လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, December 24, 2014

တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း


တစ်ရံရောအခါ (သက္ကရာဇ်အားဖြင့် တစ်ထောင်ပြည့်နှစ်တွင်) နှစ်ပေါင်းများစွာ
ပျောက်ကွယ်နေသော မန်းစက်တော်ရာ နှစ်ဆူကို
ရှာဖွေရန် သာလွန်မင်းကြီးထံ စာသွင်းကြ၏။...
မင်းကြီးလည်း သဘောကျသဖြင့် စက်တော်ရာ အရှာထွက်တော်မူခဲ့သည်။။
အနတ္တ ဓဇ ဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊
တိလောကာ လင်္ကာရ ဆရာတော်တို့ လည်း အဖော်ပါကြ၏။ အင်းဝနေပြည်တော်မှ မင်းဘူးသို့ ကြွကာ တစ်တောဝင် တစ်တောင်ထွက် သက်တုံ တက်တုံ ရှာဖွေတော်မူကြ၏။
ရက်လည်း အတန်ကြာလေပြီ။

စက်တော်ရာအနီး မရှက်ရွာတွင် ခေတ္တ
နားနေတည်းခိုတော်မူရာ တစ်ညတွင်
တောင်ဖီလာဆရာတော် အိပ်မက်မြင်မက်တော်မူသည်။ အိပ်မက်ထဲ၌ လူတစ်ယောက်သည်
ခွေးနက်ကြီးတစ်ကောင်နှင့်အတူ ဆရာတော်ထံလာ၍ -

"ဘုန်းကြီးတို့ လာကြသည်မှာ အန္တရာယ်ကြီးလှသည်။
တောနက်၍ သားရဲတိရစ္ဆာန် ထူပြောသည်။
အဘယ့်ကြောင့် ကြွလာချင်ရသနည်း" ဟု မေး၍
ရှေးမင်းတို့  သွားရောက်ပူဇော်လေ့ရှိသော စက်တော်ရာနှစ်ဆူရှိကြောင်း စာဟောင်းစာတမ်းရှိ၍ ရှာဖွေရန်လာကြောင်း မိန့် တော်မူ၏။
ထိုအခါ ဒါယကာက -

"ဤသို့ ဆိုသော် ခွေးနက်ကြီးဝင်ရာ တောသို့ လိုက်လျှင်
တွေ့ ရပါလိမ့်မည်" ဟု လျှောက်သည်တွင် နိုးတော်မူ၏။ အိပ်မက်အကြောင်း အဖော်သုံးပါးအား ပြောပြရာ
ဗာရာဏသီပြည် သာသနာ ညှိုးနွမ်းချိန်တွင် ၀ိသကြုံနတ်သားက ခွေးနက်ယောင်ဆောင်၍
ညွှန်ပြသည်ကို ဆင်ခြင်တော်မူကြလျက်
နောက်တစ်နေ့ နံနက် ဆက်လက်ရှာကြ၏။

အိပ်မက်၌ မြင်ရသည့်အတိုင်း ခွေးနက်ကြီးတစ်ကောင်သည် စက်တော်ရာရှိသော နေရာသို့  ရှေ့ကသွားသည်ကို
တွေ့ လျှင် နောက်ကလိုက်ကြသည်။ စက်တော်ရာနေရာ၌ ပျောက်ကွယ်သွား၏။
ဆရာတော်တို့ လည်း မန်းချောင်းနဖူးတွင် အရောက်၊ နတ်ဘီလူးတစ်ယောက်က ကိုယ်ထင်ရှားထွက်လာပြီးလျှင် မေးမြန်းပြောဆိုပြီး၍ စက်တော်ရာနှစ်ဆူကို လိုက်လံ ညွှန်ပြလေသည်။

