လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, April 29, 2013

သံဃာ့ဂုဏ်ရည် (၁၂) ဒေသနာကြားပုံ



ရဟန်းငယ်က ရဟန်းအကြီးထံဒေသနာကြားပုံ
အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တယော အာဝိကရောမိ။
အရှင်ဘုရား တပည်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။
အကြီး။ ။ သာဓု သာဓု သာဓု။
ကောင်းပြီ ကောင်းပြီ ကောင်းပြီ။
အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တယော အာပဇ္ဇ၊
တာ တုမှမူလေ ပတိဒေသေမိ။
တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ပါပြီ၊
ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။
အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တယော။
ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုရှုပါ၏လော။
အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။
အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
ငါ့ရှင်နောင်ကို စောင်ထိန်းပါလော့။
အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင်ထိန်းပါမည်။
အကြီး။ ။ သာဓု သာဓု သာဓု။
ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

ရဟန်းအကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တယော အာဝိကရောမိ။
ငါ့ရှင် တပည်တော်သင်ရောက်သော အာပတ်အားလံးကို ထင်စွာပြုပါ၏။
အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။
အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တယော အာပဇ္ဇ၊
တပည်တော်သည် အကြောင်းအမျိုးမျိုးရှသော အားပတ်အားလံးကို သင်ရောက်ခဲပါပြီ၊
ထိအာပတ်အားလံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။
အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တယော။
အရှင်ဘုရား ထိုအာပတ်အားလံးကို အပြစ်ဟုရှုပါ၏လော။
အကြီး။ ။ အာမ အာဝုသော ပဿာမိ။
မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။
အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
အရှင်ဘုရား နောင်ကို စောင်ထိန်းပါဘုရား။
အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
ကောင်းပါပြီငါ့ရှင် နောင်ကိစောင်ထိန်းပါမည်။
အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။
တာ တုယှမူလေ ပတိဒေသေမိ။

ဝိနယ=ဝိနည်း=စည်းကမ်း
မကျင်သုံးက သင်ရဟန်းကောင်း မဖြစ်နိုင်။

တရားထိုင်တယ်ဆိုတာ။

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tuesday, April 23, 2013

သံဃာ့ဂုဏ်ရည် (၁၁) ကိုရင်သီလ။


 
 
၁။ဆယ်ပါးသီလ။
၂။လိင် ၁၀ ပါး။
၃။ဒါဏ် ၁၀ ပါး။
၎။ဝတ်ကြီးဝတ်ငယ် ၁၄ ပါး။
၅။သေခိယသိက္ခာပုဒ် ၇၅ ပါး။ စုစုပေါင်း = ၁၁၉ ပါး။ 


လိင်(၁၀) ပါး။ တစ်ချက်ချက်ဖေါက်ဖျက်ပါကလူဝတ်လဲရသည်။
၁။သတ္တဝါ၏အသက်ကိုသတ်ခြင်း။
၂။သူတစ်ပါးပစ္စည်းကိုမတရားယူခြင်း။
၃။မေထုန်အကျင့်ကိုကျင့်ခြင်း။
၎။မမှန်သောစကားကိုပြောခြင်း။(ပြောင်လှောင်လျှင်လဲလိင်ကျသည်)
၅။အရက်သေစာသောက်စားခြင်း။(အရက်မှန်းသိပြီးသောက်မှ)ရဟန်းမှာမူမသိပဲ သောက်မိလျှင်အာပတ်သင့်သည်)။
၆။မြတ်စွာဘုရားကိုအပြစ်ပြောခြင်း။ကဲ့ရဲ့ခြင်း။
၇။တရားတော်ကို ကိုအပြစ်ပြောခြင်း။ကဲ့ရဲ့ခြင်း။
၈။သံဃာတော်ကို ကိုအပြစ်ပြောခြင်း။ကဲ့ရဲ့ခြင်း။
၉။မိစ္ဆာဒိဋ္ဌိအယူယူခြင်း။
၁၀။ဘိက္ခူနီမကိုဖျက်ဆီးခြင်း။(လုံးဝလိင်ပြန်သည်)။
ကျန်နံပတ်များသတိတရားရပြီးစောင့်ထိန်းမည်ဆိုလျှင် ဒဏ်ခံပြီး သာမဏေပြန် ဝတ်နိုင် သည်။

