လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, January 29, 2015

၉၈ ရာခိုင်နုန်းရှိသေးတယ်



၉၈ ရာခိုင်နုန်းရှိသေးတယ်
-----------------------
ကြားဘူးပါတယ် ညည်းသံလေးတွေ
...
တချို့ က အလုပ်လုပ်ရတာ ပင်ပမ်းလိုက်တာတဲ့
တရားထိုင်ကြတော့လည်း တရားထိုင်ရတာ
မလွယ်ဘူး သေချင်စော်နံနေတာပဲတဲ့
နှစ်ပေါင်း သုံးလေးဆယ်မအိပ်ပဲတရားအားထုတ်
သွားတဲ့ ကိုယ်တော်တွေ အများကြီးရှိပါတယ်
သိပ္ပံပညာရှင်တွေကလည်း စမ်းသပ်ပြီး
ထုတ်ပြန်ထားပါတယ် လူတွေဟာ ကိုယ်လုပ်နိုင်တဲ့
စွမ်းရည်ရဲ့ နှစ်ရာခိုင်နုန်းကိုပဲ ဖေါ်ထုတ်အသုံးပြု
နေကြတယ်တဲ့ မသုံးပဲကျန်နေတဲ့ စွမ်းအင်က
၉၈ ရာခိုင်နုန်းတောင် ကျန်ပါသေးတယ်တယ်
ဗုဒ္ဓကလည်းအညံ့စားလုံ့ လဝိရိယဖြင့် အမြတ်စား
နိဗ္ဗါန်ကို မရောက်နိုင်ဘူးလို့  ဟောထားခဲ့ပါတယ်
ဓူတင် ၁၃ ပါးမှာ နိသဇ္ဇိဓူတင်ဆိုတာ ရှိပါတယ်
ကျောခင်းပြီးမအိပ်တဲ့ဓူတင်ပါ
ဒါဟာ ဘာမှမဖြစ်နိုင်လို့ ဘုရားရှင်ခွင့်ပြုခဲ့တာပါ
ဘုရားရှင်ဟာ သင်္ကန်းသုံးထည်နဲ့ နေတဲ့
တိစီဝရိတ်ဓူတင်ကို ခွင့်ပြုဖို့  သူကိုယ်တိုင်
နေပြပြီးမှ ဖြစ်နိုင်တဲ့အတွက် ခွင့်ပြုတော်မူခဲ့တာပါ
ဒါ့ကြောင့် တရားရှာတဲ့အခါ ခန္ဓာကိုယ်ရဲ့
လုပ်နိုင်စွမ်းကို အကုန်အသုံးချရပါလိမ့်မယ်
ဘာဖြစ်လို့ လဲဆိုတော့
ခန္ဓာရတိုင်း အသုံးမတည့်ပါဘူး
တိရစ္ဆာန်တွေရဲ့ခန္ဓာဟာ သူများခိုင်းတာခံရတဲ့ခန္ဓာပါ
သာသနာမရှိရင်လည်း လူဖြစ်ပေမဲ့
ခန္တာကိုယ်ဟာ သားမယားအတွက်ပဲ
အသုံးချခဲ့ကြရတာလည်း တသံသရာလုံးပါပဲ
သာသနာနဲ့ ကြုံချိန်တချိန်ပဲ
ကိုယ့်အတွက်အသုံးချခွင့်ရှိတာပါ
ဒါ့ကြောင့်
၉၈ ရာခိုင်နုန်းစွမ်းအားရှိသေးတဲ့
ခန္ဓာကိုယ်ကြီးကို ကိုယ့်အတွက်
မညှာတမ်းအသုံးချ့ပြီး
နိဗ္ဗါန်ကို အရယူနိုင်ကြပါစေ---- လို့ 

Monday, January 26, 2015

တတိယမြောက်တိပိဋကဓရဆရာတော်ဦးကောသလ္လ၏သံဝေဂလင်္ကာ

တတိယမြောက်တိပိဋကဓရဆရာတော်ဦးကောသလ္လ
အထုပ်ကလေးတပြင်ပြင်၊
အထုပ်ရှင်သေလို့သွား၊
ကျန်တဲ့သူတွေဝေလို့စား၊
အထုပ်ရှင်မှာအလကား၊
ဘာကမှလည်းပါမသွား၊
သေရွာကျတော့အပါယ်လား၊
နိဗ္ဗာန်ရောက်ဖို့အခက်သား။

Saturday, January 24, 2015

စမတောင်ပေါ်က လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်လေးမှာ

Aung Gyi Dvb's photo.
Aung Gyi Dvb's photo.

Aung Gyi Dvb's photo.



ခိုကိုးရာရင်ခွင်မဲ့နေတဲ့ နို့ဗူးတိုက်ကလေး ငယ် ၄၂ ယောက်အပါအ၀င် မိဘမဲ့ကလေး
ငါးရာဝန်ကျင်လောက်ရှိတဲ့ စမတောင်ပေါ်က လူငယ်ဖွံ့ဖြိုးရေးပရဟိတဥယျာဉ်လေးမှာ အလှူငွေများလိုအပ်နေပါတယ် ဆက်သွယ်ရန်ဖုန်း ၀၉၄၉၂၀၅၅၃၁ ၀၉၄၉၂၅၆၅၉၇ တို့ကိုဆက်သွယ်လှူဒါန်းနိုင်ပါပြီ

Thursday, January 22, 2015

ဗုဒ္ဓ နှင့် ဗေဒင်

နမ္မားဆရာတော်ကြီး အရှင်ဉာဏ
ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊
နမန္တာကျမ်းကိုယုံသူတွေ များပါတယ်။
တစ်နှစ် တစ်ခေါက်ထုတ်တဲ့ သင်္ကြန်စာမှာ...

ဗြဟ္မာမင်းကြီးက ဦးခေါင်းပြတ်ကြီးကို
နတ်သမီးများတစ်ယောက်လက်က
တစ်ယောက်ကမ်းနေတာမြင်တယ်မဟုတ်လား။

မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ ခန္ဓာကိုယ်သည်ကမ္မဇရုပ်တွေချည်းမို့သေလျှင် မီးတောက်သဖွယ်
ပျောက်ကွယ်တတ်တာလို့ဟောတယ်။
ဗေဒင်က ယခုထိ ခေါင်းပြတ်ကြီးဟာ မပုပ်သေးဘူး။
မြန်မာပြည်က ယုံကြည် လက်ခံနေသမျှ
ပုပ်မှာမဟုတ်ဘူးကွယ့်။

ဗေဒင်က ရက်ရာဇာနဲ့ပြဿဒါးကို
ပဓာနထားသကွယ့်။ မြတ်စွာဘုရားက
ကုသိုလ်၊ အကုသိုလ်ကို ပဓာနထားသကွယ့်။
ဗေဒင်က မဟာဘုတ်ကို အဓိကထား၍ထူသကွယ့်။
မြတ်စွာဘုရားက သမ္ပတ္တိလေးပါးကို
အဓိကထား၍ ထူသကွယ့်။
ကဲ.... မဆန့်ကျင်ဘူးလား။
မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကိုယုံလျှင်
ဘုရား၊ တရားကို မယုံရာကျတာပေါ့။

မြတ်စွာဘုရားဟောတာ
`သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ ဝိဘဇ္ဇတိ´တဲ့။
ကဲ.... ဘယ်မှာလဲကွယ်။
နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ။
မသာကိုစုန်ချရင် တစ်လောင်းနဲ့
ကိစ္စ မပြီးတတ်ဘူးလို့လည်း မပါ။
အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင်
ပျက်စီးတတ်တယ်လို့လည်း မပါ။
မင်္ဂလာဆောင်တာ ရက်မရွေးမိလို့
ပျက်စီးတယ်လို့လည်း မပါ။
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာကျလို့
ပျက်စီးတာလည်း မပါ။
တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ ဆိုတာဟာ
ပညတ်သင်္ကေတတွေပဲ။
လူကို ကောင်းအောင် ဆိုးအောင် မလုပ်နိုင်ပါဘူး။
အကုသိုလ်ကံကသာ မကောင်းအောင် လုပ်နိုင်တယ်။
ဒီတော့ အကုသိုလ်ဆိုရင် မြွေဆိုးကင်းဆိုးကဲ့သို့
ကြောက်လန့်ပြီး ကုသိုလ်ကံကို
ဣစ္ဆာသယပတ္တမြားကဲ့သို့သဘောထားကာအားကိုးကြမှ
ဓမ္မံ သရဏံ ဂစ္ဆာမိမှာ မဟုတ်လား´´


Credit to:လှိုင်တိုး

Wednesday, January 21, 2015

သင့်၏ Share တချက်သည် ကျောင်းနေရွယ် ကလေးများ၏ ပညာကို တဖက်တလမ်းက အထောက်အကူ ပေးရာ ရောက်ပါလိမ့်မည်။

အရှင် နာယက's photo.
အရှင် နာယက's photo.
အရှင် နာယက's photo.
အရှင် နာယက's photo.
အရှင် နာယက's photo.





