တန်ဖိုးထားရလူ့ဘ၀၊ဗြဟ္မာ့ပြည်ကအပ်ကိုချ၊
မြေကအပ်တစ်ဖြာ၊အပ်သွားခြင်းထိ၊ပမာသိ၊
ခဲဘိလူဖြစ်ပါ၊မနုဿဘာဝေါ၊ဒုလ္လဘော၊
မိန့်ဟောမြတ်ဗုဒ္ဓ၊ဘုရားအဆူဆူ၊ပွင့်တော်မူ၊
ရပ်ဟုလူ့ပြည်ရွာ၊တန်ဖိုးထားရလူ့ဘ၀၊
ရကြသူများမှာ။
ဘာသာခြားအမေး။ ဦးလေးတို့ဘုရားက လူအဖြစ်ကိုရခဲတယ်။ ရခဲတယ်နဲ့ဟောကြားထားတာ ကျွန်တော်တော့လက်မခံနိုင်ပါဘူး။ လူအဖြစ်ရလွယ်တာကိုသိပ္ပံမဂ္ဂဇင်းတစ်ခုမှာဖတ်လိုက်ရတာက
ကမ္ဘာမှာ တစ်စက္ကန့်ကိုလူ ၅ ယောက်နှုန်းနဲ့မွေးနေတယ်ဆိုဘဲ။ ဒီအဆိုအရ လူအဖြစ်ရခဲတယ် ဆိုတာမဟုတ်နိုင်ဘူး။ တရုပ်ပြည်မှာဆိုရင်အိမ်ထောင်စုတစ်စုကို ခလေးတစ်ယောက်ဘဲ မွေးခွင့် ရတယ်တဲ့။ ကဲဘယ်လိုဖြေမလဲ။ (မှတ်ချက် ယခုအခါ တရုပ်ပြည်၌ ခလေးတစ်ယောက်ထက် ပိုမွေး ခွင့်ပြုလိုက်သည်။)
ဖြေ။ ဒါကတော့မင်းရဲ့ခြင်ကောင်ဦးနှောက်လောက်နဲ့တွေးရင်တော့ဟုတ်နေသလိုဘဲပေါ့။ မွေးလာတဲ့သူတွေရှိသလိုသေသွားတဲ့သူတွေလည်းရှိနေတယ်ဆိုတာထဲ့တွက်ရမယ်လေ။
တစ်စက္ကန့်မှာ ၅ ယောက်မွေးသလို ၅ ယောက်သေနေမယ်ဆိုရင်ဘယ်လိုတွေးမှာလဲ။ နောက်ပြီးလူအဖြစ်ရခဲတာကိုမွေးသေတာနဲ့နိုင်းယှဉ်ရုံနဲ့တင်မသိရသေးပါဘူး။ တိရစ္ဆာန်တွေနဲ့အရည်အတွက်နဲ့ယှဉ်ကြည့်မှပိုပြီးသိရတယ်။ ဥပမာခြတောင်ဖို့တစ်ခုဆိုရင် ခြကောင်ရေ မရည်မတွက်နိုင်အောင်များတယ်။ ခြင်၊ယင်၊ပုရွက်ဆိပ်၊ဒီအကောင်လေးမျိုးနဲ့ဘဲ နိုင်းယှဉ်ကြည့်လိုက်
လူတွေဘယ်လောက်နည်းသွားတယ်ဆိုတာပေါ်လွင်နေပြီ။
ဘာသာခြားအမေး။ ဒီလိုတွေးကြည့်တော့လည်းဟုတ်သားပဲ။
ဖြေ။ ဒါပေမဲ့ ဒို့ဘုရားကလူအဖြစ်ရခဲပုံကို လူနဲ့တိရစ္ဆာန်မွေးသေအ၀င်အထွက်ကိုသင်္ချာနည်းနဲ့တွက်ချက်
ပြီးမဆုံးဖြတ်ပါဘူး။ မွေးလာတဲ့လူတိုင်းကိုလဲလူလို့မသတ်မှတ်ပါဘူး။
ဘာသာခြားအမေး။ ဒါဖြင့်ဘယ်လိုလူကိုလူလို့သတ်မှတ်ရမှာလဲ။
ဖြေ။ ဒို့ဘုရားကလူကိုအမျိုးအစားလေးမျိုးနဲ့ခွဲခြားပြီသတ်မှတ်တယ်။ အဲ့ဒီလေးမျိုးက
၁။ လူ့ငရဲသား။
၂။ လူ့တိရစ္ဆာန်။
၃။ လူ့ပြိတ္တာ။
၎။ လူ့ပရမတ္တ။
၁။ လူ့ငရဲသား ဆိုတာ ကုသိုလ်၊အကုသိုလ်လို့မခွဲခြားတတ်။ ဒါန၊သီလလဲမရှိ၊ဘာဝနာဆိုတာဝေလာဝေး။
မွေးလာကထဲကဒုက္ခနဲ့စ၊ဒုက္ခနဲ့ဆုံးပြီးလူ့လောက ကထွက်သွားရသူများ။
