လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label အတိုအထွာ. Show all posts
Showing posts with label အတိုအထွာ. Show all posts

Wednesday, September 13, 2017

Remove Fungi Of Toenails With Just 2 Items

The AAD American academy of dermatology said fungi can attack toenails since toes are trapped in shoes and are warm and moist, perfect for bacteria.
Fungi exist in and out of us and bacteria too. When they grow, you might get infections.
For a healthy person, fungi is not serious. Otherwise, this hurts, looks bad and damages the nail plate.

REMOVE FUNGI PERMANENT

Baking soda cannot remove fungi. But it can cleanse them and block them in the future.
Vinegar is acid and stops fungi to grow more. No worries, nail and skin will not be damaged from the vinegar.

YOU NEED:

5 tbsp baking soda
Water
Paper towels
1 cup vinegar or acv

METHOD:

Mix a cup acv and water and soak the feet for 15 min. then add some baking soda in the water and soak 15 min more. Dry well.
Do this daily for 2 times to kill fungi.
Tip: before this, trim nails and use clean clippers. After that, wash the clipper with alcohol and rinse feet well.

Tuesday, August 29, 2017

အသီးအရွက်တွေမှာရှိတဲ့ ဓာတုဆေးဝါးတွေကို အလွယ်တကူဖယ်ရှားနိုင်တဲ့ နည်းလမ်းများ

သဘာဝနည်းနဲ့စိုက်ထားတဲ့ ဓာတုဆေးဝါးမသုံးဘဲ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေက မရှိသလောက်ရှားပါတယ်။

ဓာတုဆေးဝါးတွေသုံးတဲ့ အသီးအနှံ၊ အရွက်တွေကို စားတာများရင်လည်း ကင်ဆာတွေနဲ့တခြား ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် အသီးအရွက်တွေမှာရှိတဲ့ ဓာတုဆေးဝါးတွေ ပိုးသတ်ဆေးတွေကို အလွယ်တကူ ဖယ်ရှားနိုင်တဲ့ နည်းလမ်းများကို ဝေမျှချင်ပါတယ်။
သဘာဝ သန့်စင်ဆေးရည်
သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း နဲ့ Baking Soda လက်ဖက်ရည်ဇွန်း ၂ဇွန်းတို့ကိုရောပြီး ရေဖြန်းလို့ရတဲ့ ဗူး (Spray ဗူး)ထဲထည့်ပါ။ အသီးအရွက်တွေကို မစားခင်မှာအဲ့ဒီ Spray ဗူးလေးနဲ့ဖြန်းပေးရင် အသီးအရွက်တွေကို မထိခိုက်ဘဲ ပိုးသတ်ဆေး၊ဓာတုဆေးဝါးတွေကို သန့်စင်စေမှာဖြစ်ပါတယ်။
အခွံခွာပါ
အသီးအနှံတွေဆိုရင် အခွံခွာလိုက်တာနဲ့ ဓာတုဆေးဝါးတွေတော်တော်များများ သန့်စင်ပြီးသားဖြစ်သွားပါတယ်။
အခွံခွာပြီးရင် ရေနွေးပူပူနဲ့ဆေးလိုက်ပါ။
ရှာလကာရည်
ပိုပြီး စင်အောင် ဆေးချင်ရင်တော့ ရှာလကာရည်ကအကောင်းဆုံးပါဘဲ။ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေနွေးပူပူထည့်ထားတဲ့ခွက်ထဲ ထည့်လိုက်ပါ။ အဲ့ဒီခွက်ထဲမှာ အသီးအရွက်တွေကို ၁ မိနစ်လောက်စိမ်လိုက်ပါ။ ပြီးရင် ရေဆေးလိုက်ပါ။ ဒါဆိုရင် ချက်ပြုတ်စားသောက်လို့ရပါပြီ။
ဆားရည်
ဆားရည်နဲ့လည်း ဓာတုဆေးဝါးတွေ ပြောင်အောင် ဆေးလို့ရပါတယ်။ ပန်းကန်လုံးရဲ့ တစ်ဝက်ကို ရေထည့်ပြီး ဆားလက်ဖက်ရည်ဇွန်း၁ဇွန်းထည့်ကာ မွှေပါ။ မချက်ပြုတ်ခင် ဟင်းသီးဟင်းရွက်တွေကိုအဲ့အထဲမှာ ခဏလောက်စိမ်ထားပါ။ ပြီးရင်ရေဆေးပြီးနောက် ဓာတုဆေးဝါးတွေ ကင်းစင်သွားတာကြောင့် ချက်ပြုတ်စားလို့ရပါပြီ။