ဆရာတော်တို့ လည်း တောင်ပေါ်တွင် ကျိန်းစက်ကြ၏။ တောင်ဖီလာဆရာတော်က
ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရာ နတ်များ တရားနာလာကြသည်။
အနီးရှိ နတ်ကြီးအား "သင်အသူနည်း" ဟု မေးရာ
"သောတာပန် နတ်ကြီးပါ" ဟုလျှောက်၏။
"ဘုရားရှင်ကို မှီသလော" ဟု မေးရာ "မှီပါသည်" ဟု ဆို၍ -
"ငါရွတ်သော ပဋ္ဌာန်းသည် ဘုရားဟောနှင့် ညီညွတ်၏လော" ဟု မေးတော်မူသည်။
"ပုပ်လှသော ငါးပိကို ဖက်နှင့် အထပ်ထပ်ထုပ်လျှင်
အပေါ်ဆုံး ဖက်နံ့ နှင့်တူပေ၏" ဟု လျှောက်၍ -

"သင့်ကိုယ်သင် သောတာပန်နတ် ဆိုတပြီးကား
သင့်နှုတ်ထွက် ယုတ်ညံ့လှ၏။
ငါရွတ်သော ပဋ္ဌာန်းသည် ဘုရားဟောနှင့်ညီ၏။
ငါ့စကား မမှန်လျှင် ငါ့ဦးခေါင်းထက် မိုးကြိုးစက်သွား ရောက်စေသတည်း" ဟု
အဓိဋ္ဌာန်တော်မူ၏။ ထိုအခါ နတ်က -

"ကျွန်ုပ်လည်း သောတာပန် ဟုတ်ပါသည်။ ဘုန်းကြီး ပဋ္ဌာန်းဒေသနာလည်း ဘုရားဟောနှင့် ညီပါ၏။
မဆုတ်မနစ် အားထုတ်စေလိုသော ဆန္ဒဖြင့်
လျှောက်မိပါသည်ကို ခွင့်လွှတ်ပါဘိ" ဟုလျှောက်ပြီး ပျောက်ကွယ်သွား၏။

ထို့ နောက် စက်တော်ရာကို ပံ့သုကူသင်္ကန်းဖြင့်
လွှမ်းအုပ်၍ "ငါသည် ဘုရားဖြစ်မည် ဧကန်မှန်လျှင်
ဤသင်္ကန်း၌ ၁၀၈ ကွက် စက်လက္ခဏာ
ထင်စေသတည်း"ဟု အဓိဋ္ဌာန်၏။
သင်္ကန်းသည် ကြိုးကြာရုပ်ကဲ့သို့  ကုန်းကွ၍ ထလာသည်ကို မြင်ရသည်။ ကြိုးလည်း ကြိုးစား ကြာလည်းကြာဦးမည် ဟု နိမိတ်ဖတ်တော်မူ၏။ စက်တော်ရာ နှစ်ဆူကို ချည်မျှင်ဖြင့် တိုင်းတာ၍ ယူဆောင်ခဲ့ပြီးလျှင် ဘုရာင်မင်းမြတ်အား ကိုးကွယ်စေသည်။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်
((ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ-
ရွှေဥမင်နှင့်တောင်ဖီလာပုဂ္ဂိုလ်ကျော် မှ)
ကောက်နုတ် ဝေမျှပါသည်။)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

Wednesday, December 17, 2014

"ကဲ……ဆဲချင်ကြသေးလား"







"ကဲ……ဆဲချင်ကြသေးလား"
**********************
     ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးကမေးတယ်။အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မပြုတာလည်းဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။
     သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ခလေးဆိုပြီးယူသွားတယ်။
     ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက်မွေးတယ်။တစ်နေ့ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။
     အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။
     တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။
     သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။
     အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။
    အဲဒါဟာသူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။
     ဓမ္မမိတ်ဆွေတို့…………
 ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို" မအေ"နဲ့တပ်ပြီးမဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
   ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။
     ဘုရားရှင်က "ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့
          ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ……







shared U Ti Law Ka's photo.

