လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, September 14, 2017

သုဝဏ္ဏသာမဇတ်တော်ကြီးနဲ့ သိပ္ပံပညာ။









မြန်မာဗုဒ္ဓဘာသာတိုင်းကြားဖူးကြတဲ့ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက သုဝဏ္ဏသာမဇတ်တော်ကြီးမှာသုဝဏ္ဏသာမ ၏
ဖခင်ဖြစ်သူနဲ့ မိခင်တို့တောထွက်တရား အားထုတ်ကြရာ အကြင်လင်မယား အဖြစ် မနေထိုင်ကြခြေ ။ မကြာခင် မိခင်ဖခင်တို့ မျက်စိကန်းပြီးဒုက္ခရောက်ကြမည်ကိုသိသော သိကြားမင်းက ၎င်းတို့အားပြုစုရန် ခလေးမွေးရန်ပြောဆိုသော်လည်း၎င်းတို့စောင့်နေသောသီလကို မဖျက်လိုကြ ကြောင်းသိရသဖြင့် သီလဖျက်ရန်မလိုသောနည်းဖြင့် သားသမီး
ရစေရန်နည်းပေးခဲ့ပါတယ်။ အဲ့ဒီနည်းကတော့ ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ ဥတု
လာသောအခါ၌ ချက်ကိုလက်ဖြင့်သုံးသပ်ခိုင်းသည်။  ထိုသို့ပြုခြင်းဖြင့် သုဝဏ္ဏသာမ အားဖွါးမြင်တယ်ဆိုတာ အားလုံး သိကြမှာဖြစ်ပါတယ်။ ဒီနည်းကို ဖတ်ရစဉ်က သံသယတွေများစွာဖြစ်ခဲ့ပါတယ်။ လူဆိုတာ ယောက်ျား၊ မိန်းမတို့ ဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ကြောင်းသိနေလို့ဖြစ်ပါတယ်။ ယောက်ျား၊မိန်းမအနေနဲ့လည်း ယောက်ျားအနေနဲ့ ယောက်ျားမျိုးခေါ်တဲ့ စပန်း (sperm) နဲ့ မိန်းမရဲ့မျိုးဖြစ်တဲ့ အိုဗန် (ovum)တို့ ထုတ်နိုင် တဲ့သူဖြစ်ဖို့လိုပါတယ်။ ယောက်ျားများအနေနဲ့ ကျန်းမာရေးကောင်းနေရင် အလွန်အသက် အရွယ်ကြီး တဲ့အခါကလွဲရင် sperm များထုတ်နိုင်ပြီး၊ အမျိုးသမီးများ
မှာတော့ ကျန်းမာရေးကောင်းရုံ သာမက ဥတုရာသီး မဆုံးတဲ့အရွယ်ဖြစ်ရမည့်အပြင်၊ ovum များအမြဲတိုင်းထွက်နေတာမဟုတ်ဘဲ၊ လစဉ်ဥတုရာသီလာပြီးနောက်တစ်ပတ်အတွင်းသာ ovum များထုတ်လုပ်တာဖြစ်ပါတယ်။

ဒါကြောင့် ယောက်ျား၊မိန်းမတို့ ဆက်ဆံတိုင်း ပဋိသန္ဓေမစွဲယူနိုင်ပဲ sperm နဲ့ ovum တို့ထုတ်လုပ်တဲ့ အချိန်မှာဆက်ဆံမှသာ ပဋိသန္ဓေစွဲယူနိုင်ပါတယ်။ ဒါတွေက DNA ခေါ်တဲ့ မျိုးရိုးဗီဇတွေအကြောင်း သိပ္ပံပညာက မသိသေးတဲ့အချိန်
ကဖြစ်ပါတယ်။ အခု ၂၁ ရာစုနှစ်မှာ လူအပါဝင် သတ္တ၀ါ တွေဟာဗီဇဆိုတဲ့ DNA တွေကြောင့်ဖြစ်ကြတာ ဆိုတာသိလာပါတယ်။ ဒါကြောင့် DNA တစ်ခုရှိရင်အဲဒီ DNAကနေ လူတစ်ယောက်၊သတ္တ၀ါတစ်ကောင်ကိုပြုလုပ်နိုင်ပါတယ်။ Colone ဆိုတာ DNA တစ်မျိုးထဲက လုပ်ထားတဲ့ သတ္တ၀ါတွေကိုခေါ်ပါတယ်။ DNA တစ်ခုထဲကလုပ်ထားတာမို့ အဲ့ဒီ သတ္တ၀ါတွေဟာ လုံးဝတူကြပါတယ်။ (identical) ။

