားကြတဲ့ ဘူးသီးကြော် ကောင်းကောင်းလေးတွေလည်း Facebook မှာ တက်တက်လာတာ တွေ့နေရလို့ ၊ မြန်မာ အကြော်မှုန့်တွေနဲ့လည်းအဆင်ပြေနိုင်ပါတယ်၊ အရေးကြီးတာကတော့ ဆီရဲ့ အပူချိန်မှန်ဘို့..ရေ နဲ့ အမှုန့်တွေရဲ့ အချိုး မှန်ဘို့ တနည်းအားဖြင့် အပြစ်အကျဲ မှန်ဘို့ပါ။ အကြော်မှုန့် အထုတ်တွေမှာ အမှုန့်ဘယ်လောက်ထည့်ရမယ်. .ရေဘယ်လောက်ထည့််ရမယ် ဆိုတဲ့ အချိုး အစားပေးထားပါတယ်..။ အဲဒါကို တိတိကျကျ လိုက်နာပီး..လိုအပ်မှ လိုတိုးပိုလျှော့ လုပ်ပါရှင်။
မြန်မာရိုးရာနည်းနဲ့ ကြော်တဲ့အချိုးကိုတော့ မမီးမသိပါ၊ ကောက်ညှင်း၊ ဆန်၊ ပဲတို့ကို ကြိတ် အချဉ်ဖောက်ပီး အချိုးကျ ရောစပ်ပီးကြော်တဲ့ မြန်မာဘူးသီးကြော်ကလည်းဘဲ ကြာကြာကြွပ်ပါတယ်၊ ယူအက်စ်မှာနေသူအဘို့ စမ်းသပ်ဘို့ အခွင့်မရသေးပါ။
တမ်ပူရာမှုန့်၊ ဘိတ်ကင်းပေါင်ဒါ ၊ ပြောင်းကော်မှုန့် ဆိုတာ ဘာလည်းမေးထားကြသူများ ဒီလင့်မှာ သွားကြည့်ကြပါရှင်..။ https://www.facebook.com/pg/MeeMeeTofu/photos/?tab=album&album_id=248216882188347
မမီးကြော်ထားတဲ့ အချိုးကတော့..
ကိုရီးယား တမ်ပူရာမှုန့် ၄ စားပွဲဇွန်းမောက်မောက်
ပြောင်းကော်မှုန့် ၁/၂ စားပွဲဇွန်း
ဘိတ်ကင်းပေါင်ဒါ အနည်းငယ်
ရေက တော့ နည်းနည်းချင်း လိုသလို ထည့်ထည့်ပီး နယ်သွားတာပါ။
ဘူးသီးကြော် ကြာကြာကြွပ်ရခြင်း ( လေ့လာမိသလောက်သာ..ပိုသိဘို့လိုနေတာတွေ ရှိကောင်းရှိနိုင်)
မုန့်နှစ် နဲ့ ရေ ရဲ့ အချိုးမှန်ပီး၊ မုန့်နှစ်ကို အတွင်းအပြင် ကြွပ် အောင်ကြော်နိုင်ရင် ဘူးသီးကြော် ကြာကြာကြွပ်ပါတယ်။
ပြောင်းကော်မှုန့်ထည့်တာ အကြော်ကို အလွယ်တကူ အရောင်မညိုသွားစေဘဲ ၊ ကျက်အောင်လည်းကြာကြာကြော်ရပါတယ်၊ အဲဒါကြောင့် အတွင်းမုန့်နှစ်ကျက်ပီး ကြာကြာကြွပ်တာပါ။
