လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, February 9, 2013

လူသေသွားတဲ့အခါဒီဘ၀က ရုပ်တွေနာမ်တွေ နောက်ဘ၀ကို ဘာမှကူးမသွားဘူး။ ဘ၀သစ်အတွက် ရုပ်နာမ် အသစ်တွေဖြစ်တာဆိုရင် ဘာဖြစ်လို့ဒီဘ၀မှာဓါးခုတ်ခံရလို့သေတဲ့သူအချို့မှာနောက်ဘ၀မှာဓါးခုတ်ဒါဏ်ရာပါ နေရတာလဲ။



 
 
 
 
 
 
 
 
 
အခုတ်ခံရတဲ့သူရဲ့စိတ်ကဓါးခုတ်ရာကိုဆွဲနေတယ်။ စိတ္တဇရုပ်ကဓါတ်ချင်းဆက်နေတယ်။ ဒီရုပ်တွေကို ဟိုဘက်ဘ၀ သယ်သွားတာတော့မဟုတ်ဘူး။ မဟုတ်ပေမယ့်လို့ ဓါတ်ချင်းက ဆက်နေတော့         ဟိုဘက်ဘ၀ရုပ်မှာ ဓါးခုတ်ရာ ပါနေတယ်။ ဒီဘက်ရုပ်တွေ ဟိုဘက်ကို တိုက်ရိုက်ကူးသွားတာတော့ မဟုတ်ဘူး။ ဟိုဘက်ဘ၀မပြောနဲ့ ဒီဘက်ဘ၀မှာတောင် မကူးဘူး။ ဥပမာ  ၁၀ နှစ်သားအရွယ်မှာ ရှိနေတဲ့ဓါးခုတ်ရာဟာ ၁၁ နှစ်သားကျတော့ မူလဓါးခုတ်ရာမပါတော့ဘူး။ မြင်နေရတဲ့ ဓါးခုတ်ရာက ရုပ်သစ်ပဲ။ အသစ်အသစ်ဖြစ်ပေါ် လာတဲ့ ဓါးခုတ်ရာပဲ။ ဓါတ်ဆက်နေတော့ ရုပ်ရုပ်ချင်း ကျေးဇူးပြု လိုက်တဲ့ အတွက် ဒီကအရာလေးနဲ့ ဆိုင်တဲ့ ရုပ်ကလေးတွေပဲ ဟိုမှာ သွားပြီးတော့ ဖြစ်တယ်။ အဲ့ဒီအတိုင်းပဲ ဟိုဘက်ဘ၀မှာ ဓါးခုတ်ရာထင်နေတာလဲ ရုပ်သစ်ပဲ။ စိတ်ဓါတ်က ဆက်ရက်ဖြစ်နေလို့ ဟိုဘက်မှာ ရုပ်သစ် သွားဖြစ်တာ။ ဒီနည်းတူကူးသွားတာပါ။  ဒီဘက်ဘ၀ကစိတ်တွေရုပ်တွေ ဟိုဘက်ဘ၀ကိုတိုက်ရိုက် ကူးသွားတာမဟုတ်ပါဘူး။



စိတ်သာရှင်စောဘုရားဟော ဆိုတာလို အရာရာကိုစိတ်ကဦးဆောင်ပါတယ်။ လူ၊တိရစ္တာန်၊နတ်၊ပုံသဏ္ဍန် အမျိုးမျိုး ဖြစ်အောင်လည်းစိတ်ကပဲလုပ်တာပါ။


 စိတ်သာပဓာန (တောင်တန်းသာသနာပြုဆရာတော်ကြီးဦးဥတ္တမသာရ)

လူ့ပြည်၊နတ်ပြည်၊ဗြဟ္မပြည်၊
ကျင်လည် စိတ်ကြောင့်သာ။
အပါယ်လေးပါးကျသူများ၊
မှတ်သား စိတ်ကြောင့်သာ။
ကောင်း၊ဆိုး၊ယုတ်၊မြတ်၊ဖြစ်လာတတ်၊
မှတ်ကြ စိတ်ကြောင့်သာ။
နိဗ္ဗာန်သာခေါင် ၊ဘေးမဲ့သောင်၊
စိတ်ဆောင် ရောက်မည်သာ။
 
 
 


ကျမ်းကိုး
ဆရာတော်အရှင်ဇနကာဘိဝံသ၏ သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ။

 

 

Wednesday, February 6, 2013

မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ...