သင့်၏ Share တချက်သည် ကျောင်းနေရွယ် ကလေးများ၏ ပညာကို တဖက်တလမ်းက အထောက်အကူ ပေးရာ ရောက်ပါလိမ့်မည်။
~~~~~~~~~~~~~~~~~~~~~~~~
အ ကူ အ ညီ တောင်း ခံ ပါ သည် ခင် ဗျာ
ပေါ...က် ခေါင်း မြို့ နယ်
လက် ခုပ် ပင် ဘ က မှာ
ကျောင်း သား ၂၄ ဦး ရှိ ပါ တယ်
လမ်း ခ ရီး ဆက် သွယ် ရေး က
ခက် ခဲ ပါ တယ် မိုး တွင်း ဆို
ရေ တက် ပါ တယ် ချောင်း ဘေး နား မှာ
ရွာ တည် ထား တာ ပါ
ကျောင်း အ ဆောက် အ ဦး က တော့
အ မိုး က သွပ် မိုး ပေ မယ့်
အ ကာ အ ခင်း မ ပြည့် စုံ ပါ
ကျောင်း ဆောင် အ သစ် က လေး
ဆောက် ဖို့ လို အပ် နေ ပါ တယ်
ကျောင်း ဆောင် အ တွက် ကုန် ကျ စ ရိတ်
သိန်း ၂၀ ခန့် မှန်း ထား ပါ တယ်
ရွာ ခံ အင် အား ကို လည်း ပါ ဝင် ကူ ညီ ဖို့
တိုက် တွန်း ထား ပါ တယ်
နောက် တစ် ခု က စာ သင် ခုံ ပါ
မြင် တဲ့ အ တိုင်း
တော် တော် အ ဆင် မ ပြေ တာ မို့
စာ သင် ခုံ တစ် စုံ ၃၀၀၀၀ ကျပ် နဲ့
၇ ခုံ လို အပ် နေ ပါ တယ် ခင် ဗျာ
ပါ ဝင် ကူ ညီ ကြ ပါ ဦး မိတ် ဆွေ များ ရေ…………
ပရဟိတ မိသားစု ပြည်
မြို့ သစ် ၁၀ လမ်း ၂ ကွက် ဒေါက် တာ ဝ ဏ္ဏ ဝင်း ၀၉၅၃၆၈၄၆၁
ဒေါက် တာ ဝ ဏ္ဏ ဝင်း ၇/ပမန နိုင် ၁၁၉၉၅၉ ပြည် ရိုး မ ဘဏ် ပါ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း…………………
အရှင်နာယက
ဓမ္မဘက်တော်သား ဧရာဝတီ

Tuesday, January 20, 2015

*** အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ***

Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.
Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.

Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.

Page Like အမြန်ဆုံးတတ်အောင် ဆောင်ရွက်ပေးသည် အဖွဲ့ -၂'s photo.






*** အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ***
တည်နေရာ။ ။ အလယ်ရွာကြီးကျေးရွာ၊ ငွေပင်လယ်စက်မှုဇုန်အနီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဆရာတော် ဦးဇေယျာနန္ဒ
ဖုန်း - 09 732 102 72 // 09 862 3011
အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား မိဘမဲ့ကလေးငယ်( ၄ လသားအရွယ် တစ်ဦး အပါအ၀င် ) အသက် ၂၀ ကျော်အရွယ်ထိ ၇၈၂ ဦးရှိပါသည်။ ရဟန်း ၅၀ ပါး၊ ကိုရင် ၁၅၀ ပါး၊ သီလရှင် ၈၅ ပါး၊ ကျား ၃၈၂ ဦးကျော်နှင့် မ ၁၃၅ ဦး ဖြစ်ကြပါသည်။
ကလေးငယ်အများစုသည် နာဂစ်ဒဏ်ခံဒေသ ဧရာဝတီတိုင်းမှ ဖြစ်ကြပြီး ပအို့ဝ်၊ ပလောင်၊ ရှမ်း စတဲ့ တိုင်းရင်းသား မိဘမဲ့ကလေးငယ်များလည်း ပါဝင်ကြပါသည်။
ကျောင်းအိပ်ကျောင်းစားကလေးငယ် ၇၈၂ ဦးအပါအ၀င် အနီးအနားရှိ ဆင်းရဲချို့တဲ့ကလေးငယ် ၁၅၁၈ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၃၀၀ ကျော်ကို မူကြိုမှ ၈ တန်းအထိ အတန်းပညာများကို ဆရာတော်များနှင့် ဆရာ၊ ဆရာမ ၅၃ ဦးတို့မှ အခမဲ့သင်ကြားပြသပေးလျက်ရှိပါသည်။
အာဟာရဒါနကျွေးမွေးမှုအနေဖြင့် တစ်နေ့ ၃ ကြိမ် ကျွေးမွေးပြီး နံနက်ခင်းစာအတွက် (မုန့်ဟင်းခါးကျွေးမည် ဆိုပါက ) ကျပ် ၃ သိန်း ကျော်၊ နေ့လည်စာအတွက် ကျပ် ၆ သိန်းကျော် ကုန်ကျပြီး ညနေစာအတွက် ကျပ် ၃ သိန်းကျော် ကုန်ကျသဖြင့် တစ်နေ့တာ ကုန်ကျမှုမှာ ကျပ် ၉ သိန်းနီးပါးခန့်ရှိကြောင်းနှင့် အသားဟင်းကို တစ်ပါတ်လျှင် ၂ ကြိမ်ခန့်သာ ကျွေးမွေးနိုင်ကြောင်းလည်း သိရှိရပါသည်။ အလှူရှင်များ၏ လှူဒါန်းမှုပေါ် မူတည်ပြီး အဆင်ပြေအောင် စီစဉ်ပေးကြောင်းလည်း ဆရာတော်မှ မိန့်ကြားခဲ့ပါသည်။
အလှူရှင်များ လာရောက်ကျွေးမွေးမှုမရှိသည့်အချိန်တွင် ပုံပါအတိုင်းသာ အဆင်ပြေသလို စားသောက်နေကြရကြောင်းလည်း သိရှိခဲ့ရပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါ ကျောင်းသို့ ဆက်သွယ်စုံစမ်းလှူဒါန်းလိုပါက
ဆရာတော် ဦးဇေယျာနန္ဒ
ဖုန်း - 09 732 102 72 // 09 862 3011
သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023
ဓာတ်ပုံ - Sawthuwai Thu Wa

Monday, January 19, 2015

ဘာဝနာဆိုတာ ဘာကို ပွါးပါလိမ့်


ဘာဝနာဆိုတာ ဘာကို ပွါးပါလိမ့်

“ဒါန၊ သီလ၊ ဘာဝနာ” ဟူသောစကားများကို ငယ်စဉ်ကပင် ကြားနာခဲ့ရပါသည်။ ဒါနဆိုတာ  လှူဒါန်းတာ၊ သီလဆိုတာ စောင့်ထိန်းတာ၊ ဘာဝနာဆိုတာပွါးများတာဟူသော definition အကျဉ်းကိုလည်း မှတ်သားခဲ့ရပါသည်။ ဒါန နှင့် သီလကိုမူဉာဏ်မှီသလောက် သဘောပေါက်ခွင့် ရခဲ့သော်လည်း “ဘာဝနာ ဆိုတာ ပွါးများတာ” ဟူသောဖွင့်ဆိုချက်ကိုမူ လုံးဝ သဘောမပေါက်နိုင်ဘဲ ရှိခဲ့ရဖူးပါသည်။

မှန်ပါသည်။ လှူဖွယ်ဝတ္ထုတွေကို လှူဒါန်းတာ ဒါန၊ ကိုယ်နှင့်နှုတ်ကိုစောင့်ထိန်းတာ သီလ ဟု သရုပ်သကန်နှင့်တကွ သဘောပေါက်ခဲ့ ရသော်လည်း၊ ကမ္မဋ္ဌာန်းတရားပွါးများတာ ဘာဝနာ ဟူသော ဖွင့်ဆိုချက်နှင့် ပတ်သက်၍မူ ထူလှသဖြင့်သဘောမပေါက်နိုင်ခဲ့တော့ပါ။ ပွါးတယ်ဆိုတာ ဘယ်လိုပါလိမ့်၊ ကမ္မဋ္ဌာန်းဆိုတာ ဘာပါလိမ့်၊ကမ္မဋ္ဌာန်းကို ဘယ်လိုပွါးပါလိမ့်၊ ဟူသော အတွေးများဖြင့်သာ ကာလရှည်ကြာလုံးထွေးနေခဲ့ရပါသည်။ ပရိယတ္တိ အသိပညာ ချို့တဲ့သဖြင့် ဝေဝါးစွာ ဖြစ်ခဲ့ရသော ကာလ  မည်မျှရှည်ကြာခဲ့ပါသနည်း။ “အဿဝနတာ ဓမ္မဿပရိဟာယန္တိ- တရားတော်မြတ်ကို မနာကြားကြရသည့်အတွက် တရားအသိမှ ဆုတ်ယုတ်လျက်ရှိကြရပါကုန်၏” ဟူသော သဟမ္ပတိဗြဟ္မာကြီး၏ ဘုရားရှင်ထံ တောင်းပန်တိုးလျှိုးသောစကားသံကို ကြိမ်ဖန်များစွာပင် ထောက်ခံမိ ပါတော့၏။


