လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, January 15, 2015

ထီးလှူရခြင်းအကျိုး (၈) မျိုး

ထီးလှူရခြင်းအကျိုး (၈) မျိုး

၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၎။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။
ထီးလှူရခြင်းအကျိုး (၈) မျိုး
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။...
၎။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။

FB မှကူယူပါသည်။

Monday, January 12, 2015

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??

ဤ post ကို သင်သိသလို သင့်မိတ်ဆွေများသိသွားအောင် များ၂ (S)(h)(a)(r)(e) ပေးပါ ...

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??

မြတ်ဗုဒ္ဓဟာ လွန်ခဲ့သောအနှစ် ၂၅၀၀ ကျော်လောက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့ခန္ဓာကိုယ်အားတေဇောဓါတ် လောင်ကျွမ်းပြီးသောအခါ သရီရဓါတ်တော်များ ကြွန်းကျန်ခဲ့ပါတယ် အဲ့ဒီဓါတ်တော်တွေကတော့ နဖူးသင်းကျစ်တော်|ညာဘက် ညှပ်ရိုးတော်| ဝဲဘက် ညှပ်ရိုးတော် နှင့် ဗုဒ္ဓစွယ်တော်လေးဆူ အပါအဝင် ဖြစ်ပါသည် ။

စွယ်တော်မြတ် လေးဆူတို့တွင် ---

အထက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် တာဝတိံသာ နတ်ပြည်၌ ကိန်းဝပ်တော်မူသည်။

အောက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် နဂါးပြည်၌ ကိန်းဝပ်စံပါယ်တော်မူသည်။

အထက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ဂန္ဓာရတိုင်း(ယခုတရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိသည်။

အောက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ကလိင်္ဂတိုင်း(ယခုသီရိလင်္ကာနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

သင်သိသလိုအများသိသွားအောင် သင်ဖူးမျှော်ရသလို အများဖူးမျှော်ရအောင် like & share လေးလုပ်ပြီး ကုသိုလ်ယူလိုက်ပါ

>> https://m.facebook.com/profile.php?id=609627075816810 <<

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??
မြတ်ဗုဒ္ဓဟာ လွန်ခဲ့သောအနှစ် ၂၅၀၀ ကေ...ျာ်လောက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့ခန္ဓာကိုယ်အားတေဇောဓါတ် လောင်ကျွမ်းပြီးသောအခါ သရီရဓါတ်တော်များ ကြွန်းကျန်ခဲ့ပါတယ် အဲ့ဒီဓါတ်တော်တွေကတော့ နဖူးသင်းကျစ်တော်|ညာဘက် ညှပ်ရိုးတော်| ဝဲဘက် ညှပ်ရိုးတော် နှင့် ဗုဒ္ဓစွယ်တော်လေးဆူ အပါအဝင် ဖြစ်ပါသည် ။
စွယ်တော်မြတ် လေးဆူတို့တွင် ---
အထက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် တာဝတိံသာ နတ်ပြည်၌ ကိန်းဝပ်တော်မူသည်။
အောက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် နဂါးပြည်၌ ကိန်းဝပ်စံပါယ်တော်မူသည်။
အထက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ဂန္ဓာရတိုင်း(ယခုတရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိသည်။
အောက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ကလိင်္ဂတိုင်း(ယခုသီရိလင်္ကာနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

