လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Showing posts with label အတွေးအခေါ်. Show all posts
Showing posts with label အတွေးအခေါ်. Show all posts

Saturday, March 25, 2017

“ စိတ်ဓါတ်ရင့်ကျက်လာဖို့ ”


“ စိတ်ဓါတ်ရင့်ကျက်လာဖို့ ”

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။
(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။
(၃) ငါ သေရအုံးမှာ..အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။
(၄) ငါဘာတွေတွေးနေလဲ?ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။
(၅) ငါဘာကိုတန်ဖိုးထားတာလဲ? အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)
(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။ သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။
သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲအရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်းဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။
ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။
ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။
“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။
“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။
“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။
အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့် လုပ်ဖို့ရယ်ပါ..။
နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့…………
ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ်
(ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။
Credit to Ko Nyo Lwin

ကိစ္စတိုင်းကို နင်မှားတယ်၊ ...ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။


Image may contain: mountain, outdoor and nature
ဓမ္မရေချမ်းစင်
27 July 2016
( အရမ်းကောင်းလွန်းလို့ ဝေမျှပေးတာပါ
ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ် )
Be a better than you
ကိစ္စတိုင်းကို နင်မှားတယ်၊ ...
ငါမှန်တယ် လုပ်စရာမှမဟုတ်တာ။

အိမ်သူအိမ်သားနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၅၂၈ လျော့သွားတယ်။
ချစ်သူနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ ၁၅၀၀ လျော့သွားတယ်။
သူငယ်ချင်းနဲ့ စကားနိုင် လုတယ်၊
လုလို့နိုင်သွားတယ် ၊ သူငယ်ချင်းသံယောဇဉ်
လျော့သွားတယ်။
လုတာက ခဏနေမေ့မယ့်ကိစ္စ၊
ရှုံးတာက သံယောဇဉ်၊
နာကျင်တာက မိမိကိုယ်ကို။
အဖြူက အဖြူ၊ အမည်းက အမည်းပဲ..
အချိန်က သက်သေပြသွားပါလိမ့်မယ်။
ကိုယ့်ရဲ့ တစ်ယူသန်ခေါင်းမာတတ်တဲ့
အကျင့်ကိုဖျောက်ပြီး လူလုပ်ပါ။
ကိစ္စအချို့ကို အရှုံးပေးတာ
လူ့ဘဝအနေနဲ့နိုင်ပါတယ် ။
ပြေလည်မှု တစ်ခုပေးလေ၊
နွေးထွေးမှု တစ်ခုရလေ။
အချက် (၉)ချက်စလုံးဖတ်လို့
နားလည်သွားရင် လူဖြစ်ရတာ ပျော်လာမှာပါ။
၁။ ချမ်းသာမှု - ကိုယ်ရဲ့ ရောင့်ရဲမှုနဲ့ တိုက်ရိုက်အချိုးကျတယ်။
ရောင့်ရဲတင်းတိမ်တဲ့လူအဖို့ ကြမ်းပြင်မှာ အိပ်နေရလည်း နတ်ပြည်သမျှပါပဲ။
မရောင့်ရဲတတ်တဲ့သူအတွက် နတ်ပြည်မှာလှဲနေရလည်း ငရဲသမျှပါပဲ။
လူ့စိတ်ကသာ အရေးကြီးတာပါ။
လိုချင်တပ်မက်မှုတွေအများကြီးရှိနေသရွေ့ ကိုယ့်မှာ ဘယ်လောက်ပဲ ပိုင်ဆိုင်ပိုင်ဆိုင် ဆင်းရဲနေဦးမှာပဲ။
လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့စကားရှိပါသည်။
၂။ တွက်ကပ်မှု - မတွက်ကပ်တဲ့သူရဲ့ နှလုံးသားက အခန်းပိုကျယ်တယ်။
လူစိတ်တွေဟာ တစ်ခုကိုတစ်ခု အမှီသဟဲပြုထားတာပါ၊
သင်သူများကို တစ်လှမ်းနောက်ဆုတ်ပေးရင် သူများက သင့်အပေါ် တစ်ပေတိုးပြီးလေးစားပါတယ်။
မှီထားတဲ့အတွက်နေရာလွတ် ဆိုတာမရှိပါဘူး။ သင်က သူ့အပေါ်တစ်လှမ်း လွန်သွားရင်တော့ သူက တစ်လှမ်းကိုယ့်ကို အထင်သေးသွားပြီ။
လူ့စိတ်ဟာ လမ်းတစ်ခုလိုပဲ၊ ကိုယ်ကပိုတွက်ကပ်လေ ကိုယ်လျှောက်မယ့်လမ်းက ကျဉ်းလေ။
လူကောင်းကို မတွက်ကပ်ပါနဲ့၊ နောက်သင့်ကိုသူမကူညီတော့မှာစိုးလို့ပါ။
လူဆိုးကို မတွက်ကပ်ပါနဲ့၊ နောက် အခွင့်ကြုံရင် သင့်ကိုသူ ခြေထိုးမှာစိုးလို့ပါ။
သူတစ်ပါးကို သဘောထားကြီးခြင်းဟာ မိမိကိုယ်ကို လမ်းဖွင့်ခြင်းပါ။
၃။ လွှတ်ချမှု - အတိတ်ကို လွှတ်ချပြီး ပေါ့ပေါ့ပါးပါးနေထိုင်ပါ
ဒီနေ့ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ မနက်ဖြန်ရောက်ရင် ကိစ္စလေးဖြစ်သွားကော။
ဒီနှစ် ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောက်နှစ်ရောက်ရင် ပုံပြင်လေးဖြစ်သွားကော။
ဒီဘဝ ဘယ်လောက်ပင်ကြီးမားတဲ့ ကိစ္စဖြစ်နေပါစေ၊ နောင်ဘဝရောက်ရင် ယုံတမ်းစကားဖြစ်သွားကော။
ကျွန်တော်တို့တွေက ယုံတမ်း ပုံပြင်တွေကို ဖန်တီးနေတဲ့သူတွေလေ... မေ့နေပြီလား။
ဘဝမှာ အလုပ်မှာ အဆင်မပြေမှုကြုံတိုင်း ကိုယ့်ကိုပြန်သတိပေးပါ။
ဒီနေ့က ကုန်သွားမှာ၊ မနက်ဖြန်က ရောက်လာမှာ၊ နေ့ရက်အသစ်နဲ့ ကိုယ်က ပြန်စတင်ရမှာ။
၎။ လွယ်ကူပါ - လောကကြီးကို လွယ်လွယ်လေးကြည့်ပါ၊ ပျော်ရွှင်မှုက နေရာအတိပါ။
စိတ်ကို ဖြေဖျော့ရင် လောကကြီးက ကိုယ့်အတွက်ချောင်ချိနေပြီး အသက်ရှုရတာ လွယ်ကူလို့နေတယ်။
စိတ်ကို လွတ်လပ်ထားရင် ဘဝဟာ အလိုလိုလွတ်လပ်နေပြီး ဘယ်ရောက်ရောက် ဘာလုပ်လုပ် အလိုလို ပျော်ရွှင်လို့နေတယ်။
လူ့ဘ၀မှာ အရာအချို့က လွှတ်ချတတ်ရမှာ။
လက်ထဲက သဲတစ်ဆုပ်ကို လွှတ်ချမှ အရှေ့မှာရှိတဲ့ ရွှေတစ်ဆုပ်ကို ဆုပ်ယူခွင့်ရှိမှာပေါ့။
တစ်ခါတစ်လေ စွန့်လွှတ်ခြင်းရဲ့အဆုံးဟာ ရယူခြင်းရဲ့ အစပါ။
အရာရာက ဖာသိဖာသာနဲ့ အတိတ်ဖြစ်သွားမှာ။
၅။ နှလုံးသား - နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲမယ်။
သူများရဲ့အားနည်းချက်ကို မကဲ့ရဲ့ပါနဲ့ - ဒါက ကိုယ်ချင်းစာမှုပါ
သူများရဲ့ သဘောထားကြီးမှုကို မလှောင်ပြောင်ပါနဲ့ - ဒါက နားလည်မှုပါ။
သဘောထားကြီးတဲ့သူက လွယ်လွယ်ဒေါသမထွက်တာကိုပြောတာ၊ ဒေါသမထွက်တတ်ဘူးမပြောဘူး။
သည်းခံတာ အလို့မဟုတ်ဘူး။ သူ့သည်းခံနိုင်စွမ်းဆိုတာသူရှိတယ်။
အချစ်ကို အတင်းမလုပ်ယူရဘူး၊ နှလုံးသားက ကစားစရာအရုပ်တစ်ခုမဟုတ်
ရေစက်က မကုန်ချင်လို့မရဘူး၊
နှလုံးသားတစ်ခုကို နှလုံးသားတစ်ခုနဲ့လဲရတယ်၊ ဒါမှအချစ်စစ်ကိုရတာ။
စိတ်တစ်ခုကို စိတ်တစ်ခုနဲ့လဲရတယ်၊ ဒါမှ သူ့ဆီက စိတ်အစစ်ကိုရမှာ။
၆။ ကုသိုလ်၊ အကုသိုလ် - ကုသိုလ်အများကြီးရှိတဲ့လူကို အကုသိုလ်က ကြောက်နေရော။
ကိုယ့်စိတ်ကို သူများကိုဖုံးလို့ရပေမယ့် ကိုယ်မှာ ကုသိုလ်များလား အကုသိုလ်များလား ဘုရားသိပါတယ်။
လူက ကောင်းမှုပြုရင် အကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးကိုပြေးပါတယ်။
လူက မကောင်းမှုပြုရင် ကုသိုလ်က ကြောက်လန့်နေပြီး ဝေးဝေးပြေးပါတယ်။
ကောင်းမှုပြုတဲ့သူဟာ ပန်းခြံထဲ မြက်ပင်လေးတွေလိုပဲ၊ တစ်နေ့တစ်ခြား တိုးတက်တာမမြင်ပေမယ့် နေ့စဉ်နဲ့အမျှ ရှင်သန်ကြီးထွားလာတယ်။
မကောင်းမှုပြုတဲ့သူဟာ ဓားသွေးကျောက်ထက်က ဓားလိုပဲ၊ ဆုတ်ယုတ်သွားတာမမြင်သာပေမယ့် တစ်နေ့ကျရင် ထက်ပိုင်ကျိုးမှာ။
ကုသိုလ်၊ အကုသိုလ်က တံခါးမရှိ ဓားမရှိ မိမိစိတ်ကို ဝင်ထွက်သွားလာနိုင်တယ်။
အကုသိုလ်ရဲ့အမှောင်က သူတစ်ပါးမသိသော်လည်း မိမိစိတ်ကို မှောင်ရိပ်ကျပြီး ကြီးစိုးတတ်တယ်။
ကုသိုလ်ရဲ့ အလင်းက သူတစ်ပါးမချီးမွမ်းလည်း မိမိစိတ်မှာ ထွန်းလင်းလို့နေတယ်။
၇။ နေရာလွတ် - နေရာလွတ်တစ်ခုထားပြီး ထည့်ချင်တဲ့အရာထည့်သွင်းပါ။
မိမိကိုယ်ကို နေရာလွတ်ပေးပါ၊ ဒါမှ စိတ်ပြတင်းပေါက်လည်းပွင့်ပြီး အသက်ဝဝရှုနိုင်မှာ။
မိမိ အရမ်းပျော်နေတဲ့အခါ
ကိုယ့်ကိုယ်ကို စဉ်းစားချိန်ပေးပါ၊ ဒါမှ ပျော်ရွှင်မှုက နှလုံးသားထဲထိစီဆင်းသွားမှာ။
မိမိ နာကျင်တဲ့အခါ
ကိုယ့်ကိုယ်ကို နှစ်သိမ့်ချိန်ပေးပါ၊ ဒါမှ နာကျင်တဲ့မီးကို ငြိမ်းသတ်ချိန်ရှိမှာ။
မိမိ ခေါင်းရှုပ်နေတဲ့အခါ
ကိုယ့်ကိုယ်ကို ပျော်ရွှင်ဖို့အချိန်ပေးပါ၊ ဒါမှ ခေါင်းရှုပ်စေတဲ့ကိစ္စက ပျောက်သွားမှာ။
မိမိအထီးကျန်ဆန်ခံနေရတဲ့အခါ
ကိုယ့်ရဲ့ အချစ်ဆုံးသူကို အချိန်ပေးပါ၊ ဒုတိယ အချစ်ဆုံးသူက မိမိကိုယ်တိုင်ပဲဆိုတာ မမေ့ပါနဲ့။
နေရာလွတ် တစ်ခုထားခြင်းဟာ လူ့ဘဝရဲ့ လိုအပ်မှုတစ်ခု။
မိမိကိုယ်ကိုယ် အချိန်ပေးခြင်းဟာ တန်ဖိုးရှိပေမယ့် လူတိုင်းမေ့လျော့နေတတ်တဲ့အရာတစ်ခု။
၈ - ကျေးဇူးတင်ပါ - လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။
သင့်ကို နာကျင်အောင်လုပ်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်စိတ် လေ့ကျင့်ပြီးသားဖြစ်သွားတာမဟုတ်လား။
သင့်ကို လိမ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ဗဟုသုတအသစ် ရသွားတာမဟုတ်လား။
သင့်ကို စွန့်လွှတ်ခဲ့တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင် ကိုယ့်ခြေထောက်ပေါ်ရပ်နိုင်ခဲ့တာမဟုတ်လား။
သင့်ကို ခြေထိုးတဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်လဲကျတိုင်း ပြန်ထတတ်သွားတာမဟုတ်လား။
သင့်ကို ဝေဖန်တဲ့သူကို ကျေးဇူးတင်ပါ။ သူ့ကြောင့်မို့လို့ပဲ သင့်အားနည်းချက်ကိုပြင်ဖို့ သိသွားတာမဟုတ်လား။
သင့်ကို ရင့်ကျက်လာအောင် သွန်သင်ပေးခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါ။
ဒါမှ လူ့ဘဝက အရောင်အသွေးပိုစုံလင်သွားမှာ။
၉။ ကံစီမံရာကို လျှောက်လမ်းတတ်ပါ၊ ချမ်းသာသုခက ကိုယ်နဲ့မကွာ ကပ်လိုက်လာမှာ။
လူ့ဘဝက ကော်ဖီတစ်ခွက်လိုပဲ၊
များလည်းကောင်းတယ်၊ နည်းလည်းကောင်းတယ်၊ ဘာကိုလုမှာလဲ။
ပျစ်လဲကောင်းတယ်၊ ကျဲလည်းကောင်းတယ်၊ သူ့အရသာနဲ့သူပဲ။
လောပြီးသောက်လည်းကောင်းတယ်၊ နှပ်ပြီး အေးဆေးသောက်လည်းကောင်းတယ်၊ အဲတော့ဘာဖြစ်လဲ။
ပူလည်းကောင်းတယ်၊ အေးလည်းကောင်းတယ်၊ ပြုံးပြီးသောက်ရင်ပိုတောင်ကောင်းသေးတယ်။
ချိုလည်းကောင်းတယ်၊ ခါးလည်းကောင်းတယ်၊ ကိုယ်ဘယ်လို လက်ခံမလဲပဲမူတည်တယ်။
လူ့ဘဝကို သင်ကသွား ဂရုစိုက်နေလို့သာ ခါးတာပါ။
သံသယထားလို့သာ နာကျင်တာပါ။
ပေါ့ပေါ့လေး ကြည့်ရင် ပျော်ဖို့ကောင်းနေမှာ။
ပျော်ရွှင်မှု အမြင်နဲ့ကြည့်ရင် ချမ်းသာသုခကကိုယ်နဲ့မကွာ ကပ်လိုက်နေမှာ။
ကျွန်တော်တို့အားလုံးက ခေတ်ကာလတစ်ခုရဲ့ ဧည့်သည်အချို့ပါ။
ရေတစ်ခွက်ထဲ ဆားတစ်ဆုပ်ထည့်သောက်ရင် ငန်မယ်၊ ဒါပေမယ့် တိုင်ကီထဲထည့်သောက်ရင် မငန်တော့ဘူး။
လောကဓံက ဆားတစ်ဆုပ်ဆိုပါစို့ ၊ အဓိက,က မိမိဘာခွက်နဲ့ခံပြီးသောက်မလဲပေါ်ပဲမူတည်ပါတယ်။
တစ်ခါတစ်လေကျနော်တို့ ရွေးချယ်ခွင့်မရှိတော့ရင် ကံစီမံရာအတိုင်းပေါ့။
သင့်ရဲ့စိတ်ကို အရှုပ်ထုပ်တွေနဲ့ မချည်နှောင်ထားပါနဲ့၊
အသက်တစ်ချက် ပြင်းပြင်းရှုကြည့်ပါ။
တစ်ချို့ မမြင်ရတဲ့အရာတွေကို နှလုံးသားနဲ့ နားလည်ကြည့်ပါ။
Be a better than you from yesterday , i wish smile emoticon
Peace
စာပေ မှတဆင့်ပြန်လည်မျှဝေပေးပါတယ်။

