လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, August 7, 2016

ခွေး ၄ ကောင်ကိုလည်ချောင်းထဲ ကသွေးစပါလာအောင်ပင် အန်ကျွေးခဲ့တဲ့ ကျောက်တူးသမားမောင်စိုးနိုင်၏ရည်မှန်းချက်က


Chit San Maung to ဗဟုသုတ/အတွေးအခေါ်/ဒဿနများ မျှဝေရာ ဤမြန်မာ (2016)
ခွေး ၄ ကောင်ကိုလည်ချောင်းထဲ ကသွေးစပါလာအောင်ပင်
အန်ကျွေးခဲ့တဲ့ ကျောက်တူးသမားမောင်စိုးနိုင်၏ရည်မှန်းချက်က
( တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဗုဒ္ဓစေတီတော်တစ်ဆူကို ရတနာကေ...ျာက်စိမ်းများဖြင့် တည်ထားကိုးကွယ်နိုင်စေရန် ) ဖြစ်သည်
တစ်ခါက ဦးစိုးနိုင်သည် ခရီးသွားရင်း စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ခွေးမကြီးတစ်ကောင်နှင့် ခွေးလေးသုံးကောင်တို့သည် အစာရေစာပြတ်ပြီး ချုံပုတ်ထဲတွင် ခွေလဲနေကြသည်။
အိမ်မှာမမွေးချင်သဖြင့် ခွေးမကြီးနှင့်ခွေးကလေးသုံးကောင်ပါ တောထဲလာပစ်ထားရာ လူနေအိမ်များမရှိသဖြင့် အစာရေစာပြတ်ကာလဲကျနေကြ
ခြင်းဖြစ်သည်။
အစာတစ်နပ်လောက်သာ စားရပါက လူနေအိမ်များရှိသောနေရာသို့ သူတို့သားအမိတစ်တွေ သွားနိုင်ကြမည်ဖြစ်သည်။
ဦးစိုးနိုင်သည် ဖြစ်ပေါ်လာသော သဒ္ဒါ တရားကြောင့် ကားပေါ်သို့ အမြန်ပြေးကာ ကျွေးမွေးစရာများကို ရှာကြည့်သည်။ မည်သည့်အစာကိုမျှမတွေ့ရ။
မျက်စေ့တစ်ဆုံး လှမ်းမျှော်ကြည့်သော်လည်း အိမ်ခြေရာခြေမပြောနဲ့ တဲတစ်လုံးပင်မတွေ့ရပေ။ ကျွေးမွေးချင်သော မေတ္တာစေတနာသည် ပြင်းထန်နေပြီဖြစ်သောကြောင့် အပင်ထက်မှ ဖက်သန့်သန့်များကိုခူးကာ
ခွေးများရှေ့တွင် ဖြန့်ခင်းချလိုက်သည်
အရိုးပေါ်အရေတင်ဖြစ်ကာ ချိနဲ့နေသောခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် ဦးစိုးနိုင်ကို ရန်သူလား၊ မိတ်ဆွေလားဟု မခွဲခြားနိုင်သောအကြည့်ဖြင့် လှမ်းကြည့်နေကြသည်။ ရန်သူဖြစ်နေပါက ထွက်ပြေးနိုင်စွမ်း မရှိတော့ပြီဖြစ်သဖြင့် အသေခံဖို့ရာသာရှိပေလိမ့်မည်။
ဦးစိုးနိုင်သည် သူ၏အာခေါင်ကို လက်ညိုးဖြင့်ထိုးကာ အသင့်ချထားသော ဖက်ရွက်ကြီးပေါ်သို့ အန်ချလိုက်သည်။
ခွေးမကြီးနှင့် ခွေးကလေးသုံးကောင်သည် အတင်းထိုးဟပ်စားလိုက်ကြရာ ခဏနှင့် ကုန်သွားသည်။ အစာရေစာပြတ်နေကြသော သူတို့ဝမ်းဗိုက်များသည် တစ်ကြိမ်စားရရုံနှင့် မတင်းတိမ်နိုင်ကြပေ။ ထို့ကြောင့် သူတို့၏မျက်လုံးလေးစုံက ဦးစိုးနိုင်၏ မျက်နှာကို တစ်ပြိုင်တည်းစိုက်ကြည့်နေကြသည်။
ထိုအဖြစ်ကို ရိပ်မိသွားသော ဦးစိုးနိုင်က ဒုတိယအကြိမ်အန်ချပြီး ကျွေးလိုက်ပြန်သည်။ ထိုအချိန်တွင်လည်း မိသားစုလေးကောင် အလုအယက်စားကြရာခဏနှင့် ကုန်သွားပြန်သည်။
ထို့ကြောင့် တတိယအကြိမ် အာခေါင်ကိုလက်ညှိုးထိုးအန်ချလိုက်ပြန်ရာ ခွေးလေးကောင်စားကြပြန်သည်။ ဤအကြိမ်စားရာတွင် က္ကနြေ္ဒရသွားသည်။ အလုအယက်မဟုတ်တော့။ ထို့ကြောင့် သူတို့အားရတင်းတိမ်သွားပြီကို ဦးစိုးနိုင်ရိပ်မိသွားသည်။ သူ့ဝမ်းထဲတွင်လည်း စားထားသောထမင်းများ တစ်စေ့မျှမကျန်တော့ပေ။ နောက်ဆုံးအကြိမ် အန်ရာတွင် ပင်ပန်းလွန်းသဖြင့် သွေးစအနည်းငယ်ပင် ပါလာသည်။
ထိုသို့ စေတနာသဒ္ဒါတရားထက်သန်သော ဦးစိုးနိုင်၏ လုပ်ငန်းများသည် တစ်ရှိန်ထိုးအောင်မြင်လာခဲ့သည်။ သူပိုင်သော ကျောက်စိမ်းတွင်းမှ မထင်မှတ်ဘဲ ပတ္တမြားများပင်ထွက်လာသဖြင့် စီးပွားရေးမှာ ထောင်တက်လာခဲ့သည်
" ကမ္ဘာသိအလှူတော် "
မန္တလေး တိုင်း၊ အမရပူရမြို့နယ်
မြစ်ငယ် - စစ်ကိုင်းဖြတ်လမ်း၊ ဆင်ရွာမြင်းမူကျေးရွာအနီး၌ တည်ထားတော်မူလေသော ကမ္ဘာပထမဦးဆုံး
" ဝေယောစန ကျောက်စိမ်းစေတီတော် " ကြီးကို ယခုနှစ် ဇွန်လ( ၅ )ရက်နေ့က ထီးတော်တင်လှူနိုင်ခဲ့သည်။
စေတီတော်တွင်...
ပါရမီဆယ်ပါး ကျောက်စိမ်းစာလုံးများ။
ပန်းတင်ခုံနံရံအထက်တွင် အောင်ခြင်းရှစ်ပါးအောင်တော်မူခန်းများ။
ဇာတ်တော်ကြီးဆယ်ဘွဲ့။
မုခ်ဦးလေးမုခ်ရှိ တံကဲဝဲယာတို့တွင်...
မဟာဗောဓိညောင်ပင် ပုံသဏ္ဍန် ကျောက်စိမ်းရုပ်ပုံတို့ကို ကပ်လှူထားသည်။
ငှက်ပျောဖူးကြီးမှာ အမြင့်ရှစ်ပေ၊ ခြောက်လက်မရှိပြီး အေအဆင့် ရှိသော ကျောက်စိမ်းပြားများဖြင့် ပြုလုပ်ထားသည်။
အလှူရှင်ဦးစိုးနိုင် ကိုယ်တိုင်ပင် စေတီတော်ကြီး၏ ဒီဇိုင်းများနှင့် ပန်းပုပုံ များကို ပုံဖော်စီမံခန့်ခွဲကပ်လှူထားပါသည်။
စေတီတော်ကြီးအား ငွေကျပ်သိန်းပေါင်း တစ်သိန်းလေးသောင်းကျော်အထိ ကုန်ကျခံ၍ တည်ထားကိုးကွယ်ခဲ့ပါသည်။
ခင်မြတ်သူ
မေတ္တာရှင်စာအုပ်မှ
မြနန်းဆရာတော်