>> https://m.facebook.com/profile.php?id=609627075816810 <<

Saturday, January 10, 2015

တူသောအကျိုးပေးမယ်

ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အပတ်စဉ်ထုတ် Charlie စာစောင်က ကာတွန်းဆရာ ၅ဦးအပါအ၀င် လူ ၁၂ ဦးကို အစ္စလမ်အစွန်းေ၇ာက် ၃ဦးက သွေးအေးအေးနဲ့ဝင်ရောက်သတ်ပြီးထွက်ပြေးခဲ့တယ်။ ပုလိပ်အဖွဲ့အပါအ၀င်လူထုတစ်ရပ်လုံးကလိုက်ရှာရာမှ သောက်ကြာနေ့မှာတော့ အဲဒီအစွါန်း
ေ၇ာက်လူသတ်သမားတွေ supermarket ကိုဝင်ရောက်ပြီး  လူ တွေကို ဒါးစာခံ လုပ်ခဲ့တယ်။ ဒါးစာခံ ၄ ယောက်ကိုလည်းသတ်တာကြောင့် ပုလိပ်အဖွဲ့က၀င်ရာက်ကယ်ဆယ်ရာတွင် လူသတ်သမား ၃ဦးလုံး သေဆုံးခဲ့တယ်။ အလွန်ကြီးမားတဲ့ အကုသိုလ်ကို ၀မ်းပန်းတသာနဲ့လုပ်ခဲ့တာကြောင့် ဒီဘ၀မှာတင်  တစ်ပတ်အတွင်း တူသောအကျိုးကိုခံစားရတယ်လို့ ယူဆမိပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ လူသတ်သမား တွေအနေနဲ့ အစ္စလမ်ဘာသာအတွက်ကောင်းသောအလုပ်လို့ယူဆတဲ့ မှားသောယူဆချက် (မောဟ) ဆိုတဲ့ကိလေသာကြောင့် လုပ်ခဲ့တာမို့ ကိလေသာအားလုံးရဲ့တရားခံဟာ မောဟ (အ၀ိဇ္ဇာ)  ဆိုတဲ့ ဗုဒ္ဓရဲ့ ဆုံးမချက်ကိုသိရတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ရတဲ တန်ဘိုးကိုလည်း ပိုပြီး သိရပါတော့တယ်။

Wednesday, January 7, 2015

သီလပျက်ရင်

“သီလပျက်ရင်”
••••••••••••••••••
ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊ 
မောဟ မပါတဲ့အလုပ်။
အကုသိုလ်ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ်။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွယ်ဆိုတာ
အဲဒါအညွှန့်တုံးဝါဒပဲ။ 
တကယ်က ဖြစ်သမျှအကြောင်း 
မကောင်းကောင်းအောင် လုပ်ကြရမှာ။
ငတ်သေရင်တစ်ဘဝပဲ။
သီလပျက်ရင် ဘဝများစွာ သေရမယ်။

-【ဥူးသုမင်္ဂလ】
Posted by
www.facebook.com/youngbuddhistassociation.mm

“သီလပျက်ရင်”
••••••••••••••••••
ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊
မောဟ မပါတဲ့အလုပ်။
အကုသိုလ်ဆိုတာ...
လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ်။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွယ်ဆိုတာ
အဲဒါအညွှန့်တုံးဝါဒပဲ။
တကယ်က ဖြစ်သမျှအကြောင်း
မကောင်းကောင်းအောင် လုပ်ကြရမှာ။
ငတ်သေရင်တစ်ဘဝပဲ။
သီလပျက်ရင် ဘဝများစွာ သေရမယ်။

-【ဥူးသုမင်္ဂလ】
Posted by
www.facebook.com/youngbuddhistassociation.mm

Monday, January 5, 2015

အွန်လိုင်းပေါ်ရှိ ပရဟိတသူရဲကောင်းများအားအကူအညီတောင်းခံခြင်း

Page ဝန်ဆောင်မှု's photo.
Page ဝန်ဆောင်မှု's photo.
Page ဝန်ဆောင်မှု's photo.
Page ဝန်ဆောင်မှု's photo.