Wednesday, March 15, 2017

သူကကိုမှမဟုတ်ပဲလေ


Image may contain: text
ဓမ္မရေချမ်းစင်
4 July 2016
"စိတ်ထွက်ပေါက်တွေ ပိတ်နေတဲ့အခါ"
************************
မနက်ဖန်ဆိုတာကို
ခဏမေ့လိုက်ပါ။
...
သုံးစားလို့မရတဲ့
မနေ့ကအကြောင်းအရာတွေကို
မတွေးပါနဲ့။
သင့်ခြေတွေလက်တွေပြန်စမ်းကြည့်ပါ။
အကောင်းအတိုင်းရှိနေပြီဆိုရင်.........
သင်ဖြစ်နေတဲ့ ပြဿနာကို ပြန်လည်သုံးသပ်ပါ.........
အချစ်ရေးလား????
တကယ်တော့အချစ်ဆိုတာ မီးပါ။
ငြိမ်းလိုက်ရင်ငြိမ်းသွားပြီး
မွေးထားရင်တော့ ဆက်လောင်ပါတယ်။
လူတစ်ယောက်မှာ...
အသဲတစ်ခါကွဲဖူးရင် အချစ်ကို
ဘယ်လိုကိုင်တွယ်ရမလဲသိသွားပါပြီ။
ကိုယ့်ဒူးကိုယ်တောင်မယုံရတဲ့ခေတ်မှာ
သင်ကဘယ်သူ့ကိုတောင်ယုံကြည်
နေချင်သေးတာလဲ။
သင်ကအချစ်ကြောင့် စိတ်ညစ်နေရချိန်မှာ
အိပ်ယာပေါ်မှာ နှစ်ပေါင်းများစွာ
ရောဂါဝေဒနာခံစားနေရသူကို ကြည့်ပါ။
အဲ့လိုလူနဲ့သင်နဲ့
နေရာချင်းလဲမလား။
ဘယ်လိုလဲ မလဲနိုင်ဘူးမလား။
နောက်တစ်ခု အိပ်ဆေးတွေကျွေးခံရပြီး
လမ်းမှာတောင်းရမ်းနေတဲ့ အနာဂတ်မဲ့
ကျောပိုးခံထားရတဲ့ ကလေးငယ်နဲ့
သင်နေရာချင်းလဲမလား
ဘယ်လိုလဲ မလဲနိုင်ဘူးမလား။
အမှိုက်ပုံထဲက အမှိုက်တွေချည်းကောက်စားနေရတဲ့
လူတွေနဲ့နေရာချင်းချိန်းမလား။ဘယ်လိုလဲ??????
သိပ်မငြီးတွားပါနဲ့
အချစ်ငတ်တာ
ထမင်းငတ်တာလောက်
မဆိုးဝါးပါဘူး။
စီးပွားရေးကြောင့် စိတ်ညစ်နေသလား.......
စိတိမညစ်ပါနဲ့။
ဘယ်နှစ်ခါလဲကျသွားလဲအရေးမကြီးပါဘူး
ဘယ်လောက်မြန်မြန်ပြန်ထနိုင်လဲပဲ
အရေးကြီးတာပါ။
သင့်မှာ ခြေတွေလက်တွေ
အကောင်းကြီးရှိနေတယ်မလား။
မိတ်ဆွေအပေါင်းအသင်းတွေရှိနေတယ်။
စိတ်ကောင်းတစ်ခု
ရှိနေသေးတယ်ဆိုရင်
သင်ပြန်ထနိုင်မှာပါ။
အကြွေးတွေများလို့ စိတ်ညစ်နေသလား။
အကြွေးကင်းတဲ့သူဆိုတာ
မရှိသလောက်ရှားပါတယ်။
အလုပ်လုပ်နေသမျှတော့
အကြွေးမကင်းကြပါဘူး။
သားရေးသမီးရေးအတွက် စိတ်ပူနေသလား????
သင့်မှာ
လိမ္မာ ကောင်းမွန်တဲ့သားသမီးတွေ
ရှိနေရင်အမွေပေးဖို့ လိုအပ်လို့လား။
ဆိုးသွမ်းတဲ့သားသမီးရှိလို့
အမွေပေးရင်ရော..
သူတို့တွေ သုံးဖြုန်းရင်ကုန်မှာမို့
အမွေပေးဖို့လိုသလား။
ကျွန်မတို့မိဘတွေလက်ထက်
သားသမီး ၇ယောက်
၈ယောက် ၉ယောက်
၁၀ယောက် မွေးဖူးသူတွေ
ပြန်ကြည့်ပါလား။
အခုခေတ်
ကလေး၂ ယောက် ၃ယောက်
မွေးထားရုံနဲ့ပူစရာလား။
အိမ်ထောင်ရေးအဆင်မပြေလို့
စိတ်ညစ်နေလား။
တစ်ယောက်တည်းလာပြီး
တစ်ယောက်တည်း သေရွာပြန်
ကြရမယ့် ဘဝမှာ
တစ်စုံတစ်ယောက်ကြောင့်
ဘဝတိုတိုလေးမှာ
စိတ်ဆင်းရဲနေတာ တန်ပါ့မလား။
စိတ်ညစ်တယ်ဆိုတာ..........
တစ်ခုခုကို ဆုပ်ကိုင်ထားလို့ပါ။
လိုချင်ဖြစ်ချင်တာတွေ များနေလို့ပါ။
အလုပ်ကို အတတ်နိုင်ဆုံး
လုပ်သင့်တာလုပ်ပြီး
ဘဝကို နေပျော်ဖို့ပဲအရေးကြီးတာပါ။
တစ်စုံတစ်ရာကို
အလွန်အမင်းတွယ်တာ ဆုပ်ကိုင်တာကို
တဏှာရူးလို့ခေါ်ပါတယ်။
အရာအားလုံးဖြစ်ချိန်တန်ဖြစ်ပြီး
ပျက်ချိန်တန်ပျက်ပါတယ်။
ကံ ကံရဲ့အကျိုးကိုယုံကြည်မှ
ဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။
ဘာအတွက် ဘယ်သူ့အတွက်မှ
စိတ်မညစ်နဲ့။
ယနေ့လုပ်စရာရှိတာသာ
အကောင်းဆုံးလုပ်........
သင်တကယ်စိတ်ညစ်ရမှာက
👉👉👉👉👉👉
ဘဝကို ဒါန သီလ ဘာဝနာမပါဘဲ
ကုန်ဆုံးသွားမှာကိုပဲ.......
သင့်နှာသီးဝကို
အောက်ဆီဂျင်ဝင်နေသမျှ
ကံကောင်းနေတဲ့လူလို့မှတ်
ဒါဟာဘဝပဲ
👍👍👍👍👍👍👍👍👍
.
မဟူရာ နတ်သမီး ။

Tuesday, August 16, 2016

••အမေ့ကို အာခံ၍ပြန်မပြောခင်..••

Kamom Tamoite with အေအေစီ ရဲမင်း and 7 others.
21 hrs
••အမေ့ကို အာခံ၍ပြန်မပြောခင်..••
တစ်ခုသော နံနက်ခင်း
အထက်တန်းကျောင်းသားအရွယ်
ကောင်လေးတစ်ယောက်အား...
အိပ်ယာမသိမ်းမိလို့
မိခင်ဖြစ်သူက

"ထမင်းစားချိန်မှန်းလဲမသိ
အပြင်ထွက်လည်းမိဘဆီ ခွင့်မတိုင်
ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ
တစ်နေကုန် ဂိမ်းဆော့နေ. . ."
အစရှိသဖြင့်
ဆူပူကြိမ်းမောင်းကာ
သားဖြစ်သူက
သီးမခံနိုင်လို့
"ဟာဗျာ . အမေကလည်း
ကျနော်က ကလေးမဟုတ်တော့ဘူး
တစ်နေ့လုံး ဗျစ်တောက်ဗျစ်တောက်နဲ့
နားငြီးတယ်
ကျနော့ဟာ ကျနော် ကြိုက်သလိုနေပေါ့ အမေမစပ်စုချင်ပါနဲ့.."
လို့ သူ့အမေကို
အသံကြီးဟစ်ကျယ်နဲ့
ပြန်ပြောခဲ့တယ် ။
အမေကတစ်လှည့်
သားကတစ်လှည့်
စကားများကြရာက
အနီးအနားမှာထိုင်နေတဲ့
အဖေဖြစ်သူက
ကြားပြန်ဖြေတဲ့အနေနဲ့
သူ့သားကို
ခေါ်လိုက်ပါတယ်။
"သားရေ..အဖေ့ဆီလာပါဦးကွာ"
သားဖြစ်သူက
ခြေဆောင့်ရင်း
အိမ်ပေါ်ကနေဆင်းသွားပြီး
အဖေခေါ်ရာကို
လိုက်ခဲ့ပါတယ် ။
အဖေဖြစ်သူက
သားပခုံးကို လှမ်းဖက်ရင်း
အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။
"သား..ဘာဖြစ်လို့
အမေ့ကိုပြန်ပြောနေရတာလဲ"
"အဖေကလည်း
ကျနော်က ကလေးမှမဟုတ်တော့တာ
နေ့တိုင်းလိုလို ကျနော့်ကိုအပြစ်မြင်နေတယ်
နေ့တိုင်း ဆူပူနေတယ်
ကျနော် ဒီအိမ်မှာ မနေချင်တော့ဘူး
ဖေဖေရယ်"
"အော်..သားက
မေမေ့ဆိုဆုံးမစကားတွေ
ဆူတယ်လို့ထင်နေတာကိုး
မေမေ မဆူအောင်
မေမေ့ပြောတဲ့အတိုင်း
ငါ့သားနေပေါ့ကွ"
"ဖေဖေလည်း မေမေ့လိုပဲ
သားကို မချစ်ဘူးပေါ့ "
"မဟုတ်ပါဘူးသားရယ်
ဘယ်မိဘကမှ ကိုယ့်သားသမီးကို
လမ်းမှားမရောက်စေချင်ဘူး
ကြိုတင်တားဆီးတဲ့အနေနဲ့
ပြောဆိုဆုံးမနေတာ"
"တော်ပြီ..ဖေဖေလည်းမေမေ့လိုပဲ
သားကို အကောင်းမမြင်ဘူး
ဆူဖို့ပဲ"
"ကဲ ဖေဖေတစ်ခုပြောမယ်
သေချာနားထောင်"
"ဘာပြောမှာလဲဖေဖေ
သားနားထောင်နေတယ်"
"သားက မေမေ့ကိုတစ် ခွန်းမကျန်အာခံပြန်ပြောတယ်နော်
သားသေချာစဉ်းစား"
"သား ပြန်ပြောမှာပေါ့ဖေဖေ
နေ့တိုင်း ဗျစ်တောက်ဗျစ်တောက်
ဆိုတော့ သား နားငြီးတယ်"
"ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက်ပြောပြမယ်
အဲဒီအချက် ၁၀ ချက်လုံး
သားလိုက်နာနိုင်ရင်
သားမေ့မေ့ကို ကြိုက်သလို
အာခံပြီးပြန်ပြောလို့ရပြီ"
"ပြောပါ ဖေဖေ သားနားထောင်ပါ့မယ်"
"ဒါဆိုသေချာနားထောင်
၁။။ သုံးလတိတိ သား
ထမင်းစားပြီးတိုင်း
အန်နိုင်မလား ၊
၂။။ သားရဲ့ဝမ်းဗိုက်ထဲဘောလုံးထည့်ပြီး
ကြီးမားလာအောင် တစ်လတစ်ခါ
ရေထိုးသွင်းမယ် တစ်ဆယ်လတိုင်တိုင်
သားအလေးခံပြီး သယ်ထားနိုင်မလား ၊
၃။။ ကော်ဖီ ၊ လက်ဖက်ရည် ၊
ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ
မစားပဲ ခြောက်လတိုင်တိုင်
အငတ်ခံနေနိုင်မလား ၊
၎။။ ညညအိပ်ရင်လည်း
ဗယ်ညာ မစောင်းပဲ
ုငြိမ်ငြိမ်လေးနဲ့
၅ လတိုင်တိုင် အိပ်နိုင်မလား ၊
၅။။ ၈ လတိုင်တိုင်
ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့
မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား ၊
၆။။ နာဖျားလို့မရှိအောင်
ကိုယ့်ကိုဂရုစိုက်နေရလို့
ကြိုက်တဲ့အစားအသောက်တွေ
မစားပဲနေမယ်
နာဖျားခဲ့ရင်တောင်
ဆေးတွေစိတ်ကြိုက်စားခွင့်မရှိပဲ
၁၀ လအထိ သားနေနိုင်လား ၊
၇။။ ၁၄ နာရီအကြာ
အသက်နဲ့ရင်းပြီး
နာကျင် ကိုက်ခဲတဲ့ဝေဒနာ
သားခံနိုင်မလား ၊
၈။။ ကိုယ့်နို့သီးခေါင်းကို
ကိုက်ရင်
နာပေမယ့် ၁၀ လအထိ အောင့်အည်းသီးခံနိုင်မလား ၊
၉။။ ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၂ နှစ်တိုင်တိုင်
သားကကြုံးနိုင်မလား ၊
၁၀။။ ညညဆိုရင်လည်း
နှစ်နာရီတစ်ခါ
တစ်နှစ်လုံးလုံး
အိပ်ရေးပျက်ခံပြီးထနိုင်မလား ။
ကဲ..သား အဲဒီအချက်
၁၀ ချက် လိုက်နာလို့နိုင်မလား
တကယ်လို့ သားက
တစ်ချက်မကျန် လိုက်နာနိုင်ရင်
မေမေ့ကို ကြိုက်သလို
အာခံပြီး
ပြန်ပြောလို့နိုင်ပြီ"
သားဖြစ်သူက ခေတ္တမှိုင်ပြီး
အတွေးတစ်ခုဝင်လာကာ
"ဟုတ်ကဲ့ဖေဖေ
သားနားလည်ပါပြီ
နောက်ဘယ်တော့မှ
မေမေ့ကိုရော ဖေဖေ့ကိုပါ
သားပြန်မပြောတော့ပါဘူးလို့
သားကတိပေးပါတယ်ဖေဖေ"
"ကဲ..သားလိမ္မာလေး
မေမေ့ကို ဝန်ချတောင်းပန်ပြီး
ကန်တော့လိုက်နော် "
သားလိမ္မာ
သမီးလိမ္မာလေးဖြစ်ကြပါစေ ။
Kamom Tamoite =ဖူးသစ်

