လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 16, 2015

သင်- သေတတ်ပြီလား?

သင်- သေတတ်ပြီလား?
သေဖို့ပြင်ဆင်ထားပြီလား?
===================
ရုပ်သဘော နာမ်သဘောတွေ ခန္ဓာရဲ့သဘောတွေမသိတော့
ငါသေရတောမ့ယ် သားတွေ သမီးတွေနဲ့ ခွဲရတော့မယ်...
လုပ်ကိုင်ထားတဲ့ အလုပ်အကိုင်တွေနဲ့ အကုန်လုံးခွဲရတော့မယ်
ငါဝယ်ထားတဲ့ ပစ္စည်းတွေ အကုန်လုံး ထားခဲ့ရတော့မယ်ဆိုတော့…
အဲဒီလို ဒုက္ခရောက်တာက တစ်မျိုး။

ခန္ဓာကိုယ်က ရောဂါဝေဒနာတွေ နှိပ်စက်လို့ 
ဒုက္ခရောက်တာကတစ်မျိုး
ကိုယ်လဲနာ စိတ်လည်းနာ
အကြီးအကျယ်နာတယ်။
(၉၆) ပါးရောဂါနှိပ်စက်လို့ နာတာက ကိုယ်နာတာပေါ့။
ဒီရုပ်ခန္ဓာကြီးနာတာပေါ့။
စိတ်ကနေပြီး ဘာမှ တရားတွေနာမထား
လုပ်မထားတဲ့အခါကျတော့ စိတ်မချ
လက်မချတွေ အကြီးအကျယ်မဖြစ်ဘူးလား?
စိတ်မချ လက်မချတွေ အကြီးအကျယ်ဖြစ်တာက စိတ်နာတာ။
သေခါနီးတဲ့အခါမှာ နာတာ ကျဉ်တာ ကိုက်တာ ခဲတာက တစ်မျိုး။
ဒီစိတ်မချဖြစ်ရတာတွေက တစ်မျိုး၊ပူဆွေး ၀မ်းနည်းပြီးတော့ မချိမဆံ့တွေဖြစ်။
ကိုယ်လည်းနာ စိတ်လည်းနာဆိုတော့ မသေခင် မချိမဆံ့ ဒုက္ခတွေမရောက်ဘူးလား။
အဲ့ဒီလို ဒေါသကြီးနဲ့ ခံစားရပြီး သေသွားရင်
သေသွားတဲ့သူ ကောင်းရာမွန်ရာ ရောက်ပါ့မလား?
( မြစိမ်းတောင် ဆရာတော်ဘုရားကြီး အသျှင်ဇာနေယျ)

Tuesday, July 14, 2015

ရေနဲ့ကြာ

မိဘဂုဏ်ရည် ဆရာတော်'s photo.
မိဘဂုဏ်ရည် ဆရာတော်'s photo.

မိဘဂုဏ်ရည် ဆရာတော်'s photo.






ရေနဲ့ကြာ
=========
မုဒုံဆရာတော်
--------------------------
သာသနာဆိုတာ ဘုရားရှင်တို့၏ အဆိုအမိန့် အဆုံးအမကို ခေါ်တာပါ။ သာသနာဆိုတာ ကျောင်းကန် ဘုရားစေတီ ဘုန်းတေ...ာ်ကြီး သံဃာတွေ မဟုတ်ပါဘူး။ ကျောင်းကန်တွေက သာသနိကပစ္စည်း၊ သာသနာ့တော်အတွက် အထောက်အပံ့တခုသာပါ။ ဘုရားစေတီ ဆင်းတုတော်တွေက ကြည်ညို ပူဇော်ရာ တစ်ခုသာဖြစ်ပါတယ်။ ရဟန်းသံဃာတော်တွေက ဘုရားရှင်တို့၏ အဆုံးအမ ဓမ္မတရားတွေ မပြောက် မကွယ်ရလေအောင် ထိန်းသိမ်း စောင့်ရှောက် ပေးကြရတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ တစ်နည်းပြောရရင်တော့ သာသနာတော်ကို ယိမ်းမသွားရအောင် ယိုင်မသွားရအောင် ထိမ်းကြောင်း တည့်မတ် ဦးဆောင်ပေးတဲ့ အဖွဲ့အစည်း တစ်ခုပါပဲ။
သာသနာဆိုတာ ကြည်ညိုသူရှိမှ တည်တန့်တယ်၊ ပြန့်ပွားတယ်၊ တိုးတက်တယ်၊ ကြည်ညိုသူကင်းတာနဲ့ မရှိတော့တာနဲ့ သာသနာ အလိုလို ဆုတ်ယုတ်သွားတာပဲ၊ သာသနာကွယ်ဘို့ လမ်းစရောက်တော့တာပါပဲ၊ သာသနာ ကြည်ညိုသူ များများရှိဖို့ရာမှာ သာသနာ ကြည်ညိုတတ်အောင် ဆည်းကပ်တတ်အောင် ကိုးကွယ်တတ်အောင် ဟောပြောပြသ သွန်သင်ပေးနှိုင်တဲ့ နည်းကောင်း လမ်းမှန် ညွှန်ကြားပေးနှိုင်တဲ့ စွမ်းရည်ရှိတဲ့ ရဟန်းသံဃာ များများရှိဖို့ လိုအပ်တယ်၊ များများမွေးထုတ်ကြဖို့ လိုအပ်လှပါတယ်။
ဗုဒ္ဓသာသနာဆိုတာ လူသားကမ္ဘာ ဗုဒ္ဓဘာသာ မျက်နှာစာမှာ မရှိမဖြစ် တကယ်လိုအပ်တဲ့ နှစ်လုံးသားရဲ့ အဟာရတစ်ခုပါ။ ကမ္ဘာပေါ်မှာ စပါးစိုက်သူမရှိရင် ဆံစပါးမရှိနှိုင်တော့ဘူး။ စပါးမရှိတော့တာနဲ့ ထမင်းကိုသာ စားလိုသူတွေ ထမင်းစားရမှာ မဟုတ်တော့ပါဘူး။ ဒါဟာ သဘာဝနိယာမတစ်ခုပါ။ သာသနာ အားပေးနှိုင်သူ ထောက်ပံ့မည့်သူ မရှိတော့ရင်ကော ဘယ်လိုနေမလဲ စဉ်းစားကြည့်ပါ၊ ဘုရားသာသနာ တိုးတက်ဖို့ရာကို မဆိုထားနဲ့ တည်တန့်ဖို့ကိုပင် မလွယ်တော့ပါဘူး။ သာသနာကို တကယ်လေးစား ကြည်ညိုသူမှန်သမျှ သတိပြုရမည့် အရေးကြီးတဲ့ အချက်တစ်ခုပါပ။ဲ
ဗုဒ္ဓသာသနာဆိုတာ လူသားလောကကြီး တစ်ခုလုံးကို ကောင်းကျိုးပေးနှိုင်တဲ့ တရားဖြစ်သလို ဆိုးကျိုးများစွာကို ဖယ်ရှားပေးနှိုင်တဲ့ အစွမ်းထက်တဲ့ လက်နှက်တစ်ခုပါပဲ။ လုပ်ငန်းခွင် တစ်ခုမှာ လက်တစ်ချောင်းနဲ့ အလုပ်ဖြစ်သော်လည်း လက်နှစ်ချောင်းလောက် မပြီးမြောက်နှိုင်ပါဘူး။ ထို့အတူ သာသနာမှာ သံဃာရှိနေရုံနဲ့တော့ အရှည်မတည်နှိုင်ပါဘူး၊ ဒါယကာရှိမှ ဖြစ်မှာပါ။ ကျိုးနေသူဟာ လမ်းမလျှောက်နှိုင်သလို ကန်းနေသူဟာလဲ လိုရာခရီး မပေါက်နှိုင်ပါဘူး။ အကျိုးနဲ့ အကန်း ပေါင်းကြမှ ခရီးပေါက် လိုရာရောက်သလို သံဃာနဲ့ ဒါယကာ အတူလက်တွဲမှ သာသနာ ရှည်ကြာ တိုးတက်နှိုင်ပါတယ်။
ဗုဒ္ဓသာသနာဆိုတာ ထီးကို ယူဆောင်သွားသူနဲ့ သိပ်ကိုတူပါတယ်၊ ထီးပါသွားသူဟာ နေပူလဲဆောင်းရတယ် မိုးရွာလဲဆောင်းရတာပဲ နေပူပူ မိုးရွာရွာ အပူအအေး ကာကွယ်ပေးသလို လောကဓာန် အပူအအေးမှန်သမျှ ကာပေးနှိုင်ပါတယ်၊ သိပ်ကို အားရကျေနပ်စရာ ကောင်းတဲ့ တရားတစ်ခုပါပဲ။
သာသနာတော် စတင်ပေါ်ပေါက်ရာ မစ္ဇျိမဒေသကို လှမ်းမျှော်ကြည့်ပါ ယခင်နဲ့ ယခု ဘယ်လိုနေသလဲဆိုတာ၊ စာဖတ်သူတို့ နားလည်လောက်ပါတယ်။ သာသနာ အနောက်ကနေ အရှေ့ကို ပြောင်းလာခဲ့ပြီ၊ ရွှေ့လာခဲ့ပြီ၊ ဒါဟာ ဓမ္မနိယာမတစ်ခုပါပဲ။
အဆုံးအမ ဓမ္မတရားဟာ ဆောင်သူထံမှာပဲ ရှိတယ်. တည်တယ်၊ မဆောင်သူထံ ဘယ်လိုမှ ရှိမနေပါဘူး။ ဒါယကာနဲ့ သာသနာဟာ ရေနဲ့ကြာလိုပါပဲ၊ ကြာပွင့်စေခြင်ရင် ရေရှိမှဖြစ်မှာပါ၊ ရေမရှိလျှင် ကြာမပွင့်နှိုင်တော့ပါဘူး။ ကြာမပွင့်ရင် ကြာဖူးကြာပန်းတွေ ဝေးပြီပေါ့။ ကမ္ဘာမှာ ကြာပန်းမရှိနှိုင်ခြင်းရဲ့ အကြောင်းရင်းက ရေဖြစ်သလို၊ သာသနာတော် ကွယ်ပြောက်ရခြင်း၏ အကြောင်းရင်းက ကိုးကွယ် ကြည်ညိုတတ်သူ မရှိခြင်းသာ ဖြစ်ပါကြောင်းကို တင်ပြပေးလိုက်ပါတယ်။
မုဒုံဆရာတော်