“ပွါးသည်ဟူသောစကား”

ပွါးသည်ဟူသော စကားသည် ပွါးများသည်၊ တိုးတက်ပွါးများလာအောင် လုပ်ယူသည် ဟူသော အဓိပ္ပါယ်ကို ဆောင်၏။ ဥပမာအားဖြင့် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု၊ သုံးခုမှသည် လေးခု-ငါးခု- တစ်ရာ- တစ်ထောင်- တစ်သောင်း စသဖြင့် များသထက်များလာအောင် လုပ်ယူသည်ကိုပွါးများသည်ဟု ဆိုရ၏။ မှန်၏။  ပါဠိစာပေ၌ “ဘာဝနာ”ဟူသောစကားလုံးကို “ဘာဝေတိ ဥပ္ပါဒေတိ ဝဍ္ဎေတီတိ ဘာဝနာ- စ၍ ဖြစ်စေတတ်၊ တိုးတက်ပွါးများစေတတ်သောကြောင့်ဘာဝနာ မည်၏" ဟု ဆရာတို့ ဖွင့်ဆိုပြကြ၏။ သို့ဆိုလျှင် ဘာကို စ၍ ဖြစ်စေရပါမည်နည်း၊ဘာကိုတိုးတက် ပွါးများစေရပါမည်နည်း၊ စသဖြင့် ရှေ့ဆက်မေးမြန်းရန် လိုအပ်လာ၏။


“ကုသိုလ်စိတ်ကို တိုးတက်ပွါးများစေရမည်”

ဋီကာကျော်ဆရာက “ဘာဝေတိ ကုသလေဓမ္မေ အာသေဝတိ ဝဍ္ဎေတိ ဧတာယာတိ ဘာဝနာ - ကုသိုလ်တရားတို့ကို အဖန်ဖန်မှီဝဲတတ်၊တိုးပွါးစေတတ်သော စေတနာသည် ဘာဝနာမည်၏ ” ဟု ဖွင့်ဆိုပြ၏။မှန်၏။ ပေးလှူကြောင်း စေတနာကို ဒါန၊ အကုသိုလ် မဖြစ်အောင် ကိုယ်နှုတ်တို့ကို ကောင်းစွာထားတတ်သော စေတနာကို သီလ ဟု ယူရသကဲ့သို့၊ လွန်ကဲမြင့်မြတ်သော ကုသိုလ်စိတ်ကို ဖြစ်စေတတ်တိုးပွါးစေတတ်သော စေတနာကို ဘာဝနာ ဟု ယူရလေသည်။ ထို့ကြောင့်  “မိမိသန္တာန်၌ ဒါနစေတနာ သီလစေတနာတို့ထက် လွန်ကဲမြင့်မြတ်သောကုသိုလ်စိတ်တို့ကို ထပ်ခါထပ်ခါ တိုးပွါးအောင် အားထုတ်မှုကို ဘာဝနာ ပွါးသည်” ဟု မှတ်ယူရမည်ဖြစ်လေသည်။


“စိတ်၏သဘာဝနှင့် ကမ္မဋ္ဌာန်းအာရုံ”

စိတ်၏သဘောကား မကောင်းသောအာရုံတို့၌သာ များစွာ မွေ့လျော်လေ့ရှိ၏။ထို့ကြောင့် “ပါပသ္မိံ ရမတိ မနော- စိတ်သည်မကောင်းမှု၌ မွေ့လျော်လေ့ရှိ၏” ဟု ဓမ္မပဒပါဠိတော်ပါပဝဂ်၌ ဟောတော်မူ၏။ ဥပမာပြုရလျှင် အလိုင်းမင်းမညီပဲ ဘယ်ဘက်သို့ ဦးလည်နေသော စက်ဘီးကဲ့သို့ဖြစ်၏။သတိလွတ်သည်နှင့် မကောင်းမှုဘက်သို့ စောင်းသွားတတ်၏။ ထိုသို့ မကောင်းသောအာရုံများသို့ ဦးလှည့်သောစိတ်သည် ကိလေသာအခိုးအငွေ့တို့ဖြင့်ပူလောင်၏။ ထိုပူလောင်နေသော စိတ်ကို ကမ္မဋ္ဌာန်းအာရုံတည်း ဟူသော ရေကြည်အိုင်အတွင်း သက်ဆင်းငြိမ်းအေးစေရ၏။

မှန်၏။ စိတ်ဟူသည် အာရုံတရားနှင့်ကင်း၍ကား မဖြစ်နိုင်။ သူပျော်မွေ့နေကျမကောင်းသော အာရုံများ၌ ပျော်မွေ့နေသော စိတ်ကို ကောင်းသောအာရုံ၌ ပျော်မွေ့လာအောင် လုပ်ဆောင်ရသည်မှာလည်း လွယ်ကူလှသည်တော့မဟုတ်။ အကျိုးမရှိ အချိန်ကုန်ရုံမျှဖြစ်သော အကစားအလုပ်၌သာ ပျော်မွေ့လေ့ရှိသောကလေးကို စာဖတ်ခိုင်းရသည်ထက်ပင် ခက်လှတော့၏။ တုတ်မိုးခြိမ်းခြောက် ဟိန်းဟောက်၍ စာကျက်ခိုင်းရသော် ကလေးလည်းမရွှင်လန်း လူကြီးလည်းပန်းရ၏။ ထိုအခါ လိမ္မာသောမိဘဆရာများက ကလေးအဖို့ ကစားစရာလည်းရစေ၊အသိပညာလည်းရစေမည့် နည်းလမ်းများကို ရွေးချယ်ကာ ကလေးငယ်များပျော်မွေ့စရာ ပညာပေးအာရုံကောင်းများကို ဖန်တီးပေးကြရ၏။

ဗုဒ္ဓသည်ကား လူသုံးပါးတို့၏ အတုမဲ့ ဆရာမြတ်ဖြစ်တော်မူ၏။ မကောင်းသော အာရုံများ၌သာပျော်မွေ့ပူလောင်နေကြသော သတ္တဝါတို့အတွက် အပူအလောင်လည်းငြိမ်းစေ၊ သမထ, ဝိပဿနာ အသိပညာလည်းရင့်သန်ကြီးထွားစေရန်အတွက် သမထကမ္မဋ္ဌာန်းအာရုံ၊ ဝိပဿနာ ကမ္မဋ္ဌာန်းအာရုံများကို ရှာဖွေဖော်ထုတ်ပေးတော်မူခဲ့၏။ထိုတွင် သမထကမ္မဋ္ဌာန်း အာရုံပေါင်းကား (၄၀) မျှပင် ရှိ၏။ မိမိတို့စိတ်သန်ရာ ကမ္မဋ္ဌာန်းအာရုံ၌မိမိတို့ စိတ်ကို အကြိမ်ကြိမ် ဖြစ်ပွါးစေလျှင် ကိလေသာ အခိုးအငွေ့တို့ ကင်းငြိမ်းခြင်းအကျိုးကိုကိုယ်တွေ့ပင် ခံစားခွင့်ရကြ၏။ ထို့ကြောင့်ပင် ဆရာမြတ်တို့က “ကိလေသေ သမေတီတိ သမထော-ကာမစ္ဆန္ဒစသော ကိလေသာတို့ကို ငြိမ်းစေတတ်သောကြောင့် သမထမည်၏” ဟု မိန့်ဆိုတော်မူကြခြင်းဖြစ်ပေ၏။


“ကမ္မဋ္ဌာန်း”

ဤတွင် “ကမ္မဋ္ဌာန်း” ဟူသောစကားကို နားလည်ဖို့ လိုအပ်လာ၏။ ဆရာမြတ်တို့က“ကမ္မဿ ဌာနံ ကမ္မဋ္ဌာနံ- ပွါးများအားထုတ်မှု၏ တည်ရာအာရုံသည် ကမ္မဋ္ဌာန်းမည်၏” ဟု မိန့်ဆိုတော်မူကြ၏။ထို့ကြောင့် မိမိတို့စိတ်ကို တင်၍ ကြိမ်ဖန်များစွာ ဖြစ်ပွါးစေသင့်သော ကသိုဏ်းစသော အရှုခံသမထအာရုံများနှင့် ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဝိပဿနာအရှုခံအာရုံများကို ကမ္မဋ္ဌာန်းဟု ခေါ်ရလေသည်။


“ကမ္မဋ္ဌာန်းအာရုံ၌ မိမိစိတ်ကို များသထက်များလာစေခြင်း”

ကမ္မဋ္ဌာန်းအားထုတ်သောပုဂ္ဂိုလ်သည် မိမိနှစ်သက်သော ကမ္မဋ္ဌာန်းအာရုံတစ်ခုခု၌မိမိစိတ်ကို တစ်ကြိမ်ထက်တစ်ကြိမ် ဆက်ကာဆက်ကာ များသထက်များလာအောင် အားထုတ်ကြရပေသည်။ နားလည်အောင် ပြောရလျှင် ဟိုဟိုသည်သည် ကျင်လည်ကျက်စားနေသောစိတ်ကို ကမ္မဋ္ဌာန်း အာရုံတစ်ခုခုဖြင့် ချည်နှောင်ပူးကပ်၍ ထိုကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်မသွားအောင် လေ့ကျင့်ပေးခြင်းကိုပင် ကမ္မဋ္ဌာန်း အားထုတ်သည်ဟုဆိုရလေသည်။

ထိုတွင် စိတ်ဟူသည်ကား ဖြစ်မှု ပျက်မှု အလွန်မြန်လွန်းလှလေရကားစိတ်တစ်ခုပြီး နောက်စိတ်တစ်ခု ၊ နောက်စိတ်တစ်ခုပြီး နောက်ထပ်စိတ်တစ်ခု အသစ်အသစ် ဖြစ်ဖြစ်လာလေသမျှသောစိတ်များစွာကို ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်း၌သာ ကြိမ်ရေများစွာ ဖြစ်ပွါးလာအောင် ပွါးများအားထုတ်ရယူခြင်းကို ကမ္မဋ္ဌာန်းဘာဝနာရှုပွါးသည်ဟု ခေါ်ဆိုရလေသည်။


ဂုဏ်တော်ပွါးခြင်းဥပမာ