Wednesday, July 27, 2016

#‎အလကား_လူ‬

သီ တာFollow
စာလေးကအရမ်းကောင်းတော့ မဖတ်ရသေးတဲ့သူငယ်ချင်းတွေကို
ဖတ်စေချင်လို့ ကူးယူလာပါတယ်နော်
‪#‎အလကား_လူ‬
……………………...
.

* ၄နှစ်သားအရွယ်
မူကြိုစတက်တော့အမေကပြောတယ်။
" သား ၁၀တန်းအောင်အောင်လုပ်
၁၀တန်းက ဘဝတဆစ်ချိုးပဲ
၁၀တန်းအောင်ရင် သားလူစဖြစ်ပီ " တဲ့
* ဒီလိုနဲ့ ၁၀တန်းအောင်ပီး
လူဖြစ်ပီထင်ခဲ့ပေမယ့်
" ထမင်းစားလက်မှတ် "ကို
English လိုတံဆိပ်ကပ်ထားတဲ့
" ပညာတတ် " ဆိုတဲ့လူတွေအခေါ်အဝေါ်ကြား
တွေဝေခဲ့တယ်။
သြော် ငါလူဖြစ်ပေမယ့် ထမင်းစားမှအသက်ရှင်
မှာကိုး။ လို့ထပ်သိရပြန်တယ်။
* ဒီလိုနဲ့ ပညာတတ်ဆိုတဲ့
ကွမ်းစားရင် တံတွေးဗြစ်ခနဲတွေးတတ်
မုန့်စားပီးရင် အမှိုက်ဘတ်ခနဲပစ်တတ်တဲ့
လူပေါ်လူချည်းယုတ်မာတတ် တဲ့
လူအများစုကြား "သြော် ဒါပညာတတ်ပါလား"
ဆိုပီးဆက်နေခဲ့ရပြန်တယ်။
* ဒီလိုနဲ့ ထမင်းစားဖို့ 
အလုပ်လုပ်ရမှာပါလား ဆိုတဲ့အသိနဲ့
အလုပ်လျှောက်မိတယ်။
ပထမကြုံရတာက
" မင်းက ဘယ်သူ့အကပ်နဲ့လာလျှောက်တာလဲ"
ဒုတိယကြုံရတာက
" မင်း ဘာ certificate တွေပါလာလဲ "
တတိယကြုံရတာက
" လဖက်ရည်ဖိုး " တဲ့
သြော် လူဖြစ်ဖို့ 
ထမင်းစားလက်မှတ်တွေအများကြီးလိုအပ်
သေးပါလားလို့ တွေးမိပြန်တယ်။
* ဒီလိုနဲ့ထမင်းစားလက်မှတ်တွေလိုက်ရှာရင်း
" မင်းဘာအရည်အချင်း ရှိလဲ "လို့မေးခွန်းမမေး
တဲ့ Company တခုမှာအလုပ်လုပ်ဖြစ်သွား
တယ်။
* ဒီလိုနဲ့ နားမလည်ခြင်းများစွာနဲ့
ကောင်မလေး ခေါ် အမျိုးသမီး၁ယောက်ကို
တွေ့ပီး ဗိုက်ဆာသလို အိမ်သာတက်ချင်သလို
ခံစားချက်တွေဖြစ်လာခဲ့တယ်။
သြော် ဒါသူများတွေပြောတဲ့ အချစ် ကိုး။
* ဒီလိုနဲ့ သူနဲ့ဘာမှနားမလည်သေးတဲ့
ကျတော်ချစ်သူတွေဖြစ်သွားကြတယ်။
အဲ့ဒီမှာတခုထပ်သိရတာက
" ချစ်ကိုချစ်ရင် အမေတို့ဆီမှာ
လာ ‪#‎တင်‬ တောင်းပါတဲ့ "
"ဘယ် လို #တင် တောင်းရမှာလဲ ချစ်"မေးရင်း
ဘာမှနားမလည်တဲ့ကျတော်
ယောက်ခမလောင်းအိမ်ကိုရောက်သွားတယ်။
ယောက်ခမရဲ့ အနှစ်ချုပ်က
" တိုက်တလုံးနဲ့ ကားတစီးတဲ့ "
သြော် မိန်းမတွေရဲ့ တင်က
တော်တော်ဈေးကြီးပါလားလို့ 
တွေးမိသွားတဲ့ကျတော်
သူနဲ့လက်ထပ်ဖြစ်သွားတယ်။
* "မင်္ဂလာဆောင် " တဲ့နာမည်က
ခန်းမအဝမှာ မိန်းမဖက်က
လာသမျှ ဗူးတွေကိုသရဲမရဲဖောက်သိမ်း
နေတဲ့လူတွေနဲ့ ဗူးပေးပီး အင်တင်တင်နဲ့
ခန်းမထဲ ကျွေးတဲ့ဒံပေါက်ကိုစားနေတဲ့
လူတချို့ရဲ့ အခမ်းအနားကို မင်္ဂလာဆောင်လို့
ခေါ်တာပါလားလို့ တွေးမိသွားတဲ့ကျတော်
မိတ်ကပ်အပြည့်ဖုံးပီး ငှားဝတ်လာတဲ့
ရတနာပစ္စည်းတချို့နဲ့ ကျတော့်လက်ကို
ချိတ်ထားတဲ့ဘေးက အမျိုးသမီးတယောက်
မျက်နှာကိုတချက်လှည့်ကြည့်မိသွားတယ်။
" သြော် ဒါငါ့မိန်းမ ပါလား "
* ဒီလိုနဲ့ နားမလည်ချင်းများစွာရှိနေသေးတဲ့
လူ့အသိုင်းအဝိုင်းကြား တွေးကောင်းတုန်းရှိ
သေး အဂုင်္လိမာလ သုတ်ကိုကျက်ဖို့ဖြစ်လာ
တယ်။ ကိုယ့်မိန်းမဗိုက်ကပူလာပြီကိုး။
* သားသားလေးလား မီးမီးလေးလား
သိချင်လို့ သွားမေးမိတယ်။
ဒါလေးမေးတာကို တသိန်းကျော်ပေးရတယ်။
"သြော် ဒီဗေဒင်ဆရာတွေများ
တော်တော်ချမ်းသာလိုက်မယ့်ဖြစ်ခြင်း"
လို့ OG ဆရာဝန်မျက်နှာကိုကြည့်ပီး
တွေးမိလေရဲ့။
* ဒါလေးမေးတာတောင်ဒီလောက်ကုန်ရင်
ဒီဗိုက်ထဲကကောင်အပြင်ထွက်လာရင်
ပိုကုန်မှာပါလားဆိုပီး ကျတော်ဟာ
လူတယောက်ကနေ နွားတကောင်လို
ထပ်ရုန်းရပြန်တယ်။
ဒီလိုနဲ့ ‪#‎အဖေ‬ ဆိုတဲ့နေရာကိုရောက်သွားလေ
ရဲ့။
* ဒီလိုပေါင်းများစွာနဲ့
မောကြီးပန်းကြီးဖြစ်ရင်း
ခဏနားမယ်ကြံတုန်း
" အဖေကြီးရေ ရှင့်သမီးတော့
လင်နောက်လိုက်သွားပီ "ဆိုတဲ့
မိန်းမရဲ့စကားသံကြောင့်
Metal ကြိုက်ခဲ့တဲ့ကျတော့်ရင်ဟာ
သံရည်ကျို ခံလိုက်ရတယ်။
* " မိဘတို့ ဝတ်တရား ရှိတဲ့အတိုင်း"
ဆိုတဲ့တခါက ကျတော့
ကျတော်မိန်းမယူတော့မယ်ပြောတုန်းက
မျက်နှာငယ်လေးနဲ့ ပြောခဲ့တဲ့အမေ့ရဲ့စကား
အဓိပ္ပာယ်ကို အခုမှသိသွားခဲ့တယ်။

* ဒီလိုနဲ့ မရှိမဲ့ရှိမဲ့တချို့နဲ့
သမီးလင်ယူဖို့ မင်္ဂလာဆောင်ဆိုတာကြီးကို
ဒုတိယအကြိမ်ကြုံခဲ့ရပြန်တယ်။
" သြော် ငါ့သားမက် ခွေးသား
သူတောင်းစား $လုပ်မရှိ $ကိုင်မရှိပဲ
ငါ့သမီးကို #တင် တောင်မတောင်းခဲ့ပဲ
လက်ထပ်နိုင်ပါလား " လို့တွေးရင်း
မင်္ဂလာပွဲကြီးပြီးဆုံးသွားလေရဲ့။
* ဒီလိုပေါင်းများစွာနဲ့
တချိန်က မိတ်ကပ်အဖွေးသားနဲ့
ခန်းမတနေရာက ကျတော်မိန်းမတဖြစ်လဲ
ကျတော့်ချစ်သူ လောကကြီးထဲကထွက်သွား
ခဲ့လေရဲ့။
* ဒီလိုနဲ့ပဲ သားမက်အိမ်တက်နေရတဲ့
အဖြစ်ကို ကျတော်ရောက်သွားခဲ့တယ်။
တချိန်က သူအထီးလေးလား အမလေးလား
မေးဖို့ ငွေတသိန်းကျော်အကုန်ခံခဲ့တဲ့ကျတော့်
သမီး။ ကိုယ့်အဖေသွေးတိုးတာတောင်ဆေး
ခန်းပြဖို့ အချိန်မပေးနိုင်ခဲ့ဘူး။
* ဒီလိုနဲ့ပဲ သမီးအတွက်လဲအဆင်မပြေ
သားမက်အတွက်လဲ မလိုလားတဲ့ကျတော်
အလိုက်တသိပဲ သားမက်အိမ်ကဆင်းလာ
ခဲ့လိုက်တယ်။
* ဒီလိုနဲ့ ……………
* ဒီလိုနဲ့ ဘိုးဘွားရိပ်သာလို့ခေါ်ကြတဲ့
အထီးကျန်သူတွေရဲ့ဂေဟာလေးရဲ့
စင်္ကြလမ်းတခုမှာ တွေးမိလာတာက
ငါသာသေသွားရင်………
* ငါသာသေသွားရင်
ငါအားပေးခဲ့တဲ့ Metallica ကြီးလဲ
ပျောက်သွားမှာမဟုတ်သလို
ငါအားပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင်
ဘောလုံးအသင်းလဲ ပိုညံ့သွားမှာမဟုတ်ဘူး။
ငါမနက်တိုင်းစားနေတဲ့ မုန့်ဟင်းခါးဆိုင်က
ဒေါ်တင်ရွှေကြီးလဲ ငါ့ကို ၁ပတ်အပြင်
သတိရနေမှာမဟုတ်သလို
ငါ့အချစ်ဆုံးဆိုတဲ့သူငယ်ချင်းတွေလဲ
တလအပြင် ငါ့ကိုဝမ်းနည်းနေမှာမဟုတ်ဘူး။
ငါ့သမီး နဲ့ ငါ့သမက်လဲဒီလိုပဲ။
ဒီလိုတွေးရင်း တွေးရင်း
လူတွေဟာ အောင်မြင်လာ ချမ်းသာလာ
ကြရင် " ငါ " ဆိုတဲ့အတ္တ
" ငါမရှိရင် မဖြစ်ဘူး " ဆိုတဲ့အတ္တတွေရဲ့
စက်ဆုတ်ရွံရှာစရာ အတွေးအခေါ်တွေကို
သတိထားမိလာတယ်။
" ပရက်စလေ လဲသေသွားပီ
ဒါပေမယ့် Rock ဂီတမပျောက်သွားဘူး။
" မိုက်ကယ်ဂျက်ဆင်လဲ သေသွားပီ
ဒါပေမယ့် သူ့ကိုသတိရလို့ နေ့တိုင်းငိုနေတဲ့
Pop ပရိတ်သတ်မရှိဘူး။
"တရက်က မိုဟာမက်အလီ လဲသေသွားပီ။
မသေခင်က သူ့ကိုအဖတ်လုပ်ပီးတလတခါ
တောင်သတိမထားကြတဲ့လူတွေက
fb မှာကိုယ့်အဖိုးများသေသလားမှတ်ရတဲ့
အထိ ကြေကွဲနေကြတယ်။
ဒါပေမယ့် တပတ်ကြာရင် ပျောက်သွားဦးမှာပဲ။
ဒါကြောင့်လောကမှာ
ဘယ်သူမရှိလို့မဖြစ်ဘူး ဆိုတာမရှိဘူး။
ကမ္ဘာကြီးက ဘယ်သူရှိရှိမရှိရှိ 23 1/2° နဲ့
လည်ပတ်နေဦးမှာပဲ။
လောကကြီးအတွက်တော့
လူတိုင်းဟာ အလကားလူပဲ။
ဒီလိုတွေးရင်းတွေးရင်း
နောက်တနေ့နာရေးကြော်ငြာမှာ
ကျတော့်နာမည်ပါလားတယ်။
ဒါပေမယ့် ကျတော်မဖတ်လိုက်ရတော့တဲ့
သတင်းစား အမှတ်စဉ် တခု။
အလကား လူ ။
ထက်ဝန. Credit