ဒဏ် (၁၀)ပါး။
၁။နေ့လွဲညစာစားခြင်း။
၂။က ဆိုတီးမှုတ်ခြင်း၊ယင်းတို့ကိုကြည့်ရှုနားထောင်ခြင်း။
၃။ပန်းပန်းခြင်းအမွှေးနံ့သာရှုရှိုက်လိမ်းကျံခြင်း။
၎။မြင့်သောမြတ်သောနေရာတွင်နေထိုင်အိပ်စက်ခြင်း။
ရ။ရွှေ ငွေတို့ကိုကိုင်ခံခြင်း။
၆။ရဟန်းတော်များလာဘ်မရအောင်အားထုတ်ခြင်း။
၇။ရဟန်းတော်များအကျိုးပျက်စီးအောင်အားထုတ်ခြင်း။
၈။ရဟန်းတော်များနေမြဲကျောင်းတွင်မနေရအောင်အားထုတ်ခြင်း။
၉။ရဟန်းတော်များကိုဆဲရေးခြင်း၊ချိန်းခြောက်ခြင်း
၁၀။ရဟန်းအချင်းချင်းကွဲပြားအောင်ကုန်းတိုက်ခြင်း။


သာမဏေဝတ္တရား။
ကောင်းကောင်းနေ၊ပျော်ပျော်နေ။သတ္တာဟပဗ္ဗဇ္ဇိတရဟန္တာ။
၁။ သီလကိုတံတိုင်းကာ။ (ကိလေသာအန္တရာယ်မှကာကွယ်ရန်)။
၂။ ကသိုဏ်းဆယ်ဖြာကသံတံခါး။(ငါ၏ကိုယ်မှာ၊နံ့သာမွှေးကြိုင်၊မြဲခိုင်လှစွာ၊ကောင်းရာမမြင်၊ဆံပင်သာရှိ၊အမွေးရှိ၍၊ရှိသည့်လက်သဲ၊ခြေသဲနှင့်သွားလည်းတထွေ၊အရေတစ်မျိုး၊မြင်၊နံ့ ၊ ဆိုးသည်၊အသိုး အပုပ်ကြီး ပါတကား)။
၃။ ဒလဝမ်ထားတာကနှစ်ဆယ့်လေးပစ္စည်း။(ဟေတုပစ္စယော=ဟေ့လူပစ်မနော်)
၎။ စိတ်ပုတီးကလက်ကိုင်ဒုတ်။
၅။ ချက်ပိုင်အောင်ခုတ်မှာကဓမ္မစကြာဓါး။(ကိုယ်တွင်းအမြစ်တွယ်နေသောကိလေသာ အပင်ကိုခုတ်ခြင်း)။
၆။ နေ့စဉ်စားတာကသတိပဋ္ဌာန်။(အသက်ရှည်ကြာ၊ဘေးရောဂါတို့၊ကိုယ်မှာမကပ်၊ပဋိပတ်နှင့် ပဋိပတ်ရေး မျှော်ထောက်တွေး၍၊ဤဆေး၊ဤဆွမ်း၊ဤသင်္ကန်းနှင့်ရွှင်လန်းဖွယ်ကောင်း၊ဤသည့်ကျောင်းကို၊ကိန်းအောင်းသုံးဆောင်ပါသတည်း)။
၇။ အကြည့်မှန်တာကအနိစ္စဘာဝနာ။(ဖြစ်ပုံမတူ။မစားခင်၊စားပြီး)။
(အနိစ္စမြင်ဖို့ကမခက်၊မကြည့်တာကခက်)။
၈။အိပ်စရာဖျာမှာတော့ဗြဟ္မဆိုအကောင်းတစ်မျိုး။(မေတ္တာနှင့်ကောင်းအောင်ပြော။ သနားကရုဏနှင့်ကူညီ၊ဝမ်းမြောက်ဝမ်းသာပြု၊မရရင်ဥပေက္ခစိတ်ထားလိုက်)။ 
၉။ ကျောင်းအမိုးကဂုဏ်တော်ကိုးပါး။
၁၀။ ယိုးဒယား၊စာပြန်၊စာတက်၊ဂါတာ၊မာန်တံ၊စင်္တယားနှိပ်ပါလို့ ကဲသိပ်စမ်း။ ကမ္မဋ္ဌာန်း တရားနှင့် ပျော်နေမယ်။
မန္တလေး ရွှေမဂ္ဂင်ဆရာတော် ဦးကောမလ၏ ရွှေတရားတော်များမှ။