ဤတွင် မိမိစိတ်ကို ကမ္မဋ္ဌာန်းအာရုံတစ်ခုခုတွင်တင်၍ ကြိမ်ရေများစွာရအောင်မည်သို့ပွါးများယူရသည်ကို နားလည်အောင် ရှင်းပြသင့်ပြီဖြစ်ပါသည်။ အများပြောနေကျ “ဂုဏ်တော်ပွါးသည်”ဟူသော စကားရပ်ကို မှီခို၍ အနည်းငယ်ရှင်းလင်းပါမည်။ ဂုဏ်တော်ပွါးသည်ဟူရာ၌ ဂုဏ်တော်ဟူသည်ကားဗုဒ္ဓ၏ အရဟံစသော ဂုဏ်တော်များကို ရည်ညွှန်းပါသည်။

ထိုတွင် ‘အရဟံ’ ဟူသောဂုဏ်တော်နှင့်ကပ်၍ မိမိစိတ်ကို ပွါးများရယူရန်မှာဘုရားရှင်၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပုံ၊ ကိလေသာရန်သူကို ပယ်သတ်တော်မူပြီးပုံ၊ဆိတ်ကွယ်ရာအရပ်၌သော်မှ မကောင်းမှုကို ပြုတော်မမူပုံတို့ကို အာရုံပြု၍
‘အရဟံ…၊
အရဟံ…၊
အရဟံ….၊
အရဟံ….၊
အရဟံ….’ စသည်ဖြင့် စိတ်ထဲက သိမှတ်ပေးရမည် ဖြစ်ပါသည်။

ယခုဆိုလျှင်အရဟံဂုဏ်တော်အာရုံဖြင့်ပြီးသောစိတ်ပေါင်း ငါးခုကို ဖြစ်ပွါးစေခဲ့ကြပြီဖြစ်ပါသည်။ တနည်းအားဖြင့်အရဟံဂုဏ်တော်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံ၌ မိမိစိတ်ကို တစ်ကြိမ်ထက်တစ်ကြိမ် များသထက်များလာအောင်ပွါးများအားထုတ်ခဲ့ကြသည်မှာ ငါးကြိမ်တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်၍ အရဟံဂုဏ်တော်ဖြင့် ထုံမွှမ်းထားသော(သို့မဟုတ်) အရဟံဂုဏ်တော်၌ကပ်၍ လေ့ကျင့်ထားအပ်သော စိတ်ပေါင်း ငါးခုကို ပွါးများရယူနိုင်ခဲ့ကြပြီဖြစ်ပါသည်။

ထိုကဲ့သို့သော အရဟံဂုဏ်တော်ဖြင့် ထုံမွှမ်းထားသော စိတ်ပေါင်းတစ်ကြိမ်မှ နှစ်ကြိမ်၊ အကြိမ် ရာထောင်သောင်းသိန်း စသည်အားဖြင့် များသထက် များလာအောင်အားထုတ်ရယူခြင်းကို ဂုဏ်တော်ပွါးသည်ဟု ခေါ်ဆိုရလေသည်။ ၎င်းကိုပင် ဗုဒ္ဓါနုဿတိဘာဝနာရှုပွါးသည်ဟုခေါ်ဆိုရလေသည်။ ထို့ကြောင့် ဘာဝနာဆိုတာ ဘာကိုပွါးပါလိမ့် ဟု တစ်စုံတစ်ယောက်က မေးလာသော်“ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုဖြင့် ထုံမွှမ်းထားသော မိမိစိတ်ကို တစ်ကြိမ်ထက်တစ်ကြိမ် များသထက်များလာအောင်ပွါးရပါသည်” ဟု ဖြေဆိုလိမ့်မည်ဖြစ်ပါကြောင်း…။

မှတ်ချက်။   ။ ဤဆောင်းပါး၌အပ္ပနာသို့မရောက်မီ ကာမကုသိုလ် ဘာဝနာပွါးပုံကိုသာ သိသာနိုင်ရုံမျှ ရေးသားခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် နိမိတ်စသည်ကို ပွါးများပုံအကြောင်းများ မပါဝင်သေးပါကြောင်း..။

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

Sunday, January 18, 2015

ဘူဒိုဇာ မုန်တိုင်းနဲ့ ရိုင်းလိုက်တဲ့ သမိုင်း

အလင်း ရှင် နှစ်ကိုယ်ခွဲ's photo.
အလင်း ရှင် နှစ်ကိုယ်ခွဲ's photo.

အလင်း ရှင် နှစ်ကိုယ်ခွဲ's photo.




ဘူဒိုဇာ မုန်တိုင်းနဲ့ ရိုင်းလိုက်တဲ့ သမိုင်း
ဘာရယ်တော့မဟုတ်ဘူး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ လယ်တီသိမ်တော်ကို ဘူဒိုဇာနဲ့ ထိုးဖျက်နေတဲ့ပုံတွေ မြင်ရတော့ ။ ဦးဇင်း...ခပ်ငယ်ငယ် စာသင်သားဘဝ ကျောက်ဆည်မှာနေစဉ်က အဖြစ်အပျက်တစ်ခုကို သတိရမိတယ် ။
အဲဒီအချိန်က ဆရာသမားရဲ့ ကျောင်းတိုက်ထဲမှာ သိမ်မရှိလို့ သိမ်သမုတ်ခွင့်ပြုဘို့အတွက် မြို့နယ် ရပ်ကျေးကနေစပြီး ဗဟိုအထိ သက်ဆိုင်ရာ သံဃမဟာနာယကရုံးနဲ့ သာသနာရေးဝန်ကြီးဋ္ဌာန တွေကို စာတင်ထားတာ ငါးနှစ် ခြောက်နှစ်လောက်ကြာတော့ ခွင့်ပြုမိန့်ကျလာလို့ သိမ်သမုတ်ပွဲ ကျင်းပဘို့ ပြင်ဆင်နေကြလေရဲ့ ။ ကျောက်ဆည်မြို့က သိမ်သမုတ်ခွင့် တင်ထားကြ တဲ့ ကျောင်းတိုက်အသီးသီးထဲမှာ ကျုပ်ဆရာသမားကျောင်းက ငါးနှစ်လောက်နဲ့ ခွင့်ပြုမိန့် ကျလာတာဟာ အမြန်ဆုံးပါဘဲတဲ့ ။ တချို့ကျောင်းတိုက်တွေ ၁၀ နှစ် ၁၅ နှစ်ကြာတဲ့အထိ ခွင့်ပြုမိန့် မရကြဘူးဆိုဘဲ ။
ဒါနဲ့ကျုပ်လည်း စပ်စုချင်တာနဲ့ ဆရာသမားကို မေးကြည့်မိတယ် ။ ဘုန်းကြီးဘုရား သိမ်တစ်လုံး သမုတ်ခွင့်ပြုဘို့အတွက် ဘာလို့ အချိန်အဲဒီလောက်ကြီးကြာနေရတာတုန်းဘုရားဆိုတော့ ။ အော် ငါ့တပည့်ကလည်း သိမ်ဆိုတာ သီမသဒ္ဒါကနေ ဆင်းသက်လာတာကွ သူ့ရဲ့အဓိပ္ပာယ်ကိုက သီးခြားနယ်မြေလို့ အဓိပ္ပာယ်ရတယ် ။ နိုင်ငံတော်အစိုးရဆိုတာ တစ်နိုင်ငံလုံး ရှိရှိသမျှ ရေပေါ်ရေအာက် မြေပေါ်မြေအောက် သစ်ပင် တောတောင်မှန်သမျှ သူပိုင်တယ်လေ ။ တကယ်လို့ သိမ်တစ်လုံး သမုတ်ခွင့်ပြုလိုက်ပီဆိုတာနဲ့ အဲဒီသိမ်နေရာကလေးကို သက်ဆိုင်ရာ ကျောင်းတိုက် သာသနာကို အပြီးတိုင် လှူလိုက်ရတော့တာကွ အစိုးရက မပိုင်တော့ဘူး ။ မင်းတုန်းမင်းကြီးလက်ထက်က ဗန်းမော်ဆရာတော်ကို မင်းတုန်းမင်းက နယ်နှင်ဒဏ်ပေးတဲ့အခါ ဗန်းမော်ဆရာတော်က ဘယ်မှမသွားဘဲ သိမ်ထဲကနေ ခံတိုက်လို့ မင်းတုန်းမင်း အကြပ်ရိုက်ခဲ့ဘူးတယ်ဆိုတာ ကြားဘူးတယ်မဟုတ်လားတဲ့ ။
မှန်ပါ ကြားဘူးပါတယ်ဆိုတော့ ။ အေး သိမ်ဆိုတာ အဲဒါဘဲလေကွာ။ အစိုးရဘက်ကလည်း အဲဒီသိမ်မြေနေရာကို အပြီးတိုင် အာလယပြတ် စွန့်လွှတ်ရမှာဆိုတော့ အချိန်အကြာကြီး စဉ်းစားရတာပေါ့တဲ့ ။ အော် ဟုတ်ပေသားဘဲလို့ ကလေးပီပီ ကလေးတွေး တွေးပြီး လေးစားခဲ့ဘူးတယ် ။
ခုချိန် ပြန်တွေးကြည့်တော့မှ ရယ်စရာလိုလို ရင်နာစရာလိုလို ဘယ်လိုမှန်းမသိတဲ့ ဝေဒနာတစ်ရပ် ရင်ထဲမှာ ခံစားလိုက်မိတယ် ။
သာမညဆရာတော် အလောင်းတော်ကို ခိုးယူဖျောက်ဖျက်ရုံမက လယ်တီသိမ် ဖျက် အုတ်ကျိုး အုပ်ပဲ့ တွေနဲ ယတြာ ချေ အုန်းမယ် ထင်ပါရဲ့ .....၊၂၀၁၄မှာ တိုက်ခတ်တဲ့ ဘူဒိုဇာမုန်တိုင်းက ဘိုးဘွားအမွေအနှစ်သာသနာမြေလယ်တီသိမ်ကိုပါဖြိုဖျက်သွားတယ်လယ်တီသိမ်ကိုဖြိုဖျက်ထားတဲ့ မြေကြီးတွေကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသူတွေပါလို ပြောတဲ့ သူတွေရဲ့  ပါးစပ်ထဲ ထည့်ပေးရမှာ ။