Thursday, July 23, 2015

ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်

ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်
--------------------------------------
ရသေ့ကြီးတပါး ကမ်းစပ်မှာထိုင်နေတဲ့
အချိန်မှာ ကင်းမြီးကောက်တကောင်ဟာ
သစ်တုံးမှာကပ်ပြီး ရေနဲ့ မျော ပါလာတယ်
ရသေ့ကြီးက ကင်းမြီးကောက်ကို လှမ်း
ဆယ်လိုက်တယ် ကင်းမြီးကောက်က
အမြီးနဲ့  ထိုးတယ် နာလို လွှတ်ချတယ်
နောက်တခါဆယ်တယ် ထိုးတယ်
နောင်ထပ်ဆယ်တယ် ထိုးတယ်
သုံးလေးခါလောက်ကျတော့ ဘေးကလူက
ရသေ့ကြီး ခင်ဗျား ရူးနေလားတဲ့
ဒကာ ဘာဖြစ်လို့ လည်းတဲ့
ခင်းဗျားကိုထိုးနေတာ ဘာလို့ ဆယ်တာ
လည်း ဆိုတော့ ရသေ့ကြီးက
ဒကာ တဲ့ ကင်းမြီးကောက်အလုပ်က
ထိုးတဲ့အလုပ်တဲ့ ရသေ့အလုပ်က
ကယ်တဲ့အလုပ်တဲ့ သူလည်း သူ့ အလုပ်
သူလုပ်တာ ငါလည်း ငါ့အလုပ် ငါလုပ်တာ
ပဲတဲ့ဒ့ါ့ကြောင့် ဆယ်ရမယ်တဲ
့
လောကကိုဖျက်ဆီးနေသူတွေလည်း
ရှိတယ် ကယ်တင်နေတဲ့သူတွေလည်း
ရှိတယ် ကိုယ်ကြိုက်တဲ့ဘက်ကနေ ပါနိုင်
တယ်
ဘာသာသာသနာကို ဖျက်ဆီးနေသူတွေ
လည်းရှိတယ် ကယ်တင်နေတဲ့သူတွေ
လည်းရှိတယ်
တကယ်တော့
ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာချည်းပဲ
ဘာမှဒေါသထွက်စရာမလိုဘူး
တခုတော့ရှိတယ်
ကောင်းတဲ့ဘက်ကနေ နေရင်တော့
သည်းခံသင့်တာကိုသည်းခံရမယ်
အသက်ပေးပြီး ကာကွယ်သင့်တာကို
ကာကွယ်ရမယ်
သည်းခံတာနဲ့ 
ကာကွယ်တာကိုတော့
သူ့ နေရာနဲ့ သူ သုံးတက်ပလေ့စေ
ကိုယ့်ကိုဆဲနေရင် သည်းခံရမယ်
ဆဲယုံနဲ့  ဘာမှဆုတ်ယုတ်မသွားလို့ 
ကိုယ့်ဘာသာဆုတ်ယုတ်နေရင်တော့
သည်းခံလို့ မရတော့ဘူး
လုံ့ လထုတ်ပြီး ကာကွယ်ရမယ်
ဘုရားရှင်သာသနာတော်ဟာ တခါတရံ
အသက်သွေးချွေးတွေနဲ့ ပေးဆပ်ခဲ့ကြရ
တယ် အဲဒီလိုပေးဆပ်ခဲ့သူတွေ ရှိခဲ့ကြလို့ 
ဒီနေ့ ထိ သာသနာတည်မြဲနေတာ
အခြေအနေနဲ့ 
အချိန်အခါကို နားလည်အောင်
ကြိုးစားကြပါ

Tuesday, March 31, 2015

ကြောက်စိတ်



ကြောက်စိတ်
========
ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။
မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......
လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည်.....
ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။
တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။
အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။
သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။
သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ" "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။
(မောင်သစ်ဆင်း)