Sunday, July 12, 2015

အာနာပါနကမ္မဋ္ဌာန်းစတင်အားထုတ်ရာ၌တွေ့ ရတတ်သောအခက်အခဲများ

အပြည်ပြည်ဆိုင်ရာဖားအောက်တောရ ရိပ်သာ International Pa-Auk Forest Monastery's photo.
အာနာပါနကမ္မဋ္ဌာန်းစတင်အားထုတ်ရာ၌တွေ့ ရတတ်သောအခက်အခဲများ
( အရှင်အဂ္ဂည ~ ဖားအောက်တောရ )
.
၅။ အာရုံနိမိတ် အတိတ်ကဟာတွေ
စတင် တရားအားထုတ်ခါစ ယောဂီတွေ တွေ့ ကြုံရတဲ့ အခက်...အခဲ တစ်မျိုးကတော့ မျက်စိမှိတ်ပြီး တရားထိုင်၍ စတင်ရှုမှတ်ပြီ ဆိုတာနဲ့  မကြာခင်မှာပဲ အာရုံနိမိတ်ပုံ မျိုးစုံမြင်တာဘဲ။ မြင်ဖူး ရောက်ဖူး သွားဖူး ခဲ့တာတွေ မိဘ ညီအကို မောင်နှမ ဆွေမျိုးသားချင်း သူငယ်ချင်း အပေါင်းအသင်းတွေ ကွယ်လွန်သွားပြီး သူတွေရဲ့  ပုံရိပ်တွေ၊ တောတောင် ရေမြေ ရှုခင်းတွေ၊ ဘုရားဆင်းတုတော် စေတီတော်တွေ၊ နတ်ပုံတွေ၊ မမြင်ဘူးခဲ့တဲ့ ပုံဆိုးပန်းဆိုး သတ္တ၀ါတွေ အလောင်းကောင် အပုပ်အပျက် အရိုးစုတွေ စုံနေအောင်ပေါ်လာတတ် မြင်ရတတ်တယ်။ တချို့ စိတ်အားငယ်တဲ့သူဆိုရင် ဒီလိုပုံရိပ်တွေမြင်တာကိုပဲ တကယ်အရှိလို့ ထင်ပြီး ကြောက်ရင်ကြောက်လာ တတ်တယ်။ ၀မ်းနည်းပြီး ရှိုက်ကြီးတငင် ငိုကြွေးတတ်သေးတယ်။ တကယ် အာရုံအစစ်တွေလို့  ထင်မှတ်ပြီး လိုက်တွေးနေရင် မီးခိုးမဆုံး မိုးမဆုံး ဆိုသလို တမျိုးပြီး တမျိုးနဲ့  အတွေးမဆုံး ရှိတတ်တယ်။ ဒီအာရုံတွေ ဖန်တီးပြီး စိတ်ကူးနဲ့ စီမံကိန်းတွေ လုပ်နေတတ်တယ်။ စိတ်နဲ့ စကားတွေ ပြောနေ တတ်တယ်။ ခင်ရာမင်ရာ သံယောဇဉ်ဖွဲ့ လို့ အတိတ်ဘ၀ တွေပြန်မြင်တယ် ဆိုတာမျိုးနဲ့  ဆွေမျိုးတွေဆက်ပြီး နှောင်ဖွဲ့ ကြပြန်တယ်။ တချို့ ဆိုရင် တရားစစ်ချိန်မှာ သူတို့ တရားထိုင်ချိန်က မြင်ခဲ့တာတွေကို တခမ်းတနား ဖွဲ့ ဖွဲ့ နွဲ့ နွဲ့  လျှောက်နေတတ်ကြလို့  အချိန်ကုန် သက်သာအောင် စကားစ ဖြတ်ရတယ်။ တကယ်တော့ ၀ိပဿနာပိုင်း ရောက်ရင် လက္ခဏာရေး သုံးတန်တင်ပြီး ရှုပစ် ပါယ်ပစ်ရမယ်ဟာ တွေပါဘဲ။ သမထပိုင်းမို့  သမာဓိရချင်ရင်တော့ ဒီလိုမြင်တဲ့ အာရုံတွေကို တကယ်မရှိဘူး၊ စိတ်ကြောင့် ဖြစ်တဲ့ အာရုံနိမိတ်ပုံ တွေသာ ဖြစ်တယ်ဆိုတဲ့ အသိနဲ့  ဥပေက္ခာပြုပစ်ရမယ်။ ကုန်ကုန် ပြောရရင် အာနာပါနရှုနေစဉ် သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်ကြီး ရဟန္တာငါးရာနဲ့  ကြွလာတဲ့ ပုံမြင်တောင်မှ လက်အုပ်ချီဦးချတာမျိုး၊ မျက်စိဖွင့်ကြည့်တာမျိုး မလုပ်လိုက်ပါနဲ့ ၊ ဒီအချိန်မှာ အဲဒီလို လုပ်ရင် သမာဓိပျက်သွားမယ်။ ဒီအာရုံကိုလည်း ဥပက္ခာပြုပြီး ဘာဝနာအာရုံ ကိုရှုပွားတဲ့စိတ်၊ ဘ၀င်စိတ်တွေခြားပြီး ပျံ့ လွင့်စိတ်တွေ တစ်လှည့်စီ ဖြစ်နေတဲ့ အခါမျိုးတွေမှာ ဒီလိုပုံယောင် ပုံရိပ် နိမိတ်တွေ အပေါ်များတယ်။ ၀င်လေ ထွက်လေ အာရုံပေါ်မှာ ရှုမှတ်တဲ့စိတ် အရှိန် ကောင်းလာပြီး ဘ၀င် စိတ်ပျံ့ လွင့်စိတ်တွေ နည်းလာတာနဲ့  အမျှ ပျောက်ကုန်ပါလိမ့်မယ်။ စိတ်တွေ ကြည်လင်လာတာနဲ့ အမျှ ဖြူနေတဲ့ ကြည်နေတဲ့ အာကာသကောင်းကင်ပြင်လို အလင်းပြင်လိုမျိုးတွေ တွေ့ လာနိုင်ပါတယ်။ အာနာပါန နိမိတ်များဖြစ်တဲ့ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် များလည်း ပေါ်နိုင်ပါတယ်။ မပေါ်မတွေ့ သေးရင်လည်း ဆက်သာရှုပါ။ ချမ်းချမ်းသာသာနဲ့  တရားထိုင်နိုင်လာပါလိမ့်မယ်။ မြင်တဲ့ အာရုံတွေနောက် လိုက်ပြီး တွေးနေရင်တော့ ရှုမှတ်စိတ်နဲ့  ပျံ့ လွင့်စိတ်တွေ ပဋိပက္ခဖြစ်လို့  ခေါင်းကြော နဖူးကြောတွေ တင်းပြီး ခေါင်းခဲ နေတတ်တယ်။ ဒါကြောင့် တရားထိုင်ချိန်မှာမြင်တဲ့ အာရုံ နိမိတ်တွေ အမျိုးမျိုးကို လိုက်မတွေးဘဲ မူလရှုနေတဲ့ ၀င်လေ ထွက်လေ အပေါ်မှာ ဆက်လက်ရှုပါ။ တရားစခန်းမှာ စကားများတဲ့ ယောဂီ၊ အပြင်ခဏခဏသွားတဲ့ ယောဂီတွေ ပိုဖြစ်တတ်တယ်။ တခါတရံ မူလကမ္မဋ္ဌာန်းကို ချက်ချင်းရှုလို့ မရပဲ ဒီလိုအာရုံ နိမိတ်တွေနဲ့  ပျံ့ လွင့်တဲ့စိတ်က သိပ်လွှမ်းမိုးနေရင် စတုရာရက္ခကမ္မဋ္ဌာန်း တစ်ခုခုနဲ့  လည်းပွားပြီး ကျော်လွှားအောင် လုပ်ရတာမျိုးလည်းရှိတယ်။

Saturday, July 11, 2015

"ဒါနပြုခြင်း အနုပညာ"

News Watch(စောင့်ကြည့်သတင်းဂျာနယ်)'s photo.
"ဒါနပြုခြင်း အနုပညာ"
‘မြတ်စွာဘုရားရှင်ရဲ့ အဖြေစကားအရဆိုရင် သိမ်တွေ၊ ကျောင်းတွေ၊ ရှင်တထောင်တွေ၊ ရှင်တသောင်းတွေ လှူမှရယ် မဟုတ်ပါဘူး။ ကော်ဖီလေးတခွက် လှူလိုက်ရင်လည်...း ကိုယ့်အတွက်တော့ မဟာကုသိုလ်ကြီး တခုဖြစ်သလို ကောင်းကျိုးကြီးတခုမကကလည်း ကြိုကြိုနေတော့တာပါ …’
----- ----- ----- -----

