လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, August 18, 2014

ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း။

         ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ကံသာအမိ
ကံသာအဖဟုပင် သိထားကြပါသည်။ မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်းကပင် ကွဲပြား
အောင် ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲ
ပြားအောင်လည်း မိမိကံကပင် မိမိကို စီမံလိုက်ပါသည်။
         ဥပမာ==လူတစ်ယောက်သည် ကုသိုလ်ကံကို ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြု
၏။ လူတစ်ယောက်ကား ကုသိုလ်ကို မပြု။ ပြုသော်လည်း ထက်ထက်သန်သန် မဟုတ်။ ထိုသူ နှစ်
ယောက်တို့ လူ့ပဋိသန္ဓေနေကြရလျှင် ဉာဏ်နှင့်ယှဉ်လျက် ထက်ထက်သန်သန်ပြုသော ကုသိုလ် 
ရှင်က ချမ်းသာသော အမိဝမ်း၌ ပဋိသန္ဓေနေရ၏။ မိခင်သည် လိမ္မာနားလည် သိရှိသူဖြစ်လျက်
ကိုယ်ဝန်ကလေး မဆင်းရဲလေအောင် အစစ အရာရာ သတိထား၏။ အနေအထိုင် မကြမ်းတမ်း၊ 
ပူလွန်း စပ်လွန်း အေးလွန်းသောအစာ ရှောင်ကြဉ်၏။
         ကုသိုလ်နည်းပါးသောသူကား ဆင်းရဲသူမ၀မ်း၌ သန္ဓေတည်ရ၏။ ထိုဆင်းရဲသူမသည် အ
ရာရာဝယ် တတ်သိနားလည်သူ မဟုတ်ချေ။ နားလည်ပြန်လျှင်လည်း ရှောင်ကြည်ဖွယ် ရာဟူသမျှ
ကို ရှောင်ဖို့ရာ ဥစ္စာဓန မရှိသောကြောင့် အပူအစပ်၊ အေးလွန်းသော အစာများကိုလည်း မရှောင်
နိုင်ရာ။ ကိုယ်ဝန်သူငယ်မှာ အမိက အလွန်ပူစပ်သော အစာကိုစားလိုက်လျှင် ငရဲကျသလို ပူလောင်
ရှာ၏။ အလွန်အေးသော အစာကို စားလိုက်လျှင် လောကန္တရိက် ငရဲကျသလို အေးရရှာတော့၏။
ရုတ်တရက် (ကဗျာကယာ) ထိုင်လိုက်၊ ထလိုက်လျှင်လည်း ဆွဲ၍ဆောင့်သလို ပင်ပန်းရှာ၏။
         ထိုကဲ့သို့ အမိဝမ်း၌ အောင်းနေစဉ်ကပင် ဆင်းရဲချမ်းသာသည် ခြားနားလေပြီ။ ထို့နောက်
ဖွားချိန်သို့ ရောက်လျှင် ကုသိုလ်ရှင်မှာ လက်သည်ကောင်းတို့ဖြင့် သက်သာနိုင်သလောက် သက်
သာအောင် ဖွားမြင်၍ အပြင်ရောက်သောအခါ နုနယ်သောအထည် စသည်တို့ဖြင့် ကျကျနန ပြုစု
ကြသောကြောင့် သက်သာခွင့်ရ၏။
         ကုသိုလ်နည်းသူကား လက်သည်ကောင်း မရသဖြင့် ကျဉ်းမြောင်းသောကြွက်တွင်းမှ ကြွက်
ကလေးတိုး၍ ထွက်ရသလို အလွန်ပင်ပန်းစွာ ထွက်လာခဲ့ရသည့်အပြင် ဖွားမြင်ပြီးသော အခါတွင်
လည်း အပြုအစု ကောင်းကောင်းမရ၊ အ၀တ်ကြမ်းတို့ဖြင့် ကိုင်ယူကြသောကြောင့် အနာကို ကြက်
တောင်နှင့်ဆွသလို မချိမဆံ့ ခံရလေတော့သည်။
         ဤကဲ့သို့ ချမ်းသာဆင်းရဲ ကွဲပြားရုံနဲ့ မပြီးသေး။ ကုသိုလ်ရှင်သူငယ်မှာ အမိနို့ရည်ကောင်း
ကို လုံလုံလောက်လောက် ရသည့်အပြင် အခြားသော နို့မှုန့်နှင့် ကျန်းမာရေးအတွက် ဆေးကောင်း
ဆရာကောင်းတို့က စောင့်ရှောက်ကြသဖြင့် ကျန်းကျန်းမာမာ ရှိရုံသာမက အဘိုး၊ အဘွား၊ အဒေါ်
အရီး၊ ကြီးကြီး၊ ငယ်ငယ် စသည်တို့က ချော့ကြ၊ မြှူကြ ယုယကြသဖြင့် ချမ်းသာချင်တိုင်း ချမ်း
သာခွင့်ရတော့၏။
         ကုသိုလ်နည်းပါးသော သူငယ်ကား မိခင်၏ နို့ရည်ကောင်းကိုလည်းမရ။ ဆေးကောင်းဝါး
ကောင်း ဆရာကောင်းကို မဆိုထားနှင့်။ အဘိုး အဘွား စသည်တို့ကပင် ခင်ခင်မင်မင် မယုယလို
ကြ။ မိခင်လုပ်သူမှာ ကလေးအနားက မခွာလိုပါသော်လည်း ကလေးကို အဆာပြေရုံသာ နို့တိုက်
ပြီးနောက် စားရေးသောက်ရေးအတွက် ပင်ပန်းစွာ အလုပ် လုပ်ရသဖြင့် လူမမယ်ကလေးမှာ ပစ်
စလက်ခတ် နေရရှာတော့သည်။
         ဤကဲ့သို့ ကလေးအရွယ် လူမမယ်ဘ၀ ဉာဏ်ဝီရိယကူလျက် ဥစ္စာမရှာနိုင်သေးခင် ရှေးကံ
ချင်း ခြားနားသည့်အတွက် ဆင်းရဲချမ်းသာ ကွဲပြားပုံကို စုံစုံလင်လင် သိထား၍ “ မျက်နှာကြီးရာ
ဟင်းဖတ်ပါတတ်သလော ” ဤလောကကြီးတွင် မျက်နှာကြီးသူတို့၌ ဟင်းဖတ်ပါနေသည်ကို အ
ပြစ်မြင်၍ မနေသင့်ပေ။ ရှေးရှေးဘ၀၌ ကံပြုစဉ်ကာလ မိမိကိုယ်တိုင် အသိဉာဏ်ကင်းလျက် ညံ့
ဖျင်းစွာ ပြုခဲ့မိပုံကိုသာ အသိမြင်၍ မိမိကိုယ်တိုင် မျက်နှာကြီး သူတော်စင်ဖြစ်အောင် ကြိုးစားကြ
ဖို့ လိုအပ်ပါသည်။
         ထိုကဲ့သို့ ကိုယ်တိုင်တော့မကျင့်ပါဘဲ သူတစ်ပါးမျက်နှာကြီးကို မနာလိုကြပါလျှင် နောင်ဘ
ဝအဆက်ဆက်၌ သာ၍သာ၍ ဒုက္ခတွင်းနက်ဖို့သာရှိပါသည်။ ထို့ကြောင့် ကံကောင်းလိုလျှင် ကံ
ကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နိုင်ကြောင်း အထက်ဖေါ်ပြပါ အချက်ကို ကြည့်ခြင်းအား
ဖြင့်  နားလည်သဘောပေါက်ကြပြီး ကျင့်ကြံအားထုတ်နိုင်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါ
စေ ကုန်သတည်း။
 {အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
     အဘိဓမ္မာမှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
ကြည့်နှုန်း= 1

Sunday, August 10, 2014

မေတ္တာ သုတ် ပါဋ္ဌိ အနက် နှင့် အင်္ဂလိပ်စာ အသုံးအနှုန်း။

copy from FB

ပန်းရနံ့ ခတ္တာတို့ ချပ်ဝတ်လွှာ အစုံစုံ လှပသော လဝါခေါင် မေတ္တာနေ့ကို မကြာခင်
ရောက်လာတော့မည့်မို့ အစဉ်လာကောင်းတဲ့ မြတ်ဗုဒ္ဓ၏ ရင်ခွင်မှာ မွေးဖွာကြသော
သူတော်စင်တွေအတွက်... (Discourse on Loving-kindness) မေတ္တာသုတ်လာ
တရားအကြောင်းလေး ကို ရေးစပ်မိပါတယ်။

ယနေ့ သာသနာတော်နှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ခရစ်နှစ်
၂၀၁၄ ခုနှစ်၊ (The full moon day of Wagaung) ဝါခေါင်လပြည့်နေ့ဟာ
ခတ္တာငုံ-ချပ်လွှာမှုန် ရနံ့သင်းပါ လို့ ဝါခေါင်မိုးစက်တွေကို သယ်ဆောင်ပြီးကာ စိုပြေ
လန်းဆန်းစွာ ရောက်ရှိလာသည့် အချိန်အခါပင် ဖြစ်သည်။

Loving-kindness or compassionate love purifies the mind and the mind
becomes a very energetic force to radiate for the well-being of others.
Loving-kindness is the basic of morality, concentration and wisdom as
to the way of meditation. When practiced together with wisdom and insight,
loving-kindness or metta will indeed become a powerful healing force which
will transform us into a more compassionate and caring community, as well
as transmuting all negative energies and entities into light, love and harmony.
ဟု အင်္ဂလိပ် လို အဓိပ္ပာယ် အနည်းငယ် ဖွင့်ဆိုလိုက်ပါတယ်။

ထို့အပြင် *ဝါဆိုပန်း မင်းလွင်ပုန်းညက်နွမ်းရက် အလွန်ကြွေ ပြီ မို့ သိဟ်ရာသီ ဝါခေါင်
မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာ ရေ* လို့ ဆိုကြတာလည်း ကြားဖူး ကြမည်သာ ဖြစ်သည်။

ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ (Loving-kindness Day) လို့
ခေါ်ရတာက ပါဠိ အဋ္ဌကထာ ဋီကာ (According to Pali Canon, Commentaries,
Sub-Commentaries) အသွားအလာ အဆိုအမိန့်တို့ကိုကြည့်ရှု ရှေ့နောက်ထောက်
ထား၍ (Loving-kindness Sutra or Discourse) ဆိုတဲ့ မေတ္တာသုတ်တော်ကို
ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက်
အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက် ယူဆပြီး မေတ္တာအခါတော်နေ့
(Loving-kindness Day) လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မှုစဉ် မြတ်စွာဘုရား ကောသလတိုင်း
သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်း စံပျော်တော်မူသော ကာလ၊
တခုသော ၀ါဆိုဦးမှာ သံဃာတော် (၅၀၀) တို့ ဘုရားထံမှာ (Meditation method or
how to practice meditation) ဆိုသော ကမ္မဋ္ဌာန်းနည်း တောင်းခံပြီး
တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။
သံဃာတော်တို့၏ (Observing Sila or Moralities) သီလအရှိန်ကို တောအုပ်ထဲတွင်
ရှိနေကြသော နတ်များက လွန်စွာလေးစား ရိုသေကြသောကြောင့် မိမိတို့ နေရာ
များမှ ဖယ်ရှားပေးကြလို့ ရှောင်နေကြပါတယ်။

ဥပမာ ပြောပြရရင် မိမိအိမ်ကို လေးစားထိုက်သော သူတို့လာလျှင် နေရာဖယ်ပေးရ
သလို လူသားတို့၏ (Method of Association) တစ်ခု လည်း ဖြစ်ပါတယ်။ သို့သော်
အနေကြာလာသောအခါ အိမ်ရှင်တို့မှာ နေထိုင်ရတာ ကြပ်တည်းသလို
ဖြစ်ကြရပါတယ်။

ပြီးတော့ အဲဒီတောထဲမှာ တရားအားထုတ်နေတဲ့ သံဃာတွေကို ကြည်ညိုလေးစား
သည့် တောစောင့်နတ်များ၊ တောင်စောင့်နတ်များ၊ ရုက္ခစိုး၊ ဘုမ္မစိုးများတွေ အနေကြပ်
ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြသည့် သံဃာတော်များကို
ခြိမ်းခြောက်ကြ၊ ချောက်လှန့်လာကြပါတယ်။
အဲဒါကြောင့် ပုထုဇဉ်နယ်တွင်းမှာသာ ရှိနေသေးတဲ့ သံဃာတော်များ သမာဓိပျက်ပြီး
ဝါဆိုပြီးစ ၀ါတွင်းကာလ မှာပဲ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မှုသော
ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရတယ်။
မြတ်စွာဘုရားက တရားအားထုတ်ကြသည့် ရဟန်းတွေကို မေးစစ် ကြည့်တော့
တောချောက်လို့ ပြန်လာခဲ့ရတဲ့ အကြောင်း လျှောက်တင်ကြပါတယ်။

အဲဒီအချိန်မှာ မြတ်ဘုရားက ချစ်သား ရဟန်းတို့ သင်ချစ်သားတို့သည်
အဲဒီတောထဲက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့် တာဖြစ်ပါတယ်။
ချစ်သားရဟန်းတို့ သူတို့နေရာမှာ သူတို့ကို ကောင်းစွာ မိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင်
ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။ ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို
သင်ယူသွားကြ၊ ဒီနေရာ ဒီတောထဲကိုပဲပြန်သွားကြ၊ တောအုပ်ထဲသို့မ၀င်ခင်
အဲဒီထဲမှာရှိတဲ့ နတ်တွေကို မိတ်ဖွဲ့ကြ၊ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့
မေတ္တာတရားပဲ ဟု မိန့်တော်မူကာ မေတ္တာသုတ်ကို ဟောတော်မူပါတယ်။
မေတ္တာသုတ်ကို နာကြားသင်ယူပြီး
ထိုရဟန်း(၅၀၀)တို့ ထိုတောအုပ်ထဲကို ပြန်သွားကြရပါတယ်။
တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင် ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ
ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍
နေရာပေးကြ၊ ပြုစုလုပ်ကျွေးကြပါတယ်။ မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး
နတ်များ အစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ အဲဒီတောထဲမှာပဲ
ဝါဆိုဝါကပ်ပြု၍ တရားအားထုတ်ကြရာ ရဟန်းတော် အားလုံး ၀ါတွင်းမှာပဲ ရဟန္တာ
ဖြစ်ခဲ့ကြပါတယ်။
ရဟန္တာတွေဖြစ်ပြီးနောက်ပိုင်း မကြာခင်တွင် ရဟန်းတော်အားလုံး ဘုရားဖူးဖို့၊
ပြန်လည် အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။
အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကိုကြည့်လျှင် နတ်များချောက်သဖြင့်
ဇေတ၀န် ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ၀ါဆိုနေ့ပါပဲ။
(Metta or Loving-kindness Discourse)
မေတ္တာသုတ်ကို ဝါခေါင်လပြည့်နေ့မှာ နာကြားပြီး ထိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာ
ဖြစ်ပါတယ်။့ ဒါကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊
မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ (Loving-
kindness) မေတ္တာဆိုတာကို (According to Abhidhamma) အဘိဓမ္မာမှာ
(Respective Dhamma) တရားကိုယ်အားဖြင့် (Non-Hatred) အဒေါသ
စေတသိက်လို့ ဆိုပါတယ်။
(Non-Anger) အမျက်မထွက်ခြင်း၊
(Non-Hatred) စိတ်မဆိုးခြင်း၊
(Non-violence) မဖျက်ဆီးခြင်း၊
(Non-Revulsion) မနှောင့်ယှက်ခြင်း၊ ရန်မပြုခြင်း စသည် (Meaning)
အဓိပ္ပာယ်များ ရပါတယ်။

ဒါကြောင့်လည်း (Association or Environment) မှာပဲ ကြည့်ကြည့် မိမိ သူတစ်ပါး
အသိုင်းဝိုင်းထဲမှာ (Hatred) ဒေါသတရားက ရန်ညှိုးရန်သူဖွဲ့တဲ့ (Unwholesome
Dhamma) မကောင်းတရားဖြစ်လို့ (Non-Hatred) အဒေါသတရားက
မိတ်ဆွေဖွဲ့တဲ့တရား၊ ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ (Wholesome Dhamma)
အကောင်းတရား ကုသိုလ်တရားတွေ ဖြစ်သည်။
အဲဒီတော့ (Hatred) ဒေါသသည် (Element of Fire) အပူဓာတ်ဖြစ်လို့
(Association or group) အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်။ (Non-Hatred)
အဒေါသကတော့ (Element of peace) အအေးဓာတ်ဖြစ်တဲ့အတွက် (Association
or group) အဖွဲ့အစည်းကို (Root of Encourage) အားပေး ခိုင်မြဲစေပါတယ်။
ထိုသဘောတရားများသည် မှန်ကန်ပါတယ်။ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ
ကြမ်းတမ်းတဲ့ သဘောတွေ လွှမ်းမိုးနေတာကြောင့် (Approaching and Association
Method) ချဉ်းကပ်ပေါင်းသင်းဖို့ နည်းလမ်းက အလွန်ခက်ပါတယ်။
အဲဒီလို ဒေါသအားကြီးသော သတ္တဝါများသည် သူတို့မှာ ချစ်ခင်သူမိတ်ဆွေ
ရှားပါးနေတတ်ပါတယ်။

ဥပမာ ကျားတွေ၊ ခြင်္သေ့တွေ၊ မြွေပွေး၊ မြွေဟောက်တွေ အနီးအနားသို့ လူတွေ၊
တိရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲ နေသလိုပါပဲ။ ဒါကြောင့် လူသားတိုင်း
ရှိသင့်တဲ့ (Loving-kindness meditation or Observing Loving-
kindness) မေတ္တာဘာဝနာ ဆိုတာဟာ ကျား၊ ခြင်္သေ့၊ မြွေပွေး၊
မြွေဟောက်နဲ့တူတဲ့ ဒေါသစိတ်ကို ခေါင်းပါးအောင်၊ ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့
ကျင့်စဉ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ (Loving-kindness meditation) မေတ္တာဘာဝနာဖြင့်
(Hatred) ဒေါသကို (Reduce) လျော့၍ လျော့၍၊ (burn down) နှိမ်၍ နှိမ်၍၊
(Remove) ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ
အတ္ထကုသလ၊ သက္က၊ ဥဇု စသော ကောင်းမြတ်သည့် (Respective
qualification) ဂုဏ်အရည်အချင်းများ (Development) တိုးတက်လာမည်
ဖြစ်ပါသည်။ အတ္ထကုသလဆိုတာ (Benefit) အကျိုးစီးပွားရှိသည့် အလုပ်၌
(Skillful)ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထ န ဇာနာတိ
စသည်ဖြင့် ဟောသောဒေသနာများမှာ ဒေါသသည် (Good Result) ကောင်းကျိုး၊
(Bad Result) ဆိုးကျိုးကို မသိ၊ မမြင်ဟု ဟောတော်မူပါသည်။
အဲဒါကြောင့် ဒေါသကင်းသောစိတ် = အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင်
အတ္ထကုသလ = အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော = မိမိ သူတစ်ပါး
အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူ စသည် ဖြစ်လာပါလိမ့်မည်။
ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ
အကျိုးဖြစ်မည့် လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့် စွမ်းရည်များမရှိတော့သည့်အပြင်
ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။
ဒေါသစိတ်ကို မေတ္တာဖြင့် ပယ်ရှားနိုင်သူသည်-