Monday, August 28, 2017

ရွှေဝယ်တိုင်း ဂျင်းထည့်လို့မရတဲ့ ပညာ

ရွှေဝယ်တိုင်း ဂျင်းထည့်လို့မရတဲ့ ပညာ
========================
သင်ပေးထားတဲ့အမေကို ကျေးဇူးတင်မိတယ်။
မျက်စိထဲ ဂျင်းအကြီးစားတွေ မြင်ရတာ စိတ်လေမိတယ်။ ...
အလွယ်ကူဆုံး ရွှေဝယ်ရင် တန်မတန်
စဉ်းစားဆုံးဖြတ်ပြီး ဝယ်နည်းလေးပြောပြရမလား။
တင်ထားတဲ့ပုံနဲ့ ဘာမှမဆိုင်ဘူးနော်။
ပုံလေးသက်သက်ထည့်ထားတာ ...
ဒီလိုပါ ရွှေဝယ်ရင် ဂျင်းမထည့်ခံရဖို့ဆိုတာက
ရွှေမှာ ၁၃ ၁၄ ၁၅ ၁၆ ပဲရည်ဆိုပြီးလာပါတယ်။ .
သူ့အရည်အလိုက် တန်ဖိုးကိုယ်စီ ပေါက်ဈေးရှိပါတယ်။ .
အဓိက ကိုယ်ဝယ်မဲ့ရွှေက
စိန်ပါတယ်ဆို
၁၃ဲရည်နဲ့ပဲ လုပ်လို့ ရပါတယ်။ .
၁၄ ၁၅ ပဲရည်ဆိုတာ ပုံမှန်ရွှေပါ ရွှေကောင်းပါ .
၁၆ ပဲရည်ဆိုတာ အခေါက်ရွှေပါ အပျော့ပါ .
ကျိုးတယ်ဆိုတာမရှိပါဘူး ကွေးလို့ရတယ်။ .
နောက်တခုက >>> ဒုံး
ဒုံး ဆိုတာ ဘာလည်း
ဒုံးဆိုတာ အပေါင်ဆုံး ရွှေပါ
၁၃ ၁၄ ၁၅ ၁၆ ရောနေတာ
အပေါင်ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။
သူကတော့ သူများဝတ်ပြီးသား ရွှေအဟောင်းပေါ့။
ရွေစုမယ်ဆို ဒုံး နဲ့ အခေါက်က အတန်ဆုံးပါပဲ။
အဓိက ပြောချင်တာ
ရွှေဆိုင်ကြီးတွေရော ရွှေဆိုင်လေးတွေပါ ရောင်းနေကြတဲ့
ဒုတိယတန်းစား ၁၄ ၁၅ ရွှေတွေကို
ကြိုက်လို့ လှလို့ ဝယ်ကြတယ်။
စိတ်ထဲမှာ တမျိုးပဲ။
ဒီရွှေ မူရင်းဈေး
ဘယ်လောက်တန်တယ် တချို့က မသိကြဘူး။
ကျမအမေက အရင်က ရွှေရောင်းဝယ်လုပ်ပါတယ်။
ကျမအသက် ၁၂လောက်ကစပြီး
ကျမအမေနဲ့လျှောက်လိုက်ခဲ့လို့
အတွေ့ကြုံရ မြင်နေရတာ
မသိတဲ့သူက 70%ရှိပါတယ်။
ကြိုက်ဈေးပေးဝယ်တယ် ဆိုင်ကတွက်ပြတယ်
အကြောင်းမျိုးမျိုးကြောင့်ပြန်သွင်းတယ်
အများကြီးရှုံးနေတယ်
ဟာ ဘာကြောင့်လည်း မသိဘူးလေ
သူတို့ဘောက်ချာဖွင့်ဈေးနဲ့
ပေါက်ဈေး တွက်ပြီး ပြန်ပေးတာဆိုတော့
ပြောမရဘူးလေ .
အင်း ဒါဆို ဘယ်လိုဝယ်မလည်း ???
ဘယ်လောက်တန်တယ်ဆိုတာ သိမလည်း ???
No.1
ကိုယ်ဝယ်မဲ့ရွှေက ဘယ်အမျိုးအစားလည်း
အခေါက်လားး ? ၁၆ဲရည် လား
ဒုတိယတန်းစား ရွှေကောင်း ၁၄ဲ ၁၅ဲရည် လား
အညံ့စား ၁၃ဲ ရည်လား
စိန် နဲ့ ဆိုရင်တော့ ၁၃ဲ ရွှေ နဲ့ပဲ ခတ်လို့ရမှာပါ .
ရွှေညံ့ ၁၃ ပဲရည် မဝယ်မိဖို့ လိုပါတယ် ...
No.2
ရွှေ ၁၄ဲ ၁၅ဲ ရည် ဝယ်မယ်ကွာ ။
ရွှေဆိုင်မှာ ပေါက်ဈေး မေးပါ
အပြင်ပေါက်ဈေးလည်း စုံစမ်းပါ
နမူနာ
ရွှေဈေး ၁၅ဲ ရည် 860,000 ပေါက်တယ် ဆိုပါစို့ .
ကိုယ်ဝယ်မှာ ၂ ပဲ ၅ ရွေး ဆိုပါစို့ . .
၁ကျပ်သားမှာ ၁၆ ပဲ ။
860000 ÷ 16=53750
ပျမ်းမျှ ၁ ပဲ တန်ဖိုး =53750ks
၁ ရွေး တန်ဖိုး = 6718ks
ကိုယ်ဝယ် မှာ ၂ဲ ၅ ရွေး
၂ဲ = 2ဲ× 53750=107500ks
၅ ရွေး = 5°×6718=33593ks
၂ဲ ၅ရွေး =၂ခုပေါင်းပါ =(140000ks )ထားပါ
ဒါက ရွှေတန်ဖိုးပါ.
ရွှေတန်ဖိုး သိပြီဆိုတော့
သူတို့မှာ အလျော့တွက် လက်ခ ဆိုတာ ပေးရပါတယ်
(.ဒုံး မှာ အလျော့တွက် လက်ခ မရှိပါ )
သူတို့ကို မေးပါ
၂ဲ ၅° နမူနာ လက်စွပ်ပေါ့ .,
မေးလိုက်ပါ 2သိန်းကျော် ကျမယ် ဆို လုံးမဝယ်ပါနဲ့ ။