Saturday, August 6, 2016

အသက်အရွယ်ရဲ့ သဘောသဘာဝ

Lota Yae
အသက်အရွယ်ရဲ့ သဘောသဘာဝ
+++++++++++++++++++++
အသက် ၂၀ တုန်းက အိမ်မှာနေတာနဲ့ ခရီးသွားတာ သိပ်မကွာလှပါ။
ဘယ်နေရာ ရောက်ရောက် ခဏလေးနဲ့ အရောဝင်သွားတယ်။
အသက် ၃၀ မှာ နေ့တာနဲ့ ညတာ သိပ်မကွာလှပါ။
ဘယ်နှစ်ညပဲ အိပ်ရေးပျက်ပျက် ဘာမှမဖြစ်သလိုပဲ။
အသက် ၄၀ ရောက်တော့ ဘွဲ့ရတာနဲ့ ဘွဲ့မရတာ သိပ်မကွာလှပါ။
ကျောင်းမပြီးလိုက်တဲ့ သူငယ်ချင်းတွေ ၀င်ငွေပိုကောင်းနေသလိုပဲ။
အသက် ၅၀ ရောက်တော့ လှတာနဲ့ ရုပ်ဆိုးတာ သိပ်မကွာလှပါ။
ငယ်သူငယ်ချင်းတွေ ဘယ်လောက်ချောခဲ့လှခဲ့ အခု ပါးရည်တွေ စတွန့်နေပါပြီ။
အသက် ၆၀ ရောက်တော့ ရာထူးကြီးတာနဲ့ ရာထူးငယ်တာ သိပ်မကွာလှပါ။
ပင်စင်စားပြီးရင် အားလုံးဟာ အရပ်သားပြန်ဖြစ်သွားတာပါပဲ။
အသက် ၇၀ ရောက်တော့ အိမ်ကြီးတာနဲ့ အိမ်သေးတာ သိပ်မကွာလှတော့ပါ။
အရိုးအဆစ်ကိုက်တော့ ဘယ်နှစ်ထပ်အိမ်ပဲဖြစ်ဖြစ် သိပ်မတက်ဆင်းချင်တော့ပါ။
အသက် ၈၀ရောက်တော့ ချမ်းသာတာနဲ့ ဆင်းရဲတာ သိပ်မကွာတော့ပါ။
ဘယ်လောက်ပဲသုံးသုံး ပိုက်ဆံသိပ်မသုံးတတ်တော့ဘူးလေ။
အသက် ၉၀ ရောက်တော့ ယော့င်္ကျားနဲ့ မိန်းမ သိပ်မကွာလှတော့ပါ။
ဘယ်သူမှ အဲဒီအရွယ်မှာ ဆန့်ကျင်ဘက်ကို စိတ်မ၀င်စားတော့ပါဘူး။
အသက် ၁၀၀ ရောက်တော့ လှဲနေတာနဲ့ ရပ်နေတာ သိပ်မကွာလှတော့ပါ။
ထရပ်နေရင်လည်း သိပ်မသွားတော့ဘူးလေ။
ဘ၀ဆိုတာဒါပါပဲ၊ မြင်အောင်ကြည့်ပါ။ သိအောင်ရူ့ပါ။ လုံးလုံးနားလည်သွားရင် ဘ၀ကို ပျော်ရွှင်အောင် နေတတ်သွားပါပြီ။
Ref: WeChat
Credit;Sayar Aung Ko Latt

