လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, June 29, 2014

မျက်စေ့ဖွင့်တယ်ဆိုတဲ့ ၂နှစ်သမီး အလောင်း (Rosalia Lombardo) ရဲ့ထူးဆန်းမှု အီတလီသိပ္ပံပညာရှင်များအဖြေရှာတွေ့။

   


Palermo Rosalia Lombardo.jpg






Rosalia Lombardo in 1982





ဒီဇင်္ဘာ ၁၃ ရက် ၁၉၁၈ မှာမွေးဖွါးပြီး၊ ဒီဇင်္ဘာ ၆ ရက်၁၉၂၀ မှာ နမိုးနီးရာ ရောဂါနဲ့သေဆုံးခဲ့ပါတယ်။ သူ့ဖခင်ဖြစ်သူက အလောင်းမပုပ်အောင်ဆေးဆိမ်ပြီး ဖန်ခေါင်းနဲ့အီတလီနိုင်ငံ စစ်စလီကျွန်းရှိ Capuchin catacombs ခေါ်ဘုရားကျောင်းတွင်ထားခဲ့ပါတယ်။
၎င်းတို့အသုံးပြုခဲ့သောဆေးအစွမ်းကြောင့် အလောင်းမှာ အတွင်းအင်္ဂါများပါ အကောင်းပကတီနီးပါရှိကြောင်း x rays ရှိုကကြည့်ခြင်းဖြင့်သိခဲ့ကြပါတယ်။ သို့ရာတွင် ၂၀၀၉ တွင်မူ အလောင်းမှာစတင်၍ အသားရောင်များ ပျက်စီးစပြုလာသဖြင့် မူလထားရာ ဆိုထိုင်းသည့် နေရာမှ ပိုမိုခြောက်သွေ့သောနေရာသို့ပြောင်းရွှေ့ခဲ့ပြီး၊နဂိုခေါင်းကိုလည်း နိုက်ဒရိုဂျင်ဓါတ်ငွေ့များဖြည့်ထားသောမှန်ခေါင်းဖြင့်ပြောင်းလဲခဲ့ပါတယ်။



(1920-12-











ထိုအလောင်းကိုသွားေ၇ာက်ကြည့်ကြသောသူများက အလောင်းမှမျက်စေ့ဖွင့်သည်ကိုမြင်ကြကြောင်း
မျက်စေ့ဖွင့်သဖြင့် လှပသောမျက်သားအပြာေ၇ာင်ကိုမြင်ရသည်ဟူသောသတင်းများဖြစ်ပွါးခဲ့သဖြင့် အီတလီသိပ္ပံပညာရှင်များ က ထိုထူးဆန်းသောအဖြစ်ကိုအဖြေရှာကြရာ..
အလောင်းမှမျက်စေ့ဖွင့်ခြင်းမှာမဟုတ်ကြောင်း၊ မျက်စေ့မဖွင့်ရုံသာမက မျက်ခွံပင် မလှုပ်ရှားကြောင်း၊အသစ်ရွှေ့ပြောင်းထားသောနေရာမှာ ၎င်းဘေးရှိပြူတင်းပေါက်မှနေရောင်ထိုးနေပြီး၊ တစ်နေ့တာအတွင်း နေရောင်ထိုးမှုပြောင်းလဲခြင်းကြောင့် ကြည့်သူများ အထင်အမြင်မှားစေကြောင်း၊ အခြားတစ်ချက်မှာလဲ
အလောင်းရဲ့မျက်စေ့ဟာအပြည့်အ၀မှိတ်နေခြင်းမရှိတာကြောင့်လည်းအထင်မှားစေတယ်လို့သိရပါတယ်။










ကျမ်းကိုး
၁။ Wikipédia
၂။ Planet a la Une.