လက်ပတောင်းတောင်ကြားမှာတည်ရှိတဲ့လယ်တီသိမ်နဲ့ စေတီ ကျောင်း ကန် ဘုရားများကို ဝမ်ပေါင် လက်အောက်ခံ(Seino Hydro 2) အဖွဲသားတရုတ်လူမျိုးများ(29.4.2014) ရက်နေ့မှာဖျက်ဆီးနေတဲ့ပုံတွေပါ ဘာမှမလုပ်နိုင်တောင်မှာ စစ်တပ်ကိုယ်ပွား အစိုးရရဲ့  သာသနာဖျက်တဲ့သမိုင်းပါ၊ ဘယ်လောက်လွတ်လပ်ပါပြီးလို့ ပြောပြော ဆရာတော်တွေ-ပြည်သူတွေဟာ အကြောက်တရားနဲ့  နေရတာကြောင့် ရှယ်မပေးနိုင်ရင်တောင် ဒီမှတ်တမ်းပုံကို စွဲနေအောင်ကြည့်ထားကြပါလို့ ။
အရှင် ပဏ် သစ္စာ
___________________
Rachanok Min Burma's status

အွန်လိုင်းရှိ ပရဟိတ သူရဲကောင်းများအား အကူအညီတောင်းခံခြင်းဖြစ်ပါတယ် ကျေးဇူးပြု၍ ဝိုင်း ရှယ်ပေးကြပါ

1000000 likes's photo.
1000000 likes's photo.

1000000 likes's photo.

1000000 likes's photo.


အွန်လိုင်းရှိ ပရဟိတ သူရဲကောင်းများအား အကူအညီတောင်းခံခြင်းဖြစ်ပါတယ် ကျေးဇူးပြု၍ ဝိုင်း ရှယ်ပေးကြပါ ဒါမှ အလှူရှင် တွေ ပေါ်မှာ မို့ လို့ ပါ
-----------------------...------------------------
ဦးဇင်း ၏ ဇာတိမြို့ ကလေးမြို့နယ်က ကလေးအမွှာနှစ်ယာက်ပါ။ မွေးကတည်းက မျက်စိနှစ်ဖက်လုံး ကောင်းစွာမြင်ခွင့် မရကြရှာပါဘူး။ မြင်တယ်လို့တောင် သေချာမပြောနိုင်ပါ။ မိဘနှစ်ပါးကလည်း မွေးကတည်းက ကြိုစားကုနေကြတာ တစ်နှစ်ခွဲကြာခဲ့ပေမယ့် ငွေကုန်လူပန်းဖြစ်နေကြပါတယ်။ ငွေရေးကြေးရေး ခက်ခဲနေကြတာမို့ စေတနာရှင်များက တတ်နိုင်တဲ့ဘက်က ကူညီပေးမယ်ဆိုရင် ဝမ်းမြောက်မိမှာပါ။ ရန်ကုန် အောက်ပါ လိပ်စာ ဦးဇင်းတို့ ကျောင်းမှာ ယခုလက်ရှိ တည်းခိုနေပါသည်။ အကူအညီပေးနိုင်ရန် အောက်ပါ လိပ်စာ ဖုန်းနံပါတ်ပါ ဆရာတော် ဦးပညာဇောတ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

ဆရာတော်ဦးပညာဇောတ
သာသနဝေပုလ္လ ကလေးမြို့ကျောင်းတိုက်
ဘင်္ဂလားတိုက်၊ ကြားတောရလမ်း၊ရေတာရှည်၊
ရွှေတိဂုံအရှေ့မုခ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း ၀၉၅၄၁၀၅၃၅

Saturday, January 17, 2015

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.
မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.

မိဘမဲ့ ကလေးများကျောင်း နှင့် ဘုန်းကြီးကျောင်း လိပ်စာများ's photo.


… ဤ Post ကို Share ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ယူကြပါ ခင်ဗျာ ...
*** ရွှေရတနာ ပရဟိတ သီလရှင် စာသင်တိုက် ***
တည်နေရာ။ ။ အမှတ်(၂၀)၊ သံဒင်းရပ်ကွက်၊ မကွေးလမ်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
နာယက သီလရှင်ဆရာကြီး ဒေါ်ကဉ္စနမာလာ
အုပ်ချုပ်ရေးတာဝန်ခံ သီလရှင်ဆရာလေး ဒေါ်ပညာစာရီ
ဖုန်း .. 09 512 4408 // 01 611 523
အနယ်နယ်အရပ်ရပ်မှ မိဘမဲ့ကလေးများ၊ ခိုကိုးရာမဲ့ကလေးငယ် ၈၀ ဦးကို ပြုစုစောင့်ရှောက် ကျွေးမွေးပြီး လောကီ၊ လောကုတ္တရာ နှစ်ရပ်သော ပညာများကို အခမဲ့သင်ကြားပေးလျက် ရှိပါသည်။ ကလေးငယ် အားလုံးမှာ သီလရှင်ဝတ်များ ဖြစ်ကြပါသည်။ ၁ နှစ်ခွဲကျော်အရွယ် ကလေးငယ် ၂ ယောက်လည်း ရှိပါသည်။
အာဟာရဒါနကျွေးမွေးမှုအနေဖြင့် အာရုံဆွမ်းအတွက် ကျပ် ၅ သောင်းခန့် ကုန်ကျပြီး နေ့လည်ဆွမ်း အတွက် ကျပ် ၁ သိန်းခန့် ကုန်ကျကြောင်းနှင့် အလှူရှင်များ၏ စေတနာသဒ္ဓါတရားပေါ်မူတည်ပြီး အဆင်ပြေအောင် ကျွေးမွေးပေးကြောင်းလည်း သိရှိရပါသည်။
ပညာသင်ကြားမှုအနေဖြင့် မူကြိုမှ ၄ တန်းအထိကို သီလရှင်ဆရာလေး ၂ ပါး အပါအ၀င် ဆရာ၊ ဆရာမ ၆ ဦး တို့ဖြင့် သင်ကြားပြသပေးလျက်ရှိပါသည်။ ၅ တန်းမှ ၁၀ တန်းအထိကို အနီးအနားရှိ ဘကကျောင်းတွင် တက်ရောက် ပညာသင်ကြားစေလျက်ရှိပြီး တက္ကသိုလ်တန်းဝင် သီလရှင်များကို အဝေးသင်တက္ကသိုလ်များ တွင် တက်ရောက်ပညာသင်ကြားစေလျက်ရှိပါသည်။
ဆရာ၊ ဆရာမ ၅ ဦးအတွက် နိုင်ငံတော်မှ တစ်လလျှင် ၃၆၀၀၀ ကျပ်စီ ထောက်ပံ့ပေးသော်လည်း ကျောင်းမှ ထပ်ဆောင်းငွေအဖြစ် တစ်ဦးလျှင် ၆၀၀၀၀ ကျပ်စီ ညီတူညီမျှရရှိအောင် လစဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း လည်း ဆရာလေးမှ မိန့်ကြားခဲ့ပါသည်။
လက်ရှိတွင် ၂ ထပ်စာသင်ဆောင်သစ် တည်ဆောက်လျက်ရှိရာ ယာယီအကြမ်းထည် ပြီးမြောက်နေပြီ ဖြစ်ပါသည်။ လိုအပ်နေမှုများမှာ စာသင်ခန်း ၂၀ × ၂၂ ပေ အကျယ်အ၀န်းရှိ အခန်း ၁၀ ခန်းကို ကန့်ရန် အတွက် အလှူရှင်များ လိုအပ်လျက်ရှိနေပါကြောင်းလည်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ မွေးနေ့အလှူရှင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင် မိဘပြည်သူများအနေဖြင့် အဆိုပါကျောင်းသို့ ဆက်သွယ်စုံစမ်း လှူဒါန်းလိုပါက
အုပ်ချုပ်ရေးတာဝန်ခံ သီလရှင်ဆရာလေး ဒေါ်ပညာစာရီ
ဖုန်း .. 09 512 4408 // 01 611 523
သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဤ Post ကို Share ပေးခြင်းဖြင့် ပါဝင်ကုသိုလ်ယူနိုင်ပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
လေးစားစွာဖြင့်
ဖိုးစီ (ရွှေညောင်မြေ) 09 420 746 023
ဓာတ်ပုံ - Panna Cari
https://www.facebook.com/profile.php?id=100008215867835

Friday, January 16, 2015