အွန်လိုင်းပေါ်ရှိ ပရဟိတသူရဲကောင်းများအား အကူအညီတောင်ခံခြင်း။
သူငယ်ချင်းရဲ့Like & Share တစ်ချက်ကြောင့် အလှူရှင် တစ်ဦးတိုးလာခဲ့ရင် ဘယ်လောက် ကုသိုလ်ရလိုက်မလဲခင်ဗျာ...။
ဤ ပိုစ့်လေးကို Like & Share ခြင်းဖြင့် မိဘမဲ့ကလေးငယ်များအားကူညီပေးကြပါဦးခင်ဗျာ။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန်သံလမ်းဘေးရှိ ပရဟိတ သာသနာ့ဝန်ဆောင်ကျောင်း မဟာဝိဇိတာရာမတိုက် တွင် မိဘမဲ့ ကလေးများ အားစောင့်ရှောက်ထားရာ ရှမ်း ဗမာ ပအိုစ့် ပလောင် မွန်အစရှိသဖြင့်ကလေးငယ်များ အား ဆရာတော် ဘဒ္ဓန္တ ပညာသာရ ဟာစောင့်ရှောက်ထားပါသည်။ ယခုအခါ ကလေးငယ်များမှားကျောင်နေသော
သူငယ်တန်း ကလေး ၁၂ ယောက် ပထမတန်း ၁၅ ယောက် ဒုတိယတန်း ၇ ယောက် တတိယတန်း ၈ ယောက် တတိယတန်း ၈ ယောက် စတုတ္ထတန်း ၁၅ ယောက် ပဉ္စမတန်း ၂ ယောက် ဆဋ္ဌမတန်း ၄ ယောက် သတ္တမတန်း ၂ ယောက် အဋ္ဌမတန်း ၁၅ ယောက် နဝမတန်း ၅ ယောက် ဒသမတန်း ၇ ယောက် တက္ကသိုလ် ၁၀ ယောက် မှာ သမဝါယမကောလိပ် ဆရာအတတ်သင်ကောလိပ် GTC ရတနာပုံ တက္ကသိုလ် အသီးသီးတွင်တက်ရောက်နေကြပါသည်။သက်ကြီးဘိုးဘွား ၁၀ ယောက်ခန်း လောကုတ္တရာ ကိုရင် ရဟန်း အပါး ၂၀ စုစုပေါင်း ၁၆၀ ကျော်ခန့်ရှိပါသည်။ကျောင်မှာမူလတန်းအဆင့်သာရှိပီး အလယ်တန်းအထက်တန်းကျောင်းသားများမှာ အခြားကျောင်းများသို့သွားရောက်တက်နေကြရပါသည်။ဆရာလေးများနှင့် အမျိုးသမီးငယ်လေးများအတွက်လုံခြုံသော အဆောင်များလိုအပ်နေသေးပါသည်။ လက်ရှိတည်ဆောက်နေသော အဆောက်အဦးမှာလည်း ငွေကြေးလိုအပ်နေသေးသောကြောင့်ဆက်လက်ဆောက်လုပ်ရန်ကျန်နေပါသေးသည် အလှူရှင်များအနေဖြင့် လိုအပ်နေသေးသောငွေကြေးများကိုလှူတန်းလိုပါက ဆရာတော်
ဘဒ္ဒန္တပညာသာရ 0991014498, 0991014708
အောင်စိုးဦး 0991019200, 09797228654
သို့ဆက်သွယ်လှူတန်းနိုင်ကြပါသည်။ ယနေ့နေ့လည်စာကို မစန်းစန်းနွဲ့အားရည်စူး၍ ကျန်ရစ်သူ ခင်ပွန်း ဦးမျိုးတင့်အောင် သမီးမလွန်းပန်ချီ မိသားစုမှ နှစ်လည်ဆွမ်းကိုလှူတန်းဆက်ကပ်ခဲ့ပီး P.E.L.C.ဆရာဆရာမများနှင့် သင်တတ်းသား သင်တန်းသူများမှ အလှူတော်ငွေတသိန်း တိတိ ၁၀၀၀၀၀ နှင့် မ Khine Lu မှ မုန့်များလှူတန်းပေးခဲ့ကြပါသည်။

Friday, January 2, 2015

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသား

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့၏ဂင်းနစ်မှတ်တမ်း
စာအုပ်တွင် မှတ်တမ်းအတင် ခံရသူ 
မြန်မာပြည်သား သာသနာ့အာဇာနည်.။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ၏ ဘဏ္ဍာတိုက် တော်ကြီးဖြစ်ခဲ့သူ.။