Wednesday, June 18, 2014

ဗုဒ္ဓသတ်မှတ်တဲ့ လူ။

တန်ဖိုးထားရလူ့ဘ၀၊ဗြဟ္မာ့ပြည်ကအပ်ကိုချ၊
မြေကအပ်တစ်ဖြာ၊အပ်သွားခြင်းထိ၊ပမာသိ၊
ခဲဘိလူဖြစ်ပါ၊မနုဿဘာဝေါ၊ဒုလ္လဘော၊
မိန့်ဟောမြတ်ဗုဒ္ဓ၊ဘုရားအဆူဆူ၊ပွင့်တော်မူ၊
ရပ်ဟုလူ့ပြည်ရွာ၊တန်ဖိုးထားရလူ့ဘ၀၊
ရကြသူများမှာ။

ဘာသာခြားအမေး။ ဦးလေးတို့ဘုရားက လူအဖြစ်ကိုရခဲတယ်။ ရခဲတယ်နဲ့ဟောကြားထားတာ ကျွန်တော်တော့လက်မခံနိုင်ပါဘူး။ လူအဖြစ်ရလွယ်တာကိုသိပ္ပံမဂ္ဂဇင်းတစ်ခုမှာဖတ်လိုက်ရတာက
ကမ္ဘာမှာ တစ်စက္ကန့်ကိုလူ ၅ ယောက်နှုန်းနဲ့မွေးနေတယ်ဆိုဘဲ။ ဒီအဆိုအရ လူအဖြစ်ရခဲတယ် ဆိုတာမဟုတ်နိုင်ဘူး။ တရုပ်ပြည်မှာဆိုရင်အိမ်ထောင်စုတစ်စုကို ခလေးတစ်ယောက်ဘဲ မွေးခွင့် ရတယ်တဲ့။ ကဲဘယ်လိုဖြေမလဲ။ (မှတ်ချက် ယခုအခါ တရုပ်ပြည်၌ ခလေးတစ်ယောက်ထက် ပိုမွေး ခွင့်ပြုလိုက်သည်။)
ဖြေ။ ဒါကတော့မင်းရဲ့ခြင်ကောင်ဦးနှောက်လောက်နဲ့တွေးရင်တော့ဟုတ်နေသလိုဘဲပေါ့။ မွေးလာတဲ့သူတွေရှိသလိုသေသွားတဲ့သူတွေလည်းရှိနေတယ်ဆိုတာထဲ့တွက်ရမယ်လေ။
တစ်စက္ကန့်မှာ ၅ ယောက်မွေးသလို ၅ ယောက်သေနေမယ်ဆိုရင်ဘယ်လိုတွေးမှာလဲ။ နောက်ပြီးလူအဖြစ်ရခဲတာကိုမွေးသေတာနဲ့နိုင်းယှဉ်ရုံနဲ့တင်မသိရသေးပါဘူး။ တိရစ္ဆာန်တွေနဲ့အရည်အတွက်နဲ့ယှဉ်ကြည့်မှပိုပြီးသိရတယ်။ ဥပမာခြတောင်ဖို့တစ်ခုဆိုရင် ခြကောင်ရေ မရည်မတွက်နိုင်အောင်များတယ်။ ခြင်၊ယင်၊ပုရွက်ဆိပ်၊ဒီအကောင်လေးမျိုးနဲ့ဘဲ နိုင်းယှဉ်ကြည့်လိုက်
လူတွေဘယ်လောက်နည်းသွားတယ်ဆိုတာပေါ်လွင်နေပြီ။

ဘာသာခြားအမေး။ ဒီလိုတွေးကြည့်တော့လည်းဟုတ်သားပဲ။
ဖြေ။ ဒါပေမဲ့ ဒို့ဘုရားကလူအဖြစ်ရခဲပုံကို လူနဲ့တိရစ္ဆာန်မွေးသေအ၀င်အထွက်ကိုသင်္ချာနည်းနဲ့တွက်ချက်
ပြီးမဆုံးဖြတ်ပါဘူး။ မွေးလာတဲ့လူတိုင်းကိုလဲလူလို့မသတ်မှတ်ပါဘူး။