ဗူးသီးကြော်ကြော်မယ်ဆိုရင် ဗူးသီးရဲ့ အပေါ်ယံ မျက်နှာပြင်က သွေ့နေရပါတယ်။ ကောင်းတာကတော့ ညနေကြော်မယ်ဆိုရင် မနက်ကတည်းက လှီးပီး လေသလပ်ခံ ဖြန့်ထားတာမျိုး လုပ်ထားသင့်ပါတယ်။ ဘူးသီးမျက်နှာပြင်သွေ့နေပါမှ ဗူးသီးကြော် ကြာကြာကြွတ်ပါတယ်.။
ဘူးသီး အချောင်းကိုလည်း ကြီးကြီးထူထူ လှီးရင် ဘူးသီးက ထွက်လာတဲ့ အစိုဓာတ်ကြောင့် ကြာကြာမကြွပ်ပါ။ မမီးအခုကြော်ထားတဲ့ ဘူးသီးချောင်းလေးတွေက သေးသေးလေးတွေပါ။
ဆီ ရဲ့ အပူချိန်ကတော့ ကိုယ့်မီးဘိုနဲ့ ကိုယ် ချင့်ချိန်ရမယ်ထင်ပါတယ်..။ ဘူးသီးမုန့်နှစ်လူးကို ထည့်လိုက်တဲ့ အခါ ၁၀ စက္ကန့် အတွင်းမှာ ဘူးသီး ကြော်က ပွဖောင်းပီး ဆီမျက်နှာပြင်ပေါ် ပြန်တက်လာသင့်ပါတယ်။
မှတ်သားဘွယ်ရာ ကွန်မန့်များ..
**************************************
Sein Sein Yi ဘူးသီးကြော်ရင်မုန့် နှစ်ထဲမှာ ငြုပ်သီးအရောင်တင်မှုန့် နဲနဲထဲ့ကြော်ရင် ဘူးသီးကြော်ကိုအကြာကြီး ကြော်စရာမလိုဘဲ အချိန်ကုန် ဆီကုန်လဲသက်သာ၊ဘူးသီးကြော်လဲအရောင်လှပါတယ်၊
Aye Thidar Win အမMeemee Tofu ရေ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတာလေးပြန်share ပါရစေ ဘူးသီးကြော်ကြော်ရင် မုန့်နှစ်ကိုရေနဲ့ အနေတော်နယ်ပီးတဲ့အခါ ဆီတစ်စက်နှစ်စက် ထည့်မွှေလိုက်ရတယ်တဲ့ ပီးမှဘူးသီးနှစ်ကြော်တဲ့အခါ ဘူးသီးကြော်ပုံလည်းပိုလှပြီး ဖောင်းဖောင်းလေးဖြစ်သတဲ့ ညီမ စမ်းကြော်ကြည့်တာ အဆင်ပြေတယ်အမရေ။
Dawgyi Khine ဘူးသီးကိုဆားလေးနဲနဲ
နဲ့အရင်နယ်ထားရင်ဘူးသီးထဲလဲအငံဝင်ဘူးသီးထဲကရေတွေလဲထွက်လာလို့ကြာထားလဲကျွတ်နေပါတယ်သိသလောက်မျှတာပါ..။
Moenya Moenya ကျွန်မတို့ ကတော့ ဂျင်း ကြက်သွန်ဖြူညက်ညက်ထောင်းထည့်ပါတယ် အနံ့ မွှေးတယ်
အကြော်မှုန့် က စပ်ပြီးသားအထုတ်တွေနဲ့ ကြော်ပါတယ်
ကိုယ်တိုင်စပ်တဲ့ -ကောက်ညှင်းမှုန့်  ၂ ဆ
ဆန်မှုန့်  ၁ဆ ဆော်ဒါမှုန့်  နဲနဲလေးရောပြီးလဲကြော်ပါတယ်..။