၂ဲတန်ဖိုး ရှိတဲ့အထည်ကို
လျော့တွက် + လက်ခ ၅ ° ထိပဲတန်ပါတယ် ,
ရွှေတန်ဖိုး ခုန 140000ks ထားပါတော့
လျော့တွက်လက်ခ ၇° 47000ks = ထား
၂ခု ပေါင်း =190000ks သာ တန်ပါတယ်။
ဒါ အသစ်ရွှေထည် တွက်ပြတာပါ .
ဒါကို တချို့က 140000ks ပဲတန်တာကို
လျော့တွက် လက်ခတွေ မတရားပေါင်းပါတယ်
230000ksတို့ ဘာတို့ ကျမယ်ဆို မတန်ပါဘူး .
အလျော့တွက်လက်ခ ဆိုတာက
ပြန်သွင်းရင် ကိုယ်ရှုံးမဲ့ငွေပါ .
ရွှေဈေးအတက်အကျပေါ်မူတည်ပြီး
သိပ်မရှုံးဘူး ဆိုပြီး ဂျင်းထည့်ပါတယ်
အဲ့တာ အခေါက်မှ သိပ်မရှုံးတာပါ
၂ကျပ်သား ၃ကျပ်သားတို့ဆို
ရွှေဈေးတက်ရင် မြတ်ပါတယ်
အလှဝတ်တဲ့သူတွေတွက် လုံးဝမတန်ပါဘူး ရှင်.,
တွက်ကြည့်ပါ
လက်စွပ်တကွင်းကို 190000ks
အလျော့တွက်လက်ခပါပြီး ဒီလောက်ပဲတန်တာကို
230000ks ဆိုတော့
ပြန်သွင်းရင် ဘယ်လောက်ရှုံးမှာလည်း ???
ခုနရွှေတန်ဖိုး 140000ks ပဲ ပြန်ရပါမယ် .
190000ks ဆို အလျော့တွက်လက်ခ ရှုံးပါတယ် ပြန်မရပါ
50000ks ဆုံးပါမယ်
230000ks ဆို 90000ks တောင်ရှုံးပါမယ် .
ဘယ်လောက် % ရှုံးသွားမလည်း ??
190000ks ဝယ်ထားပြီး 50000ks ရှုံးတယ်ဆို
25%တောင် ရှုံးပါတယ် ရှင် . ,.
‌
230000ks ပေးဝယ်ခဲ့တယ်ဆိုရင် =
ကိုယ်ပြန်ရမှာ 150000ks ဝန်းကျင်ဆိုတော့=
80000ks ကိုယ့်ပိုက်ဆံရှုံးမှာပါရှင် =
အရမ်းများလွန်းသွားပြီ ။
တချို့ကျောက်နဲ့ရွှေနဲ့ဝယ်ရင် သတိထားပါ
ကျောက်တန်ဖိုးနုတ်ပြီး ရွှေချိန် မေးဝယ်ပါ.
ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးပါစေနော် .,
ဒီpost မှာ အမှားပါလည်း ထောက်ပြပါ
မသိတာလည်း ထပ်မေးပေးပါ cmmt မှာ .
ဘယ်သူတဦးတယောက်ကိုမှ တိုက်ခိုက်လိုခြင်းမရှိပါ ...
ကိုယ့် ချွေးနည်းစာကို
မတရား အရှုံးမခံရစေချင်တဲ့စေတနာပါ...
အဓိက ရွှေတန်ဖိုး ပေါက်ဈေး အလေးချိန်ကို ချိန်ပြီး
တွက်ပြီး သိဖို့ပါ .
နောက်မှ အလျော့တွက်လက်ခမေးပါ
ဘယ်လာက်ယူသလည်း များရင်မဝယ်ပါနဲ့
ဆစ်ကြည့်ပါ ဆစ်လို့ရရင် ဝယ်ပါ.
၂ပဲ တန်လက်စွပ်ဆို
လျော့တွက်လက်ခ ၅ရွေးပဲတန်ပါတယ်...
နမူနာ ၁ကျပ်သားတန်ဆို ၂ပဲ ၃ပဲ ပဲတန်ပါတယ်
Design တွေ ပေါ်မူတည်ပြီး
လက်ခ အလျော့တွက် ပေးရတာများပါတယ်
‌
သိသလောက် စေတနာဖြင့် ပြန်မျှဝေပေးကြပါနော်.
လွတ်လပ်စွာshare နိုင်ပါသည်.
ထပ်ပြောရင် ပြောမဆုံးပေါင်တောသုံးထောင်မို့
အဆုံးထိဖတ်ပေးတာ ကျေးဇူးပါ။
မိုးထက်ရတီခင် ရေးသည်။
နောက်ဆက်တွဲ
အမေးများသောမေးခွန်းနဲ့အဖြေများ
======================
ရန်ကုန် ပဲ ရွေး တွက်နည်း
================
တကျပ်=၁၆ပဲ
တပဲ=၈ရွေး
တကျပ်သားx၁၆ပဲx၈ရွေး=၁၂၈ရွေး
======================
၁ကျပ်သား=၁၆ပဲ=၁၂၈ရွေး
ငါးမူးသား=၈ပဲ=၆၄ရွေး
တစ်မတ်သား=၄ပဲ=၃၂ရွေး
တစ်မူးသား=၂ပဲ=၁၆ရွေး
တစ်ပဲသား=၈ရွေး
နှစ်ပြားသား=၄ရွေး
တစ်ပြားသား=၂ရွေး
နောက်မှတစ်ရွေးတို့တစ်ခြမ်းတို့ပေါ့
======================
အလျော့တွက် လက်ခကို ဘယ်လိုယူသလဲ။
တကျပ်အထည်ကို
တပဲ၆ရွေး ကနေ ၂ပဲ (သို့) ၃ပဲထိ
