လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, May 19, 2012

ခြောက်ပါးသီလ။


ခြောက်ပါးသီလဆိုတာ ဗြဟ္မပဉ္စမကသီလနှင့် ၀ိကာလဘောဇနသိက္ခပုဒ် ပေါင်းထားသော သီလဖြစ်ပါတယ်။ အပြည့်အစုံအရဆိုရင်။
၁။ ပါဏာတိပါတာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊ သတ္တ၀ါ၏ အသက်ကို သတ်ခြင်းမှ ရှောင်ကျဉ်ပါ၏။
၂။ အဒိန္နာဒါနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊ သူတစ်ပါး၏ပစ္စည်းကိုယူခြင်းမှ ရှောင် ကျဉ်ပါ၏။
၃။ အဗြဟ္မစရိယာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊  မမြတ်သောမေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကျဉ်ခြင်း။
၎။ မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊ လိမ်ညာပြောဆိုခြင်းမှ ရှောင်ကျဉ်ခြင်း။
၅။ သုရာမေယ မဇ္ဇပမာဒဋ္ဌာနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊  မေ့လျော့စေတတ် သောပစ္စည်းများ သုံးဆွဲခြင်းမှ ရှောင်ကျဉ်ခြင်း။
၆။ ၀ိကာလဘောဇန ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ၊  မွန်တည့်သည့် (နေ့ ၁၂ နာရီ) အချိန်မှစ၍ နောက်နေ့အရုဏ်တက်ချိန်အထိ အဆိုင်အခဲဖြစ်သောအစားအစာများ၊ နို့ကော်ဖီ စသည်ကို စားသောက်ခြင်းမှ ရှောင်ကျဉ်ခြင်း။

နေ့လွဲညစာ စားသုံးခြင်းသည် အင်အား ပြည့်ဖြိုး၍ လောကီအာရုံကာမဂုဏ်ဘက်၌ စိတ်ညွတ် စေ၏။ မေထုန်မှုကိုအားပေး၏။ ထို့ကြောင့်မေထုန်မှုမှရှောင်ကြဉ်သော အဗြဟ္မစရိယသိက္ခာပုဒ် ကို စောင့်ထိန်းသောအခါ နေ့လွဲညစာစားသုံးခြင်းကိုပါရှောင်ကြဉ်သင့်ပါတယ်။

ဆာလျှင် လိမ္မော်ရည်၊ သံပုရာရည်၊ ပန်းသီးရည် စသည့် အဖတ်မပါသော သစ်သီးရည် တစ် မျိုးမျိုးကိုသောက်နိုင်သည်။ ထန်ညက်၊ ကြံသကာ၊ သကြားလုံး စသည်ကို အခဲအတိုင်း မစားရ၊ အရည်ဖျော်၍သောက်ရမည်။ မကျန်းမာလျှင် စတုမဓု စားနိုင်သည်။

အပြင်ထွက်အလုပ်လုပ်ရသော အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ ပါးသီလ မစောင့်နိုင် တဲ့အခါများမှာ စောင့်လို့ရတဲ့ သီလဖြစ်ပါတယ်။

ဒီတစ်ဘ၀အတွက်ပင် သုံးရဖို့ မသေချာသော ပိုက်ဆံကို မူးစု ပဲစု၊ နည်းနည်းချင်း စုရသဖြင့်၊ သံသရာတစ်လျောက်လုံး သုံးရမည့် သီလကို နည်းနည်း ချင်းတတ်နိုင်သမျှ စောင့်ထိန်း သင့် တယ်ထင်ပါတယ်။ ခြောက်ပါးသီလ စောင့်သူများအနေဖြင့် ပါးသီလ၊ ပါးသီလ၊ ၁၀ ပါး သီလ တို့ကို နောင်တွင် အလွယ်တကူစောင့်ထိန်းနိုင်သွားပါတယ်။

မူးနုတ်၊ပဲနုတ်၊စု၍လုပ်၊တရုတ်ကြီး တိုက်ကြီးတည်။
တစ်ပြား၊နှစ်ပြား၊စုပါများ၊ကုလားကြီး တိုက်ကြီးတည်။