အန်တီ လွင် ယိုးဒယားမယ်ငါးထုတ်ကိုရွှေကြည်ကွမ်းသီးလုံးခန့်ထည့်ကြော်ရင်အရောင်လည်းလှတယ်ကြွတ်ကြွတ်ရွရွလေး..။
Khaing Win Tun မိတ္ထီလာမြို့က နာမည်ကြော် ပေါက်ချောင်းအကြော်ဆိုင် ကြော်နည်းပါ... သူက အချောင်းလိုက်မကြော်ပါဘူး ဗူးသီးကို မပါးတပါးလှီးပြီး မိုးပြဲဒယ်မှာ အချပ်လိုက်ကြော်ပါတယ်...ရေမုန့်(မုန့်ရေပါးနဲ့)တွဲစား အရမ်းကောင်းပေါ့ မဆလခေတ်က ၀န်ကြီးတွေ အစည်းအဝေးမှာကျွေးဖို့ အကြော်သည်ကို မိတ္ထီလာ လေတပ်က ရဟတ်ယာဉ်နဲ့ပို့ပေးရတဲ့အထိ နာမည်ကြီးပါတယ်.. အချိုးအစားက ဆန်မှုန့်သီးသန့်
စားဆော်ဒါ
ဆနွမ်းမှုန့်အနဲငယ်
ရေပြစ်ပြစ်နဲ့ဖျော်
ဆား အရသာထည့်
ဗူးသီးကို ခပ်ပါးပါးလှီးပြီး မုန့်နှစ်ရည် ထည့်နယ်
ဒယ်ကြီးကြီးမှာ ဆီပူအောင်ထား
ဆီပူရင် မီးလျော့ပြီး ဗူးသီးနဲ့မုန့်နှစ်ရည်အားလုံးကို့ ဖြန့်ထည့် တဖက်ကျက်မှ တဖက်လှန်ပါ..
အချဉ်ရည်ကို မန်ကျည်းသီး အနှစ်တိုက် ငရုတ်သီးစိမ်း(ကုလားအော်သီး) ကြက်သွန်ဖြူထောင်းထည့်
ဆား အရသာထည့်
ဆလပ်ရွက် ဂေါ်ဖီတို့စရာနဲ့ စွန်းမိုက်။
Than Dar အစ်မမီးရေ,,,ကျောက်ဖရုံသီးကိုကြော်စားကြည့်...ကောင်းမှကောင်း ချိုမှချိုပဲ..ဗူးသီးထက်ပိုကောင်းသလိုပဲ..ဗူးသီးဝယ်မရတော့တာနဲ့ ညီမစမ်းကြော်စားကြည့်တာ...အစ်မရဲ့အချဉ်ရည်ထဲကို ပဲမှုန့်နဲနဲထည့်,,ငရုပ်အလှော်မှုန့်နဲနဲထပ်ထည့်.နံနံပင်နုပ်နုပ်စင်းပြီးနဲနဲထည့် ငံပြာရည်နဲနဲထည့်,, လုပ်စားကြည့်ပါအစ်မ ရမ်းကောင်း  မော်လမြိုင်အချဉ်ရည်ဖြစ်သွားရော။
Ma M Wai using selfrising flour is the best for the bu thee kyaw. it doesn't need anything . just selfrising flour and water only. try it. ဂျုံမှုန့်ထဲမှာ ဘိတ်ကင်းပေါင်ဒါ ကိုသမအောင် ရောထားတဲ့ အသင့်စပ်ပီးသားဂျုံမှုန့်ကို အသုံးပြုပီး ဘူးသီးကြော်တာ အကောင်းဆုံးပါတဲ့၊ တခြား ဘာအမှုန့်မှ ထပ်ရောရန် မလိုပါတဲ့။