Thursday, April 18, 2013

သံဃာ့ဂုဏ်ရည် (၁၀) ပဝါရဏာအကြောင်း။



ပဝါရဏာဆိုတာ မိမိ၏ ချွတ်ယွင်းချက်အပြစ်ကို မြင်လျှင်ဖြစ်စေ၊ ကြားလျှင်ဖြစ်စေ၊ မယုံသင်္ကာရှိ လျှင်ဖြစ်စေ ပြောဆိုဘို့ ဖိတ်မန်ပန်ကြားတာပါပဲ၊ဘာကြောင့် ဒီလိုဖိတ် မန်ပန်ကြားရသလဲဆိုယင်၊ကိုယ့်အပြစ်ကို သူများကသာ သိပြီး ကိုယ့်ဟာ ကိုယ်တော့ မသိတာလဲရှိနေတတ်တယ်၊ အဲဒီလိုအပြစ်များ
ရှိနေပါက အခြားရဟန်းများက ပြောပြဘို့၊အဲဒီလိုပြောပြလို့ အပြစ်ကိုသိရယင် အပြစ်ကင်းအောင်
ဒေသနာပြောကြားခြင်း စသည်ဖြင့် ကုစားဘို့ပါပဲ၊ ဒီလိုကုစားပြီးတော့ သီလစင်ကြယ်ဘို့သီလဝိသုဒ္ဓိ
ပြည့်စုံဘို့၊ အဲဒီလို သီလဝိသုဒ္ဓိပြည့်စုံပြီးတော့ တရားအားထုတ်ပြီး စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိစသည် ပြည့်စုံသွားဘို့ပါပဲ။ အဲဒါဟာ ဗုဒ္ဓသာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ဈာန်မဂ်ဖိုလ် တရားထူး ရရေးများ အတွက် အင်မတန်ကောင်းတဲ့ အစီအစဉ်ပါပဲ၊ အဲဒီလို အလွန်ကောင်းတဲ့ အစီအစဉ်ဖြစ်တဲ့အတွက်  သီတင်းကျွတ် လပြည့်နေ့မှာ သံဃာငါးပါးရှိလျှင် သံဃာအားဖိတ်မန်ပန်ကြားဘို့၊ ငါးပါးမရှိယင် တော့ အချင်းချင်း ဖိတ်မန်ပန်ကြားဘို့မြတ်စွာဘုရားက သိက္ခာပုဒ် အဖြစ်နဲ့ ပညတ် ထားတော်မူခဲ့ပါတယ်၊ သဒ္ဓါ တရား ကောင်းတဲ့ရဟန်းတော်များ အတွက်အလွန်အလေးပြုထိုက်တဲ့ သိက္ခာပုဒ်ပါပဲ၊ အလေးပြုပြီးတော့စိတ်စေတနာထက်သန်စွာနဲ့ ဖိတ်မန်ပန်ကြားသင့်တယ်၊ ပန်ကြား ထားတဲ့အတိုင်း သူတပါး ကပြောဆိုလာယင်လဲဝမ်းမြောက်ဝမ်း သာနဲ့မိမိ၏ အပြစ် ကိုကုစားပြုပြင်ဘို့ပါပဲ။ဥပမာအားဖြင့်ပွဲနေပွဲထိုင်လူထုအစည်းအဝေးပွဲသို့သွားမည့်လူ မှာမျက်နှာ၌အမဲကွက်ရှိနေတယ်ဆိုပါတော့၊ရင်းနှီးတဲ့သူကအဲဒီအမဲကွက်ရှိနေကြောင်း ပြောယင်ဝမ်းမြောက်စွာနဲ့လက်ခံပြီးအဲဒီအမဲကွက်ကို သုတ်သင်ရမယ်၊ပြောတဲ့သူကိုလဲ ကျေးဇူးတင်ရမယ်၊ဘာကြောင့်လဲဆိုတော့ပြောမည့် သူမရှိ၍ အမဲကွက်ကြီးနှင့် လူစု ပရိသတ်ထဲသို့သွားမိယင်သူတပါးတို့ရယ်ဘွယ်ဖြစ်ပြီး အရှက်ရလိမ့်မယ်၊ ဒါကြောင့် အပြစ်ကိုပြောပြသူအားကျေးဇူးတင်ရမယ်။အဲဒါလိုပဲကိုယ်တိုင်မသိတဲ့အပြစ်ကို ပြော ပြသူအားဝမ်းမြောက်စွာနှင့်လက်ခံပြီးကျေးဇူးတင်ဘို့ပဲ၊ မိမိ၏ အပြစ်ကိုလဲသန့်ရှင်း စင်ကြယ်အောင်ကုစားဘို့ပဲ၊အဲဒါဟာဗုဒ္ဓသာသနာစင်ကြယ် ရေးအတွက်အလွန်သင့် မြတ်တဲ့ကျင့်ဝတ်ပဲ၊ဝတ်ကြေဝတ်ကုန်မျှသဘောမထားပဲစင်ကြယ်ထက်သန်တဲ့ စေတ နာနှင့်ဖိတ်မန်ပန်ကြား ယင် အဲဒီဖိတ်မန်ပန်ကြား ဆဲမှာလဲထက်သန်တဲ့ ကုသိုလ်တွေ ဖြစ်တယ်။ အချင်းချင်းသူတပါးအားပြောစရာရှိ ယင်လဲမိမိကပြောရန်၊သူတပါးကမိမိ ၏အပြစ်ကိုပြောယင်လဲဝမ်းမြောက်စွာနှင့် လက်ခံပြီးစင်ကြယ် အောင်ပြုပြင်ကုစားသွား ရန်အဲဒီလိုသဘောထားပြီးကျင့် ရန်အတွက်မြတ်စွာဘုရားက ပညတ်တော်မူခဲ့ တဲ့ကျင့် ဝတ်ဖြစ်ပါတယ်။

Saturday, April 13, 2013

အမျိုးသမီးများဆင်ခြင်ဖွယ်။


 
 
၁။ ဒကာမများအနေဖြင့် ရဟန်းတော်များနှင့် အမိုးအကာတစ်ခုတည်းမိုးကာထားအပ်သောကျောင်း (တစ်မိုးတစ်ရံ ကျောင်း)တွင်ညဥ့်အချိန်မအိပ်ကောင်း၊မတည်းခိုကောင်း၊အပေါ်ထပ်၊အောက်ထပ်
ကွဲပြား သော်လည်းအလားတူပင် ဖြစ်သည်။ ရှင်သာမဏေသာ ရှိသောကျောင်း၌မူအိပ်ကောင်း၊တည်းခိုကောင်းသည်။

