မေတ္တာရပ်ဝန်း
လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Showing posts with label
အမေးများ
.
Show all posts
Showing posts with label
အမေးများ
.
Show all posts
Wednesday, February 6, 2013
မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ...
U War Ya Ma - MuseFebruary 5, 2013 at 6:13 PM ရဲ့
မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ... ဘယ်ဇာတ်တော်တွေမှာ ဖြည့်ခဲ့သလဲ.. သိချင်ပါတယ်.. စာအုပ်ရှိရင်လည်း ညွှန်ပေးစေချင်ပါတယ်..
ဆိုတဲ့အမေးကို တပည့်တော် ရှာဖွေတွေ့ရှိထားတာတွေမှဝေမျှပေးလိုက်ပါတယ်။
ပါရမီ ၃ မျိုးပြ။
(
လယ်တီဆရာတော် ဘုရားကြီး ၏ "ဥတ္တမပုရိသ ဒီပနီ" )
ရိုးရိုးပါရမီ၊ ဥပပါရမီ၊ ပရမတ္ထ ပါရမီ- တို့ကို ပြဆိုအံ့။
ဒါနပါရမီ......အစရှိသော ပါဌ်နှင့်အညီ မိမိကိုယ်အင်္ဂါမှ အပဖြစ်သော သားမယားနှင့် တကွ
သက်ရှိသက်မဲ့ ဥစ္စာမျိုးသည် ပါရမီဆယ်ပါး၏ ဝတ္ထုတည်း။ ဒါန ဥပပါရမီ...အစရှိသည်နှင့် အညီ ခြေ, လက်, မျက်စိ အစရှိသော ကိုယ်အင်္ဂါကြီး ငယ်စု သည် ဥပပါရမီ ဆယ်ပါး၏ ဝတ္ထုတည်း။
ဒါန ပရမတ္ထပါရမီ.....အစရှိသည်နှင့် အညီ အသက် ခန္ဓာသည် ပရမတ္ထပါရမီ ဆယ်ပါး၏ ဝတ္ထုတည်း။ ထိုသုံးပါးသော ဝတ္ထုတို့တွင်...ပထမ ဝတ္ထုမျိုးကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပါရမီ မည်၏။ ဒုတိယ ဝတ္ထုမျိုးကို စွန့်၍ ဖြစ်စေ အပ်သော ကုသိုလ်မျိုးသည် ဥပပါရမီ မည်၏။ အသက်ကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပရမတ္ထပါရမီ မည်၏။ ပထမ ဆယ်ပါးကိုသာဖြည့်စွမ်း နိုင် သော သူသည် "သာဝကဗောဓိ"သို့ရောက်၏။ ပထမ ဆယ်ပါး, ဒုတိယ ဆယ်ပါး တို့ကိုသာ ဖြည့်စွမ်း နိုင် သော သူသည်"ပစ္စေကဗောဓိ" သို့ ရောက် နိုင် ၏။ ပထမ ဆယ်ပါး, ဒုတိယ ဆယ်ပါး, တတိယ ဆယ်ပါး အပြား သုံးဆယ်ကို ဖြည့်စွမ်း နိုင် သော သူသည် "သဗ္ဗညုဗောဓိ" သို့ ရောက် နိုင် ၏။ ဥပမာ
ပညာပါရမီ
= သူတစ်ပါးတို့ပစ္စည်းဥစ္စာရရှိစေရန်မိမိဥဏ်ပညာဖြင့်ကူညီစောင့်ရှောက်ခြင်း။
ပညာဥပပါရမီ
= သူတစ်ပါးတို့ခြေလက်စသောကိုယ့်အင်္ဂါများမပျက်စီးစေရန်မိမိ၏ ဥဏ်ပညာဖြင့် ကူညီ စောင့်ရှောက်ခြင်း။
ပညာပရမတ္ထပါရမီ
= မိမိ၏ဥဏ်ပညာဖြင့်သူတစ်ပါးတို့အားအသက်ဘေးမှကယ်တင်ခြင်း။
ဟု
http://nyaungpini99.blogspot.fr/2012/07/blog-post_29.html
ဆိုဒ်တွင် ပါရမီ (၁၀) ပါး ဟူသောခေါင်းစဉ်ဖြင့်
လယ်တီဆရာတော် ဘုရားကြီး ၏ "ဥတ္တမပုရိသ ဒီပနီ" ကျမ်းမှ ထုတ်နှုတ် တင်ပြ ထားပါသည်။