မြတ်စွာဘုရားလက်ထက်တော်က အမျိုးသမီးလေးတယောက်ရှိပါတယ်။ သူက အိမ်ရှေ့မှာ ရဟန်းတော်တွေပဲဖြစ်ဖြစ်၊ ခရီးသွားတွေပဲဖြစ်ဖြစ်၊ သူတောင်းစားတွေပဲဖြစ်ဖြစ်ထိုင်ဖို့၊ ခေတ္တနားခိုဖို့ အင်းပျဉ်ထိုင်ခုံရယ်၊ အမောပြေသောက်ဖို့ သောက်ရေအိုးစင်ရယ် စသည်တွေကို အများ အိမ်တွေနည်းတူ ပြင်ဆင်ပြုလုပ်ပေးထားပါတယ်။
တရက်မှာတော့ ရဟန်းတော်တပါးအိမ်ရှေ့ကို ဆွမ်းခံကြွလာပါတယ်။ အမျိုးသမီးလေးက ကြည်ညိုစိတ်ရှိတာနဲ့ အိမ်ထဲကို ပင့်လိုက်ပါတယ်။ အိမ်ထဲက အင်းပျဉ်ထိုင်ခုံလေးပေါ်မှာ ရွှေရောင်အခင်းလေးခင်းပြီး ထိုင်စေပါ တယ်။ ပြီးတော့ အိမ်မှာချက်ထားတဲ့ဆွမ်းဟင်းတွေကို သပိတ်ထဲလောင်းထည့်လိုက်ပြီး ဆွမ်းကပ်ပါတယ်။ ရဟန်းတော်ကလည်း အမျိုးသမီးလေးရဲ့ အင်းပျဉ်ထိုင်ခုံလေးပေါ်မှာပဲထိုင်ပြီး ဆွမ်းဘုဉ်းပေးပါ တယ်။ဆွမ်းဘုဉ်းပြီးတော့ တရားစကားအနည်းငယ်ဟောကြားပြီး ကျောင်းကို ပြန်ကြွသွားပါတယ်။ အမျိုးသမီးငယ်လေးက ရဟန်းတော်ထိုင်သွားတဲ့ အင်းပျဉ်ထိုင်ခုံလေးကို ကျောင်းကိုပို့စေပြီး လှူလိုက်ပါ တယ်။အမျိုးသမီးငယ်လေးက ဆွမ်းကပ်လိုက်ရတာရယ် အင်းပျဉ်ထိုင်ခုံလေးလှူလိုက်ရတာရယ်ကို အချိန် ရှိတိုင်း တွေးတွေးပြီးပျော်နေပါတယ်။ အလုပ်လုပ်ရင်လည်း ကိုယ့်ဒါနလေးကိုတွေးပြီး ပီတိဖြစ်နေပါတယ်။
ကာလတခုမှာတော့ အမျိုးသမီးငယ်လေးဟာ ရောဂါတခုကြောင့်ပဲ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ ရွှေဗိမာန်နဲ့ နတ်သမီးအခြံအရံတွေနဲ့ သွားဖြစ်ရပါတယ်။ လူ့ဘ၀က အင်းပျဉ် ထိုင်ခုံ လှူခဲ့တဲ့ ကုသိုလ်ကံကြောင့် အလားတူ ရွှေပလ္လင်ကြီးပါ တွဲပေါက်နေပါတယ်။
အမျိုးသမီးလေး ကုသိုလ်ပြုဖြစ်သွားတာလေးက သမိုင်းဇာတ်လမ်းတခုကြောင့် ပြုဖြစ်သွားတာပါ။
မြတ်စွာဘုရားသာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က ပသေနဒီကောသလမင်းကြီးနဲ့ မလ္လိကာမိဖုရားကြီးရယ်၊ ပြည်သူပြည်သားတွေရယ် အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင် ဒါနပြိုင်ပွဲကြီး ပြုကြပါတယ်။ ဘုရင်ဘက်ကနိုင်လိုက် ပြည်သူဘက်ကနိုင်လိုက်နဲ့ နောက်ဆုံးတော့ ပသေနဒီကောသလမင်းကြီးတို့က နိုင်သွားပြီး သာသနာ့သမိုင်းမှာ အသဒိသဒါနအလှူကြီးရယ်လို့ ကမ္ပည်းတင်ခဲ့ပါတယ်။
ဒီတော့ ရပ်ကွက်ထဲက ပြည်သူတွေကြားထဲမှာ စုစု စုစုနဲ့မေးခွန်းတွေထုတ်လာကြပါတယ်။
ဒီလိုကြီးကျယ်ခမ်းနားတဲ့ အလှူကြီးကိုလှူမှပဲ ကြီးကျယ်တဲ့ အကျိုးဖြစ်သလား၊ ငါတို့လိုအခြေခံလူတန်းစားတွေ ကိုယ်နိုင်သလောက်လှူတာကော ကောင်းကျိုးမဖြစ်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေကို အချင်းချင်း တွေ့တဲ့အခါ ပြောကြတော့တာပါ။
ရပ်ကွက်ထဲမှာ ပြောနေကြတဲ့စကားတွေကို ရဟန်းတော်တွေက ဆွမ်းခံရင်းကြားခဲ့ရတော့ မြတ်စွာဘုရားကိုပြန်လျှောက်ပြပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်က ''ချစ်သားတို့ ပစ္စည်းဥစ္စာတွေ ကြီးကြီးမားမားများများ လှူနိုင်မှ အကျိုးကြီးပေးတာမဟုတ်ပါဘူး၊ တကယ်တော့ စိတ်စေတနာ ကောင်းကောင်းထားပြီး ဆန်ကွဲတဆုပ်ပဲ လှူလှူ၊ ပုဆိုးတပိုင်းပဲ လှူလှူ၊ ဖျာတချပ်ပဲ လှူလှူ၊ သစ်ရွက်ခင်းလေးပဲ လှူလှူ၊ ဇီးဖြူသီးလေးတလုံးပဲ လှူလှူ ကြည်လင်တဲ့စိတ်စေတနာနဲ့လှူရင် အလှူပစ္စည်းသေးငယ်ပေမယ့် အကျိုးကြီးကြီးဖြစ်တော့တာပါ''လို့ ပြန်ဟောပြလိုက်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့အဖြေစကားက ရပ်ကွက်ထဲကပြည်သူပြည်သားတွေနားထဲကို ရောက်သွားပါတယ်။ ပြည်သူပြည်သားတွေက အားတက်သွားပြီး ပစ္စည်းနည်းတာများတာ အဓိကမဟုတ်ဘူး၊ စိတ်စေတနာကောင်း ဖို့က အဓိကပဲ”ဆိုပြီး မိမိတို့နိုင်သလောက် ရဟန်းတော်တွေအတွက်ကော၊ ဆင်းရဲတဲ့လူတွေအတွက်ကော၊ သူတောင်းစားတွေအတွက်ကော အလှူဒါနပြုကြတော့တာပါ။ ဒါတင်မကပါဘူး၊ ကိုယ်စီကိုယ်စီ အိမ်ရှေ့ တွေမှာလည်း အင်းပျဉ်ထိုင်ခုံလေးတွေ၊ ရေအိုးစင်လေးတွေပါ ပြင်ဆင်ပြုလုပ်ပေးထားတော့တာပါ။
အမျိုးသမီးငယ်လေးကလည်း မြတ်စွာဘုရားအဖြေ စကားကြားပြီး အများနည်းတူ အိမ်ရှေ့မှာ လမ်းသွား သူရဟန်းရှင်လူအားလုံးအတွက် ပြင်ဆင်ပေးထားလိုက်တာပါ။ ဒါကြောင့် ရဟန်းတော်ဆွမ်းခံကြွလာတဲ့ အခါမှာတော့ ဆွမ်းကောအင်းပျဉ်ထိုင်ခုံလေးပါ လှူဖြစ်သွားတော့တာပါ။
(၀ိမာန၀တ္ထု အဋ္ဌကထာ၊ စာမျက်နှာ - ၅)
ဒီနေရာမှာ အင်းပျဉ်ဆိုတဲ့ ဝေါဟာရစကားလုံးလေးပါ။ ပါဠိတော် အဋ္ဌကထာတွေမှာ ပီဌ=အင်းပျဉ်ဆိုတဲ့စကားလုံးလေးကို မကြာခဏတွေ့ ရပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်ကတော့ ရဟန်းတော်တွေအတွက်ကော လူတွေအတွက်ကော မဖြစ်မနေအသုံးပြုစရာ ဝေါဟာရ စကားလုံးလေးတခုပါ။
ဒါပေမဲ့ စာရေးသူလည်း အင်းပျဉ်ဆိုတာကို သေချာမသိပါဘူး။ မြန်မာအဘိဓာန်ရယ် ဆရာတော်ဘုရားကြီး တွေရဲ့ အဋ္ဌကထာမှတ်ချက် ရေးပြချက်တွေရယ် ပြန်ဖတ်မှ အင်းပျဉ်ဆိုတာ ဘာလဲဆိုတာသိရတာပါ။ မြန်မာ အဘိဓာန်မှာတော့ အောက်ခြေနိမ့်ပြီးလက်တင်မပါတဲ့ ထိုင်ဖို့အိပ်ဖို့ ခုတင်ငယ်လို့ဆိုပါတယ်။ အဋ္ဌကထာမှတ်ချက်ကတော့ ပျဉ်ပြားနဲ့လုပ်ထားတဲ့ နေထိုင်ဖို့ခုံလို့ဆိုပါတယ်။ ထိုင်ခုံစားပွဲခုံစာတင်ခုံနဲ့ ကြိမ်ကုလားထိုင် သစ်သားကုလားထိုင် ခေါက်ခုတင်တွေကိုလည်း အင်းပျဉ်လို့ခေါ်ကြောင်း ဆိုထားပါတယ်။ နောက် ခြေဆေးဖို့ပြုလုပ်ထားတဲ့ ခြေထောက်မပါတဲ့ သစ်သားတုံးသစ်သားပြားရယ်၊ နတ်ပူဇော်ဖို့လုပ်ထားတဲ့ ခြေထောက်တချောင်းပဲရှိတဲ့ စားပွဲခုံမြင့်ရယ်ကိုလည်းအင်းပျဉ်ထဲမှာ ထည့်ထားပါတယ်။
မြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တွေရဲ့ ကျောင်းတွေမှာတော့ ခြေဆေးဖို့ ခြေဆေးအင်းပျဉ် ကိုတော့ အသုံးအဆောင်တခုအနေနဲ့ မဖြစ်မနေထားလေ့ရှိကြပါတယ်။ ဒီခေတ်မှာတော့ အင်းပျဉ်ဆိုတဲ့ ဝေါဟာရကိုသုံးတာ သိပ်မတွေ့ရတော့ပါဘူး။ စာထဲမှာပဲတွေ့ရပါတော့တယ်။
အမျိုးသမီးလေး ဆွမ်းခံရဟန်းတော်ကို လှူလိုက်တဲ့အင်းပျဉ်က တော့ ဆွမ်းတောင်ထိုင်ဘုဉ်းလို့ရတာဆိုတော့ သစ်သားကုလားထိုင် ထိုင်ခုံလေးတခုခုဖြစ်ဖို့များပါတယ်။ ဘာပဲပြောပြောထိုင်စရာထိုင်ခုံလေးလို့ပဲ သဘောထားလိုက်လို့ရပါတယ်။
အမျိုးသမီးငယ်လေးက သူ့ရဲ့ထိုင်ခုံလေးကို စိတ်စေတနာကောင်းကောင်းနဲ့ လှူလိုက်ရုံတင်မကပါဘူး။ ပြုလိုက်တဲ့ဒါနလေးကိုလည်း ပြန်ပြန်တွေးပြီး ပီတိဖြစ်နေတာပါ။ ကိုယ်ပြုထားတဲ့ ကုသိုလ်ကို ပြန်ပြန်သတိရ တာလည်း စိတ်ချမ်းသာမှုတခုပါပဲ။ စိတ်ညစ်နေရင် စိတ်ရှုပ်နေရင်ပြုခဲ့တဲ့ ကုသိုလ်လေးတွေ ပြန်တွေးရင်လည်း စိတ်သက်သာရာတခုပါ။
မြတ်စွာဘုရားရှင်ရဲ့ အဖြေစကားအရဆိုရင် သိမ်တွေ၊ ကျောင်းတွေ၊ ရှင်တထောင်တွေ၊ ရှင်တသောင်းတွေ လှူမှရယ် မဟုတ်ပါဘူး။ ကော်ဖီလေးတခွက် လှူလိုက်ရင်လည်း ကိုယ့်အတွက်တော့ မဟာကုသိုလ်ကြီး တခုဖြစ်သလို ကောင်းကျိုးကြီးတခုမကကလည်း ကြိုကြိုနေတော့တာပါ။
အမျိုးသမီးငယ်လေးက သူပြုတဲ့ကုသိုလ်ဒါနလေးကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြုသလို ပြုပြီးတာနဲ့ပြီးမသွားပါဘူး။ ပြုပြီးတဲ့ ဒါနကုသိုလ်လေးကို ပြန်ပြန်တွေးနေတာလေးက အတုခိုးစရာလေးတခုပါ။ တကယ်တော့ မြတ်စွာဘုရားရဲ့အဖြေစကား ကြားရတာလေးရယ်၊ ရပ်ကွက်ထဲမှာ တီးတိုးတီးတိုး သတင်း စကားပြောနေကြတာလေးရယ်ကြားပြီး အများနည်းတူ ဒါနကုသိုလ်ပြုဖြစ်သွားတာပါ။ ကိုယ့်ဘာသာကိုယ် အပြင်သတင်းတွေကို နားမစွင့်ဘဲကိုယ့်အလုပ်ပဲ ကိုယ်မဲလုပ်နေမယ်ဆိုရင်တော့ ပြုဖြစ်ချင်မှပြုဖြစ်မှာပါ။ တချို့ကုသိုလ်တွေဟာ ပတ်ဝန်းကျင်ရဲ့သတင်း စကားတွေကြောင့် ပြုဖြစ်သွားတာတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့် သတင်းတွေနဲ့ သိပ်မျက်ခြည်ပြတ်လို့လည်း မဖြစ်ပါဘူး။
ဒါနပြုပြီး ကောင်းကျိုးဖြစ်သွားတဲ့ ၀တ္ထုလေးတွေကြည့်လိုက်ရင် ကိုယ်ပြုတဲ့ဒါနလေးကို မြတ်မြတ်နိုးနိုးလေးနဲ့ တန်ဖိုးထားပြုသွားတာကို တွေ့ရပါတယ်။
စာထဲမှာတော့ ဒါန ၃ မျိုးကို ပြထားပါတယ်။
ကျွန်ဒါနရယ်၊ သူငယ်ချင်းဒါနရယ်၊ အရှင်သခင်ဒါနရယ်ပါ။ ပါဠိလို ပြောရင်တော့ ဒါသဒါနရယ်၊ သဟာယ ဒါနရယ်၊ သာမိဒါနရယ်ပါ။
ကိုယ်ကိုယ်တိုင်ကတော့ ကောင်းမွန်တဲ့အစားအစာ၊ ကောင်းမွန်တဲ့ပစ္စည်းတွေကို သုံးဆောင်ပြီး ကိုယ့်ရဲ့ လက်အောက်ကျေးကျွန်အလုပ်သမားတွေကိုတော့ မကောင်းတဲ့အညံ့စားအစားအစာတွေ ပစ္စည်းတွေကို ပေးသလိုမျိုး သူတပါးကိုပေးလှူတဲ့နေရာမှာတော့ ခပ်ညံ့ညံ့ပစ္စည်းကိုပဲ ပေးလှူတတ်ပါတယ်။ ဒီဒါနမျိုးကိုတော့ ကျွန်ဒါနလို့ခေါ်ပါတယ်။ ကျွန်အလုပ်သမားတွေကိုပေးတာနဲ့တူလို့ ကျွန်ဒါနလို့ခေါ်တာပါ။ ကိုယ်ကတော့ ကောင်းတာသုံးပြီး သူတပါးကျတော့ မကောင်းတာကိုပေးတာပါ။
ကိုယ့်အိမ်ကို ကိုယ်ချစ်တဲ့သူငယ်ချင်းမိတ်ဆွေတွေလာတဲ့အခါ ကိုယ်သုံးဆောင်တဲ့ ပစ္စည်းအစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံသလို သူတပါးကိုပေးလှူတဲ့နေရာမှာလည်း ကိုယ်သုံးဆောင်နေကျ တန်းတူပစ္စည်းကို ပေးလှူတာကျတော့ သူငယ်ချင်းဒါနလို့ခေါ်ပါတယ်။ သူငယ်ချင်းကိုပေးတာနဲ့တူလို့ သူငယ်ချင်းဒါနလို့ ခေါ်တာပါ။
ကိုယ့်ထက်ရာထူးအာဏာကြီးတဲ့ အရှင်သခင်ကို ကျွေးမွေးဧည့်ခံတဲ့အခါ လက်ဆောင်ပစ္စည်းပေးတဲ့အခါ ကိုယ် သုံးဆောင်တဲ့ပစ္စည်းထက် ပိုမိုကောင်းမွန်တဲ့ပစ္စည်းတွေ၊ အစားအစာတွေနဲ့ ကျွေးမွေးသလို လက်ဆောင်ပေး သလို ကိုယ်ကိုယ်တိုင်ကျတော့ သင့်တင့်မျှတရုံပစ္စည်းလောက်ပဲ သုံးစွဲပြီး သူတပါးကိုပေးလှူတဲ့နေရာမှာတော့ ကိုယ်သုံးစွဲတဲ့ပစ္စည်းထက် ပိုမိုကောင်းမွန်တဲ့ပစ္စည်းကို လှူဒါန်းတဲ့ဒါနမျိုးကိုတော့ အရှင်သခင်ဒါနလို့ ခေါ်ပါ တယ်။ အရှင်သခင်ကို လက်ဆောင်ပေးတာနဲ့တူလို့ အရှင် သခင်ဒါနလို့ ခေါ်တာပါ။
ဒါကြောင့် ကိုယ်ပြုပြုနေတဲ့ဒါနလေးတွေကို ဒါန ၃ မျိုးထဲက ကျွန်ဒါနလား၊ သူငယ်ချင်းဒါနလား၊ အရှင်သခင်ဒါနလားဆိုတာ ပြန်ဆန်းစစ်ကြည့်ရမှာပါ။ တမျိုးမျိုးထဲမှာ ပါနေမှာတော့ သေချာပါတယ်။
အမြဲတမ်း အရှင်သခင်ဒါနချည်းဖြစ်နေဖို့ဆိုတာလည်း မလွယ်ပါဘူး။ အခြေနေနဲ့ အချိန်ခါလည်းရှိပါသေးတယ်။ အရှင်သခင်ဒါနဖြစ် အောင်ဆိုပြီး ကိုယ့်အလုပ်သမားတွေကို အစားကောင်းကောင်းတွေ ကျွေးပြီးကိုယ်ကတော့ ဖြစ်သလို ခပ်ညံ့ညံ့ပဲစားနေရင်လည်း သဘာဝကျတဲ့ အပြုအမူတော့မဟုတ်ပါဘူး။ သဘာဝမကျရင် စိတ်ပင်ပန်းရပါတယ်။ အခြေအနေနဲ့အချိန်အခါကြည့်ပြီး လုပ်သွားရမှာပါပဲ။
ဥပမာ - မန္တလေးက စိန်တလုံးသရက်သီး ၁၅ လုံးရောက်လာမယ်။ ''ငါတို့ကိုးကွယ်တဲ့ဆရာတော်ကြီးကို ၅ လုံးသွားလှူမယ်၊ ငါတို့မိသားစု က ၁၀ လုံးစားမယ်ဆိုရင် ဒါသဘာဝကျတဲ့ အပြုအမူတခုပါ။ အဲဒီလိုမှ မဟုတ်ဘဲ ''၁၅ လုံးလုံး ဆရာတော်ကြီးကို သွားလှူလိုက်တာပေါ့၊ ငါတို့မိသားစုကတော့ မစားပါနဲ့တော့'' ဆိုပြီး ကိုယ့်ရဲ့သားသမီးလေးတွေက စိန်တလုံးသရက်သီးစားချင်လွန်းလို့ သွားရည်တများများနဲ့ ဆန့်ငင်ဆန့်ငင် ဖြစ်ကျန်ခဲ့တာမျိုးကျတော့လည်း သဘာဝမကျပြန်ပါဘူး။
တခါတလေ သူငယ်ချင်းဒါနကို ရွေးချယ်ရမှာဖြစ်သလို တခါ တလေကျတော့လည်း ဘ၀မှာ စွန့်စားမှုတခုအနေနဲ့ အရှင်သခင်ဒါနကို တကူးတကကို ရွေးချယ်ရမှာပါ။ တခုရှိတာက အမြဲတမ်း ကျွန်ဒါနချည်း ဖြစ်နေမယ်ဆိုရင်တော့ သံသရာအတွက်ကော ပစ္စုပ္ပန်ဘ၀လူမှုနယ်ပယ်အတွက်ကော ဘယ်လိုမှ အဆင်မပြေ နိုင်ပါဘူး။