Saturday, March 28, 2015

ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး

သူငယ်ချင်း ဗိုလ်ကြီးတစ်ယောက်က ပို့လာတာပါ...
ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး အယူအဆတွေက အစွန်းတွေ ထွက်လာကြတာတွေ တွေ့နေရပါတယ်
အရိုက်ခံရတာ နည်းတောင်နည်းသေး ဘာညာနဲ့....သပိတ်ကို ထောက်ခံတာ မထောက်ခံတာကို ဘာမှ မပြောလိုဘူး..ဒါက လူတစ်ဦးစီရဲ့ လွတ်လပ်ခွင့်ပဲ..ခုတော့ ကိုယ်ခံယူထားတဲ့ အယူအဆနဲ့မတူဘူးဆိုတာနဲ့..ကွင်းအပြင်ကန်ထုတ်တဲ့ ငါသာရှိဝါဒတွေ ခေတ်စားလာကြပါတယ်..လူသားဆန်မှုနဲ့ ငါသာရှိ ဝါဒဆိုတာကျတော့ သိပ်ကွာခြားသွားပါပြီ..လူသားဆန်မှုကို ကျနော်တို့ ထောက်ခံတယ်..ငါသာရှိဝါဒကိုတော့ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး...
စနစ်တစ်ခု တည်ငြိမ်စွာ ပြောင်းဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပဲ..ကျနော်တို့ တိုင်းပြည်မှာက ပိုဆိုးတယ်..ဝိပဿနာ ကလွဲရင် အားလုံးနောက်ကျနေတဲ့ တိုင်းပြည်ဆိုတော့ သိပ်ခက်ခဲပါတယ်...ဆိုလိုချင်တာကဗျာ..စနစ်တစ်ခုကို ပြောင်းဖို့ Waveလိုတယ်...ပညာရေး စနစ်ဆိုတာ ကျနော်တို့ဆီမှာ သိပ်အောက်တန်းကျနေတယ်..မယုံရင် ရပ်ကွက်ထဲက ၈တန်းဖြေထားတဲ့ ကလေးတွေကို ခေါ်ပြီး ပိုက်သာဂိုရပ်စ် သီအိုရီကို မေးကြည့်လိုက်..၁၀ယောက်မေးရင် အနည်းဆုံး ၈ယောက်လောက်က မဖြေနိုင်ဘူး..ပိုက်သာဂိုရပ်စ် သီအိုရီဆိုတာ ၆တန်းလောက်က စသင်တာ..ဒါမယ့် သူတို့ မဖြေနိုင်ကြဘူး..ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေ တကယ်မတတ်ခဲ့လို့ဆိုတာ ရှင်းနေတာပဲ..တိုင်းပြည်တစ်ပြည် တိုးတက်ဖို့ဆိုတာ အခြေခံကျကျ သုံးသပ်ကြည့်ရင် ပညာရေးနဲ့ ကျန်းမာရေးဟာ အဓိကပဲ..တစ်ခြားမကြည့်နဲ့..မိသားစုတစ်ခုကိုပဲကြည့်...အဲ့ မိသားစုက ကိုယ့်မိသားစုရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်သလားကြည့်ပါ..ဂရုစိုက်တယ် ဆိုရင်
သိပ်မကြာပါဘူး သိသိသာသာ တိုးတက်လာတာပါပဲ...အဲ့နည်းတူ တိုင်းပြည်တစ်ပြည်ကို ကြည့်လိုက်..အုပ်ချုပ်နေတဲ့ အစိုးရက..ပညာရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်သလား..ကျနော်တို့ ပြန်ကြည့်လိုက်တော့.အဲ့ နှစ်မျိုးလုံးပေါင်းတာတောင်မှ တိုင်းပြည် ဘတ်ဂျက်ရဲ့ ၂၀ရာခိုင်နှုန်း မပြည့်ဘူးး ဒါ သိပ်ဆိုးဝါးတဲ့ အခြေအနေပဲ...ပညာရေးဟာ ဘယ်လောက်အရေးပါသလဲ..
ပညာရေးဆိုတဲ့နေရာမှာ ဆိုလိုချင်တာက ကျက်ဖြေစနစ်ကို မဟုတ်ဘူး..အသိဥာဏ်၊အတွေးအခေါ်ကို မြှင့်တင်ပေးနိုင်မယ့် စနစ်ကို ဆိုလိုချင်တာ...အာ့တွေ ကျနော်တို့ ကလေးတွေမှာ မရှိတော့ဘူး..စာသင်ရုံတင် မဟုတ်ဘူး စိတ်ကိုပါ သင်နိုင်တဲ့ ပညာရေးစနစ်လိုပါတယ်..ခုဖြစ်သွားတဲ့ ကျောင်းသားနဲ့ ရဲ တွေရဲ့ ပဋိပက္ခမှာ စစ်မှုထမ်းတော်တော်များများနဲ့ သူတို့ ပတ်ဝန်းကျင်တွေဆီက အသံတွေ ထွက်လာတယ်...ကျောင်းသားက ကျောင်းသားလို မနေဘူး..စာမကျက်ပဲနဲ့ ရမလားတို့..အရိုက်ခံရတာ နည်းတောင် နည်းသေးတယ်တို့ ထွက်လာကြတော့ ကျနော်တို့ shockဖြစ်ရတယ်..စာနာစိတ်ဆိုတာ ဘယ်ရောက်သွားလဲပေါ့..ကျနော်ကိုယ်တိုင်လည်း စစ်မှုထမ်းဖြစ်နေပါတယ်..အဲ့တော့ ကျနော် မေးကြည့်ချင်တယ်ဗျာ...တိုင်းပြည်နဲ့ စစ်တပ် ..ဘယ်ဟာကို ပို ချစ်လည်းဆိုတာ...ကျနော်ကတော့ တိုင်းပြည်ကို ပိုချစ်ပါတယ် ..အာ့ကြောင့်လည်း ဒီစာကို ရေးဖြစ်တာပါ...စစ်တပ်ကို ပို ချစ်တယ်ဆိုရင်တော့ ဒီစာကို ဆက်မဖတ်ပါနဲ့တော့..
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်ကို ဆွေးနွေးကြည့်ချင်ပါတယ်...ကျနော်တို့ တိုင်းပြည်ရဲ့ စစ်အင်အားဟာ လက်ရှိမှာ ၅ သိန်းကျော်ပါတယ်..အာဆီယံ နိုင်ငံတွေ ထဲမှာ အင်အား အကြီးဆုံးပဲ..ဒါပေမယ့် တိုင်းပြည်ရဲ့ အဆင့်က နောက်ဆုံးမှာပါ..ထားလိုက်ဦး..ထိပ်ဆုံးကို ကြည့်ရအောင်..စင်္ကာပူ နိုင်ငံပါ..1960ကျော်မှ လွတ်လပ်ရေးရတဲ့ နိုင်ငံ...ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်ယုက မြန်မာနိုင်ငံကို လာလေ့လာတယ်..1965မှာဖြစ်မယ်ထင်တယ်..စင်္ကာပူ ပြန်ရောက်တော့ မျက်နှာငယ်လေးနဲ့ မိန့်ခွန်းပြောခဲ့တယ်..ကျနော်တို့ တိုင်းပြည်ဟာ..မြန်မာနိုင်ငံကို အမီလိုက်ဖို့ နှစ်ပေါင်း ၂၀လောက် ကြိုးစားရဦးမယ် တဲ့..သူတို့နိုင်ငံမှာ သောက်စရာ ရေတောင်မရှိဘူး..ဝယ်သောက်ရတယ်..ဘာသယံဇာတ..ဘာ Resourceမှ မူးလို့တောင် ရှူစရာမရှိဘူး..သူတို့မှာ လူပဲရှိတယ်..အဲ့တော့ သူတို့က လူကို အကောင်းစားဖြစ်အောင်လုပ်တယ်..Human Resource ဖြစ်အောင် လုပ်တယ်..ပညာရေးနဲ့ ကျန်းမာရေးကို အဓိကဇောင်းပေးပြီး လုပ်ကြတယ်..သူတို့နိုင်ငံမှာ စစ်တပ်မရှိဘူး..ငှားထားတဲ့ တပ်ပဲ ရှိတယ်..နည်းနည်းလေးဆိုမှ တကယ့်နည်းနည်းလေး..ဒါတောင် တစ်ခြားနိုင်ငံထဲမှာ ချထားရတယ် လို့ ပြောကြတယ်..ခုကြည့် အာဆီယံ အဆင့် ထိပ်ဆုံးမှာ.
ဒါက ဒေသအတွင်း နှိုင်းယှဉ်ချက်...
ကမ္ဘာ့ အဆင့် နှိုင်းယှဉ်ကြည့်ရအောင်...ကမ္ဘာမှာ နိုင်ငံပေါင်း ၁၉၇နိုင်ငံရှိပါတယ်..ကျနော်တို့ တိုင်းပြည်ရဲ့ အဆင့်က ထိပ်ဆုံးကနေ ရေရင်မောလို့...အောက်ကပဲ ကြည့်ရအောင်..အောက်ကနေတွက်ရင် အောက်မှ ၁၂နိုင်ငံပဲရှိတော့တယ်..အာဆီယံမှာ ကျနော်တို့အထက်ကပ်ရက်က ဘင်္ဂလားဒေ့ရှ်တောင်မှ ကမ္ဘာ့ အဆင့်မှာ ကျနော်တို့နဲ့ ၁၀နိုင်ငံကွာပါတယ်...ကျနော်တို့အောက်မှာ ရှိတဲ့ နိုင်ငံတွေက..ရဝမ်ဒါတို့..ဇင်ဘာဘွေ..တို့လို ပုရွက်ဆိတ်တွေ ဖမ်းစားနေရတဲ့ နိုင်ငံတွေပဲ ရှိတော့တာပါ...ရှိစေတော့..ထိပ်ဆုံးကို ကြည့်မယ်ဗျာ..အမေရိကန်၊တရုတ်၊ဂျပန် က ထိပ်ဆုံး ၃နိုင်ငံပါ...အမေရိကန်နဲ့ တရုတ်ကို ထားတော့..ဂျပန်ကို ကြည့်ရအောင်..ဂျပန်နိုင်ငံဆိုတာ အားလုံးအသိ..ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံးတယ်..စစ်ရှုံးစာချုပ်မှာ စစ်တပ်ဖွဲ့စည့း်ခွင့် မရှိဘူး..ကမ်းခြေစောင့် တပ်ဖွဲ့ သာသာပဲ ရှိတဲ့ စစ်တပ်လေးပဲ ဖွဲ့ခွင့်ရတယ်..အခုထိ..စစ်အင်အား ဘာမှမရှိတဲ့.ဂျပန်က ဘာလို့ အဆင့် ၃ ကိုရောက်နေတာလဲ..သူတို့ရဲ့ Human Rescourceက အောင်မြင်လို့..ပညာရေးစနစ်ကောင်းလို့ အတွေးအခေါ်ကောင်းလို့.ဆိုတာ ရှင်းနေတာပဲ..စစ်အင်အားမှာ အမေရိကန်ကို လိုက်ယှဉ်နေတဲ့ တိုင်းပြည်ရှိပါတယ်..ရုရှနိုင်ငံပါ..အင်အား သိပ်ကြီးတယ်..ဒါမယ့် ကမ္ဘာအဆင့် သတ်မှတ်ချက်က ၂၀အတွင်းတောင် မပါဘူး..တပ်မတော် အင်အားက အဓိကလား ပညာအင်အားက အဓိကလားဆိုတာ သိပ်သိသာနေပါပြီ..
ပညာရေးစနစ်ဟာ ပြောင်းသင့် မပြောင်းသင့်ဆိုတာအားလုံးအသိပါ..အဲ့တော့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေ ကြည့်ရအောင်ဗျာ..ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်(၁၁)ချက်မှာ ကျနော်တို့လည်း ၁၁ ချက်လုံးတော့ သဘောမတူပါဘူး..တကယ့်နိုင်ငံရေး ဝါရင့်ကြီးတွေ လည်း သဘောမတူကြဘူး..ဒါမယ့် ကျနော်တို့ ပြန်သုံးသပ်ရမယ်..အဲ့ ၁၁ ချက်မှာ Effectနှင့် Side Effect ဘယ်ဟာကများလဲ..ဘာဖြစ်လို့လည်းဆိုတော့ ခု လက်ရှိ ကျောင်းသားသပိတ်ဟာ သိပ်အားကောင်းတဲ့ waveတစ်ခုဖြစ်နေလို့ပဲ..တောင်းဆိုတဲ့ အချက်တွေထဲက weak point ဖြစ်နေတဲ့ အချက်တွေ ကြည့်ရအောင်..ဒေသအလိုက်၊ကျောင်းအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ..အဲ့ အချက်မှာ ဖြစ်နေတာက မြန်မာနိုင်ငံမှာ ရှိတဲ့ ကျေးလက်ဒေသက ကျောင်းတွေ ကိုယ်ပိုင်ပြဌာန်းရင် အဆင်ပြေမလား..logicဆန်ဆန်တွေးကြည့်တော့ အဆင်မပြေဘူးဖြစ်နေတယ်.မူလတန်းကျောင်းတွေချည်းကို အများကြီး..အဲ့မူလတန်းအဆင့်မှာတင် သင်ရိုးညွှန်းတန်းတွေက အများကြီးဖြစ်လာမယ်..အထူးသဖြင့် တိုင်းရင်းသားတွေက ကျနော်တို့ကို သိပ်အယုံကြည် ရှိတာ မဟုတ်ဘူး..ဒါကလည်း သူတို့အမှားချည်းမဟုတ်ဘူး..ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ ဘုရင်တွေလက်ထက်ကထဲက သူတို့အတွက် အကျိုးဖြစ်ထွန်းအောင်မှ မဆောင်ရွက်နိုင်ခဲ့တာ ..အဲ့တော့ သူတို့ နယ်မှာ ပြဌာန်းမယ့် ကိုယ်ပိုင်သင်ရိုး ညွှန်းတမ်းမှာ သဘောထားကွဲလွဲတာတွေ ပါလာနိုင်တယ် ..အဆင်မပြေနိုင်ဘူး..ကျနော့်အမြင်အရတော့ ..ပညာရေးအဆင့်ကို ၂ဆင့်သတ်မှတ်မှ အဆင်ပြေမယ်..အခြေခံ ပညာရေးအဆင့်နဲ့..အဆင့်မြင် ပညာရေး အဲ့လို l၂မျိုးသတ်မှတ်မယ်..အခြေခံအဆင့်မှာ..သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ အကျုံးဝင်မယ်..အဆင့်မြင့်ပညာရေး စနစ်မှာတော့ တက္ကသိုလ်တွေ အားလုံးအကျုံးဝင်မယ်..အခြေခံ ပညာရေး အဆင့်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတော့ သဘောတူဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အဆင့်မြင့် ပညာရေးစနစ်မှာတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ သိပ်အရေးကြီးပါတယ်..အာ့ကိုတော့ ကျနော်တို့ မဖြစ်မနေထောက်ခံရမှာပါ...
နောက်တစ်ချက်က မိခင်ဘာသာစကား အခြေပြုစနစ်..ဒါကလည်း အခြေခံစနစ်မှာ မဖြစ်နိုင်ပါဘူး..အသုံးပြုချင်တယ်ဆိုရင်တော့..အဆင့်မြင့်ပညာရေးစနစ်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..ထားပါတော့လေ...
ကျနော်ပြောခဲ့တဲ့ ဒေသအလိုက် ကျောင်းအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ မိခင်ဘာသာစကားအခြေပြုစနစ် အဲ့ ၂ခုဟာ ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ၁၁ချက်ထဲက အဓိက weak point ပါ..မထောက်ခံသူများအတွက်တော့ side effectတွေပေါ့..ဒါမယ့် ကျနော်တို့ ပြန်သုံးသပ်တဲ့အခါ..အဲ့ ၁၁ချက်မှာ..effectဖြစ်တဲ့ အချက်က အများကြီး ပိုများပါတယ်..အပြုသဘော ကိုဆောင်ပါတယ်..ဒါကြောင့် ကျောင်းသားသပိတ်ကို ကျနော့်အနေနဲ့..အားလုံးကို သဘောမတူပေမယ့် ပညာရေးစနစ်ကို ပြုပြင်စေတဲ့ waveတစ်ခုအနေနဲ့ ထောက်ခံပါတယ်..ပြီးတော့ weak pointဖြစ်တဲ့ အချက်လေးတွေကို ထောက်ပြီး သပိတ်ကို ဆန့်ကျင်နေသူတွေကိုတော့..ခြေထောက်တွေ အများကြီးရှိတဲ့ ကင်းခြေမြား တစ်ကောင်ရဲ့ အားနည်းတဲ့ ခြေချောင်းလေး ၂ချောင်းလောက်ကို ထောက်ပြပြီး အဆိုးမြင်နေတဲ့ negative thinkingသမားတွေလို့ မြင်ပါတယ်..ပိဋကတ် ၃ပုံမှာ ပါတဲ့ ဝိနည်းကျမ်းကိုတောင်မှ မြတ်စွာဘုရားဟာ..တစ်ခါထဲဟောခဲ့တာ မဟုတ်ပါဘူး..အဖြစ်အပျက်ကို ကြည်ပြီးမှ ထည့်သင့်တာတွေ ထပ်ထည့် ပြင်သင့်တာတွေ ပြင်ရတာပါ.. ဆိုလိုချင်တာက တစ်ခါထဲနဲ့တော့..perfect system ဖြစ်မလာနိုင်ပါဘူး..တဖြေးဖြေး ကောင်းအောင်လုပ်ရမှာပါ...
နောက်တစ်ချက်က ကျောင်းသားတွေကို အကြမ်းဖက်တဲ့ ကိစ္စပါ...ရဲတွေဖက်က မှားတယ်လို့ မပြောသလို ကျောင်းသားတွေ မှားတယ်လို့လည်း ပြောလို့ မရပါဘူး..လက်ရှိအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကိုပဲ အပြစ်တင်ချင်ပါတယ်..ဖြစ်သွားတဲ့ အဖြစ်အပျက်ကတော့ တော်တော်ကျက်သရေတုံးပြီး ရွံဖို့တောင် ကောင်းပါတယ်..ပြောလည်းထူးမှာ မဟုတ်ပါဘူး..တော်တော် အရေခွံ ထူနေပါပြီလေ..မေးချင်တာလေးတော့ ပေါ်လာပါတယ်..လက်ရှိ အစိုးရအနေနဲ့..တိုင်းပြည်အပေါ် တကယ်စေတနာရှိရဲ့လား ဆိုတာပါ..ဒါမှ မဟုတ် ဒီလောက် စုတ်ပြတ်သတ်နေတဲ့ ပညာရေးစနစ်ကို ကောင်းတယ်များ ထင်နေပါသလား...လက်ရှိပညာရေးစနစ်ဟာ..သေခါနီး လူမမာနဲ့ တူနေပါပြီ..ပြင်ပေးသင့်ပါတယ်..
အမေရိကန်နိုင်ငံမှာ အလယ်တန်းအဆင့်လေးတွေ ဖတ်ဖို့ထုတ်ဝေထားတဲ့ JACK CANFIELD & MARK V. HANSENတို့ရဲ့ CHICKEN SOUP FOR THE SOUL(နှလုံးသား အာဟာရ)ဆိုတဲ့ စာအုပ်လေးမှာ ပါတဲ့ AMY GRAHAM(အေမီဂရေဟမ်)ရဲ့ အကြောင်းလေးကို ပြောပြီးတော့ အဆုံးသတ်ချင်ပါတယ်..
အေမီဂရေဟမ်ဆိုတဲ့ ကောင်မလေးက အသက် ၁၇နှစ်..လူကီးမီးယား သွေးကင်ဆာ နောက်ဆုံးအဆင့်ပါ..အသက်ရှင်ဖို့ ၃ရက်လောက်ပဲရှိတော့တယ်လို့ ဆရာဝန်တွေက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်..အေမီတက်နေတဲ့ ဆေးရုံက ဆန္ဒတစ်ခု ပြည့်စေမှု ဖောင်ဒေးရှင်းက တည်ထောင်ထားတာပါ..ဖောင်ဒေးရှင်းရဲ့ နာမည်အတိုင်းပါပဲ..သေခါနီးလူမမာတစ်ယောက်အတွက် နောက်ဆုံးဆန္ဒကို ဖြည့်ပေးပါတယ်..အဲ့မှာ အေမီ ဖြစ်ချင်တဲ့ ဆန္ဒက ၂ခုပါ..တစ်ခုက အခြေခံပညာ အဆင့်မြင့်တန်းအောင်ဖို့နဲ့ နောက်တစ်ခုက စာအုပ်ရေးသားသူထဲမှာ ပါတဲ့ မာက်ဗစ်တာဟန်ဆန်ရဲ့ စိတ်ဓာတ်အောင်မြင်တက်ကြွရေး ဟောပြောပွဲကို နားထောင်ချင်တာပါ..ဒီတော့ ၃ရက်လောက်ပဲ အသက်ရှင်တော့မယ့်..အေမီ့ အတွက် အခြေခံပညာ အဆင့်မြင့်တန်းအောင်ဖို့ ဆိုတာ မဖြစ်နိုင်တော့တဲ့ အတွက် ဟန်ဆန်ရဲ့ ဟောပြောပွဲကို နားထောင်နိုင်ဖို့ပဲ ရှိတော့တာပါ...
ဟန်ဆန်နဲ့တွေ့တော့ အေမီကကြာကြာမနေရတော့မယ့် အကြောင်းတွေပြောပြီး သူ့မိဘတွေနဲ့ ပါ မိတ်ဆက်ပေးပြီး ဟန်ဆန်ရဲ့ ဟောပြောပွဲကို မိသားစုလိုက် လာနားထောင်မယ့် အကြောင်းပြောပြီး နှုတ်ဆက်ပြန်သွားပါတယ်..
ဟောပြောပွဲနေ့မှာ ခန်းမတစ်ခုလုံး လူအပြည့်ပဲ..ဟန်ဆန်က ပရိတ်သတ်တွေကို ဘဝတစ်သက်တာလုံး အသုံးဝင်မည့် ကုသရေးနည်းလမ်းတစ်ခုကို သိချင်ပါသလားလို့ မေးပါတယ်..တစ်ခန်းလုံး လက်တွေ မိုးပေါ်ထောင်ပြီး ထောက်ခံကြတယ်..အဲ့တော့ ဟန်ဆန်က ပရိတ်သတ်ကို လက်ဝါး၂ဖက်ကို နာနာပွတ်ခိုင်းပါတယ်..ပြီး လက်ဖဝါး ၂ခုကို ၂လက်မခန့်ခွာ..ယှဉ်ထားပြီး အဲ့ လက်ဖဝါး၂ခုက ထွက်လာတဲ့ အနွေးလှိုင်းလေးကို ခံစားကြည့်ခိုင်းပါတယ်..အဲ့နောက် နီးစပ်ရာ ၂ယောက် ၁တွဲစီကို ကိုယ်စီထွက်လာတဲ့ အနွေးလှိုင်းလေးကို ခံစားစေပါတယ်..အားလုံးက တက်တက်ကြွကြွ လုပ်ကြပါတယ်
ဟန်ဆန်က ကုသနိုင်မှု စွမ်းအားဆိုတာ လူတိုင်း ကိုယ်စီပါဝင်ကြောင်း..လူ၁၀၀မှာ ၅ယောက်လောက်က သူတို့လက်ကနေ သိသိသာသာ စွမ်းအားတွေထွက်သဖြင့် ကုသရေးသမားများအဖြစ် အသက်မွေးကြောင်း ရှင်းပြပါတယ်..အဲ့ဒိနောက်မှာ ဟန်ဆန်က.....
"ဒီနေ့ မနက်မှာ သွေးကင်ဆာ ခံစားနေရတဲ့ အသက် ၁၇နှစ်အရွယ် အေမီဂရေဟမ် ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ကြောင်း ခုဟောပြောပွဲကို မိသားစုနဲ့ အတူ လာရောက်နားထောင်နေကြောင်း သူ့ကိုစင်ပေါ်ကို ခေါ်ပြီး ကုသဖို့အတွက် ပရိတ်သတ် ၁ဦးချင်းစီမှာရှိတဲ့ အသက်ရှင်မှု စွမ်းအားတွေနဲ့ မေတ္တာဓာတ်တွေကို သူ့ဆီကို ဦးတည် ပို့လွှတ်ပေးစေလိုကြောင်းပြောပါတယ်"..
အေမီကို စင်ပေါ်တွဲခေါ်လာတော့ ပရိတ်သတ်တွေ အကုန်လုံးက.သူတို့လက်ဖဝါး၂ဖက်ကို ပွတ်ပြီး အေမီ့ထံ ကုသမှု စွမ်းအင်တွေ ပို့ပေးကြပါတယ်..အားလုံးက အေမီ့အပေါ် ဂရုဏာသက်ပြီး..မျက်ရည်တွေလည်ပြီး အားပေးကူညီကြပါတယ်..
နောက် ၂ပတ်လောက်ကြာတော့ အေမီက ဟန်ဆန်ဆီကို ဖုန်းဆက်ပြီး သူ့မှာ ရောဂါလက္ခဏာတွေ လုံးဝ မရှိတော့ကြောင်း ဆရာဝန်တွေက ပြောလို့ ဆေးရုံက ဆင်းရပြီဖြစ်ကြောင်း ပြောပါတယ်...နောက်ထပ် ၂နှစ်လောက်ကြာတော့ သူအိမ်ထောင်ပြုတော့မယ့် အကြောင်းဖုန်းဆက်ပါတယ်....
ကျနော်ဆိုလိုချင်တာက ..လက်ရှိပညာရေးစနစ်ဟာ သွေးကင်ဆာ ခံစားနေရတဲ့..အေမီဂရေဟမ်နဲ့ အတူတူပါ..အာ့ကြောင့် ကျောင်းသားသပိတ်ကို..ကုသဖို့ကြိုးစားနေတဲ့ မက်ဗစ်တာဟန်ဆန်လို့ မြင်ပေးပါ..အာ့ကို ကျနော်တို့အနေနဲ့ ကျောင်းသားက စာမကျက်ပဲ နဲ့ ရမလားတို့..အရိုက်ခံရတာ နည်းတောင်နည်းသေးတယ်တို့ မပြောပဲ လက်ဖဝါး၂ဖက်ကို ပွတ်ပြီး သူတို့လေးတွေဆီကို မေတ္တာဓာတ်နဲ့ ကုသမှု စွမ်းအင်တွေ ပို့လွှတ်ပေးကြရအောင်ပါဗျာ..လက်ရှိအစိုးရကိုလည်း နည်းနည်းလေး အရှက်တရားရှိပေးပါ..ဆန္ဒတစ်ခု ပြည့်စေမှု ဖောင်ဒေးရှင်းလိုပဲ..ဆန္ဒလေး တစ်ခုတစ်လေတော့ ဖြည့်ဆည်းပေးပါလို့ ပဲ ပြောချင်ပါတယ်....။