၂။ ကျောင်းသို့တစ်ယောက်တည်းလာ၍တစ်ပါးတည်းဖြစ်သောရဟန်းနင့် အတူမတွေ့စုံကောင်း ၊အတူထိုင်၍ စကား ပြောမှုကိုမပြုကောင်း၊နေလျှင်၊ပြောလျှင်ရဟန်းမှာ ဝိနည်းပြစ်ရှိ၍ အာပတ်သင့်
တတ် သည်။ ရဟန်းတော်က မာတုဂါမရှိရာ သွား၍နှစ်ယောက်ချင်း နေထိုင်မှုသည်မိမိကျောင်း၌ပင
ဖြစ်စေ ဝိနည်း ပြစ်အာပတ်သင့်သည်။ ရဟန်းတော်က မာတုဂါမ တစ်ဦးတည်း လာရုံမျှဖြင့် ဝိနည်းပြစ် မသင့်သေး။ သို့သော် ရဟန်းတော်ကတစ်နေရာမှပြန်ကြွလာပြီးလာထိုင်လျှင်မူ ဝိနည်းပြစ်သင့်သည်။ ထိုကြောင့်အမျိုးသမီးတို့သည် တစ်ပါးတည်းရှိသော သံဃာတော်ထံ သွားလျှင် အဖော်ပါရမည်ဖြစ်ပါသည်။

၃။ ရဟန်းတော်များသည်ဒကာမများနှင့်ခရီးအတူမသွားရ။ သွားလျှင်ပါစိတ်အာပတ်သင့်သည်။

၎။ အမျိုးသမီးများသည် ရဟန်းသံဃာများနှင့် ဆက်ဆံရာတွင် ရဟန်းတော်များအတွက်
သာသနာတွင်   မပျော်ကြောင်း၊ ဘေးရန်ဖြစ်သော အောက်ပါအချက်များကိုဆင်ခြင်သင့်သည်။
က။ ကိလေသာထကြွစေမည့် ဝတ်စားဆင်ယင်မှုများဖြင့် ဝင်ထွက်သွားလာခြင်း။                          
ခ။ မိမိ၏အသံကိုကြားစေခြင်း။                                                        
ဂ။မိမိ၏ရုပ်အဆင်းကိုမြင်စေခြင်း။                              
ဃ။ တွေ့ဆုံစကားပြောဆိုခြင်း                                                        
င။ မိမိ၏ပစ္စည်းကိုသုံးဆွဲစေခြင်း။                                                                             
စ။ မိမိ၏ကိုယ်လက်နှင့်ထိတွေ့စေခြင်း။  
ရဟန်းတော်များကိုမိမိ၏ကိုယ်လက်တို့ဖြင့်ထိပြီးရှိခိုးခြင်း ၊နှိပ်နယ်ပေးခြင်း၊ ရဟန်း တော်များကြွရာလမ်း တွင် မိမိ၏ ဆံပင်ကိုဖြန့်ခင်းခြင်းစသည်တို့မပြုလုပ်ရ။ မိမိကြောင့်ရဟန်းတော်များအပြစ်ဖြစ်တတ်ပါသည်။


ရဟန်းသာမဏေများအားမထီမဲ့မြင်ပြုခြင်းများ။
၁။ရဟန်းသာမဏေများကိုတွေ့ဆုံသည့်အခါလမ်းဖယ်မပေးခြင်း၊သင့်လျော်သောအ နေအထားဖြင့် အရိုအသေမပြုခြင်း။

၂။ရဟန်းသာမဏေများ၏ရှေ့တွင်ပုခုံးနှစ်ဖက်အုပ်မိအောင်စောင်၊ တဘက်၊ ပုဆိုးစ သည်တို့ကိုခြုံထားခြင်း၊ ဦးထုပ်ဆောင်းထားခြင်း။

၃။ ထိုင်ရာမှထမပေးခြင်း(အလေးဂရုပြု၍နေရာမပေးခြင်း၊ခရီးဦးကြိုမှုမပြုခြင်း)။           

၎။ ဆင်ကျောက်ကုန်းစသည်တို့အပေါ်မှဆင်းမပေးခြင်း(အမြင့်မှနေ၍ဆင်းမပေးခြင်းရဟန်းကအနိမ့်မှဖြစ်နေခြင်း။                                                         