Thursday, August 4, 2016

သမာဓိအမြန်ရစေတဲ့ တရားထိုင်နည်း

အရှင် ဂုဏသာရ with ရွက် 'ကြွေ and 21 others at ကျိုက်ထီးရိုး ရင်ပြင်တော်.
သမာဓိအမြန်ရစေတဲ့ တရားထိုင်နည်း
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက် မျှဝေပေးချင်တယ်။
...
ဝင်လေ ထွက်လေကို သေချာစောင့် ဖမ်းနေရပါတယ်။ ကိုယ်ခန္ဓာက ယားတယ်ဆိုလဲ ယားတဲ့ပေါ် ဖြစ်ပျက် မမှတ်ဘဲ။ အာရုံက နှာသီးဖျားပေါ်မှာ ရှိနေပေးပါ။
သီချင်းသံကြားလဲ နားစည်က အခံဓါတ် အသံက အတိုက်ဓါတ်ကြောင့် ကြားတဲ့ အပွင့်ဓါတ်သဘောမျှလေးဖြစ်ပြီး ပျက်သွားတယ် ဆိုတာတွေ မမှတ်ပါနဲ့။ အာရုံက နှာသီးဖျားပေါ်မှာဘဲ ထားပါ။
ဥပမာ- သီချင်းသံတွေ ဘယ်လောက်ဆူညံပါစေ အာရုံက တစ်ခြားနေရာရောက်နေတဲ့ သူတွေအနေနဲ့ ဘာစာသားတွေ ဆိုသွားတယ်ဆိုတာတွေ ကျယ်လောင်နေတာဘဲဆိုတာတွေ မသိနိုင်သလိုပါဘဲ။
တကယ် တရားထိုင်တဲ့အခါမှာ လူတော်တော်များများက ဘာကို ဘယ်လို ထိုင်ရမယ်ဆိုတာ မသိကြပါဘူး။ နားလည်သူတွေကို မေးမြန်းကြတာတွေလဲ နည်းပါတယ်။ ကြာကြာထိုင်ပေမယ့် သမာဓိမတက်။ ဒုံရင်းက ဒုံရင်းဖြစ်နေကြတာ။ မထိုင်တတ်ကြလို့ပါ။
နှာသီးဝမှာ ထားတယ်ဆိုရာမှာ စလုံးရေ စတဲ့ သူတွေအနေနဲ့ ပြသနာ တစ်ရပ်က အတွေးလေးတွေ ဝင်လာတာပါဘဲ။
အတွေးတွေ မဝင်ရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိကပ်လိုက်တဲ့အခါ အတွေးကို ဖျက်လိုက်ပါ။ ငါ အတွေးဝင်သွားပါလားဆိုတဲ့အတွေးနဲ့အပြိုင် ငါတရားထိုင်နေပါလားဆိုတာ သိပါ။
ပြီးရင် နှာသီးဖျားမှာ ဆက်ထားပါ။ အတွေးပေါ်မှာ ဖြစ်ပျက်လေး ဖြစ်သွားပါလားဆိုတဲ့ ဟာလေး နှလုံးသွင်းနိုင်ရင် ပိုကောင်းပါတယ်။
တရားပြတဲ့အဘတစ်ယောက်ပြောဘူးသလို လူတွေက ငါခု ဘာလုပ်နေတယ်ဆိုတာ မသိကြဘူး။ သတိကပ်ပြီး သိခဲ့ရင်လဲ မကောင်းမှုနဲ့ မတရားမှုဆိုတာလဲတော်တော်နည်းသွား မယ်ကွတဲ့။
ဒေါသထွက်နေချိန် ဒါမှမဟုတ် ထွက်ပြီးချိန်မှာ ငါဒေါသထွက်နေပါလား ပူလောင်လိုက်တာ ငါဒေါသထွက်လိုက်ပါလား အကျိုးမရှိလိုက်တာ မှားသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို သိတဲ့အသိပါ။ လူတွေက ဒေါသထွက်ပြီးလဲ ငါဘာဖြစ်ခဲ့တယ်ဆိုတဲ့ အသိမရှိ။ ထွက်တုန်းလဲ အသိဆိုတဲ့ သတိမရှိမှတော့ မဂ္ဂင်လမ်းနဲ့ အဝေးကြီးပါတဲ့။ ထားပါတော့။ ဆက်ပြောမယ်-
တရားနိမိတ်တွေ ပေါ်လာရင်လဲ ထူးဆန်းအံ့သြမှုတွေ ထဲမှာ မျောပါမသွားဘဲ။ ငါ တရားထိုင်နေတယ်ဆိုတဲ့ အတွေးလေးနဲ့ ဖြတ်ပစ်ရပါမယ်။
ဒီနေရာမှာ သမထနဲ့ ဝိပဿနာခွဲဖို့ လိုပါလိမ့်မယ်။ သမာဓိ ထူထောင်တဲ့အထိက သမထနည်းနဲ့တူတူပါဘဲ။ သမာဓိ အားကောင်းလာပြီဆို အာရုံထူး နိမိတ်ထူး ခံစားချက်ထူး ပုဂ္ဂိုလ်ထူးတွေနဲ့ တွေ့လာတဲ့အခါမှာ သမထက အဲ့အာရုံတွေပေါ်မှ နှစ်သက် မြောပါသွားပါတယ်။ ရလာတဲ့ ဈာန်သေးသေးလေးအပေါ်မှာ နှစ်သက်မြတ်နိုးတာက သမထပါ။
ဝိပဿနာက ဘာအာရုံတွေဘဲလာလာ အပျက်ဆိုတဲ့ ဘက်ကို ရှေ့ရှုရမှာပါ။ ပျော်ဝင်မသွားရပါဘူး။ အနတ္တမှာ လမ်းဆုံးမှ ဝိပဿနာပါ။
ဒီနည်းလေးက တန်ဖိုးသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို ရှေးကျမ်းစာ တစ်အုပ်ထဲမှာ ဖတ်ရတာပါ ဖြတ်လမ်းနည်းလေးပါ။
တခြားထိုင်နည်းတွေလဲ မှန်ပါတယ်။ ဒါပေမယ့် ဖြတ်လမ်းနည်းကို သဘောကျသူတွေတွက်ပါ။ တကယ်လဲ ထိရောက်ပါတယ်။