"ကဲ……ဆဲချင်ကြသေးလား"
**********************
ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးကမေးတယ်။အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မ...ပြုတာလည်းဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ခလေးဆိုပြီးယူသွားတယ်။
ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက်မွေးတယ်။တစ်နေ့ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။
အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။
တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။
အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။
အဲဒါဟာသူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။
ဓမ္မမိတ်ဆွေတို့…………
ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို" မအေ"နဲ့တပ်ပြီးမဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။
ဘုရားရှင်က "ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့
ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ……

Monday, December 15, 2014

ကျောင်းလှူအကျိုး(၇)မျိုး

ကျောင်းလှူအကျိုး(၇)မျိုး





(၁) နတ်နှင့်လူနယ်၊သန္ဓေတွယ်၍၊

(၂) စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏၊

(၃) မထကြက်သီးကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိပ်လန့် စင်၏၊

(၄) ခြင်္သေ့-သစ်-ကျား၊ သားရဲများနှင့် ဖမ်းစားကလူ၊ နှိပ်စက်မူသား တောသူ-ဘုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်ကင်းကအဆင်းဖောက်ပြန်၊ ကုမ္ဘဏ်-ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်း၏၊

(၅) မကောင်းအိပ်မက်၊ မမြင်မက်ဘူး၊

(၆)ထင်လျက်သတိ၊ မြဲခိုင်ဘိ၍၊ ၀ိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း၊ ရူးသွတ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း၊ ကျိုးဆက်ကောင်း၏၊

(၇) နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်၊ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊လွန်ပြန့် ပြူးသည်၊ ဆောက်ဦးလှူကျိုး ခုနှစ်တည်း။

(မင်းကွန်းတိပိဋက)

အနှိုင်းမဲ့စာတိုပေစများ

Saturday, December 6, 2014

★ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဖြေကြားတော်မူခဲ့သည့် “သောတာပန် ရဟန်း လူထွက်/မထွက်”ဟူသော ပြဿနာ



 _______________________________________________________


ရန်ကုန်မြို့သို့ရောက်ရှိနေခိုက် “အင်းဝ စာပေတိုက်” မှ “မဟာစည် ၀ိပဿနာ စိန်ရတုအထိမ်းအမှတ်” စာအုပ်ထူကြီး ကိုတွေ့မိသဖြင့် အားရ၀မ်းသာ ၀ယ်ယူ ပူဇော်ခွင့်ရရှိခဲ့ပါသည်။ အလေးအနက်ထား ဖတ်ရှုမိသောအခါ “ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး” ၏ နက်နဲစူးရှသော ဉာဏ်တော်၊ ထက်မြက်သော စွမ်းရည် သတ္တိ နှင့် ထူးခြားသော ဂုဏ်ပုဒ်များကို လေ့လာ တွေ့ရှိရသဖြင့် ကြည်ညိုခြင်းအသစ် ဖြစ်မိပါ၏။
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ၏ များစွာသော ဂုဏ်ပုဒ်တော်များထဲမှ လူသိနည်းသော အကြောင်းအရာ တစ်ခု ကို တင်ပြလိုပါသည်။
ထို ခေတ်ကာလ အချိန်က “သောတာပန် ရဟန်း လူထွက်/မထွက်”ဟူသော ပြဿနာ နှင့် စပ်၍ အခြားသော ပညာရှင်များ က “သောတာပန်များ လူမထွက်တော့” ဟု ယူဆ တော်မူကြသည်ဟု သိရှိရပါသည်။ ယူဆတော်မူသည့် ပါဠိတော် အချက်များမှာလည်း ဤသို့စိတ်ဝင်စားဖွယ်ရာ တွေ့ရပါ၏။
“မဟာမောဂ္ဂလိပုတ္တတိဿထေရ်” အလောင်းအလျာ “သာမဏေ” သည် “အရှင် သိဂ္ဂ၀ ထေရ်” ထံတော်မှောက် တွင် “ဒွတိံ္တ သာကာရ”(၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းစီးဖြန်းရင်း “သောတာပန်” ဖြစ်တော်မူပါ၏။ ထိုအခါ ဥပဇ္ဈယ် မထေရ် မြတ်က-
“သာမဏေရော သောတာပတ္တိဖလေ ပတိဋ္ဌိတော၊အဘဗ္ဗော ဒါနိ သာသနတော နိဝတ္တိတုံ”
(သာမဏေ သည် သောတာပတ္တိဖိုလ် ၌ တည်ပြီ၊ ယခု သာသနာတော်မှ ပြန်နစ်ခြင်း(လူထွက်ခြင်း) ငှာ မထိုက်တော့) ဟု စဉ်းစားတော်မူပါ၏။(၀ိ၊ဋ္ဌ၊၁၊၃၁။)
ပုထုဇဉ်များထက် “သဒ္ဓါ ၊၀ီရိယ၊သတိ၊သမာဓိ၊ပညာ” [ဣနြေ္ဒ ငါးပါး] ထက်မြတ် အားကောင်း သော “သောတာပန် အရိယာ” သည် ရခဲလှစွာသော ရဟန်းဘ၀ ၌ “အဓိသီလသိက္ခာ” [(၂၂၇)သွယ်(ကုဋေကိုးထောင်ကျော်)] ကို ဖြည့်ကျင့်နေရာမှ သာမန် “ငါးပါးသီလ” မျှလောက်သာ စောင့်ထိန်းရသော လူ့ဘ၀ သို့ မပြောင်းနိုင်တော့ ဟု ဆိုလိုတော်မူပါသည်။
ထို အဆိုသည်လည်း အောက်ပါ ပါဠိတော်(သံ၊၃၊၄၉) နှင့် ညီညွှတ်နေသကဲ့သို့ရှိပါ၏။
ပါဠိတော် မြန်မာ ပြန်မှာ-
“ရဟန်း တို့- အနောက် မှ အရှေ့သို့ စီးဆင်းနေသော ဂင်္ဂါမြစ်ရေ ကို များစွာသော လူအပေါင်းက နောက်ပြန်စီးဆင်းအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အရိယာ မဂ် ကိုပွားများထားသော အရိယာ ရဟန်း ကို မည်သူတစ်ဦးတစ်ယောက် ကမျှ လူထွက်အောင် မတတ်နိုင်။ထို အရိယာ ရဟန်း မှလည်း လူထွက်နိုင်သော အကြောင်း မရှိ။ အဘယ့်ကြောင့် ဆိုသော်-
ရဟန်း တို့- ထို ရဟန်း ၏စိတ် သည် ရှည်စွာသော ကာလပတ်လုံး “၀ိဝေကိလေသာ” တို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်၌ ကိုင်းညွတ် နေသောကြောင့်ဖြစ်၏။” ဟူသော ပါဠိတော် ကိုကြည့်၍ အခြားသော ပညာရှင် များက ဆိုကြခြင်းဖြစ်ပါ၏။
မဟာစည်ဆရာတော်ကြီး သည်ကား အခြားသော ပညာရှင်များကဲ့သို့ မယူချေဘဲ ဤသို့ ယူဆတော်မူပါ၏။
ဖော်ပြပါ သုတ်တော် ၌ အရိယာပုဂ္ဂိုလ် လူမထွက်ခြင်း၏ အကြောင်းကိုပြရာဝယ် “အရိယာမဂ် ကိုပွားစေသောကြောင့်(၀ါ) အရိယာဖြစ်သောကြောင့်”ဟု အကြောင်းပြတော် မမူပေ။ “သူ၏ စိတ်က ရှည်စွာသော ကာလပတ်လုံး နိဗ္ဗာန် ၌ ညွတ်ကိုင်းနေသောကြောင့်(၀ါ) ရှည်စွာသော ကာလပတ်လုံး နိဗ္ဗာန်၌ ညွတ်ကိုင်းသော စိတ်ရှိသောကြောင့်” ဟု ပြတော်မူပါ၏။
“သောတာပန်ပုဂ္ဂိုလ်များ” သည် ခန္ဓာငါးပါး ကို “အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ” ဟု သေချာစွာ သိ၍ “ဒိဋ္ဌိ”အားလုံးနှင့်တကွ “သညာ၊စိတ္တ၊၀ိပ္ပလ္လာသ”အများစု ကို ပယ်နိုင်သော်လည်း “ဒုက္ခ” ၌ “ချမ်းသာသည်” ဟုထင်မှု၊“အသုဘ”၌ “တင့်တယ်လှပ၏” ဟုထင်မှု၊“၀ိပ္ပလ္လာသ”လေးပါး ကျန်သေး၏။ “ကာမဂုဏ်”၌ တပ်မက်သော “ကာမရာဂ”ကိုလည်းမပယ် နိုင်သေး။ ထို့ကြောင့် လောကီ ကာမ ချမ်းသာထက် အဆပေါင်းများစွာ သာလွန်သော လောကုတ္တရာ ဓမ္မ ဖလသမာပတ် ချမ်းသာ ကိုဝင်စား၍ နေနိုင်ပါလျက် အမြဲမ၀င်စားဘဲ ကာမဂုဏ် ချမ်းသာ ကိုခံစားကြသေး၏။
အချို့သော “သောတာပန်” များသည် “၀ဋဘိရက” ၀ဋ်ဆင်းရဲ၌ ပျော်မွေ့ကြ၏။မိမိ ကိုယ်ခန္ဓာ နှင့်တကွ
ဘ၀အားလုံး၌ ငြီးငွေ့သော “နိဗ္ဗိဒါဉာဏ်” အမြဲတမ်း မဖြစ်။ ထိုသို့ “နိဗ္ဗိဒါဉာဏ်” မဖြစ်လျှင် “သင်္ခါရတရား”၏ ဆန့်ကျင်ဘက် “အသင်္ခတ ၀ိဝေက နိဗ္ဗာန်” ၌ အမြဲတမ်းစိတ်ကိုင်းညွတ်မှု မဖြစ်နိုင်။ ထို“သောတာပန်”ပုဂ္ဂိုလ် မျိုးသည် “ရဟန်းဘ၀” မှ “လူ့ဘ၀” ပြောင်းနိုင်သေးသည်။
အကယ်၍ ခန္ဓာငါးပါး၌ ငြီးငွေ့သော “နိဗ္ဗိဒါဉာဏ်” ဖြစ်၍ “နိဗ္ဗာန်”၌ အမြဲကိုင်းညွတ်သော စိတ် ရှိနေပါမူ လူ့ဘ၀သို့မပြောင်းနိုင်ပေ။“နိဗ္ဗာန်”၌ အမြဲကိုင်းညွတ်သော စိတ် ရှိနေပါက “အရိယာ” သာမဟုတ် ပုထုဇဉ် “အာရဒ္ဓ ၀ိပဿက”ပုဂ္ဂိုလ် သည်လည်း “ရဟန်းဘ၀” မှ “လူ့ဘ၀” ပြောင်းတော့မည် မဟုတ် ဟု မဟာစည် ဆရာတော်ဘုရားကြီး က မှတ်ချက်ပြုတော်မူခဲ့ပါသည်။
ထိုအတူ “သောတာပန်ပုဂ္ဂိုလ်”များသည် “သီလေသု ပရိပူကာရီ-သီလ တို့၌ ပြည့်စုံအောင်ဖြည့်ကျင့်လေ့ရှိ၏”ဟု ဟောတော်မူပါ၏။(အံ၊၁၊၂၃၃။)။
“(၂၂၇)သွယ်သော “အဓိသီလသိက္ခာ” ကိုစွန့်၍“ငါးပါးသီလ”မျှ ကိုထိန်းနေပါလျှင် “သီလ”၌ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ရာ ရောက်နိုင်ပါမည်လား” ဟု စဉ်းစားစရာရှိပါသည်။ဤသို့လည်း စဉ်းစားစရာမလိုပါချေ။
“သီလ” ဆိုသည်မှာ လူ့ဘ၀ အလိုက်၊သာမဏေ ဘ၀ အလိုက်၊ရဟန်းဘ၀ အလိုက်၊ထိုက်သည့်အားလျော်စွာဖြည့်ကျင့်ရ၏။ ရဟန်းဘ၀ ၌ မနေသော“သောတာပန်” သည်  “ရဟန်းသီလ” ကို ဖြည့်ကျင့်ရန် မလိုပေ။“သောတာပန်၊သကဒါဂါမ် အရိယာ”ဖြစ်နေစေကာမူ လူ့ဘ၀၌ နေလျှင် အိမ်ထောင်ပြုခွင့်ရှိပါ၏။
ထို့ကြောင့် “သောတာပန်ဂုဏ်အင်္ဂါ” ကို ပြတော်မူရာ၌-
(၁) ဗုဒ္ဓေ အဝေစ္စ ပသာဒေန သမန္နာဂတော=ဘုရားရှင်၌ဉာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုခြင်း နှင့်ပြည့်စုံ၏။
(၂) ဓမ္မေ အဝေစ္စ ပသာဒေန သမန္နာဂတော=တရားတော် ၌ဉာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုခြင်း နှင့်ပြည့်စုံ၏။
(၃) သံဃေ အဝေစ္စ ပသာဒေန သမန္နာဂတော=အရိယာ သံဃာတော် ၌ဉာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုခြင်း နှင့်ပြည့်စုံ၏။
(၄) အရိယ ကန္တေဟိ သီလေဟိ သမန္နာဂတော=အရိယာ တို့နှစ်သက်အပ်သော ငါးပါးသီလ နှင့်ပြည့်စုံ၏။ ဟု “ငါးပါးသီလ” ကိုသာ ပြထားပါပေ၏။(သံ၊၁၊၂၉၈။)(သံ၊ဋ္ဌ၊၂၊၆၇။)
မဟာစည် ဆရာတော်ဘုရားကြီး ၏ အယူ သည် အောက်ပါ ပါဠိတော် အဋ္ဌကထာ များနှင့် ညီညွတ်ပါပေ၏။
“အခါတစ်ပါး ၌ “ကဠာရခတ္တိယ ရဟန်း” သည် “အရှင်သာရိပုတ္တရာ” ထံ လာ၍ “မောဠိယဖဂ္ဂုန ရဟန်း” လူထွက်သွားကြောင်း လျှောက်ထား၏။
ထိုအခါ “အရှင်သာရိပုတ္တရာ” က-
“န ဟိ နူန သော အာယသ္မာ ဣမသ္မိံ ဓမ္မ၀ိနယေ အဿာသမလတ္ထ= ထို အရှင် မောဠိယ ဖဂ္ဂုန သည် ဤ သာသနာတော်၌ သက်သာရာ(အားကိုးရာ) ကို ရဟန်မတူ” ဟု မိန့်တော်မူ၏။(သံ၊၁၊၂၈၃။)။”
ဤ ပါဠိတော် ၌ “အဿာသ”ဟူသည် “သာသနာတော်၌ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြောင်း မှီခို အားထား ရာဖြစ်သော အောက်မဂ် သုံးပါး၊ အောက်ဖိုလ် သုံးပါး ” ဟု အဋ္ဌကထာ ၌ ဖွင့်ပြထားပါ၏။(သံ၊ဋ္ဌ၊၂၊၅၇။)။
“ထို အောက်မဂ် သုံးပါး၊အောက် ဖိုလ် သုံးပါး ရရှိထားလျှင် သိက္ခာချ၍ လူထွက်တော့မည်မဟုတ်” ဟု“အရှင်သာရိပုတ္တရာ” ဆိုလိုသည်။
ထို “အဋ္ဌကထာ” ၌ “သောတာပတ္တိမဂ် ကိုသော်လည်းကောင်း၊သကဒါဂါမ်မဂ် ကိုသော်လည်းကောင်း၊အနာဂါမိမဂ် ကိုသော်လည်းကောင်း” စသည်ဖြင့် ခွဲ၍ မဆိုပါချေ။ “တဟော မဂ္ဂေ တီဏိ စဖလာနိ”ဟု တစ်ပေါင်းတည်း ဆိုထားပါသည်။
သို့သော် “ဋီကာ” ၌ ထပ်ဆင့်ရှင်းပြထားပုံမှာကား -
“လူထွက်ခြင်း မည်သည် ကာမဂုဏ် တို့၌ ငဲ့ကွက်မှု ရှိနေသေးသောကြောင့် ဖြစ်၏။ ထို ကာမဂုဏ် တို့၌ ငဲ့ကွက်မှု မရှိခြင်း မှာလည်း (တတိယမဂ်=အနာဂါမိမဂ်) ကို ရရှိမှ ဖြစ်နိုင်ပေမည်။”။(သံ၊ဋီ၊၂၊၇၃။)
ဤစကားအားလုံးကို ကောက်ချက်ချလျှင်“အနာဂါမ်ရဟန်း” ဖြစ်လျှင် မည်သည့်နည်းနှင့်မျှ လူ မထွက်တော့။
“သောတာပန်”ဖြစ်လျှင်ကား လူထွက်နိုင်သေးသည်။
ဤ အကြောင်းအရာများကို ကြည့်လျှင် “မဟာစည် ဆရာတော်ဘုရားကြီး”၏ စူးရှ နက်နဲသော ဉာဏ်ပညာ ကြီးကျယ်ပုံ ကို သိနိုင်လောက်ပါပေပြီ။
မှီခိုရာကျမ်းကိုး-
-၂၀၁၄-ခုနှစ်၊ဖေဖော်ဝါရီလထုတ်၊ “မဟာစည် ၀ိပဿနာ စိန်ရတု အထိမ်းအမှတ်၊”စာအုပ် (စာ-၄၀၃/၄၁၁)
ရေးသားပြီးစီး။ ။၁၃၇၆ခုနှစ်၊၊တန်ဆောင်မုန်းလဆုတ်၊ (၇)ရက်နေ့၊(၁၃-၁၁-၂၀၁၄)ရက်နေ့၊ကြာသပတေးနေ့-(ည-၈း၃၄)
ချမ်းသာပါကြစေ၊အေးငြိမ်းကြပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ကိုညီညီတင်)
nyinyitindrums@gmail.com
(09-445108754)
http://www.facebook.com/konyinyi.tin
http://www.thirdteachingdhammadanafoundation.tk

Saturday, November 29, 2014

အသုံးပြုတတ်ပါမှ

copy from  Wisdom of Dhamma



အမှန်တရားဟူသည် နေရာတိုင်း အချိန်တိုင်း ပုဂ္ဂိုလ်တိုင်းအတွက်အသုံးမတည့်ချေ။ 
တခါတရံ အန္တရာယ်ပင်ဖြစ်တတ်သေး၏။ ကာလ ဒေသ ပုဂ္ဂလကို သတိဥာဏ်ပညာတို့ဖြင့်နှိုင်းချိန်စိစစ်၍သာလျှင် အမှန်တရားကိုအသုံးပြုသင့်၏။ 
သို့မှသာလျှင် အမှန်တရားသည်ဘေးမဖြစ်ဘဲ ဆေးဖြစ်ပေမည်။ 
ဝေနေယျတို့အားသစ္စာဥာဏ်ဆိုက်အောင် မြတ်ဗုဒ္ဓ၏တရားဟောကြားတော်မူခြင်းကို
သတိမူ၍ အတုယူအသုံးပြုသင့်၏။ 

Wednesday, November 19, 2014

ဘာတစ်ခုမှယူမရ။

အရှင်ပညာနန္ဒ (မိုးကုတ်)
ဘာတစ်ခုမှယူမရ။
မျိုးမည်များစွာ၊ရှိဥစ္စာ၊
ထားရာ၊ကျန်ခဲ့သည်၊
ထဲ့လိုက်ပါလည်း၊မပါပဲ၊...
မီးဆွဲလောင်သွားသည်၊
ထဲ့လိုက်ပါလည်း၊မပါပဲ၊
 မြေထဲကျန်ခဲ့သည်။
ချစ်ကြွမ်းဝင်လေ၊မျိုးမိတ်ဆွေ၊
ကျန်လေသုဿန်မြေ၊
ကိုယ်တိုင်ပြုထား၊ကိုယ့်တရား၊
ယူသွားရလိမ့်မည်။
ကိုယ့်ကုသိုလ်မျိုး၊ကိုယ်ထုပ်ပိုး၊
အားကိုးရမှာတကား။