၅။ ရဟန်းသာမဏေများကိုအောက်တန်းစားကဲ့သို့သဘောထားပြီးမလုပ်သင့်မလုပ် ထိုက်သည်များ ကိုပြုလုပ်ခြင်း (သရော်ပြောင်လှောင်ခြင်း၊ အပြက်အချော်ပြော၍ နောက်ပြောင်ခြင်း၊ပြက်ရယ်ပြုခြင်း) စသည်တို့ဖြစ်သည်။

 
ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more

ဆက်လက်ဖေါ်ပြပါမည်။

 

Monday, April 8, 2013

အရိယာဆိုသည်မှာ။


မိမိထက်မြင့်မြတ်သူများနှင့်ဖက်၍ရန်သူလုပ်ရသည်မှာကြောက်ဖွယ်ကောင်းလှ၏။ ဂုဏ်ကြီးသလောက်၊သည်းခံသလောက်ဆန့်ကျင်သူမှာနစ်၏။နာ၏။ လေညာ လေဆန် ဘက်သို့ ပစ်လွှင့်သော  ဖုန်မြူများ မှာ ပစ်သူထံနှာ၊ ခံတွင်း၊မျက်စိ၌သာပြန်ဝင်ကျ မြဲဖြစ် သည်။ဝေဒနာခံစားရခြင်းစသောပျက်စီးခြင်းအမျိုးမျိုး (ဒဏ်-၁၀ ပါး) နှင့် ရင်ဆိုင်ရတတ်၏။ (စိမ်ရေသင့်သည်) ဟုလောက၌ခေါ်ကြသည်။
လေထက်လွင့်မြူ၊ကိုယ့်ဘက်မူ။

အရိယာဟူသ(အရိယာ=ကိလေသာရန်သူတို့ကိုသတ်တတ်သူ)။ အပြစ်ကင်းသည်၊ ဖြူစင်သည်။မြင့်မြတ်သည်။သောတာပန်သည်ဒုဂ္ဂတိအပြစ်မှကင်းသည်။ရဟန္တာသည်ကိလေသာအပြစ်မှကင်းသည်။

အရိယာလေးမျိုး။
၁။ အာစာရအရိယာ = အကျင့်အာစာရပြည့်ဝသောပုဂ္ဂိုလ်။ လူဖြစ်စေ၊တိရစ္ဆာန်ဖြစ်စေ အချင်းချင်း ယိုင်းပင်းကူညီတတ်တဲ့အကျင့်စာရနှင့်ပြည့်စုံသူ။
၂။ ဒဿနအရိယာ = ရှုမြင်သူတို့၏စိတ်တွင်ကြည်ညိုဖွယ်အသွင်သဏ္ဍရှိခြင်း။
၃။ လိင်္ဂအရိယာ = ရဟန်းတော်များနှင့်ဝတ်ပုံ၊ရုံပုံအသွင်အပြင်တူသူ။                                     
၎။ ပဋိဝေဒအရိယာ = မဂ်ဖိုလ်ကိုထိုးထွင်းပြီးသိသောအရိယာပုဂ္ဂိုလ်မြတ်။

 
မန်လည်ဆရာတော်။
တစ်ဦးသားဗာလကရ န္တာ ဧကန္တကို၊ ဤသူလျှင်ဒုဿီလဟုမြွက်ဟတုံပေ။
တစ်ဦးမှာဒုဿီလကိုရ န္တာ ဧကန္တဟုခွန်းနှတ်ကဖွင့်ချွေသည်၊ဆိုပုံလေလွန်ရိုင်း၊                            နှစ်ပါးစုံထိုကံညစ်ဝယ်၊အပြစ်ကဘယ်ကလေးတယ်၊မေး၏ချင့်နှိုင်း။
နှစ်ဦးသားဗာလတို့၊ မိုက်ကြသည့်အနေ၊တစ်ဦးသားဗာလက ရ န္တာဧကန္တကို၊            