ဒါန ၃ မျိုးကတော့ ပုထုဇဉ်လူသားတယောက်အနေနဲ့ အခြေနေနဲ့ အချိန်ခါအရ တည်ငြိမ်မှုမရှိနိုင်ပါဘူး။ အခါအားလျော်စွာ အပြောင်းအလဲတော့ ရှိနေနိုင်ပါတယ်။ အဓိကကတော့ ကိုယ်ပြုတဲ့ဒါနလေးကို မြတ်မြတ် နိုးနိုးနဲ့တန်ဖိုးထားပြုလိုက်ဖို့ပါပဲ။ တကယ်လို့ ပစ္စည်းက တန်ဖိုးနည်းနေဦးတော့ ကိုယ့်ရဲ့စိတ်စေတနာနဲ့ အပြုအမူပိုင်းကိုတော့ တန်ဖိုးမြှင့်နိုင်သမျှ မြှင့်ပြီး လှူလိုက်ရမှာပါ။
တခါတုန်းက ဦးဇင်းအရှင်ဆန္ဒာဓိကက ဘန်ကောက်ကြွခါနီး ''ဘာဝယ်ခဲ့ရဦးမလဲ''လို့မေးပါတယ်၊ ဒီတော့ စာရေးသူက စာရေးသူသုံးတဲ့ သွားတိုက်တံဝယ်ခဲ့ဖို့မှာ လိုက်ပါတယ်။ ပြန်ကြွလာတော့ စံကျောင်း အပေါ်ထပ်မှာ နှစ်ပါးတည်းပါပဲ။ ဘယ်သူမှလဲ မရှိပါဘူး။ ပါလာတဲ့ သွားတိုက်တံလေးကိုင်ပြီး ''ခဏနေပါဦး၊ ဒီဝတ်ထားတဲ့ သင်္ကန်းက ဟောင်းနေတယ်။ လျှော်ပြီးသား၊ မီးပူတိုက်ပြီးသား သင်္ကန်းအသစ်လေး ၀တ်ပြီးလှူရအောင်''ဆိုပြီး လျှော်ပြီးသားသင်္ကန်းအသစ်နဲ့ပြန်လဲပါတယ်။ ပြီးတော့ လက်ကန်တော့လေးထိုး စာရေးသူကို ကုလားထိုင်ပေါ်မှာထိုင်ခိုင်းပြီး ဦးဇင်းအရှင်ဆန္ဒာဓိကကတော့ အောက်မှာဒူးထောက်ထိုင်ပြီး ၀ယ်လာတဲ့ သွားတိုက်တံ ၄ ချောင်းကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ကပ်ပါတယ်။ တကယ်တော့ ဦးဇင်း အရှင်ဆန္ဒာဓိကက စာရေးသူထက် တနှစ်ခွဲတိတိ ကြီးပါတယ်။ ကြီးပေမယ့်လည်း အလှူခံပုဂ္ဂိုလ်ကိုအမြင့်မှာ ထိုင်ခိုင်းပြီး အလှူရှင်ကတော့ အောက်ကပဲထိုင်ပြီး လှူခဲ့တာပါ။ တကယ်ဆို သွားတိုက်တံရဲ့တန်ဖိုးက ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဦးဇင်းအရှင်ဆန္ဒာဓိကကတော့ ပေးလှူတဲ့ပစ္စည်းတန်ဖိုးထက် ဒါနကုသိုလ်အကျိုးကို တန်ဖိုးမြှင့်ပြီး ဆတိုးမက သိန်းသန်းကုဋေ ရအောင်ယူသွားတာပါ။
စာရေးသူသာအလှူရှင်ဆိုရင်တော့ သွားတိုက်တံတွေကို လက်နှစ်ဖက်နဲ့ ရိုရိုသေသေလောက်ပဲပေးလှူဖြစ်မှာ ပါ။ ဒီထက်တော့ ပိုမယ်မထင်ပါဘူး။ ဦးဇင်းအရှင်ဆန္ဒာဓိကကတော့ သူ့ရဲ့ဒါနကုသိုလ်လေးကို ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားလှူသွားခဲ့ပါတယ်။ ဒါနပစ္စည်းကို ရိုရိုသေသေ လှူလိုက်တာဟာ တခြားပုံစံ တမျိုးနဲ့ ပြောမယ်ဆိုရင်လည်း သက္ကစ္စဒါနဖြစ်သွားတာပါ။ သက္ကစ္စဒါနဆိုတာ ရိုရိုသေသေ လှူတဲ့ဒါနပါ။ ရိုရိုသေသေ လှူရင် ဘာကောင်းကျိုးရသလဲဆိုတော့ ''ရိုသေလှူငြား ကိုယ့်စကား အများ နာယူကြ''ဆိုတဲ့အတိုင်း ကိုယ့် စကားကို အများစုက နာယူကြပါတယ်တဲ့။ ကိုယ့်စကားက သြဇာညောင်းပါတယ်တဲ့။
တချို့မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ အလုပ်ရှင်နဲ့အလုပ်သမား သြဇာမညောင်းပါဘူး။ ပြောရဆိုရ သိပ်ခက်ခဲ ပါတယ်။ တချို့ကျတော့ စကားပြောရင် သြဇာသိပ်ညောင်းပါတယ်။ ဒါ သက္ကစ္စဒါန အသက္ကစ္စဒါနတို့ရဲ့ အကျိုးအပြစ်တွေပါ။
ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက မဟာဗုဒ္ဓ၀င်မှာ ဘုရားပန်းကို မလှလှအောင်၊ တင့်တင့်တယ်တယ်ဖြစ်အောင် သေချာပြင်ဆင်ပြီး လှူတာလည်း သက္ကစ္စဒါနဖြစ်ပါတယ်တဲ့။ တချို့ဆို ဘုရားပန်းထိုးထားတာ သိပ်လှတာပါပဲ။ မြင်ရတဲ့သူတွေအတွက် စိတ်ကြည်နူးစရာပါ။ တရားပွဲတွေမှာ ပန်းအလှတွေနဲ့ လှလှပပပူဇော်ထားတာလည်း သက္ကစ္စဒါနပါပဲ။
ဒီနေရာမှာ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးက အရိုအသေပြုလှူတယ်ဆိုတဲ့နေရာမှာ လှူဖွယ်ဝတ္ထုပစ္စည်းကို ကောင်းမွန်စွာပြုပြင်စီမံပြီး လှူတာကိုဆိုလိုရင်းဖြစ်တယ်လို့ မှတ်ချက်နဲ့ မိန့်ပါတယ်။ တချို့က အလှူခံပုဂ္ဂိုလ်ကိုပြောတာလို့ ထင်မှတ်မှားနေတတ်ကြပါတယ်တဲ့။ ဆရာတော်ဘုရားကြီးရဲ့ မှတ်ချက်ကို သိရတော့ကိုယ်ကလှူဖွယ်ဝတ္ထုကော အလှူခံပုဂ္ဂိုလ်ကော နှစ်မျိုးလုံးကို ရိုရိုသေသေ လှူလိုက်နိုင်တယ်ဆိုရင်လည်း အတိုင်းထက်အလွန်ပါပဲ။ အထူးသဖြင့်တော့ ကိုယ့်ရဲ့လှူဖွယ်ဝတ္ထုကို ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့ လှူရမှာဖြစ်ပါတယ်။
ဥပမာ - ကိုယ်အိမ်မှာနေတဲ့ အိမ်အကူ ကလေးမလေးတွေကို ကိုယ့်ရဲ့ လုံချည်အဟောင်းလေးတွေကို ပေးတော့မယ်ဆိုရင် လျှော်ပြီး မီးပူတိုက်ပြီး လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေးလိုက်ရင် သက္ကစ္စဒါနဖြစ်သွားတာပါ။ အဲဒီလိုမှမဟုတ်ဘဲ လျှော်ရုံလောက်သာလျှော်ပြီး မီးပူမတိုက်တော့ဘဲ လက်တဖက်နဲ့ “'ရော့…အင့်'ဆိုပြီး ပေးလိုက်မယ်ဆိုရင်တော့ သက္ကစ္စဒါန ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ လှူဖွယ်ဝတ္ထုက တန်ဖိုးနည်းချင်နည်းမယ် ကိုယ့်ရဲ့ပေးလှူပုံ အပြုအမူကိုတော့ တန်ဖိုးမြှင့်နိုင်သမျှမြှင့်ပြီး လှူရမှာပါ။ ဒါတွေက သိပ်ခက်လှတဲ့အရာတွေလည်း မဟုတ်ပါဘူး။
တချို့ဘုန်းကြီးဆွမ်းကပ်ပြီဆိုရင် စားပွဲပေါ်မှာ နှင်းဆီပွင့်ဖတ်လေးတွေခြွေပြီး အပြည့်ဖြန့်ခင်းထားပါတယ်။ စားပွဲလေးထောင့်မှာလည်း ရောင်စုံဖယောင်းတိုင်လေးတွေ ထွန်းထားလိုက်ပါသေးတယ်။ ဆွမ်းဟင်းတွေကို လှလှပပ ပြင်ရုံတင်မကပါဘူး၊ ငါးပိရည်တို့စရာကိုတောင် အလှပုံဖော်ပြီး ပြင်ထားပါတယ်။ အချိုပွဲကိုလည်း ဒီအတိုင်း အလှမျိုးစုံပုံဖော်ပြီး ပြင်ထားတာပါ။ မစားဘဲ အလှထိုင်ကြည့်နေဖို့ပဲ ကောင်းပါတော့တယ်။ ဒါလည်း သက္ကစ္စဒါနပါပဲ။ တနည်းအားဖြင့်ဆိုရင် အနုပညာပါတဲ့ ဒါန တခုပါ။
ဘာပဲပြောပြောလေ ကိုယ့်ဒါနပစ္စည်းဝတ္ထုလေးကို နည်းတာများတာ အဓိကမထားဘဲ ရိုရိုသေသေ မြတ်မြတ်နိုးနိုးနဲ့ ပေးလှူပုံအပြုအမူပိုင်းကို တန်ဖိုးမြှင့်နိုင်သမျှ မြှင့်လိုက်ရင် ဒါနကုသိုလ်အကျိုးက မြင့်သထက်မြင့် သွားတာပါပဲလေ။
ရဝေနွယ်(အင်းမ)