DNA တွေက ကိုယ်ခန္ဓာက ဆဲလ် (cell) တွေမှာရှိပါတယ်။ ကိုယ်ခန္ဓာက ဆဲလ် တွေကလည်း အမြဲသေနေကြပြီးသေတဲ့ ဆဲလ်တွေနေရာမှာဆဲလ် အသစ်တွေကအစားထိုးနေကြပါတယ်။
အရေပြားဆဲလ် အသေတွေကအမြဲလိုအရေပြားက ထွက်နေပါတယ်။ ဒါကြောင့်လက်နဲ့ကိုင်တဲ့
ပစ္စည်းတွေမှာ ကိုင်သူရဲ့ ဆဲလ်တွေကပ်နေတာမို့ယခုခေတ်မှာ ရာဇ၀တ်မှုတွေမှာ အမှုဖြစ်တဲ့နေရာမှာကျန်ခဲ့တဲ့
လူသတ်သမားရဲ့ ဆဲလ်မှာပါတဲ့ DNA ကိုစမ်းသပ်ခြင်းဖြင့်သိနိုင်ပါတယ်။

ဒါကြောင့် ဖခင်ဖြစ်သူ ဒုကူလ ရသေ့က မိခင်ဖြစ်သူ ပါရိကာရသေ့မ၏ ဥတုလာသောအခါ၌ ချက်ကို လက်ဖြင့် 
သုံးသပ်ခြင်းဖြင့် သုဝဏ္ဏသာမ ကိုဖွါးမြင်ခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်ဆိုတာနားလည် ရ ပါတော့တယ်။

အမှန်တရားသိနိုင်သောအသိဥာဏ်များတိုးပွါးနိုင်ကြပါစေ

Wednesday, September 13, 2017

Remove Fungi Of Toenails With Just 2 Items

The AAD American academy of dermatology said fungi can attack toenails since toes are trapped in shoes and are warm and moist, perfect for bacteria.
Fungi exist in and out of us and bacteria too. When they grow, you might get infections.
For a healthy person, fungi is not serious. Otherwise, this hurts, looks bad and damages the nail plate.

REMOVE FUNGI PERMANENT

Baking soda cannot remove fungi. But it can cleanse them and block them in the future.
Vinegar is acid and stops fungi to grow more. No worries, nail and skin will not be damaged from the vinegar.

YOU NEED:

5 tbsp baking soda
Water
Paper towels
1 cup vinegar or acv

METHOD:

Mix a cup acv and water and soak the feet for 15 min. then add some baking soda in the water and soak 15 min more. Dry well.
Do this daily for 2 times to kill fungi.
Tip: before this, trim nails and use clean clippers. After that, wash the clipper with alcohol and rinse feet well.