ဘာသာခြားအမေး။ ဒါဖြင့်ဘယ်လိုလူကိုလူလို့သတ်မှတ်ရမှာလဲ။
ဖြေ။ ဒို့ဘုရားကလူကိုအမျိုးအစားလေးမျိုးနဲ့ခွဲခြားပြီသတ်မှတ်တယ်။ အဲ့ဒီလေးမျိုးက
၁။ လူ့ငရဲသား။
၂။ လူ့တိရစ္ဆာန်။
၃။ လူ့ပြိတ္တာ။
၎။ လူ့ပရမတ္တ။

၁။ လူ့ငရဲသား ဆိုတာ ကုသိုလ်၊အကုသိုလ်လို့မခွဲခြားတတ်။ ဒါန၊သီလလဲမရှိ၊ဘာဝနာဆိုတာဝေလာဝေး။
မွေးလာကထဲကဒုက္ခနဲ့စ၊ဒုက္ခနဲ့ဆုံးပြီးလူ့လောက ကထွက်သွားရသူများ။

၂။ လူ့တိရစ္ဆာန်ဆိုတာ စားဖို့ရှာမယ်။စားမယ်။အိပ်မယ်။ကာမဂုဏ်ခံစားမယ်။ ဒါပဲသိတယ်။ ဘာသာရေးနားမလည်၊နားလည်ဖို့လဲမကြိုးစား၊မလေ့လာ၊ဒါနမသိ၊သီလမရှိ၊ကုသိုလ်၊အကုသိုလ်မခွဲခြားတတ်၊ဒီလိုနဲ့ပဲသေသွားတဲ့သူတွေ။

၃။ လူ့ပြိတ္တာဆိုတာ လူ့ဘ၀တော့ရလာပါရဲ့ရောဂါဝေဒနာထူပြောတဲ့အတွက်သူများတန်းတူမဟုတ်ပဲ
ခက်ခဲပင်းပန်းစွာရုန်းကန်ပြီး အလျင်မီအောင်စားဖို့ဝတ်ဖို့မနည်းကြိုးစားနေရတဲ့ဒုက္ခတွေကြောင့်
ရတနာသုံးပါးကိုသတိမရနိုင်၊ဒါန၊သီလတွေမဆောက်တည်နိုင်ပဲလူ့ဘ၀ကစွန့်ခွါသွားရတဲ့သူတွေ။

၎။ လူ့ပရမတ္တဆိုတာမိရိုးဖာလာဗုဒ္ဓဘာသာဝင်မဟုတ်ပဲ၊ဗုဒ္ဓကိုယုံကြည်မှုသဒ္ဓါနဲ့ကိုးကွယ်တယ်။ ဒါနကိုပါရမီထိုက်အောင်ပညာနဲ့လှူတယ်။သီလစောင့်ရမှာလည်းတစ်ပါးမှမကျိုးပေါက်အောင်အသက်နဲ့
လဲပြီးစောင့်တယ်။ ၀ိပဿနာတရားတွေကိုနားကြားအားထုတ်ပြီး၊ကုသိုလ်၊အကုသိုလ်ကိုခွဲခြားသိသူကို ဆိုလိုတာဖြစ်ပြီးဒီလိုဘ၀မျိုးပိုင်ဆိုင်သူကိုမှလူလို့သတ်မှတ်တာ။ ဒီစံနှုန်းနဲ့တိုင်းတာမယ်ဆိုရင်တစ်စက္ကန့်မှာ လူ ၅ ယောက်မွေးတာမပြောနဲ့၊တစ်ရာ၊တစ်ထောင်မွေးလာတဲ့အထဲမှာ လူတစ်ယောက်ဖြစ်ဖို့လွယ်မလား။ ဒို့ဘုရားဟောအရပြောရရင် မင်းတောင်လူထဲမပါဘူး။
ဘာသာခြား ဆက်မမေးနိုင်ပဲ၊ခေါင်းငိုက်စိုက်ကျသွားပါသည်။