 

U War Ya Ma - MuseFebruary 5, 2013 at 6:13 PM ရဲ့မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ... ဘယ်ဇာတ်တော်တွေမှာ ဖြည့်ခဲ့သလဲ.. သိချင်ပါတယ်.. စာအုပ်ရှိရင်လည်း ညွှန်ပေးစေချင်ပါတယ်..

ဆိုတဲ့အမေးကို တပည့်တော် ရှာဖွေတွေ့ရှိထားတာတွေမှဝေမျှပေးလိုက်ပါတယ်။
ပါရမီ ၃ မျိုးပြ။ (လယ်တီဆရာတော် ဘုရားကြီး ၏ "ဥတ္တမပုရိသ ဒီပနီ" )
ရိုးရိုးပါရမီ၊ ဥပပါရမီ၊ ပရမတ္ထ ပါရမီ- တို့ကို ပြဆိုအံ့။

ဒါနပါရမီ......အစရှိသော ပါဌ်နှင့်အညီ မိမိကိုယ်အင်္ဂါမှ အပဖြစ်သော သားမယားနှင့် တကွ သက်ရှိသက်မဲ့ ဥစ္စာမျိုးသည် ပါရမီဆယ်ပါး၏ ဝတ္ထုတည်း။ ဒါန ဥပပါရမီ...အစရှိသည်နှင့် အညီ ခြေ, လက်, မျက်စိ အစရှိသော ကိုယ်အင်္ဂါကြီး ငယ်စု သည် ဥပပါရမီ ဆယ်ပါး၏ ဝတ္ထုတည်း။

ဒါန ပရမတ္ထပါရမီ.....အစရှိသည်နှင့် အညီ အသက် ခန္ဓာသည် ပရမတ္ထပါရမီ ဆယ်ပါး၏ ဝတ္ထုတည်း။ ထိုသုံးပါးသော ဝတ္ထုတို့တွင်...ပထမ ဝတ္ထုမျိုးကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပါရမီ မည်၏။ ဒုတိယ ဝတ္ထုမျိုးကို စွန့်၍ ဖြစ်စေ အပ်သော ကုသိုလ်မျိုးသည် ဥပပါရမီ မည်၏။ အသက်ကို စွန့်၍ ဖြစ်စေအပ်သော ကုသိုလ်မျိုးသည် ပရမတ္ထပါရမီ မည်၏။ ပထမ ဆယ်ပါးကိုသာဖြည့်စွမ်း နိုင် သော သူသည် "သာဝကဗောဓိ"သို့ရောက်၏။ ပထမ ဆယ်ပါး, ဒုတိယ ဆယ်ပါး တို့ကိုသာ ဖြည့်စွမ်း နိုင် သော သူသည်"ပစ္စေကဗောဓိ" သို့ ရောက် နိုင် ၏။ ပထမ ဆယ်ပါး, ဒုတိယ ဆယ်ပါး, တတိယ ဆယ်ပါး အပြား သုံးဆယ်ကို ဖြည့်စွမ်း နိုင် သော သူသည် "သဗ္ဗညုဗောဓိ" သို့ ရောက် နိုင် ၏။ ဥပမာ

ပညာပါရမီ = သူတစ်ပါးတို့ပစ္စည်းဥစ္စာရရှိစေရန်မိမိဥဏ်ပညာဖြင့်ကူညီစောင့်ရှောက်ခြင်း။

ပညာဥပပါရမီ = သူတစ်ပါးတို့ခြေလက်စသောကိုယ့်အင်္ဂါများမပျက်စီးစေရန်မိမိ၏ ဥဏ်ပညာဖြင့် ကူညီ စောင့်ရှောက်ခြင်း။