အမဲသား/ ဆိတ်သား ချက်တိုင်း ညှီနံရလို့

အမဲသား/ ဆိတ်သား ချက်တိုင်း ညှီနံရလို့
ချက်မစားဖြစ်တော့ဘူး ဆိုတဲ့ သူငယ်ချင်းများတွက် မနောရဲ့ အမဲသားချက်နည်းလေးး မျှဝေလိုက်ပါတယ်
အမဲသားနေရာမှာ ဆိတ်သားလည်း ထိုနည်းအတိုင်းပဲ ချက်နိုင်ပါတယ်လို့ 😬😬တက်သလောက်လေး ချက်မိတိုင်း စားတဲ့သူတိုင်းက နူးအိနေတာပဲ လုံးဝလည်းမနံဘူးနော် ချက်နည်းလေး ပြောပြလို့ မေးဖူးကျလို့ ချက်တက်တဲ့ နည်းလေး ကိုမျှဝေခြင်းပါရှင် အမှားပါခဲ့ရင်လည်း ဆောတီးပါလို့ 😁😁😁😊
အမဲသားချက်
လိုအပ်သော ပစ္စည်းများ
အမဲသား ( လိုသလောက်)
ဆား အချိုမှုန့် ( ကြက်သားမှုန့်ဆို တမျိုးထဲ အဆင်ပြေ)
သံပရာသီးတစိတ်
ဒိန်ချဉ် အနည်းငယ် ( ဈေးထဲမှာဆို ၁၀၀ ဖိုး၂၀၀ ဖိုးဆို ရပြီ)
ဆီ
ကြက်သွန် ဖြူ/နီ ဂျင်း
အမဲသားကို လိုသလိုတုံးပါ ရေးဆေးပီး
သံပရာသီးတစိတ် | ဆား | အချိုမှုန့် တို့ဖြင့် နယ်ထားပါ
နာရီဝက်လောက် နှပ်ထားပါ ( နှပ်တာကြာလေ ကောင်းလေပါပဲ- အချိုမှုန့်မစားရင် အခြားအစားထိုးသုံးနိုင်ပါသည်)
ကြက်သွန်ဖြူ , ဂျင်း , ကြက်သွန်နီ ကို ရောထောင်းထားပါ (မနော ကတော့ မထောင်းဘူးကြက်သွန်နီသေးသေးလှီး ကြက်သွန်ဖြူ တပြားရိုက် ဂျင်းကိုသေးသေးလှီးလိုက်တယ် ဟိုအရင်ကလို ကြက်သွန်ညက်မှ ဆိုရင်တော့ ယောက်ခမ ရိုတ်မှာရှင့် 😅😅)
ဆီပူထဲကို ဂျင်း ကြက်သွန်ဖြူ /နီ ထောင်းတာ ထည့်ပြီး
ဆီသက်ပါမယ်
ဆီသက်တာကျက်ပီဆို အမဲသား / ဒိန်ချဉ် ထည့်ပါမယ်
အဖုံးအုပ်ပါ ထွက်လာသော အရည်နှင့် လုံး၍ ခဏ ချက်ပါ ပီးရင် အမဲသားကို ရေမြုတ်အောင်ထည့်ထားပါ
ဆီပြန်လာပြီဆို အပေါ့အငမ်မြည်း လိုရင်ထပ်ထည့်
မဆလာကြိုက်ရင် အာ့အချိန်ထည့်ပါ နောက်တရေ မထည့်ခင်ပေါ့နော် အဲ့တာဆို မဆလာနံက မစူးနေတော့ဘူး ပီးရင် နောက်တရေ ထပ်ထည့်ပြီး ချက်ပါ ဆီပြန်လာရင် အရသာရှိတဲ့ အမဲသား ဆီပြန်လေး ရပြီရှင့်
လုံးဝ မနံသလို ဒိန်ချဉ်လေး ထည့်ချက်ထားတာကြောင့် အသားလေးက ဝါးလိုက်တာနဲ့ နူးအိနေရောပဲ 😋😋😋
အလှဆင်စရာကတော့ ငရုတ်သီးပဲ တွေ့တယ် ( ဖြစ်သလိုလေးပေါ့ 😬)

Friday, September 8, 2017

လိမ္မော်ခွံ လေး အသုံးဝင်ပုံ လိမ္မော်သီး စားပြီးတဲ့အခါ အခွံတွေကိုစွန့် မပစ်သင့်ပါဘူး။ သူ့ ရဲ့ဘက်စုံအသုံးဝင်ပုံက အောက်ပါအတိုင်း အံ့မခန်းပါဘဲ။