Saturday, August 12, 2017

ပဲကျော်


မိမိကြိုက်ရာအကြော်မှုန့်ကိုဆန်မှုန့်ရဲ့တဝက်ထည့်ပါ။
ဆားအနည်းငယ်၊ကျေညက်အောင်ထောင်းထားတဲ့ဂျင်း၊ကြက်သွန်ဖြူတို့ထည့်ရေနွေးနွေးသုံးပြီးနှံ့အောင်နယ်ပြီးတနာရီခန့်နှပ်ထားပါ။
ရေ တညစိမ်ထားတဲ့ကုလားပဲကိုအဆံပျောက်သည်ထိပြုတ်ပါ။
ပဲကြော်အတွက်မုန့်နှစ်ရည်မပျစ်မကျဲဖျော်ပြီးကုလားပဲနဲ့ရောမွှေပါ။
ဆီများများကိုအရမ်းမပူစေတဲ့အခြေအနေမှာပဲနဲ့မုန့်နှစ်ရည်အချိုးအစားမျှမျှတတယူပြီးဆီထဲထည့်ပေးရပါမယ်။ပဲရည်ထည့်စဉ်မီးပိတ်ထားပါ။
ထည့်ပြီးပါကမီးပြန်ဖွင့်ပြီးအပူမြှင့်ပြီးကြော်ပါ၊
တုတ်ချွန်ရှည်(၂)ချောင်းသုံးပါ။ပိုအဆင်ပြေအသုံးတည့်ပါတယ်။
တဖက်တချက်အပြန်အလှန်ရွှေဝါရောင်သမ်းသည်ထိကြော်ပြီးဆီစစ်စက္ကူ(kitchen towel)ခံထားတဲ့ဘန်းထဲထည့်ဆီစစ်ထားပေးပါ။
ဆီထဲမုန့်နှစ်ရည်ထည့်ပုံအဆင့်ဆင့်ကိုပုံတွေနဲ့ရှင်းပြပေးထားပါတယ်။

Sunday, July 23, 2017

မုန့်ဦးနှောက် ကို တင်တင့်လက်ရာချစ်သူတိုင်း အိမ်မှာအလွယ်တစ်ကူ လုပ်နိုင်ဘို့ ...

မန်မာ့ အစားအစာထဲက မုန့်တစ်မျိုးဖြစ်တဲ့
မုန့်ဦးနှောက် ကို တင်တင့်လက်ရာချစ်သူတိုင်း အိမ်မှာအလွယ်တစ်ကူ လုပ်နိုင်ဘို့ ...
မုန့်ဦးနှောက်ဆို သိပ်သိပ်ကြိုက် ❤️
အုန်းဆီချက်များများ သကြားများများနဲ့ချိုချို
အီအီ အိအိလေးစားရတာ သိပ်သဘောကျ ❤️
အရင်က မုန့်ဦးနှောက်လုပ်မယ်ဆို ပေါ်ဆန်းမွှေးဆန်ကို ရေစိမ် ... စက်မှာသွားကြိတ် ... ရေစစ်အောင်ကျောက်ဖိ
ပြီးမှ မုန့်လုပ်ဖို့အတွက်စပြီးပြင်ဆင် ...
အလုပ်ရှုပ်လွန်းလို့ .... တော်ရုံမလုပ်စားဖြစ်ပါဘူး