မြတ်ဘုရားက ကုသိုလ်၊အကုသိုလ်ကို နည်းနည်းလေးဆိုပြီးဂရုမစိုက်ပဲမနေဖို့ ဥပမာ အားဖြင့် အနည်းငယ်မျှသော မစင်နှင့် ကျင်ငယ် တို့သည် အနံ့အာဟာရနှင့်ပြည့်စုံသော စားကောင်း သောက်ဖွယ်တို့ကိုပျက်စီးစေသည်ဟု ဟောတော်မူပါတယ်။

ဦးက၀ိန္ဒခေါ်ဘုန်းတော်ကြီးဦးသာရွှန်း။
ကုသိုလ်၊အကုသိုလ်ဆိုတာနည်းနည်းလေးပဲလို့အထင်မသေးနဲ့နော်။
လက်ယက်တွင်းလိုပဲ။ လက်ယက်တွင်းတူးတဲ့အခါသူနဲ့တစ်ကြောတည်းဆက်နေတဲ့
နေရာအားလုံးကရေတွေဟာ သဘောတူရာအကုန်လှိမ့်ဆင်းပြီးစိမ့်ဝင်လာတာပဲ။

ဘုရားရှင်က   ရဟန်းတို့၊ နေ့လွဲညစာ မစားကြပါနဲ့၊ နေ့လွဲညစာမစားပဲ နေတာက ကျန်းမာ ရေးပိုကောင်းပါ တယ်။ ဖျားမှု နာမှု ကင်းဝေးမယ်၊ စိတ်လန်းဆန်းမှုလည်းရရှိလာမယ်။ စွမ်းအင်တွေတိုးပွါး လာပြီး နေရထိုင်ရတာ သက်တောင့် သက်သာ ဖြစ်လာပါလိမ့်မယ်  လို့ပြောဘူးပါတယ်။ (ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ်)



ဝိကာလဘောဇန၏အကျိုးကျေးဇူးများ။
၁။ ချက်ပြုပ်စီမံရသောကိစ္စများလျော့နည်းခြင်း။
၂။ ကုသိုလ် ဘာဝနာပြုလုပ်ရန်အချိန်ပိုရခြင်း။
၃။ အစားအစာကိုမက်မော်သောတဏှာလျော့နည်းခြင်း။
၎။ ပျင်းရိငိုက်မျဉ်းမှုနည်းခြင်း။
၅။ ဗိုလ်ဆာသော ဝေဒနာကိုသီးခံနိုင်ခြင်း။
၆။ လောကီအာရုံ၊ကာမဂုဏ်များ၌စိတ်ဝင်စားမှုနည်းခြင်း။
၇။ လောဘ၊ဒေါသ၊မောဟ စသောကိလေသာများ မတိုးပွါးအောင် ထိန်းချုပ်နိုင်ခြင်း။
၈။ နေ့စဉ်နှင့်အမျှ မနက်စာ၊ညစာ စားစရာ စဉ်းစားရသည့် ဒုက္ခမှကင်းဝေးစေသည်။                        
၉။ ယခုခေတ်လိုကုန်ဈေးနှုန်းကြီးသည့်အချိန်တွင် ပိုက်ဆံအကုန်အကျသက်သာစေသည်။
၁၀။ ကိုယ်အလေးချိန်လျော့လိုသူများအတွက် အန္တရာယ်ကင်း၊ ပိုက်ဆံမကုန်၊ ကျန်းမာရေးနဲ့ ညီသောအကောင်းဆုံးသောနည်းဖြစ်ပါတယ်။ ခြောက်ပါးသီလစောင့်သူများတစ်လအတွင်း
၎-၅ ကီလို လျော့ပါတယ်။

ကဿပဘုရားရှင်လက်ထက်တော်က ဂဝေသီဆရာကြီးနှင့်သီးတင်းသည်ငါးရာ၊နှင့် ကျမတို့၏ ဂေါတမမြတ်ဘုရားလက်ထက်တော်တွင်ဓမ္မိကဥပသကာနှင့် နန္ဒမာတာစသောသူတော်စင်တို့
ခြောက်ပါးသီလကို အသက်ထက်ဆုံးစောင့်ထိန်းခဲ့ကြတယ်လို့ကျမ်းဂန်များ၌လာရှိပါတယ်။

သီလတစ်ပါးစောင့်ထိန်းလျှင်ပင် အကျိုးကျေးဇူးအလွန်ကြီးမားသည်ဖြစ်ရာ သီလသိက္ခာပုဒ် များများစောင့်ထိန်းနိုင်လျှင် ပိုမိုအကျိုးများမည်မှာ ယုံမှားဖွယ်မရှိပေ။