ဘုရားဘာကြောင့်ကန်တော့တာလဲ ?





ဆရာတော်ဥူးသုမင်္ဂလ၏ (မင်းတစ်ယောက်ထဲမဟုတ်ဘူး) တရားတော်မှ




ဘုရားဘာကြောင့်ကန်တော့တာလဲ ?
ဘုရားဆီကတစ်ခုခုလိုချင်လို့လား ? မဟုတ်ဘူး။
ကျေးဇူးရှင်မို့လို့၊ ပူဇော်ထိုက်တဲ့ဂုဏ်တွေရှိလို့။


ဘာကျေးဇူးတွေလဲ ?
တရားသိအောင်ဟောတော်မူတယ်။ တရားဆိုတာ အမှန်တရား။
တရားသိမှ၊တရားနဲ့အညီနေနိုင်တယ်။
တရားနဲ့အညီမနေနိုင်ရင် မတရားဖြစ်တယ်။
မတရားရင်အပြစ်ဖြစ်တယ်။
အပြစ်ဖြစ်ရင်ဒုက္ခရောက်တယ်။






ဘုရားဆိုတာတာလဲ ?
သစ္စာလေးပါးအမှန်တရားကိုသိပြီးသတ္တ၀ါအများကိုသိအောင်ဆုံးမတတ်တာဘုရား။
မြေကြီးထဲကပေါ်လာတာ၊ ရေမလွှမ်းတာ၊ဆုတောင်းပြည့်တာ၊ ဒါတွေလား ?
ဒါတွေက ဘုရားရဲ့ဂုဏ်တွေလား ?
တစ်ခုမှ မဟုတ်ဘူး။



Thursday, January 15, 2015

ထီးလှူရခြင်းအကျိုး (၈) မျိုး

ထီးလှူရခြင်းအကျိုး (၈) မျိုး

၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၎။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။
ထီးလှူရခြင်းအကျိုး (၈) မျိုး
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။...
၎။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။

FB မှကူယူပါသည်။

Monday, January 12, 2015

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??

ဤ post ကို သင်သိသလို သင့်မိတ်ဆွေများသိသွားအောင် များ၂ (S)(h)(a)(r)(e) ပေးပါ ...

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??

မြတ်ဗုဒ္ဓဟာ လွန်ခဲ့သောအနှစ် ၂၅၀၀ ကျော်လောက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့ခန္ဓာကိုယ်အားတေဇောဓါတ် လောင်ကျွမ်းပြီးသောအခါ သရီရဓါတ်တော်များ ကြွန်းကျန်ခဲ့ပါတယ် အဲ့ဒီဓါတ်တော်တွေကတော့ နဖူးသင်းကျစ်တော်|ညာဘက် ညှပ်ရိုးတော်| ဝဲဘက် ညှပ်ရိုးတော် နှင့် ဗုဒ္ဓစွယ်တော်လေးဆူ အပါအဝင် ဖြစ်ပါသည် ။

စွယ်တော်မြတ် လေးဆူတို့တွင် ---

အထက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် တာဝတိံသာ နတ်ပြည်၌ ကိန်းဝပ်တော်မူသည်။

အောက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် နဂါးပြည်၌ ကိန်းဝပ်စံပါယ်တော်မူသည်။

အထက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ဂန္ဓာရတိုင်း(ယခုတရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိသည်။

အောက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ကလိင်္ဂတိုင်း(ယခုသီရိလင်္ကာနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

သင်သိသလိုအများသိသွားအောင် သင်ဖူးမျှော်ရသလို အများဖူးမျှော်ရအောင် like & share လေးလုပ်ပြီး ကုသိုလ်ယူလိုက်ပါ

>> https://m.facebook.com/profile.php?id=609627075816810 <<

မြတ်ဗုဒ္ဓ၏စွယ်တော်(၄) ဆူဘယ်မှာကိန်းဝပ်နေသလဲ ??
မြတ်ဗုဒ္ဓဟာ လွန်ခဲ့သောအနှစ် ၂၅၀၀ ကေ...ျာ်လောက်က ပရိနိဗ္ဗာန်စံလွန်တော်မူခဲ့ပါတယ်။ဗုဒ္ဓရဲ့ခန္ဓာကိုယ်အားတေဇောဓါတ် လောင်ကျွမ်းပြီးသောအခါ သရီရဓါတ်တော်များ ကြွန်းကျန်ခဲ့ပါတယ် အဲ့ဒီဓါတ်တော်တွေကတော့ နဖူးသင်းကျစ်တော်|ညာဘက် ညှပ်ရိုးတော်| ဝဲဘက် ညှပ်ရိုးတော် နှင့် ဗုဒ္ဓစွယ်တော်လေးဆူ အပါအဝင် ဖြစ်ပါသည် ။
စွယ်တော်မြတ် လေးဆူတို့တွင် ---
အထက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် တာဝတိံသာ နတ်ပြည်၌ ကိန်းဝပ်တော်မူသည်။
အောက်လက်ယာစွယ်တော်မြတ် တစ်ဆူသည် နဂါးပြည်၌ ကိန်းဝပ်စံပါယ်တော်မူသည်။
အထက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ဂန္ဓာရတိုင်း(ယခုတရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိသည်။
အောက်လက်ဝဲစွယ်တော်မြတ် တစ်ဆူသည် ကလိင်္ဂတိုင်း(ယခုသီရိလင်္ကာနိုင်ငံ) ၌ ကိန်းဝပ်တော်မူလျက်ရှိပါသည်။

>> https://m.facebook.com/profile.php?id=609627075816810 <<

Saturday, January 10, 2015

တူသောအကျိုးပေးမယ်

ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အပတ်စဉ်ထုတ် Charlie စာစောင်က ကာတွန်းဆရာ ၅ဦးအပါအ၀င် လူ ၁၂ ဦးကို အစ္စလမ်အစွန်းေ၇ာက် ၃ဦးက သွေးအေးအေးနဲ့ဝင်ရောက်သတ်ပြီးထွက်ပြေးခဲ့တယ်။ ပုလိပ်အဖွဲ့အပါအ၀င်လူထုတစ်ရပ်လုံးကလိုက်ရှာရာမှ သောက်ကြာနေ့မှာတော့ အဲဒီအစွါန်း
ေ၇ာက်လူသတ်သမားတွေ supermarket ကိုဝင်ရောက်ပြီး  လူ တွေကို ဒါးစာခံ လုပ်ခဲ့တယ်။ ဒါးစာခံ ၄ ယောက်ကိုလည်းသတ်တာကြောင့် ပုလိပ်အဖွဲ့က၀င်ရာက်ကယ်ဆယ်ရာတွင် လူသတ်သမား ၃ဦးလုံး သေဆုံးခဲ့တယ်။ အလွန်ကြီးမားတဲ့ အကုသိုလ်ကို ၀မ်းပန်းတသာနဲ့လုပ်ခဲ့တာကြောင့် ဒီဘ၀မှာတင်  တစ်ပတ်အတွင်း တူသောအကျိုးကိုခံစားရတယ်လို့ ယူဆမိပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ လူသတ်သမား တွေအနေနဲ့ အစ္စလမ်ဘာသာအတွက်ကောင်းသောအလုပ်လို့ယူဆတဲ့ မှားသောယူဆချက် (မောဟ) ဆိုတဲ့ကိလေသာကြောင့် လုပ်ခဲ့တာမို့ ကိလေသာအားလုံးရဲ့တရားခံဟာ မောဟ (အ၀ိဇ္ဇာ)  ဆိုတဲ့ ဗုဒ္ဓရဲ့ ဆုံးမချက်ကိုသိရတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်ရတဲ တန်ဘိုးကိုလည်း ပိုပြီး သိရပါတော့တယ်။

Wednesday, January 7, 2015

သီလပျက်ရင်

“သီလပျက်ရင်”
••••••••••••••••••
ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊ 
မောဟ မပါတဲ့အလုပ်။