ယူကြပါတယ်။
ဒီဇိုင်းဆန်းပြီး လက်ဝင်ရင်
ပိုယူတဲ့သဘောပေါ့
ပြီးတော့ လက်ကောက် ဆွဲကြိုးလို
ကွင်းဆက်တွေများရင်
ဂဟေသားများတော့
ပြန်ရောင်းရင် အာ့တွေက
အထည်ပျက်ဆိုပြီး
ဈေးအနှိမ်ခံရပြန်ရော
======================
အရှုံးကို %နဲ့ သိချင်တာကို ဘယ်လိုတွက်ရလဲ
ဝယ်တုန်းက ၂သိန်းခွဲပေးထားတာကို
ပြန်ရောင်းတော့ ၂သိန်းပဲရတယ်ထား။
၅သောင်းရှုံးတယ်။
% သိချင်ရင်
အရှုံးကို အရင်းနဲ့စား
ရလဒ်ကို ၁၀၀နဲ့မြောက်
% နဲ့ရမယ်။
၅၀၀၀၀/၂၅၀၀၀၀=၀.၂
ဝ.၂x၁၀၀=၂၀%ပေါ့
၂၀% ရှုံးတယ်။
================
ထိုင်းမှာ ရွှေဝယ်ပုံလေးကဒီလိုပါ
Post ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော် ဖတ်ဖူးတဲ့ English လို ရေးထားတဲ့
စာအုပ်တစ်အုပ်မှာ တော့
ခုခေတ် မှာ Mold လုပ်ပြီး Mass productionနဲ့
ထုတ်တာကြောင့် အလျော့တွက် လက်ခ က
အင်မတန်မှ နည်းပါတယ် တဲ့။
ကိုယ်ဝယ်တဲ့ အထည်တစ် ခု ကို အကြီးအသေးကြည့်ပြီး
Baht-400 က နေပြီး Baht-800 ကို
ရွှေဖိုးမှာပေါင်းပေး ရင် လုံ လောက် တယ် တဲ့ ။
အဲဒီ ပုံ စံ နဲ့ ထိုင်းမှာဈေးဆစ် ဝယ်တာ ရွှေဆိုင် က
၂ဘတ်သား နဂါးပုံ ရွှေအထည် ကို ဝယ် တာ
နောက် ဆုံးတော့ အလျော့တွက်လက်ခ
Baht-1,000+ ရွှေ ပေါက် ဈေး နဲ့ ဈေး တည့် ဖူး ပါတယ်။
Mya Saw
================
ဒုံးမှာ အညံ့အလတ်အကောင်း ရောနေတာ
ရပ်ကွက်ထဲက အပေါင်ဆိုင်တွေမှာ
အညံ့က များတယ်
၁၁ပဲရည်လောက်ထိ
အညံ့တွေပါတတ်တယ်
သာတာတခုက
လျော့တွက်လက်ခ မပေးရတာပါ။
===================
အခေါက် ရွှေဝယ်ရင်တော့
အလျော့တွက် လက်ခ လုံးဝမပေးရဘဲ
ရွှေတန်ဖိုးဘဲ ပေးရတာလား
၁၆ ပဲ အခေါက်တုံးက
အကယ်ဒမီ စသဖြင့် အတုံးအခဲပေါ်
အသားတံဆိပ်နဲ့ ရတယ်။
၁ဝိသား ကနေ ၅ိသား စသဖြင့်
ကတ်ကြေးနဲ့ ကိုက်ညပ်ပြီး
ခွဲရောင်းပေးတယ်။
ကိုယ်ဝယ်မဲ့ဆိုင်က စိတ်ချရတဲ့
ပင်ရင်းက အာမခံ ရှိဖို့တော့ လိုတယ်။
====================
အခေါက်ရွှေတုံး စုပုံစုနည်း
အခေါက်ရွှေ ဝယ်မယ်ဆိုရင်
တစ်ခွန်းမေးတယ်
ဘယ်လောက်ထိ ပိုက်ဆံသုံးနိုင်လည်းတဲ့
အပိုအလို ဘယ်လောက်ဆိုရမလည်းတဲ့
အဲ ပြောတဲ့အတိုင်းဖြတ်ပြီး အတုံးပေးတာပါ
ဘယ်လိုမှ ဝတ်ဆင်ကြွားဝါးလို့မရပါဘူး
တစ်ချို့ ဆို ရင်
လက်ကောက် အဆက်မပါ ဝတ်ကြတယ်
ပျောက်လွယ်ပါတယ်
ရွှေတန်ဖိုးအတိအကျဘဲပေးရတယ်
ရွှေတုံးကိုဖြတ်ပေးတယ် ။
Thant Zaw
====================
စိန်ထည်ကို ဘာလို့ ၁၃ပဲနဲ့လုပ်သလဲ။
အခေါက်ရွှေနဲ့ လုပ်လို့ရသလား။
လုပ်လို့ရပါတယ်။
မလုပ်သင့်ပါ။
အခေါက်က ပျော့လွန်းတော့
စွန်ကုတ်အထိမခံဘူး
အင်္ကျီစသဖြင့် ညိတာထိတာနဲ့
လန်ထွက်တော့ စိန်ပျောက်မစိုးလို့
၁၃ပဲ လုပ်တာ။
၁၃ပဲက ရွှေနည်းတော့
မာတယ်မလား။
အခေါက်ရွှေ စစ်စစ်နဲ့
တကယ်လုပ်ထားမိရင်
ဝတ်တဲ့ခါ အလွန်သတိထားပါ။
စိန်အလုံးကြီးရင် ပိုသတိထားပါ။
အခေါက်ဈေးပေးပြီး
အခေါက်ရွှေရရင် ဘာမှ မဖြစ်ပါဘူး။
အေး အခေါက်ဈေးပေးခဲ့ပြီး
အခေါက်မဟုတ်ပဲ
၁၃/၁၄/၁၅ပဲရည်ပစ္စည်း
ဆိုင်ကလုပ်ပေးရင်တော့
ဂျင်းထဲ့ခံရပြီပေါ့။