Friday, July 10, 2015

"သေပြီးသား ရုပ်အလောင်းကို မြို့ ၊ ရွာအတွင်း ပြန်သယ်လျှင် ၎င်းမြို့ ၊ရွာများကို ထိခိုက်ခြင်း ရှိ / မရှိ "

Khat Hatun's photo.
"သေပြီးသား ရုပ်အလောင်းကို မြို့ ၊ ရွာအတွင်း ပြန်သယ်လျှင် ၎င်းမြို့ ၊ရွာများကို ထိခိုက်ခြင်း ရှိ / မရှိ "
မထိခိုက်နိုင်ဘူးလို့ တစ်ထစ်ချ ယုံကြည်ထားလိုက်ပါ ။ ဒီပြဿ ... နာဟာ တစ်ချိန်တုန်းက နေရာဒေသအနှံအပြားမှာ တော်တော်ကြီးမားခဲ့ပါတယ်၊ ရှေးလူကြီးတွေရဲ့ အယူသီးမှုတစ်ခုလို့ ဆိုပါတော့ဗျာ။ ဗုဒ္ဓဘာသာ အယူမဟုတ်တဲ့ အခြားဘာသာရဲ့ အယူကိုသယ်ဆောင်လာပြီး ဗုဒ္ဓဘာသာထဲကို အတင်းအဓမ္မ ထည့်သွင်းလိုက်တဲ့ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။ တကယ်တော့ ဒီသဘာဝမကျတဲ့အယူတွေဟာ အနော်ရထာမင်းလက်ထက် ရှင်အရဟံမြတ်နဲ့တွေ့လို့ တရားစစ် တရားမှန်သိတဲ့အချိန်ကစပြီး အယူတွေ ကွယ်ပျောက်ဖို့ ကောင်းပါပြီး၊ မဟုတ်မမှန်တဲ့ ဒီအယူတွေ ပြတိုက်ထဲထည့်ထားဖို့ကောင်းတယ်၊ ဒါပေမယ့် တစ်ခါတစ်လေကျတော့ " ၀ါဒတဏှာ" ဟာ " ကာမတဏှာ" ထက် ပြင်းထန်နေတာကို တွေ့ရတတ်တယ်။
ဘယ်ဘာသာလဲ ဆိုတာကတော့ မပြောတော့ပါဘူး။ ငါ့ဘုရားသာ၊ ငါဘုရား၊ သခင်အတွက် ငါစွန့်စားမယ်၊ ငါပေးဆပ်မယ်၊ ဒီလိုပေးဆပ်နိုင်မှ ငါ "အာဇာနည်" ဖြစ်မယ်ဆိုပြီး ကိုယ့်မိဘအရင်းကို သေနတ်နဲ့ပစ်တာတို့ ဓါးနဲ့ ထိုးသတ်တာတို့ ခန္ဓာကိုယ်ကို "ဗုံး" တွေချည်ပတ်ပြီး လူအုပ်ထဲအသေခံ ဗုံးခွဲသတင်းတွေကြားဖူးမှာပါ၊ အဲဒါပါပဲ " ၀ါဒတဏှာ" ပြင်းထန်လာရင်။
အကြောင်းအမျိုးမျိုးကြာင့် သေပြီးသား သက်မဲ့ခန္ဓာကိုယ်လေဗျာ၊ လူတွေကို ဘယ်လိုလုပ် ဒုက္ခပေးနိုင်မှာလဲ သူ့ဟာသူတောင် မရွေ့နိုင်လို့ ကျွန်တော်တို့က သယ်လာပေးမှ ရောက်လာတာ မဟုတ်ဘူးလာ ဒါနဲ့များ မြို့ရွာကို ဘယ်လို ထိခိုက်နိုင်မှာတုန်း၊ "လူသေကို မကြောက်စမ်းပါနဲ့ လူရှင် ကိုပဲ ကြောက်စမ်းပါ" သေပြီးသားလူက ပြန်ရှင်ထလာပြီး လူတွေကို သေနတ်နဲ့လိုက်ပစ် ဓါးနဲ့လိုက်ခုတ်သတ်တာတို့ ဒါတွေကိုတော့ အနောက်တိုင်းက အမေရိကန်တို့၊ အင်္ဂလိပ်တို့ရိုတ်လာတဲ့ ရုပ်ရှင်ထဲမှာတော့ ကျွန်တော် ခဏခဏတွေ့ဖူးတယ်၊ တရုတ်သရဲကားမှာလည်း ကြည့်ဖူးတယ်၊ သို့သော် ယနေ့ထိတော့ အပြင်မှာ ကျွန်တော် မမြင်ဖူးဘူး၊ ကြားလည်း မကြားဖူးဘူး၊ အနှိုင်းမဲ့မြတ်ဗုဒ္ဓလည်း ဒါမျိုး မဟောခဲ့ပါဘူး၊ " သေပြီးသား ရုပ်အလောင်းကို မြို့ ၊ ရွာအတွင်းသို့ ပြန်သယ်ရင် အဲဒီမြို့ ၊ ရွာပျက်စီး လတ္တံ" ။ လို့ မဟောခဲ့ပါဘူးနော်။ " အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ" ဆိုတဲ့တရားတော်အတိုင်း " အို" တတ်တဲ့ခန္ဓာကိုယ်ကို ရထားတဲ့အတွက် တစ်နေ့ "အို" ကြရမယ် ၊ "နာ" တတ်တဲ့ခန္ဓာကိုယ်ကို ရထားတဲ့အတွက် တစ်နေ့ "နာ" ကြရဦးမယ်၊ "သေ" တတ်တဲ့ခန္ဓာကိုယ်ကို ရထားတဲ့အတွက် တစ်နေ့ " သေ" ကြရဦးမယ်၊ နုနယ်ရုပ်ဆင်း လှပခြင်းကာ အိုခြင်းသာလျှင် အဆုံးရှိချေ၏ ၊ ရောဂါကင်းရှင်း ကျန်းမာခြင်းကား နာခြင်းသာလျှင် အဆုံးရှိချေ၏ ၊ ဇီဝိန်ထိန်လင်း သက်ရှင်ခြင်းကား သေခြင်းသာလျှင် အဆုံးရှိချေ၏ ၊ ခြံရံသင်းပင် ပြည့်စုံခြင်းကား ပျက်ခြင်းသာလျှင် အဆုံးရှိချေ၏ ၊ ဒီလိုအမြဲမှန်ကန်တဲ့ သဘာဝအမှန်တရားတွေကိုပဲ ဟောပြခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် သေရတာကတော့လူတွေရဲ့ " ကံ " ပဲဖြစ်ပါတယ်။ လှံထမ်းလာတာကို မြင်ရပေမယ့် " ကံ " လမ်းကိုတော့ မမြင်ရပါဘူး။ သံသရာဟာ အလွန်ပဲ ရှည်လျားလှပါတယ်၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှာ ဘ၀ပေါင်းများစွာက သူပြု ခဲ့တဲ့ကောင်းမှု ကုသိုလ်နဲ့ မကောင်းမှု အကုသိုလ်ကံတို့ ရောနှောနေတယ် ၊ သံသရာတစ်လျှောက်လုံးမှာ သိလို့လုပ်ခဲ့ကြတာမဟုတ်ဘဲ မသိလို့လုပ်ခဲ့ကြတဲ့အတွက် မကောင်းမှု အကုသိုလ်ကံ အကျိုးပေးချိန်တန်လို့ သေကြရတာပါလို့ နှလုံးသွင်းထားလိုက်ပါ။
သေပြီးသား ရုပ်အလောင်းကို မြို့ / ရွာတွေ ထဲသယ်ဆောင်သွားတဲ့အတွက် အဲ မြို့ / ရွာ ပျက်စီးသွားပြီးလား? မြန်မာနိုင်ငံမြေပုံမှာ မရှိတော့ဘူးလား? အားလုံးကိုခြုံပြီး ဖြေရမယ်ဆိုရင် သေပြီးသားရုပ်အလောင်းကို မြို့ထဲ ၊ ရွာထဲပြန်သယ်လို့ပဲဖြစ်ဖြစ် မြို့ ၊ ရွာကို ဖြတ်သန်းပြီး သယ်ယူလို့ပဲဖြစ်ဖြစ် အဲဒီမြို့ ရွာကို မထိခိုက်နိုင်ပါကြောင်း သူပုန်၊ ဓားပြများ ဖြတ်သန်းသွားမှသာလျှင် အဲဒီမြို့ ၊ ရွာများ ထိခိုက်နိုင်ပါကြောင်း ကာယကံရှင်၏ အမေးများကို ဆရာနန်ရွှေလီကြိုင် (မိုင်ပန်) မှ မေတ္တာရှေ့ထားပြီး ဖြေကြားပေးသော အပိုဒ်လေးမှ ကောက်နုတ်တင်ပြပေးလိုက်ပါတယ်။
သတ္တ၀ါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိကြပါစေ။ ဆရာနန်ရွှေလီကြိုင်(မိုင်ပန်) အား online မှတစ်ဆင့် ခွင့်တောင်းပါ၏။ __^__^__^__ မေတ္တာဖြင့် Khat Hatun နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