ပညာပရမတ္ထပါရမီ = မိမိ၏ဥဏ်ပညာဖြင့်သူတစ်ပါးတို့အားအသက်ဘေးမှကယ်တင်ခြင်း။

ဟု http://nyaungpini99.blogspot.fr/2012/07/blog-post_29.html ဆိုဒ်တွင် ပါရမီ (၁၀) ပါး ဟူသောခေါင်းစဉ်ဖြင့် လယ်တီဆရာတော် ဘုရားကြီး ၏ "ဥတ္တမပုရိသ ဒီပနီ" ကျမ်းမှ ထုတ်နှုတ် တင်ပြ ထားပါသည်။

တကယ်အဟုတ် ပါရမီဖြည့်တော့မည်ဆိုလျှင် ၁ မှ ၁၀ အထိ ဂဏန်းစဉ်အတိုင်း ၁ ပြီး၂၊ ၂ ပြီး၃ ဟူ၍ တရားသေဖြည့် နေရမည်ကားမဟုတ်ပေ။ ပါရမီတစ်ချက်ဖြည့်ခြင်းသည်၊ ပါရမီတစ်ကွက်ဖြည့်ခြင်း သည်လူမိုက်ခေါင်းဆောင် ဖမ်းမိ သကဲ့သို့ ကိလေသာအားလုံးကို တပြိုင်နက်မြှပ်သတ်ပေးနိုင်စွမ်းရှိသည်။ ပါရမီတော်တစ်ခုသည် သံယောဇဉ်နွယ် တစ်ခုကို တာဝန်ခံ ဖြတ်တောက်ရ၏။ပါရမီ ဆယ်ပါးသည် သိက္ခာ သုံးပါး ( သီလ၊ သမာဓိ၊ ပညာ) တို့၏တရား ကိုယ် များပင် ဖြစ်သည်။ ဟု http://www.nandathitsa.com/ ဆိုဒ် တွင် ပါရမီဆယ်ပါး သော့ချက်များခေါင်းစဉ်ဖြင့် မဟာဗောဓိမြိုင်ဆရာတော်၏ သော့ စာအုပ်မှ ထုတ်နှုတ်တင်ပြထားပါသည်။

ပါရမီ ၁၀ ပါးနှစ်ပတ်သက်သောအခြားစားအုပ်များ။
၁။ မဟာဗောဓိမြိုင်ဆရာတော်၏ သဘောသရုပ်ကို http://www.dhammadownload.com/တွင်ဒေါင်းနိုင်ပါသည်။
၂။ ဦးမောင်ကြီး၏ဇတ်တော်ကြီးဆယ်ဘွဲ့ပေါင်းချုပ်ကိုhttp://www.dhammadownload.com/ တွင်ဒေါင်းနိုင်ပါသည်။
၃။ မောင်ဆန္ဒ လယ်ဝေး၊ မြင့်မြတ်သူတို့ကျင့်စဉ်(ပါရမီဆယ်ပါး)ကို http://www.dhammadownload.com/တွင်ဒေါင်းနိုင်ပါသည်။

ပါရမီ (၁၀) ပါးနှင့်ဇတ်ကြီးဆယ်ဘွဲ့။တေ၊ဇ၊သု့၊နေ၊မ၊ဘူ၊စာ၊နာ၊ဝိ၊ဝေ။
တေ = တေမိမင်းသား = အဓိဋ္ဌာန်ပါရမီ။
ဇ = မဟာဇနကမင်းသား ၀ီရိယပါရမီ။                                                                                  သု့ = သု့ဝဏ္ဏသာမ = မေတ္တာပါရမီ။
နေ = နေမိမင်းသား = နေက္ခမ္မပါရမီ။
မ = မဟောသဓာပညာရှိ = ပညာပါရမီ။
ဘူ = ဘုရိဒတ်နဂါးမင်း = သီလပါရမီ။
စာ = စန္ဒကုမာရမင်းသား = ခန္တီပါရမီ။
နာ = နာရဒဗြဟ္မာမင်း = ဥပေက္ခာပါရမီ။
ဝိ = ဝိဓုရအမတ် = သစ္စာပါရမီ။
ဝေ = ဝေဿန္တာမင်း = ဒါနပါရမီ။