သီလ၏အကျိုး () ပါး။
၁။ စီးပွါးဥစ္စာပြည့်စုံခြင်း။
၂။ ကောင်းသတင်းကျော်စောခြင်း။
၃။ ပရိသတ်လေးပါးထဲရဲရဲရင့်ရင့်ဝင်ထွက်သွားလာနိုင်ခြင်း။
၎။ မတွေမဝေသေရခြင်း။
၅။ သေလွန်ပြီးနောက်ကောင်းရာသုဂတိလားရောက်ရခြင်း။


မာဃဒေ၀အလင်္ကာ
သီလရတနာ၊မြတ်တန်ဆာလည်း၊သတ္တ၀ါခပင်း။
မင်းဆင်းရဲသား၊မပိုင်ခြားဘူး၊လေးပါးမျိုးနွယ်၊
ကြီးငယ်မဆို၊ရွယ်ပျို ရွယ်ရင့်၊ဆင်တိုင်းတင့်၏။

သီလခေါ်ဆိုကိုယ်ကျင့်ကောင်းမှတောင်းတိုင်းတတိုင်းရနိုင်တယ်။ ပဒေသာပင်အိမ်မှာပေါက်သလိုကောက်ယူသုံးလို့မကုန်တိုင်တယ်။
ဥစ္စာစုပုံ၊ကုန်မယွင်းဂုဏ်သတင်းလည်းသင့်ပျံ့မယ်။
ရောက်လေရာရာပွဲလယ်တင့်လို့ရဲရင့်ရွှင်ပြ၊ခင်ကြမယ်။
သေရသော်လည်းသတိကောင်းလို့ဂတိပြောင်းတော့နတ်ပြည်ဝယ်။
သီလကောင်းကျိုး၊ချက်ချင်းတိုး၊ အားကိုးလောက်ပေတယ်။
အဲဒါကြောင့်ကိုယ်ကျင့်သီလ ဒီဘ၀တည်ကြ မြဲကြမယ်။

မဟာစည်ဆရာတော်ဘုရားကြီး။  
သီလရနံ့၊မွှေးပျံ့ကြိုင်စွာ၊သီလဆင်သိုင်း၊ရှုတိုင်းလှပါ။
သီလစောင့်ငြား၊မလားပါယ်ရွာ၊မြတ်သီလ၊နိစ္စကိုးကွယ်ရာ။


မေတ္တာရှင်ဆရာတော်အရှင်ဇ၀န။
သူတစ်ပါးကိုမကြည်ညိုရင်၊ကုသိုလ်မရရုံဘဲရှိတယ်။
မိမိကိုယ်ကိုမကြည်ညိုရင်၊အပါယ်ကျတတ်တယ်။

သီလပျက်ခြင်းအကြောင်း (၀ါ) အဂတိတရား (၀ါ) မကောင်းမှုပြုခြင်းအကြောင်း () ပါး။           
၁။ ဆန္ဒဂတိ = ချစ်၍ပြုခြင်း။
၂။ ဒေါသဂတိ = မုန်း၍ပြုလုပ်ခြင်း။
၃။ ဘယာဂတိ = ကြောက်၍ပြုခြင်း။
၎။ မောဟဂတိ = အမှားအမှန်မသိ၍ပြုလုပ်ခြင်း။


ကျမ်းကိုး။
ဒေါက်တာမင်းတင်မွန်၏ မြတ်သီလ။ ဒုတိယအကြိမ်။ ၂၀၀၃။

Wednesday, May 16, 2012

အပျို၊လူပျို၊စောင့်သောသီလ။

မြန်မာ အပျို၊ လူပျို၊ အိမ်ထောင်မရှိသူ၊ အိမ်ထောင်ရှိသော်လည်း အခိုက်အတန့် ခွဲခွါ နေသူများ သည် ငါးပါးသီလထက် ပိုမြင့်မြတ်သော ဗြဟ္မပဉ္စမကသီလကို စောင့်ထိန်း သင့်ကြ ပေသည်။ ဗြဟ္မပဉ္စမကသီလ ဆိုသည်မှာ ရိုးရိုးငါးပါးသီလတွင်ပါဝင်သော ကာမေသုမိစ္ဆာရ သိက္ခပုဒ်အစား အဗြဟ္မစရိယ သိက္ခပုဒ်ကိုစောင့်ထိန်းခြင်းဖြစ်သည်။