အကုသိုလ်ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ်။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွယ်ဆိုတာ
အဲဒါအညွှန့်တုံးဝါဒပဲ။ 
တကယ်က ဖြစ်သမျှအကြောင်း 
မကောင်းကောင်းအောင် လုပ်ကြရမှာ။
ငတ်သေရင်တစ်ဘဝပဲ။
သီလပျက်ရင် ဘဝများစွာ သေရမယ်။

-【ဥူးသုမင်္ဂလ】
Posted by
www.facebook.com/youngbuddhistassociation.mm

“သီလပျက်ရင်”
••••••••••••••••••
ကုသိုလ်ဆိုတာ လောဘ၊ ဒေါသ၊
မောဟ မပါတဲ့အလုပ်။
အကုသိုလ်ဆိုတာ...
လောဘ၊ ဒေါသ၊ မောဟ ပါတဲ့အလုပ်။
အကြောင်းကောင်းမှ အကျိုးကောင်းမယ်။
အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်။
ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွယ်ဆိုတာ
အဲဒါအညွှန့်တုံးဝါဒပဲ။
တကယ်က ဖြစ်သမျှအကြောင်း
မကောင်းကောင်းအောင် လုပ်ကြရမှာ။
ငတ်သေရင်တစ်ဘဝပဲ။
သီလပျက်ရင် ဘဝများစွာ သေရမယ်။

-【ဥူးသုမင်္ဂလ】
Posted by
www.facebook.com/youngbuddhistassociation.mm

Monday, January 5, 2015

အွန်လိုင်းပေါ်ရှိ ပရဟိတသူရဲကောင်းများအားအကူအညီတောင်းခံခြင်း

Page ဝန်ဆောင်မှု's photo.
Page ဝန်ဆောင်မှု's photo.
Page ဝန်ဆောင်မှု's photo.
Page ဝန်ဆောင်မှု's photo.




အွန်လိုင်းပေါ်ရှိ ပရဟိတသူရဲကောင်းများအား အကူအညီတောင်ခံခြင်း။
သူငယ်ချင်းရဲ့Like & Share တစ်ချက်ကြောင့် အလှူရှင် တစ်ဦးတိုးလာခဲ့ရင် ဘယ်လောက် ကုသိုလ်ရလိုက်မလဲခင်ဗျာ...
ဤ ပိုစ့်လေးကို Like & Share ခြင်းဖြင့် မိဘမဲ့ကလေးငယ်များအားကူညီပေးကြပါဦးခင်ဗျာ။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန်သံလမ်းဘေးရှိ ပရဟိတ သာသနာ့ဝန်ဆောင်ကျောင်း မဟာဝိဇိတာရာမတိုက် တွင် မိဘမဲ့ ကလေးများ အားစောင့်ရှောက်ထားရာ ရှမ်း ဗမာ ပအိုစ့် ပလောင် မွန်အစရှိသဖြင့်ကလေးငယ်များ အား ဆရာတော် ဘဒ္ဓန္တ ပညာသာရ ဟာစောင့်ရှောက်ထားပါသည်။ ယခုအခါ ကလေးငယ်များမှားကျောင်နေသော
သူငယ်တန်း ကလေး ၁၂ ယောက် ပထမတန်း ၁၅ ယောက် ဒုတိယတန်း ၇ ယောက် တတိယတန်း ၈ ယောက် တတိယတန်း ၈ ယောက် စတုတ္ထတန်း ၁၅ ယောက် ပဉ္စမတန်း ၂ ယောက် ဆဋ္ဌမတန်း ၄ ယောက် သတ္တမတန်း ၂ ယောက် အဋ္ဌမတန်း ၁၅ ယောက် နဝမတန်း ၅ ယောက် ဒသမတန်း ၇ ယောက် တက္ကသိုလ် ၁၀ ယောက် မှာ သမဝါယမကောလိပ် ဆရာအတတ်သင်ကောလိပ် GTC ရတနာပုံ တက္ကသိုလ် အသီးသီးတွင်တက်ရောက်နေကြပါသည်။သက်ကြီးဘိုးဘွား ၁၀ ယောက်ခန်း လောကုတ္တရာ ကိုရင် ရဟန်း အပါး ၂၀ စုစုပေါင်း ၁၆၀ ကျော်ခန့်ရှိပါသည်။ကျောင်မှာမူလတန်းအဆင့်သာရှိပီး အလယ်တန်းအထက်တန်းကျောင်းသားများမှာ အခြားကျောင်းများသို့သွားရောက်တက်နေကြရပါသည်။ဆရာလေးများနှင့် အမျိုးသမီးငယ်လေးများအတွက်လုံခြုံသော အဆောင်များလိုအပ်နေသေးပါသည်။ လက်ရှိတည်ဆောက်နေသော အဆောက်အဦးမှာလည်း ငွေကြေးလိုအပ်နေသေးသောကြောင့်ဆက်လက်ဆောက်လုပ်ရန်ကျန်နေပါသေးသည် အလှူရှင်များအနေဖြင့် လိုအပ်နေသေးသောငွေကြေးများကိုလှူတန်းလိုပါက ဆရာတော်
ဘဒ္ဒန္တပညာသာရ 0991014498, 0991014708
အောင်စိုးဦး 0991019200, 09797228654
သို့ဆက်သွယ်လှူတန်းနိုင်ကြပါသည်။ ယနေ့နေ့လည်စာကို မစန်းစန်းနွဲ့အားရည်စူး၍ ကျန်ရစ်သူ ခင်ပွန်း ဦးမျိုးတင့်အောင် သမီးမလွန်းပန်ချီ မိသားစုမှ နှစ်လည်ဆွမ်းကိုလှူတန်းဆက်ကပ်ခဲ့ပီး P.E.L.C.ဆရာဆရာမများနှင့် သင်တတ်းသား သင်တန်းသူများမှ အလှူတော်ငွေတသိန်း တိတိ ၁၀၀၀၀၀ နှင့် မ Khine Lu မှ မုန့်များလှူတန်းပေးခဲ့ကြပါသည်။

Friday, January 2, 2015

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသား

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့၏ဂင်းနစ်မှတ်တမ်း
စာအုပ်တွင် မှတ်တမ်းအတင် ခံရသူ 
မြန်မာပြည်သား သာသနာ့အာဇာနည်.။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ၏ ဘဏ္ဍာတိုက် တော်ကြီးဖြစ်ခဲ့သူ.။

သူ့ ဥာဏ်တော်ကို အများအကျိုးစီးပွား အတွက်အချိန်ပြည့် မနေမနားအသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် မိစ္ဆာတို့ရဲ့ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င် ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေ
များကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

မပျံလွန်မီ အချိန်ထိ ဘာသာ သာသနာအကျိုး ဆောင် ရွက်တော်မူခဲ့သူ……။

(၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာကရုဏာတရား လွန်စွာ ကြီးမားသူ……။

တိပိဋကဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသောတိပိဋက ဆရာတော်များကို မွေးထုတ်ပေးခဲ့သူ……။

အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ……။

များပြားလှစွာသော သာသနာရေး၊ အမျိုးသားရေး တို့ကို ရွက်ဆောင်တော်မူခဲ့သူ………။

အနှိုင်းမဲ့ သာသနာ့အာဇာနည် မင်းကွန်းဆရာတော် ဘုရားကြီး။
…………………………
ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ 

မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။

စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။ 
ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ 

သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။

အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ 

တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။

ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ 

ထိုမျှမကသေး။ 
စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ 

ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် – ၉၃-မှတ်
မဟာဝဂ် – ၉၇-မှတ်
ပါတိက၀ဂ် – ၉၇-မှတ်
ပါရာဇိကဏ် – ၈၉-မှတ်
ပါစိတ်ပါဠိတော် – ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် – ၉၈-မှတ်
ပရိဝါပါဠိတော် – ၁၀၀-မှတ်

စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ 

ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ 

၇-နှစ်သား အရွယ်တွင် 
သာမဏေ ၀တ်ခဲ့ပြီး သက်တော်
*၁၅-နှစ်သားတွင် ပထမငယ်တန်း၊ 
*၁၆-နှစ်သားတွင် ပထမလတ်တန်း၊ *၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ 

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ 

ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊၁၂၉၆-တွင် စာချတန်းကိုလည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။
(ထိုဘွဲ့မှာ တနိုင် ငံလုံးတွင် ရ ရှိတော်မူခဲ့သော ဆရာတော် ကိုးပါးသာရှိပါသည်)

ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်းပြုစုခဲ့ပါသည်။ 

ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ 

*သာသနာ့အာဇာနည် 
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇ္ဇက၊
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

REF.မင်္ဂလာမောင်မယ်

ကမ္ဘာ့ ဉာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့၏ဂင်းနစ်မှတ်တမ်း
စာအုပ်တွင် မှတ်တမ်းအတင် ခံရသူ
မြန်မာပြည်သား သာသနာ့အာဇာနည်.။
သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့...မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။
မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ၏ ဘဏ္ဍာတိုက် တော်ကြီးဖြစ်ခဲ့သူ.။
သူ့ ဥာဏ်တော်ကို အများအကျိုးစီးပွား အတွက်အချိန်ပြည့် မနေမနားအသုံးချပေးခဲ့သူ .. ..။
မျိုးဖျက် မိစ္ဆာတို့ရဲ့ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။
တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။
မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။
ဘ၀နေ၀င် ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေ
များကို ဘာသာပြန်ဆိုပေးခဲ့သူ ...။
မပျံလွန်မီ အချိန်ထိ ဘာသာ သာသနာအကျိုး ဆောင် ရွက်တော်မူခဲ့သူ……။
(၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာကရုဏာတရား လွန်စွာ ကြီးမားသူ……။
တိပိဋကဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသောတိပိဋက ဆရာတော်များကို မွေးထုတ်ပေးခဲ့သူ……။
အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ……။
များပြားလှစွာသော သာသနာရေး၊ အမျိုးသားရေး တို့ကို ရွက်ဆောင်တော်မူခဲ့သူ………။
အနှိုင်းမဲ့ သာသနာ့အာဇာနည် မင်းကွန်းဆရာတော် ဘုရားကြီး။
…………………………
ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။
တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။
မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။
စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။
ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။
သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။
အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။
တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။
ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။
ထိုမျှမကသေး။
စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။
ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ် – ၉၃-မှတ်
မဟာဝဂ် – ၉၇-မှတ်
ပါတိက၀ဂ် – ၉၇-မှတ်
ပါရာဇိကဏ် – ၈၉-မှတ်
ပါစိတ်ပါဠိတော် – ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော် – ၉၈-မှတ်
ပရိဝါပါဠိတော် – ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။
ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။
၇-နှစ်သား အရွယ်တွင်
သာမဏေ ၀တ်ခဲ့ပြီး သက်တော်
*၁၅-နှစ်သားတွင် ပထမငယ်တန်း၊
*၁၆-နှစ်သားတွင် ပထမလတ်တန်း၊ *၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။
၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။
ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊၁၂၉၆-တွင် စာချတန်းကိုလည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။
(ထိုဘွဲ့မှာ တနိုင် ငံလုံးတွင် ရ ရှိတော်မူခဲ့သော ဆရာတော် ကိုးပါးသာရှိပါသည်)
ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။
ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်းပြုစုခဲ့ပါသည်။
ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။
*သာသနာ့အာဇာနည်
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇ္ဇက၊
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
REF.မင်္ဂလာမောင်မယ်