သူ့ ဥာဏ်တော်ကို အများအကျိုးစီးပွား အတွက်အချိန်ပြည့် မနေမနားအသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် မိစ္ဆာတို့ရဲ့ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င် ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေ
များကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

မပျံလွန်မီ အချိန်ထိ ဘာသာ သာသနာအကျိုး ဆောင် ရွက်တော်မူခဲ့သူ……။

(၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာကရုဏာတရား လွန်စွာ ကြီးမားသူ……။

တိပိဋကဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသောတိပိဋက ဆရာတော်များကို မွေးထုတ်ပေးခဲ့သူ……။

အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ……။

များပြားလှစွာသော သာသနာရေး၊ အမျိုးသားရေး တို့ကို ရွက်ဆောင်တော်မူခဲ့သူ………။

အနှိုင်းမဲ့ သာသနာ့အာဇာနည် မင်းကွန်းဆရာတော် ဘုရားကြီး။
…………………………
ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ 

မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။

စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။ 
ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ 

သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။

အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ 

တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။

ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ 

ထိုမျှမကသေး။ 
စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ 

ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် – ၉၃-မှတ်
မဟာဝဂ် – ၉၇-မှတ်
ပါတိက၀ဂ် – ၉၇-မှတ်
ပါရာဇိကဏ် – ၈၉-မှတ်
ပါစိတ်ပါဠိတော် – ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် – ၉၈-မှတ်
ပရိဝါပါဠိတော် – ၁၀၀-မှတ်

စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ 

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ 

၇-နှစ်သား အရွယ်တွင် 
သာမဏေ ၀တ်ခဲ့ပြီး သက်တော်
*၁၅-နှစ်သားတွင် ပထမငယ်တန်း၊ 
*၁၆-နှစ်သားတွင် ပထမလတ်တန်း၊ *၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ 

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ 

ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊၁၂၉၆-တွင် စာချတန်းကိုလည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။
(ထိုဘွဲ့မှာ တနိုင် ငံလုံးတွင် ရ ရှိတော်မူခဲ့သော ဆရာတော် ကိုးပါးသာရှိပါသည်)

ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်းပြုစုခဲ့ပါသည်။ 

ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ 

*သာသနာ့အာဇာနည် 
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇ္ဇက၊
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

REF.မင်္ဂလာမောင်မယ်

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့၏ဂင်းနစ်မှတ်တမ်း
စာအုပ်တွင် မှတ်တမ်းအတင် ခံရသူ
မြန်မာပြည်သား သာသနာ့အာဇာနည်.။
သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့...မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

Tuesday, December 30, 2014

ဗုဒ္ဓရုပ်ပွားတော်အားစော်ကားသူမြေမြို(အဆင့်ဆင့်Shareပေးကြပါ)

အောင်ဇေယျတုဂျာနယ်'s photo.
အောင်ဇေယျတုဂျာနယ်'s photo.

အောင်ဇေယျတုဂျာနယ်'s photo.

အောင်ဇေယျတုဂျာနယ်'s photo.