သပြေကန်ဆရာတော်ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ။
ဒါန၊သီလ၊ နေက္ခမ္မ၊ပညာ၊ဝီရိယာ။
ခန္တိ ၊ တလီသစ္စာ၊ ဓိဋ္ဌာန်ပါလျက်၊ မေတ္တာ၊ ဥပေက္ခာ၊
မှတ်စရာ၊ပါရမီဆယ်ပါးတည်း။

ပါရမီဆယ်ပါးမှာ ခန္တီပါရမီဟာမိခင်နဲ့တူတယ်။ ဥပေက္ခာပါရမီဟာ ဖခင်နဲ့ တူ တယ်။ နေက္ခမ္မပါရမီဟာ သမားတော်နဲ့ တူတယ်။ မိဘနှစ်ပါးရယ်၊ သမားတော်ရယ် သုံးဦးလုံး ကစောင့်ရှောက်မှ ကလေးငယ်ဟာကျန်းမာချမ်းသာစွာကြီးထွား နိုင်သလို ခုပြောခဲ့ တဲ့ပါရမီသုံးပါးရဲ့စောင့်ရှောက်မှုကိုရမှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရား မှန်သမျှ ဟာ ပါရမီအမည် ရနိုင်တယ်။

နုမှာငါးရာ၊ရင့်မှာတစ်ကျိပ်။
ဒါန၊သီလာ၊ နေက္ခမ္မာ၊ပညာ၊ဝီရိယာ။
ခန္တိ ၊ သစ္စံ ၊ အဓိဋ္ဌာန်၊ မေတ္တံ၊ ဥပေက္ခာ၊
ပါရမီဆယ်တန်၊အရင်းခံ၊မှတ်ရန် ဒသတာ။

















































ယခု ဆိုဒ်မှာ မဟာမနက်ဂရ ပါရမီဆယ်ပါး ဘုရားရှစ်ခိုး ကိုဘုရားရှစ်ခိုးခေါင်းစဉ်နဲ့ဖေါ်ပြခဲ့ပါတယ်။
အရှင်ဘုရားဖြည့်ကျင့်လိုသောပါရမီများလွယ်ကူချမ်းသာစွာဖြည့်စွမ်းနိုင်ပါစေလို့ဆုတောင်းပါတယ်ဘုရား။

 

Saturday, February 2, 2013

ပစ္စည်းဆင်းရဲတာလား၊ဘာသာရေးဆိုင်ရာပညာဆင်းရဲတာလား။

 
 
ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် လယ်ကိုင်းကျေးရွာ လယ်ကိုင်းဘုန်းကြီး ကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋိတိုက်အပေါ် ဘုံခုနှစ်ဆင့် ပြသာဒ်၌ တင်လှူထားရှိသည့် ထီးတော်၏ ကြေး စိန်ဖူးတော်ကို ဇန်န၀ါရ၂၁ ရက် နံနက် နာရီက တက်ခိုးသူ ၂ဦးပြဿဒ်ပေါ်မှပြုတ်ကျဖမ်းမိ … ဆိုတဲ့သတင်းဖတ်လိုက်ရတာတော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေ ပစ္စည်းဥစ္စာ သိပ်ဆင်းရဲကြလို့ ဘုရားပစ္စည်းတောင် မရှောင်နိုင်အောင်ဖြစ်နေကြတာလား။ ဒါမှမဟုတ် ဘာသာရေး အသိပညာ ဆင်းရဲလို့ လူ့ပစ္စည်းခိုးရင် အခိုးခံရတဲ့သူဒုက္ခရောက်မယ်။ ဘုရားပစ္စည်းကတော့သုံးမဲ့ဘုရား    
မရှိတော့လို့ဒုက္ခရောက်စရာမရှိဘူး လို့များ တလွဲတွေးမိနေကြလို့လား ဆိုတာတော့ ခိုးတဲ့သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဒီအကြောင်းအရာလိုမျိုး ဗီဒီယိုဇတ်လမ်း တစ်ကားကြည့်ဖူးပါတယ်။ အဲ့ဒီကားမှာ မင်းသားကျော်ဟိန်း ဘာသာရေး အသိပညာနည်းပါးတဲ့အပြင် အလွယ်ပိုက်ဆံရှာချင်တဲ့ အကျင့်ဆိုးကြောင့် ဘုရားစိန်ဖူးတော်ပေါ်တက်ခိုးခဲ့ပြီး ဘ၀သိမ်းမကောင်းခဲ့တာကိုပြထားပါတယ်။