(၁) အခွံ အောက် လိမ္မော်သီး တွင် ကပ်နေသော ဖော့သား အဖြူရောင် မှာ bioflavonoidsနှင့် Pectin ဓာတ်တို့ ပါရှိနေကြပါတယ်။ ထို ဓာတ် များက သက်စောင့်ဆေး အဖြစ် ကင်ဆာ ရောဂါ တို့ ကို တိုက်ဖျက်ပေးနိုင်သော အစွမ်းသတ္တိရှိ၍၊အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး ကင်ဆာ တို့ ကို တိုက်ထုတ်ပေးနိုင်ပါတယ်။
(၂) လိမ္မော်သီး အခွံ ကို နေ့စဉ် နဲနဲစီစားသုံးပေးခြင်းဖြင့်
သွေး ထဲရှိမကောင်းသော ကိုလက်စထရောလ်(Low Density Lipoprotein-LDL) ပမာဏ ကို
၃၃ ရာခိုင်နှုန်း လျော့နည်းစေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏
အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားပါတယ်။
(၃) အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို
ဖယ်ရှားစေရန်အတွက် လိမ္မော်သီး ကို မခွံမနွှာ ဘဲ လေးစိပ်ခွဲ၍
အရက်နှင့်စိမ်ပြီး နည်းနည်းချင်း သောက်ပေးသင့်ပါတယ်။
(၄) လိမ္မော်သီး အခွံခြောက် ၂ ဂရမ်ခန့် ကို ရေ သုံးခွက်တစ်ခွက်တင်ကြို၍
သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုးတို့ ကို သက်သာစေပါတယ်။
(၅) ဝမ်းလျှော ဝမ်းပျက်သူများဟာ လိမ္မော်ခွံ အမှုန့်နှင့်
စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်း တစ်ဇွန်း
သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၆) လိမ္မော်သီး ၏ အခွံရနံ့ ကိုယူကာ ဟင်းခတ်အမွှေးအကြိုင်၊
အိမ်သုံးဆေးဝါး များ နှင့် aromatherapy (ခေါ်) ရနံ့ ကုထုံးတို့  တွင်ထဲ့သွင်းအသုံးပြုကြပါတယ်။
(၇) လိမ္မော်ခွံ ကို ပါးပါးလှီးပြီး၊ နေရာင်ခြည် တိုက်ရိုက်မကျဘဲ
အရိပ်ရသောနေရာတွင် အခြောက်ခံပြီးနောက်၊ အုန်းဆီ (သို့မ ဟုတ်)
နှမ်းဆီဖြင့် ဆီစိမ်၍ထည့်ထားပါ။ ရွှေဝါရောင် လိမ္မော်ဆီ အဖြစ်
ပြောင်းလဲသွားပါလိမ့်မယ်။ ထို လိမ္မော်ဆီ ၏ ဆေးစွမ်းကား အံ့မခန်းအသုံးဝင်လှပါတယ်။
(၈) AIDS ဝေဒနာရှင်များ၏ လျှာ၌ဖြစ်သော မှက်ခရုနာများအတွက်၊ လိမ္မော်ဆီ ကို
နားကျပ်သော ဂွမ်းစ နှင့်တို့ ၍ သုတ်လိမ်း ပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
(၉) ခွဲစိတ်ထားသော ချုပ်ရိုးမှပြည်ပြန်တည်ပြီးမပျောက်ကင်းသောအနာများအတွက် စိတ်မပူပါနှင့်။ ကွမ်းရွက်မီး ကင်၍လိမ္မော်ဆီသုပ်လိမ်းပြီး၊ကပ်ထားခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။(ရေလုံးဝမထိစေရပါ)
ဤနည်းအတိုင်း ၂-ရက်တစ်ခါအသစ်လဲပေးပါ။
(၁၀) ဆီပူလောင်နာ၊ ရေနွေးပူလောင်နာ၊ စက်ပစ္စည်းကြောင့်ပူလောင်နာ…စသည့်
အပူလောင်ခြင်း မျိုးမျိုးတို့ အတွက် လိမ္မော်ဆီ ရွှဲရွှဲစွတ်ပေးခြင်းဖြင့်၊
ယူပစ်သလိုပျောက်ကင်းစေပါတယ်။ အမာရွတ်မကျန်၊ အပူလောင် အရည်ကြည်ဖုများ
မထွက်စေပါ။ (ငှက် ပျောရွက်တွင် လိမ္မော်ဆီ သုတ်၍ အသုံးပြုနိုင်ပါကပိုမိုအစွမ်းထက်၏)
(၁၁) ၀ဲနှင်းခူ အစို/အခြောက်များအတွက်၊ ကွမ်းရွက်မီးကင်၍ လိမ္မော်ဆီတို
့ပြီး အနာပေါ်ကပ်ထားခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်။ (ရေလုံးဝမထိစေရပါ)
(၁၂) ရင်ကျပ်တဲ့အခါ လိမ္မော်ဆီ၊ ကွမ်းရွက်သထ္ထုရည်၊ ပရုပ်ဆီ(သို
့မဟုတ်)လင်ဇီး အနည်းငယ်ထည့်၍ ရင်ဘတ်နှင့် တစ်ကိုယ်
လုံးကိုခပ်ပါးပါးလိမ်းပေးခြင်းဖြင့်လက်ငင်းကောင်းကျိုးပြုပါတယ်။
(ကလေးသူငယ်များရော၊လူကြီးများပါသုံးစွဲနိုင်၏)
(၁၃) အကြောတင်း၊ အကြောရောင်၊ အကြောက်တက် စသည့် အကြောဝေဒနာအမျိုးမျိုးတို
့အတွက် လိမ္မော်ဆီ ကို ပရုပ်ဆီ လင်ဇီး(ဆေးအပူ)အနည်းငယ်ရော၍လိမ်းပေးနိုင်ပါတယ်။
(၁၄) အစာအိမ်နာ နှင့် ဗိုက်နာခြင်းများအတွက် လိမ္မော်ဆီကို
လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။ အင်အားတိုး ပွား၍