ဗုဒ္ဓရုပ်ပွားတော်အားစော်ကားသူမြေမြို(အဆင့်ဆင့်Shareပေးကြပါ)
******************************
ရခိုင်ပြည်နယ်မြေပုံမြို့ နယ်မှ ဘုရားခိုးဂိုဏ်းအဖွဲ့ ဝင်တစ်ဦးဖြစ်သူအောင်ဟိန်းခိုင်ဆိုသူသည် ရခိုင်ပြည်နယ်မှတန်ခိုးကြီးဘုရားများမှဆင်းတုတော်များကိုခိုးယူခြင်း ရွှေသင်္ဃန်းများ ခွာယူခြင်း စသည့်ဒုစရိုက်မှုများကိုကျူးလွန်အသက်မွေးလျက်ရှိသည်။
နယ်မြေခံရဲစခန်းများမှဘုရားဆင်းတုများပျောက်ဆုံးမှုဖြင့်မသင်္ကာ၍ခေါ်ယူစစ်ဆေးခံရဖူးသော်လည်း သက်သေမရှိ၍သတိပေးစောင့်ကြည့်ရုံသာပြုလုပ်နိုင်ခဲ့သည်။
၂၂.၁၀.၂၀၁၄ မွန်းတည့်(၁၂)နာရီအချိန်တွင် ကိုအောင်ဟိန်းခိုင်၏ဇနီးဖြစ်သူ ဗုဒ္ဓဘာသာဝင် မသော်သော်မြင့်သိန်းမှ အဓိဋ္ဌာန်ဝင်ဘုရားရှိခိုးခြင်းပြုလုပ်နေသည်ကို အရက်မူးနေသူကိုအောင်ဟိန်းခိုင်မှ ၄င်းအားထမင်းခူးမကျွေးသဖြင့် ဒေါသထွက်ကာ ဦးခေါင်း မျက်နှာ နှာခေါင်းတို့ ကိုလက်သီးဖြင့် အဆက်မပြတ်ထိုးနှက်ပြီး "ကုလားဆိုဘယ်ကုလားမှမကိုးကွယ်ရဘူး"" နင်ကိုးကွယ်နေတဲ့ဘုရားကလဲကုလားပြည်ကကုလားဘုရား""မကိုးကွယ်နဲ့ ""ငါမကြိုက်ဘူး"ဟု ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုပြီး အိမ်ရှေ့ခေါင်းရင်းခန်းမှဘုရားစင်ကိုရိုက်ချိုးဖျက်ဆီးခဲ့ပြီး အရက်သွားသောက်မည်ဟုပြောဆိုကာအိမ်ပေါ်မှဆင်းသွားခဲ့သည်။
ခဏအကြာတွင်အိမ်အောက်မှအော်ဟစ်ငိုကြွေးသံကြား၍မသော်သော်မြင့်သိန်းမှပြေးဆင်းကြည့်ရာ သူမ၏လင်ယောကျာ်းဖြစ်သူကိုအောင်ဟိန်းခိုင်ဒူးဆစ်ထိမြေမြိုလျက်ရှိနေသည်ကိုတွေ့ ရှိခဲ့ရသဖြင့် ကယ်ဆယ်ရန်အနားသို့ သွားရာပူလောင်လွန်းပြီးရှေ့ဆက်သွားမရဖြစ်နေသည်။
ကိုအောင်ဟိန်းခိုင်မှရေသောက်ချင်သည်ဟုပြောဆိုငိုကြွေးသဖြင့်တစ်လံခန့် ရှည်သော အခေါင်းပေါက်ဝါးစိမ်း တစ်ဘက်မှရေထည့်သွင်း၍တိုက်သော်လည်း ကိုအောင်ဟိန်းခိုင်မှာရေများ ပူလောင်ဆူပွက်နေသဖြင့်သောက်မရငိုကြွေးလျက်သာရှိနေခဲ့သည်။
နောက်ဆုံးတွင်ဗုဒ္ဓရုပ်ပွားတော်အားစော်ကားသူကိုအောင်ဟိန်းခိုင်မှာအဆိုပါနေရာတွင်ပင်ဒူးဆစ်မှတဖြေးဖြေး ခါး လည်ပင်း ခေါင်း တစ်ကိုယ်လုံးမြေမြိုခံခဲ့ရသည်ကို မြေပုံမြို့ ရဟန်းသံဃာများ နှင့်ရပ်မိရပ်ဖတာဝန်ရှိသူအာဏာပိုင်များမှ မကယ်တင်နိုင်နိုင်ခဲ့ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။
သံဝေဂရဖွယ်ကောင်းလေစွ
အောင်ဇေယျတုဂျာနယ်အယ်ဒီတာအဖွဲ