၂။ လူ့တိရစ္ဆာန်ဆိုတာ စားဖို့ရှာမယ်။စားမယ်။အိပ်မယ်။ကာမဂုဏ်ခံစားမယ်။ ဒါပဲသိတယ်။ ဘာသာရေးနားမလည်၊နားလည်ဖို့လဲမကြိုးစား၊မလေ့လာ၊ဒါနမသိ၊သီလမရှိ၊ကုသိုလ်၊အကုသိုလ်မခွဲခြားတတ်၊ဒီလိုနဲ့ပဲသေသွားတဲ့သူတွေ။
၃။ လူ့ပြိတ္တာဆိုတာ လူ့ဘ၀တော့ရလာပါရဲ့ရောဂါဝေဒနာထူပြောတဲ့အတွက်သူများတန်းတူမဟုတ်ပဲ
ခက်ခဲပင်းပန်းစွာရုန်းကန်ပြီး အလျင်မီအောင်စားဖို့ဝတ်ဖို့မနည်းကြိုးစားနေရတဲ့ဒုက္ခတွေကြောင့်
ရတနာသုံးပါးကိုသတိမရနိုင်၊ဒါန၊သီလတွေမဆောက်တည်နိုင်ပဲလူ့ဘ၀ကစွန့်ခွါသွားရတဲ့သူတွေ။
၎။ လူ့ပရမတ္တဆိုတာမိရိုးဖာလာဗုဒ္ဓဘာသာဝင်မဟုတ်ပဲ၊ဗုဒ္ဓကိုယုံကြည်မှုသဒ္ဓါနဲ့ကိုးကွယ်တယ်။ ဒါနကိုပါရမီထိုက်အောင်ပညာနဲ့လှူတယ်။သီလစောင့်ရမှာလည်းတစ်ပါးမှမကျိုးပေါက်အောင်အသက်နဲ့
လဲပြီးစောင့်တယ်။ ၀ိပဿနာတရားတွေကိုနားကြားအားထုတ်ပြီး၊ကုသိုလ်၊အကုသိုလ်ကိုခွဲခြားသိသူကို ဆိုလိုတာဖြစ်ပြီးဒီလိုဘ၀မျိုးပိုင်ဆိုင်သူကိုမှလူလို့သတ်မှတ်တာ။ ဒီစံနှုန်းနဲ့တိုင်းတာမယ်ဆိုရင်တစ်စက္ကန့်မှာ လူ ၅ ယောက်မွေးတာမပြောနဲ့၊တစ်ရာ၊တစ်ထောင်မွေးလာတဲ့အထဲမှာ လူတစ်ယောက်ဖြစ်ဖို့လွယ်မလား။ ဒို့ဘုရားဟောအရပြောရရင် မင်းတောင်လူထဲမပါဘူး။
ဘာသာခြား ဆက်မမေးနိုင်ပဲ၊ခေါင်းငိုက်စိုက်ကျသွားပါသည်။
လူ့ဘ၀တန်းဖိုးသိကြသောပညာရှိသူတော်ကောင်းများဟာ လူအများကို လူ့ဘ၀ရလာတဲ့ အချိန်ပိုင်း အတွင်းမှာ တန်ဖိုးရှိအောင်နေစေချင်ပါတယ်။ သူတို့ကိုယ်တိုင်လည်းလူ့ဘ၀ကိုနှစ်သက်မက်မောကြ ပါတယ်။ လူ့ဘ၀နဲ့နတ်ဘ၀ ဘယ်ဘုံရွေးမလဲဆိုရင်လူ့ဘ၀ရွေးပါမယ်တဲ့ ဘာလို့လဲဆိုရင် နတ်ဘ၀ဆိုတာ ကမဂုဏ်အာရုံတွေများလို့ ပါရမီဆယ်ပါးဖြည့်ကျင့်ဖို့မလွယ်ပါဘူးတဲ့။
ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား။ နှာ ၁၂။
လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Wednesday, June 18, 2014
Saturday, June 14, 2014
တိပိဋကမင်းကွန်းဆရာတော်ဘုရားကြီးရဲ့လူ့ဘ၀ ဥပမာ
လူ့ဘုံနတ်ဘုံငရဲဘုံကိုရောက်သွားတဲသူတွေကိုသံတွေခဲဥပမာနဲ့ပြောရမယ်ဆိုရင်
ငရဲဘုံရောက်သွားသူများဟာ မီးထဲအမြဲဖုတ်ထားခံရတာနဲ့တူပါတယ်။ နေ့လည်းပူ၊ ညလည်းပူ၊