Wednesday, March 4, 2015

ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့် ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ

  • •
    ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့်
    ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
    ~*~*~*~~*~*~*~*~*~*~*~
    ...
    အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။
    ၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။
    အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။
    ၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။
    ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။
    ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
    ဘုရားရှင်မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလိုက ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။ ၇ - နှစ်လောက်ကြာတော့ မယားက ပြန်ချင်တယ်ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့်သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့အတွက် အတင်းပြန်ပို့ခိုင်တယ်။ ပြိတ္တာလည်း ပြန်ပို့ တဲ့အခါမှာ သူနေခဲ့တဲ့နေရာတွေဟာ မမှတ်မိတော့ပဲ ဘုရားရှင်ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်ထားတော့ ထွက်သွားချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွားတာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊ ပြိတ္တာဘုံနဲ့ လူဘုံရဲ့ အချိန်ကွာခြားမှုကြောင့်ဆိုတာကို ဟောကြားတော်မှုခဲ့တယ်။ အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိဝတ်ဆင်ထားသော လက်ဝတ်ရတနားများကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက်လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။
    နောက်တစ်ခုကတော့ ဗာရာဏသီမင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကိုလိုချင်လို့ လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွားခဲ့တယ်။
    နောက်တခါ ကုန်သည်တစ်ရောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားပြီး မဲနှိုက်တဲ့အခါမှာ သုံးခါစလုံး သူချည်းကျတဲ့အတွက် ရေထဲကိုပစ်ချခံခဲ့ရတယ်။ ရေထဲသို့မကျမီမှာ ပြိတ္တာက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွားခဲ့တယ်။ မြန်မာပြည်က ဦးရှင်ကြီးဝတ္တူကလည်း အဲဒီသဘောမျိုးပါပဲ။
    တကယ်တော့ ကမ္ဘာက အဖြေမထုပ်နိုင်ဘူးဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ နောက်တခါ ဖြစ်တဲ့အကြောင်းအရာဟာ ဘုရားရှင်တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေမထုတ်နိုင်ကြတာပါ။
    ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ရန် အကြောင်း သုံးချက်နဲ့ ညှိရမယ်တဲ့။ ထိုအချက် သုံးချက်ကတော့ -
    ၁။ မျက်မြင်ကိုယ်တွေ့အားဖြင့်၎င်း၊
    ၂။ ဝေဖန်ဆင်ခြင်ဉာဏ်အားဖြင့်၎င်း၊
    ၃။ဘုရားရှင်တို့၏ ဟောပြောမှုကြောင့်၎င်း၊
    ယုံကြည်ရမယ်တဲ့။
    ဒီဖြစ်စဉ်တွေက သက်သေပြချက်မရှိဘူး။ စဉ်းစားဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖြေမရှိကြတာပါ။
    ဒါ့ကြောင့်လည်း အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့အရာကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် တဲ့။ တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော်ဟာ လောကအကြောင်း အကုန်သိတယ်လို့ ပြောတာပါ။ ဗုဒ္ဓဘာသာဝင်များလည်း မိမိတို့ဘာသာ၏ တန်ဘိုးကို နားလည်နိုင်ကြပါစေခင်ဗျာ . . .
    ရှဲပေးကြပါဦးဗျာ။ လိုက်လိုချင်လို့ မဟုတ်ပါဘူး။ လူတွေကို ပိုသိစေချင်လို့ပါ။
    ကောင်းသန့် စာပေ's fb wall

Saturday, February 7, 2015

သတ္တိ

♻  သတ္တိ  ♻

 󾠆󾠆󾠆      
              ကိုယ်တန်ဖိုးထားတာတခုကို ရွေးချယ်လိုက်ပြီး၊ အဲဒါကို ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တန်ဖိုးမထားဘူး၊ အထင်မကြီးဘူး ဆိုပါတော့။ အဲဒီလိုဆိုရင် ရွေးချယ်ရဲတဲ့ သတ္တိ ရှိရဲ့လား။

󾠆󾠆󾠆
             ကိုယ့်လမ်းကိုယ် မရွေးဘဲနဲ့ သူများနောက်ကို ယောင်ယောင်မှားမှားနဲ့ ရောပြီးတော့ လိုက်တဲ့သူဟာ သတ္တိမရှိဘူး။ သူများနောက်ကို မလိုက်ဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ့်လမ်းကိုကိုယ် ရွေးတဲ့သူဟာ အကြီးမားဆုံး သတ္တိ ရှိတဲ့သူပဲ။

󾠆󾠆󾠆
             ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့ကိုယ် သိပြီးတော့ ကိုယ် မှန်တယ်ထင်တာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး တာဝန်သိသိ မလုပ်နိုင်သေးသ၍ ဒီလူက တကယ်အင်အားရှိတဲ့လူ၊ တကယ်သတ္တိရှိတဲ့လူ၊ တကယ်အသက်ဝင်နေတဲ့လူ၊ တကယ်ဖွံ့ဖြိုးတဲ့ လူတယောက် ဖြစ်မလာသေးဘူး။

󾠆󾠆󾠆
             ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အယူအဆ မတူတဲ့အခါ၊ ကိုယ့်မိသားစုနဲ့ ကိုယ်နဲ့ကိုပဲ အယူအဆ မတူတဲ့အခါမှာ ကိုယ့်ကို ဝိုင်းပယ်လိုက်ကြမှာ အင်မတန် ကြောက်တယ်။ သူတို့နဲ့ ကိုယ်နဲ့ အယူအဆ မတူတာ၊ ခံယူချက် မတူတာဟာ သူတို့ကို မလေးစားတာ မဟုတ်ဘူး။ ကျေးဇူးကန်းတာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ပြောပြီး ရန်မလုပ်ပဲနဲ့၊ စိတ်မဆိုးပဲနဲ့၊ ကြောက်ပြီးတော့ လိုက်လျှောတာလည်း မဖြစ်ပဲနဲ့၊ ကိုယ့်ရဲ့ ပင်ကိုယ်ဥာဏ်ကို အဆုံးရှုံး မခံပဲနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ် နေသွားရမလဲဆိုတာ တော်တော်ကို ဥာဏ်ကြီးကြီးနဲ့ တော်တော်ကို သတ္တိရှိရှိ စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။

󾠆󾠆󾠆
             ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို သဘောထားမလဲ၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို ဆက်ဆံရမလဲ၊ “ ငါ ဘယ်လိုလူလဲ ” ဆိုတဲ့ မေးခွန်းကို မေးမယ် ဆိုရင်တောင်မှ သတ္တိ တော်တော်လိုတယ်။ “ ငါ တကယ်ရိုးသားတဲ့သူ ဟုတ်ရဲ့လား ” ဆိုတဲ့ မေးခွန်းကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက်လိုလဲ ဆိုတာ ရိပ်မိမယ်၊၊  ပြီးတော့ “ ငါဟာ ဘယ်လောက်ထိအောင် ကောင်းတဲ့ လူတယောက် ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်ထိအောင် စိတ်ထား နူးညံ့တဲ့ အေးချမ်းတဲ့ မြင့်မြတ်တဲ့ လူတယောက် ဖြစ်လာနိုင်သလဲ ” ဆိုတဲ့ မေးခွန်းမျိုးကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက် လိုမလဲလို့၊၊ အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ရင်ဆိုင်ရတဲ့အခါမှာ ရှိရမဲ့ သတ္တိမျိုးကို မွေးသွားနိုင်ပြီဆိုရင် အပြင်မှာ ရှိနေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ပိုပြီးတော့ ကြီးမားတဲ့ တည်ငြိမ်မှု အေးချမ်းမှု ရှိတဲ့စိတ်နဲ့ ရင်ဆိုင်သွားမှာ ဧကန်မုချပဲ။ ဒါကြောင့် အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ရင်ဆိုင်ဖို့က သတ္တိပိုပြီး လိုအပ်ပါတယ် ဆိုတာကို နားလည်ဖို့ လိုတယ်။

󾠆󾠆󾠆
             သူ့ ဆီက ဘာမှပြန် မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိ လိုပါတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုး မထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာဘဲ။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိ လိုတယ်၊၊ အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ ရာနှုံးပြည့် ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိ လိုတယ်။ တကယ် သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ထားတာ သိထားတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ သတ္တိ လိုတယ်။ ဆန့်ကျင်ဘက် ပြောဖို့ သတ္တိ လိုတယ်လို့ ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိ လိုတယ်။

󾠆󾠆󾠆         
            ပိုပြီးတော့ ကောင်းတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာဖို့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ကြိုးစားရတာ သတ္တိ လိုပါတယ်။ ရိုးသားမှုရှိဖို့ ဆိုတာ သတ္တိ အင်မတန် လိုပါတယ်။ ကိုယ်ကျင့်တရား ရှိဖို့ ဆိုတာလည်း သတ္တိ အင်မတန် လိုပါတယ်။ တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့ ကြိုးစားတာ၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး တခု ရထားတာကို ဆုံးရှုံးမသွားဖို့၊ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသား ကာကွယ်တာ၊ ထိန်းသိမ်းတာဟာလည်း သတ္တိပါဘဲ။