Thursday, August 24, 2017

ဆူး၊ သစ်သားစ ၊ သတ္တုစ ၊ ဖန်ကွဲစ တွေ စူးတဲ့အခါ နာကျင်မှု မရှိပဲ ဖယ်ရှားနိုင်မယ့် နည်းလမ်း လေးများ …!



၁။ မီးတိပ်ဖြင့် ဆူး ထုတ်နည်း
ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ အတွင်းနက်နက်ဝင်နေတဲ့ ဆူးတွေအတွက်ကတော့ အသုံးမ၀င်ပါဘူး။
#ပြုလုပ်ပုံ
► ဆူးစူးနေတဲ့နေရာကို ရေနွေး၊ ဆပ်ပြာနဲ့ ဆေးပြီး အခြောက်ခံပါ။
► အဲဒီနေရာကို မီးတိပ်စနဲ့ ကပ်ထားပေးပါ။
► မီးတိပ်ပေါ်ကို သင့်လက်ဖျားထိပ်နဲ့ ငါးကြိမ်လောက် အသာအယာပွတ်ပေးပါ။
► ငါးမိနစ်ခန့်စောင့်ပြီး တိပ်စကို ခပ်ဆတ်ဆတ်လေး ဆွဲထုတ်လိုက်ပါ။ တိပ်နဲ့အတူ ဆူးထွက်လာပါလိမ့်မယ်။
► ပြီးရင် အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။
၂။ ရှလကာရည်ဖြင့် ဆူးထုတ်နည်း
ရှလကာရည်ရဲ့ အက်စစ်ဓာတ် ကြောင့် အရေပြား ပေါ်ကို ဆူး စထွက်လာနိုင်တာကြောင့် ဇာဂနာနဲ့ အလွယ်တကူ ဆွဲထုတ်နိုင်ပါတယ်။
#ပြုလုပ်ပုံ
► ခွက်တစ်ခုထဲကို ရှလကာရည်အနည်းငယ်လောင်းထည့်ပါ။
► ဆူးစူးတဲ့နေရာကို ရှလကာရည်နဲ့ ၁၅-၂၀ မိနစ်ခန့် စိမ်ထားပါ။
► အရေပြားမျက်နှာပြင်ပေါ်ကို ဆူးစထွက်လာမှု ရှိ မရှိ စောင့်ကြည့်ပြီး ထွက်လာပါက ဇာဂနာနဲ့ ဆွဲထုတ်ပါ။
► ထွက်မလာသေးပါက ရှလကာရည်နဲ့ ဆက်စိမ်ပါ။
► ဆူးစထွက်ပြီးနောက်ပိုင်း အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။
၃။ ဆားခါးဖြင့် ဆူးထုတ်နည်း
ဆားခါးက အတွင်းနက်နက်ထဲ ၀င်နေတဲ့ ဆူးတွေကို ထုတ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ သူက အရေပြားဆဲလ်တွေထဲက အရည်တွေကို ဆွဲထုတ်နိုင်တဲ့အတွက် ဆူးတွေက မျက်နှာပြင်ပေါ် ကြွတက်လာတာပါ။
#ပြုလုပ်ပုံ
► ပတ်တီးစတစ်ခုပေါ်မှာ ဆားခါးအနည်းငယ်ပုံလိုက်ပါ။
► အဲဒီပတ်တီးစကို ဆူးရှိတဲ့အရေပြားပေါ် စည်းပေးပါ။
► တစ်နေ့တာလုံး စည်းထားပြီးမှ ညနေမှာ ပတ်တီးစကို ဖယ်ရှားပေးပါ။
► ဆူးစထွက်လာတာကို မြင်ရရင် ဇာဂနာနဲ့ ဆွဲနုတ်ပါ။
၎။ အာလူးဖြင့် ဆူးထုတ်နည်း
မြင်နေရတဲ့ဆူးတွေကို ထုတ်ဖို့အတွက် အာလူးက အသုံးဝင်ပါတယ်။
#ပြုလုပ်ပုံ
► အာလူးကို ခပ်ထူထူဝိုင်းဝိုင်းလေး လှီးဖြတ်ပါ။
► ပြီးရင် အဲဒီဖြတ်ထားတဲ့ အာလူးအပိုင်းကို ဆူးရှိတဲ့နေရာပေါ် တင်ပါ။
► အာလူးပိုင်းကို အသာအယာ ဖိပေးပါ။ ဆူးက အာလူးထဲကို ဖောက်ဝင် လာပါလိမ့်မယ်။
► ဆူးနဲ့အတူ အာလူးဝိုင်းကို ဖယ်ရှားလိုက်ပါ။
၅။ ငှက်ပျောသီးအခွံဖြင့် ဆူးထုတ်နည်း
ငှက်ပျောသီးအခွံမှ ပါဝင်တဲ့ အင်ဇိုင်းတွေက အရေပြားကို ပျော့ပျောင်းစေနိုင်တဲ့အတွက် ဆူးစက မျက်နှာပြင်ပေါ်ကို ကြွတက်လာနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးအခွံရဲ့ အစိုဓာတ်ထိန်းနိုင်စွမ်းနဲ့ ပိုးသတ်စေတဲ့ ဂုဏ်သတ်္တိကြောင့် ရောဂါပိုး မ၀င်ရောက်အောင်လည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
#ပြုလုပ်ပုံ
► ငှက်ပျောသီးအခွံကို ဆူးနဲ့ အနေတော်အရွယ် ပိုင်းဖြတ်ပါ။
► အဲဒီအပိုင်းကို ဆူးစရှိတဲ့နေရာပေါ် အုပ်ပြီး ပတ်တီးနဲ့ ထိန်းထားပါ။
► တစ်ညသိပ်ပြီး နောက်နေ့ မနက်မှာ ဆူးကို ဇာဂနာနဲ့ ဆွဲထုတ်နိုင်ပါပြီ။
၆။ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်ဖြင့် ဆူးထုတ်နည်း
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်က ဆူးဒဏ်ရာကို ပိုးမွှားသန့်စင်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့အတွက် ဆူးကို အလွယ်တကူ မြင်ရအောင် တွန်းထုတ်ပေးနိုင်ပါတယ်။
#ပြုလုပ်ပုံ
► နားကြပ် ဂွမ်းတံ ကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်ထဲ စိမ်ပါ။
► စိမ်ထားတဲ့ ဂွမ်းလုံးကို ဆူးပေါ်တင်ပြီး ထွက်မကျအောင် တိပ်နဲ့ ကပ်ထားပါ။
► နာရီအနည်းငယ်ခန့် ထားပြီးနောက် ဂွမ်းတုံးကို ဖယ်ရှားပြီး ဆူးစကို ဇာဂနာနဲ့ ဆွဲနုတ်လိုက်ပါ။
► အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။
၇။ မုန့်ဖုတ်ဆော်ဒါဖြင့် ဆူးထုတ်နည်း
ဒီနည်းလမ်းကတော့ အလွန်သေးငယ်တဲ့ဆူးနဲ့ အရေပြားအတွင်းနက်နက်ဝင် ရောက်တဲ့ဆူးတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဆော်ဒါက ဆူးကို အပြင်ထွက်အောင် တွန်းထုတ်ပေးနိုင်တဲ့အတွက် ဇာဂနာနဲ့ အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။
#ပြုလုပ်ပုံ
► လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံစာ မုန့်ဖုတ်ဆော်ဒါကို ရေနည်းနည်းနဲ့ ပျစ်အောင် ဖျော်ပါ။
► ဆော်ဒါရည်ပျစ်ပျစ်ကို ပတ်တီးပေါ် တင်ပြီး အဲဒီပတ်တီးနဲ့ ဆူးကို ပတ်ပေးပါ။
► ၂၄ နာရီလောက် ထားပြီးမှ ပတ်တီးစကို ဖယ်လိုက်ပါ။
► အရေပြား ပေါ် ဆူးစထွက်လာတာ မြင်ရပြီဆိုရင် ဇာဂနာ နဲ့ ဆွဲနုတ်ပါ။ မမြင်ရသေးရင် ဆော်ဒါ ရည်ပျစ်ပျစ်ပတ်တီးနဲ့ ထပ်စည်းပါ။
► အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။
၈။ ပျားရည် ဖြင့် ဆူးထုတ်နည်း
ပျားရည် ရဲ့ အစိုဓာတ်ထိန်းနိုင်စွမ်းနဲ့ ပိုးမွှားသေစေတဲ့ ဂုဏ်သတ်္တိကြောင့် အရေပြားပျော့ပျောင်း နူးညံ့ပြီး ရောဂါပိုး မ၀င်ရောက်အောင် ကာကွယ်နိုင်ပါတယ်။
#ပြုလုပ်ပုံ
► ဆူးစူးနေတဲ့ နေရာပေါ်ကို ပျားရည်သုတ်လိမ်းပါ။
► ပြီးရင် ပတ်တီးစည်းပြီး တစ်ည ထားထားပါ။
► နောက်နေ့ မနက်မှာ ဆူးစထွက်လာတာ မြင်ရရင် ဇာဂနာနဲ့ ဆွဲထုတ်ပါ။
► ဆူးစ ထွက်သွားရင် အနာကို ရေနွေးနဲ့ ဆေးကြောပြီး အနာ မြန်မြန် ကျက်အောင် ပျားရည် ပြန်လိမ်းပေးပါ။
၉။ ပေါင်မုန့် နှင့်နို့ဖြင့် ဆူးထုတ်နည်း
ဒီနည်းလမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ ဆူး ထုတ်နည်းပါ။
#ပြုလုပ်ပုံ
► ပေါင်မုန့် ကို နို့ထဲမှာ စိမ်ပေးပါ။
► နို့စိမ်ထားတဲ့ ပေါင်မုန့် ကို ဆူးစပေါ်မှာတင်ပြီး ထွက်မကျအောင် ပတ်တီးနဲ့ စည်းပေးပါ။
► တစ်ည သိပ်ပေးပြီး နောက်နေ့မနက်မှာ ပေါင်မုန့်ကို ဖယ်ရှားလိုက်ပါ။ ဆူးစက ပေါင်မုန့်နဲ့အတူ ထွက်လာတာကို တွေ့ရပါလိမ့်မယ်။
► အနာကို ရေနွေးနဲ့ ပြန်လည်ဆေးကြောပါ။
#Tips!!!!!
► ဇာဂနာ ကို အသုံးမပြုခင်မှာ ပိုးသန့်စင်အောင် အရက်ပြန် နဲ့ ပွတ်ပေးပါ။
► ဆူးစ ကို ဖယ်ရှားနိုင်ပြီးနောက်ပိုင်း အနာကျက်တဲ့အထိ အရက်ပြန် နဲ့ သန့်စင်ပေးပါ။
► ဆူးထွက်လာအောင် ဆူးရှိတဲ့နေရာကို ညစ်တာမျိုး မပြုလုပ်ပါနဲ့။ ဆူးစတွေ ပြတ်ထွက်ပြီး အရေပြားထဲ ကျန်ရစ်နိုင်တာကြောင့် ဖယ်ရှားရခက်ခဲသွားနိုင်ပါတယ်။
Credit: ဒေါက်တာခင်မိုးမိုး(Good Health Journal)