Wednesday, August 3, 2016

ပရုပ်လုံး သာသနာ

ဦးမြင့်ခိုင်
ပရုပ်လုံး သာသနာ
----------------------
ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ခုနစ်ထောင်ကျော်ရှိတယ်
...
ကမ္ဘာပေါ်မှာ အဓိကဘာသာကြီး လေးခုရှိပါတယ်
ခရစ်ယာမ် မူစလင် ဟိန္ဒူ သုံးဘာသာပေါင်းက
သန်းငါးထောင်ဝန်းကျင်ရှိတယ် ဗုဒ္ဓဘာသာက
သန်းခြောက်ရာကျော်ပဲရှိတယ်
အဲဒီသန်းခြောက်ရာကျော်ထဲက တကယ့်ထေရဝါဒစစ်စစ်က သန်း ၁၆၀ ကျော်ပဲ
ရှိတော့တယ်
ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒ သာသနာတော်သုံးရပ်လုံးရဲ့ အဓိက တာဝန်ကို
ယူထားရတာက မြန်မာတစ်နိုင်ငံပဲရှိတော့တယ်
မြန်မာနိုင်ငံဟာ ဗုဒ္ဓသာသနာတော်အတွက်
အခြေခံအုပ်မြစ်ဖြစ်တယ်
ပြည်နယ် တိုင်း ဆယ့်လေးခုမှာ ကချင် ကရင်
ကယား ချင်း ပြည်နယ်တွေမှာက အဓိက ကြီးစိုး
နေတာက ခရစ်ယာမ်တွေဖြစ်တယ်
အဲဒီဒေသတွေမှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်အနည်း
ငယ်ဟာလည်း သာမန်မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ထက်မပိုဘူး
သာသနာတော်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ရဟန်းသံဃာတော်တွေအများဆုံးရှိရာ
ရန်ကုန် မန္တလေး မော်လမြိုင် စတဲ့ အဓိက
မြို့ ကြီးတွေမှာ ကြီးစိုးနေတာက တရုတ်နဲ့  မူစလင် တွေဖြစ်ပြီး ဗုဒ္ဓဘာသာအတွက် ဘာမှ
အထောက်အပံ့မဖြစ်ဘူး
( မန္တလေးက ရဟန်းသံဃာအချို့ဟာ မြို့ပြင်ကို
ထွက်ပြီးဆွမ်းခံနေတာတွေ့ လို့  မေးကြည့်တော့
မြို့ထဲမှာက ဘာသာခြားတွေက ငွေနဲ့ ပေါက်ပြီး
ဝယ်ထားတော့ ဗုဒ္ဓဘာသာဝင်တွေက မြို့ပြင်ပြောင်းနေကြပြီ ဆွမ်းကွမ်းအတွက် တကယ်
လှူတာက ဗုဒ္ဓဘာသာတွေ ဒါ့ကြောင့် မြို့ပြင်ထွက်ပြီး ဆွမ်းခံနေရပြီ တဲ့ )
ရဟန်းသံဃာ ငါးသိန်းဝန်းကျင်ပဲ ရှိတယ်
တနှစ်ကို ခုနှစ်သောင်း နုန်း နဲ့ လျှော့ နေပြီ တဲ့
နိုင်ငံရေးအခြေအနေကြောင့် ရဟန်းသံဃာတော်
တွေကိုအမြင်မကြည်မလင်ဖြစ်ပြီး ဆွမ်းမလောင်းဘူး ဆိုသူတွေကလည်း ဒု နဲ့  ဒေး
ပင်ပမ်းဆင်းရဲလှတဲ့ ရဟန်းသံဃာတော်တွေကို
ဆွမ်းကွမ်းလှူဖို့ မစဉ်းစားပဲ ရဟန်းသံဃာဆိုတာ
ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ် ဆိုတဲ့
ခြင်ထောင်ထဲကနေ ဝိနည်းတွေရွတ်ပြနေသူတွေ
ကလည်း အမြောက်အမြားပဲ
ရုပ်ဝတ္တုကလည်းတိုးတက်နေတဲ့အတွက်
အာရုံငါးပါးကို မကျော်လွှားနိုင်ကြတာ ရှိသလို သာသနာတော်အတွက်
ထမ်းဆောင်ချင်ပေမဲ့ ဘာအထောက်အပံ့မှမရလို့ 
သော်၎င်း စာမေပွဲဖြေဖို့  အထောက်အပံမရှိတာတွေကြောင့်၎င်း လူထွက်
ချင်နေတဲ့ ရဟန်းတော်တွေကလည်း အများကြီး
ရှိသလို ထွက်သွားနေကြတဲ့ ရဟန်းသံဃာ
တော်တွေကလည်း အမြောက်အမြားရှိတယ်
သာသနံ နာမ ရာဇာနံ နိဿယ ပဝဍ္ဎတိ
သာသနာတော်အတွက် အုပ်ချုပ်သူမင်းရဲ့
အထောက်အပံလည်း လိုပါတယ် တဲ့
အရင်အစိုးရတုန်းက သာသနာတော်အတွက်
အထောက်အပံ့နည်းလို့ ရဟန်းသံဃာတော်တွေ
လျှော့နည်းခဲ့ရတယ် အခု နောက်တက်တဲ့
မင်းအစိုးရသည်လည်း ပထမ အစိုးရ ကဲ့သို့ 
သာသနာတော်ကို ဥပေက္ခာပြုသူ မဖြစ်ပါစေနဲ့ လို့
ဆုတောင်းပါတယ်
သာသနာတော် တိုးတက်ဖို့ အတွက်
သိပ်ပြီးအချိန်ဆွဲလို့ မရတော့ပါဘူး
ငါးသိန်းကို တနှစ်ခုနစ်သောင်း လျှော့တယ် ဆိုတော့ သိပ်မကြာတော့ဘူး
အော် - - -
ဗုဒ္ဓသာသနာတော်ကြီးလည်း
တဖြေးဖြေးနဲ့ 
ပရုပ်လုံး သာသနာ ဖြစ်နေပါပေါ့လား
ဗုဒ္ဓဘာသာဝင်တိုင်း ငါတို့ မှာတာဝန်ရှိတယ်ဆိုတဲ့
အယူအဆမျိုး ရှိဖို့ တော့ လိုနေပြီထင်တယ်
အခုထိ မပြင်နိုင်ကြဘူးဆိုရင်တော့
သာသနာတော်အတွက်
စိုးရိမ်စရာဖြစ်တော့မယ်
ဦးမြင့်ခိုင်
share

"မကြာမီ … သေမည် မျှော်"•••

Aye Chan Mon with Hla Win Aung and 2 others.
6 hrs
"မကြာမီ … သေမည် မျှော်"•••
တ လောက … နိုင် ငံကျော် ဆေးရုံပိုင် ရှင်
သူဋ္ဌေးကြီးတစ်ဦး … ဆုံးသွားတဲ့သတင်း ကြားရတယ်။
သိပ်မကြာခင် ပဲ … နာမည်ကြီး အလှမယ်တစ်ဦး...
ငယ်ငယ် နဲ့ … ဆုံးသွားတဲ့ သတင်း ကြားရတယ်။
အခု … နိုင် ငံကျော် သမားတော်ကြီးတစ်ဦး
ဆုံးသွားတဲ့သတင်း ကြားရတယ်။

ဒီနေ့ ဒီအချိန် … ငါ သေလိမ့်မယ်လို့ 
ဘယ်သူကြိုသိထားမှာလဲ။
ဒီနေ့ ဒီအချိန် … သူတို့ သေလိမ့်မယ်လို့ 
ဘယ်သူ ကြိုသိထားမှာလဲ။
ဒီနေ့ ဒီအချိန် … ငါ သေမယ် လို့ သာ
လူတိုင်းကြိုသိကြရင် … ရှိသမျှ စည်းစိမ်
အကုန်လှူပြီး … တရားအားထုတ်ကြမှာပဲ။
ခုတော့ တော်တော်နဲ့ … မ သေနိုင် သေးပါဘူးလို့ 
ကိုယ့်ကိုယ်ကို … အပိုင် တွက်ကြရင်း
တစ်ယောက်ပြီး တစ်ယောက် သေသွားကြတယ်။
ရှာသမျှ ပိုင် သမျှ စည်းစိမ် အကုန်ထားသွားကြရတယ်။
ကျနော်တို့ ဟာ … သူများသေတာသာ သိတယ်။
ကိုယ်သေမှာကို … မေ့နေကြပါတယ်။
ကြက်သည်မ ရဲ့ ကြက်ခြင်းထဲက ကြက်တွေလို
စဉ်းတီတုံးလည်း မြင် သား …
ဓားမ ကြီးလည်း မြင် နေသား …
တစ်ကောင် ပြီး တစ်ကောင် …
ဆွဲထုတ်ပြီး သတ်နေတာလည်း မြင် ရသား …
မြင် ပေမယ့်လည်း … ကြက်ခြင်းထဲမှာ
တစ်ကောင် နဲ့ တစ်ကောင်
တွန်လိုက် ခွပ်လိုက် … မိတ်လိုက် လိုက်နဲ့
ပျော်လို့ ကောင်းနေတုန်းပဲ။
ငါ့အလှည့်လည်း မလွဲမ သွေ
ရောက်လာဦးမယ်လို့ 
ကြောက် ရ ကောင်းမှန်း … မသိကြဘူး။
သေ ရ မှာ … တွေးကို မ တွေးကြလို့ ပါပဲ။
ငါ ဘယ်လောက် ချမ်းသာတယ်
ငါ့မှာ တိုက်တွေ ကားတွေ ဘယ်လို ပိုင် တယ်
ငါ့ လုပ် ငန်းတွေ စည်းစိမ်တွေဟာ
ဘယ်လောက်ထိ ကျယ်ပြန့် တယ်
ငါ့ဘဝမှာ ငွေရှိရင် ဘာမဆို ပြည့်စုံတယ်
လို့ မာန တက်နေပြီဆိုရင် တစ်ခုပဲ
သတိရလိုက်ပါ။
ငါ … သေရဦးမယ် လို့ ။
ငါ့ကို ဘယ်သူမှ မယှဉ်နိုင် ပါဘူး။
ငါ့လောက် ဘွဲ့တွေ ဒီဂရီတွေ ဘယ်သူမှ မရဘူး။့
ငါ့ဘဝမှာ ငါမသိတဲ့အရာ ဘာမှ မရှိဘူး လို့ 
ထင် ခဲ့ရင် ဒီမေးခွန်းလေး ငါးခုကို
ဖြေကြည့်လိုက်ပါ။
• ဘယ်အရွယ်မှာ သေမှာလဲ
• ဘယ်ရောဂါနဲ့ သေမှာလဲ
• နေ့မှာ သေမှာလား … ညမှာ သေမှာလား
• ဘယ်သချိင်္ုင်းမှာ အမြှုပ်ခံရမှာလဲ
• ဘယ်ဘဝကို ရောက်မှာလဲ။
လောကီပညာ … တစ်ဖက်ကမ်းခပ် တတ်နေပါစေ
ဒီမေးခွန်းတိုင်းမှာတော့ … "မသိပါ" ဆိုတဲ့
အ ဖြေသာ … ထွက်လာလိမ့်မယ်။
ဘဝမှာ … သေရမှာက လွဲလို့ 
ဘာတစ်ခုမှ … သေချာတာ မရှိပါဘူး။
'သေရဦးမယ်'လို့ … ကိုယ့်ကိုယ်ကို
သတိပေးနေရင် … မာန်မာန တွေ
လျော့ကာ … ကုသိုလ်ပြုဖြစ်နေမှာပါ။
လူတိုင်းဟာ မွေးလာပြီဆိုကတည်းက
သေမိန့် ကျထားပြီးသားပါ။
သေမိန့် စောင့် နေကြရတဲ့ ကာလ လေးမှာ
ဘဝမှာ ပျော်ဖို့ ပါးဖို့ အာဏာရှိကြီးဖြစ်ဖို့ 
သူဋ္ဌေးကြီးဖြစ်ဖို့  အထင်ကြီးခံရဖို့ ဆိုတာ
ဘဝရဲ့ အနှစ်သာရ တစ်ခု … မဟုတ်ဘူးဆိုတာ
သတိထားမိဖို့ ပါပဲ။
မ သေ ကြဘူး … ဆိုရင် တော့
ပျော်ဖို့ ပါးဖို့ ဆိုတာ … အနှစ်သာရ
ဖြစ်ကောင်း ဖြစ်လိမ့်မယ်။
ခုတော့ … နတ်တွေ ဗြဟ္မာတွေတောင်
မလွတ်တဲ့ … သေခြင်းတရားမှာ
ဘယ်ဟာ … အနှစ်သာရလဲ စဉ်းစားသင့်လှတယ်။
ရှိဖို့ လား … သိဖို့ လား …
မရှိတာက … ရှိအောင် လုပ်လို့ ရပါတယ်။
မသိပြီဆိုမှဖြင့် … သံသရာရေဝဲမှာ မြုပ်ဖို့ သာပါပဲ။
ငါသေရင် … အပါယ်မကျဘူးလို့ 
ဘာများအာမခံချက် ရှိထားပြီးပြီလဲ။
လူ့ ဘဝရဲ့ အနှစ်သာရဆိုတာ …
ကုသိုလ်တရားမှန်သမျှ … ပါရမီမြောက်
ဖြည့်ကျင့်ဖို့ နဲ့ … သီလ သမာဓိ ပညာဆိုတဲ့
အကျင့်မြတ်ကို … ကျင့်သုံးပြီး
အရိယာသစ္စာကို … သိမြင် ကာ
ဘဝဒုက္ခတွေ … ဇာတ်သိမ်းနိုင် ဖို့ မှတစ်ပါး
ဘာများ … အနှစ်သာရ ရှိဦးမှာလဲ။
3.8.2016
Lwinoo Ko

Tuesday, August 2, 2016

အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး

ခေမာဝတီ
အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုး
----------------------------
မသိတဲ့သူတွေကတော့ ရုပ်တုတွေ ဆင်းတုတော်တွေ
အုတ်ပုံကြီးတွေကို ရှိခိုးနေကြတာလို့ ပဲ သုံးသပ်ကြ...တယ် ဘာသာတိုင်းမှာလည်း
ကိုးကွယ်မှူ့ ပြယုတ်အမျိုးမျိုးရှိတာပဲလေဆိုပြီး
သာမန်လောက်ပဲ ထင်ထားတတ်ကြပါတယ်

ဘာသာအမျိုးမျိုးရှိလို့ ကိုးကွယ်မှူ့ အမျိုးမျိုး
ရှိကြပေမဲ့ အတုနဲ့အစစ်ရဲ့ ဂုဏ်အရည်အချင်း
ကတော့ ကွာခြားပါလိမ့်မယ်
စေတီတည်ထိုက်တဲ့အရာတွေဖြစ်တဲ့ ဓာတုစေတီ
ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂ စေတီတွေ
ဆိုတာဟာ ပူဇောရင်အကျိုးကြီးမားစွာရှိလို့ 
ဘုရားရှင်ဟောထားခဲ့တာပါ
နောက်တခါ ငါဘုရားရှင်သက်တော်ထင်ရှား
ရှိစဉ်အခါ၌ ငါဘုရားရှင်ကိုပူဇော်ဖူးမြင်ရသော
အကျိုးသည်၎င်း မရှိသောအခါ၌ စေတီ ပုံတော်ကို
ပူဇော်ဖူးမြင်ရခြင်းသည်၎င်း သဒ္ဒါတရား
ထက်သန်တူညီမှူ့ ရှိခဲ့သော အကျိုးပေးသည်လည်း
အတူတူပင်ဖြစ်ပေ၏ တဲ့
မိမိရဲ့အိမ်ကဆင်းတုတော်ပဲဖြစ်ဖြစ် ပုံတော်ပဲ
ဖြစ်ဖြစ် စေတီတဆူဆူပဲဖြစ်ဖြစ် သက်ရှိထင်ရှား
ဘုရားရှင်ကဲ့သို့ စိတ်ထားနိုင်ပြီး ပန်း ရေချမ်း
ဆီမီး ဆွမ်း အစရှိတဲ့ကောင်းမှူ့ တွေလုပ်တာဟာ
သက်ရှိထင်ရှားဘုရားကိုပူဇော်လို့ ရတဲ့အကျိုးနဲ့ 
အတူတူပါပဲ
ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းအတွက်
မဖြစ်မနေသိထားသင့်တဲ့အရေးကြီးတဲ့
ကိစ္စပါ အခြားဘာသာတွေကဲ့သို့ ကိုးကွယ်မှူ့ ပြယုတ်
မဟုတ်ပါဘူး တကယ်သဒ္ဒါထက်သန်ရင်
တကယ်အကျိုးပေးကြီးလှပါတယ်
ဒီကိစ္စနဲ့ ပါတ်သတ်လို့  တကယ့်အဖြစ်အပျက်
လေးတခုပါ လူတော်တော်များများလည်း
ကြားဖူးကြမှာပါ
ပဲခူးတိုင်း ဖြူးမြို့ နယ်က ဒေါကလေးမဆိုတဲ့
အမယ်အိုကြီးတဦးရှိတယ် အရမ်းဆင်းရဲတယ်
မလှူနိုင်မတန်းနိုင်ပါဘူး ဒါပေမဲ့ သူ့ ရဲ့
ထူးခြားတဲ့ကုသိုလ်က ဆွမ်းကပ်တဲ့အခါ
သက်တော်ထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုး
ဆွမ်းအများကြီးနဲ့ ကပ်တယ် ကိုယ်ရေသောက်တိုင်
ဘုရားရှင်ကိုလည်းခဏခဏသောက်တော်ရေကပ်တယ်
မနက်စောစော မျက်နှာသစ်တော်ရေ အစရှိတဲ့
အိမ်မှာရှိတဲ့ဘုရားကိုသက်ရှိထင်ရှားဘုရားကဲ့သို့ 
သဘောထားပြီးသဒ္ဒါထက်သန်စွာနဲ့ကောင်းမှူ့ 
ကုသိုလ်တွေပြုခဲ့တယ်
တနေ့ တော့ အဲဒီနယ်ကဆရာတော်ကြီးတပါးဟာ
မျောပြီးနတ်ပြည်ကိုရောက်သွားတယ် နတ်ပြည်မှာ
အလွန်တောက်ပတဲ့ဗိမ္မါန်ကြီးကိုတွေ့ ရတယ်
ဗိမ္မာန်ရှင်နတ်သားကိုမတွေ့ လို့ မေးကြည့်တော့
နတ်သားတပါးကပြောတယ် အဲဒီဗိမ္မာန်ဟာ
ဖြူးမြို့ စမ်းမြိုင်ရပ်က ဒေါ်ကုလေးမဗိမ္မာန်တဲ့
သူကမသေသေးဘူး အခုရှိသေးတယ်
သူသေရင်နေဖို့ တဲ့
နောက်တော့ ဆရာတော်ကြီးကသတိယလာပြီး
ကပ္ပိယတွေကိုစုံစမ်းခိုင်းလိုက်တော့ ဒေါ်ကုလေးမ
ကိုတွေဘ့ပြီး သူ့ ရဲ့ထူးခြားတဲ့ကောင်းမှူ့ တွေကိုပါ
မေးလာခဲ့ရတယ်
လူမသေခင်ဗိမ္မာန်ပေါက်တာဟာ ဇာတ်တော်
တွေထဲမှာလည်း ရှိပါတယ်
ကဲ ဒါဆိုရင်
အိမ်မှာရှိတဲ့ဘုရားဆင်းတုတော်ဟာ
ဘာသာတရားတခုရဲ့ပြယုဒ်မဟုတ်ဘူး
ဆိုတာကိုသဘောပေါက်လောက်ရောပေါ့
မိတ်ဆွေတို့ လည်း
သက်ရှိထင်ရှားဘုရားရှင်နဲ
နေ့ တိုင်းထိတွေ့ ခွင့်ရနေတယ်ဆိုတာ
မမေ့ကြစေလိုပါ
စေတနာများစွာဖြင့်'
်
share - -