󾠆󾠆󾠆
             တခုခုကို ဖန်တီးဖို့ တီထွင်ဖို့ သတ္တိ လိုတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးတွေကို ကြီးထွားလာအောင် လုပ်တာ၊ ပိုပြီးတော့ လွတ်လပ်တဲ့သူဖြစ်အောင်၊ ပိုပြီးတော့  တာဝန်ကျေတဲ့ တာဝန်သိတဲ့ တာဝန်ယူနိုင်တဲ့ လူတယောက် ဖြစ်လာအောင် ပုံဖေါ်တာဟာလည်း တီထွင် ဖန်တီးတာပဲ။ ဒါ သတ္တိရှိမှ လုပ်နိုင်တယ်။ ငါဟာ လူသားတယောက်ပါ၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ့်ဘဝကို နေသွားနေတဲ့ လူသားတယောက်ပါ ဆိုတဲ့အနေနဲ့ ရပ်တည်ဖို့ ဆိုတာ သတ္တိ အများကြီး လိုတယ်။ သူများနောက်လိုက် မဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တဲ့သူ၊ ကိုယ့်လမ်းကို ကိုယ်ရှာပြီး သွားနေတဲ့သူ ဖြစ်ဖို့ သတ္တိ အများကြီး လိုပါတယ်။ နေ့စဉ် နေ့စဉ် တနာရီပြီး တနာရီ၊ တမိနစ်ပြီး တမိနစ် တွေ့ကြုံနေရတဲ့ ကိစ္စတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် တခုကို ချဖို့ သတ္တိ လိုပါတယ်၊၊

󾠆󾠆󾠆
           အတွင်းလွတ်လပ်မှုလို့ခေါ်တဲ့ စိတ်ရဲ့ လွတ်လပ်မှုကို တကယ် အထိခိုက်မခံဖို့ ထိန်းသိမ်းဖို့က ပိုပြီးတော့ ကြီးမားတဲ့ သတ္တိ လိုအပ်ပါတယ်။

󾠆󾠆󾠆
            သတ္တိ မရှိရင် သင်ဟာ တကယ်ချစ်တဲ့သူ မဖြစ်နိုင်ဘူး။ အားငယ်နေတဲ့ သူဟာ အားကိုးရမဲ့သူကိုပဲ ရှာတယ်။ တကယ်ချစ်တာ မဟုတ်ဘူး၊၊တကယ်ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ သူနှစ်ယောက်ရဲ့ ဆက်ဆံရေးပဲ ဖြစ်တယ်။ သတ္တိ မရှိတဲ့သူဟာ အားငယ်တတ်တဲ့သူဟာ ယုံကြည်စိတ်ချတတ်တဲ့သူ မဟုတ်ဘူး။ သူများကို ယုံတယ်ဆိုတာ စိတ်ဓာတ်အင်အား ကြီးတဲ့သူမှသာ လုပ်နိုင်တယ်။ မိသားစု အချင်းချင်းတောင်  မယုံကြတာ ရှိတယ်၊၊ သတ္တိမရှိတဲ့သူဟာ အမှန်တရားကို စူးစမ်းမှု မလုပ်နိုင်ဘူး။ အမှန်တရားကို ရှာဖွေစူးစမ်းတယ် ဆိုတာ ဟုတ်ရဲ့လား မှန်ရဲ့လား ဆိုတဲ့ မေးခွန်းကို မေးနိုင်တဲ့သူမှသာ လုပ်နိုင်တယ်။ သတ္တိ မရှိတဲ့သူဟာ အပြင်မှာ အားကိုးစရာတွေကို လိုက်ရှာနေတယ်။ သူ့အသိဥာဏ်ကို သူ အားမကိုးဘူး။ သတ္တိ မရှိတဲ့သူဟာ ထီထိုးတယ်။ သတ္တိ ရှိတဲ့သူဟာ အလုပ် လုပ်တယ်။

󾠆󾠆󾠆
            သဘာဝမကျတာကို ယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲ  ဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် သဘာဝကျရဲ့လား ဆိုတာကို မေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝ မကျတာကို ရဲရဲကြီး ပယ်လိုက်ပါ။ အဲဒါ သတ္တိ ပဲ။

󾠆󾠆󾠆
             ကိုယ်ဘာကို တကယ် ယုံကြည်သလဲဆိုတာ မသိတဲ့သူ၊ ကိုယ်ဘာကို ယုံကြည်တယ်ဆိုတာ မသိတဲ့အတွက် ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက် အတွက်နဲ့ ခိုင်ခိုင်မာမာ မရပ်တည်နိုင်တဲ့သူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး၊၊ ကိုယ့်ရဲ့ အစွမ်းအစတွေ  ကိုယ့်ရဲ့သတ္တိတွေ ကိုယ့်ရဲ့ အရည်အချင်းတွေဟာ ဘယ်လိုဟာတွေလဲ ဆိုတာကို မသိပဲနဲ့ တစုံတယောက်က ကိုယ့်ကို ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာအောင် သူတို့ ကျေနပ်အောင် ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ တယောက်ယောက်ရဲ့ အကြိုက်အတိုင်း နေပြရတယ်ဆိုရင် အဲဒီလူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။

󾠆󾠆󾠆
             တခုခုကို လုပ်တဲ့အခါမှာ “ဘာဖြစ်လို့လုပ်တယ်” ဆိုတဲ့ အရင်းခံ အကြောင်းတရားက ကိုယ့်ရင်ထဲကမှ မလာလို့ရှိရင် အဲဒီအလုပ်ကို သတ္တိရှိရှိ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ် သတ္တိရှိဖို့ လိုတယ်။ ဆရာဝန်လုပ်လည်း သတ္တိရှိဖို့ လိုတယ်။ အရောင်းအဝယ် တခုခု လုပ်မယ် ဆိုရင်လည်း ငါ ရိုးရိုးသားသား ရောင်းမယ်ဝယ်မယ်၊ ငါ့ရဲ့ အရောင်းအဝယ် လုပ်ငန်းနဲ့ ငါ့ ပတ်ဝန်းကျင်ကို အကျိုးပြုမယ် ဆိုတဲ့စိတ်နဲ့ လုပ်နိုင်ဖို့ သတ္တိ အများကြီး လိုတယ်။ တကိုယ်ကောင်းဆန်ဆန် မတရား အမြတ်များများရဖို့ မကြိုးစားပဲ သင့်ရုံလောက် အမြတ်ရရင် တော်ပြီ ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့ သတ္တိ လိုတယ်၊၊ ဘယ်လိုအလုပ်ပဲ လုပ်လုပ် ကိုယ့်ရင်ထဲမှာ ရှိနေတာနဲ့ ကိုယ်အပြင်မှာ ပြောနေ ဆိုနေ လုပ်နေတာနဲ့ဟာ ထပ်တူဖြစ်မှသာ  သတ္တိ ရှိတဲ့သူလို့ ပြောလို့ရမယ်။

󾠆󾠆󾠆
           သူများအထင်ကြီးတာ ခံရဖို့၊ သူများကြိုက်ဖို့၊ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာ၊ အခွင့်အရေး တခုခုရဖို့ ကိုယ့်ခံယူချက်နဲ့ တကယ်မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာဟာ သတ္တိ မရှိရာရောက်တယ်။

󾠆󾠆󾠆
             ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာရှိတဲ့ လူတယောက်လို့ ခံစားရတာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့ လူတယောက် ၊ တန်ဖိုးထားထိုက်တဲ့ လူတယောက်၊ လေစားစရာကောင်းတဲ့ လူတယောက်လို့ ခံစားရတာဟာ သတ္တိရဲ့ အခြေခံဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်ရင် သတ္တိရှိတဲ့သူ မဖြစ်နိုင်ဘူး။

󾠆󾠆󾠆
             အပေါ်ယံ ပစ္စည်းဥစ္စာတို့  ရာထူးတို့ကို ကြည့်ပြီးတော့ သတ္တိရှိတဲ့သူလို့ ပြောလို့ မရဘူး။ ပစ္စည်းဥစ္စာ ချမ်းသာချင်လည်း ချမ်းသာနေမယ်၊ ရာထူးလည်း ရှိချင်ရှိနေမယ်၊ ဒါပေမဲ့ အတွင်းမှာတော့ သတ္တိနည်းတဲ့သူ ဖြစ်နေနိုင်တယ်။

󾠆󾠆󾠆
           ဂလဲ့စားခြေတဲ့အနေနဲ့ တုံ့ပြန်တာဟာ သတ္တိ မဟုတ်ဘူး။

󾠆󾠆󾠆
             ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာနိုင်ဖို့ ဆိုတာ မှန်ကန်တဲ့ ပြတ်သားတဲ့ ခံယူချက် ဦးတည်ချက် တန်ဖိုးထားစရာတွေ ရှိပြီးတော့၊ အဲဒီ ကိုယ်တန်ဖိုးထားတာတွေအတွက် သတ္တိရှိရှိ ရပ်တည်နိုင်မှသာ အဲဒီ ကောင်းတာတွေဟာ ဖြစ်လာမယ်။

󾠆󾠆󾠆
             ကိုယ့်မှာ ဘယ်လိုအင်အားတွေ၊  ဘယ်လိုအရည်အချင်းတွေ၊ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲ ဆိုတာ သိရမယ်။ ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းကို ကိုယ် ယုံကြည်ရမယ်။ အဲဒီလို ယုံကြည်မှု ရှိပြီးတော့ “ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်သဘောထား၊ ဟောဒါဟာ ငါ တကယ်လုပ်ချင်တဲ့ အလုပ်၊ ဒါကို ငါ တကယ်လုပ်မယ်၊ ဒါကို လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်။” လို့ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်။ အဲဒီလို ယုံကြည်မှုမှာ အခြေခံပြီးတော့ ကိုယ့်ဘဝကို ကိုယ် နေသွားရမယ်။ ကိုယ် တန်ဖိုးထားတာကို လုပ်သွားရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ နေသွား လုပ်သွားမှသာ သတ္တိဆိုတာ တနေ့တခြား တိုးပွားလာနိုင်တယ်။

󾠆󾠆󾠆
             ပုံမှန်လေး၊ စိတ်ရှည်လက်ရှည်လေး၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လွတ်လပ်မှုဘက်ကို တဖြေးဖြေး ရှေ့တိုးသွားနေတာ၊ တနေ့ထက်တနေ့ ပိုပြီး လွတ်လပ်တဲ့သူ ဖြစ်အောင် ကြိုးစားနေတာ၊ အဲဒါက အခက်ဆုံးအလုပ် ဖြစ်တယ်။ အကြီးမားဆုံး သတ္တိလည်း လိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူ မမြင်နိုင်ဘူး၊ ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲ ဖြစ်နေတယ်။

󾠆󾠆󾠆
             ငါ ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ အာရုံပြုပါ။ သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာ သိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားပါ။ အဲဒါ  အခက်ဆုံးနဲ့  ကျေနပ်စရာ အကောင်းဆုံး အလုပ်ပဲ။ ဒါ ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်မှု ရှိတဲ့သူပဲ လုပ်နိုင်မယ်။ ဒါ တကယ့်စွန့်စားခန်းပဲ။ 
သတ္တိရှိရင် လုပ်လိုက်ပါ။ လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။ သတ္တိရှိမှ လွတ်လပ်မယ်။⚡️⚡️⚡️