အစာကြေစေရန်အတွက်ကိုလည်း လိမ္မော်ဆီ သောက်လို့ ရပါတယ်။
(၁၅) ကျီးကန်းပါးစပ်အနာများကို လိမ္မော်ဆီ ရွှဲရွှဲ သုတ်လိမ်းပေးခြင်းဖြင့်ပျောက်ကင်းနိုင်ပါတယ်။
< လိမ္မော်ခွံ နဲ့  အလှအပ >
(၁) နေလောင်၍ အသားအရည် မွဲခြောက်ခြင်းနှင့် မစိုပြေခြင်းတို့ အတွက်
လိမ္မော်ဆီလိမ်းပေးခြင်းဖြင့် အသားအရည် ၀င်းပ၍ ဖြူစင်လှပလာစေနိုင်ပါတယ်။
(သို့ မဟုတ်) အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မ်ာသီးခွံတွေကို
ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပေးပါ။
(လိမ္မော်ဆီ ကပိုးမွှားများကိုသေစေကာ၊ သန့် ရှင်းစင်ကြယ်စေသောအာနိသင်ရှိသဖြင့်
လိမ္မော်ဆီ ဖြင့်ပြုလုပ်သော ကိုယ်တိုက် ဆပ်ပြာများ ထုတ်လုပ်နေကြပါပြီ)
(၂) မကြာခဏ ၀က်ခြံပေါက်ပြီး၊ အသားအရေမညက်ညောသူများဟာ
ညအိပ်ယာ ၀င်ခါနီးတိုင်း လတ်ဆတ်သော လိမ္မော်သီးခွံ ကို ချိုးညှစ်၍
ထွက်လာသော ချွေးရည် ကို၊ ဆားနဲနဲထဲ့ပြီး သနပ်ခါးရည်ကျဲဖြင့် မျက်နှာအနှံ
့လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ လာပါလိမ့်မယ်။
(၃) အသားပပ်ခြင်း၊ အသားကြမ်းခြင်းတို့ အတွက် လိမ္မော်ခွံကိုညှစ်၍လိမ်းပေးနိုင်ပါတယ်။
(၄) တင်းတိပ်ပေါက်သူများဟာ၊ လိမ္မော်ခွံကိုမီးဖြင့်ခေတ္တမျှ
အပူပေးပြီးနောက် ညှစ်၍ရလာသောချွေးရည်ဖြင့် တင်းတိပ်ပေါက် သော
နေရာများတွင် အသာအယာပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၅)မျက်နှာ၊ ခြေ၊လက်တို့တွင်အဖြူ၊အနီ၊အနက်စသောအကွက်များထွက်ပါကလိမ္မော်ခွံကို
နေရိပ်၌ခြောက်သွေ့အောင်လှန်းပြီး ရေဖြင့်သွေးလိမ်းပေးပါ။
တနေ့သုံးကြိမ် ခပ်ထူထူလိမ်းပေးရုံမျှဖြင့် ပျောက်ကင်းသွားပါလိမ့်မယ်။
(၆)ဆံရင်းအစပ်ဦးရေပြားအနှံ့ ယားနာပေါက်သူများအတွက်၊လိမ္မော်ရွက်ကိုထုထောင်း၍ပျားရည်နှင့်ရောစပ်ပြီး လိမ်းပေးခြင်း ဖြင့်သက်သာပျောက်ကင်းစေပါတယ်။
(၇) ခြေသည်း/လက်သည်းပိုးကိုက်ခံရသူများနှင့် ပွေး၊ နှင်းခူ၊ညှင်းပေါက်သူများစိတ်မပူပါနှင့်။ ထိုပွေးကွက်များကို လိမ္မော်ခွံနှင့်အသာအယာခြစ်ပေးပြီးနောက်၊ လိမ္မော်ခွံ လတ်လတ်ဆတ်ဆတ်ကို
အရည်ညှစ်လိမ်းပေးခြင်းဖြင့် အနာတဖြည်းဖြည်းပါးလာပြီး၊ လုံးဝပျောက်ကင်းစေနိုင်ပါတယ်။
< လိမ္မော်ခွံ နဲ့ အထွေထွေ >
(၁) လိမ္မော်ခွံ ကို အင်းဆက်ပိုးနှိမ်နင်းဆေးအဖြစ် အသုံးပြုနိုင်တာကြောင့်ခြင်၊ ပုရွတ်ဆိတ်တွေ နဲ့ ပိုးဖလံတွေ ၀င်လာတတ်တဲ့ နေရာတွေမှာလတ်လတ်ဆတ်ဆတ်လိမ္မ်ာခွံတွေကို ချထားပေးပါ။
(၂) အနံ့ အသက်မကောင်းတဲ့ အိတ်၊ သေတ္တာ နဲ့ ရှုးဖိနပ်တွေထဲကို
လိမ္မော်သ်ီခွံတွေ ထဲ့ပေးထားခြင်းဖြင့် အနံ့ ဆိုးတွေ ကိုစုပ်ယူပေးနိုင်ပါတယ်။
(၃) လိမ္မ်ာသီးခွံ ကို အတန်ငယ်မီးအပူပေးခြောက်ပြီးနောက်
အဝတ်အိတ် ငယ်လေးတွေထဲ ထည့်ထားပါ။ ထိုအိတ်လေးတွေကို ရေ ချိုးခန်း၊
အဝတ်ထားခန်း၊ သန့် စင်ခန်း(အိမ်သာ)စတဲ့ နေရာတွေမှာ
ချိပ်ဆွဲထားပေးခြင်းဖြင့် အနံ့ အသက်ကောင်းစေကာ၊ စိတ် ကိုကြည်လင်လန်းဆန်းစေပါတယ်။
(မှတ်ချက်) (က) စိုက်ခင်းများတွင် ပိုးသတ်ဆေးများ ပက်ဖျန်းလေ့ရှိရာ၊
ဈေးမှဝယ်လာသော လိမ္မော်သီး တို့ ကို မစားသုံးမီဦးစွာ ပထမ
ရေစင်စင်ဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်လျှင် အော်ဂဲနစ် သီးတို့ ကိုသာ
ရွေးချယ်ဝယ်ယူပါ။ (ခ) လတ်ဆတ်သော အသီး များဟာ အခန်းအပူချိန်တွင် ၂-ပတ်မျှ
အထားခံပါတယ်။ အကယ်၍ ကြာကြာခံစေရန်အတွက် ရေခဲသေတ္တာထဲမှာ သိမ်း လိုပါက၊
ဦးစွာ အသီး ကိုရေခြောက်နေအောင်သုတ်ပါ။ (လိမ္မော်သီးတို့ ကို
အိတ်ဖြင့်အထူးတလည် သိမ်းဆည်းစရာမလိုပါဘူး၊ ချွေးထွက်ပြီးပုပ်လွယ်တတ်လို့ပါ)
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)