တကယ်အဟုတ် ပါရမီဖြည့်တော့မည်ဆိုလျှင် ၁ မှ ၁၀ အထိ ဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊ ၂ ပြီး၃ ဟူ၍ တရားသေဖြည့် နေရမည်ကားမဟုတ်ပေ။ ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊ ပါရမီတစ်ကွက်ဖြည့်ခြင်း သည်လူမိုက်ခေါင်းဆောင် ဖမ်းမိ သကဲ့သို့ ကိလေသာအားလုံးကို တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။ ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ် တစ်ခုကို တာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည် သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့၏တရား ကိုယ် များပင် ဖြစ်သည်။ ဟု
http://www.nandathitsa.com/
ဆိုဒ် တွင် ပါရမီဆယ်ပါး သော့ချက်များခေါင်းစဉ်ဖြင့် မဟာဗောဓိမြိုင်ဆရာတော်၏ သော့ စာအုပ်မှ
ထုတ်နှုတ်တင်ပြထားပါသည်။
ပါရမီ ၁၀ ပါးနှစ်ပတ်သက်သောအခြားစားအုပ်များ။
၁။
မဟာဗောဓိမြိုင်ဆရာတော်၏ သဘောသရုပ်ကို
http://www.dhammadownload.com/
တွင်ဒေါင်းနိုင်ပါသည်။
၂။ ဦးမောင်ကြီး၏ဇတ်တော်ကြီးဆယ်ဘွဲ့ပေါင်းချုပ်ကို
http://www.dhammadownload.com/
တွင်ဒေါင်းနိုင်ပါသည်။
၃။ မောင်ဆန္ဒ လယ်ဝေး၊ မြင့်မြတ်သူတို့ကျင့်စဉ်(ပါရမီဆယ်ပါး)ကို
http://www.dhammadownload.com/
တွင်ဒေါင်းနိုင်ပါသည်။
ပါရမီ (၁၀) ပါးနှင့်ဇတ်ကြီးဆယ်ဘွဲ့။တေ၊ဇ၊သု့၊နေ၊မ၊ဘူ၊စာ၊နာ၊ဝိ၊ဝေ။
တေ = တေမိမင်းသား = အဓိဋ္ဌာန်ပါရမီ။
ဇ = မဟာဇနကမင်းသား ၀ီရိယပါရမီ။
သု့ = သု့ဝဏ္ဏသာမ = မေတ္တာပါရမီ။
နေ = နေမိမင်းသား = နေက္ခမ္မပါရမီ။
မ = မဟောသဓာပညာရှိ = ပညာပါရမီ။
ဘူ = ဘုရိဒတ်နဂါးမင်း = သီလပါရမီ။
စာ = စန္ဒကုမာရမင်းသား = ခန္တီပါရမီ။
နာ = နာရဒဗြဟ္မာမင်း = ဥပေက္ခာပါရမီ။
ဝိ = ဝိဓုရအမတ် = သစ္စာပါရမီ။
ဝေ = ဝေဿန္တာမင်း = ဒါနပါရမီ။
သပြေကန်ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ။
ဒါန၊သီလ၊ နေက္ခမ္မ၊ပညာ၊ဝီရိယာ။
ခန္တိ ၊ တလီသစ္စာ၊ ဓိဋ္ဌာန်ပါလျက်၊ မေတ္တာ၊ ဥပေက္ခာ၊
မှတ်စရာ၊ပါရမီဆယ်ပါးတည်း။
ပါရမီဆယ်ပါးမှာ ခန္တီပါရမီဟာမိခင်နဲ့တူတယ်။ ဥပေက္ခာပါရမီဟာ ဖခင်နဲ့ တူ တယ်။ နေက္ခမ္မပါရမီဟာ သမားတော်နဲ့ တူတယ်။ မိဘနှစ်ပါးရယ်၊ သမားတော်ရယ် သုံးဦးလုံး ကစောင့်ရှောက်မှ ကလေးငယ်ဟာကျန်းမာချမ်းသာစွာကြီးထွား နိုင်သလို ခုပြောခဲ့ တဲ့ပါရမီသုံးပါးရဲ့စောင့်ရှောက်မှုကိုရမှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရား မှန်သမျှ ဟာ ပါရမီအမည် ရနိုင်တယ်။
နုမှာငါးရာ၊ရင့်မှာတစ်ကျိပ်။
ဒါန၊သီလာ၊ နေက္ခမ္မာ၊ပညာ၊ဝီရိယာ။
ခန္တိ ၊ သစ္စံ ၊ အဓိဋ္ဌာန်၊ မေတ္တံ၊ ဥပေက္ခာ၊
ပါရမီဆယ်တန်၊အရင်းခံ၊မှတ်ရန် ဒသတာ။
ယခု ဆိုဒ်မှာ
မဟာမနက်ဂရ ပါရမီဆယ်ပါး ဘုရားရှစ်ခိုး
ကိုဘုရားရှစ်ခိုးခေါင်းစဉ်နဲ့ဖေါ်ပြခဲ့ပါတယ်။
အရှင်ဘုရားဖြည့်ကျင့်လိုသောပါရမီများလွယ်ကူချမ်းသာစွာဖြည့်စွမ်းနိုင်ပါစေလို့ဆုတောင်းပါတယ်ဘုရား။
Older Posts
Home
Subscribe to:
Posts (Atom)