ကာမေသုမိစ္ဆာရသိက္ခပုဒ်ကို စောင့်ထိန်းလျှင် ဇနီးမောင်နှံ ပေါင်းသင်းဆက်ဆံခွင့် ရှိ သည်။ အဗြဟ္မစရိယသိက္ခပုဒ် ဆိုသည်မှာ မမြတ်သောမေထုန်အကျင့်ကို မပြုပါဟု ဆိုသဖြင့် ဗြဟ္မစရိယပဉ္စမကသီလကို စောင့်ထိန်းလျှင် ဇနီးမောင်နှံ ပေါင်းသင်းဆက်ဆံခွင့် မရှိပေ။

ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ၊ ပဋာစာရီထေရီ၊ ဓမ္မဒိန္နထေရီ၊ ကုဏ္ဍလထေရီ၊ ကိသာဂေါတမီထေရီ နှင့် ၀ိသာခါကျောင်းအမကြီးအလောင်းတို့သည် ကဿပဘုရားရှင် လက်ထက်က ကိကီမင်း၏သမီးတော် () ဦးအဖြစ်ဖြင့် ဗြဟ္မစရိယပဉ္စမကသီလကို အပျိုစင် ဘ၀ဖြင့် အနှစ် နှစ်သောင်းစောင့်ခဲ့ကြသည်။

အလောင်းတော် ဥဒယဘဒ္ဒမင်းနှင့်မင်းသမီး၊ အလောင်းတော်သုဝဏ္ဏသာမ၏ မိဘများ ဖြစ်သော ဒုကူလနှင့် ပါရိကာ၊ ရှင်မဟာကဿပအလောင်းသူဌေးသားဝိပ္ပလိလုလင်နှင့် ဥပ္ပလ၀ဏ် အလောင်း သူဌေး သမီးဘဒ္ဒါတို့ သည်လည်း မေထုန်မှု မပြုပဲဖြူစင်သော မေတ္တာ စိတ် ဖြင့်နေထိုင်ခဲ့ကြသည်။

Saturday, May 12, 2012

အလှူပေးတိုင်းကုသိုလ်ရပါသလား ?



အလှူဒါနဆိုတာ ပေးခြင်းဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ်ပေါ်မူတည်ပြီး ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ လှူဒါန်းခြင်း၊ ချီးမြှာက်ခြင်းဟုပြောဆိုကြသည်။ ဒါနပြုရာတွင် အလှူခံပုဂ္ဂိုလ်အား ဘေးကင်း စေလိုခြင်း၊ ရန်ကင်းစေလိုခြင်း၊ စိတ်ဆင်းရဲကင်းစေလိုခြင်း သဘောများ ပါရှိတတ် သဖြင့် သီလ သဘော လည်းပါ၏

          ဒါနဖြစ်မြောက်ရန် လှူလိုသောစေတနာ၊ လှူဖွယ်ဝတ္ထု၊အလှူခံပုဂ္ဂိုလ်တို့လိုအပ်သည်။
လှူဖွယ်ဝတ္ထုကို ၀တ္ထုဒါန၊လှူလိုသောစေတနာကို စေတနာဒါန ဟုခေါ်သည်။ ထိုစေတနာဒါန ကအကျိုးပေးခြင်းဖြစ်သည်။ အဘိဓမ္မာအရ ပရမတ်တရားဖြစ်ပြီး ကမ္မပစ္စည်းအဖြစ်ဖြင့် အကျိုး ပေးခြင်းဖြစ်၏။

          လှူဖွယ်ဝတ္ထုနှင့်အလှူခံပုဂ္ဂိုလ်တို့သည် ပညတ်များဖြစ်ပြီး၊ အလှူဖြစ်ရန် မှီရာများဖြစ်၍
ပကတူပနိဿရပစ္စည်းများဖြစ်သည်။