ဒါ့ကြောင့် မြန်မာ့အစားအစာမုန့်တွေကို ကိုယ့်မိသားစုအတွင်းမှာ ကိုယ်တိုင်လုပ်ကျွေး
နိုင်ဘို့အတွက် လွယ်ကူတဲ့ နည်းလေးတွေ
ရှာဖွေပြီး စမ်းလုပ်ကြည့်ဖြစ်ပါတယ်
အောင်မြင်သွားပြီဆိုရင်တော့ တင်တင့်လက်ရာချစ်သူ flowers များအတွက်
ဝေမျှပြီပေါ့ကွယ် 💕
ပါဝင်ပစ္စည်းများ
ယိုးဒယားဆန်မှုန့် နို့ဆီဗူး ၂ ဗူး
ယိုးဒယားသာကူ ၅ ကျပ်သား
ယိုးဒယား အုန်းနို့ဗူး ၁ ဗူး
သကြား ၁၅ ကျပ်သား
ဆားနဲနဲ
အုန်းနို့အဆီချက်ရန် အုန်းသီးရင့်ရင့် ၁လုံး
ပြုလုပ်ပုံ အဆင့်ဆင့်
အုန်းသီးအရည်ညှစ်ပြီး အုန်းဆီချက်ချက်ထားပါ ....
ဆန်မှုန့် နို့ဆီဗူး ၂ ဗူး ရေ နို့ဆီဗူး ၈ ဗူးရောဖျော်ပြီး တစ်နာရီခန့် မုန့်သားညက်အောင် ထားထားပေးပါ
ရေနို့ဆီဗူး ၂ ဗူးဆူအောင်တည်ပြီး ဆူလျှင်သာကူမျက်စိပျောက်အောင်ကြိုပါ
သာကူမျက်စိပျောက်လာလျှင် နှပ်ထားသော
ဆန်မှုန့်ဖျော်ထားတာကိုထဲ့ပါ ...
အဆက်မပြတ်မွှေနေရင်း သကြား ဆား အုန်းနို့ဗူးထဲမှ အုန်းနို့များထည့်ပါ
မီးမပြင်းပါစေနဲ့ .... မီးအလယ်အလတ် နဲ့အဆက်မပြတ်မွှေရင်း မုန့်ရည် ပြစ်လာပါလိမ့်မယ်
မုန့်ရည်ပြစ်လာပြီး မုန့်ရည်ကြွက်မှီးတန်း
ခပ်ပြစ်ပြစ်အနေအထား ရပြီဆိုလျှင် ရပါပြီ
မုန့်ဗန်းထဲမှာ ဆီအနဲငယ်သုတ်ထာပါ
ပြီးလျှင်ကြိုထားတဲ့ မုန့်နှစ်ရည်ကို ဗန်းထဲသွန်
ချပြီး မျက်နှာပြင်ညီအောင်ညှိပြီး အအေးခံထားပါ
မုန့်အေးပြီဆို ဓါးကို ဆီသုပ်ပြီး လိုသလိုလှီး
ဖြတ်ပြီး အုန်းဆီချက် သကြားတို့နဲ့တွဲဖက်ပြီး
သုံးဆောင်နိုင်ပါတယ်ရှင်
နူးနူး ညံ့ညံ့ အိအိ မြန်မာ့အရသာမုန့်လေးမို့
လုပ်စားကြည့်ကြပါနော် 😊😊😊
စေတနာ မေတ္တာများနဲ့
တင်တင့် လက်ရာ ❤️