Japanese Secret For Healthy Young Skin Even After 50 Years


We all know how much we regularly spend on cosmetics, creams and treatments. Too much, no doubt. The interesting thing about all these industries dedicated to the world of beauty is that they use natural ingredients that are available to all of us. But, obviously, these are used and synthesized in such large quantities in the creams sold in stores; And we usually try some creams throughout our lives, depending on our age and our needs.
In our health blog we have often mentioned the wonderful benefits of avocados, grapes and aloe vera for our beauty, but today we want to introduce such a basic element that you probably never considered it: rice. A remedy of Japanese origin? Yes it is. It is a very traditional female remedy in the Eastern world. Let us explain its benefits.
The benefits of rice to rejuvenate the face
-Rice is a good tonic for the skin . It has an ingredient called inositol that is wonderful in helping to slow down aging by promoting blood circulation and effectively benefiting the overall health of the skin.
-The rice is rich in vitamin B . You already know the many virtues of vitamin B to take care of our skin, our hair, our nails …, stimulates the regeneration of the skin, contributes to soften the skin and strengthens the skin against external elements.
-The rice hydrates, regenerates and reaffirms the skin . This virtue comes mainly from rice water, a very traditional remedy for Japanese women.
-Rice has anti-wrinkle effect . As we have already noted, the secret of rice to rejuvenate the face lies in its component inositol. This can counteract wrinkles and stimulate circulation in facial skin, which is always so delicate.
-Rice is a great exfoliator . It is surprising, but among its virtues we must also add phytic acid. And what does this element do? It removes dead skin cells, helping to rejuvenate the face slowly.
-It eliminates the imperfections of acne . Again, it is the rice water which is the ideal part of this treatment to cleanse our skin of foreign elements. Purge, tone and reduce facial imperfections caused mainly by acne. It is best to perform a treatment at least two days a week.
Rejuvenating “Japanese” Face Mask
Now you know that our mask of Japanese origin has rice as its basic element. Rich in vitamins and rejuvenating properties, it is worth the effort to apply this remedy at least twice a week. If you wish, you can supplement this mask with your usual creams, as it is an easy way to get extra benefits in a very economical way. And be sure – it provides good results.