          အလှူဒါနပေးရာတွင် လှူလိုသောစေတနာကသာ ပစ္စုပ္ပန်နှင့် တမလွန် အကျိုး များ ကိုဖြစ်စေသဖြင့် ထိုစေတနာကို ကံ ဟုလည်းခေါ်သည်။ စေတနာကံသည် အလှူခံပုဂ္ဂိုလ်၏ အကျိုးစီးပွါးကို    ရှေးရှုလျှင် အပြစ်ကင်းသောကြောင့် ကုသိုလ်ကံဖြစ်ပြီးကောင်းကျိုးပေးသည်။ ဒါနစေတနာသည် အလှူခံပုဂ္ဂိုလ်အား နစ်နာထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြစ်လျှင် အပြစ်ရှိ သဖြင့် အကုသိုလ်ကံဖြစ်ပြီး မကောင်းကျိုး ပေးသည်။ ထိုကြောင့် ဒါနပြုတိုင်း ကုသိုလ်ဟုမမှတ်ရာ။ 

အပါယ်ချမည့် အဒါန (၁၀) ပါး။
၁။ မဇ္ဇဒါန = သေရည်၊ အရက်လှူခြင်း။
၁။ သမဇ္ဇဒါန = ပွဲသဘင်ဖြင့်လှူဒါန်းပူဇော်ခြင်း။
၃။ ဣတ္ထိဒါန = မိန်းမကိုပေးလှူခြင်း။
၎။ ဥဿဘဒါန = နွားမပေါင်း၏အလယ်၌နွားလားဥဿဘကိုလွှတ်ပေးခြင်း။
၅။ စိတ္တကမ္မဒါန = ယောက်ျား၊မိန်းမမေထုန်မှီဝဲပုံစသည့် ကိလေသာတိုးပွါးစေသော
                      ရုပ်ပုံ၊ ပန်းချီး၊ Video စသည်ပေးခြင်း။ ရဟန်းများအား အမျိုးသမီး
                      ပုံပါသော ပြက္ခဒိန်များ၊ အသုံးအဆောင်များ မပေးလှူရ။
၆။ သတ္ထဒါန = လက်နက်ပေးခြင်း။
၇။ ၀ီသဒါန = အဆိပ်ပေးခြင်း။
၈။ သင်္ခါလိကဒါန = သတ္တ၀ါတို့အားနှောင်းဖွဲ့ရန် လက်ထိပ်၊ ခြေချင်း စသည်ပေးခြင်း။
၉။ ကုက္ကုဋသုကရဒါန = အသားအတွက်သတ်စားရန် ကြက်၊၀က် စသည်ပေးခြင်း။
၁၀။ တုလာကုဋမာနကုဋဒါန= ရောင်းဝယ်ရာ၌အလေးခိုးရန် ချိန်ဆင်းလဲ၊ တောင်းဆင်းလဲ   စသည်ပေးခြင်း။                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             
မေတ္တာရှင်ဆရာတော်အရှင်ဇ၀န။
ရှိလို့လှူတာ မဟုတ်ပါဘူး။ သိလို့လှူပါတယ်။
ငါ့အတွက်လှူတာမဟုတ်ပါဘူး။သူ့အတွက်လှူပါတယ်။
ရဘို့လှူတာမဟုတ်ပါဘူး။ သိလို့လှူပါတယ်။

အောက်ပါအလှူများသည်တစ်ဆင့်ပြီးတစ်ဆင့်အကျိုးကြီးသွားသည်။
၁။လေးတောင်မျှသာရှိသော သံဃာအားရည်စူးလှူသောသံဃိကကျောင်းအလှူ။
၂။ရဟန်းတစ်ပါးအားရည်စူးသောကျောင်းအလှူ။
၃။ သံဃာအားရည်စူးသောဆွမ်းအလှူ။
၎။ ဘုရားရှင်အားဆွမ်းလှူဒါန်းခြင်း
၅။ ပစ္စေကဗုဒ္ဓါအားဆွမ်းလှူဒါန်းခြင်း
၆။ ရဟန္တာပုဂ္ဂိုလ်အားဆွမ်းလှူဒါန်းခြင်း
၇။ အနာဂါမ်ပုဂ္ဂိုလ်အားဆွမ်းလှူဒါန်းခြင်း
၈။ သကဒါဂါမ်ပုဂ္ဂိုလ်အားဆွမ်း လှူဒါန်းခြင်း
၉။ သောတာပန်ပုဂ္ဂိုလ်အားဆွမ်းလှူဒါန်းခြင်း
၁၀။ သာသနာပ အခါ ဈာန်အဘိညာဉ်ရသော ရသေ့အား ဆွမ်းလှူဒါန်းခြင်း
၁၁။ သီလရှိသော လူ ပုထုဇဉ်အား ကျွေးမွေးခြင်း
၁၂။ သီလမဲ့သော လူ ပုထုဇဉ်အား ကျွေးမွေးခြင်း
၁၃။ တိရစ္ဆာန်အား ကျွေးမွေးခြင်း