ဤသူလျှင်ဒုဿီလဟုမြွက်ဟတုံပေ။ တစ်ဦးမှာဒုဿီလကို ရ န္တာဧကန္တဟုခွန်း နှတ်ကဖွင့်ချွေသည်၊ဆိုပုံလေလွန်ရိုင်း၊နှစ်ပါးစုံထိုကံညစ်မှာ၊ အပြစ်ကယ်အတူရှိတယ်၊ဖြေ၏မှန်တိုင်း။

 

ဝေဘူဆရာတော်ဘုရား၏အပြစ်များပြေပျေက်ရန်တောင်းပန်ခြင်း။
အရှင်ဘုရားတပည့်တော်သည်ဘဝအဆက်ဆက်မှစ၍ယခုဘဝတိုင်အောင်မပြစ်မှား ထိုက်သောအရိယာအစရှိသောပုဂ္ဂိုလ်တို့အားပြစ်မှားမိသည်ရှိသော်ထိုအပြစ်တို့မှပြေ ပျောက်စေရန်ဘုရားရှေ့မှောက်၌တောင်းပန်ကန်တော့ပါ၏ဘုရား။

 
အရိယာတို့အားပြစ်မှားမိပါကသင့်တတ်သောဒဏ်ဆယ်ပါး။ 
၁။ကြီးမားသောဝေဒနာမျိုးကိုခံစားရတတ်ခြင်း။                                                              
၂။စည်းစိမ်လျော့ပါးတတ်ခြင်း။                                                     
၃။နေအိမ်မီးလောင်တတ်ခြင်း။                                                        
၎။ကြိုးပျက်သောအင်္ဂါနှင့်သက်တမ်းကုန်ရခြင်း။                                                         
၅။နူနာရောဂါဆွဲကပ်တတ်ခြင်း။                                           
၆။ရူးတတ်ခြင်း။                                                                
၇။မင်းဘေးမင်းဒဏ်ကျတတ်ခြင်း။                                                 
၈။သူတစ်ပါး၏အစွပ်အစွဲခံရတတ်ခြင်း။                          
၉။ဆွေမျိုးတို့နှင့်ကွဲပြားရတတ်ခြင်း။                                                         
၁၀။ရွှေ၊ငွေ၊ကျွဲနွားပျက်ပြားရတတ်ခြင်း။

 
အရိယာဇာတ် ပုဂ္ဂုလ်မြတ်ကို
ပြောတတ်ပြစ်ဆို အညစ်ပို၍
မလိုရန်ညိုး ထိုထိုမျိုးမှ
ဆယ်မျိုးပစ်ဒဏ် ရမြဲမှန်ခဲ့
သွေးအန်ဖြစ်လွယ် ရောင်းဝယ်ရှုံးခြင်း
ချို့ယွင်းအင်္ဂါ ကုတ္တနူနာ
ရူးခြားဖောက်ပြန် မင်းဒဏ်သင့်ခံ
ကြမ်းတမ်းစွပ်စွဲ သေကွဲသားခြင်း
ပျက်ခြင်းစည်းစိမ် နေအိမ်မီးလောင်
ဒုက္ခဘောင်သည် လူ့ဘောင်ဒိဋ္ဌ
တွေ့ကြုံရ၍ သေကမလွဲ
ပယ်ငရဲဝယ် ကမ္ဘာစွဲခဲ့
ရောက်ဆဲလူ့ပြည် တက်ပြန်လေသော်
ကျက်သရေမွဲ မဂ်ဖိုလ်လွဲ၍
အမြဲကြမ္မာ ဝဋ်ကြောင်းပါသည်
ရောက်ရန်ဓမ္မ အန္တရာယ်တည်း။