၁။ မိမိ သူတပါး ကောင်းကျိုးများသည် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
(One who can be a skillful in goodness)
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိလာမည်။
(One who can keep on work as skillful power)
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
(upright, Straightforward)
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှ အလွန်လွယ်ကူလာမည်။
(gentle in speech)
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူ ဖြစ်လာမည်။
(Humble and not conceited)
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွတ်နေမည်။
(Contented and easily satisfied)
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စ မများတော့ပေ။
(Unburdened with duties and frugal in their ways)
၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါး သွက်လက်
လာမည်။
(Unburdened with duties and softness of mind and matter)
၉။ တည်ငြိမ်သော စိတ်ထား၊ ရင့်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ်မွေ့
ချိုသာသော
စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentleman) တယောက်
ဖြစ်လာလိမ့်မည်။
(Peaceful and calm and wise and skillful)
၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့်လူသားတို့
အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍မနေဘဲ ထိုဒေါသဖြင့်ပင်
အမျက်ထွက်၍မောင်းနှင်
မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ
လွတ်မြောက်၍ တနည်းအားဖြင့် (Fire of Craving) ရာဂဖြင့် ညိကပ်ခြင်း၊ (Fire of
Hatred) ဒေါသဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့်
လူသားတို့အပေါ်မှာ ချစ်သူ၊ မုန်းသူ၊ ဝေးသူ နီးသူ၊ ယုတ်သူ မြတ်သူ စသည် မခွဲခြား
တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ
လွတ်မြောက်လာမည် ဖြစ်သည်။
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍ လည်းကောင်း၊ အပရိမာဏ ဟူ၍
လည်းကောင်း ဟောတော်မူပါသည်။
ထို့အပြင် မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် ပေးသော မေတ္တာတရားတော်သည် (According to
Pali) ပါဠိတော်ကို ပြန်ထောက်ကြည့်ပြန်သောအခါ (Loving-kindness) မေတ္တာ၏
(Meanings) အနက် အဓိပ္ပာယ်များသည် (Measureless) အတိုင်းတာ
ပမာဏမရှိအောင် များပြားလှသဖြင့် အနည်းငယ် (Pali and Commentaries)
ပါဠိတော် အဋ္ဌာကထာတို့ကို ထုတ်နုတ်၍ တင်ပြခြင်းပါတယ်။
အချို့သော နေရာတွင် (မဇ္ဇတိ သိနေသတီတိ မေတ္တာ) လို့ အဘိဓာန်ဋီကာ စာမျက်နှာ
(၁၆၁) မှာ လာရှိသည်အတိုင်း ဖော်ပြရလျှင် မေတ္တာ၏ အဓိပ္ပာယ်များသည်
(ချစ်တတ်သော သဘောတရား၊ ချစ်တတ်-အကျိုးစီးပွါးကို အလိုရှိတတ်-သော
ခန္ဓပဗန္ဓ၌ ဖြစ်တတ်သော သဘောတရား၊ ချစ်အပ်သော ပိယပုဂ္ဂိုလ်ဟူသော
အာရုံ၌ ဖြစ် တတ်သော သဘောတရား၊ ထိုသဘောတရားများကို မေတ္တာ)
ဟု ခေါ်ပါတယ်။
ထို့အပြင် (ဧတာသု ဟိ မေတ္တာကရုဏာမုဒိတာဥပေက္ခာသု အတ္ထတော တာဝ
မေဇ္ဇတီတိ မေတ္တာ, သိနိယှတီတိ အတ္ထော။ မိတ္တေ ဝါ ဘဝါ, မိတ္တဿ ဝါ ဧသာ
ပဝတ္တတီပိ မေတ္တာ။ ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ။
ကိဏာတိ ဝါ ပရဒုက္ခံ ဟိံသတိ ဝိနာသေတီတိ ကရုဏာ။ ကိရီယတိ ဝါ ဒုက္ခိတေသု
ဖရဏဝသေန ပသာရိယတီတိ ကရုဏာ။ မောဒန္တိ တာယ တံသမင်္ဂိနော, သယံ
ဝါ မောဒတိ, မောဒနမတ္တမေဝ ဝါ တန္တိ မုဒိတာ။ ‘အဝေရာ ဟောန္တူ’တိ
အာဒိဗျာပါရပ္ပဟာနေန မဇ္ဈတ္တဘာဝူပဂမနေန စ ဥပေက္ခတီတိ ဥပေက္ခာ။)
(အဘိ၊ ဋ္ဌ၊ ၁၊၂၃၇) မှာလည်း မေတ္တာ၏ အဓိပ္ပာယ်များကို ဖွင့်ဆိုထားပါသည်။

ရှေးဆရာတော်ကြီးများကလည်း အောက်ပြ ကဗျာလေးကို ရေးသွားတာလည်း
တွေ့ရှိနိုင်ပါတယ်။

တနေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ခါထမင်း ကျွေးမွေးခြင်းထက်
မယွင်းစင်စစ် နို့တစ်ညှစ်စာ
ကြိမ်သုံးခါပွား မေတ္တာပွားများ
အကျိုးများသည် ဘုရားမြတ်စွာ မိန့်ခွန်းတည်း.....။
မေတ္တာသုတ္တန်လာ အောက်ပြအတိုင်း ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များ
( ၁ ) ဟေ ၊ အိုသူတော်ကောင်းတို့ ။ ယဿပရိတ္တဿ ၊ အကြင်မေတ္တာသုတ်ပရိတ်တော်၏။
အနုဘာဝတော၊ အစွမ်းရှိန်စော်အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်ဘီလူးအများတို့သည်။
ဘီသနံ၊ ကြောက်မက်ဖွယ် အာရုံမျိုးကို။ နေ၀ ဒဿန္တိ၊ မပြနိုင်ကြကုန်။
ယမှိစေ၀၊ အကြင်မေတ္တာသုတ် ပရိတ်တော်၌ သာလျှင်။ ရတ္တိန္ဒိဝံ၊ နေ့ည မပျက်
အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိဘဲ။ အနုယုဉ္ဇန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွား
အားထုတ်သူသည်။

( ၂ ) သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏။ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။
ကိဉ္စိ၊ တစ်စုံ တစ်ခုသော။ ပါပံ စ၊ အိပ်မက်ဆိုးကိုလည်း။ နပဿတိ၊ မမြင်မက်ရ။
ဧ၀ါမာဒိဂုဏူပေတံ၊ ဤသို့အစ ရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့်ပြည့်စုံသော။
တံပရိတ္တံ၊ ထိုမေတ္တာသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့သည်။ ဘဏာမ ၊ ရွတ်ကြကုန်စို့။

( ၃ ) သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ
ထွင်းဖောက် မြင်သိ၍။ (၀ိဟရိတုကာမေန၊ နေခြင်းငှာ အလိုရှိသော) အတ္ထကုသလေန၊
အကျင့်အမျိုမျိုး အကျိုးစီးပွား၌ လိမ္မာသူသည်။ ယံ ကရဏီယံ၊ ပြုကျင့်ရမည့်သိက္ခာ
သုံးရပ် အကျင့်မြတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသိက္ခာသုံးရပ်အကျင့် မြတ်ကို။
ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇူ
စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဟုဇူ စ၊ အလွန်ဖြောင့်မတ်သူလည်း။
အဿ၊ ဖြစ်ရာ၏။ သုဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။
မုဒု စ၊ နုညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနိ စ၊ မာန်ထောင်လွှားခြင်း
မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၄ ) သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊
အမွေးအမြူလွယ် သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပကိစ္စော စ၊ နည်းပါးသောကိစ္စရှိသူ
လည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။
အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ ၊ ငြိမ်သက်သော ဣနြေ္ဒ ရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။
နိပကော စ ၊ ရင့်ကျက်သော ပညာရှိသူလည်း ။ အဿ၊ဖြစ်ရာ၏။
အပ္ပဂဗ္ဘော စ ၊ ကြမ်းတမ်းရိုင်းပြခြင်း မရှိသူလည်း ။ အဿ ၊ ဖြစ်ရာ၏ ။ ကုလေသု ၊
အိမ်သူ လူတို့၌။ အနနုဂိဒ္ဓေါ စ ၊ တွယ်တာမက်မောခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

( ၅ ) ယေန ၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့် ။ ၀ိညူ ၊ ပညာရှိဖြစ်
ကုန်သော။ ပရေ ၊ သူတစ်ပါးတို့သည် ။ ဥပ၀ဒေယျုံ ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏ ။ ခုဒ္ဒံ ၊
ယုတ်ညံ့သော ။ တံ ၊ ထိုဒုစရိုက်မျိုးကို။ ကိဉ္စိ ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင်
န အာစရေ ၊ မပြုကျင့်ရာ ။ သဗ္ဗသတ္တာ ၊ သတ္တ၀ါ မှန်သမျှတို့သည် ။ သုခိနော ၀ါ ၊
ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း ။ ခေမိနော ၀ါ ၊
ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်း ရှိကုန်သည်လည်းကောင်း ။ ဟောန္တု ၊
ဖြစ်ကြပါစေကုန်သတည်း။
( ၆/၇ ) အန၀သေသာ ၊ ကြွင်းမဲ့ဥဿုံ အလုံးစုန်ကုန်သော ၊ ယေ တသာ ၀ါ ၊ အကြင်
ထိတ်လန့် တတ်သော ပုထုဇဉ် သေက္ခသည် လည်းကောင်း ။ ယေ ထာဝရာ ၀ါ ၊
အကြင်မထိတ်မလန့် တည်တန့်ခိုင်မြဲသော ရဟန္တာ တို့သည်လည်းကောင်း ။ ယေ
ဒီဃာ ၀ါ ၊ အကြင် ခန္ဓာကိုယ်ရှည်လျှား သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ မဟန္တာ
ဝါ ၊ အကြင်ခန္ဓာကိုယ် ကြီးမားသတ္တ၀ါ များသည်လည်းကောင်း ။ ယေ မဇ္ဈိမ ၀ါ ၊
အကြင်မတိုမရှည် မကြီးမငယ် အရွယ်အလတ်စား သတ္တ၀ါတို့သည်လည်းကောင်း ။
ယေ ရဿကာ ၀ါ ၊ အကြင်ပုကွနိမ့်တို ခန္ဓာကိုယ် ရှိသော သတ္တ၀ါတို့သည်လည်းကောင်း ။
ယေ အဏုမာ ၀ါ ၊ အကြင်သေးငယ်မှုန်မွား သတ္တ၀ါများ တို့သည်လည်းကောင်း ။ ယေ
ထူလာ ၀ါ ၊ အကြင်ဝိုင်းစက်ဆူဖြိုး သတ္တ၀ါမျိုးတို့သည်လည်းကောင်း ။ ယေ ဒိဋ္ဌာ ၀ါ ၊
အကြင်မြင်ဘူးသော သတ္တ၀ါတို့သည်လည်းကောင်း ။
ယေ အဒိဋ္ဌာ ၀ါ ၊ အကြင်မမြင်ဘူးသော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ ဒူရေ
ဝသန္တိ ၊ အကြင်အဝေးအရပ်၌ နေကြကုန်သော သတ္တ၀ါ တို့သည်လည်းကောင်း ။ ယေ
အ၀ိဒူရေ ၀သန္တိ ၊ အကြင်အနီးအရပ်၌နေကြသောသတ္တ၀ါ တို့သည်လည်းကောင်း ။
ယေ ဘူတာ ၀ါ ၊ အကြင်နောင်မဖြစ်ရ ဖြစ်ပြီးသားဖြစ်ကြသော ရဟန္တာတို့သည်
လည်းကောင်း ။ ယေ သမ္ဘဝေသီ ၀ါ ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သက္ခ
သတ္တ၀ါတို့သည်လည်းကောင်း ။ ယေ ကေစိ ၊ အလုံးစုန်ကုန်သော ။ ပါဏဘူတာ ၊
သတ္တ၀ါတို့သည် ။ အတ္ထိ ၊ ရှိကုန်၏ ။ ဣမေပိသဗ္ဗသတ္တာ ၊ ဤအလုံးစုံကုန်သော
သတ္တ၀ါတို့သည်လည်းကောင်း ။ သုခိတတ္တာ ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါး
ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။
( ၈ ) ပရော ၊ တစ်ပါးသူတစ်ယောက်သည်။ ပရံ၊ သူတစ်ပါးအခြားသူတစ်ယောက်ကို။
နနိကုဗ္ဗေထ ၊ စဉ်းလဲသမှု လှည့်ပါတ်ခြင်း မပြုပါစေလင့် ။ ကတ္ထစိ ၊ တစ်စုံတစ်ခုသော
အရပ်၌ (ဘယ်အရပ်မှာမဆို ) ကိဉ္စိ ၊ တစ်စုံတစ်ယောက်သော ။ နံ ၊ ထိုသူတစ်ပါးကို ။
နာတိမညေထ ၊ မာန်ထောင်သမှု မထီမဲ့မြင် မပြုပါစေလင့် ။ ဗျာရောသနာယ ၊
ကိုယ်နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း ။
ပဋိဃသညာယ ၊ ဒေါသစိတ်ဖြင့်လည်းကောင်း ။ အညမညဿ ၊ အချင်းချင်း
(တစ်ယောက်သည် တစ်ယောက်) ၏ ။ ဒုက္ခံ ၊ ဆင်းရဲခြင်းကို။ နဣေစၦယ် ၊
အလိုမရှိပါစေလင့်။

( ၉ ) မာတာ ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ်သားရင်းဖြစ်သော။
ဧကပုတ္တံ ၊ တစ်ဦးတည်းသောသားကို ။ အာယုသာ ၊ မိမိအသက်ဖြင့်သော်ပင် ။
အနုရက္ခေ ယထာ ၊ အစဉ်မကွာကွယ်ကာ စောင့်ရှောက်သကဲ့သို့ ။ ဧ၀မ္ပိ ၊
ဤအတူလည်း ။ သဗ္ဗဘူတေသု ၊ အလုံးစုံသော သတ္တ၀ါတို့၌ ။ အပရိမာဏံ ၊
အတိုင်းအတာပမာဏမရှိသော ။ မာနသံ ၊ မေတ္တာစိတ်ကို ပွားများပါလေ။

( ၁၀ ) ဥဒ္ဓံ ၊ အထက်လောက အရူပဘ၀၌လည်းကောင်း ။ အဓော ၊ အောက်ပြည်
လောက ကာမဘ၀၌ လည်းကောင်း ။ တိရိယံ ၊ အလယ်လောက ရူပဘ၀၌
လည်းကောင်း ။ သဗ္ဗလောကသ္မိံ၊ အလုံးစုံသောလောက၌ ။ အပရိမာဏံ ၊
အတိုင်းအတာ ပမာဏမရှိသော ။ မေတ္တံ ၊ မေတ္တာနှင့်ရှင်သော။ မာနသံ ၊ စိတ်ကို ။
အဝေယံ ၊ ဒေါသဟူဘိအတွင်းရန်လည်းမရှိသည်ကို ။ အသပတ္တံ ၊ နှိပ်စက်ရန်မူ
အပရန်သူလည်း မရှိသည်ကို ။ (ကတွာ ၊ ပြု ၍ ) ဘာဝယေ ၊ ပွားများရာ၏။

(၁၁ ) တိဋ္ဌံ ၀ါ၊ ရပ်လျှက်သော်လည်းကောင်း။ စရံ ၀ါ ၊ သွားလျှက်သော်လည်းကောင်း ။
နိသိန္နော ၀ါ ၊ ထိုင်လျှက်သော်လည်းကောင်း ။ သယာနော ၀ါ ၊ အိပ်လျှက်သော်
လည်းကောင်း ။ ယာဝတာ ၊ အကြင်မျှလောက်။ ၀ိတမိဒ္ဓေါ ၊ ကင်းသောအိပ်ချင်
ငိုက်မည်းခြင်းရှိသည် ။ အဿ ၊ ဖြစ်ရာ၏ ။ အထ ၊ ငိုက်မျဉ်းခြင်းကင်း ထိုအချိန်အတွင်း၌ ။
ဧတံ သတိံ ၊ ထိုမေတ္တာယှဉ်ဘိ ဈာန်သတိကို ။ အဓိဋ္ဌေယျ ၊ စွဲမြဲမကွာ ဆောက်
တည်ရာ၏။

ဣဓ ၊ ဤဘုရားသာသနာတော်၌ ။ ဧတံ ၊ မေတ္တာမကင်း ဈာန်ဖြင့်နေခြင်းကို ။ ဗြဟ္မံ ၊
ထူးမြတ်သော။ ၀ိဟာရံ ၊ နေခြင်းမျိုးဟူ၍ ။ အာဟု ၊ မြတ်ဘုရားတို့ဟောကြားတော်
မှုကုန်ပြီ။

( ၁၂ ) သော ၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည် ။ ဒိဋ္ဌိဉ္စ ၊
အတ္တဒိဋ္ဌိသို့လည်း ။ အနုပဂ္ဂမ္မ ၊ မစွဲမကပ်ရောက်မူ၍ ။ သီလ၀ါ ၊ လောကုတ္တရာ
သီလရှိသူသည် ။ ဒဿနေန ၊ သောတာပတ္တိမဂ်ဥာဏ်နှင့်။ သမ္မန္နော ၊ ပြည့်စုံသူသည် ။
(သမာနော ၊ ဖြစ်လျှက် ) ကာမေသု ၊ ၀တ္ထုအာရုံကာမဂုဏ်တို့၌ ။ ဂေဓံ ၊
ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို ။ ၀ိနေယျ ၊ တစ်စမကြွင်း
အရှင်းပါယ်ရှားပြီးသော် ။ ဇာတု ၊ စစ်စစ်ဧကန်အမှန်ပင် ။ ပုန ၊ နောက်ထပ်တစ်ဖန် ။
ဂဗ္ဘသေယျံ ၊ ပဋိသန္ဓေနေခြင်းသို့ ။ နဧတိ၊ မရောက်ရတော့ပေ။

အထက်ပါ မေတ္တာသုတ် ပါဠိတော်နှင့် အနက်အဓိပ္ပာယ်များကို ကြည့်ရှု၍
မေတ္တာသုတ်တော်၌
(Observing wholesome deed) အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊
(Preserving Unwholesome deed) မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သော
(Method and Characteristics) နည်းအားဖြင့် (၂) နည်းဖြင့် ကျင့်သုံးနိုင်ပါသည်။

ပထမနည်း၌ (One who was seeing a visible being in the past)
မြင်ဘူးသော သတ္တ၀ါ၊
(One who was seeing invisible being in the past)
မမြင်ဘူးသော သတ္တ၀ါ၊
(One who can see a visible being)
မြင်နိုင်သော သတ္တ၀ါ၊
One who can see an invisible being)
မမြင်နိုင်သော သတ္တ၀ါ၊
One who has defilement)
ကိလေသာရှိသော သတ္တ၀ါ၊
(One who has not defilement)
ကိလေသာကင်းသော သတ္တ၀ါ၊
(One who is born a being)
ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊
(One who is in the cycle of Samsara or rebith as a being)
ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊
(One who was done in the cycle of rebirth as a being)
ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ ဟူ၍ ရှိကြပါတယ်။

ကောင်းသော သတ္တ၀ါအားလုံးတို့အတွက်
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုပို့နိုင်ပါတယ်။
May all being be free from all danger peacefully.

ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စားသတ္တ၀ါ၊
ကိုယ်ခန္ဓာ ကြီးသော သတ္တ၀ါ၊ ငယ်သော မကြီး မငယ် အလတ်စား သတ္တ၀ါ၊
ကိုယ်ခန္ဓာဝသော ပိန်သော မပိန်မ၀ အလတ်စား သတ္တ၀ါ အားလုံးတို့သည်-

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be bodily-wealthy.
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
May all being be mentally-wealthy.
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲဒီလိုလဲ ပွားများနိုင်ပါတယ်။
May all being be free from all danger peacefully.
မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ-
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်-
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။

မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်
ပါသည်။ မိမိကိုယ်တိုင် ရင်၌ လွယ်၍ မွေးဖွားလာခဲ့ရသော တဦးတည်းသော
သားရှိသည့် မိခင်သည် ထိုသားငယ်ရင်ခွင်၌နေစဉ် ကျင်ကြီးကျင်ငယ်ကို
စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း
အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်း ကို မိမိ၏ အသက်ကိုပင်
စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို´ သတ္တ၀ါအားလုံး၏ အပေါ်မှာ
အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍
ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု
ဟောတော်မူပါသည်။
ထိုတရားမျိုးသည် မိခင်တိုင်း၏ အပရိမာဏ မေတ္တာမျိုးဖြစ်သည့်အတွက် အတိုင်းတာ
ပမာဏမရှိသော အခြားသတ္တဝါတို့အပေါ်တွင် ထားရှိရမည်ဟု ဟောကြားခဲ့ခြင်း
ဖြစ်သည်။ အနန္တစကြာဝဠာ၊ အနန္တ သတ္တ၀ါတို့အပေါ်မှာ ဒေါသဟူသည့်
အတွင်းရန်ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့်
မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ
အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်းကျိုး ချမ်းသာ ဖြစ်စေချင်သောစိတ်
မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော ကျယ်ပြန့်သော မွန်မြတ်သော
ဟိတကာမစိတ်ကို နေ့နေ့ ညည မရပ်မနား သွားသွားရပ်ရပ် ထိုင်ထိုင်အိပ်အိပ်
မတိတ်ဆိတ်ဘဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။ ဤသို့လျှင် မေတ္တာအသိ
အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) = မြတ်သောနေခြင်းဟု ခေါ်
ပါသည်။
သူတော်ကောင်းအပေါင်းတို့ ကိုယ်ကျိုး သူကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက်
လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာပြည့်စုံလျှင် ခန္တီပါ
ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများကြရပါသည်။
မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် အပရိမာဏမေတ္တာနှင့်
စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင် ရရှိနိုင်ကြမည် ဖြစ်ပါသည်။
နိဂုံးအနေဖြင့် အားလုံးသော သူတော်ကောင်းတို့သည်လည်း မေတ္တာနေ့မှာ
မေတ္တာတွေ ခြုံလွှမ်း၍ သာယာဖြောင့်ဖြူးသော ဘဝလမ်းကို လျှောက်လှမ်းနိုင်ပြီး
သူတော်ကောင်းတို့ ပျော်စံရာ မြတ်နိဗ္ဗာန်သို့ လွယ်ကူသောအသိဖြင့် ရောက်ရှိနိုင်
ပါစေလို့ ဆုတောင်းလျက် မေတ္တာပို့သအပ်ပါသည်...
......................
အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)
တက္ကသိုလ်မြတ်မင်း
http://www.venpunnavamsa2.com
10- 08 - 2014 တွင် ပြန်လည် ရေးသားခဲ့ပါသည်...

Thursday, July 31, 2014

အကောင်းဆုံး လေးမျိုး

အကောင်းဆုံး လေးမျိုး ဆိုတာကို
ပညာရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးက ညွှန်ပြ
ထားတာ ရှိတယ်။
“ သောက်စရာ” ထဲမှာ အကောင်းဆုံးက...
“ ဆန်ပြုတ်နဲ့ ဆား” တဲ့။
ယာဂုမမှီ သက်မရှည် ၊ ယာဂုမှီမှ
သက်ရှည်သည်။

“စားစရာ” ထဲမှာ အကောင်းဆုံးကတော့
“ လျှော့စားတာ” အကောင်းဆုံးတဲ့။
အစားကြီးသူက အသေမြန်တယ် ၊ အလတ်စား
စားတဲ့သူက အလတ်စား သေတယ် ၊
အစားအနည်းဆုံး ပုဂ္ဂိုလ်က အသက်ရှည်ပါတယ်တဲ့။
“စကားထဲမှာ” "သစ္စာစကား” မှန်မှန်ကန်ကန်
ပြောတာ အကောင်းဆုံးပါပဲ။
“တရားထဲမှာ” ပြောလွယ်ဆိုလွယ်
“ ဆုံးမလွယ်” တာ အကောင်းဆုံးပဲတဲ့။
ရွှေဥမင်ဆရာတော်ဘုရားကြီး

Saturday, July 26, 2014

ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား”

“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား”
••••••••••••••••••••••••••••••••••••••••••••••••••
“ကျုပ်ဟာ တစ်သက်လုံးဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။
တကယ်တော့မည်ကာမတ္တ “ဗုဒ္ဓဘာသာ” မျှသာ ဖြစ်ခဲ့တာကို
ခုလို တရားစာပေလေ့လာမိမှ ပိုပြီးသတိရတယ်။
ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်မျှ
မလုပ်ခဲ့ဖူးတာလည်း မရှိဘူး။
ကျုပ်ဟာ လောကရဲ့ ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း
မခံစားဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရတဲ့ တရားတော်ရဲ့
အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
ဟု ဖွင့်ဟ၀န်ခံလျက် -

“ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို
အလေးအနက်မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက်
ဟန်ပြအဆောင်အယောင်တစ်ခုလောက်သာ ရှိခဲ့တယ်။
ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊
ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ ပုံစံသွင်းချင်တာပဲ
ကျုပ်မှာအဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့
တရားတော်တွေကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ်
မထင်မိဘူးဟု ဖွင့်အံခဲ့သည်။
ဤမျှသာမက ဦးစောတွင် ကြီးမားသော အစွဲအလမ်းကြီးတစ်ခုကြောင့်
သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။
“အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။
အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့
အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့
သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊
ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ်ဆိုတဲ့
သတင်းကြောင့် ဒီဘုရားကို မရအရ၊ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်”
(မှတ်ချက်) မသမာသောနည်းဖြင့် ယူခဲ့ခြင်းကို ဆိုလိုဟန်တူသည်။
ဒါပေမဲ့ ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာမဟုတ်ဘူး။
ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။
ဒီတော့ သာမန်မျှသာ ကိုးကွယ်မူ အဆင့်တွင်မဟုတ်ဘဲ
ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။
ဒါဟာ ကျုပ်ရဲ့မဟာအမှားကြီးပါပဲ။
နောက်မှသိရတာက အဲဒီဆင်းတုတော်ကြီးဟာ
တန်ခိုးကြီးသလောက် အလွန်ခိုက်တယ်
ဆိုတာသိရတော့ နောက်ကျသွားပြီ။
“ဒီတော့ ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမားဖြစ်လိုက်၊
သေနတ်ချောင်းပစ်ခံရလိုက်နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ရတာပဲ။
နောက်ကျုပ် ဒီရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော်
စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်”
ဟု ၀မ်းနည်းစွာပြောခဲ့သည်။
၎င်းဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ
ရေစက်ချသွားခဲ့သည်။
“ဘုရားက မခိုက်ပါ၊ မရိုက်ပါ”
••••••••••••••••••••••••••••••••••••••••
(မှတ်ချက်) ဤနေရာ၌ ဗုဒ္ဓဘာသာအများစု၏ မှားယွင်းနေသော
အယူအဆတစ်ခုကို ဖြေရှင်းပေးလိုပေသည်။
ဗုဒ္ဓဘာသာအများစုသည် ဘုရားရုပ်ပွားများ၊
စေတီများက ခိုက်သည်ဟု ယူဆတတ်ကြသည်။
အမှန်က ခိုက်ဟူသည် မကောင်းကျိုးများ
ကျရောက်ခြင်းကို ဆိုလိုပေ၏။ ထိုမကောင်းကျိုးများကို
သက်ရှိထင်ရှား ဘုရားကလည်း မလုပ်သလို၊
သက်မဲ့ရုပ်ပွားဆင်းတုတောင်များကလည်း မလုပ်ပေ။
သို့ဆိုလျှင် မည်သူက လုပ်သနည်း -
ထိုဘုရားရှင်နှင့် ရုပ်ပွားတော်တို့အပေါ် မရိုမသေပြုလုပ်သော
“အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။
အရှင်ဒေ၀ဒတ်ကို မြေမျိုအောင် ဘုရားရှင်က
သူ၏ စေတနာဆိုးခေါ် အကုသိုလ်က လုပ်ခြင်းဖြစ်သည်။
ယခုဖြစ်ရပ်တွင်လည်း ဦးစောကို ဒုက္ခရောက်အောင်လုပ်သည်မှာ
“သင်္ကန်းနက်ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော်ကို လောကီ၊
အာဏာပါဝါကိစ္စတွင် အဆောင်အဖြစ် မရိုမသေအသုံးချခဲ့သော
စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။
လောဘ၊ ဒေါသကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည်
မည်သည့် သတ္တ၀ါ၏ဆိုးကျိုးကို မျှော်လင့်လေမည်နည်း -
တစ်ဆက်တည်း သိသင့်သည်မှာ -
••••••••••••••••••••••••••••••••••••••••
“မကောင်းကျိုးကို ဘုရားရှင်နှင့် ရုပ်ပွားများက
ပေးသည်မဟုတ်သလို ၊ကောင်းကျိုးကိုလည်း
ပေးသည်မဟုတ်ပေ။ မိမိကိုကောင်းကျိုးပေးသည်မှာ
ထိုဘုရားရှင်နှင့် ရုပ်ပွားများ၊သံဃာတော်များအပေါ်တွင်
ထားသော စေတနာသာဖြစ်သည်။”
မဟာမြတ်မုနိကို ရှိခိုးပူဇော်ခြင်းနှင့် မိမိအိမ်မှ သုံးလက်မ
ရုပ်ပွားလေးကို ရှိခိုးပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့်ပူဇော်မူက ကောင်းကျိုးကိုပေးသနည်းဟု မေးခဲ့ငြားအံ့။
အဖြေကား ရုပ်ပွားကိုကြည့်ပြီး ဆုံးဖြတ်၍မရ။
စေတနာကိုကြည့်ပြီး ဆုံးဖြတ်ရမည်ဟု ဖြစ်၏။
မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း -
●ရှိခိုးပူဇော်ချိန်တွင် စေတနာတစ်ကျပ်သားခန့်သာပါလျှင်
ကောင်းကျိုးတစ်ကျပ်သားခန့် သာရသည်။
●စေတနာတစ်ပိဿာခန့်ပါလျှင် ကောင်းကျိုးတစ်ပိဿာခန့်ရသည်။
ဤသုံးသပ်ချက်ကိုကြည့်၍ မည့်သည့်ရုပ်ပွားစေတီကို
ရှိခိုးပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာအပြည့်ဖြင့်
ရှိခိုးပူဇော်သင့်၏။
နာမည်ကြီး ရုပ်ပွားတော်တွေနောက်လိုက်ရင်း ၊
အလိမ်အညာခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသားရခြင်းဖြစ်သည်။
●ထောင်ကိုကြောက်စရာမလို၊
ဒုစရိုက်မူများကိုသာကြောက်ရမည်။
●အပါယ်လေးပါးကို ကြောက်စရာမလို၊
အကုသိုလ်ကံများကိုသာကြောက်ရမည်။
●ရုပ်ပွားစေတီများကို ကြောက်စရာမလို၊
ထိုရုပ်ပွားစေတီများကို မရိုမသေပြုလုပ်သော
စေတနာဆိုးကိုသာ ကြောက်ရမည်။
●ရုပ်ပွားစေတီကခိုက်ခြင်းမဟုတ်၊
စိတ်ဆိုး စေတနာဆိုးကသာ ခိုက်ခြင်းဖြစ်သည်။
-【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Saturday, July 19, 2014

သိထားသင့်သည့် ရေစက်ချ ပြဿနာ”

သာသနာမှာ အလှူတစ်ခုခုလုပ်တိုင်း “ရေစက်ချ ရေစက်ချ”
ဆိုတဲ့ စကားဟာ အလွန်တွင်ကျယ်နေတဲ့ စကားပါ...
အများတကာ နားယဉ်နှုတ်ကျိုးလို့ ရိုးနေတဲ့စကားပါ။
“ရေစက်ချပွဲ ရေစက်ချပွဲ” နဲ့ ဝမ်းမြောက် ကြည်နူး အားရဖွယ်
ကောင်းလှတဲ့ အလှူပွဲတွေကိုလဲ မကြာမကြာ တွေ့မြင်
ကြားသိနေကြရပါတယ်။ အလှူဆိုရင် ရေစက်ချဟာ
ပါဝင်တတ်ကြစမြဲပါ။

ရေစက်ချပွဲကို အတိုချုံးပြောရင်
(၁)။ အလှူလုပ်တယ်။
(၂)။ ဆုတောင်းတယ်။
(၃)။ အမျှပေးတယ် ဒီသုံးမျိုးပါပဲ။
ဒီ(၃)မျိုးက ရေစက်မချဘဲလည်း ပြီးအောင်လုပ်လို့ ဖြစ်နိုင်တဲ့အရာပါ။
ရေစက်ချတဲ့အခါ ပစ္စည်း(၂)မျိုးတွေ့ရမယ်။
(၁)။ ရေသွန်းချလောင်းထည့်ဖို့ အောက်ခံခွက် (၁)လုံးရယ်။
(၂)။ ကရားစသည်နဲ့ထည့်ထားတဲ့ ရေစင် ရေအေးရယ် အဲဒီ ၂-မျိုးပါ။
အောက်ခံခွက်ဆိုတာ အလှူခံ ကိုယ်စားပြုတဲ့ပစ္စည်းပါ။
ဒါကြောင့် အထူးသန့်ရှင်းစင်ကြယ်ဖို့လိုပါတယ်။
အပေါ်က ကရားစတဲ့ခွက်ထဲမှာ ထည့်ထားတဲ့ ရေဆိုတာ
လှူဖွယ်ပစ္စည်းကို ကိုယ်စားပြုတဲ့ သက်သေခံပစ္စည်းပါ။
ဒါကြောင့် အထူးသန့်ရှင်းစင်ကြယ်ရမယ်။
ပြီးတော့ အပေါ်ခွက်ထဲက ရေဟာ အလှူရှင်ရဲ့
သန့်စင်မွန်မြတ် အေးချမ်းတဲ့ စိတ်စေတနာကိုလည်း
ကိုယ်စားပြုသက်သေခံရတဲ့ ပစ္စည်းပါ။
ဒါကြောင့် ရေဟာ ကြည်လင်ရမယ်။ အေးမြရမယ်။ သန့်ရှင်းရမယ်။
အလှူစတဲ့ ကုသိုလ်လုပ်တိုင်း
(၁)။ သတိ သမာဓိနဲ့ အေးအေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက် လုပ်ရမယ်။
တည်တည်ငြိမ်ငြိမ် စူးစူးစိုက်စိုက် လုပ်ရမယ်။
စိတ်ပါလက်ပါ လုပ်ရမယ်။ အထူးစိတ်ဝင်စားရမယ်။
ပူပူလောင်လောင် ပြာလောင်ခတ် ရှုပ်ရှက်ခတ် မလုပ်ရဘူး။
သတိ သမာဓိဆိုတာ စိတ်ပေါက်ကိုဖာပေးတာ။
စိတ်စုတ်ကို ချုပ်ပေးတာ။စိတ်ကို စင်ကြယ်အောင် ဆေးကြောပေးတာ။
စိတ်ပေါက်ကို မဖာရင် တရားတွေ အပေါက်က ယိုကျကုန်မှာပေါ့။
စိတ်ကို မဆေးတော့ အကောင်းမရနိုင်ဘူးပေါ့။
အပေါက်လည်းရှိ၊ ဆီဂျီးတွေလည်း ပေးကျံနေတဲ့
သံပုံးကြီးထဲမှာ တွင်းထဲကန်ထဲက ရေကို ခပ်ထည့်ရင်
ထည့်သမျှ အပေါက်ကယိုကျမယ်။ မယိုသေးလို့ ၊
ကျန်နေသေးတဲ့ရေကလည်း ဆီဂျီးတွေရောနေတော့ ၊
သောက်သုံးလို့ကောင်းမှာမဟုတ်ဘူး။
သတိ သမာဓိမပါဘဲ ကုသိုလ်လုပ်ရင် ကုသိုလ်လုပ်တဲ့အခါ
သတိ သမာဓိ အားနည်းရင် တကယ်အားကိုးရမယ့်
ကုသိုလ်စွမ်းအား တရားတွေ ယိုကျကုန်မယ်။
ကျန်နေတာတွေကလည်း ကိလေသာဂျီးတွေ
ပေကျံနေလို့ အသုံးဝင်မှာမဟုတ်ဘူး။
ဒါကြောင့် သတိ သမာဓိနဲ့ အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ် လုပ်ရမယ်။ ဒါမှ လုပ်သလောက်
အရာရောက်မှာပေါ့။
(၂)။ ရှိတာကို အရှိအတိုင်း မြင်အောင် ကြည့်ရှုတတ်ရမယ်။
အရှိကို အသိနဲ့ အနိုင်ယူနိုင်တာဟာ လူရဲ့ အဓိကစွမ်းအားပဲ။
ရှိတာကို သိမှ ကုသိုလ် ပြည့်ဝမှာပေါ့။
(၃)။ ကုန်သွားတာနဲ့ ကိုယ့်မှာအားတွေ အပြည့်ကျန်နေခဲ့မယ်။
သာသနာတော်နည်းကတော့ ကုန်တာဟာ “အား”ပဲ။
ဘာပဲကုန်ကုန် ဥာဏ်နဲ့အား တစ်ခုခုကျန်နေခဲ့အောင် ဆွဲယူထားနိုင်ရမယ်။
ဒါကြောင့် ရေစက်ချတဲ့အခါ အပေါ်ခွက်ထဲမှာရှိတဲ့ ရေစင်ရေအေးကို
အောက်က ခွက်ထဲမှာ ငြိမ်သက်သေချာ အေးချမ်းစွာ လောင်းထည့်ရမယ်။
ဒါဆို သဒ္ဓါဖွေးဖြူ မေတ္တာကူတဲ့ ကိုယ့်အလှူအောင်သွားပြီပဲ။
ဆက်ပြီး နိဗ္ဗာန်ကို အထွဋ်ထား အနားကွပ်ကာ လိုရာဆုကို
တောင်းပြီး အမျှပေးဝေလိုက်ရုံပေါ့။
အမှန်တော့ အလှူဆိုတာ “ဒါနံ ပရိစ္စာဂ လက္ခဏံ”လို့
ဆိုထားတဲ့အတိုင်း ကိုယ့်ပစ္စည်းကို အလှူခံပုဂ္ဂိုလ်လက်ထဲမှာ
စေတနာ(၃)တန် ခြံရံပြီး သဒ္ဓါ မေတ္တာ ပညာစစ်စစ်နဲ့ လွတ်လွတ်
ကျွတ်ကျွတ် စွန့်ကြဲလိုက်တဲ့ သဘောပါ။
ကိုယ်နဲ့ပဲ စွန့်စွန့်၊ နှုတ်နဲ့ပဲ စွန့်စွန့်၊ ကိုယ်နှုတ်နဲ့ပဲ စွန့်စွန့် ၊
စေတနာပြတ်သားရင် ဒါနမြောက်သွား ပါတယ်။
စွန့်လိုက်ပြီးတာနဲ့ ရေစက်မချပေမယ့် အလှူပြီးမြောက်သွားတော့တာပါ။
စာပေကျမ်းဂန်တွေမှာ အများအားဖြင့် အလှူရှင် ၊
အလှူခံပုဂ္ဂိုလ်လက်ထက်ထဲမှာထည့်ပြီး ဆက်ကပ်လှူဒါန်းလို့
မဖြစ်နိုင်တဲ့ မြေတို့ ကျောင်းစတဲ့ အဆောက်အဦးတို့ ၊
သက်ရှိသတ္တဝါ ကြီးကြီးတို့လို ပစ္စည်းများကို စွန့်ကြဲ
လှူဒါန်း ကြတဲ့အခါ သက္ကစ္စမြောက်အောင် သက်သေခံတဲ့
အနေနဲ့ ရေစက်ချပြီး လှူဒါန်းကြတာကိုတွေ့ရပါတယ်။
ဘုရားအလောင်းတော်က ဆင်ကိုလှူဒါန်းတဲ့အခါ ဆင်နှာမောင်းကို
အလှူခံလက်ထဲထည့်ပြီး အလှူစိတ်ကို ကိုယ်စားပြုတဲ့ အေးမြကြည်
လင်သန့်စင်တဲ့ နံ့သာရေအနည်းငယ်ကို ကရားနဲ့ယူပြီး
သွန်းလောင်းသွန်ချ လှူဒါန်း တာကိုတွေ့ရတယ်။
အလှူခံရှိနေလို့ အောက်ခံရေစက်ခွက်မပါတော့ဘူး။
နှာမောင်းကို လက်ထဲထည့်လိုက်ရင် ဆင်တစ်ကောင်လုံး
လှူရာရောက်တော့ လှူဖွယ်ကို ကိုယ်စားပြုစရာလည်း မလိုတော့ဘူး။
အလှူစိတ်ကို ကိုယ်စားပြု သက်သေခံရုံလောက်ပဲ
ရေသွန်းလောင်း သွန်းချတဲ့သဘောပါ။
ဘုရားအလောင်းကပဲ ဇနီး သား သမီးကို လှူဒါန်းတဲ့အခါ
လှူဖွယ်ဝတ္ထုနှင့် အလှူစိတ်ကို ကိုယ်စားပြုတဲ့ အေးမြကြည်လင်
သန့်စင်တဲ့ နံ့သာရည်အနည်းငယ်ကို ကရားနဲ့ယူပြီး အလှူခံ
ပုဂ္ဂိုလ်လက်ထဲမှာ လောင်းထည့်လိုက်တာကို တွေ့ရတယ်။
အလှူခံရှိနေလို့ အောက်ခံရေစက်ခွက် မပါတော့ဘူး။
လှူဖွယ်ဝတ္ထု ရှိနေပေမယ့် အလှူခံလက်ထဲထည့်လှူလို့
အဆင်မပြေတော့ ရေကိုပဲ ကိုယ်စားပြု ထည့်လိုက်တာပါ။
ရေကလည်း အလှူစိတ်ကိုပါ ကိုယ်စားပြုသက်သေခံသွားတယ်။
ဗိမ္မိသာရမင်းက ဝေဠုဝန်ဥယျာဉ်ကို လှူဒါန်းတဲ့အခါ
အနာထပိဏ်သူဌေးက ဇေတဝန်ကျောင်းကို လှူဒါန်းတဲ့
အခါမှာလည်း လှူဖွယ်ဝတ္ထုနှင့် အလှူစိတ်ကို ကိုယ်စားပြုတဲ့
အေးမြကြည်လင် သန့်စင်တဲ့ နံ့သာရည်ကို ရွှေကရားနဲ့
မြတ်စွာဘုရားလက်ထဲမှာ လောင်းထည့်ပြီး လှူတာကိုတွေ့ရတယ်။
လှူဖွယ်ကို လက်ထဲထည့် ဆက်ကပ်လို့မှ မဖြစ်နိုင်တာကိုး။
ရေကိုအလှူခံလက်ထဲမှာပဲ လောင်းလောင်း ၊
ကိုယ်စားလည်ခွက်ထဲမှာပဲ လောင်းလောင်း ၊
မြေကြီးပေါ်မှာပဲ လောင်းလောင်း ၊သက္ကစ္စမြောက်ပစ္စည်းကို
စွန့်ကြဲခြင်းကိစ္စ ပြီးမြောက်အောင်မြင်သွားဖို့သာ အဓိကပါ။
ရဟန်းတော်များနဲ့ မအပ်စပ်တဲ့ ရွှေ ငွေကို လှူတဲ့အခါ
အလှူခံလက်ထဲမှာ လှူဖွယ်ပစ္စည်းကို ထည့်ကပ်လို့
မသင့်တော်တဲ့ကြောင့် ရေကို လှူဖွယ်ဝတ္ထုရဲ့ ကိုယ်စားပြုပြီး
အလှူခံလက်ထဲမှာ ရေကို လောင်းထည့်လို့ပဲ ဖြစ်ဖြစ် ၊
ခွက်ထဲမှာ ရေကိုလောင်းထည့်လို့ပဲဖြစ်ဖြစ် ၊
မြေကြီးပေါ်မှာ ရေကိုသွန်ချလို့ပဲဖြစ်ဖြစ် လှူရင် ဖြစ်တာပါပဲ။
ရေစက်မချဘဲ နှုတ်နဲ့အပ်စပ်အောင် လျောက်ထားပြီး
လှူလိုက်ရင်လည်း အလှူကိစ္စ ပြီးမြောက် သွားတာပါ။
နှုတ်နဲ့ စွန့်ရင်လည်း စွန့်တာပဲကိုး၊ကိုယ့်စေတနာ
တကယ်ပြတ်သားရင် ရေတို့ ခွက်တို့နဲ့ သက်သေ
မခံဘဲလည်း ပြီးနိုင်တာပဲ။
ရဟန်းတော်များ ကြာရှည်ထားပြီး သုံးစွဲကြမယ့် မုန့်ပုံးများ ၊
ဖျော်ရည်ဘူးတို့ သကြားတို့စတဲ့ ပစ္စည်းတွေကို လှူတဲ့အခါမျိုး ၊
ရဟန်းတော်များ ကိုယ်လို့မသင့်တဲ့ ဆန်တို့ ဆီတို့ ငါးပိ ၊
ငါးခြောက်တို့လို ပစ္စည်းတွေကို လှူတဲ့ အခါမျိုးမှာလည်း ၊
အလှူခံ လက်ထဲကပ်လှူလို့ မသင့်တော်တဲ့ကြောင့်
သက္ကစ္စမြောက်အောင် ရေစက်ချလှူနိုင်ပါတယ်။
ရေစက်မချဘဲ နှုတ်နဲ့လျောက်ပြီး လှူရင်လည်း
အလှူမြောက်တာပါပဲ။
ညနေအခါမျိုးမှာ စားသောက်ဖွယ်တွေကို ရဟန်းတော်များထံ
သွားလှူတဲ့အခါမှာလည်း အလှူခံလက်ထဲမှာ ကပ်လို့ဖြစ်တဲ့
ပစ္စည်းပေမယ့် လှူတဲ့အချိန် ကပ်ရမယ့်အချိန် မဟုတ်တဲ့ကြောင့်
သက္ကစ္စမြောက်အောင် ရေစက်ချ လှူနိုင်ပါတယ်။
ရေစက်မချဘဲ နှုတ်နဲ့လျှောက်ထားပြီးလှူရင်လည်း
အလှူမြောက်ပါတယ်။ စေတနာ (၃)တန်ပြတ်သားရင် ပြီးတာပါပဲ။
အတိုချုပ်ကတော့ အလှူခံလက်ထဲမှာ ထည့်လှူလို့မဖြစ်တဲ့
ပစ္စည်းအားလုံးကို လှူတဲ့အခါ ရေကို ကိုယ်စားလည် အဖြစ်ထားပြီး
ရေစက်ချလှူဒါန်းနိုင်ပါတယ်။ ရေစက်မချဘဲ နှုတ်နဲ့ပြောဆို
လှူဒါန်းရင်လည်း အလှူမြောက်ပါတယ်။
အလှူခံလက်ထဲမှာ ချက်ချင်းထည့် လှူလို့ဖြစ်တဲ့
ပစ္စည်းမျိုးကို လှူတဲ့အခါ ရဟန်းတော်များ ချက်ချင်း
စားသောက် သုံးစွဲမယ့် ဆွမ်း ဆေး သစ်သီး ဖျော်ရည်တို့လို
ပစ္စည်းမျိုးကို လှူတဲ့အခါမှာတော့ ရေစက်မချ ပေမယ့်
အလှူခံလက်ထဲ ပစ္စည်းရောက်သွားတာနဲ့ အလှူခံမြောက်သွားတာပါ။
ရဟန်းသာမဏေအချင်းချင်း သင်္ကန်း၊စာအုပ် ၊ခဲတံတို့လို
ပစ္စည်းလှူတဲ့အခါမျိုး ဒကာ ဒကာမများက သံဃာတော်များအား
ဆွမ်းခဲဖွယ် လောင်းလှူတဲ့အခါမျိုး ဘယ်သူက
ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ရုတ်တရက် ရှောင်တခင်
သဒ္ဓါတရားပေါ်ပေါက်လာလို့ လှူတဲ့အခါမျိုးတွေမှာ
ရေစက်မချကြတော့ပါဘူး။ ရေစက်မချလည်း ပြီးနေပြီပဲ။
နိဗ္ဗာန်ဦးတည်ပြီး ကိုယ့်ပစ္စည်းကို အလှူခံလက်ထဲစွန့်ကြဲလိုက်တဲ့
အချိန်ကစလို့ အလှူကပြီးမြောက် အောင်မြင်သွားပြီကိုး။
ယခုကာလမှာတော့ ဘယ်လိုပစ္စည်းကိုပဲလှူလှူ ၊
အေးအေးဆေးဆေး အချိန်များများယူပြီး လှူကြတဲ့အခါ
ရေစက်ချလှူကြတယ်။ ရေစက်ချပွဲလုပ်ကြတယ်။
အချိန်များများမပေးနိုင်လို့ ခပ်သုတ်သုတ် ၊
ခပ်မြန်မြန်လှူတဲ့ အခါ ရေစက်မချကြတော့ဘူး။
ဥာဏ်နဲ့ နိဗ္ဗာန်ဦးတည်ပြီး ကိုယ်နဲ့ဖြစ်ဖြစ် ၊နှုတ်နဲ့ဖြစ်ဖြစ်
လှူလိုက်ကြတယ်။ အလှူပြီးမြောက်အောင်တာပါပဲ။
ဘာပဲဖြစ်ဖြစ် ရေစက်ချလှူကြတာဟာလည်း
သက္ကစ္စမြောက် ရိုသေလေးစားတန်ဖိုးထားပြီး မြတ်မြတ်နိုးနိုး
လှူတဲ့သဘောကို ဆောင်နေတာလည်းဖြစ်၊
အလှူပွဲရဲ့သက်သေသဘောကို ဆောင်နေတာလည်းဖြစ်လို့
အလွန်ကောင်းတဲ့ နည်းစနစ်ဖြစ်ပါတယ်။
ဥာဏ်တော့ပါဖို့ လိုမှာပါ။ အလှူပြီးမြောက်သွားပေမယ့်
ရေစက်ချပွဲ ပြန်လုပ်တော့ အပရစေတနာ ပြန်ပွားတာပေါ့။
ကိုယ့်ကုသိုလ်ကို သူက သာဓုခေါ်ရတော့ ကုသိုလ်တွေ
အများကြီးပြန်တိုးရပါတယ်။ ပြီးတော့ ကုသိုလ်ပြုဖက်
ဘဝရေစက်ဆုံသူတွေ နိဗ္ဗာန်ထိ အတူသွားရမယ့်
ပါရမီ ဖြည့်ဖက် ခရီးသွားဖော်တွေလည်း ထပ်တိုးတာပေါ့။
ရေစက်ချတာဟာ အလှူမြောက်အောင် ချတာမဟုတ်ဘူး။
“သက္ကစ္စသဘော”၊ “သက်သေသဘော”သာ ဖြစ်ပါတယ်။
စေတနာ ထက်သန်စွာနဲ့ စွန့်ပြီးတဲ့အချိန်ကစ
အလှူမြောက်ပြီးသားပါ။
“ရေစက်မချရသေးလို့ ငါ့အလှူမအောင်သေးဘူး၊
ရေစက်မချရသေးရင် အသေဖြောင့်မှာမဟုတ်ဘူး။”
လို့ ရေစက်ချကိစ္စကို စိတ်ထဲစွဲနေဖို့ မလိုပါဘူး။
စွဲနေရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။
စုပေါင်းရေစက်ချပွဲတွေ ကျင်းပပြုလုပ်ကြတဲ့ အခါ တစ်ချို့က
မကိုင်ရဘူး။ ရေစက်ခွက် မကိုင်ရသူတွေက
“ငါ့အလှူအောင်မှာ မဟုတ်ဘူး။”လို့ မစွဲသင့်ပါဘူး။
ရေစက်မချဘဲ ကိုယ့်အလှူ အောင်နေပြီပဲ။
ယခုကာလ ရေစက်ချပွဲတွေမှာ အများအားဖြင့်
အလှူခံရဟန်း ကိုယ်တိုင်ဖြစ်စေ၊ အလှူခံများကိုယ်စား
ရဟန်းတော်တစ်ပါးပါးကဖြစ်စေ၊ ရှေ့ကတိုင်ပြီး
ချပေးသမျှ လှူပုံ ဆုတောင်းပုံ၊ အမျှဝေပုံအားလုံးကို
အလှူရှင်များက လိုက်ဆိုနေကြရတာကပဲ များပါတယ်။
ရှေ့က ချပေးလိုက် နောက်က လိုက်ဆိုလိုက်နဲ့
လိုက်ဆိုနေရင်းမှာ လက်ကလဲ ရေစက်ချနေရတယ်။
တစ်ချို့လက်ထဲကခွက် လွတ်ကျသွားတယ်။
တစ်ချို့လည်း ရေစက်ချလိုက်ဆိုလို့ မပြီးမီ ရေကုန်သွားလို့
ရေပြန်ထည့်ရတယ်။ စိတ်တည်ငြိမ်တဲ့ သဘောမရှိဘူး။
တစ်စက်ချင်းချနေရလို့ လက်ညောင်းလာတတ်တယ်။
အရေးကြီးတာက လှူနေစဉ် စိတ်ဓာတ်ငြိမ်သက်ငြိမ်းချမ်းပြီး
ဉာဏ်ပွင့်လင်းနေဖို့ပါပဲ။ ကိုယ့်ဟာကိုယ် လုပ်တတ်ရင်လည်း
ကိုယ့်ဟာကိုယ်ပဲ ခွက်ထဲမှာ ရေကိုတစ်ခါတည်း လောင်းချလိုက်ပြီး
ဆုတောင်းအမျှပေး လိုက်ရုံပဲ။ ရေလောင်းတဲ့အချိန်မှာတော့
နှုတ်ကမဆိုပေမယ့် စိတ်ကညွတ်ရင် ပြီးသွားတာပါ။
ပြီးတော့ တစ်ချို့က ကိုယ်ဟာကိုလုပ်ထားခဲ့တဲ့
အလှူတစ်ခုခုကို ရဟန်းတစ်ပါးပါးနှင့် တွေ့ရတဲ့အခါ
စာရွက်ထဲ အလှူစာရင်းတွေရေးပြီး
“ဒါလေးကို ရေစက်ချပေးပါဘုရား။” လို့ ရေစက်ချပေးဖို့
လျှောက်တတ်တာတွေ မကြာမကြာ တွေ့ရဖူးတယ်။
ရဟန်းပါးစပ်ထဲထည့်ဆိုလိုက်မှ အလှူဟာ တရားဝင်ပြီး
မြောက်တယ်လို့ ထင်ထားပုံလည်း ပေါ်ပါတယ်။
အမှန်တော့ ရေစက်ချတာဟာ အလှူခံရဟန်းရဲ့အလုပ်မဟုတ်ပါဘူး။
အလှူရှင်ရဲ့ အလုပ်သာ ဖြစ်ပါတယ်။
အလှူရှင်ကိုယ်တိုင် လုပ်ရမယ့် အလုပ်ပါ။
ရဟန်းတော်များက ရှေ့ကချပေးတယ်ဆိုတာက
အလှူရှင်များဖြစ်သင့်တဲ့အရာ ဖြစ်စေချင်တဲ့ အရာတွေကို
မှန်ကန်ပြည့်စုံအောင် လမ်းကြောင်းခင်းပေးခြင်းသာ ဖြစ်ပါတယ်။
အလှူရှင်ရဲ့ အလှူအတွက် အကျိုးဆောင်ရှေ့နေ
လုပ်ပေးတာ မဟုတ်ပါဘူး။ တရားဟောပေးတာဟာလည်း
သိသင့်တာသိဖို့ပါ။ရှေ့က ဆရာတော်တစ်ပါးပါး ချပေးတာကို
နောက်ကလိုက်ဆိုရရင်လည်း လိုက်မဆိုမီမှာဖြစ်ဖြစ်၊
လိုက်ဆိုနေတုန်း အလှူပိုင်းရောက်လာရင်ပဲဖြစ်ဖြစ်
အားလုံးဆိုပြီးမှပဲဖြစ်ဖြစ် ရေကိုတစ်ခါတည်း
ခွက်ထဲလောင်းထည့်လိုက်ရင် ပြီးတာပါပဲ။
ရေစက်မချပဲတောင် အလှူက မြောက်နေပြီးသားပါ။
ယခုကာလမှာ လှူဖွယ်ကပ်လှူပြီးမှ ရေစက်ချတာက များပါတယ်။
ရေဆိုတာ သက်သေခံ ကိုယ်စားလည် လောက်ပဲဆိုတော့
တစ်ကူးတစ်ကန့် ရေအပေါ် အချိန်ကုန်အပင်ခန်းခံပြီး
ကြောင့်ကြစိုက်ဖို့ မလိုပါဘူး။ မူလလှူဖွယ် ပစ္စည်းကိုတောင်
အကြာကြီး ကိုင်မထားဘဲနဲ့ ကိုယ်စားလည်ပစ္စည်းဖြစ်တဲ့
ရေထည့်ထားတဲ့ခွက်ကို အညောင်းခံပြီး
အကြာကြီးကိုင်ထားဖို့လည်း မလိုပါဘူး။
လှူနေဆဲအချိန်မှာ အလှူခံ လှူဖွယ်ဝတ္ထု အလှူစေတနာအပေါ်
စူးစိုက်တည်ငြိမ် အေးချမ်းပြီးကြည်လင်ပြီး ၊
အောင်ပွဲတစ်ခုအဖြစ် ကျေနပ်သွားဖို့သာ ပဓာနပါ။
နိဗ္ဗာန်ရောက်သည်ထိ သံသရာတစ်လျှောက်၊ဘယ်တော့မှ
မလျော့နိုင်၊ မကုန်နိုင်အောင် ပိုင်တော့မှာဖြစ်တဲ့
ကိုယ်ပိုင်အစစ်ဖြစ်သွားပါပြီ။ ဒါမှပဲ စိတ်အေးရမယ်။
-【တိပိဋကဓရ - ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်】၏
“အလှူဒါန ရေစက်ချ”ဆောင်းပါးကောင်းလေးတစ်ပုဒ်ဖြစ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်。。。。
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Sunday, July 13, 2014

Shwe Tun‎ ဓမ္မလမ်း ဝိပဿနာသင်တန်း

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂)
■■■■■■■■■■■■■■■■■■■■■■■■

အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။

 တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။ 

ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။

 အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။ 

ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။

ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။

 ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။

 နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။

မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။ 

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။ 

အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။

ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။

 ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။ 

ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။

ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။

 သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။

 တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။ 

ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။

 နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။

နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။

 တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။

 လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။ 

နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။

ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။

 အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂)
■■■■■■■■■■■■■■■■■■■■■■■■
အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြာ...းလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။

Sunday, July 6, 2014

Golden Myanmar

Copy from Khin Khin Kyawt `FB

အီတလီ ဘုန်းတော်ကြီး ဦးလောကနာထ မှ သာသနာရေးအရာရှိ ဦးဟန်ဋ္ဌေးကို ပြောကြားခဲ့သော စကား..........
"ဒကာကြီး ဦးဟန်ဋ္ဌေး ....မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရင့်သားကနေ ဘုရ...င် ဖြစ်လာတာနဲ့ တူတယ် ။ နိုင်ငံခြားသား ဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာတဲ့သူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့ တူတယ် ။ ဘုရင့်သားတော်ကနေ ဘုရင်ဖြစ်လာတဲ့အခါ လွယ်ကူလွန်းတော့ ဘုရင် အဖြစ်ကို သိပ်တန်ဖိုး မထားသလို မြန်မာပြည်သားများဟာလည်း ဗုဒ္ဓဘာသာ အဖြစ်ကို လွယ်လွယ်ကူကူရတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုး မထားကြဘူး ။ ဒါကြောင့်လည်း ၀မ်းရေး တစ်ခုလောက်အတွက်နဲ့  ဘာသာ ပြောင်းကြတာပေါ့ ။ ဆင်းရဲသားအဖြစ်က ကျားကုတ်ကျားခဲ ကြိုးစားပြီး ဘုရင် ဖြစ်လာတဲ့သူက ဘုရင် အဖြစ်ကို အလွန်တန်ဖိုးထားသလို ကျုပ်တို့ လို ဘာသာခြားဘ၀ကနေ အခက်အခဲ များစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဗုဒ္ဓဘာသာကို အလွန်တန်ဖိုးထားတယ် ။ ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုရင် ဗုဒ္ဓဘာသာအဖြစ်ကို အသက်ထက် တန်ဖိုးထားတယ် "