တိပိဋကဓရပြည်ဆရာတော်။
အထုပ်ကလေးတပြင်ပြင်၊အထုပ်ရှင်သေလို့သွား၊
ကျန်တဲ့သူတွေဝေကာစား၊အထုပ်ရှင်မှာအလကား၊
ဘာမှလည်းပါမသွား၊သေရွာကျတော့အပါယ်လား။
နိဗ္ဗာန်ရောက်ဖို့အခက်သား။

Friday, May 11, 2012

နှလုံးသားမှာဘုရားတည်ခြင်း (၀ါ) သရဏဂုံတည်ခြင်း။


လောကုတ္တရာ ရတနာ သုံးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ တို့၏ဂုဏ်တို့ကို ကိုးကွယ်ရာ အဖြစ် နှလုံးသားမှာ ဆောင်ထားခြင်းကို သရဏဂုံတည်သည် (၀ါ) နှလုံးမှာ ဘုရားတည် သည် ဟုခေါ်ဆိုပါသည်။         
 (သရဏ = ကိုးကွယ်အားထားရာ။ ဂုံ = (ဂမန) ယုံကြည်သိမှတ်သောစိတ်)

ထိုကြောင့် ရတနာသုံးပါး အပေါ် ယုံကြည်မှုပျက်လျှင်သရဏဂုံပျက်သည်။ သေဆုံး သွားလျှင် လည်း ယုံကြည်နိုင်သောစိတ်မရှိတော့သဖြင့် သရဏဂုံပျက်သည်။ အသုဘတွင် သံဃာတော် များ သရဏဂုံ တင်ခြင်းမှာ အသက်မရှိတော့သည့် အသုဘအားသရဏဂုံတင်ခြင်းမဟုတ်ပါ။ အသုဘလာသော လူရှင် များအား သရဏဂုံတင်ခြင်းဖြစ်ပါသည်။ သရဏဂုံအခြေခံရှိသော ကုသိုလ်ကောင်းမှုသည် သရဏဂုံ အခြေမခံသောကုသိုလ်ကောင်းမှုထက် အကျိုးပေးရာမှာ အကြောင်းဆယ်မျိုးနဲ့ လွှမ်းမိုးပါတယ်။ ထိုကုသိုလ်ရှင်တို့ပြန်လည်ပေးဝေသော ကုသိုလ်အမျှ သည်လည်းအကြောင်းဆယ်မျိုးနဲ့လွှမ်းမိုး မှာဖြစ်ပါ တယ်။ အပြင် သရဏဂုံတည်သူများ အပါယ်ငရဲသို့ မလားရောက်တော့ပါ။ ဤအချက်သည် အရိယာများနှင့် ပုထုဇဉ်တို့၏ ကွာခြား သောအချက်ဖြစ်ပါတယ်။ အရိယာများ၏သရဏဂုံသည် သေဆုံးသော်လည်း မပျက်ဆီးပါ။

သရဏဂုံအခြေခံသောကုသိုလ်တို့၏အကျိုးများ-
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှခြင်း။
၃။ ချမ်းသာကြီးခြင်း။
၎။ အခြံအရံများခြင်း။
၅။ အစိုးရခြင်း။
၆။ ကာမဂုဏ် ငါးပါး (အဆင်း၊ အသံ၊အနံ့၊ အရသာ၊ အထိအတွေ့) ခံစားရခြင်းတို့တွင်သာလွန်ခြင်း။

လင်္ကာ
သရဏဂုံ၊ တကယ်မြဲရင် အပါယ်ငရဲ၊ကြောက်ဖို့မလို၊ နတ်ဖြစ်သော်လည်း၊တူနိုင်ရိုးလား၊ဆယ်မျိုးဂုဏ်စုသု့ထက်ပို၊
ငါးဖြာအာရုံ လာမတုနဲ့၊ အာယု၊၀ဏ္ဏ၊သုခဆို၊
အာဏာပိုင်စိုး၊ခြွေရံတိုး၊ဆယ်မျိုးဂုဏ်ကဲပို၊အဲဒါကြောင့်၊
သရဏဂုံပန်း၊အစဉ်လန်း၊ဆင်မြန်းပန်စေလို။