ဆရာတော်ဦးဇောတိက
 ( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

󾭚အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊󾭚

♻ သတ္တိ ♻
🎪🎪������
ကိုယ်တန်ဖိုးထားတာတခုကို ရွေးချယ်လိုက်ပြီး၊ အဲဒါကို ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တန်ဖိုးမထားဘူး၊ အထင်မကြီးဘူး ဆိုပါတော့။ အဲဒီလိုဆိုရင် ရွေးချယ်ရဲတဲ့ သတ္တိ ရှိရဲ့လား။
🎪🎪🎪
ကိုယ့်လမ်းကိုယ် မရွေးဘဲနဲ့ သူများနောက်ကို ယောင်ယောင်မှားမှားနဲ့ ရောပြီးတော့ လိုက်တဲ့သူဟာ သတ္တိမရှိဘူး။ သူများနောက်ကို မလိုက်ဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ့်လမ်းကိုကိုယ် ရွေးတဲ့သူဟာ အကြီးမားဆုံး သတ္တိ ရှိတဲ့သူပဲ။
🎪🎪🎪
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့ကိုယ် သိပြီးတော့ ကိုယ် မှန်တယ်ထင်တာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး တာဝန်သိသိ မလုပ်နိုင်သေးသ၍ ဒီလူက တကယ်အင်အားရှိတဲ့လူ၊ တကယ်သတ္တိရှိတဲ့လူ၊ တကယ်အသက်ဝင်နေတဲ့လူ၊ တကယ်ဖွံ့ဖြိုးတဲ့ လူတယောက် ဖြစ်မလာသေးဘူး။
🎪🎪🎪
ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အယူအဆ မတူတဲ့အခါ၊ ကိုယ့်မိသားစုနဲ့ ကိုယ်နဲ့ကိုပဲ အယူအဆ မတူတဲ့အခါမှာ ကိုယ့်ကို ဝိုင်းပယ်လိုက်ကြမှာ အင်မတန် ကြောက်တယ်။ သူတို့နဲ့ ကိုယ်နဲ့ အယူအဆ မတူတာ၊ ခံယူချက် မတူတာဟာ သူတို့ကို မလေးစားတာ မဟုတ်ဘူး။ ကျေးဇူးကန်းတာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ပြောပြီး ရန်မလုပ်ပဲနဲ့၊ စိတ်မဆိုးပဲနဲ့၊ ကြောက်ပြီးတော့ လိုက်လျှောတာလည်း မဖြစ်ပဲနဲ့၊ ကိုယ့်ရဲ့ ပင်ကိုယ်ဥာဏ်ကို အဆုံးရှုံး မခံပဲနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ် နေသွားရမလဲဆိုတာ တော်တော်ကို ဥာဏ်ကြီးကြီးနဲ့ တော်တော်ကို သတ္တိရှိရှိ စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။
🎪🎪🎪
ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို သဘောထားမလဲ၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို ဆက်ဆံရမလဲ၊ “ ငါ ဘယ်လိုလူလဲ ” ဆိုတဲ့ မေးခွန်းကို မေးမယ် ဆိုရင်တောင်မှ သတ္တိ တော်တော်လိုတယ်။ “ ငါ တကယ်ရိုးသားတဲ့သူ ဟုတ်ရဲ့လား ” ဆိုတဲ့ မေးခွန်းကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက်လိုလဲ ဆိုတာ ရိပ်မိမယ်၊၊ ပြီးတော့ “ ငါဟာ ဘယ်လောက်ထိအောင် ကောင်းတဲ့ လူတယောက် ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်ထိအောင် စိတ်ထား နူးညံ့တဲ့ အေးချမ်းတဲ့ မြင့်မြတ်တဲ့ လူတယောက် ဖြစ်လာနိုင်သလဲ ” ဆိုတဲ့ မေးခွန်းမျိုးကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက် လိုမလဲလို့၊၊ အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ရင်ဆိုင်ရတဲ့အခါမှာ ရှိရမဲ့ သတ္တိမျိုးကို မွေးသွားနိုင်ပြီဆိုရင် အပြင်မှာ ရှိနေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ပိုပြီးတော့ ကြီးမားတဲ့ တည်ငြိမ်မှု အေးချမ်းမှု ရှိတဲ့စိတ်နဲ့ ရင်ဆိုင်သွားမှာ ဧကန်မုချပဲ။ ဒါကြောင့် အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ရင်ဆိုင်ဖို့က သတ္တိပိုပြီး လိုအပ်ပါတယ် ဆိုတာကို နားလည်ဖို့ လိုတယ်။
🎪🎪🎪
သူ့ ဆီက ဘာမှပြန် မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိ လိုပါတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုး မထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာဘဲ။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိ လိုတယ်၊၊ အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ ရာနှုံးပြည့် ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိ လိုတယ်။ တကယ် သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ထားတာ သိထားတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ သတ္တိ လိုတယ်။ ဆန့်ကျင်ဘက် ပြောဖို့ သတ္တိ လိုတယ်လို့ ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိ လိုတယ်။
🎪🎪🎪
ပိုပြီးတော့ ကောင်းတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာဖို့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ကြိုးစားရတာ သတ္တိ လိုပါတယ်။ ရိုးသားမှုရှိဖို့ ဆိုတာ သတ္တိ အင်မတန် လိုပါတယ်။ ကိုယ်ကျင့်တရား ရှိဖို့ ဆိုတာလည်း သတ္တိ အင်မတန် လိုပါတယ်။ တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့ ကြိုးစားတာ၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး တခု ရထားတာကို ဆုံးရှုံးမသွားဖို့၊ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသား ကာကွယ်တာ၊ ထိန်းသိမ်းတာဟာလည်း သတ္တိပါဘဲ။
🎪🎪🎪
တခုခုကို ဖန်တီးဖို့ တီထွင်ဖို့ သတ္တိ လိုတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးတွေကို ကြီးထွားလာအောင် လုပ်တာ၊ ပိုပြီးတော့ လွတ်လပ်တဲ့သူဖြစ်အောင်၊ ပိုပြီးတော့ တာဝန်ကျေတဲ့ တာဝန်သိတဲ့ တာဝန်ယူနိုင်တဲ့ လူတယောက် ဖြစ်လာအောင် ပုံဖေါ်တာဟာလည်း တီထွင် ဖန်တီးတာပဲ။ ဒါ သတ္တိရှိမှ လုပ်နိုင်တယ်။ ငါဟာ လူသားတယောက်ပါ၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ့်ဘဝကို နေသွားနေတဲ့ လူသားတယောက်ပါ ဆိုတဲ့အနေနဲ့ ရပ်တည်ဖို့ ဆိုတာ သတ္တိ အများကြီး လိုတယ်။ သူများနောက်လိုက် မဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တဲ့သူ၊ ကိုယ့်လမ်းကို ကိုယ်ရှာပြီး သွားနေတဲ့သူ ဖြစ်ဖို့ သတ္တိ အများကြီး လိုပါတယ်။ နေ့စဉ် နေ့စဉ် တနာရီပြီး တနာရီ၊ တမိနစ်ပြီး တမိနစ် တွေ့ကြုံနေရတဲ့ ကိစ္စတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် တခုကို ချဖို့ သတ္တိ လိုပါတယ်၊၊
🎪🎪🎪
အတွင်းလွတ်လပ်မှုလို့ခေါ်တဲ့ စိတ်ရဲ့ လွတ်လပ်မှုကို တကယ် အထိခိုက်မခံဖို့ ထိန်းသိမ်းဖို့က ပိုပြီးတော့ ကြီးမားတဲ့ သတ္တိ လိုအပ်ပါတယ်။
🎪🎪🎪
သတ္တိ မရှိရင် သင်ဟာ တကယ်ချစ်တဲ့သူ မဖြစ်နိုင်ဘူး။ အားငယ်နေတဲ့ သူဟာ အားကိုးရမဲ့သူကိုပဲ ရှာတယ်။ တကယ်ချစ်တာ မဟုတ်ဘူး၊၊တကယ်ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ သူနှစ်ယောက်ရဲ့ ဆက်ဆံရေးပဲ ဖြစ်တယ်။ သတ္တိ မရှိတဲ့သူဟာ အားငယ်တတ်တဲ့သူဟာ ယုံကြည်စိတ်ချတတ်တဲ့သူ မဟုတ်ဘူး။ သူများကို ယုံတယ်ဆိုတာ စိတ်ဓာတ်အင်အား ကြီးတဲ့သူမှသာ လုပ်နိုင်တယ်။ မိသားစု အချင်းချင်းတောင် မယုံကြတာ ရှိတယ်၊၊ သတ္တိမရှိတဲ့သူဟာ အမှန်တရားကို စူးစမ်းမှု မလုပ်နိုင်ဘူး။ အမှန်တရားကို ရှာဖွေစူးစမ်းတယ် ဆိုတာ ဟုတ်ရဲ့လား မှန်ရဲ့လား ဆိုတဲ့ မေးခွန်းကို မေးနိုင်တဲ့သူမှသာ လုပ်နိုင်တယ်။ သတ္တိ မရှိတဲ့သူဟာ အပြင်မှာ အားကိုးစရာတွေကို လိုက်ရှာနေတယ်။ သူ့အသိဥာဏ်ကို သူ အားမကိုးဘူး။ သတ္တိ မရှိတဲ့သူဟာ ထီထိုးတယ်။ သတ္တိ ရှိတဲ့သူဟာ အလုပ် လုပ်တယ်။
🎪🎪🎪
သဘာဝမကျတာကို ယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲ ဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် သဘာဝကျရဲ့လား ဆိုတာကို မေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝ မကျတာကို ရဲရဲကြီး ပယ်လိုက်ပါ။ အဲဒါ သတ္တိ ပဲ။
🎪🎪🎪
ကိုယ်ဘာကို တကယ် ယုံကြည်သလဲဆိုတာ မသိတဲ့သူ၊ ကိုယ်ဘာကို ယုံကြည်တယ်ဆိုတာ မသိတဲ့အတွက် ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက် အတွက်နဲ့ ခိုင်ခိုင်မာမာ မရပ်တည်နိုင်တဲ့သူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး၊၊ ကိုယ့်ရဲ့ အစွမ်းအစတွေ ကိုယ့်ရဲ့သတ္တိတွေ ကိုယ့်ရဲ့ အရည်အချင်းတွေဟာ ဘယ်လိုဟာတွေလဲ ဆိုတာကို မသိပဲနဲ့ တစုံတယောက်က ကိုယ့်ကို ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာအောင် သူတို့ ကျေနပ်အောင် ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ တယောက်ယောက်ရဲ့ အကြိုက်အတိုင်း နေပြရတယ်ဆိုရင် အဲဒီလူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။
🎪🎪🎪
တခုခုကို လုပ်တဲ့အခါမှာ “ဘာဖြစ်လို့လုပ်တယ်” ဆိုတဲ့ အရင်းခံ အကြောင်းတရားက ကိုယ့်ရင်ထဲကမှ မလာလို့ရှိရင် အဲဒီအလုပ်ကို သတ္တိရှိရှိ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ် သတ္တိရှိဖို့ လိုတယ်။ ဆရာဝန်လုပ်လည်း သတ္တိရှိဖို့ လိုတယ်။ အရောင်းအဝယ် တခုခု လုပ်မယ် ဆိုရင်လည်း ငါ ရိုးရိုးသားသား ရောင်းမယ်ဝယ်မယ်၊ ငါ့ရဲ့ အရောင်းအဝယ် လုပ်ငန်းနဲ့ ငါ့ ပတ်ဝန်းကျင်ကို အကျိုးပြုမယ် ဆိုတဲ့စိတ်နဲ့ လုပ်နိုင်ဖို့ သတ္တိ အများကြီး လိုတယ်။ တကိုယ်ကောင်းဆန်ဆန် မတရား အမြတ်များများရဖို့ မကြိုးစားပဲ သင့်ရုံလောက် အမြတ်ရရင် တော်ပြီ ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့ သတ္တိ လိုတယ်၊၊ ဘယ်လိုအလုပ်ပဲ လုပ်လုပ် ကိုယ့်ရင်ထဲမှာ ရှိနေတာနဲ့ ကိုယ်အပြင်မှာ ပြောနေ ဆိုနေ လုပ်နေတာနဲ့ဟာ ထပ်တူဖြစ်မှသာ သတ္တိ ရှိတဲ့သူလို့ ပြောလို့ရမယ်။
🎪🎪🎪
သူများအထင်ကြီးတာ ခံရဖို့၊ သူများကြိုက်ဖို့၊ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာ၊ အခွင့်အရေး တခုခုရဖို့ ကိုယ့်ခံယူချက်နဲ့ တကယ်မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာဟာ သတ္တိ မရှိရာရောက်တယ်။
🎪🎪🎪
ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာရှိတဲ့ လူတယောက်လို့ ခံစားရတာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့ လူတယောက် ၊ တန်ဖိုးထားထိုက်တဲ့ လူတယောက်၊ လေစားစရာကောင်းတဲ့ လူတယောက်လို့ ခံစားရတာဟာ သတ္တိရဲ့ အခြေခံဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်ရင် သတ္တိရှိတဲ့သူ မဖြစ်နိုင်ဘူး။
🎪🎪🎪
အပေါ်ယံ ပစ္စည်းဥစ္စာတို့ ရာထူးတို့ကို ကြည့်ပြီးတော့ သတ္တိရှိတဲ့သူလို့ ပြောလို့ မရဘူး။ ပစ္စည်းဥစ္စာ ချမ်းသာချင်လည်း ချမ်းသာနေမယ်၊ ရာထူးလည်း ရှိချင်ရှိနေမယ်၊ ဒါပေမဲ့ အတွင်းမှာတော့ သတ္တိနည်းတဲ့သူ ဖြစ်နေနိုင်တယ်။
🎪������🎪
ဂလဲ့စားခြေတဲ့အနေနဲ့ တုံ့ပြန်တာဟာ သတ္တိ မဟုတ်ဘူး။
🎪🎪🎪
ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာနိုင်ဖို့ ဆိုတာ မှန်ကန်တဲ့ ပြတ်သားတဲ့ ခံယူချက် ဦးတည်ချက် တန်ဖိုးထားစရာတွေ ရှိပြီးတော့၊ အဲဒီ ကိုယ်တန်ဖိုးထားတာတွေအတွက် သတ္တိရှိရှိ ရပ်တည်နိုင်မှသာ အဲဒီ ကောင်းတာတွေဟာ ဖြစ်လာမယ်။
🎪🎪🎪
ကိုယ့်မှာ ဘယ်လိုအင်အားတွေ၊ ဘယ်လိုအရည်အချင်းတွေ၊ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲ ဆိုတာ သိရမယ်။ ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းကို ကိုယ် ယုံကြည်ရမယ်။ အဲဒီလို ယုံကြည်မှု ရှိပြီးတော့ “ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်သဘောထား၊ ဟောဒါဟာ ငါ တကယ်လုပ်ချင်တဲ့ အလုပ်၊ ဒါကို ငါ တကယ်လုပ်မယ်၊ ဒါကို လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်။” လို့ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်။ အဲဒီလို ယုံကြည်မှုမှာ အခြေခံပြီးတော့ ကိုယ့်ဘဝကို ကိုယ် နေသွားရမယ်။ ကိုယ် တန်ဖိုးထားတာကို လုပ်သွားရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ နေသွား လုပ်သွားမှသာ သတ္တိဆိုတာ တနေ့တခြား တိုးပွားလာနိုင်တယ်။
🎪🎪🎪
ပုံမှန်လေး၊ စိတ်ရှည်လက်ရှည်လေး၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လွတ်လပ်မှုဘက်ကို တဖြေးဖြေး ရှေ့တိုးသွားနေတာ၊ တနေ့ထက်တနေ့ ပိုပြီး လွတ်လပ်တဲ့သူ ဖြစ်အောင် ကြိုးစားနေတာ၊ အဲဒါက အခက်ဆုံးအလုပ် ဖြစ်တယ်။ အကြီးမားဆုံး သတ္တိလည်း လိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူ မမြင်နိုင်ဘူး၊ ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲ ဖြစ်နေတယ်။
🎪🎪🎪
ငါ ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ အာရုံပြုပါ။ သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာ သိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားပါ။ အဲဒါ အခက်ဆုံးနဲ့ ကျေနပ်စရာ အကောင်းဆုံး အလုပ်ပဲ။ ဒါ ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်မှု ရှိတဲ့သူပဲ လုပ်နိုင်မယ်။ ဒါ တကယ့်စွန့်စားခန်းပဲ။
သတ္တိရှိရင် လုပ်လိုက်ပါ။ လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။ သတ္တိရှိမှ လွတ်လပ်မယ်။⚡️⚡️⚡️
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
💥အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊💥