လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, July 17, 2016

အချောင်သမား မဖြစ်ကြပါစေနဲ့ 

Royal with Daw Mya Yin Jewellary and 5 others.
1 June
အချောင်သမား မဖြစ်ကြပါစေနဲ့ 
---------------------------------
fb သုံးစွဲသူတော်တော်များများမှာ
တခုလွဲချော်နေတာ ရှိတယ်
မြွေနှစ်ကောင် မိတ်လိုက်နေတဲ့ပုံ
ငါးပုံ
တရုတ်တွေလာဘ်လာဘပေါတယ်လို့ ယူဆပြီး
ထုလုပ်ထားတဲ့ နဂါး လိပ် ရွှေလှေ ငွေလှေ စတဲ့
ပုံတွေကို share ပါ ဘယ်လို ငွေဝင်မယ် ဆိုပြီး
တင်တဲ့အခါ တော်တော်များများ share တာ
တွေ့ ရတယ်
ဒီလို share ယုံနဲ့ သာ ငွေဝင်မယ် လာဘ်လာဘ
ပေါမယ်ဆိုရင် ခတ် လှချည်သေးရဲ့
ဗုဒ္ဓက
ကံ ဥာဏ် ဝိရိယ ကို လုံလောက်စွာထုတ်သုံးမှ
အဆင်ပြေမယ် ကံ ဥာဏ် ဝိရိယ ကို ကိုယ်ထုတ်
သလောက် ကိုယ်ရမယ် ဒါဟာ ဗုဒ္ဓဝါဒ
အခုတော့ ဗုဒ္ဓဝါဒကို ဆန့် ကျင်ပြီး အလွယ် လိုက်
နေကြတာ 
ပြောတော့လည်း ဗုဒ္ဓဘာသာတဲ့
ကံ ဥာဏ် ဝိရိယ ကျတော့လည်း မထုတ်ဘူး
ဒီသာသနာမှာ
ကံသက်သက်နဲ့  ချမ်းသာတာဆိုလို့ 
ဘုရားရှင်လက်ထက်က ဇောတိက ဇဋိလ စတဲ့
သူဋ္ဌေးကြီး လေးဦးကလွဲပြီး ဘယ်သူမှ မရှိပါဘူး
အဲဒီသူဋ္ဌေးကြီးတွေကတော့
အတိတ်ဘဝက ကုသိုလ်အားကြီးတဲ့သူတွေကြောင့် ဒီဘဝမှာ
ဘာမှ မလုပ်ပဲ ချမ်းသာကြပါတယ်
မွေးလာကတည်းက ရွှေတောင်ပေါက်တာမျိုး
ရွှေဆိတ်ရုပ် တွေ မြေကြီးထဲက ပေါ်လာတာမျိုး
စတဲ့ အတိတ်ကံရဲ့ ဘုန်းကံအကျိုးတွေကြောင့်
ချမ်းသာကြပါတယ်
ဒီခေတ်မှာတော့
ကံ ဥာဏ် ဝိရိယ အားမထုတ်ပဲ
ဘယ်သူမှ ဝင်ငွေ မရှိနိုင်ပါဘူး
ဒါကိုပဲ တိရစ္ဆာန် ပုံတွေ share ယုံနဲ့ 
ငွေဝင်မယ်လို့  ပြောနေတာကတော့
တော်တော်လေးကို နေရာမကျဖြစ်ပြီး
ဗုဒ္ဓဘာသာကိုပါ
အပေါစားဘာသာဖြစ်အောင်
အားပေးနေသလိုပါပဲ
ဗုဒ္ဓက
ကိုယ်လုပ်မှ ရမယ်
မလုပ်ရင် မရဘူး
လုပ်သလောက်ရမယ်
နည်းနည်းလုပ်ရင် နည်းနည်းရမယ်
များများလုပ်ရင် များများရမယ်
ဘာမှ မလုပ်ရင်
ဘာမှ မရဘူး
နည်းနည်းလုပ်ပြီး များများမလိုချင် နဲ့ 
ဒါပဲ ရှင်းရှင်းလေး
ဗုဒ္ဓဘာသာလို့ ပြောပြီး
အချောင်သမားစိတ်ဓာတ်မျိုးတွေ
မလုပ်ကြပါနဲ့ 
မဟာယာနက စီးမျောလာတဲ့
အယူအဆတွေ ရောတာများလာရင်
ဗုဒ္ဓဘာသာ ဆုတ်ယုတ် နိုင်ပါတယ်
ထေရဝါဒ သမားများဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ

Friday, July 15, 2016

ဗုဒ္ဓဘာသာဝင်များသတိထားရမည့်အရိယူပဝါဒအန္တရာယ်

ဗုဒ္ဓဘာသာဝင်များသတိထားရမည့်အရိယူပဝါဒအန္တရာယ်

ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။အရိယာပုဂ္ဂိုလ်မှန်းသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့်စွပ်စွဲကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ်။
ခုအခြေအနေဟာရဟန်းတွေကို ဘာသာခြားတွေတင်မကဗုဒ္ဓဘာသာဝင်တွေ ကိုယ်တိုင်ပုတ်ခတ် စော်ကားပြောနေကြပါတယ်။ဘာသာခြားတွေကိုတော့ မပြောလိုတော့ပါဘူး။ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာနိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။
...
ရောက်အောင် လည်းကြိုးစားအားထုတ်နေတဲ့ သူတွေရှိပါတယ်။မိမိကိုယ်တိုင်မဂ်ဖိုလ်ရောက်ကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကိုထိန်းကြပါ။
ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့မရတော့ပါဘူး။လူအရိယာ ရဟန်းအရိယာကို သူတို့မှာ တရား မရှိဘူး။ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး။ရဟန်းတရားမရှိဘူးလို့သိသိမသိသိစွပ်စွဲပြောရင် အရိယူပဝါဒန္တရာယ်ထိုက်ပါတယ်။ဒီကံ ဟာ သိပ်ကြောက်စရာကောင်းပါတယ်။
ဒါကြောင့်သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လို့ဆိုပါတယ်။
တခုသတိထားဖို့ကလူတွေအနေနဲ့ဝိနည်းဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝရှိယုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။ ပွဲကြည့်နေတာမြင်ပြီး လွှတ်ကနဲ (ညစာစားပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ) မပြောမိပါစေနဲ့။ညစာစား ပွဲကြည့် အရက်သောက်သောက် ဘုန်းကြီးဟာ ဘုန်းကြီးပါပဲ။
ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့ (မကောင်းတဲ့ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့ ) ဘုန်းကြီး မဟုတ်ဘူးဆိုတာ ပါရာဇိကကျမှ(မေထုန်မှီဝဲ သူများပစ္စည်း ခိုး လူသတ် ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော) ဘုန်းကြီးမဟုတ်တာပါ။ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင်ရဟန်းတော့ရဟန်းပါပဲ တခြားကျူးလွန်ထားတာတွေကိုကုစားရင်ရပါတယ်။
ဒေသနာကြားတယ် ဒဏ်ထမ်းတယ်ခေါ်တယ် လိမ်ပြောရင်တောင် ပါစိတ်အာပတ် သင့်ပြီး အာပတ်ဖြေရင်ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ပြောတာဟာ ဒီကံနီးပါးအပြစ်ကြီးတယ် အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။
လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁၀)ပါးသီလ။ ဒီထက်အောက်(၈)ပါး (၅)ပါး။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။
ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့ လူကနေဘုန်းကြီးတင်မဟုတ်ဘူး ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာ အလွန်ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ။
ဒေါက်တာနန္ဒမာလာဘိဝံသ
(ပါမောက္ခချုပ်ဆရာတော်၊အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) ၏အဘိဓမ္မာသင်တန်းပို့ချ ချက်များ ဒုတိယတွဲ မှကောက်နှုတ်၍ရေးသားပါသည်။
ဓမ္မရေချမ်းစင်pageမှတဆင့်ကူးယူပူဇော်ပါသည်။
Credit: Original Uploader

Wednesday, July 13, 2016

💬💬သူတော်ကောင်းတို့၏ပေးလှူခြင်း ၅မျိုးနှင့် အကျိုး ၅ပါး

    Ven Kavin Da to ဗုဒ္ဓစာပေများနှင့်ဆုံးမစာများစုစည်းရာ
    14 hrs
    💬💬သူတော်ကောင်းတို့၏ပေးလှူခြင်း ၅မျိုးနှင့် အကျိုး ၅ပါး💬💬
    ၁။ ။ယုံကြည်စွာပေးလှူသူသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ ရုပ်အဆင်းလည်း တင့်တယ်၏။
    ၂။ ။ရိုသေစွာပေးလှူသူသည် ဘဝတိ...ုင်း၌ ချမ်းသာကြွယ်ဝ၍ သားမယား ကျေးကျွန် အလုပ်သမားတို့ကလည်း သူ့စကားကို နာခံတတ်ကြ၏။
    ၃။ ။လျောက်ပတ်သောအခါ၌ ပေးလှူခြင်းသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ လိုအပ်သောအခါ၌လည်း သူ့ထံသို့ အကျိုးစီးပွားများစွာ ရောက်လာတတ်ကြ၏။
    ၄။ ။ပစ္စည်း၌မကပ်ငြိသောစိတ်ဖြင့် ပေးလှူသူသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ သူ့စိတ်သည်လည်း ကောင်းမွန်သည့်ကာမဂုဏ်တို့ကို ခံစားရန် တိမ်းညွတ်၏။
    ၅။ ။မိမိကိုယ်ဖြစ်စေ သူတစ်ပါးကိုဖြစ်စေ မထိခိုက်စေပဲ ပေးလှူသူသည် ဘဝတိုင်း၌ ချမ်းသာကြွယ်ဝ၍ သူ့စည်းစိမ်သည်လည်း မီး ရေ မင်း ခိုးသူ အမွေခံဆိုး ဟူသော
    အကြောင်းတို့ကြောင့် ပျက်စီးခြင်း မဖြစ်။ ( အံ. ပဉ္စကနိပါတ)
    { kavi. မနောမြေ }

Tuesday, July 12, 2016

ဆရာတော်ကြီးအရှင်နန္ဒမာလာနဲ့ နှမတော် ဒေါ်ကဉ္စနာ







TimeAyeyar-တိုင်းဧရာ
“သာသနာ့ဝန်ထမ်းကြတဲ့ ရှာမှရှားတဲ့မိသားစု”
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးDr.နန္ဒမာလာဘိဝံသ၏
မိသားစုဝင် ဓာတ်ပုံများပါ.....
မွေးချင်းမောင်နှမ ကိုးဦးရှိသည့်အနက်

အစ်ကိုကြီးနှစ်ဦးသာ လူဝတ်နဲ့ဖြစ်ပြီး
ကျန်မောင်နှမ ခုနစ်ဦး(ညီအစ်ကို ၆ဦး အစ်မ ၁ဦး)အပါအဝင် မိဘနှစ်ပါးပါ သာသနာ့ဝန်ထမ်းခဲ့ကြတာဖြစ်ပါတယ်..
မြတ်စွာဘုရားရှင်လက်ထက်တော်က
အရှင်သာရိပုတ္တရာမထေရ်တို့ မောင်နှမတွေအားလုံး သာသနာ့တာဝန်ကို ထမ်းခဲ့ကြတယ်လို့ တရားတော်တွေထဲမှာ နာဖူးပါတယ်..
ခုလို ဆရာတော်ဘုရားတို့မိသားစုလည်း မိသားစုလိုက်သာသနာ့ဝန်ထမ်းကြတာ မြင်ရတော့
အထူးပင် ကြည်ညိုသဒ္ဒါပွားမိပါတယ်..
သာဓု သာဓု သာဓုပါဘုရား..
credit to original uploader
photo credit-အရှင်နန္ဒမာလာဘိဝံသ
မဟာသုဗောဓာရုံကျောင်းတိုက်(စစ်ကိုင်း)
Credit: နှလုံးသားအာဟာရ





























မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်းဆိုတာ ရှိတယ်... မွေးချင်းညီနောင် ၆ ယောက် သာသနာ့ဘောင်ဝင် ရှင်ရဟန်း ပြုကြပြီး သီတင်းသုံးကြတဲ့ ကျောင်းတိုက်ပေါ့... မဟာသ...ုဗောဓါရုံလို့ ခေါ်တယ်မှတ်တယ်...
ရဟန်းညီနောင် ခြောက်ပါးစလုံးဟာ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ အနည်းဆုံး ရရှိကြသူတွေ ဖြစ်တယ်ဆိုရင်ပဲ အတော်ကြည်ညိုစရာ ဖြစ်နေပါပြီ... ဒီလို သာသနာ့ အာဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကလဲ ဘယ်လောက်တောင် မြင့်မြတ်ဂုဏ်တက် ကြလေမလဲ...
မွေးချင်း ၁၂ ယောက်မှာ သား ၆ယောက် သာသနာ့ဘောင် ဝင်သွားပြီးနောက်ပိုင်း အမိအဘတွေကလဲ ရဟန်းပြု သီလရှင် ဝတ်လိုက်ကြတယ်... မွေးချင်းထဲမယ် အငယ်ဆုံး မိန်းကလေးကလဲ သီလရှင် လိုက်ဝတ်တယ်... ခမည်းတော်နဲ့ နောင်တော်တွေ အပါအဝင် သံဃာတွေကို ဆွမ်းလုပ်ကျွေးတယ်... ဒီလိုမိသားစု ဘယ်လိုရှာ ရှာလို့တွေ့ပါ့မလဲ...
အဲ့ဒိ ညီနောင်တွေထဲက မွေးချင်း ၁၁ ယောက်မြောက်... ဆရာတော်ဟာ အရှင်နန္ဒမာလာလို့ ခေါ်ပါတယ်... အများသိကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ပေါ့...


သာဓု... သာဓု... သာဓု...
Copy From ကိုသာပို

Saturday, July 9, 2016

နေဝင်တော့မည်။

Ko Yoe Say
နေဝင်တော့မည်။
ဆယ်နှစ်ကလေး၊ ဉာဏ်နှုံ့နှေး၊
ဆော့ပြေးရင်းနဲ့အချိန်ကုန်။
...
နှစ်ဆယ်တဝိုက်၊ အပျော်ကြိုက်၊
မိတ်လိုက်ရင်းနဲ့အချိန်ကုန်။
အလှပဆုံး၊ သုံးဆယ်နှုန်း၊
လူလုံးပြလျက်အချိန်ကုန်။
လေးဆယ်တစ်လွှား၊ ဓနအား၊
ကြွားလုံးထုတ်လျက်အချိန်ကုန်။
ငါးဆယ်တကွက်၊ ဉာဏ်ထက်မြက်၊
ဉာဏ်နက်ထုတ်ရင်းအချိန်ကုန်။
ခြောက်ဆယ်တစ်လွှား၊ အားဆုတ်သွား၊
ကြုံးဝါးရင်းနဲ့အချိန်ကုန်။
ခုနှစ်ဆယ်တွင်း၊ ခါးမတင်း၊
ဟင်းချရင်းနဲ့အချိန်ကုန်။
ရှစ်ဆယ်မှာတော့၊ ခါးပင်ကော့၊
မော့မော့ကြီးနဲ့အချိန်ကုန်။
ကိုးဆယ်တကွေ့၊ သတိဝေ့၊
မေ့မေ့ကြီးနဲ့အချိန်ကုန်။
ထိုင်၍မကောင်း၊ တစ်ရာညောင်း၊
လဲလျောင်းရင်းနဲ့အချိန်ကုန်။
နေဝင်တော့မည်............။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရား၏
အရွယ်ဆယ်ပါးလင်္ကာမှ.....)DrShweTun wall က မလာတယ်။

Thursday, July 7, 2016

မြန်မာနိုင်ငံရဲ့ ပရိယတ္တိသင်သင်ကြားပုံစနစ်က မှားယွင်းနေပါတယ်လို့ ဝေဖန်ပြောဆိုနေကြတဲ့ ပညာတတ်အရှင်မြတ်များအနေနဲ့ ပါမောက္ခချုပ်ဆရာတော် ဖြေဆိုမိန့်ကြားပေးတာလေးကို အေ...လးအနက်ထား ဖတ်ကြားစေလိုပါတယ်။


အရှင်ပညာစာရာဘိဝံသ စည်ရှင်
မြန်မာနိုင်ငံရဲ့ ပရိယတ္တိသင်သင်ကြားပုံစနစ်က မှားယွင်းနေပါတယ်လို့ ဝေဖန်ပြောဆိုနေကြတဲ့ ပညာတတ်အရှင်မြတ်များအနေနဲ့ ပါမောက္ခချုပ်ဆရာတော် ဖြေဆိုမိန့်ကြားပေးတာလေးကို အေ...လးအနက်ထား ဖတ်ကြားစေလိုပါတယ်။ အပ္ပမာဒမဂ္ဂဇင်းက မေးလို့ ဖြေဆိုထားတာပါ။
မေး။ ။ဆရာတော် အင်္ဂလိပ်စာသင်ယူခဲ့ပုံနဲ့
အငယ်တန်း၊အလတ်တန်းလောက်စသည်မှာ
အင်္ဂလိပ်စာ တွဲပြီးတော့ သင် သင့်၊မသင် သင့်
ပရိယတ္တိစာပေနဲ့အင်္ဂလိပ်စာပေ သင်ယူမှု
အ ပေါ် ဆရာတော်ရဲ့သ ဘောထားခံယူချက်၊
ဘာသာစကားကျွမ်းကျင် ဖို့လိုအပ်ပုံ စသည်များ
ကို မိန့်ပါအုံးဘုရား?။
ဖြေ။ ။ဘာသာစကား မတတ်တာက တော့
အားနည်းချက် ရှိပါတယ်။ဒါဖြင့် အငယ်တန်း
အလတ်တန်းလောက်ကတည်းက အင်္ဂလိပ်စာ
ထည့်ရင် ကောင်းမလားဆိုရင်တော့ ဘုန်းကြီးတော့ သ ဘောမတူပါဘူး။အဲဒီစနစ်ကို
သီရိလင်္ကာနဲ့ယိုးဒယားတို့မှာ လုပ်နေကြပါ
တယ်။သူတို့ကိုကြည့်ပါ။ငယ်ငယ်ကတည်းက အင်္ဂလိပ်တို့ သင်္ချာတို့ ထည့်သင်တော့
ပိဋကတ်ဘက်မှာ ပျော့သွားပါတယ်။ဒီမှာက
ပိဋကတ်ကို အင် တိုက်၊အားတိုက် သင် ထားတာ
ပါ။အကယ်၍သာ အဲဒီပညာရပ်တွေ တွဲပြီး
သင် မယ်ဆိုရင် ကြိုက်တဲ့ပုဂ္ဂိုလ်တွေလည်း
ရှိမှာပါ၊စာသင် သားတွေ ဒီ့ထက် ပိုပြီးတော့
တော်လာမယ်လို့ ယူဆတဲ့ သူတွေလည်း ရှိပါ
တယ်။ထူးချွန်တဲ့ပုဂ္ဂိုလ်တွေလည်း ပေါ်လာမှာ
ပါ။သို့သော်လည်း အများစုနဲ့ပြောရမယ်ဆိုရင်
တော့ အင်္ဂလိပ်နဲ့သင်္ချာထည့်သင် မယ်ဆိုရင်
ပိဋကတ်တော်ဘက်က ပျော့သွားမှာ သေချာ
တယ်လို့ ဘုန်းကြီး ယုံကြည်နေပါတယ်။
ဘုန်းကြီး အင်္ဂလိပ်စာသင် တာ ၂၆ နှစ်မှ
သင် တာပါ။မန္တလေး သကျသီဟစာမေးပွဲ
အောင်ပြီး ကမ္ဘာအေးမှာ တိပိဋကပါဠိမြန်မာ
အဘိဓာန် Compiler အ နေနဲ့သွားရင်း ချမ်းမြေ့ရိပ်သာဆရာတော်ထံ ဝိဇ္ဇာလင်္ကာရ
ဆရာတော်ရဲ့စီစဉ်ပေးချက်အရ အင်္ဂလိပ်စာ
တစ်ချိန်၊သက္ကတ တစ်ချိန်ဖွင့်ပေးပါတယ်။
သက္ကတ ကိုတော့ နီပေါက ဦးဉာဏပုဏ္ဏိက
သင်ပေးပါတယ်။အဲဒီမှာ စပြီး သင် တာပါ။
ကိုယ်တွေ့ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်စာ
သင် သည့်အတွက်ကြောင့် နှိုင်းယှဉ်တတ်ပြီး
တော့ ပါဠိကိုပိုပြီးရှင်းရှင်းလင်းလင်းမြင် တတ်သွားခဲ့ပါတယ်။ဘာသာနှစ်ခုလုံးအတွက်
အကျိုးပြုပါတယ်။အင်္ဂလိပ်စာသင် လို့
လွယ်သွားတာဟာ ပါဠိသင် ခဲ့လို့(ပါဠိသင်
သည့်အတွက်ကြောင့် အင်္ဂလိပ်စာ လွယ်သွား
တယ်)။အင်္ဂလိပ်စာ သင် သည့်အတွက်ကြောင့်လည်း ပါဠိကို ပိုရှင်းရှင်းကြီး မြင် တတ်သွားပါတယ်။
စစ်ကိုင်းတောင် ရိုး ဝိပဿနာချောင် မှာ
ကိုယ့်ရဲ့နောင်တော်ကြီးထံမှာ (ပါဠိစာပေ)
စပြီး သင် ခဲ့တာပါ။ငယ်,လတ်,ကြီး ထိအောင်
ပေါ့။၆ နှစ်ကြာခဲ့ပါတယ်။ငယ်ငယ်တုံးက
အဲဒီလို သင် ခဲ့တာပါ။ဆရာသမားများက တော့
ထေရုပ္ပတ္တိအကျဉ်းမှာ ပါပြီးပါပြီ။ပညာရေးနဲ့
ပတ်သက်လို့က တော့ ဒီလောက်ပါပဲ။
လျှောက်စရာရှိ လျှောက်ပါအုံး။
မေး။ ။ဒီက နေ့အထိ မြန်မာနိုင် ငံမှာ သင်ကြားနေတဲ့ ပရိယတ္တိဓမ္မအ ပေါ် ဆရာတော်ရဲ့သုံးသပ်ချက် အမြင် ကို
သိပါရ စေဘုရား။
ဖြေ။ ။Traditional Education ပေါ့လေ
ဒီစနစ်နဲ့ပဲ ဒီနေ့မြန်မာပြည်မှာ ကျင့်သုံးနေကြ
တာပါ။ဒီစနစ်နဲ့ပဲ အ တော်တတ်နေကြပါတယ်။ကျမ်းတတ်ပုဂ္ဂိုလ်
တွေဆိုတာ ဒီစနစ်နဲ့ပဲ တတ်ကြတာပါ။
ခြွင်းချက်အ နေနဲ့တော့ ရှိကောင်းရှိနိုင် ပါတယ်။ဘုန်းကြီးတို့ နိုင် ငံခြားရောက်တဲ့
အခါကျတော့ မြန်မာပြည်ကဘုန်းကြီးဆိုရင်
အဘိဓမ္မာ တတ်တယ်။ကမ္မဋ္ဌာန်းပြတတ်တယ်
ဆိုတဲ့ အရည်ချင်း နှစ် ရပ်ကို အထူးသဖြင့်
သီဟိုဠ် သီရိလင်္ကာက ပါမောက္ခကြီးတွေ
က သိပ် အထင်ကြီးကြပါတယ်။
လေးလည်းလေးစားကြပါတယ်။ဒီလို လေးစား
ခံရတာဟာ မြန်မာနိုင် ငံရဲ့ ပရိယတ္တိပညာရေး
စနစ် ရဲ့ မှန်ကန်မှုလို့ ပြောရပါမယ်။မြန်မာသင်
နည်းက နှစ်လည်းအကြာကြီးတော့ မဟုတ်
ပါဘူး။ဉာဏ်အလတ်တန်းစားဆိုရင် (၁၀)နှစ်
လောက် သင် ရပါတယ်။နိုင် ငံခြားသားတွေ
တောင် ၁၀ နှစ်လောက်ဆိုရင် ဓမ္မာစရိယတန်း
လောက် ရောက်သွားပါတယ်။
ဥပမာအားဖြင့် နီပေါကလာတဲ့ ဒေါ်သုဓမ္မဝတီ
တို့,ဦးဉာဏပုဏ္ဏိကတို့ ဆိုရင် ၁၀ နှစ်လောက်နဲ့ ဓမ္မာစရိယ ပြီးသွားပါတယ်။
အခြားပညာရပ်တွေ တက္ကသိုလ်တွေနဲ့စာရင်
ကြာတယ်လို့ မ ပြောနိုင် ပါဘူး။သူတို့ရဲ့
ပိဋကတ်စာပေ အရည်အ သွေးက နိုင် ငံခြား
မှာ တခြားနဲ့ယှဉ်ရင် အင် မတန် မြင့်မားပါတယ်။
ဘုန်းကြီးတို့ သီဟိုဠ်မှာနေလာခဲ့တော့ သီဟိုဠ်
ဘုန်းကြီးတွေကိုယ်တိုင် က ဘုန်းကြီးတို့ကို
အ တော်လေးစားကြပါတယ်။အကယ်၍ သင်
နည်းစနစ် မှားနေတယ်ဆိုရင်တော့ မြန်မာပြည်
ရဲ့ပရိယတ္တိစာပေ အောက်တန်းကြမှာပါ။
ထေရဝါဒနိုင် ငံတွေကို ကြည့်လိုက်မယ်ဆို
ရင် မြန်မာနိုင် ငံရဲ့ပညာရေးစနစ်က အောက်တန်း
မကျပါဘူး။ပိဋကတ်ဘက်မှာနော်။
သို့သော မြန်မာဘုန်းကြီးတွေက နိုင် ငံတကာ
သုံးဖြစ်တဲ့ ဘာသာစကားကို မသင်ကြား
သည့်အတွက်ကြောင့် တခြားနိုင် ငံခြားသား
တွေကို ဓမ္မကို မိမိသိသ လောက် ရှင်းမပြနိုင် ဘူး ဆိုတာတော့ ရှိပါတယ်။
ဒါက အားနည်းချက်ပါ။
မေး။ ။ပိဋကတ် အရည်ချင်းမှာ မြန်မာပြည်က
အခြားထေရဝါဒနိုင် ငံတွေထက်စာရင်
ဘယ် အ ခြေအ နေမှာ ရှိပါသလဲ ဘုရား။
ဖြေ။ ။ ပိဋကတ်နဲ့ပတ်သက်လို့က တော့
မြန်မာဘုန်းကြီးတွေကို မမှီပါ။သီဟိုဠ် သီရိလင်္ကာလည်း မမှီပါ။တစ်ခြားနိုင် ငံတွေ
ဆိုရင် ထည့်ကို ပြောမ နေပါနဲ့တော့။မြန်မာပြီး
ရင် သီဟိုဠ်က အ တော်ဆုံးလို့ပြောရမှာပဲ။
ဒါပေမယ့် ပိဋကတ်နဲ့ပတ်သက်လို့ရှိရင်
မြန်မာနိုင် ငံကို လုံးဝ မမှီပါဘူး။
မြန်မာပြည် ရဲ့ပိဋကတ်သင် တန်းစနစ်ဟာ
မှန်ကန်တယ်လို့ ဘုန်းကြီး ယူဆတယ်။
Language မတတ်တာလေးကို ကြည့်ပြီးတော့
ပြောလို့မရပါ။Language အရည်ချင်းက
၎-၅နှစ်လောက်နဲ့ ရနိုင် ပါတယ်။ပိဋကတ်
အရည်အချင်းက တော့ ဒီလောက်နှစ်နဲ့မရ
နိုင် ပါ။ပိဋကတ် အရည်အချင်းက ပိုပြီး အဓိက ကျပါတယ်။ဒါမှ နှိုင်းယှဉ်လို့ရမှာကိုး။
အင်္ဂလိပ်ဘာသာဆိုတာ Media ဘာသာ
သ ဘောမျိုးပဲ ရှိနေတာလေ။အင်္ဂလိပ်စာ
ဘယ်လောက်တတ်နေ နေ ပိဋကတ်စာပေ
မတတ် ရင်တော့ ဓမ္မကို ဘယ်လိုမှ ရှင်းပြလို့
ရမှာ မဟုတ်ပါဘူး။
အခု ကမ္ဘာမှာ သုံးနေတဲ့ ဝိသုဒ္ဓိမဂ်ကျမ်းကြီး
ကို အင်္ဂလိပ်လို The Path of Purification လို့ပြန်ထားတယ်။ပြန်တဲ့ဆရာတော်
က သီဟိုဠ်မှာနေတဲ့ ဦးဉာဏ မောဠိ ပါ။
ဂျာမန်ဘုန်းကြီးဖြစ်ပါတယ်။အင် မတန်ကြိုးစား
ပြီးတော့ ဘာသာပြန်ပါတယ်။သို့သော်
သူ့ရဲ့ ပါဠိအရည်ချင်းက မြန်မာဘုန်းကြီးတွေ
လောက် မပြည့်စုံဘူး။ဒါကြောင့် ဘာသာပြန်
တဲ့နေရာမှာ ချို့ယွင်းချက်တွေ အများကြီးရှိပါ
တယ်။အဲဒါ အခြားဘုန်းကြီးတွေ မမြင် ဘူး။
မြန်မာပြည်က ဘုန်းကြီးတွေ မြင် ပါတယ်။
မြန်မာပြည်က အင်္ဂလိပ်စာတတ်တာနဲ့ဒီမှာ
မှားနေတယ်လို့ ပြောနိုင် တယ်။
ဒါနဲ့ ပတ်သက်လို့ ကိုယ်တိုင် လဲ လေ့လာထားလို့
အ ပြောဆုံးက အပြည်ပြည်ဆိုင် ရာ ထေရဝါဒ
ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် လုပ်နေတဲ့
ဦးသီလာနန္ဒ(ပျံလွန်ပြီး)ပါ။
ဒီထဲမှာ အမှားတွေ အများကြီးပဲတဲ့။
ဝါကျဆက်တာက အစ ပေါ့။သူ ငယ်ငယ်တုံးက
ထင် တယ်တဲ့ ဒီမြန်မာပြည် စာချတန်းသင် တဲ့
စနစ်တွေဟာ အချိန်ကုန်တာပဲလို့ ယူဆခဲ့တယ်တဲ့။
အခု ဝိသုဒ္ဓိမဂ်ကျမ်းကြီး ပြန်ထားတာ ဖတ် ရ
တဲ့အခါကျတော့ ဒို့ငယ်ငယ်က သင် ခဲ့တာ
တယ်ပြီး စနစ်ကျပါလားလို့ မြင်မိပါတယ်။
မူရင်းရေးသားတင်ပြသူကို ကျေးဇူးတင်စွာဖြင့် ခရက်ဒစ်ပေးပါတယ်။

Monday, July 4, 2016

တစ်ခါတစ်ရံမှာ မကောင်းမှန်းသိလို့ လုပ်တာ။ တစ်ခါတစ်ရံကျတော့ မကောင်းမှန်းတော့သိတယ်၊ ကြိုက်လို့ လုပ်တာ၊ ဟော- ဒီနှစ်ခုပဲ ရှိတယ်လေ။


  • ❀ လူတွေဟာ တစ်ခုခုကို စိတ်ဝင်စားပြီး စွဲလမ်းသွားလို့ရှိရင် မလုပ်ရမနေနိုင် ဖြစ်သွားတတ်တယ်ပေါ့။ ဒါကြောင့်မို့ ဘယ်ကိစ္စမှ အလွန်အကျွံ Extreme မဖြစ်စေဖို့ အရေးကြီးတယ်...။ Extreme ဖြစ်သွားလို့ရှိရင် နောက်ပြန်ဆုတ်ဖို့ အင်မတန်မှ ခက်တယ်။
    ❀ ကွမ်းစားတာလည်း Extreme ဖြစ်သွားရင် စွဲတာပဲ။ ဗမာတွေနေတဲ့နေရာမှာ ကွမ်းတံတွေးတွေရှိတယ်။ အဲဒီတော့ `ဗမာရှိ,မရှိ လိုက်ရှာရင် ကွမ်းတံတွေးပဲရှာ၊ ကွမ်းတံတွေးရှိရင် ဗမာတွေ့လိမ့်မယ်။´ အဲဒီလိုတောင် ပြောရမယ့် အနေအထားမျိုး ရောက်တယ်နော်။
    ❀ တကယ်တော့ လုပ်ငန်းတစ်ခုလုပ်ရင် ဘုရားလောင်းရဲ့စိတ်ဓာတ် မွေးသင့်တယ်ပေါ့။ ဘုရားလောင်းကျတော့ ဒါမကောင်းဘူးလို့ သိတာနဲ့ တိကနဲ ဖြတ်နိုင်တယ်။ ဘုရားလောင်းက စိတ်ဓာတ်ခိုင်မာတယ်လို့ ဆိုရမယ်။ အေး- သာမန်ပုဂ္ဂိုလ်တွေကတော့ မကောင်းမှန်းသိသားပဲ။ သို့သော်လည်း မဖြတ်နိုင်ကြဘူးတဲ။ ဘုရားအလောင်းကျတော့ အဲဒီလို မဟုတ်ဘူး။ ဘယ်လောက်လုပ်လာလုပ်လာ၊ သူ့စိတ်ထဲမှာ မကောင်းဘူးလို့ ခံယူလိုက်ရင် ဖြတ်လိုက်တယ်။ ကောင်းတယ်လို့ဆိုရင်လည်း လက်တွေ့ကျင့်သုံး လိုက်နာတယ်။ အဲဒီနှစ်ခုဟာ အင်မတန်မှ အရေးကြီးတယ်။
    ❀ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင် လူတွေမှာ အဝိဇ္ဇာနဲ့ တဏှာ ဆိုတဲ့ ဒီနှစ်ခုရှိတယ်။ တစ်ခါတစ်ရံကျတော့ အဝိဇ္ဇာက ဦးဆောင်နေတယ်။ တစ်ခါတစ်ရံကျတော့ တဏှာက ဦးဆောင်နေတယ်။
    ❀ အဝိဇ္ဇာက ဦးဆောင်တဲ့အခါမှာ မကောင်းတဲ့အလုပ်ကို မကောင်းမှန်း မသိဘူး၊ အကောင်းလို့ထင်ပြီးတော့ လုပ်တာ။ အဲဒါ အဝိဇ္ဇာက ဦးဆောင်တယ်လို့ ပြောတယ်နော်။ အမှန်မသိလို့လုပ်တာပေါ့။ ဆိုပါတော့ သူငယ်ချင်း အပေါင်းအသင်းတွေက `ဟေ့- ဒီဆေးလေးစားကြည့်၊ မင်း သိပ်လန်းတာပဲ´ ဆေးပြားလေးပေးလိုက်တယ်၊ သိပ်လန်းတယ်၊ နေလို့ထိုင်လို့ သိပ်ပျော်တယ်၊ အပြစ်ကိုမမြင်ဘူး၊ လန်းဆန်းတက်ကြွမှုကို ကြည့်ပြီးတော့ ဆေးဝါးကို စပြီး သုံးကြည့်လိုက်တယ်နော်။ အဲဒီတုန်းက မသိလို့လုပ်တာ။ ပြောတယ်လေ လူတွေက `ဒီဆေးလေးက လန်းတယ်´တဲ့။
    ❀အမလေး- ခုတောင်မှ ဗမာပြည်မှာ လန်းတယ် ဆိုတဲ့ စကားလုံးလေးကို တော်တော်လေးကို တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်နော်။ ဘာလဲ `အချစ်က လန်းတယ်´ဆိုလား၊ အဲဒါမျိုးတွေ။ လန်းတယ်ဆိုတာ အဲဒါမျိုး။ ဒီဆေးလေးက လန်းတယ်ဆိုတော့ စားကြည့်တာပေါ့။ အဲဒါ အမှန်မသိလို့ စားလိုက်တာ။ အဝိဇ္ဇာကနေ ဦးဆောင်သွားတာ။ ဟော- သိလည်းသိရော မဖြတ်နိုင်တော့ဘူး။ မကောင်းမှန်းတော့ သိတယ်၊ မဖြတ်နိုင်ဘူး။ ဒုက္ခတွေရောက်ပြီး အိမ်ကမိဘကလည်း ငြူစူလာတယ်။ ဟိုကမာန် ဒီကမဲနဲ့ မကောင်းတော့ဘူး။ အလုပ်လည်း အဆင်မပြေတော့ဘူးဆို မကောင်းမှန်းတော့ သိတယ်။ Drug addict ဖြစ်သွားပြီ၊ Drug addict ဖြစ်သွားပြီဆိုတဲ့အခါ ပြင်လို့ မရတော့ဘူး။ အဲဒါကျ တဏှာက ဦးဆောင်တယ်နော်။ ဒါကြောင့်မို့ အဝိဇ္ဇာနဲ့ တဏှာကို အကုသိုလ်ရဲ့ အမြစ်လို့ ပြောတာနော်။
    ❀ တစ်ခါတစ်ရံမှာ မကောင်းမှန်းသိလို့ လုပ်တာ။ တစ်ခါတစ်ရံကျတော့ မကောင်းမှန်းတော့သိတယ်၊ ကြိုက်လို့ လုပ်တာ၊ ဟော- ဒီနှစ်ခုပဲ ရှိတယ်လေ။ အဲဒီတော့ မကောင်းမှန်းသိပြီးတော့ ကြိုက်လို့လုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်သူက ဦးဆောင်လဲ၊ တဏှာက ဦးဆောင်တာ။ ဒါကြောင့်မို့ တဏှာသည် အဝိဇ္ဇာကို ဦးဆောင်သွားတယ်။ တစ်ခါတစ်ရံ အဝိဇ္ဇာက တဏှာကို ဦးဆောင်သွားတယ်။ အဝိဇ္ဇာနဲ့တဏှာ ဒီနှစ်ခုဟာ အပြန်အလှန် ဦးဆောင်သွားကြတာတဲ့။ဒီလိုနဲ့ ဒုက္ခစက်ဝန်းကြီးထဲမှာ လည်ပတ်သွားတာပေါ့၊ ဒီလို ဆိုလိုတာနော်။

    ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
    ‪#‎AshinNandamalabhivamsa‬
    www.drnandamalabhivamsa.com.mm
    Dhamma Knowledge စာမျက်နှာမှတဆင့်ဖေါ်ပြပါသည်။