အပါယ်မကြောက် (၇) ယောက်။(မဟာစည်ဆရာတော်ဘုရား။             
တိသရဏ၊ ငါးသီလ၊မဲချစာရေးတန်၊ ဆယ့်ငါးရက်ဆွမ်း၊ ၀ါသင်္ကန်း၊
လှူဒါန်းသောက်ရေကန်၊ကျောင်းလှူတ၀၊နိဓုဒ္ဓ ၊ ပညာရှိသူမှန်၊
သောတာလိုပဲ၊ဂတိမြဲ၊သူလည်းပါယ်မပြန်။

တိသရဏ = သရဏဂုံတည်သူ။
ငါးသီလ = ငါးပါးသီလမြဲသူ။
မဲချစာရေးတန် = မဲချပြီး မဲပေါက်သောသံဃာကိုလှူသောဆွမ်း (စာရေးတန်ဆွမ်းလှူသူ)။
ဆယ့်ငါးရက်ဆွမ်း = ဆယ့်ငါးရက်တစ်ခါ (၀ါ) တစ်ပတ်တစ်ခါ(၀ါ) နေ့စဉ်ဆွမ်းလှူသူ။
ဝါသင်္ကန်း = ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းလှူသူ။
လှူဒါန်းသောက်ရေကန်= ရေတွင်း၊ရေကန်၊ရေအိုးစဉ်၊ရေစစ် စသည်လှူသူ။
ကျောင်းလှူတ၀ = သံဃိကကျောင်း၊သိမ်၊ဇရပ်၊ကမ္မဋ္ဌာန်းကျောင်းလှူသူ။
အထက်ပါပုဂ္ဂိုလ်များသည်  မိမိပြုမည့် လစဉ်၊ အပတ်စဉ်၊နှစ်စဉ် ကုသိုလ်များအတွက် အမြဲ သတိရပြီး၊လုံ့လစိုက်နေကြသဖြင့် ထာဝရကုသိုလ် (အာစိဏ္ဏကံ) ရနေတတ် သောကြောင့် အပါယ်မရောက်ရခြင်းဖြစ်ပါတယ်။

အပြစ်မရှိသောသရဏဂုံပျက်ခြင်း။
၁။ သေဆုံးသွားခြင်း။

အပြစ်ရှိသောသရဏဂုံပျက်ခြင်း။                                                   
၁။ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူကိုမယုံကြည်ခြင်း။
၂။ အခြားသောဆရာတို့ကိုကိုးကွယ်ခြင်း။

သရဏဂုံညှိုးနွမ်းခြင်း။
၁။ အခြားသောကိုးကွယ်ရာတို့ကို ဥပမာ နတ်များကို(လာဘ) လောကီ အကျိုးမျှော်၍ ကိုးကွယ်ခြင်း။
၂။ (ဘယ) ကြောက်၍ကိုးကွယ်ခြင်း။
၃။ (ကုလ)မျိုးရိုးစဉ်ဆက်အရကိုးကွယ်ခြင်း။ 
၎။ (အာစရိယ) ဆရာဖြစ်ဖူး၍ကိုးကွယ်ခြင်း။ များပြုလုပ်ပါက ရတနာသုံးပါးအပေါ်ထားသော
သရဏဂုံညှိုးနွမ်းသည်။ ထိုနည်းအတူ ရတနာသုံးပါး အား အထက်ပါအကြောင်းများ ကြောင့် ကိုးကွယ်လျှင်လည်း မှန်ကန်သောကိုးကွယ်ခြင်းမဟုတ်ပါ။

အပ်ဝင်၊ပေါက်စိန်ထွက်။


အလုပ်မှန်ဖို့၊ အရွတ်နှင့်အသား (ဒေါ်ခင်အေးကြူ)
ဘယ်အရာက ထူးခြားကောင်းမွန်ဘိသနည်း။
စီးပွါးတိုးရန်ရွတ်ဆိုပြန်၊ အမှန်မဟုတ်ပြီ။ သောက်ဆေးနှင့်ပျောက်မှာ၊
ထိုရောဂါ၊လိမ်းဆေးမသက်သာနိုင်ပြီ။ အနှစ်ဆိုတာအကိုင်ထက်သာ၊
ဉာဏ်မှာစဉ်းစားယူရမည်။