Thursday, July 13, 2017

အားလုံး သိချင်နေကြတဲ့" မ ပန်းခရေ "ရဲ့ ငရုတ်​သီးအစို ကြိတ်​​နည်းလေးပါ

အားလုံး သိချင်နေကြတဲ့" မ ပန်းခရေ "ရဲ့
ငရုတ်​သီးအစို ကြိတ်​​နည်းလေးပါ
Group ထဲက ညီအစ်မတွေ အတွက်
ဟင်းချက်ရာမှာ တစ်စုံတစ်ခု အကူအညီ ဖြစ်လိုဖြစ်ငြား
ပြန် share ပေးတာပါ
ဈေးထဲ က ပလတ်စတစ် တွေ ရောင်းတဲ့ဆိုင်မှာ တစ်ခါသုံး လက်အိတ် မေးဝယ်ပြီး လက်အိတ်တွေ (နှစ်ထပ်) စွပ်ပြီး ငရုတ်သီးတွေ ကိုင်ခြင်းအားဖြင့် လက်ပူခြင်း ဘေးထွက်ဆိုးကျိုး ကို ကာကွယ်ပြီးသား
ဖြစ်ပါလိမ့်မယ် ။
တာရှည်​အထားခံ​အောင်​​ သေချာကြိတ်​ထားတာမို့​ သေ​သေချာချာလေး
အ​သေးစိပ်​​ရေး​ပေးထားပါတယ်​ရှင်
ပုံ​လေး​တွေတစ်​ပုံချင်းကို လက်​​ထောက်​ ကြည့်​ပါ​နော်
1.ကြောက်စရာကောင်းတဲ့မှို
အဲ့တာတွေ အားလုံး ကို သေချာဖယ်ပစ်ပါနော်
2.သန့်စင်တဲ့ငရုတ်သီး အခြောက်တောင့် လေးတွေပါ
မှိုကင်းတဲ့ ငရုတ်သီးခြောက်တွေပဲ ယူသုံးပြီး
မှိုပါတယ်ဆိုရင် အနှမြော မရှိ လွင့်ပစ်လိုက်ပါနော်
3.ရေ သေချာ ဆေး
4.ရေနွေး ဆူအောင် တည်
ရေနွေး ဆူလာရင် ဆားခပ်ပြီး ခဏ ဆူအောင် ထား
ဆားပြုတ်ရည် ထဲ ထည့်ပြုတ်တဲ့ ငရုတ်သီးက တာရှည် အထားခံဆုံးပဲ
5.ပြီးမှ ဆေးထားတဲ့ ငရုတ်သီး ခြောက်တွေ ထည့်ပြုတ်
6.ရေ ကုန်အောင် ပြုတ်ပါနော်
ဒါ မှ , အကြာကြီး ထားသုံးလို့ ရမှာ
7.ဒါကလေ ငရုတ်သီးအစေ့တွေ ပါ
ငရုတ်သီးအတောင့် နဲ့ တစ်ခါတည်း ရောပြုတ်ရင် ရေခမ်းတော့ သူ က အရင်
တူးနှင့်နေရော
ဒါ့ကြောင့် သူ့ ကိုသပ်သပ်ပြုတ်ထားတာပါ။
ရေခမ်းအောင် မပြုတ်ပဲ ခဏ ပဲ ပြုတ်ထားတာပါ
သုံးမိနစ်လောက်ပါပဲ
8.ငရုတ်သီးအစေ့လေး တွေ ရေစစ်
ငရုတ်သီးအစေ့လေး တွေ ထည့်ကြိတ် မှ ငရုတ်သီး ဆီသပ်ရင်
မွှေးတာပါ
9.ကြိတ်ရန် အသင့်
အကယ်၍ အချိန်လေး ပို ရတယ် ဆိုရင် ရေလေး ပိုခြောက်သွားအောင်
နေပူ လေး ခဏ ပြပေးပါနော်
ခြောက်သွားအောင်မဟုတ်ပဲ ရေတွေ ကုန်သွားအောင်လောက်ပါ
တာရှည်ခံဆေးတွေ မသုံးထားတော့ အထားခံအောင် ၊ မှို မတက်အောင်
နည်းနည်း တော့ ဂရုစိုက် ရတာပေါ့
နေပူ ထပ် မလှန်း လဲ ရပါတယ်နော်
10.ကြိတ် ကြစို့
လှည့် ကောင်းရုံလောက် ဆီလေး လောင်းပြီး ကြိတ် ပါနော်
11.အိုးးးးးး
စိတ်ချမ်းသာစရာ ငရုတ်သီး အနှစ်လေးပါ တကား
စိတ်ချ , လက်ချ သုံးလို့ ရပြီပေါ့
အပေါ် က ဆီလေး လောင်းပြီးသမ်းရုံပါပဲ
အလုပ်ရှုပ်တာလို့ မထင်နဲ့နော်
အချိန်ပေး လုပ်ပုံလေးပြောပြမယ်
ညဖက် TV ကြည့်ရင်း ငရုတ်သီးလေးတွေကို မှိုတွေ စစ် ထားပါတယ်
မနက် အိပ်ယာနိုးတော့ မျက်နှာမသစ်ခင် ငရုတ်သီးလေးတွေကို ပြုတ်လိုက်ပါတယ်
မျက်နှာသစ်ပြီး ဘုရား ကန်တော့ပြီးတော့
ငရုတ်သီးလေး လည်း ရေခမ်း
အိုး , လေးချ ၊ အအေးခံ
နေလေး ပူလာပြီဆို ဗန်းလေး နဲ့ နေပူ လေး လှမ်းထားလိုက်တယ်
ချက် စရာ ရှိတာ ချက်ပြုတ်
ချက် ပြုတ် လို့လည်း ပြီးရော ငရုတ်သီးလေး လည်းကြိတ်ပြီး
ရေခဲသေတ္တာာ ထဲ သိမ်း ရုံပါပဲ
မင်္ဂလာ ပါ , ချစ်မိတ်ဆွေများ 🙏🙏🙏
လူ တိုင်း အဆင်ပြေပြေ
ချက်ပြုတ် နိုင်ကြပါစေ ••••••••