လူ့ဘ၀တန်းဖိုးသိကြသောပညာရှိသူတော်ကောင်းများဟာ လူအများကို လူ့ဘ၀ရလာတဲ့ အချိန်ပိုင်း အတွင်းမှာ တန်ဖိုးရှိအောင်နေစေချင်ပါတယ်။ သူတို့ကိုယ်တိုင်လည်းလူ့ဘ၀ကိုနှစ်သက်မက်မောကြ ပါတယ်။ လူ့ဘ၀နဲ့နတ်ဘ၀ ဘယ်ဘုံရွေးမလဲဆိုရင်လူ့ဘ၀ရွေးပါမယ်တဲ့ ဘာလို့လဲဆိုရင် နတ်ဘ၀ဆိုတာ ကမဂုဏ်အာရုံတွေများလို့ ပါရမီဆယ်ပါးဖြည့်ကျင့်ဖို့မလွယ်ပါဘူးတဲ့။


ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား။ နှာ ၁၂။

Saturday, June 14, 2014

တိပိဋကမင်းကွန်းဆရာတော်ဘုရားကြီးရဲ့လူ့ဘ၀ ဥပမာ


လူ့ဘုံနတ်ဘုံငရဲဘုံကိုရောက်သွားတဲသူတွေကိုသံတွေခဲဥပမာနဲ့ပြောရမယ်ဆိုရင်

ငရဲဘုံရောက်သွားသူများဟာ မီးထဲအမြဲဖုတ်ထားခံရတာနဲ့တူပါတယ်။ နေ့လည်းပူ၊ ညလည်းပူ၊
ဒုက္ခနဲ့စ၊ဒုက္ခနဲ့ဆုံးသွားသလို ဖရိုဖရဲဖြစ်ပြီး၊မီးစားလို့သာကုန်သွားတယ် ဘာမှတန်းဖိုးရှိတာမကျန်ခဲ့ဘူး။
  
နတ်ဘုံကိုရောက်သွားသူများကတော့ ရေစိမ်ထားတဲ့သံတွေခဲတွေနဲ့တူပါတယ်။ နေ့လည်းအေး ညလည်းအေးပြီး၊ဘာမှအသုံးမပြုရဘဲ ရေတိုက်စားပြီးသံခြေးတက်လို့သာကုန်သွားတယ်၊တန်ဖိုးရှိအောင်အသုံးမချလိုက်ရဘူး။