Monday, August 21, 2017

အသီးနဲ့ ပတ်သတ်သမျှစုစည်းထားမှု

ပညာရေးဆိုင်ရာသတင်းနှင့်သင်ထောက်ကူများ added 30 new photos.
အသီးနဲ့ ပတ်သတ်သမျှစုစည်းထားမှု
Apple =ပန်းသီး။
Avocado =ထောပတ်သီး။
Acorn = ၀က်သစ်ချသီး။
Almond = ဗန်ဒါသီး။
Apricot = ဘင်္ဂလားဆီးသီး။
Banana = ငှက်ပျောသီး။
Betel nut = ကွမ်းသီး။
Brinjal =ခရမ်းသီး။
Bitter gourd =ကြက်ဟင်းခါးသီး။
Bale fruit =ဥသျှစ်သီး။
bottle gourd = ဘူးခါးသီး။
Coconut =အုန်းသီး။
Cantaloupe = ဖရဲမွှေး။
Cashew nut =သီဟိုဠ် သရက်စေ့။
Citron = ရှောက်ချိုသီး။
Chilli =ငရုတ်သီး။
Cucumber =သခွားသီး။
Custard apple =သြဇာသီး။
Chestnut =သစ်အယ်သီး။
ဂေါ်ရခါးသီး chayote, marrow
Damson =မက်မန်းသီး။
Dates =စွံပလွံသီး။
Drumstick =ဒန့်သလွန်သီး။
Djengkol = ဒညင်းသီး။(ဒညင်သီးDjankal ။)
Dragon fruit =နဂါးမောက်သီး။
Fig =သဖန်းသီး။
Fragrant banana=သီးမွှေးငှက်ပျော။
Grape = စပျစ်သီး။
Gourd = ဘူးသီး
Guava =မာလကာသီး။
Jackfruit = ပိန္နဲသီး။
Luffa gourd- ခဝဲသီး
Lime =သံပရာသီး။
Longan =တောကြက်မောက်သီး။
Mango =သရက်သီး။
Mangosteen =မင်းကွတ်သီး။
Marian =မရမ်းသီး။
marianda =ရဲယိုသီး။
morinda fruit-ရဲယိုသီး
musk melon = သခွားမွှေးသီး။
ဆီးဖြူသီး gooseberry
Orange =လိမ္မော်သီး။
ဇမ္ဗူ့သပြေသီး rose-apple
ဇာဒိပ္ဖိုလ်သီး nutmeg
တညင်းသီး djankol bean, danyia
ထောပတ်ပဲ butter bean
ဒန့်သလွန်သီး drum stick
Palmira =ထန်းသီး။
Plum =ဇီးသီး။
Potato =အာလူး
pomegranate =သလဲသီး။
pomelo = ကျွဲကောသီး။
pummelo =ကမ္ပလာသီး။
Pumpkin = ဖရုံသီး။
Pomegranatc =တလည်းသီး။
Papaya- သင်္ဘော သီး
Pineapple =နာနတ်သီး။
Persimmon = တည်သီး။
Star fruit =စောင်းလျားသီး
Strawberry =စတော်ဘယ်ရီသီး။
Sugar apple =သြဇာသီး။
Sugar maple =သကြားသီး။
Sponge gourd -သဘွတ်သီး
snake-gourd = ပဲလင်းမြွေသီး။
sponge gourd = သပွတ်သီး။
Salt and fresh fruits =ဆားချိုသီး
tamarind = မန်းကျည်းသီး။
Tomato =ခရမ်းချဉ်သီး။
walnut = သစ်ကြားသီး။
wood apple = သီးသီး။
ပဲသီး bean ; calabash ပဲ pea
ပဲတီ mung bean ပဲတီစိမ်း green gram
ပဲရင်း rice bean ပဲဖြူကလေး white bean, duffin bean
ပဲကြီး lablab bean, kidney bean ပဲလင်းမြွေသီး၊ ဗုံလုံသီး snake gourd
ပူစီနံ budina, mint ပဉ္စကာနီသီး gall nut
ပေါက်ပန်းဖြူရွက် sesbania grandiflora ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်လာပန်း cauliflower
ပဲစောင်းလျားသီး goa bean, winged bean ပဲပြား bean curd
ပဲကတ္တီပါ velvet bean ပဲပိစပ် soya bean, horse gram
ပဲပုဇွန် cluster bean ပဲကြား lime bean
ပင်စိမ်းရွက် basil, sage ပိန်းဥ taro
ပဒဲကော galingale ပုတတ်စာ (ပဒတ်စာ) ginger wort
ပဲပင်ပေါက် bean sprouts ပဲလွမ်း cow pea
ပဲနောက် Mung bean ပဲစင်းငုံ pigeon pea
ပဲနီလေး lentil ပဲတောင့်ရှည် string bean, long bean
ပဲနံ့သာ fenugreek ပဲကျပ်ပြင် soybean
ပဲဒလက် sword bean ပဲရင်း rice bean
ပဲပိုးတီ Chinese artichoke ပုစွန်စာရွက် knotgrass
ကင်ပွန်းသီး soap nut | ကင်ပွန်းရွက် soap acacia leaves |
ကင်းပုံသီး wild snake gourd, coecinia fruit |
ကုလားပဲ chick pea |
ကြောင်လျာသီး trumpet
ခရမ်းကစော့သီး Indian nightshade
ခရမ်းသီး brinjal (egg plant), aubergine
ခရမ်းချဉ်သီး tomato
ကျောက်ဖရုံသီး white pumpkin, marrow
ခ၀ဲသီး ridge gourd
ခါဗုဥ turnip
ချယ်ရီသီး cherry
ခရမ်းကြွပ်သီး solanum molongena
ကက်ဟင်းခါးသီး bitter gourd
ကြောင်လျာသီး trumpet
ခရမ်းကစော့သီး Indian nightshade
ခရမ်းသီး brinjal (egg plant), aubergine
ခရမ်းချဉ်သီး tomato
ဂေါ်ရခါးသီး chayote, marrow
ငရုတ်သီး chilly, chilli