Friday, July 7, 2017

နို့ စိမ်းသရက်ကျောက်ကျော

Ei San's Homemade Inspiration added 2 new photos.
နို့ စိမ်းသရက်ကျောက်ကျော
ဒီတခါတော့ သရက်သီးပေါတဲ့ရာသီမှာ စားလို့ လဲကောင်းအမြင်လဲလှစေတဲ့ နို့ စိမ်းသရက်ကျောက်ကျောလေးကို လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ သရက်သီး - အကြီး ၁ လုံး
၂။ ရေ - ၅၀၀ ml
၃။ နို့ စိမ်း - ၂၅၀ ml
၎။ နွားနို့ - ၂၅၀ ml
၅။ နို့ ဆီ- ထမင်းစားဇွန်း ၄ ဇွန်း (သို့ ) ၅ ဇွန်း
၆။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း (သို့ ) ၂ ဇွန်းခွဲ
၇။ သံပုရာသီး - တ စိတ်
၈။ ကျောက်ကျောမှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ နို့ စိမ်းအလွှာပြုလုပ်ရန်အတွက် အိုးတခုထဲမှာ နို့ စိမ်း၊နွားနို့ ၊ နို့ ဆီ နှင့် ကျောက်ကျောမှုန့် ထမင်းစားဇွန်း ၁ ဇွန်းကိုထည့်ရ်ျ မီးဖိုပေါ်တည်ပါ။ ပွက်လာလျှင် မွှေပြီး ၅ မိနစ်ခန့် ဆက်တည်ပါ။ ထို့ နောက် ခဲမည့်ဘန်းထဲကိုထည့်ပါ။ (ပုံထဲကလို မျိုးခွက်လေးနဲ့ စောင်းစောင်းလေးလိုချင်လျှင် ခွက်ကို စောင်းထားပြီး နို့ စိမ်းအလွှာကိုအရင်ထည့်ခဲပါ။
၂။ နို့ စိမ်းအလွှာဘန်းထဲထည့်ရ်ျ အအေးခံနေတုန်းမှာ သရက်သီးအလွှာအတွက် သရက်သီးကို အခွံနွှာ အတုံးလေးတွေတုံးပြီး ဖျော်ရည်ဖျော်စက် (blender)ထဲထည့်၊ သံပုရာသီးတစိတ်မှအရည်ညှစ်ထည့်၊ ရေ ၁၅၀ml ထည့်ရ်ျ ညက်နေအောင်ကြိတ်ပါ။ ထို့ နောက် ဇကာဖြင့်တိုက်ရ်ျ သရက်သီးအမျှင်ဖတ်များကိုဖယ်ပါ။ သရက်သီးအနှစ်ရပါပြီ။
၃။ သရက်သီးကျောက်ကျောအလွှာအတွက် ရေ ၃၅၀ml၊ သကြား၊ ကျောက်ကျောမှုန့် ထမင်းစားဇွန်း ၁ ဇွန်းတို့ ကိုထည့်ရ်ျမီးဖိုပေါ်မှပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် မွှေပြီး ၅မိနစ်ခန့် ဆက်တည်ပါ။ ထို့ နောက်မီးဖိုမီးကိုပိတ်ရ်ျ သရက်သီးအနှစ်များကိုထည့်ပါ။ ကြက်ဥခလောက်သောအတံ(whisk)ဖြင့် သမအောင်ပြုလုပ်ပါ။ ပြီးလျှင် နို့ စိမ်းအလွှာပေါ်ကိုဖြေးဖြေးချင်းလောင်းထည့်ပါ။
၎။ အအေးခံရ်ျ လိုအပ်သလိုလှီးပြီး နို့ စိမ်းသရက်ကျောက်ကျောကိုသုံးဆောင်နိုင်ပါပြီရှင်။