1. What do I need to prepare my mask?

This rejuvenating mask will require the following ingredients:
-3 tablespoons organic brown rice. You can find this in the market or natural food stores, make sure above all that it is organic, ie free from pesticides or chemicals, so you will get all the natural properties of rice.
-One and a half spoonfuls of distilled water.
-Two tablespoons of ripe avocado.
-Half a teaspoon of honey.

2. How do I prepare my rejuvenating mask?

1.It is very easy, as you can imagine. The first thing we do is cook the rice. You use very little rice, as you can see, but we want to be sure that the mask is freshly made every time, since it is how to benefit from its characteristics. Heat the rice until tender and then separate the water from the rice. Save the two items.
2.What we do now is to strain the rice and place it in another bowl and add the avocado and the honey. Use a spoon to stir the mixture well to create a fine, homogeneous paste. When you are ready, apply it to your skin.
3.Leave on your face for at least 15 or 20 minutes. Then use a cotton swab to remove it and wash your face with the rice water you previously reserved. In this way, you will exfoliate and treat small stains and impurities.
As you can see this facial mask of Japanese origin is very complete, simple and cheap. It allows us to benefit from both rice and rice water. If you prepare this remedy twice a week, it will rejuvenate your face every day. Try it!

Wednesday, September 6, 2017

နှလုံးသွေးကြောကျဉ်း ရောဂါ လုံးဝ ပြန်မဖြစ်စေနိုင်တော့သောကိုယ်တွေ့ ဆေးနည်းကောင်း တစ်လက်


ကျွန်တော် နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော် နေထိုင်ရာပုသိမ်မြို့ ရှိပုသိမ် ဆေးရုံကြီး နှဇီဝကအထူးကု ဆေးခန်းတို့ တွင်တက်ရောက်ကုသခဲ့ ရာဆေးစစ်ချက်အရ နှလုံးသွေးကြော သုံးချောင်းကျဉ်းနေပြီးတစ်ချောင်းမှာ ကောင်းစွာအလုပ်မလုပ်တော့သော ကြောင့် နှလုံးစက် ထည့်ရမည့်အခြေနေဖြစ်ခဲ့ပါသည်-
ထိုအချိန်တွင်မိတ်ဆွေတစ်ယောက်မှ ကျွန်တော့် လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲသက်သာပျောက်ကင်းသွား သည်ဆိုသောဆေးနည်းကိုပေးသဖြင့် ရန်ကုန် ၌ဆေးကုသခံရန်ပြင်ဆင်နေချိန်တွင်ခုနှစ်ရက်မျှဆက်တိုက်သောက်ခဲ့ပါသည်-
ထို့ နောက်ရန်ကုန်အာရှတော်ဝင် အထူးကု ဆေးခန်း တွင်သွားရောက်စမ်းသပ်ရာနှ လုံးသွေးကြော ပိတ်ဆို့ မှုများမရှိ
တော့ပဲအကောင်းပကတိဖြစ်နေကြောင်းအံ့သြဖွယ်တွေ့ရှိရပါသည်-
ဆရာမကြီးမှာပုသိမ်မှဆေးစစ်ချက်များကိုကြည့်၍မယုံနိုင်ဖြစ်ကာသေချာစေရန် မဟာမြိင် အထူးကုဆေးခန်း၌24နာရီ
စက်ဖြင့်ထပ်မံစမ်းသပ်ရာနှလုံးသွေး ကြောများပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်-
ကျွန်တော်ခံစားနေရသောရင်ဘတ် အောင့်ခြင်းနှင့်ဘယ်ဘက်လက်မောင်း ကို်က်ခြင်းဝေဒနာများလည်းပျောက်ကင်း
သွားပါသည်-
ထို့ ကြောင့် ကျွန်တော့် လို နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားနေရသူများအတွက်စေတနာရှေ့ ထား၍ကျွန်တော့်ကိုယ်တွေ့ ဆေးနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်-
ဆေးနည်းမှာ –
၁- ကြွက်နားရွက်မှိုနှစ်ကျပ်ခွဲသား
၂-တရုတ်ဇီးသီးငါးလုံး
၃-ချင်း(ဂျင်း)တက်လက်တစ်ဆစ်ခန့် 
၎-ဆားအနည်းငယ်တို့ ကိုရေဖန်ခွက် ခြောက်ခွက် ထည့် နှစ်ခွက်ကျန်အောင်ကျိုပြီးမနက်တစ်ခွက် ညတစ်ခွက်သောက်ရုံပင်ဖြစ်ပါသည်-
ဆေးနည်းပေးသူမိတ်ဆွေအားကျေးဇူး
အထူးတင်ပါသည်။
Credit ( Ko Sai )