Thursday, August 17, 2017

အိုင်တီလမ်းညွှန်
အဆင့် ၁- My Computer ကိုသွားပြီးတော့ မိမိ USB ရဲ့ Drive Name ကိုမှတ်ထားပါ( ဆိုလိုတာက c လား d လား e လား f လားဆိုတာကိုပါ USB မှာကိုယ်ပေးထားတဲ့ အမည်မဟုတ်ပါဘူး computer driver letter ကိုပြောတာပါ ) မသိရင် comment မှာလားမေးပါ
အဆင့် ၂ -Windows Key နှင့် r ကို တပြိုင်တည်းနှိပ်ပါ
အဆင့် ၃ - Run Box ပေါ်လာမည် cmd ဟုရိုက်ထည့်ပြီး Enter ခေါက်ပါ.
အမည်းရောင် Windows တစ်ခုပေါ်လာလာလိမ့်မည်
အဆင့် ၄- အောက်ပါ Command များကို copy လုပ်ပြီး ပေါ်လာတဲ့ အမည်းရောင် windows အထဲမှာ Rick click ထောက်ပြီး Paste ကို နှိပ်ပါ Enter ခေါက်ပါ
မှတ်ချက် မိမိ usb drive letter နဲ့သက်ဆိုင်တဲ့ command ကိုသာ copy လုပ်ပါ ။ နားမလည်ရင် comment မှာလာမေးပါ ခင်ဗျာ
အချိန်ပေးပြီး လုပ်ထားရတဲ့အတွက် ဆန္ဒရှိရင် Page ကို Like လုပ်ပေးပါ ကျေးဇူးပါ။
Letter A အတွက် attrib -r -a -s -h "a:\*" /s /d
Letter B အတွက် attrib -r -a -s -h "b:\*" /s /d
Letter D အတွက် attrib -r -a -s -h "d:\*" /s /d
Letter E အတွက် attrib -r -a -s -h "e:\*" /s /d
Letter Fအတွက် attrib -r -a -s -h "f:\*" /s /d
Letter G အတွက် attrib -r -a -s -h "g:\*" /s /d
Letter H အတွက် attrib -r -a -s -h "h:\*" /s /d
Letter I အတွက် attrib -r -a -s -h "i:\*" /s /d
Letter J အတွက် attrib -r -a -s -h "j:\*" /s /d
Letter K အတွက် attrib -r -a -s -h "k:\*" /s /d
Letter L အတွက် attrib -r -a -s -h "l:\*" /s /d
Letter M အတွက် attrib -r -a -s -h "m:\*" /s /d
Letter N အတွက် attrib -r -a -s -h "n:\*" /s /d
Letter O အတွက် attrib -r -a -s -h "o:\*" /s /d
Crd..org
Khin Lin AungFollow
င်္Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။
ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်သူငယ်ချင်းတို့အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူး။
တချို့သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့တာတွေရယ်..Account Hack ခံရတာတွေမကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီးလုံခြုံရေးစနစ်တွေတိုးမြင့်ထားလို့ရတယ်...
သိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပါ။ဒါပေမယ့် အခြေခံကနေစပြီးလေ့ လာနိုင်အောင်တင်ပေးလိုက်တာပါ။
General account settings
---------------------------------------------------
Name =ဆိုတာကတော့မိမိနာမည်ပါ။
Username =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
Email =ကတော့မိမိရဲ့အီးမေးလိပ်စာပါ။
Networks =ဆိုတာက
သာမန်userတစ်ယောက်အနေနဲ့ မသုံးပါဘူး
Language =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။
Security settings
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။Edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
Login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။
ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
Login apporvals
----------------------------
Login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။
ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။
Get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
Code generator
----------------------------------
Code generator ဆိုတာကတော့ facebook application ကို code gerneate နဲ့  လုံခြုံ အောင် ပြုလုပ်ခြင်းပါ ။
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
App password
---------------------------------
App password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။
login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app passsword နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ 
Account Settings > Security)
Find the App Passwords section and click Edit
Click the Generate app passwords link
Type in the name of the App and click Generate Password
Go to your app and use that password to log in
Trusted contant
--------------------------------------
Trusted contant ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။
ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယ်ဆိုရင် choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
Trusted browser
-----------------------------------
Trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)
Decative account
------------------------------------
Decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနဲ့ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။Decative account ကိုနှိပ်မိရင် ကိုယ့်ရဲ့ account သုံးလို့ရမှာမဟုတ်တော့ပါဘူး။
မှတ်ချက်>>>>> post ရေးသားသူရော့ဖတ်ရူးလေ့လာသူတွေပါလေးစားလျှက်
( ရရ )
Via Khant Naing
credit to online

Friday, August 11, 2017

မီးဖိုေ ချာင်ထဲက လူသတ်ကောင်များ


ကျနော်က အောက်ပါပစ္စည်းတွေ
ပြင်ပေးနေရသူဆိုတော့
“အရည်သွေးမပြည့်မှီ”သော
မီဖိုချောင်သုံး စားစရာသောက်စရာများအတွက်
မရှိမဖြစ် အသုံးပြုနေသော
အရာများကို အမြဲထိတွေ့ပြင်ဆင်နေရပါသည်။

* ဒယ်နီအိုးအချို့ မှ ခဲသတ္တုများ
အစားအစာများ ချက်ပြုတ်ရင်း
ပျော်ဝင်နိုင်ပါသည်။
ခဲဆိပ်သင့်နိုင်ပါသည်။

(အချို့ဒယ်နီအိုးကို
ဟင်းမချက်ဘဲ ရေကြီးသက်သက်ထည့် ကျိုပြီးစမ်းကြည့်တဲ့အခါ ရေနွေးကျိုသလိုမရဘဲ
ရေတွေက ညိုသွားတယ်။
စတီး ဇွန်းနဲ့ ခြစ်ပြီးမွှေလေ
ပိုညိုလာလေပဲဗျာ)

* ရေနွေကျိုအိုးအချို့တွင်လည်း
ဤနည်းတူပင်။
* ပေါင်းအိုးလည်း အရည်သွေး မပြည့်မှီလျှင် အန္တရာယ်ရှိနိုင်ပါသည်။
* ဓာတ်ဘူးများကို ရေနွေးကျက်ကျက်ဆူများလောင်ထည့်လိုက်တဲ့အခါ
ပြဒါးအမှုန့်လေးများ ရေပေါ် ရေထဲ တွင် ပြန့်နှံနေသည်ကို သင် မြင်ဖူးမည်ဖြစ်ပါသည်။
ပြဒါးဆိပ်သင့်နိုင်ပါသည်။