ဘုရားပစ္စည်း၊သံဃာပစ္စည်းဆိုတာ လူအများစုပေါင်းလှူထားတာဖြစ်လို့ အများပစ္စည်းကိုခိုးရာ ရောက်တဲ့အပြင် သူတော်ကောင်းတွေရဲ့ပစ္စည်းဖြစ်လို့မို့လည်းအပြစ်ပိုကြီးပါတယ်။ ၀ိနည်းတော်ပေါင်း ကုဋ ကိုးထောင်ကျော်ထိန်းသိမ်းဆောက်တည် နေကြတဲ့ သံဃာတော်တွေတောင် ဒါယိကာတွေ လှုထားတဲ့ ပစ္စည်းကို မဆင်ခြင်ပဲ အသုံးပြုရင်၊ သံဃာ့တာဝန်တွေအကျေပြွန်ရင် သူတစ်ပါးပစ္စည်းခိုးရာရောက်တယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။ ရှေးပညာရှိများက ဘုရားပစ္စည်း၊ သံဃာပစ္စည်း ဆိုတာ ငရဲမီး၊ အဆိပ်သီး တွေထက်ကြောက်စရာကောင်းပုံ၊ ရိုးရိုးအဆိပ်က ဒီတစ်ဘ၀သာသေစေပေမဲ့ ဘုရားပစ္စည်း၊ သံဃာပစ္စည်း ကတော့ သံသရာ တစ်လျောက်ဆိုးကျိုးတွေဆက်ပေးမှာဖြစ်ကြောင်း၊အောက်ပါအတိုင်း သတိပေး လင်္ကာ စပ်ဆိုခဲ့ပါတယ်။

ဘုရားပစ္စည်း ငရဲမီး သုံးနည်းအလွန်ခက်။
သံဃာပစ္စည်း အဆိပ်သီး စားနည်းအလွန်ခက်။
စားသုံးမိလျှင် တငင်ငင် သေလျှင်အလွန်ခက်။
ငရဲသို့ကျ ၀ဋ်ဒုက္ခ လွတ်ပြန်ရဖို့ခက်။
ငရဲဘ၀ လွန်ပြန်က ပြိတ္တာဘုံသို့ဆက်။
ပြိတ္တာဘ၀ လွန်ပြန်က လူ့ဘုံရောက်ဖို့ခက်။
လူ့ဘုံရောက်လာ သာသနာ ကြုံရပြန်ဖို့ခက်။
သာသနာအတွင်း ကြုံကြိုက်လျှင်း ကျင့်ခြင်းသာ လို့ခက်။
ဘုရားသခင် ဥာဏ်တော်ရှင် ဖူးမြင်ရဖို့ခက်။
အရိယသံဃာ ပေါ်သောအခါ လှူဒါန်းရဖို့ခက်။

 
http://www.nyakhinyaelamin.com/2013/01/blog-post.html ဆိုဒ်မှာသံဃာ့ ပစ္စည်းကို မရိုမသေပြုခြင်း၊ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းတို့ကြောင့် ငရဲခံစားရခြင်း ပြိတ္တာဖြစ်ရခြင်းတို့ကို ဖေါ်ပြထားပြီး သာသနိက ပစ္စည်းများနှင့် ဆက်စပ်နေသူများ သတိပြုရန် ရေးသာထားပါသည်။