Monday, August 1, 2016

ဥပုသ်စောင့်ပုံ အစီအစဉ်

နည်းစနစ်ကျကျအတွေးအခေါ်'s photo.
နည်းစနစ်ကျကျအတွေးအခေါ်
ဥပုသ်စောင့်ပုံ အစီအစဉ်
"ဥပုသ်စောင့်ပုံ"
"ဥပုသ်"ဟူသော စကားသည် "ဥပေါသထ" ဟူသော ပါဠိမှ ကူးစက်လာသော ပါဠိပျက် စကား တည်း၊
...
"ဥပ+ဝသထ"ဟု ပုဒ်ခွဲ၊ ဥပ=ညစာ မစားခြင်း, သူ့အသက် မသတ်ခြင်း စသော အကျင့်ကောင်းနှင့် ပြည့်စုံ၍၊ +ဝသထ-နေခြင်း၊
ညစာမစားခြင်း သူ့အသက်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော သီလကို ခံယူဆောက်တည်၍၊ ဘုရား ဂုဏ်တော်, တရားဂုဏ်တော် စသော အာရုံများကို အာရုံပြုကာ( ဘာဝနာပွားလျက်) အကုသိုလ်စိတ်များ မဖြစ်စေဘဲ၊ စိတ် စင်ကြယ်အောင် စောင့်စည်းနေထိုင်မှုကို "ဥပုသ် စောင့်"ဟု ခေါ်သည်။
[ဆောင်] မိမိစိတ်မှာ, စင်ကြယ်လာအောင်, အင်္ဂါရှစ်တန်, သီလခံ၍, ခြိုးခြံအောင့်အည်း, တဖြောင့်တည်းဖြင့်, စောင့်စည်း အား ထုတ်, တရားကုတ်, ဥပုသ်စောင့်ဟုမှတ်။
၁။ နက်ဖြန် ဥပုသ်စောင့်မည် ဟု ကြံစည်သော သူတော် စင်သည် ဥပုသ်စောင့်သည့် အခိုက်၌ အိမ်မှုကိစ္စတွေကို ရွက်ဆောင် ခြင်းငှာ မလျော်သောကြောင့် ယနေ့လို အခါကပင် အိမ်မှုကိစ္စများကို တာဝန်ရှိသမျှ ပြီးစီးအောင် စီမံထားရာ၏။
၂။ ချက်ပြုတ် ကျွေးမွေးမည့်သူ အဆင်သင့်ရှိလျှင် နက်ဖြန် မိမိစားဖို့အတွက် ပြောပြ စီစဉ်ထားရာ၏၊ [ဥပုသ်စောင့်ခိုက် ခါတိုင်း ထက် ကောင်းကောင်းစားဖို့ကား မစီမံသင့်]။
၃။ ချက်ပြုတ်ကျွေးမွေးမည့်သူ မရှိလျှင် နက်ဖြန် ကိစ္စနည်း အောင် ပြီးစီးကောင်းသော စားဖွယ် သောက်ဖွယ်များကို ပြီးစီး စေအောင် စီမံထားရာ၏။
၎။ နက်ဖြန် နံနက် အရုဏ်တက်ချိန်ကပင် ကိုယ်လက်များကို စင်ကြယ်အောင် ပြု၍ စိတ်ကြည်လင်ရုံမျှ သန့်ရှင်းသော အဝတ်ကို ဝတ်ဆင်ရာ၏။
၅။ ပန်းပန်မှု, နံ့သာလိမ်းမှုနှင့် အထူးတလည် ပြင်ဆင်မှုကို မပြုရာ။
၆။ ထို့နောက် ခပ်စောစောကပင် သီလဆောက်တည်ရာ၏၊ [သီလဆောင်တည်သောအခါ ပါဠိလို နားမလည်လျှင် မြန်မာလို ဆောက်တည်နိုင်ပါသည်၊ ရှစ်ပါးသီလ နှုတ်တက်မရလျှင် ဘုရား ပညတ်တော်မူအပ်သော ဥပုသ်သီလကို ဆောက်တည်ပါ၏ ဟု နှုတ်ကမိမိဘာသာ ဆို၍လည်း ဆောက်တည်နိုင်၏။ ]
၇။ သီလ ဆောက်တည်ပြီးလျှင် ကျွေးမွေး လှူဒါန်းဖွယ် ကိစ္စရှိက ထိုကိစ္စကို ပြုလုပ်၍ မရှိက မိမိအတွက် သင့်တော်ရုံ မျှသာ စီမံ၍ စားသောက်ရာ၏၊ [တစ်ထပ်သာမက ညစာမစားဘဲ နေနိုင်လောက်အောင်ပင် စားသောက်ခွင့်ရှိ၏။]
၈။ကျွေးမွေး စားသောက်မှုပြီးလျှင် ကိုယ်လက် မစင်ကြယ်က ရေချိုးရာ၏၊ [ကိုယ်စင်ကြယ်မှ စိတ်ကြည်လင်- စိတ်ကြည်လင်မှ တရားအာရုံ့ပြု၍ ကောင်းသည်။]
၉။ ထို့နောက် မိမိတစ်ကိုယ်တည်း နေသင့်သူဖြစ်လျှင် တစ် ကိုယ်တည်းနေ၍ အဖော်နှင့် နေသင့်သူဖြစ်က သဘောတူ အဖော်နှင့် တကွ သင့်တော်သော ဆိတ်ငြိမ်ရာဌာန၌ ဗြဟ္မာ ဥပုသ်ကို စောင့်လိုလျှင် ဘုရားဂုဏ်တော်ကို အာရုံပြု၍ နေရာ၏။