လူ့ဘုံရောက်လာသူများကတော့ ပန်းပဲဆရာဆီရောက်သွားတဲ့ သံတွေခဲတွေနဲ့တူပါတယ်။ဒီသံတွေခဲတွေကို လိုသလိုပုံသွင်းဖို့ပန်းပဲဆရာက မီးထဲထဲ့ပြီးမီးဖုတ်မယ်။ မီးဖုတ်ခံထားရလို့ပူလောင်နေရသမျှကလတွေဟာ အဆိုးလောကဓံတွေကြုံရခြင်းဘဲပေါ့။ လူ့လောကထဲရောက် လာပြီဆိုရင်လူတိုင်း လူမှုဒုက္ခတွေအနည်းနဲ့အများကြုံရမြဲမို့အဆိုးလောကဓံနဲ့ကြုံခဲ့ရင ယောနိသောမနသိကာယဆိုတဲ့ နှလုံးသွင်းမှန်မှန်ထားပြီ ကောင်းတဲ့အမြင်၊ကောင်းတဲ့အကြံအတွေးတွေနဲ့အတူဆင်ခြင်တရားလက်ကိုင်ထားပြီးနေရပါမယ်။ ကိုယ်သာနာစေစိတ်မနာပါစေနဲ့ဆိုတဲ့တရားလိုပေါ့။
တခါမီးထဲကနေထုတ်ပြီးပေတုံပေါ်တင် ထုရိုက်ခံရတာတွေဟာ ဒါန၊သီလ စတဲ့ပါရမီတွေဖြည့်ကျင့်ရတာ
နဲ့တူပါတယ်။ ပူလောင်နေတဲ့သံတွေခဲကိုရေထဲစိမ်လိုက်နှစ်လိုက်ကြုံရတာကိုတော့ အကောင်းလောကဓံနဲ့တွေ့ပြီလို့မှတ်ယူရပါမယ်။ ပန်းပဲဆရာကသံတွေခဲကိုသူ့အလိုကျ မီးပေးလိုက်၊ရေကိုင်လိုက်၊တူနဲ့ထုလိုက်နဲ့စိတ်တိုင်းကျပုံဖေါ်လိုက်တာနောက်ဆုံးတော့ ဓါး၊ပုဆိန်၊ပေါက်ပြားစတဲ့ အဖိုးတန် အသုံးအဆောင်တွေဖြစ်လာပါပြီ။
ဒီနည်းအတူလူ့ဘ၀ရောက်ရှိလာသူတွေဟာ ပန်းပဲဆရာဆီေ၇ာက်တဲ့သံတွေခဲလိုသဘောထားပြီး နေလိုက်ကြမယ်ဆိုရင်သာဝကဗောဓိဥာဏ်၊ပစ္စေကဗောဓိဥာဏ်၊သမ္မာသမ္ဗုဒ္ဓဗောဓိဥာဏ်၊ဆိုတဲ့ အဖိုးတန်ဥာဏ်တွေရဖို့အတွက်လိုအပ်တဲ့ပါရမီတွေကိုလူ့ဘုံလူ့ဌာနမှာသာဖြည့်ဆည်းနိုင်ခွင့်ဖြစ်ပါတယ်။
ရတော့ရခဲ ရလာတဲ့လူ့ဘ၀မှာမိမိဘ၀ကိုတန်ဖိုးရှိအောင်မနေဘူးဆိုပါက အသက်ကြီးလာတာဟာသေဖို့
ဖြစ်ပါတယ်။
ခုဘ၀လူဖြစ်လာ
ရှေးကံသာအကြောင်းမို့
ကောင်းလှလို့အရတော်
ရှုံးစေနဲ့နော်
နောက်ဘ၀အရင်းပေါ်အောင်
ခုကနော်ကြိုးစားကြလေး။

ကျမ်းကိုး
မေတ္တာရှင်(ရွှေပြည်သာ) သင်လူတစ်ယောက်ဖြစ်ပြီလား။ နှာ ၁၄။

Sunday, June 8, 2014

အကုသိုလ်ဝေစု

မာဃဒေ၀ (၁၉၈)
ပါဏာတိပါတ်၊သက်သတ်အမှု၊
ကိုယ်လိုပြုနှင့်၊ပြုဟုသူက၊
တိုက်တွန်းကြ၍၊ပြုရသောသူ၊
လိုတူသော့အား၊ဖြစ်နိုင်ငြားလျက်၊
မတားမြစ်သူ၊သုံးယောက်လူတွင်၊
သတ်သူနိရယ၊ငရဲကျ၏၊
သူကခေါ်ရာ၊ ပါသူမှာမူ၊တိရစ္ဆာန်န၊
ဖြစ်ထမခြား၊လိုတူအားဖြင့်၊
လိုတူမှာမူ၊ထိုသူမှာတုံ၊
ပြိတ္တာဘုံဟု၊အာရုံဖွင့်လှစ်၊
ထူးအပြစ်ကို၊စင်စစ်မှန်စွာ၊
ကျမ်း၌လာ၏။

ကိုယ်တိုင်သတ်သူ ငရဲကျသည်။
သတ်သူခေါ်ရာအဖေါ်လိုက်သူ တိရစ္ဆာန်ဘုံရောက်မည်။
သတ်ခြင်းကိုအလိုတူသောအားဖြင့် မတားမြစ်သူ ပြိတ္တာဘုံေ၇ာက်မည်ဟုဆိုလိုသည်။