တရားထိုင်လျှင်သတိထားရမည့် ၃ ချက်
*------------------------------
တရားထိုင်လျှင် အဓိပဓိ ၃ ပါး ထားရမည်
၁ အတ္တာဓိပဓိ
၂ လောကာဓိပဓိ
၃ ဓမ္မာဓိပဓိ
အတ္တာဓိပဓိဆိုတာက ငါဟာ တရားအားထုတ်ဖို့ 
လာတာဖြစ်တယ် အိမ်မှာအဆင်မပြေလို့ 
မဟုတ်ဘူး မစားနိုင်မသောက်နိုင်လို့ လာတာ
မဟုတ်ဘူး တရားလိုချင်လို့ လာတာဖြစ်တဲ့အတွက်
ကိုယ့်ကိုကိုယ်တလေးတစားနဲ့ အားထုတ်မှ
အားထုတ်မှ သင့်တော်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်
တန်ဘိုးထားပြီးအားထုတ်ရမယ်
လောကာဓိပဓိဆိုတာက ငါဟာတရားသာ
ထိုင်နေတာ အတွေးတွေကမှတ်စိတ်ကိုမရောက်ပဲ
အပြင်ကိုတွေးချင်ရာတွေးနေတယ် တခြားသူတွေက
တရားထိုင်နေတယ်လို့ မြင်နေပေမဲ့ ငါမမှတ်တာကို
ငါ့ရဲ့ကိုယ်စောင့်နတ်တွေ အဘိဥာဏ်ရတဲ့
တန်ခိုးရှင်တွေ လောကပါလနတ်မင်းကြီးတွေ
အစရှိတဲ့သူတော်ကောင်းကြီးတွေက ငါမမှတ်တာကို
သိကြတယ် သူများကျွေးတာစားပြီးမမှတ်နိုင်
တာဟာ ရှက်စရာကောင်းလှတယ်လို့ သဘော
ထားပြီး လောကကိုအကြီးအမှူးထားပြီး
သေသေချာချာ အားထုတ်နိုင်ရမယ်
ဓမ္မာဓိပဓိဆိုတာက ငါတရားမတွေ့ သေးတာဟာ
တရားကမရှိလို့ မဟုတ်ဘူး ဘုရားအစရှိတဲ့
အရိယာသူတော်ကောင်းကြီးတွေဟာလည်း
ဒီရှူ့ မှတ်နည်းနဲလ့ပဲ နိဗ္ဗါန်ကိုစံဝင်သွားကြတာပဲ
ငါမတွေ့ သေးဘူးဆိုတာဟာ လုံလောက်တဲ့
ပါရမီမျိုးစေ့နည်းနေသေးလို့ ပဲ ဒါ့ကြောင့်
ပါရမီပြည့်အောင် ငါဟာတရားကို လေးလေးစားစား
အားထုတ်မှသင့်တော်မယ်ဆိုပြီး ဓမ္မကို
အကြီးအမှူးထားပြီး အားထုတ်နိုင်ရမယ်
မိတ်ဆွေတို့ လည်း
တရားအားထုတ်တဲ့အခါ
အဓိပဓိသုံးပါးကို
ဦးထိပ်ထားနိုင်ကြပါစေ