* သစ်သီးဖျော်စက် အချို့၏ ဓားဒလက်များ သံချေးများတက်နေသည်ကို အကြိမ်ကြိမ်တွေ့ဖူးပါသည်။
မသုံးသင့်ကြောင့်ပြောပြဖူးပါသည်။

သို့သော်ာ်ာ် ——–
ထို့သို့ နေစဉ်နှင့်အမျှ ထိတွေ့နေရသော
အလွန်အန္တရာယ်များသော အရာများအား
“စားသုံးသူကာကွယ်ရေးရှုထောင့်”မှ ကြည့်ရှု၍
အမျိုးသားကျန်းမာရေးစီမံချက်များအဖြစ်
ဆောင်ရွက်သင့်လှပေသည်။

crd /ထိန် လင်း မောင်

ကီးဘုတ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်

Mingalar Par
22 hrs
ကီးဘုတ်ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9
Function keys များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက်
=======================
F1 = ဖွင့်ထားတဲ့Application မှာ မိမိမသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)
F2 = ဖိုင်တစ်ခုကိုရွေးပြီး F2 ကို နှိပ်ပါက ဖိုင်အမည်အား အလွယ်တကူ ပြောင်းလို့ရပါလိမ့်မည်။
F3 = ဖွင့်ထားသည့် Application တစ်ခုမှာ စာသား Text တစ်ခုခုရှာဖို့အတွက် အသုံးဝင်ပါတယ်။
F4 = လက်ရှိဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ပိတ်သွားပါလိမ့်မည်။
F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လပ်စေပါသည်။ (Refersh)
F6 = Browser တွေ အသုံးပြုသည့်အခါ ကာဆယ်ကို adress bar ဆီ တန်းရောက်သွားစေသည့် အစွမ်းထက် key လေးပါ။
F7 = Microsoft word လို စာရိုက်တဲ့ software တွေမှာ စာလုံးပေါင်း။ သဒ္ဒါတွေကို စစ်ဆေးပေးပါတယ်။
F8 = ကွန်ပျုတာကို စဖွင့်ဖွင့်ချင်း Boot Menun သွားမည်ဆိုပါက F8 ကို နှိပ်လိုက်ပါ။
F9 = Microsoft word မှာ ဆိုရင်တော့ Document ကို Refersh (ပေါ့ပါးသွက်လပ်စေသည်) လုပ်ပေးပါတယ်။ Out look နဲ့ Email မှာ အသုံးပြုရင်တော့ Send / Receive အတွက် အသုံးပြုလို့ရပါတယ်ခင်ဗျာ။
မိတ်ဆွေများအားလုံး အဆင်ပြေချောမွေ့ကြပါစေပါခင်ဗျ
Crd...org

Tuesday, July 25, 2017

Toilet cleanng

200 gr of baking soda
½ cup of white vinegar
15 drops of a disinfectant essential oil
Preparation is very simple. Mix all the ingredients in a bowl until you get an even texture. Then, prepare little balls with a spoon and place them on paper. Let them dry and harden for 4–5 hours. Keep them in a box. To use it, put a ball in the toilet bowl and leave on for 5 minutes before you flush. Use the balls a few times a week to get results.
Here you have a simple and useful solution. Share your impressions with us.
Source: Le Petit Buzz
SEE ALSO: Toilet Disinfection

Tuesday, May 23, 2017

ရှာရဖွေရခက်ခဲလေ့ရှိသော စကားလုံးအချို့

Practical Dreams
18 April
ရှာရဖွေရခက်ခဲလေ့ရှိသော စကားလုံးအချို့
ရဟန္တာ = Arhat
သောတာပန် = stream-enterer
သကဒါဂမ် = Once-returner 
အနာဂါမ် = Non-returner
တောရကျောင်း = Cloister
ဈာန်ပျံ = levitation
ဝက်ခြံ = pimple
ကြွက်နို့ = wart
ဘောက် = dandruff
ငရုတ်ဆုံ = mortor
ငရုတ်ကျည်ပွေ့ = pestle
မန္ဒာလီ = muscovy duck
ဖွတ်= iguana
စာခြောက်ရုပ်= scarecrow
လောက်စာလုံး= pellet
သိကြားမင်း = indra
နတ်သုဒ္ဓါ = nectar
စက္ကူပန်း = bougainvillea
နားပူနားဆာလုပ်=badger
ပတ်ချွဲနပ်ချွဲ=wheedle
ဘီလူး= ogre
ဘီလူးမ= ogress
ဂဠုန်= garuda or gruna
ကျို့ထိုးတာ= hiccups
လေချဉ်တက်= belch
လေလည်= fart or break wind
ကွမ်းသီး = areca
လေးညှင်းပွင့် = clove
နွယ်ချို= liquorice
စမုံစပါး = dill seed
တောက်တဲ့ = gecko
လူ့ ခွစာ = codger
သူငယ်ပြန်နေသူ = dotard
လင်ကွင်း = cymbal
နှဲ = oboe
နှဲဆရာ = oboist
နတ်ကတော် = mediator
ကြပ်ခိုး = soot
အိုးမဲ = lamp black
တံတွေး = saliva
ထွေးခံ = spittoon
ရုက္ခစိုးနတ် = dryad
အသင်္ချေ = eon or aeon
ဓူဝံကြယ် = polestar
ဘူကောင် ဂျိုကောင် = hoodoo
အပျိုကြီးမမ = spinster
အယုတ္တ-အနတ္တ = raunch
အရူုးပ်ခံရသူ = pasty
ဆွေမျိုးကို ဦးစားပေးသောစနစ် = nepotism
ကျီးဘုတ်မြှောက် ဘုတ်ကျီးမြှောက် = logrolling
အရိုးပြာ = cremains
တရားဟောပလ္လင် = pulpit
ရောင်ခြည်စက်ဝိုင်း = nimbus
မြင်းဟီသည် = neigh
စကားချီး = proem
စကားချပ် = parenthesis
အရက်ပုန်း=moonshine
ကျုံး = moat
ချဉ်ဖက်= pickle
အချုပ်ကား = patrol wagon
ကျေးဇူးကန်းသူ = ingrate
ဘယ်သန် = southpaw
ဓါးသွေးကျောက် = whetstone
ပလုတ်တုတ် = timpani
တောသား = yokel
ထုံပေပေလူ = thicko
ကုလားမခြေထောက်= stilt
ငယ်နာမည် = moniker
ဂုံးကျော်တံတား = flyover
Credit to ငြိမ်းလဲ့။
ref.taryarminwai