လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts
Monday, April 29, 2013
Tuesday, April 10, 2012
ချစ်လို့ပြောနေတယ်လေ !
တောင်ကြီး အင်းလေးမှာနေတဲ့ အင်းသူအင်းသားတွေ စကားပြောရင် ၀ ဆွဲသံနှင့် ဟထိုးသုံး မပါ ပါဘူး။ ဒါကြောင့် လူနာတွေကို သွေးပေးရမယ်လို့ ပြောရင် သေးနဲ့မှားပြီးပေးတတ် ပါတယ်။ တစ်ခါက အင်းသား တစ်ယောက်ရဲ့ အိမ်သွားလယ်ဖို့ သူ့အိမ်လိပ်စာ မေးတာ သူက ချစ်လို့ပြောတယ်။ မေးတဲ့သူက ချစ်ခိုင်း တာမဟုတ်ဘူး။ အိမ်လိပ်စာ ဆိုတော့။ ချစ်လို့ပြောနေတယ်လေ တဲ့။ နောက်မှ သိတဲ့ သူတစ်ယောက် က ၀င်ပြောတယ် ရှစ် နံပတ်ကို ပြောတာတဲ့။ ကံကောင်းလို့ ပါးရိုက်ခံရတော့ မလို့။
နောက်တစ်ချက်က အင်းသူအင်းသားတွေက စကားပြောရင် သိပ် (demonstrative) သရုပ်ဖေါ် ကောင်းတယ်။ ခုံဖိနပ်ကို မိုးဆိုစီးတဲ့။ ရုပ်ရှင်ကို- တစ်ဘက်ပြတဲ့။
ဘာဖြစ်လို့ငါတို့ ပထမ မဖြစ်ရတာလဲ ?
လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်လောက်က Reader Digest ထဲမှာ ဆောင်းပါးလေး တစ်ခုပါလာတယ်။ လက်ဘက်ရည်ဆိုင်တစ်ခုမှာ လူလေးယောက်ထိုင်ပြီး လက်ဘက်ရည် မှာသောက်ကြ တယ်တဲ့။ လက်ဘက်ရည်တွေလာချတဲ့ အချိန်မှာ ကံဆိုးစွာ (ရင်ကောင် အတွက်ပြောတာနော်) ရင်ကောင် တစ်ကောင် လက်ဘက်ရည်ခွက် တစ်ခွက်ထဲကို ကျ သွားတယ်။ လက်ဘက်ရည်ခွက် ပိုင်ရှင်က လက်ဘက်ရည်ခွက်ကို ငဲ့ပြီး ရင်ကောင်ကို သွန်ပြစ်လိုက်တယ်။ ပြီးတော့ သူကကျန်တဲ့သူတွေကို ပြောတယ်။ ငါတို့က စည်းကမ်း ရှိတယ်။ လက်ဘက်ရည် အကုန်မသွန်ပြစ်ဘူး။ ကျန်တာသောက်လို့ ရတယ်တဲ့။ ဒုတိယ တစ်ယောက်က ပြောတယ်။ မင်း ငဲ့ လိုက်လို့ လက်ဘက်ရည်တွေ အများကြီး ပါသွား တယ်။ ငါသာဆို ဇွန်းကလေးနဲ့ ရင်ကောင်ကို ခတ်ပြစ်မှာလို့ ပြောတယ်။ တတိယ တစ်ယောက်က မင်းလည်း လက်ဘက်ရည်တွေပါသွား သေးတယ်။ တကယ်ဆိုရင် ရင်ကောင်လေးသာ ဆယ်ပြစ်ရမှာလို့ ပြောတယ်။ အဲ့ဒီအခါ ကျန်တဲ့ စတုတ္ထလူက မင်းတို့အားလုံး ဖြုံးတည်းတယ်။ ရင်ကောင်ကိုယ့်ထဲမှာ လက်ဘက်ရည်တွေ အများကြီး ပါနေသေးတယ်။ ငါသာဆိုရင် ရင်ကောင်ကို ညှစ်ပြီးမှ လွင့်ပြစ်မှာလို့ ပြောလိုက်တယ်။ ဒီပုံပြင်ထဲမှာ ပထမလူက အမေရိကန် လူမျိုး၊ ဒုတိယလူက အင်္ဂလိပ်လူမျိုး၊ တတိယလူက ပြင်သစ်လူမျိုး၊ စတုတ္ထကတော့ ဂျူးလူမျိုး လို့ ရေးထားပါတယ်။ ကမ္ဘာမှာ ကပ်စည်းအနည်းဆုံးဟာ ဂျူးဖြစ်ပြီး၊ ပြင်သစ်က ဒုတိယလို့ လှောင်ထားတာပါ။ ကျမနဲ့ ခင်တဲ့ ပြင်သစ် သူငယ်ချင်းကို ဒီပုံပြင်လေး ပြောပြတော့ သူက စိတ်မဆိုးတဲ့ အပြင် ငါတို့က ဘာလို့ ပထမနေရာ မရ ရတာလဲ လို့ ပြန်မေးခဲ့ပါတယ်။ မြန်မာပြည်ကို အလည်လာကြတဲ့ ကမ္ဘာလှည် ဧည့်သည့်တွေနဲ့ ဆက်ဆံရတဲ့ Tourist guide တွေက ဒီပုံပြင်ကို အပြည့်အ၀ ထောက်ခံတယ်။ ပြင်သစ်တွေဆီက tips ရဖို့နေနေသာသာ အကြွေးပါမသွားရင် ကံကောင်းတဲ့။
Subscribe to:
Posts (Atom)