Sunday, September 3, 2017

၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်း

၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်းတစ်ခုကို စား/ချက်က မမတို့ ညီမတို့ကို ပြောပြချင်လို့ပါ၊ ကျွန်မ fb page တခုမှာ ဖတ်ပြီး ကိုယ်တိုင်လုပ်ကြည့်တာ ကောင်းလွန်းလို့ ပြန်ရှဲပေးတာပါ
မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ မီးဖိုချောင်မှာမွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။
ပါဝင်ပစ္စည်းများ
အာလူး -၁လုံး
တလဲသီး- ပန်းကန်လုံး တစ်ဝက်
သံပုရာသီး- တစ်ခြမ်း
ပျားရည် - ထမင်းစားဇွန်းတဇွန်း
ရေခံပုံစံခွက် -တစ်ခု
သံပုရာသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ သူက အက်ဆစ်ဓာတ်များလို့ တခြမ်းပဲ ထည့်သင့်ပါတယ်
အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။ အာလူးကတော့ vitamin B, C, magnesium, phosphorus, zinc ဓာတ်တို့ပါလို့ အသားအရေကို ကြည်လင်စေပါတယ်၊ နေလောင်ဒဏ်ခံနိုင်ပါတယ်၊
သလဲသီးကတော့ vitamin A, C and E and minerals such as calcium, phosphorous, potassium, iron, folic acid တို့ပါလို့ အသားအရေကို လင်းလက် တောက်ပစေပါတယ်၊ တင်းတိပ်ကိုတောင် ပျောက်နိုင်ပါတယ်၊
ပျားရည်ကတော့ အားလုံးသိပြီးတဲ့အတိုင်းပဲ၊ anti aging, anti-oxidant, nutrient, enzyme ဓာတ်တွေရှိလို့ အသားအရေကို ချောမွေ့စေတယ်၊ ဆဲလ်အသစ်ကို ဖြစ်စေတယ်၊ အမာရွတ်ကိုပျောက်စေပါတယ်
အဲ့ဒီ့ပါဝင်ပစ္စည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။
ပြုလုပ်နည်း
အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး ခြစ်ခွက်နဲ့ ခြစ်လိုက်ပါ။
ပြီးတာနဲ့ ဖော်ျရည်ကြိတ်စက်ထဲ ခြစ်ပြီးသားအာလူး၊ တလဲသီးများ နှင့် သံပုရာရည်ရောထည့်ပြီး ပျားရည်ရောပါ၊ ရေတစ်ဇွန်းပါထပ်လောင်းထည့်လိုက်ပါ။ ဇွန်းနဲ့အသာအယာမွှေပေးပြီးတာနဲ့ ကြိတ်ပစ်လိုက်ပါ။
ရလာတဲ့အနှစ်တွေကို ရေခံပုံစံခွက်တွေထဲ လောင်းထည့်ပြီး freezer ထဲ ၆နာရီလောက် (သို့) လုံးဝခဲသွားတဲ့အထိထားလိုက်ပါ။
စူပါရေခဲတုံးရပါပြီ။
အသုံးပြုပုံ
ရေခဲတုံးတစ်တုံးကိုယူပြီး အမည်းစက်ရှိတဲ့နေရာတွေမှာ ပွတ်ပေးပါ။ သေချာပွတ်ပေးပြီးတာနဲ့ ရေအေးနဲ့ဆေးချလိုက်ပါ။
တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးရင်တော့ အမည်းစက်တွေလုံးဝကင်းစင်သွားမှာပါ။