၁၀။ တာရှည်စွာ ဆင်ခြင်၍ မနေနိုင်လျှင် တရားစာကိုလည်း ကြည့်ရှု၍ ရွက်ဖတ်နေရာ၏၊ [ထိုင်၍ချည်း နေရမည်ဟု မဆိုလို-လှဲကာ စင်္ကြံသွားကာ အမျိုးမျိုးမျှတအောင် နေစေလို၏။]
၁၁။ နည်းလမ်းကျကျ ဟောပြောမည့်ပုဂ္ဂိုလ် ရှိလျှင် တရား နာရာ၏။
၁၂။ အချင်းချင်းလည်း တရားစကား ဆွေးနွေး မေးမြန်း စုံစမ်း ရာ၏။
၁၃။ ညဥ့်အချိန်သို့ ရောက်သောအခါ မိမိ၏ သီလကို ပြန်၍ ဆင်ခြင်ပြီးလျှင် အရိယာ သူတော်ကောင်း ရဟန္တာ အပေါင်းနှင့် ယနေ့အတွက် မိမိတူမျှပုံကို အောက်မေ့ရာ၏။
" အောက်မေ့ပုံ"
ရဟန္တာအရှင်မြတ်တို့သည် သူ့အသက်ကို သတ်ခြင်း, သူ့ဥစ္စာကို ခိုးယူခြင်း, လောကီအာရုံ ကာမဂုဏ်တို့မှ ရှောင်ကြဉ်၍ ညဥ့်စာစားမှု, ပန်းနံ့သာစသည် လိမ်းကျံမှုများကို မပြုသကဲ့သို့ ငါသည်လည်း ယနေ့အဖို့၌ ထိုအမှု အမျိုးမျိုးကို ရှောင်ကြဉ်သဖြင့်
ရဟန္တာ အရှင်မြတ်များနှင့် တူပေသည် တကား" ဟု မိမိကိုယ်ကို အလွန်မြှောက်တင်ကာ ရဟန္တာ ယောကျာ်း ရဟန္တာ မိန်းမ စိတ်ကို ဖြစ်စေပြီးလျှင် ယခုလို အသက်ထက်ဆုံး စောင့်စည်းနေပါလျှင် မကြာခင် ဒုက္ခခပ်သိမ်း ငြိမ်းပေလိမ့်မည် ဟု ဆင်ခြင်ရာ၏။
၁၄။ နံနက် အရုဏ်တက်၌ မိမိရည်မှန်းထားသော အချိန်စေ့ သောအခါ အလိုလျောက် ရှစ်ပါးသီလ မရှိတော့ဘဲ ငါးပါးသီလသာ ကျန်ရစ်တော့သည်၊ [ယခုကာလ အချို့ အရပ် မှာလို ငါးပါးသီလယူကာ ဥပုသ်ချနေဖွယ် မလိုပါ။] ဤကား ဥပုသ်စောင့်ပုံ အစီအစဉ်တည်း။
"ဥပုသ်ကာလ အပိုင်းအခြား"
ဥပုသ်သည် ကာလ ပိုင်း၍ စောင့်အပ်သော ဥပုသ်, အသက်ထက်ဆုံး စောင့်အပ်သော ဥပုသ်ဟု ၂ မျိုးရှိ၏၊ ကာလပိုင်း၍ စောင့်အပ်သော ဥပုသ်မှာ ၂ ရက် ၃ ရက် စသည်ဖြစ်စေ, တစ်နေ့ တစ်ညဥ့်လုံး ဖြစ်စေ, နေ့ဝက် ညဥ့်ဝက်ဖြစ်စေ, တစ်ခဏမျှ (တရားနာခိုက်) ဖြစ်စေ စောင့်ကောင်းပါသည်၊
အနာထပိဏ်သူဌေး၏ အလုပ် သမားတစ်ယောက်သည် ဥပုသ်နေ့၌ လယ်ထွန်သွားပြီးနောက် ပြန်လာ၍ သူများ ဥပုသ်စောင့်ကြောင်း သိရကား ထမင်းကို မစားတော့ဘဲ နေ့တစ်ဝက်မျှ ဥပုသ်စောင့်စဉ် လေနာထ၍ စုတေလေသော် ရုက္ခစိုးနတ် ဖြစ်ရသည်၊
ထို့ကြောင့် တစ်သက်လုံး မစောင့်နိုင်လျှင် လ, ရက်, အချိန် ပိုင်းခြား၍လည်း စောင့်ကောင်း ပါသည်။
သို့သော် ယခုကာလ အချို့တရားပွဲ အလှူမဏ္ဍပ် စသည်၌ ကား "မဏ္ဍပ်က မထွက်ခင် ၈-ပါးသီလ ဆောက်တည်ကြ" ဟု ဆိုပြီးလျှင် ဖြီးလိမ်း ပြင်ဆင်ထားသူတို့ကား မာလာဂန္ဓ ဝိလေပန စသော သိက္ခာပုဒ် ကို ဓမ္မကထိကတို့က ချပေးကြ၏၊
"ဥပုသ် မစောင့်ခင်က ဖြီးလိမ်းထားမှုကြောင့် မာလာဂန္ဓဝိလေပန သိက္ခာ ပုဒ်မပျက်"ဟုလည်း ပြောဆိုကြပြန်သေး၏၊ ထိုအားလုံးကို နည်းလမ်းကျမကျ စဉ်းစားကြပါလေ။
(မဟာဂန္ဓာရုံဆရာတော်၏ ရတနာ့ဂုဏ်ရည်ကျမ်းမှ)