ဒုက္ခနဲ့စ၊ဒုက္ခနဲ့ဆုံးသွားသလို ဖရိုဖရဲဖြစ်ပြီး၊မီးစားလို့သာကုန်သွားတယ် ဘာမှတန်းဖိုးရှိတာမကျန်ခဲ့ဘူး။
နတ်ဘုံကိုရောက်သွားသူများကတော့ ရေစိမ်ထားတဲ့သံတွေခဲတွေနဲ့တူပါတယ်။ နေ့လည်းအေး ညလည်းအေးပြီး၊ဘာမှအသုံးမပြုရဘဲ ရေတိုက်စားပြီးသံခြေးတက်လို့သာကုန်သွားတယ်၊တန်ဖိုးရှိအောင်အသုံးမချလိုက်ရဘူး။
လူ့ဘုံရောက်လာသူများကတော့ ပန်းပဲဆရာဆီရောက်သွားတဲ့ သံတွေခဲတွေနဲ့တူပါတယ်။ဒီသံတွေခဲတွေကို လိုသလိုပုံသွင်းဖို့ပန်းပဲဆရာက မီးထဲထဲ့ပြီးမီးဖုတ်မယ်။ မီးဖုတ်ခံထားရလို့ပူလောင်နေရသမျှကလတွေဟာ အဆိုးလောကဓံတွေကြုံရခြင်းဘဲပေါ့။ လူ့လောကထဲရောက် လာပြီဆိုရင်လူတိုင်း လူမှုဒုက္ခတွေအနည်းနဲ့အများကြုံရမြဲမို့အဆိုးလောကဓံနဲ့ကြုံခဲ့ရင ယောနိသောမနသိကာယဆိုတဲ့ နှလုံးသွင်းမှန်မှန်ထားပြီ ကောင်းတဲ့အမြင်၊ကောင်းတဲ့အကြံအတွေးတွေနဲ့အတူဆင်ခြင်တရားလက်ကိုင်ထားပြီးနေရပါမယ်။ ကိုယ်သာနာစေစိတ်မနာပါစေနဲ့ဆိုတဲ့တရားလိုပေါ့။
တခါမီးထဲကနေထုတ်ပြီးပေတုံပေါ်တင် ထုရိုက်ခံရတာတွေဟာ ဒါန၊သီလ စတဲ့ပါရမီတွေဖြည့်ကျင့်ရတာ
နဲ့တူပါတယ်။ ပူလောင်နေတဲ့သံတွေခဲကိုရေထဲစိမ်လိုက်နှစ်လိုက်ကြုံရတာကိုတော့ အကောင်းလောကဓံနဲ့တွေ့ပြီလို့မှတ်ယူရပါမယ်။ ပန်းပဲဆရာကသံတွေခဲကိုသူ့အလိုကျ မီးပေးလိုက်၊ရေကိုင်လိုက်၊တူနဲ့ထုလိုက်နဲ့စိတ်တိုင်းကျပုံဖေါ်လိုက်တာနောက်ဆုံးတော့ ဓါး၊ပုဆိန်၊ပေါက်ပြားစတဲ့ အဖိုးတန် အသုံးအဆောင်တွေဖြစ်လာပါပြီ။
ဒီနည်းအတူလူ့ဘ၀ရောက်ရှိလာသူတွေဟာ ပန်းပဲဆရာဆီေ၇ာက်တဲ့သံတွေခဲလိုသဘောထားပြီး နေလိုက်ကြမယ်ဆိုရင်သာဝကဗောဓိဥာဏ်၊ပစ္စေကဗောဓိဥာဏ်၊သမ္မာသမ္ဗုဒ္ဓဗောဓိဥာဏ်၊ဆိုတဲ့ အဖိုးတန်ဥာဏ်တွေရဖို့အတွက်လိုအပ်တဲ့ပါရမီတွေကိုလူ့ဘုံလူ့ဌာနမှာသာဖြည့်ဆည်းနိုင်ခွင့်ဖြစ်ပါတယ်။
ရတော့ရခဲ ရလာတဲ့လူ့ဘ၀မှာမိမိဘ၀ကိုတန်ဖိုးရှိအောင်မနေဘူးဆိုပါက အသက်ကြီးလာတာဟာသေဖို့
ဖြစ်ပါတယ်။
ခုဘ၀လူဖြစ်လာ
ရှေးကံသာအကြောင်းမို့
ကောင်းလှလို့အရတော်
ရှုံးစေနဲ့နော်
နောက်ဘ၀အရင်းပေါ်အောင်
ခုကနော်ကြိုးစားကြလေး။
ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား။ နှာ ၁၄။
Sunday, June 8, 2014
အကုသိုလ်ဝေစု
မာဃဒေ၀ (၁၉၈)
ပါဏာတိပါတ်၊သက်သတ်အမှု၊
ကိုယ်လိုပြုနှင့်၊ပြုဟုသူက၊
တိုက်တွန်းကြ၍၊ပြုရသောသူ၊
လိုတူသော့အား၊ဖြစ်နိုင်ငြားလျက်၊
မတားမြစ်သူ၊သုံးယောက်လူတွင်၊
သတ်သူနိရယ၊ငရဲကျ၏၊
သူကခေါ်ရာ၊ ပါသူမှာမူ၊တိရစ္ဆာန်န၊
ဖြစ်ထမခြား၊လိုတူအားဖြင့်၊
လိုတူမှာမူ၊ထိုသူမှာတုံ၊
ပြိတ္တာဘုံဟု၊အာရုံဖွင့်လှစ်၊
ထူးအပြစ်ကို၊စင်စစ်မှန်စွာ၊
ကျမ်း၌လာ၏။
ကိုယ်တိုင်သတ်သူ ငရဲကျသည်။
သတ်သူခေါ်ရာအဖေါ်လိုက်သူ တိရစ္ဆာန်ဘုံရောက်မည်။
သတ်ခြင်းကိုအလိုတူသောအားဖြင့် မတားမြစ်သူ ပြိတ္တာဘုံေ၇ာက်မည်ဟုဆိုလိုသည်။
ပါဏာတိပါတ်၊သက်သတ်အမှု၊
ကိုယ်လိုပြုနှင့်၊ပြုဟုသူက၊
တိုက်တွန်းကြ၍၊ပြုရသောသူ၊
လိုတူသော့အား၊ဖြစ်နိုင်ငြားလျက်၊
မတားမြစ်သူ၊သုံးယောက်လူတွင်၊
သတ်သူနိရယ၊ငရဲကျ၏၊
သူကခေါ်ရာ၊ ပါသူမှာမူ၊တိရစ္ဆာန်န၊
ဖြစ်ထမခြား၊လိုတူအားဖြင့်၊
လိုတူမှာမူ၊ထိုသူမှာတုံ၊
ပြိတ္တာဘုံဟု၊အာရုံဖွင့်လှစ်၊
ထူးအပြစ်ကို၊စင်စစ်မှန်စွာ၊
ကျမ်း၌လာ၏။
ကိုယ်တိုင်သတ်သူ ငရဲကျသည်။
သတ်သူခေါ်ရာအဖေါ်လိုက်သူ တိရစ္ဆာန်ဘုံရောက်မည်။
သတ်ခြင်းကိုအလိုတူသောအားဖြင့် မတားမြစ်သူ ပြိတ္တာဘုံေ၇ာက်မည်ဟုဆိုလိုသည်။
Tuesday, June 3, 2014
Saturday, May 31, 2014
Saturday, May 24, 2014
မှန်ကန်သော သောတာပန်ဖြစ်နည်း။
ပါဠိတော်။ ။တသ္မာတိဟာနန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယ သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ တိရစ္ဆနယောနိ ခီဏပေတ္တိ ၀ိသယော ခီဏာပါယဒုဂ္ဂတိ ၀ိနိပါတော၊ သောတာပန္နော ဟမ သ္မိ အ၀ိနိပါတ ဓမ္မော နိယတော သမ္မောဓိပရာယဏောတိ။
သောတာပန်ဖြစ်ဖို့အကြောင်းမှာ
၁။ ရတနာသုံးပါး၏ ဂုဏ်တော်ကို လေးလေးနက်နက်ကြည်ညိုခြင်းနှင့်
၂။ လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာ ဖြစ်၏။ ထို့ ကြောင့် လည်း ၀ိသာခါကျောင်းအမသည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ် ၇-နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့၏။ ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေ၀ီသည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရ၀ိက်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) ကြောင့် မောင်းမ ၇-ရာနှင့်အတူ သောတာပန်ဖြစ်ကြ၏။ ပင်ကို ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌က သောတာပန်ဖြစ်ဖို့မခဲယဉ်းဟု မှတ်သင့်ပါသည်။
ဆောင်။ ။ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊ေ
န့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမူ၊ အလေးပြုလျက်၊ သုံးလူထွတ်ထား၊ မြတ်ဘုရားနှင့်၊ တရား၊ သံဃာ၊ အရိယာ၏။ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရူစား၊ သဒ္ဓါပွားမူ၊ မလားအပါယ်၊ တရားကယ်မည်၊ ရူဖွယ်ထောက်မှန် အစစ်တည်း။
ကမ္မဋ္ဌာန်းမှန်သမျှ အ၀ိဇ္ဇာနှင့် တဏှာကုန်ဖို့သာ
မြန်မာပြန်။ ။ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါး၊ ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ (ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း) ၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိ ကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။
သောတာပန်ဖြစ်ဖို့အကြောင်းမှာ
၁။ ရတနာသုံးပါး၏ ဂုဏ်တော်ကို လေးလေးနက်နက်ကြည်ညိုခြင်းနှင့်
၂။ လူဝတ်ကြောင်များ၌ ငါးပါးသီလ စင်ကြယ်ဖို့သာ ဖြစ်၏။ ထို့ ကြောင့် လည်း ၀ိသာခါကျောင်းအမသည် ဗုဒ္ဓမြတ်စွာကို ပထမဖူးရစဉ် ၇-နှစ်အရွယ်ကပင် သောတာပန်တည်ခဲ့၏။ ဓမ္မာသောကမင်း၏ အသန္ဓိမိတ္တာဒေ၀ီသည် ဘုရားရှင်၏ အသံတော်နှင့် အထိုက်အလျောက်တူသော ကရ၀ိက်ငှက်၏ အသံကို ကြားရ၍ ဘုရားကို မဖူးလိုက်ရဘဲ ကြည်ညိုသော အဝေစ္စပသာဒ (သဒ္ဓါ) ကြောင့် မောင်းမ ၇-ရာနှင့်အတူ သောတာပန်ဖြစ်ကြ၏။ ပင်ကို ငါးပါးသီလ စင်ကြယ်သူများအတွက် ယခုလို သာသနာတွင်း၌က သောတာပန်ဖြစ်ဖို့မခဲယဉ်းဟု မှတ်သင့်ပါသည်။
ဆောင်။ ။ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊ နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊ေ
န့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမူ၊ အလေးပြုလျက်၊ သုံးလူထွတ်ထား၊ မြတ်ဘုရားနှင့်၊ တရား၊ သံဃာ၊ အရိယာ၏။ ဆိုင်ရာ ဂုဏ်တော်၊ ဉာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရူစား၊ သဒ္ဓါပွားမူ၊ မလားအပါယ်၊ တရားကယ်မည်၊ ရူဖွယ်ထောက်မှန် အစစ်တည်း။
ကမ္မဋ္ဌာန်းမှန်သမျှ အ၀ိဇ္ဇာနှင့် တဏှာကုန်ဖို့သာ
အ၀ိဇ္ဇာနှင့် တဏှာကြောင့် ဒုက္ခအမျိုးမျိုးဖြင့် ကျင်လည်နေရပုံကို သိသောအခါ ထိုအ၀ိဇ္ဇာနှင့် တဏှာ ကုန်အောင် ကြိုးစားသောနည်းကို ရှာကြရ၏။ ထိုနည်းကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရား ဟောတော်မူ၍ သိကြရ၏။ သမုဒ္ဒရာသို့ဝင်ဖို့ရန် ဆိပ်ကမ်းများစွာ ရှိသကဲ့သို့သံသရာ၏ တစ်ဖက်ကမ်း ဖြစ်သော နိဗ္ဗာန်ကို ၀င်ဖို့ရန်လည်း ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်းတွေ အများအပြားပင်ရှိ၏။
ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်းပင် အ၀ိဇ္ဇာနှင့် တဏှာတို့နည်း၍ နည်း၍လာမှသာ ထိုကမ္မဋ္ဌာန်း လမ်းစဉ် သည် မှန်သောလမ်းစဉ်ဖြစ်၏။ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း အ၀ိဇ္ဇာနှင့် တဏှာမနည်းလျှင် ကမ္မဋ္ဌာန်း သော်လည်း မှားနေပေလိမ့်မည်။ သို့မဟုတ် မိမိကသော်လည်း အ၀ိဇ္ဇာနှင့် တဏှာ နည်းလိုသော ဆန္ဒ
မရှိသောကြောင့် ဖြစ်လိမ့်မည်။ ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အ၀ိဇ္ဇာနှင့် တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အ၀ိဇ္ဇာ တဏှာနည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်။ ထို့ကြောင့် ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာနည်း မနည်းကြည့်ရူရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟုမှတ်ပါ။
ကျမ်းကိုး
မဟာဂန္ဓာရုံဆရာတော်၏ကိုယ်ကျင့်အဘိဓမ္မာ၊သောတာပန်ဖြစ်ဖို့ခက်သလား၊၊ရနံ့စံအိမ်မှကူး ယူ ပါသည်။
မရှိသောကြောင့် ဖြစ်လိမ့်မည်။ ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အ၀ိဇ္ဇာနှင့် တဏှာ ကုန်စေလိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အ၀ိဇ္ဇာ တဏှာနည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်။ ထို့ကြောင့် ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာနည်း မနည်းကြည့်ရူရန် တရားကြေးမုံ ထောက်မှန်ကြီး ဖြစ်သည်ဟုမှတ်ပါ။
ကျမ်းကိုး
မဟာဂန္ဓာရုံဆရာတော်၏ကိုယ်ကျင့်အဘိဓမ္မာ၊သောတာပန်ဖြစ်ဖို့ခက်သလား၊၊ရနံ့စံအိမ်မှကူး ယူ ပါသည်။
Thursday, May 15, 2014
သောတာပန် နှစ်မျိုး။
သဒ္ဓါတရားကိုအဦးမူ၍မဂ်ဖိုလ်ရသော သဒ္ဓါဓုရသောတာပန် နှင့်ပညာတရားကိုအဦးမူ၍မဂ်ဖိုလ်ရသော ပညာဓုရသောတာပန် ဟူ၍ နှင့်မျိုးရှိ၏။ ထိုနှစ်မျိုးတွင် ပညာဓုရသောတာပန်သည် ရုပ်နာမ် တရားတို့၏အဖြစ်အပျက်ကိုထင်ရှားစွာ သိမြင်၏။ သဒ္ဓါဓုရသောတာပန်ကပညာဓုရသောတာပန်လောက် ရုပ်နာမ် တရားတို့၏အဖြစ်အပျက်ကိုထင်ရှားစွာ မသိမမြင်ပေ။ သို့သော်ရတနားသုံးပါးကိုမူအသက်နှင့်လဲ၍ ကြည်ညိုသူဖြစ်၏။ ဗုဒ္ဓလက်ထက်တော်က ကာဠီသေဌေးသမီးသည်ကောင်ကင်၌ဟေမ၀တနှင့်သာတာဂိရိ
နတ်ဘီးလူးနှစ်ဦးတို့ဘုရားရှင်၏ဂုဏ်တော်များဆွေနွေးသံကြားပြီး ဘုရားရှင်ကိုကြည်ညိုသော စိတ်ဖြင့် သောတာပန်တည်သည်။ နတ်ဘီးလူးတို့ဆွေနွေးသောစကားများတွင်ရုပ်နာမ်၊ခန္ဓာ၊ပဋိစ္စသမုပ္ပါဒ်၊သစ္စာ စသည်တို့မပါ။ ဘုရားရှင်၏ကြည်ညိုဖွယ်ရာဂုဏ်များသာပါသည်။ အသောကမင်း၏မိဘုရားအသဒ္ဓိမိတ္တာ
သည်ကရ၀ိတ်ငှက်(အချို့ကကြိုကြားငှက်)၏ တွန်ကြူးသံကိုကြားရ၍ကိလေသာဆယ်ပါးအပြည့်ရှိသော
ကရ၀ိတ်ငှက်မင်း၏ တွန်ကြူးသံပင်လျှင် ဤမျှလောက်သာယာလျှင်ကိလေသာဆယ်ပါးလုံးအငွေ့မျှမကျန် အောင်ကင်းစင်တော်မူပြီးသောဘုရားရှင်၏အသံတော်ဆိုပါကမည်မျှလောက်သာယာလိုက်လေမည်နည်း
ဟုတွေးတောကြည်ညိုကာသောတာပန်တည်ခဲ့သည်။ သူသည်လည်း သဒ္ဓါဓုရသောတာပန် ဖြစ်သည်။ (သာသနာတော်တွင်ထင်းရှားသောအနာထပိဏ် သူဌေးသည်မြတ်စွာဘုရား ကိုဖူးမြင်ရ၍သောတာပန် တည်သည်။ ၀ိသာခါကျောင်းအမကြီးသည်လည်း အသက် ၇ နှစ်အရွယ်ကပင်မြတ်စွာဘုရားကိုဖူးမြင်ရ၍ သောတာပန် တည်သည်။ ၎င်းတို့နှစ်ဦးသည်လည်း သဒ္ဓါဓုရသောတာပန်များဖြစ်ကြသည်)
ထိုကြောင်ရတနာသုံးပါးနှင့်ပတ်သက်သည့်ကြည်ညိုဖွယ်ရာသုတ္တန်အားလုံးကိုဖတ်ကြားနာယူကြရမည်
ဖြစ်သည်။ ၀ိပဿနာတရား၊သစ္စာတရားမဟုတ်၍မနာလိုဟူသောအစွဲကိုချွတ်ပြစ်ကြရမည်ဖြစ်သည်။
ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ၏သင်လူတစ်ယောက်ဖြစ်ပြီလား။နှာ ၃၁)။
Subscribe to:
Posts (Atom)