Wednesday, June 28, 2017

သီးစုံထောပတ်ထမင်း

ဟင်းကောင်းလက်ရာ
သီးစုံထောပတ်ထမင်း
အိမ်သားတွေအကြိုက်တွေ့စေမယ့် သီးစုံထောပတ်ထမင်းကို ချက်လိုက်ပါတယ်နော်။
ပါဝင်ပစ္စည်း
ဆန် ၆ ခွက်
ထောပတ် ၃/၄ ခွက်
ကြက်သွန်နီ ၃ လုံး
သကြား စားပွဲဇွန်း ၃ ဇွန်း
ဆား စားပွဲဇွန်း ၁/၂ ဇွန်း
သစ်ကြမ်းပိုးခေါက် ၅ ခု
ကရဝေးရွက် ၆ ရွက်
ဖာလာစေ့ ၁၀ စေ့
သီဟိုဠ်စေ့/ ၂ ခွက် (၄ မျိုးပေါင်း)
စပျစ်သီးခြောက်/
ပဲစိမ်းလုံး/
မုန်လာဥနီ
ရေ ပုံမှန် + ၁/၂ ခွက်
ချက်ပြုတ်နည်း
၁။ ဆန်ကိုရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီကို ၈ စိတ်လှီးထားပါ။ အမွှေးနံ့သာများကို ရေဖွဖွဆေးပြီးရေစစ်ပါ။ မုန်လာဥနီကို မထူမပါးအရွယ်လေးများရအောင် လှီးပါ။ ထမင်းချက်ဖို့ ရေနွေးဆူဆူအသင့်ပြုလုပ်ထားပေးပါ။
၂။ ထမင်းချက်မည့်အိုးထဲကို ထောပတ်ထည့်ကာ အမွှေးနံ့သာများထည့်ပြီးဆီသတ်ပါ။ အနံ့မွှေးလာရင် ဆန် ၁/၃ ထည့်ပြီး မျက်နှာပြင်ကိုညီအောင်ညှိပါ။ ကြက်သွန်နီ၊ သီ ဟိုဠ်စေ့၊ စပျစ်သီးခြောက်၊ ပဲစိမ်းလုံး၊ မုန်လာဥနီတို့ကို ဖြန့်ထည့်ပါ။ ထိုအပေါ်ကနေ ကျန်တဲ့ဆန်အားလုံးကိုထည့်ပြီးနောက် မျက်နှာပြင်ကို ညီအောင်ညှိပါ။ ရေနွေးထည့်ပြီး နောက်ဆုံးမှာတော့ ဆားနဲ့ သကြားကိုဖြူးပြီး ထမင်းအိုးချက်တဲ့ ခလုတ်ကိုနှိပ်ပြီးချက်ပါ။
၃။ ထမင်းအိုးပွက်ပွက်ဆူရင် ၁ ချက် ၂ ချက်သာသာမွှေပါ။ ခလုတ်တက်ကာနီးရင်တော့ ထမင်းများကို အထက်အောက်နှံ့အောင်ခပ်ဖွဖွမွှေလိုက်ပါ။ ဆီပါတဲ့အတွက်ကြောင့် အပေါ်ယံကထမင်းများ မနပ်ဘဲဖြစ်မနေစေဖို့ပါ။
*** ခွက် = ပလတ်စတစ် ဆန်ချိန်ခွက်ကို အသုံးပြု၍ ချိန်တွယ်ထားပါသည်။
မိမိနှစ်သက်ရာ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ဘာလချောင်ကြော်၊ ချဉ်ပေါင်ဟင်း (သို့) စွမ်ထန်ဟင်းချို၊ အချဉ်၊ သနပ်တို့နဲ့ တွဲဖက်ကာစားသုံးနိုင်ပါပြီရှင့်။
ကျွန်မရဲ့ ဟင်းကောင်းလက်ရာ page လေးကို အလည်လာပြီး like လေးပေးဖို့ ဖိတ်ခေါ်ပါတယ်နော်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။