Wednesday, July 8, 2015

သူရဿတီ ဘယ်က လာသလဲ

Eainmat Khin's photo.
သူရဿတီ ဘယ်က လာသလဲ
~~~~~~~~~~~~~~
ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူး ဘာသာကြီးငါးခုကိုလက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုးအမျိုးကို စုံနေတယ်။
...
ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်ထင်ရင် အိန္ဒိယပြည် သွားတောင်းကြ။ ဟိုမှာ သုံးထောင့်ခုနှစ်ရာမကဘူး။ မှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊ မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။ ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ အလကားဖြစ်သွားရော။ သြော်.. ဒုက္ခ
သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့ နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။
အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်းနှစ်နယ်စပ် ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။
ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊ အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့ `သူရဿတီ´ ပေါ့။
အဲဒီမြစ်က နတ်သမီးပဲကွ။ အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။ အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။
အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့ အကောင်တွေ။ ကော့ကေးရှပ် တောင်တန်းကြီးက ဘယ်နားရှိလဲ။ ပဲခူးရိုးမမှာ မရှိဘူး။ shan mountain
ရှမ်းတောင်တန်းမှာလည်း မရှိဘူး။ ကက်စပီယန်ပင်လယ်နဲ့ ပင်လယ်နက် အကြား ၊
မြောက်ဖက်နား ဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။
အဲဒီက လူတွေကို `အာရီယန်´ လို့ ခေါ်တာ။
သူတို့တွေ ဆင်းဆင်းလာကြတာ တောင်တန်းက တစ်နှစ်လုံး ရေခဲ၊ စားစရာက မရှိ၊
အဲဒါနဲ့ အရှေ့ ဆင်းတဲ့ကောင်က ဆင်း၊ အနောက် ဆင်းတဲ့ ကောင်က ဆင်း၊ အရှေ့ဘက်နှင့် တောင်ဘက်ဆင်းတဲ့ ကောင်က များတယ်။
အုပ်လိုက်အုပ်လိုက် ကျွဲအုပ်တွေ၊ နွားအုပ်တွေ၊ သိုးအုပ်တွေ၊ဆိတ်အုပ်တွေနဲ့ ဆင်းသွားကြတာ။
အဲလို ကျွဲ၊ နွား၊ ဆိတ်၊ သိုးနဲ့ သွားတဲ့ ဒီလူအုပ်တွေကို ကာရေဗီယန် ခေါ်တာ။ ကာရေဗီယန်ဆိုတာ မော်တော်ကားနာမည် ပြောတာမဟုတ်ဘူး။
အဲဒီ အုပ်လိုက်ကြီး ဆင်းလာပြီးတော့မြေထဲပင်လယ် ကမ်းနားတစ်ဝိုက် သဲကန္တာရတွေထူတဲ့
အရပ်တွေမှာအခြေချနေခဲ့ကြတယ်။ ဒီကနေ့ မင်းတို့သိတဲ့ အီရန်၊ အီရတ်ဆိုတဲ့
တိုင်းပြည်တွေကို အဲဒီလူတွေ ထူထောင်ခဲ့ကြတာ။
အဲဒီဆိတ်အုပ်တွေ သိုးအုပ်တွေနဲ့ အရှေ့ကို ဆက်လက် ချီတက်တော့ အာဖဂန်နစ္စတန်ဖြတ်ပြီး၊
ပါကစ္စတန်ဖြတ်ပြီး အရှေ့ဘက် ချီတက်ကြတယ်။ အာဖဂန်တို့ ပါကစ္စတန်တို့ဆိုတဲ့ တိုင်းပြည်တွေ
ပေါ်တာ သိပ်မကြာသေးဘူး။ နှစ်တစ်ထောင်ကို မရှိသေးဘူး။
အဲဒီတော့ တိုတိုပြောစို့... မြစ်ငါးစင်းရှိတဲ့ အရပ်ကို ရောက်တာ အနောက်ဘက်ကနေ
သူတို့ ဖြတ်လာခဲ့သမျှ လမ်းတစ်လျှောက်လုံးဟာ သဲတွေချည်းပဲဆိုတော့ မြစ်ငါးဆင်းရှိတဲ့ အရပ်လည်း
ရောက်ရောဧရာဝတီလို ဖြစ်နေတာ။ နယ်မြေတစ်ခုလုံးက စိမ်းစိုညိုနေတဲ့အရပ်ဆိုတော့
လူတို့ Settle အခြေချနေကြတာ။
`ဒီလောက် စိမ်းစိုလှပစရာဖြစ်တဲ့ ဒီမြေကြီးကို ဘယ်သူများ ဖန်ဆင်းခဲ့သလဲလို့´ တွေးပြီး ဖန်ဆင်းရှင်ရှာတော့ ဗြဟ္မာ သွားတွေ့ရော။ တကယ်တော့ ဗြဟ္မာကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး။ စိတ်ကူးနဲ့ သူတို့ ဖော်ထုတ်တာဆိုတော့ Brama created this word ဖြစ်တော့တာ။
ဟော... တော်တော်ကြာကျတော့ ဟာ ဒီလောက် သန်းပေါင်းများစွာ ကြာနေတဲ့
ဒီကမ္ဘာ Who preserved?,who maintained? ဘယ်သူ ထိန်းထားလဲဆိုပြီး maintainer (ထိန်းသိမ်းစောင့်ရှောက်သူ) ကိုသူတို့ ရှာကြပြန်တယ်။ ဒီတော့ သွားတွေ့တယ်။
Vishnu is the maintainer.နောက်ကျတော့ မုန်တိုင်းတွေ တိုက်လို့ သေကြပြန်ရော။ ရေလျှံလို့ သေကြပြန်ရော။ တောမီးတွေ လောင်လို့ သေကြပြန်ရော။ ဟာ... Who destory this world?destroyer (အဖျက်သမား) ဘယ်သူလဲ။ Shiva- ရှီဝ ပေါ့။ Shiva destroy this world.အဲဒီ Brama ရယ်၊ Vishnu ရယ်။
Shiva ရယ်ကို ရတနာသုံပါးတဲ့။သူတို့တွေ သတ်မှတ်လိုက်ကြတာ။ မင်းတို့ငါတို့မှာလည်း ရတနာသုံးပါးရှိတယ်ဆိုတော့ Similar ဖြစ်နေတယ်။
အဲလောက်လှတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့
* Brama (ဗြဟ္မာ)ရယ်...
* စောင့်ရှောက်တဲ့ Vishnu (ဗိဿနိုး)ရယ်....
* ဖျက်ဆီးတဲ့ Shiva (ရှီဝ)ရယ်...
ဒီဘုရားကြီး သုံးဆူကို ပူဇော်ဖို့ ပူဇော်တဲ့ နည်းစနစ်တွေကိုရေးတယ်။ အဲလို ပူဇော်တဲ့ ကျမ်းတွေဟာ `ယဇုဗေဒ´ဆိုပြီး ဖြစ်လာတယ်။
ပူဇော်တဲ့နေရာမှာ ဂါထာမန္တရားတွေ ရွတ်နည်း၊ ဖတ်နည်းတွေကို ရေးသားတဲ့ကျမ်းက
`သောမဗေဒ´ ကုလားလို (ရှာမဗေဒ)လို့ ဖြစ်လာတယ်။ ဒီတော့ ဗေဒသုံးခုလို့ လာတယ်။
ဒို့ ပိဋိကတ်သုံးပုံနဲ့ လာဆင်တူနေပြန်တယ်။
အဲဒီတော့ ... သူရဿတီဆိုတဲ့မြစ်က တောင်ကြိုချောက်ကြား ကျောက်ဆောင်
ကျောက်စွယ်တွေကိုဖြတ်ပြီး ရေစီးတော့ နိမ့်တစ်လှည့်မြင့်တစ်လှည့်နဲ့ ရေစီးတယ်။
လေ လေးလည်းအတိုက်မှာအဲဒီ ရေစီးက ထွက်လာတဲ့ အသံဟာ ဂီတသံနဲ့ တူတယ်။
ဂီတာသံလေးလိုလို သီချင်းဆိုနေတဲ့ အသံလေးလိုလိုပေါ့။ ဒီတော့ အသံရှိတဲ့ ဒီမြစ်ကို `သရဝတီ´ကနေ အသံပြောင်းတော့ `သူရဿတီ´ ဖြစ်သွားတော့တာပဲ။
မန္တာန်တွေ ဂါထာတွေ ရေးသားသီကုံးပြီးတော့ စာအုပ်ကလေးပြုစုတော့ အဲဒီစာအုပ်က သာမဗေဒ ဖြစ်လာတယ်။ ဒီတော့.. . အဲဒီမြစ်ငါးစင်းရှိတဲ့ လူတွေကို ဗမာခေါ် ခေါ်ရင် `ပန်ချာပီ´ ဖြစ်လာတာပေါ့။
ဒီအသံကောင်းတဲ့ ဒီမြစ်ကို စောင့်ရှောက်တာ နတ်သားလား၊ နတ်သမီးလား.... ဟုတ်ပြီ နတ်သမီးဖြစ်ရမယ်။ မြစ်ကလေးကလည်းလှ၊ အသံလေးကလည်း သာတယ်ပေါ့။ အဲဒီနဲ့ နတ်သမီးပုံလေးကို စိတ်ကူးနဲ့ရေးကာ မြစ်ထဲဆိုတော့ ဘဲလေးတွေ သွားနေတာကို ဘဲလေးပေါ်မှာ
နတ်သမီးလေး တင်ပြီး စိတ်ကူးနဲ့ ရေးလိုက်ကြရော ဆိုတော့....`သူရဿတီ´နတ်သမီးဆိုပြီး အဲဒီမှာ မွေးတာ။ သရဝတီမြစ်၊ ပန်ဂျပ်မှာမွေးတာ။ ဟိန္ဒူကုလားတွေ စိတ်ကူးနဲ့ မွေးထုတ်တာနော်။ တကယ် မွေးတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။
သူရဿတီ ဘယ်သူမြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး စိတ်ကူးတာ။ ဗြဟ္မာ ဖန်တီးသတဲ့။ ဘယ်သူပြောလဲ... ဘယ်သူ မြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး။ Nobody see but they are imagine. ဗိဿနိုး စောင့်ရှောက်တယ်တဲ့။ ဘယ်သူတွေများ ဗိဿနိုးနဲ့ ဗြဟ္မာကို တွေ့ဖူးလိုက်သလဲ။ မတွေ့ဖူးကြဘူး။ အဲဒီလို စိတ်ကူးနဲ့ ဖော်ထုတ်တဲ့ ဘာသာရေးမျိုးကို Imaginary religion လို့ ခေါ်တာ။ မင်းတို့ စိတ်ကူးယဉ်ဝါဒမျိုးကို ကြိုက်သလား။ လက်တွေ့ဝါဒမျိုးကို ကြိုက်သလားမေးရင် မင်းတို့ အဖြေ ရှင်းရှင်းထုတ်နိုင်မှာပေါ့ ဟုတ်လား။
အဲဒါကြောင့် လက်တွေ့ကျကျ မျက်တွေ့ကျကျ လူနဲ့ထိတွေ့ပြီးတော့ စနစ်ကျတဲ့ ဘာသာတရားကို
ယုံကြည်လက်ခံခွင့်ရတဲ့ ဒီဘဝဟာဘဝကောင်းတစ်ခုပဲလို့ အားလုံး နားလည်ကြစေချင်ပါတယ်။
အင်း... ဟုတ်ပြီဆိုတော့ သူရဿတီ အကြောင်းဆက်ရအောင်။
သူ ဘယ်မှာ မွေးလဲ၊ ပန်ဂျပ်က သူရဝတီဆိုတဲ့ မြစ်ထဲ မွေးတဲ့ နတ်သမီး။ သူ ဗမာပြည် ရောက်လာတာ ဘယ်လမ်းကြောင်းက ရောက်လာသလဲ။
အဲဒီကောင်မလေး ဗီဇာ မပါဘူးကွနော် Without visa နဲ့ ရောက်လာတာ။
ဗမာတွေရဲ့ နှလုံးသားထဲကို ဒီကောင်မလေး ဝင်အောင် ဘယ်သူက စထည့်သွားမှန်း မသိပါဘူး။
ပိဋကတ်သုံးပုံစောင့်နတ်သမီး ဆိုပြီးတော့လုပ်လိုက်ကြတာဟာ ဘုရားစင်ပေါ် သူ တက်ထိုင်တယ်။ ဒါတင်မကဘူး၊ တင်ပလ္လင်ချိတ်ပြီး၊ ဒူးကြီးဖော်ထိုင်နေတဲ့ လူကြီးလည်း
ဘုရားစင်ပေါ် ရောက်လာတယ်။
ဟာ... ဘုရားရဲ့ ဘေးမှာ ရောက်ရောက်လာ တက်တက်လာ ကြတာ။ ဟာ... ဒီဘက်က သူရဿတီဆိုတဲ့ ကောင်မလေးတက် လာပြီ။ ဟာ... ဒီဘက်က ဦးရှင်ကြီးကြွလာပြီပေါ့။ ဟာ... ဟိုဘက်က ကွမ်ရင်လည်း ရောက်လာပေါ့။ (ဗမာလည်း တရုတ်နဲ့ ပေါင်းစပ်ကာ တော်တော်ကြာသွားပြီလေ) နောက်လည်း ဆက်ပေါင်းကြဦးမှာပဲဆိုတော့ ကွမ်ရင်ကိုလည်း နေရာပေးရမယ်။ သူလည်း ဘုရားစင်ပေါ်တက်။
ကြည့်လိုက်တော့.. . မြတ်စွာဘုရား ပြောသာ မပြောတာ၊ သူကြည့်နေတာ
`တက်လာကုန်ပြီ ငါ့ဘေးနားမှာ ဟိုကောင်၊ဒီကောင်တွေ တက်လာကြတာ
တော်တော်များနေပြီ။ ငါ ဘယ်နေ့ ဆင်းပေးရမလဲ´ လို့တ်ာတော်စိုးရိမ်နေပြီ။
ပြောချင်တာက သတိထားကြဖို့။ တကယ့် ဗုဒ္ဓဘာသာ အနှစ်သာရမပျောက်ဖို့ရန်အတွက် အဲဒီစိတ်ကူးယဉ်ဘာသာရေးတွေ မလွှမ်းမိုးဖို့ရန် အရေးကြီးတယ်။ Realistic Teaching နဲ့ Imaginary Teaching ကိုဂဃနဏ သဘောပေါက် နားလည်ကြပါ။
{ သီတဂူ ဆရာတော်ဘုရားကြီးဒေါက်တာ အရှင်ဉာဏိဿရ }
(CHARACTER IS POWER 2 တရားတော်မှ-)

Tuesday, July 7, 2015

ဆွမ်းလောင်းရခြင်းအကျိုး(၁၂)ပါး

Golden Triangle's photo.
ဆွမ်းလောင်းရခြင်းအကျိုး(၁၂)ပါး
+++++++++++++++++++++
.
၁။ တာဝတိံသာနတ်ပြည် တစ်ထောင်သောနတ်မင်းတို့၏
မိဖုရားအဖြစ်ကိုရခြင်း ၊...
.
၂။ တစ်ထောင်သော စကြာမင်းတို့၏ မိဖုရားအဖြစ်ကို ရခြင်း ၊
.
၃။ မရေတွက်နိုင်သော ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း ၊
.
၎။ ကြာညိုပန်းအဆင်းနှင့် တူသော အဆင်းရှိသည် ဖြစ်၍
အလွန် အဆင်းလှခြင်း ၊
.
၅။ ကိုယ်အင်္ဂါ အားလုံး နှင့် ပြည့်စုံသည်ဖြစ်၍ လွန်စွာ
ရှုချင်စဖွယ် ရှိခြင်း ၊
.
၆။ မြတ်သော အမျိုး၌ ဖြစ်၍ အလင်းရောင် ကိုဆောင်နိုင်ခြင်း ၊
.
၇။ မောင်းမ တစ်ထောင် တို့၏ အကြီးအမှုး ဖြစ်ခြင်း ၊
.
၈။ မရေမတွက်နိုင်သော သင်္ကန်း, ဆွမ်း, ဆေးပစ္စည်း
ကျောင်း အိပ်ရာနေရာတို့ကို ရရှိခြင်း ၊
.
၉။ ဆွမ်းလှူခဲ့သည့် အချိန်မှ စ၍ သုံးဆယ့်တစ်ကမ္ဘာ တိုင်တိုင်
ဒုဂ္ဂတိဘဝသို့မလားရောက် ရခြင်း ၊
.
၁၀။ လူဘဝနှင့် နတ်ဘဝ နှစ်မျိုး တို့၌သာ ကျင်လည်ခဲ့ ရခြင်း ၊
.
၁၁။ များသော စည်းစိမ်း ဥစ္စာရှိ၍ မြင့်မြတ်သော အမျိုး၌ ဖြစ်ရခြင်း ၊
.
၁၂။ နောက်ဆုံးဘဝ၌ ကိလေသာကုန်ခန်း၍ ရဟန္တာဖြစ်ရခြင်း
.
.
Mg Lwan Shin